ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၃)
Vol. 120 Ch. 1679
ထိုအရာများ ဖြစ်ပျက်နေသည့် တစ်ချိန်တည်းတွင်ပင် မိန်းမလှလေး လေးဦးနှင့် လူငယ်လေး တစ်ဦး ပါဝင်သည့် အဖွဲ့မှာ လေထဲတွင် ပျံသန်း နေခဲ့ကြ၏။ လျှို့ဝှက် ကြယ်တာရာ အဆင့်နှင့် လျှို့ဝှက် ဝိညာဉ် အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ ယီရွှယ်ဟန်ထံမှ ခွန်အားကို ခံစားမိပြီးနောက် ဆုတ်ခွာ သွားကြ၏။ သူမက သေမျိုးတစ်ပိုင်း အရှင် တစ်ဦး ဖြစ်ကာ ထူးခြားသည့် အရသာမျိုးကို ပိုင်ဆိုင်ထားသည့်တိုင်... အရေအတွက် အားသာချက်နှင့် လုံလောက်သည့် ခွန်အားတို့ မရှိပဲ သူမအား တိုက်ခိုက်ဖို့ သူတို့ ငြင်းဆန်ပေသည်။ အချို့ကတော့ ပြင်းပြစွာ တံတွေးကို မြိုချလိုက်ရင်း တောင့်တမှု အပြည့်ဖြင့် သူမကို လှမ်းကြည့် နေကြ၏။
အချို့သော မကောင်းဆိုးဝါး စောင့်ကြပ်သူများကတော့ အသက်ရှူ မှားလောက်အောင် လှပသည့် မိန်းကလေး လေးယောက်ကို ကြည့်ရင်း ဘောင်းဘီထဲ လက်ထိုးထည့် လိုက်မိကြ၏။ သူတို့ တစ်ယောက်ချင်းစီမှာ မတူကွဲပြားသည့် စိတ်နေစိတ်ထားနှင့် စွဲလမ်းမှုများ ကိုယ်စီ ရှိကြသော်လည်း ထိုမိန်းကလေး လေးယောက်လုံးမှာ မည်သည့် အမျိုးသမီးမျိုးကို မဆို မနာလို ဖြစ်စေနိုင်သည့် ထူးခြားသော အလှတရားကို ပိုင်ဆိုင်ထားကြသည်။ ထိုမိန်းကလေးများအား သိမ်းပိုက်လိုသည့် ဆန္ဒက သူတို့၏ နှလုံးသားများကို လောင်ကြွမ်း နေခဲ့၏။ သို့သော်လည်း... ဆန္ဒက ဆန္ဒမျှသာ ဖြစ်သည်။
“သူ့ကို တွေ့ပြီ ထားပါတော့... ငါတို့ ဘာလုပ်မှာလဲ...”
