← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄)

Vol. 120 Ch. 1670

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄)

Vol. 120 Ch. 1670

တရှန်းတို့ စကားပြောနေသည့် တစ်ချိန်တည်းတွင်ပင် နတ်မိမယ် သုံးဦးမှာ မကောင်းဆိုးဝါး စောင့်ကြပ်သူများနှင့် တိုက်ခိုက်လာသည့် အာဏာရှင်များကို ရှင်းလင်း ပြီးသွားခဲ့ပြီ ဖြစ်သည်။ သူတို့၏ ပတ်ဝန်းကျင် မိုင်ပေါင်း ရာချီမှာ လုံးဝ အသက်ဓာတ် ကင်းမဲ့ နေခဲ့၏။ အားနူ

ရှန့်ထို သုံးဦးသည် မကောင်းဆိုးရွား စောင့်ကြပ်သူများနှင့် အာဏာရှင်များကို ကွင်းပြင်မှ ရှင်းလင်းပြီးပြီ။ ၎င်းတို့နှင့် ၎င်းတို့၏ ရင်သပ်ရှုမောဖွယ် အသွင်အပြင်များဖြင့် ရာနှင့်ချီသော မိုင်ပေါင်းများစွာ နေရာလွတ်များကို ချန်ထားခဲ့သည်။ အားနူကတော့ ရွှယ်ရီဖေး၏ လက်များ အတွင်း ငြိမ်းချမ်းစွာ အိပ်ပျော်နေခဲ့သည်။ သူမက ဟောက်ပင် ဟောက်နေခဲ့၏။

“ဘယ်သူမှ မလှုပ်ရှားတာလား…”

နာ့ရှင်းရီက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ သူမ ဝေ့ဝူယင်၏ နည်းလမ်းများကို ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့်ပင်… ဤသည်မှာ ပထမဆုံးနှင့် အလွယ်ကူဆုံး လှိုင်းမျှသာ ဖြစ်ကြောင်း သူမ သိသည်။ အလွှာအပြင်က လောကမှ ရွေးချယ်ခံ ရာနှင့်ချီမှာ သေဆုံးခဲ့ကြကြ ဒဏ်ရာ အများအပြား ရရှိခဲ့ကြသော်လည်း အာဏာရှင်များကတော့ ထိုပထမလှိုင်းကို ပေါ့ပေါ့ပါးပါး သွေးပူလေ့ကျင့်ခန်း အဖြစ်သာ သဘောထားကြသည်။

“ဘယ်သူမှ အခြားသူ တစ်ယောက်ယောက် အကျိုးခံစားရတာကို မလိုချင်ဘူးလေ...”

ရွှယ်ရီဖေးက ပြန်ဖြေလိုက်သည်။ သူမ၏ စကားလုံးများက နာ့ရှင်းရီကို ချက်ချင်း သဘောပေါက် သွားစေခဲ့၏။ အခြား မြေကြီး ရှန့်ထိုများနှင့် ခြားနားစွာပင် မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အလွန် အစွမ်းထက်သည့် ရုပ်ခန္ဓာကိုယ်နှင့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်တို့ကို ပိုင်ဆိုင်ထားသည့် စစ်သည်တော် တစ်ဦး ဖြစ်သည်။ သူနှင့် တိုက်ခိုက်ပါက လျှင်မြန်စွာ အဆုံးသတ်ဖို့ နည်းလမ်း မရှိပါချေ။

ရှောင်ယန်ယွဲ့မှာ အချိန်ကောင်းကို စောင့်ကာ တိုက်ခိုက်ခဲ့သော်လည်း ကျရှုံးခြင်းနှင့်သာ ကြုံတွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများကြားမှ တိုက်ပွဲများမှာ ထိပ်တိုက် တွေ့ဆုံမှ အနည်းငယ်ထက် ကျော်လွန်ခဲသည်။ အလွန်တိုတောင်းသော ကာလအတွင်းတွင်ပင် အနိုင်ရသူနှင့် အရှုံးသမားကို ဆုံးဖြတ်သည်။ သို့သော်လည်း ရုပ်ခန္ဓာ ကျင့်ကြံသူများမှာ ထိုစည်းမျဉ်း၏ အလွန်ရှားပါးသော ခြွင်းချက်များထဲမှ တစ်ခုဖြစ်သည်။

လက်ရှိ၌ ထိပ်တိုက် တွေ့ဆုံမှုပေါင်း နှစ်ရာကျော်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အတုအယောင် မြေကြီးရှန့်ထို၏ တိုက်ခိုက်မှုများကို ခုခံရန် အတွက် အလွန် နည်းပါးသည့် လျှို့ဝှက် စွမ်းအင်များကိုသာ သုံးခဲ့ရသည်။ သူ အဓိက အားကိုးခဲ့သည်က ခန္ဓာကိုယ်နှင့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်တို့သာ ဖြစ်သည်။

“ဒါက မြင်ရသလောက် မရိုးရှင်းဘူး...”

