← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၅)

Vol. 120 Ch. 1671

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၅)

Vol. 120 Ch. 1671

တစ်စုံတစ်ယောက်သည် ရှင်သန်ခြင်းတို့၏ အဆုံးသတ်၊ မမြဲသော ထာဝရ အိပ်စက်ခြင်းကို ကြုံတွေ့ရလုဆဲဆဲ အချိန်တွင် မကြာခဏ ဆိုသလို အတိတ်မှ အမှတ်ရစရာ မြင်ကွင်းများ၊ မကြုံစဖူး အတွေးများနှင့် ဘဝတစ်လျှောက်လုံး နှလုံးသားထဲ၌ မြှုပ်နှံထားသည့် မိမိ၏ အမှန်တရားများစွာကို ပြန်လည် မြင်ယောင်လာလေ့ ရှိသည်။

ကြမ်းတမ်း ခက်ထန်သော လက်ဖဝါးတစ်ဖက်က လည်ပင်းကို ဆုပ်ကိုင်ထားကာ တွန်းလှန် မရနိုင်သော ဆန္ဒတစ်ခုအား ယူဆောင်လာနေချိန်တွင် ရှောင်ယန်ယွဲ့ ထိုကဲ့သို့သော ခံစားချက်ကို ခံစားခဲ့ရသည်။ ဖြည်းဖြည်းချင်းပင် သူမ၏ စိတ်မှာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ ရောနှောနေသည့် သူမ၏ အတိတ်မှ မြင်ကွင်းများကို စတင် ထုတ်လွှတ်ခဲ့သည်။

ထိုအခိုက်တွင်ပင်...

ရွှမ်း...

အဖြူရောင် ဓားတစ်စင်းမှာ အချိန်နှင့် အာကာသတို့ကို ဖြတ်ကျော်ကာ မကြုံစဖူး အရှိန်ဖြင့် တိုးဝင် လာခဲ့သည်။ ၎င်းက သူတို့ နှစ်ဦးထံ ဦးတည်၍ လှီးဖြတ်လိုက်၏။

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့သည်။ အဘယ်ကြောင့်နည်း။ သူ၏ ဝိညာဉ်အာရုံကို စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလွန်းလှသည့် ယင်အော်ရာတစ်ခုက ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့်ပင်။ အလွန့်အလွန် တိုတောင်းလှသည့် ထိုအခိုက်အတန့်လေးတွင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အမြင်အာရုံကို ဆုံးရှုံး သွားခဲ့၏။

အကျိုးဆက် အနေဖြင့် ရှောင်ယန်ယွဲ့၏ လည်ပင်းကို ဆုပ်ကိုင်ထားသည့် ခွန်အားက လျော့နည်း သွားခဲ့ကာ လျှို့ဝှက် ရည်ရွယ်ချက်မှာလည်း ၎င်း၏ လွှမ်းမိုးနိုင်စွမ်းကို လက်လွှတ်လိုက်ရသည်။

တိုက်ပွဲ အတွင်း တဖြည်းဖြည်း အရေးနိမ့်လာကတည်းကပင်... ရှောင်ယန်ယွဲ့၏ ထျန်းတျန်အတွင်းမှ လောင်လင်ဟု ခေါ်သည့် ဝိညာဉ်မှာ အခွင့်အရေး တစ်ခုကို ရှာဖွေဖို့၊ ဘယ်လို အခွင့်အရေးမျိုးကို မဆို ရှာတွေ့ဖို့ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်ထက် ပိုမို ကောင်းမွန်သည့် အခွင့်အရေး အဘယ်မှာ ရှိပါမည်နည်း။ သူမက ဝိညာဉ် အတွင်း ကျန်ရှိနေသေးသည့် စွမ်းအင် အနည်းငယ်ကို မတုန့်မဆိုင်းပင် စုစည်းလိုက်ကာ ရှောင်ယန်ယွဲ့၏ ထူးခြားသော ခန္ဓာကိုယ်နှင့် ချိတ်ဆက်လိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း...