ယီရွှယ်ဟန်က မေးလိုက်၏။ စန်ယွန်းလီ၏ ပရမ်းပတာ လုပ်ရပ်ကို သူမ သဘော မကျပါချေ။ ရှောင်ယန်ယွဲ့မှာ သူမ၏ အားနည်းချက်ကြောင့် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ စန်းယွန်းလီထံ၌ အထင်ကြီးစရာ လှည့်ကွက်များ ရှိသော်လည်း သူမက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ လူမည်းကြီးမှာ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည့် အပြင် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုမျှမက... သူက ရုပ်ခန္ဓာ ကျင့်ကြံသည့် သိုင်းပညာရှင် တစ်ယောက်လည်း ဖြစ်သည်။
ယီရွှယ်ဟန်မှာ သေမင်းထောင်ချောက်အတွင်း မတိုးဝင်လိုပါချေ။
“ရှောင်ယန်ယွဲ့ကို ကယ်မယ်”
စန်းယွန်းလီနှင့် လင်းကျိရန်တို့က တစ်ချိန်တည်း ပြောလိုက်ကြ၏။ သူတို့ နှစ်ယောက်စလုံး၏ လေသံထဲတွင် မတူကွဲပြားသည့် လျစ်လျူမှုများ ရှိနေခဲ့သည်။
သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့် လိုက်ကြ၏။ တစ်ဦးမှာ ပတ္တမြား ရတနာ အလား အဖိုးတန်သည့် မျက်လုံးများကို ပိုင်ဆိုင်ထားကာ အခြားတစ်ယောက်ကတော့ သမုဒ္ဒရာ ကဲ့သို့ နားလည်ရခက်သည့် ပြာလွင်လွင် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူတို့ တစ်ယောက်နှင့် တစ်ယောက် စကားမပြောပဲ ရှေ့ကိုသာ ပြန်လည်၍ ကြည့်လိုက်၏။
ယီရွှယ်ဟန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
“အဲဒါကိုတော့ သိတာပေါ့... ငါ ပြောချင်တာက ဘယ်လိုလုပ်ကြမှာလဲ... အစီအစဉ်က ဘယ်လိုပဲ... ငါကလည်း ဒဏ်ရာရနေတယ်... ငါ့ရဲ့ အစွမ်း အထက်ဆုံး အခြေအနေမှာတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ယီယွင်က သူ့ကို ခြေရာခံနိုင်ပေမဲ့ ဒဏ်ရာရနေတဲ့ သေမျိုး တစ်ပိုင်း အရှင် တစ်ယောက်၊ သေမျိုး သုံးယောက်နဲ့ သူ့ကို ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး... ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို အလကား သွားပေးရမှာလား..”
“သူက လက်ခံရဲမှာလား...”
လင်းကျိရန်က မာနကြီးစွာဖြင့် ပြုံးလိုက်၏။ သူမ အတွက် ယီရွှယ်ဟန်၏ နောက်ဆုံး စကားလုံးများက ရယ်စရာ ဖြစ်နေသည့်ပုံ ပေါ်သည်။
အကယ်၍ သူမကိုယ် သူမ ဝေ့ဝူယင်၏ မိန်းကလေး ဖြစ်ကြောင်း ကြေညာလိုက်ပါက ဤလောကနယ်မြေတွင် ရှိသည့် မည်သူကမှ သူမ အပေါ် ဖောက်ပြန်သည့် အတွေးများ ထားရှိဖို့ ဝံ့ရဲလိမ့်မည် မဟုတ်ပါချေ။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ပင်လျှင် သူမ၏ ဆံချည်တစ်မျှင်ကို ထိတွေ့ဖို့ ဝံ့ရဲလိမ့်မည်ဟု သူမ ထင်ချေ။
“...”
ယီရွှယ်ဟန် တစ်ယောက် ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ ဘယ်လောက်တောင် ယုံကြည်ချက် ပြင်းထန်နေရသနည်း။ ရန်သူမှာ သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ ယောက်ျား၊ မိန်းမ မရွေး စားသုံးနေသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူ ဖြစ်သည်။ တစ္ဆေတစ်ကောင် ဖြစ်သည်။ သူ့လို လူမျိုး၌ စည်းမျဉ်းများ၊ ဘောင်များ မရှိပါချေ။
စန်းယွန်းလီကတော့ လင်းကျိရန်၏ စကားကို လျစ်လျူရှုထား၏။ အဘယ်ကြောင့်ဆိုသော် ထိုစကားလုံးများမှာ ဖြစ်နိုင်ချေ ရှိသောကြောင့်ပင်။ ဝေ့ဝူယင်မှာ မကောင်းဆိုးဝါး စောင့်ကြပ်သူများကို ကိုယ်ပိုင် ရည်ရွယ်ချက် အတွက် ထိန်းချုပ် အသုံးပြုနေခြင်း ဖြစ်သည်။ ထိုသတ္တဝါများ အားလုံးမှာ သူ့ လက်အောက်သို့ အပြည့်အဝ ရောက်ရှိပြီးတာပင် ဖြစ်နိုင်သည်။
ထိုအခိုက်တွင်ပင် ယီယွင်က ခေါင်းကို မော့ရင်း အသက်ကို ညင်သာစွာ ရှူလိုက်၏။
“ကျုပ်တို့ သူ့ အနားကို ရောက်နေပြီ...”