ဝူပိုင်ကျိုးက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

“ဒါက ပထမလှိုင်း ဖြစ်တယ်ဆိုတာ ရှင်းပါတယ်... ဒါပေမဲ့ ပထမလှိုင်းမှာ လျှို့ဝှက်နှလုံးသား ရည်ရွယ်ချက်နဲ့ မြေကြီးရှန့်ထိုအဆင့် စစ်သည်တော်တစ်ဦး ရှိနေမယ်ဆိုရင် ဒုတိယလှိုင်းက ဘယ်လို ဖြစ်မလဲ... ဖြစ်နိုင်ခြေရှိတဲ့ အသင်းအဖွဲ့တစ်ခု ဖြစ်မလာအောင် လူတိုင်းကတော့ တားဆီးချင်ကြမှာပဲ...”

အခြေအနေများက ပို၍ ရှုပ်ထွေးလာနေပေသည်။ ၎င်းတို့ကို ထည့်သွင်းစဉ်းစားရန် အကြောင်းအရာများ အလွန်များပြားလွန်းလှသည်။ ဝေ့ဝူယင်က အောင်မြင်မှုကို လွယ်လွယ်ကူကူနှင့် ရရှိစေဖို့ ခွင့်ပြုလိမ့်မည် မဟုတ်ပါချေ။

“…”

နာ့ရှင်းရီ၊ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ သုံးဦးစလုံး တိတ်ဆိတ်သွားကြပြန်၏။ အတန်ကြာပြီးနောက် နာ့ရှင်းရီက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူမက မတုန့်မဆိုင်းပင် ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်၏။ သူမ၏ ယင်အော်ရာက ချက်ချင်းပင် အေးစက်စက် မီးခိုးရောင် အလင်းဖြင့် ရိုက်ခတ် သွားခဲ့သည်။ သူမက ယင်ဓားကို ထိန်းသိမ်းထားကာ ရှန့်ထို လက်စွပ် အတွင်းမှ သုံးပေခန့်မျှ ရှည်လျားသည့် အဖြူရောင်ဓား တစ်စင်းကို ထုတ်ယူလိုက်သည်။ ၎င်း၏ လက်ကိုင်ကို လခြမ်းတစ်ခုဖြင့် အလှဆင်ထားကာ အနားစွန်းတွင်တော့ ထူးထူးခြားခြား ပေါ်လွင်နေသော အနက်ရောင် ကြိုးတစ်ခု ရှိ၏။

ဓားမှာ အလွန် နက်ရှိုင်းသည့် ဖိအား တစ်ခုကို ထုတ်လွှတ်နေကာ နားမလည်နိုင်သည့် အရှိန်အဝါတစ်မျိုးအား ဖြန့်ကျက်ထားသည်။ ထိုဓားကို စစ်အမတေများအား အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်ကာ အလွန် စင်ကြယ်သည့် ယင်ရည်ရွယ်ချက်ဖြင့် သန့်စင်ထားသည်။

ရွှယ်ရီဖေးက ပြုံးလိုက်၏။

ဝူပိုင်ကျိုးက တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

နာ့ရှင်းရီက အခြားမည်သည့်အရာကိုမျှ မပြောတော့ချေ။

ဘုန်း...

သူမက မြေပြင်မှ ကြွတက်လာ၍ ယင်အလင်းတန်း အဖြစ် ပေါက်ကွဲကာ မြေကြီး ရှန့်ထို အဆင့် တိုက်ပွဲထံသို့ တိုးဝင် ပျံသန်း သွားခဲ့တော့သည်။

အခြားလူများနှင့် ခြားနားစွာပင် နာ့ရှင်းရီ၏ ကျင့်ကြံခြင်း နှလုံးသားက ရိုးရှင်းသည်။ သူမထံတွင် တွက်ကပ်မှု မရှိချေ။ အခြေအနေကို ရိုးရှင်းစွာသာ ရှုမြင်သည်။ ကြုံလာသည့် အတားအဆီးတိုင်းကို ကျော်လွှားမည် ဖြစ်သည်။ သူမက ယုတ္တိဗေဒနောက်ကိုသာ လိုက်သည်။ အင်ပါယာထျန်းမျိုးနွယ်ကိုလည်း သူမ ထိုနည်းလမ်းဖြင့်သာ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ စိန်ခေါ်သူများ ဘယ်လောက်ပင် များပြားစေကာမူ... မမှုခဲ့။