တောက်ပသည့် အလင်းတန်းများမှာ မိန်းကလေး၏ ထျန်းတျန် အတွင်းမှ အဆက်မပြတ် ပေါက်ကွဲ ထွက်ပေါ်လာကာ မကောင်းဆိုးဝါး စောင့်ကြပ်သူကို အဆက်မပြတ် တိုက်ခိုက်လိုက်၏။ တစ်ချိန်တည်းတွင်ပင် အဖြူရောင် ဓားသည်လည်း ရန်သူကို လှီးဖြတ် သွားခဲ့လေသည်။

ကံကောင်းထောက်မစွာပင် ဘဝမှာ မကြာခဏဆိုသလို မျှော်လင့် မထားသည့် ဖြစ်ရပ်များဖြင့် ပြည့်နှက်နေတတ်သည်။

“ဟွန့်...”

မီးသွေးရောင် မကောင်းဆိုးရွား စောင့်ကြပ်သူမှာ ရုတ်တရက် အာရုံ စူးစိုက်မှုများကို ပြန်လည် ရရှိလာခဲ့၏။ ရှောင်ယန်ယွဲ့၏ လည်ပင်းကို ဆုပ်ကိုင်ထားသည့် သူ၏ လက်က ပိုမို၍ တင်းကြပ်လာခဲ့ကာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်မှာလည်း အကျိုးသက်ရောက်မှု နှစ်ဆ ပြန်လည် တိုးလာခဲ့သည်။ ပေါက်ကွဲထွက်လာလု ဆဲဆဲ ဝိညာဉ် အလင်းတန်းများမှာ ရှောင်ယန်ယွဲ့၏ ထျန်းတျန် အတွင်း ရက်ရက်စက်စက်ပင် ပြန်လည် တိုးဝင် သွားခဲ့၏။

တစ်ချိန်တည်းတွင်ပင် လူမည်းကြီးက နောက်ထပ် လက်တစ်ဖက်ကို မြှောက်လိုက်ကာ ရှေ့ကို ဦးတည်၍ ထိုးလိုက်သည်။ အာကာသမှာ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် စတင်၍ အက်ကွဲလာကာ အဖြူရောင် ဓားအလင်းကို တားဆီးလိုက်၏။

ထန်...

ပြင်းထန်သည့် ထိပ်တိုက် တွေ့ဆုံမှု တစ်ခု ဖြစ်ပေါ်လာကာ အဖြူရောင်ဓားမှာ နောက်သို့ ပြန်လည်၍ လွင့်စဉ် သွားခဲ့သည်။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ဆိုးယုတ်သည့် မျက်လုံးများနှင့် အတူ မျက်မှောင်ကြုတ် လိုက်၏။

“စုန်းမလေး... မင်းလည်း သေလိုက်...”

လူမည်းကြီး၏ စကားလုံးများက ပြင်းထန်စွာ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များနှင့် ပြည့်နှက် နေခဲ့၏။ သူ၏ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က ပိုမို၍ တက်ကြွလာကာ တည်နေရာ တစ်ခုကို ဦးတည်၍ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပုံ ရသည်။ အဖြူရောင် ဓားမှာ ဟန်ချက်ကို လျှင်မြန်စွာပင် ထိန်းကာ တစ်စုံတစ်ဦးကို ကာကွယ်ရန် အတွက် ထိုနေရာဆီသို့ ပြန်လည် ပျံသန်း သွားခဲ့၏။

ဝှစ်...

ရုတ်တရက်... ရှိရှိသမျှ အရာအားလုံးဖြင့် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပုံရသော မီးသွေးရောင် မကောင်းဆိုးရွား စောင့်ကြပ်သူမှာ ထွက်ပြေးသွားခဲ့၏။

မှန်ပေသည်။ ထွက်ပြေးသွားခဲ့ခြင်းပင်။

ဟူး... ဟူး...