စန်းယွန်းလီက လက်ကို မြှောက်ရင်း အားလုံးကို ရပ်တန့်ဖို့ အချက်ပြလိုက်သည်။ ထို့နောက် သူမက တစ်လက်မမျှသာ ရှိသည့် ကြည်လင်နေသော ပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုအတွင်းတွင်တော့ မှင်မည်းရောင် သွေးတစ်စက် ရှိ၏။ ၎င်းကို တွေ့မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ယီရွှယ်ဟန်၏ လျှို့ဝှက် စွမ်းအင်များမှာ ထိန်းချုပ်နိုင်စွမ်း မရှိပဲ တုန်ရီ၍ လာခဲ့လေသည်။
“ဒါက ဘယ်လို သွေးမျိုးလဲ...”
ရုတ်တရက် အသံ တစ်ခုမှာ အနီးအနားမှ ထွက်ပေါ်လာ၏။ သို့သော်လည်း... အရပ်မျက်နှာကို ခန့်မှန်းရန် ခက်ခဲလှကာ ၎င်းမှာ လမ်းကြောင်းတိုင်းမှ ရောက်ရှိလာသည့်ပုံ ရသည်။
“ကောင်မလေး... ဒီနေ့က ငါ့ရဲ့ မွေးနေ့ဆိုတာ မင်း ဘယ်လိုသိတာလဲ... ငါ့အတွက် လက်ဆောင်တွေ အများကြီး ယူလာပေးတာပေါ့... အိုး... ဟိုး... အားနာလိုက်တာ”
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ပုံရိပ်မှာ သူတို့၏ အရှေ့ တစ်မိုင်ခန့် အကွာတွင် တဖြည်းဖြည်း ပေါ်လာခဲ့၏။ ချက်ချင်း ဆိုသလိုပင် အားလုံး၏ မျက်နှာ အမူအရာများက လေးနက် သွားကြသည်။
တစ်မိုင်ခန့်မျှ ကွာဝေးနေသည့်တိုင် ထိုအကွာအဝေးမှာ မြေကြီး ရှန့်ထို တစ်ဦး မဆိုထားနှင့် လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ဦး အတွက်ပင် ခြေတစ်လှမ်းစာ မရှိချေ။ ၎င်းက သူတို့၏ ရှေ့တွင် တိုက်ရိုက် ရပ်နေခြင်းနှင့် မခြားနားပေ။
လူမည်းကြီးက သူ၏ သွေးစွန်းနေသည့် သွားများကို ဖြဲပြလိုက်၏။ လောဘအလင်းရောင်များက သူ၏ မျက်ဝန်းများကို ရမ်းကားစွာပင် ဖျက်ဆီး နေခဲ့သည်။ မိန်းကလေးများကို ကြည့်ရင်း ဆာလောင်မွတ်သိပ်စွာဖြင့် သူက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။
ယီရွှယ်ဟန်မှာ သူမ ဘဝတွင် တစ်ခါမှ မခံစားခဲ့ဖူးသည့် အပြင်းထန်ဆုံးသော ကြောက်ရွံ့ တုန်လှုပ်မှုများကို ခံစားလိုက်ရသည်။ သူက ရှောင်ယန်ယွဲ့ကို စားသုံးပြီးသွားပြီလော။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို သူ ဝမ်းဗိုက် အတွင်း ပို့ဆောင် လိုက်ပြီလော။ နှလုံးသားက ပြင်းထန်စွာ ခုန်နေလေရာ သူမ ဘာကိုမှ ကောင်းစွာ စဉ်းစားနိုင်ခြင်း မရှိပါချေ။