ရှောင်ယန်ယွဲ့မှာ ပြိုလဲလုနီးနီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ကိုယ်ခန္ဓာနှင့် လျှို့ဝှက် ဝိညာဉ်တို့မှာ အကန့်အသတ်ကို ရောက်ရှိနေပြီ ဖြစ်သည်။ သူမထံတွင် အလွန် သန့်စင်သည့် ခန္ဓာကိုယ်လည်း မရှိသေးသလို လျှို့ဝှက် ဝိညာဉ်ကိုပင် ပိုင်ဆိုင် မထားသေးလေရာ မြေကြီး ရှန့်ထို တစ်ယောက်ကို ကိုင်တွယ်ရသည်မှာ အလွန်ပင် ခက်ခဲလှသည်။

“လောင်လင်... ကျွန်မ ဘာလုပ်ရမလဲ...”

သူမက ထျန်းတျန် အတွင်းရှိ ဝိညာဉ်ကို မေးလိုက်၏။ အခြေအနေက အလွန် ဆိုးရွားနေစေကာမူ ရှောင်ယန်ယွဲ့၏ စိတ်ကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ ထိုကောင်းချီးခံမှာ ဘဝတွင် မရေမတွက်နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ကာ အားလုံးကို ကံ၊ ဉာဏ်၊ ဝီရိယတို့ဖြင့် ကျော်လွှားခဲ့သည်ချည်း ဖြစ်သည်။ ထို့ကြောင့်ပင်... ထိတ်လန့်မှုက နှလုံးသားအား လွှမ်းမိုးသွားမည့် အဖြစ်မျိုး သူမ ခွင့်မပြုနိုင်ပါချေ။

သို့သော်လည်း... လောင်လင်ကတော့ ထိတ်လန့် နေခဲ့ပြီ ဖြစ်သည်။ သူမ ပေးထားသည့် စွမ်းအားများမှာ အကန့်အသတ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ရှောင်ယန်ယွဲ့ကို ဆက်လက် ထောက်ပံ့ရန် သူမ အတွက်ပင် ခက်ခဲနေခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံများက သူမအား တစ်ခုတည်းသော ရလဒ်ကို ပြောပြနေသည်။ ၎င်းကား “အရာအားလုံး ပြီးဆုံးသွားပြီ” ဟူ၍။

သူတို့ နှစ်ယောက်စလုံး ထိုလူယုတ်မာ၏ ဝါးမြိုမှုကို ခံရတော့မည် ဖြစ်သည်။ ထိုအတွေးက သူမ၏ ဝိညာဉ်ကိုပင် တုန်လှုပ်စေ၏။

“ဆက်တိုက်နေ... ထိုးစစ်ကို မလျှော့နဲ့... ငါ နည်းလမ်း စဉ်းစားဦးမယ်”

လောင်လင်က အလျှင်အမြန်ပင် နည်းလမ်းများစွာကို စဉ်းစားလိုက်၏။ သို့သော်လည်း သူမ စဉ်းစားမိသမျှ အစီအစဉ် ထောင်ပေါင်းများစွာမှာ တစ်ခုမှ ထိရောက်မှု မရှိပါချေ။ ထွက်ပြေးရန်လား...။ မည်သည့် နေရာကို ပြေးမည်နည်း။ ဤလောက နယ်မြေမှာ အပြောကျယ်လှသော်လည်း လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ထံမှ လွတ်မြောက်ဖို့ အတွက် ဘယ်လို နည်းနှင့်မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။ အကယ်၍ ရှောင်ယန်ယွဲ့သာ သေမျိုး တစ်ယောက် ဆိုပါက အထူးနည်းလမ်း တစ်ချို့ကို သုံး၍ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်သေးသည်။ သို့သော်လည်း...။

“စဉ်းစားစမ်း... လောင်လင်... စဉ်းစားစမ်း...”