တစ်ခဏ အတွင်းမှာပင် လူမည်းကြီးမှာ အပြောကျယ်လှသည့် အကွာအဝေး တစ်ခု၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင် မိုင်ပေါင်း သိန်းချီ အထိ ပျံ့နှံ့ သွားခဲ့၏။ ထိုနည်းလမ်းဖြင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူ့ တည်ရှိမှု လက္ခဏာများကို ဖုံးကွယ်ဖို့ ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ငွေရောင် မိုးများမှာ ကောင်းကင်မှ မြေပြင်ပေါ်သို့ ကျဆင်း လာကြကာ အာကာသလှိုင်း လှုပ်ရှားမှုများကို ရှာဖွေဖို့ မဖြစ်နိုင်အောင် တားဆီး လာခဲ့သည်။

“…”

နာ့ရှင်းရီ၏ ရုပ်သွင်မှာ လျှင်မြန်စွာပင် ထင်ရှားလာခဲ့၏။ မိန်းကလေးက သူမ အသုံးပြုထားသည့် ပတ်ဝန်းကျင် ပေါင်းစည်းခြင်း ကျင့်စဉ်ကို ပယ်ဖျက်လိုက်ခြင်းပင်။ သူမ၏ လှပသော မျက်လုံးများက ငွေရောင် အလင်းများ အနည်းငယ် ပျံ့နှံ့နေသေးသည့် မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်၏။ သူမ၏ အမူအရာက အံ့အားသင့်ခြင်းများနှင့် ထုံလွှမ်း နေခဲ့သည်။ ထိုမြေကြီး ရှန့်ထိုက တကယ်ပဲ ထွက်ပြေးသွားခဲ့သည်လော။

နာ့ရှင်းရီမှာ သေမျိုး တစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့်ပင် သူမ၏ ဝိညာဉ်အာရုံ၌ ကြီးမားသည့် ချို့ယွင်းချက် တစ်ခု ရှိသည်။ ၎င်းကား လျှို့ဝှက် အာဏာရှင်များ၏ အော်ရာကို ခံစားနိုင်စွမ်း မရှိခြင်းပင်။ မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ထွက်ပြေးသွားသည့် အပြင် သူ၏ အော်ရာကိုပါ ဖုံးကွယ်ကာ အာကာသ လှိုင်းများကိုလည်း ခြေခရာဖျက် သွားသေးသည်။ ၎င်းက အလွန်ပင် ထိရောက်လှပေသည်။

နာ့ရှင်းရီမှာ မကောင်းဆိုးဝါး စောင့်ကြပ်သူကို ချက်ချင်းပင် ပျောက်ဆုံး သွားခဲ့၏။ အခြားစောင့်ကြည့်နေကြသည့် လူပေါင်းများစွာမှာလည်း အလားတူပင် ဖြစ်သည်။ မည်မျှပင် ကြောက်မက်ဖွယ် ကောင်းသည့် ခွန်အား၊ လက်နက်နှင့် နည်းလမ်းများကို ပိုင်ဆိုင်ထားစေကာမူ အာဏာရှင်များ အားလုံးမှာ သေမျိုးများသာ ဖြစ်ကြသည်။

ဝိညာဉ်အာရုံ အတွင်းမှ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် ရှောင်ယန်ယွဲ့တို့ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်မိလေရာ လင်းကျိရန်၏ မျက်လုံးများက ပြူးကျယ်လာခဲ့၏။ ပိုကေကတော့ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ မကောင်းဆိုးဝါး ကျင့်ကြံသူများ၏ နည်းလမ်းများကို ခန့်မှန်းရသည်မှာ ခက်ခဲလှသည်။

ရွှယ်ရီဖေးကတော့ ခေါင်းခါလိုက်၏။

“မကောင်းဆိုးရွား ကျင့်ကြံသူတွေမှာ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်... အန္တရာယ်ရှိတယ်လို့ ခံစားရတာနဲ့ သူတို့က ထွက်ပြေးတာပဲ... အဲဒီ အတွက်လည်း သူတို့မှာ ဗျူဟာတွ အမျိုးမျိုး ရှိတယ်... မဟုတ်ရင် ဘယ်လိုလုပ်ပြီး အသက်ရှည်ရှည် နေနိုင်မှာလဲ...”