ယီယွင်မှာလည်း အေးခဲ နေခဲ့၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူထံမှ ထွက်ပေါ်နေသည့် ဆိုးညစ် ယုတ်ညံ့သော အော်ရာ တစ်ခုတည်းကပင် သူ့ကို လှုပ်ရှားခြင်း၊ စကားပြောဆိုနိုင်ခြင်းနှင့် စဉ်းစား ဆင်ခြင်နိုင်ခြင်းတို့ မပြုလုပ်နိုင်အောင် တားဆီးထားသည်။ သူ၏ မျက်လုံးများက ရီဝေနေကာ သတိလစ်နေသည့် လူတစ်ယောက်နှင့်ပင် ခြားနားခြင်း မရှိချေ။ တစ်ခုတည်းသော ကွာခြားချက်က သူက ခြေထောက် နှစ်ချောင်းပေါ်တွင် ဆက်လက် မတ်တပ်ရပ်နေခြင်း ဖြစ်သည်။
ဝမ်မင်ယာ မျက်မှောင်ကြုတ် လိုက်၏။ ထိုအခိုက်၌ သူမ လင်းကျိရန်နှင့် စန်းယွန်းလီတို့ကြားတွင် သိမ်မွေ့စွာ နေရာယူ ထားခဲ့ပြီး ဖြစ်သည်။
လင်းကျိရန်မှာ အဆုံးမဲ့ ကောင်းကင် နေကြယ် အလား တောက်ပသည့် အော်ရာများကို ထုတ်လွှတ်နေကာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ဖြင့် ဝန်းရံထား၏။ ထိုခါးပတ်၌ သန့်စင်သည့် လျှို့ဝှက် အဆင့် သင်္ကေတများစွာ တောက်ပ နေခဲ့သည်။ ခါးပတ်မှာ တစ်ခုတည်း မဟုတ်ပဲ သုံးခု အထိ ရှိ၏။ ၎င်းတို့က သူမ၏ ခန္ဓာကိုယ် ပတ်လည်၌ လည်ပတ်နေကာ ခန္ဓာကိုယ်ထံ လှမ်းဝင်လာနေသည့် မမြင်သာသော အင်အားများကို တွန်းလှန်ရင်း တိုးညှင်းသည့် အသံများကို ထုတ်လွှတ် နေခဲ့သည်။
တစ်ချိန်တည်း၌ စန်းယွန်းလီ၏ လက်ချောင်းများ ထိပ်တွင် နို့နှစ်ရောင် အဖြူရောင် မီးလျှံများ တောက်လောင် နေခဲ့၏။ သူမ၏ လက်ချောင်း တစ်ခုချင်းစီ၌ လျှို့ဝှက် အငွေ့အသက်များ လောင်ကြွမ်းနေသည့် ထူးဆန်းသော သင်္ကေတ တစ်ခုစီ ရှိနေခဲ့သည်။ စန်းယွန်းလီမှာ ယီယွင်၊ ဝမ်မင်ယာနှင့် ယီရွှယ်ဟန်တို့ကို ကာကွယ်ရန် အတွက်လည်း အာရုံ စူးစိုက်မှု အချို့ကို ဖယ်ထားခဲ့ကာ ထိုအထဲမှ အများစုကတော့ ပထမ နှစ်ယောက် အပေါ်တွင် ဖြစ်သည်။
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက လင်းကျိရန်၏ ခါးနေရာ၌ လည်ပတ်နေသည့် ခါးပတ်ကွင်းကို လှမ်းကြည့်လိုက်၏။ ၎င်းမှာ လျှို့ဝှက်တာအို၏ ထိတ်လန့်ဖွယ် အော်ရာမျးကို ထုတ်လွှတ်နေသည်။ ထို့နောက်... သူက အကြည့်များကို စန်းယွန်းလီထံသို့ ပြောင်းရွှေ့ လိုက်သည်။ နို့နှစ်ရောင် မီးလျှံများမှာ သူမ၏ ကြယ်တာရာ စွမ်းအင်များ ဖြစ်ပုံ ရကာ လက်ချောင်းထိပ်များ ပေါ်ရှိ ထူးဆန်းသော သင်္ကေတများကို အသက်သွင်းနေခဲ့သည်။
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အလွန် သတိရှိသည့် လူတစ်ယောက် ဖြစ်လေရာ ချက်ချင်းပင် ထွက်ပြေးရန် အဆင်သင့် ပြင်ဆင်ထား၏။ တစ်ချိန်တည်း၌ သူက အာရုံစူးစိုက်မှုနှင့် ခွန်အား၏ တစ်စိတ်တစ်ပိုင်းကို အဖြူရောင်ဓား အပါအဝင် မည်သည့် ဝိညာဉ် တိုက်ခိုက်မှုများကို မဆို ကာကွယ်ရန် ချန်လှပ်ထားသည်။
“ရှောင်ယန်ယွဲ့ ဘယ်မှာလဲ...”