ရှောင်ယန်ယွဲ့ တစ်ယောက်ကတော့ လောင်လင်၏ အစွမ်းကို ယုံကြည်စွာပင် အံများကို တင်းတင်းကြိတ်ရင်း နာကျင်မှုကို တောင့်ခံကာ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။ မီးနတ်ဘုရားမ တစ်ဦးအလား သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မီးတောက်များနှင့် လောင်ကျွမ်း နေခဲ့၏။ သူမက ခွန်အားကို ၁၂၀ ရာခိုင်နှုန်း အထိ သုံးကာ မီးသွေးရောင် လူကြီး၏ ရင်ဘတ်ထံ ပြင်းထန်သည့် လက်သီးချက် တစ်ချက် ပို့လွှတ်လိုက်သည်။

အကယ်၍ ထိုထိုးနှက်ချက်သာ ထိမိသွားမည် ဆိုပါက မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ယောက် ပြင်းထန်စွာ ဒဏ်ရာ ရသွားလိမ့်မည် ဖြစ်သည်။ သို့တည်းမဟုတ်... သေပင် သေသွားနိုင်သည်။

သို့သော်လည်း ကံဆိုးစွာပင် မီးသွေးရောင် မကောင်းဆိုးရွား စောင့်ကြပ်သူမှာ အသက်ငါးရာအောက် ရွေးချယ်ခံတစ်ဦး မဟုတ်ပါချေ။ သူက ဤအဆင့်ကို ရောက်ရှိရန် အတွက် ဆိုးရွားသည့် လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ဘုန်း...

လူမည်းကြီးက ချက်ချင်းပင် သူ၏ ခွန်အား ငါးဆယ် ရာခိုင်နှုန်းမျှ အထိ ထုတ်ဖော်ကာ လျှို့ဝှက် အော်ရာကို ကြီးမားသည့် ခွန်အားနှင့် အတူ ဖြန့်ကျက်လိုက်သည်။ ချက်ချင်းပင်... မီးများ ဟုန်းဟုန်း တောက်လောင်နေသော လက်သီးမှာ ပြိုလဲသွားခဲ့၏။

မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ထိုမျှနှင့် ရပ်တန့်ခြင်း မရှိပါချေ။ သူက ကျန်ရှိသည့် ခွန်အားများကို သုံးကာ ခြေချခြင်း ကျင့်စဉ် တစ်ခုကို အသက်သွင်းလိုက်၏။ တစ်ဘဝလုံး ဤလောက နယ်မြေ အတွင်းတွင်သာ နေထိုင်ခဲ့သည့်တိုင် လူမည်းကြီးမှာ သူ သတ်ခဲ့သည့် ပါရမီရှင်များ၊ ထိပ်သီး ကျင့်ကြံသူများထံမှ အမွေအနှစ်များကို ရရှိထားခဲ့သည်။ ထို့အပြင်... ငွေရောင် မျက်လုံး ပိုင်ရှင်နှင့် ပူးပေါင်းရန် သဘောတူညီခဲ့ခြင်းမှလည်း အကျိုးကျေးဇူး အချို့ကို ရရှိခဲ့သည်။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်နှင့် အတူ လက်ရှိ သူ၏ စွမ်းအားက မည်သည့် မြေကြီးရှန့်ထိုထက် မဆို သာလွန်ပေသည်။

ရှဲ... ရှဲ...

မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အနက်ရောင် လက်ချောင်းများမှာ ရှောင်ယန်ယွဲ့၏ လျှို့ဝှက် အကာအကွယ်ကို အသာအယာပင် ထိုးဖောက် သွားခဲ့၏။ တစ်စက္ကန့်၏ ဆယ်ပုံပုံ တစ်ပုံမျှ အတွင်းမှာပင် သူက ၎င်းကို အပြီးတိုင် ဖြတ်ကျော်ကာ မိန်းကလေး၏ လည်ပင်းကို ဆုပ်ကိုင်ခဲ့ပြီး ဖြစ်သည်။

“မဟုတ်ဘူး...”

ရှောင်ယန်ယွဲ့မှာ စိတ်ထဲမှ နေ၍ လောင်လင်၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရ၏။ သူမ၏ အမြင်အာရုံက တဖြည်းဖြည်း မှောင်မိုက်လာနေကာ လျှို့ဝှက် ဆန်းကြယ်သည့် ဆန္ဒ တစ်ခုမှာ သူမ၏ သွေးကြောများ၊ အသိစိတ် ပင်လယ်နှင့် ထျန်းတျန်တို့ကို ဖိနှိပ်လာခဲ့သည်။ သူမ တဖြည်းဖြည်းချင်း ချိပ်ပိတ် ခံနေရပြီ ဖြစ်သည်။

***

All Chapters