ဝူပိုင်ကျိုး တိတ်တဆိတ် ခေါင်းခါလိုက်၏။ သူတို့မှာ အားကောင်းကြသော်လည်း တစ်တောင်ထက် ပိုမြင့်သည့် တောင်တစ်တောင် ရှိသည် ဆိုသည့် စကားက အလကား မဟုတ်ချေ။ သို့သော်လည်း... လျှို့ဝှက်နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည့် မြေကြီးရှန့်ထိုတစ်ဦး သေမျိုးတစ်ယောက်ထံမှ ထွက်ပြေးခြင်းကတော့ ပုံမှန် မဟုတ်သည့် ကိစ္စတစ်ခု ဖြစ်ပေသည်။

“အကိုကြီးယောင်... သူ့ကို ရှာနိုင်လား...”

ရွှေဖုန်းပေါင်က မေးလိုက်၏။ ဤအခြေအနေမှာ မေမင်ကျိ သူ့ထံမှ ထွက်ပြေးသွားတုန်းကနှင့် ဆင်တူသည်။

ယောင်ဟုန်ရီက ပြန်မဖြေချေ။

“အကိုကြီးက မျက်စိကျထားတဲ့ ပစ်မှတ်ကို ဘယ်တော့မှ မဆုံးရှုံးဘူး တဲ့... အရှင်ဝေ့က ကျုပ်ကို တစ်ခါတုန်းက ပြောခဲ့ဖူးတယ်”

ရွှေဖုန်းပေါင်မှ ယောင်ဟုန်ရီထံမှ တုန့်ပြန်မှု ရရှိရန် ဆက်လက် ပြောဆိုနေခဲ့သော်လည်း ယောင်ဟုန်ရီကတော့ ဆက်လက်၍ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ရွှေဖုန်းပေါင် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

စန်းယွန်လီမှာ နတ္ထိ ဝတ်ရုံအောက်တွင် ပုန်းကွယ်ရင်း အဝေးမှ စောင့်ကြည့် နေခဲ့၏။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ ထွက်ပြေးသွားသည့် အခိုက်၌ အခြားလူများ နည်းတူပင် သူမသည်လည်း လုံးဝ လမ်းပျောက်သွားခဲ့သည်။

“သူ ဘယ်ကို သွားတာလဲ...”

သူမ ရှာဖွေဖို့ ကြိုးပမ်းလိုက်သော်လည်း သူမ၏ နည်းလမ်းများ အားလုံးက အကျိုးမဖြစ်ထွန်းပါချေ။ စန်ယွန်းလီမှာ ထူးခြားသည့် နည်းလမ်းများကို ပိုင်ဆိုင်ထားသည့် လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် ဖြစ်သည့်တိုင် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထို တစ်ဦး မိမိကိုယ်ကို ဖုံးကွယ်ထားစဉ်တွင် မည်ကဲ့သို့ အလွယ်တကူ ရှာတွေ့နိုင်မည်နည်း။ မြေကြီး ရှန့်ထို တစ်ဦးပင်လျှင် အထူးနည်းလမ်းများ မရှိပါက လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

“ရှောင်ယန်ယွဲ့...”

စန်းယွန်းလီ စိတ်ထဲမှ ထိတ်လန့်စွာ ရေရွတ်လိုက်မိ၏။ ရှောင်ယန်ယွဲ့၏ အနာဂတ်မှာ အလွန်ပင် တောက်ပနေသည်။ သူမမှာ အနာဂတ်တွင် လျှို့ဝှက် အရှင်သခင် တစ်ဦး ဖြစ်လာနိုင်ချေ ရှိသည့် လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ ထို့အပြင်... ကောင်းကင်ဘုံ လမ်းစဉ်၌ ဖော်ပြထားသည့် သူမ၏ စာမျက်နှာများမှာ မပြည့်စုံသေးချေ။ ကောင်းကင်တာအိုထံတွင် သူမအတွက် အနာဂတ် အစီအစဉ်များစွာ ရှိသေးတာ သေချာသည်။ ထိုကဲ့သို့ ကောင်းချီးခံမျိုးကို သူမ ဆုံးရှုံးလို့ မရပါချေ။

***

All Chapters