လင်းကျိရန်က ရှေ့ကို တိုးလာကာ မေးလိုက်၏။ သူမ၏ စကားလုံး တစ်ခုချင်စီက ပြင်းထန်သည့် ယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။ သူမ၏ မျက်ဝန်းများထဲ၌ မည်သည့် ကြောက်ရွံ့မှု လက္ခဏာမှ မရှိပါချေ။
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ နောက်ဆုတ်ရန် အဆင်သင့် ဖြစ်နေသော်လည်း သူ့ နှလုံးသားကတော့ ထိုပုလင်းငယ် အတွင်းရှိ သွေးစက်ကို ပြင်းပြင်းထန်ထန် တောင့်တနေခဲ့၏။ သူက လောဘတရားနှင့် ထွက်ပြေးလိုမှုတို့ ကြားတွင် ပိတ်မိ နေခဲ့သည်။
ထိုအချိန်တွင်ပင် စန်းယွန်းလီက...
“ကျွန်မဘက်က ရှောင်ယန်နဲ့ ဒီပုလင်းကို လဲလှယ်ဖို့ ဆန္ဒရှိပါတယ်...”
ဟု ပြောလိုက်၏။ သူမ၏ လေသံက တည်ငြိမ်နေသည်။ တကယ်တမ်း တိုက်ခိုက်ရပါက အစွမ်း အထက်ဆုံး ဝှက်ဖဲများကို အသုံးပြု၍ ထိုမကောင်းဆိုးဝါး စောင့်ကြပ်သူအား အနိုင်ယူရန် သူမတွင် ယုံကြည်ချက် ရှိသည်။ သို့သော်လည်း... အခြေအနေမှာ လွန်ခဲ့သည့် တစ်မိနစ်ကနှင့်ပင် မတူတော့ချေ။ ဝိညာဉ် ကျင့်ကြံသူ တစ်ဦးမှာ တိုက်ပွဲ အတွင်း ပါဝင်လာနေခဲ့ပြီ ဖြစ်ကာ ပြင်းထန်သော အော်ရာများက သူမ၏ အာရုံကို ဆွဲဆောင်သွားနိုင်သည်။ အကယ်၍ ထိုနှစ်ယောက်သာ ပူးပေါင်းသွားပါက သတ်ဖြတ်ဖို့ များစွာ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
“အိုး... ဟိုး... ဘယ်လောက်တောင် ရက်ရောလိုက်လဲ...”
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ပြုံးလိုက်၏။
“ကောင်းပြီလေ... ပုလင်း ငါ့ကိုပေး... ငါက ကောင်မလေးကို ပေးမယ်...”
သူ၏ စကားသံနှင့် အတူ အပုပ်နံ့များက လေထုအတွင်း အော်ကလီဆန်ဖွယ် ပျံ့လွင့်လာသည်။
လင်းကျိရန်မှာ လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ် နေခဲ့၏။
သို့သော်လည်း စန်းယွန်းလီကတော့...
“ကောင်းပြီလေ...”
***