← Chapters

ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ (၁၅)

Vol. 121 Ch. 1681

ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ (၁၅)

Vol. 121 Ch. 1681

“နင်က အခြားလူတွေဆီက ယူရတာ ကြိုက်တယ်မလား... ဒါဆိုရင် နင့်ဆီက အားလုံးကို ငါ ပြန်ယူမယ်...”

စန်းယွန်းလီ၏ အသံက နတ်ဘုရားမ တစ်ပါး၏ သေဒဏ်အလား မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ဝိညာဉ်ကို တုန်ရီသွားစေခဲ့၏။ အောက်ပါ ဖြစ်ရပ်များကတော့ မြေကြီး ရှန့်ထို တစ်ဦးပင်လျှင် တုန့်ပြန်နိုင်ခြင်း မရှိလောက်အောင် အလွန် လျှင်မြန်စွာ ဖြစ်ပျက် သွားခဲ့လေသည်။

ဘုန်း...

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ကောင်းကင် အလင်းတန်း၏ ထိမှန်မှုကို ခံလိုက်ရ၏။ ၎င်းက သူ့တစ်ကိုယ်လုံးကို ဝါးမြိုကာ ကျင့်ကြံခြင်း အခြေခံကို ထုတ်ယူလေသည်။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာအပင် တစ်ချိန်က ကြောက်မက်ဖွယ် ကောင်းခဲ့သည့် သူ၏ ခန္ဓာကိုယ်မှာ သေမျိုး အဖြစ် ပြောင်းလဲ သွားကာ မီးသွေးရောင် အလုံးတစ်ခု ထွက်ပေါ်လာသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တည်ရှိမှု မူဘောင် အပါအဝင် အရာအားလုံး ထိုမီးသွေးရောင် အလုံးအတွင်း ရှိနေခဲ့ပေသည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ မျက်နှာမှာ လူတစ်ဦး ဖော်ပြနိုင်သည့် အနာကျင်ဆုံးသော အမူအရာဖြင့် ရှုံ့မဲ့သွားကာ ကောင်းကင်မှ လဲပြိုကျသွားလေတော့သည်။ သူက စွမ်းအား ကင်းမဲ့နေသလို အကူအညီလည်း ကင်းမဲ့နေ၏။

စန်းယွန်းလီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မီးသွေးရောင် အလင်းမှာ သူမထံသို့ ပျံသန်း လာခဲ့၏။ မိန်းကလေးက ကောင်းကင် အလင်းများကို သုံးကာ ၎င်းကို အစင်ကြယ်ဆုံး အခြေအနေအထိ ရောက်အောင် သန့်စင်ရင်း လျှို့ဝှက် ဝိညာဉ်နှင့် လျှို့ဝှက် အမြုတေတို့ အပါအတင် လျှို့ဝှက် သင်္ကေတများ အားလုံးကို ပေါင်းစည်းလိုက်၏။ ထို့နောက် သူမက ကောင်းကင် အလင်းများ၏ နောက်ဆုံး ကျန်ရှိသည့် စွမ်းအားများကို အသုံးပြုကာ ၎င်းကို ရှောင်ယန်ယွဲ့၏ ခန္ဓာကိုယ် အတွင်း ပို့လွှတ် လိုက်သည်။

ထို့နောက်တွင်တော့... မိန်းကလေးမှာ ကောင်းကင်ရှန့်ထို အဆင့် စွမ်းအားများကို ဆုံးရှုံးသွားကာ လောကမှာလည်း ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့၏။

ပင်ပန်း နွမ်းနယ်မှုလှိုင်း တစ်ခုက သူမ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့ကို လွှမ်းမိုးနေသည်။ မိန်းကလေးမှာ အလွန်ပင် ပင်ပန်း နေခဲ့သည်။ နှိုင်းယှဉ်၍ မရနိုင်အောင် ပင်ပန်း နေခဲ့သည်။ အလွန် ပင်ပန်း လွန်းရကား သူမ၏ ကြယ်တာရာ ဝိညာဉ်၊ စွမ်းအင် သွေးကြောများနှင့် ထျန်းတျန်တို့၌ အက်ကြောင်းများ ရှိနေသည်ကိုပင် သတိမထားမိခဲ့ချေ။

စန်းယွန်းလီ တစ်ယောက် မျက်ခွံများ လေးလံနေကာ နေရာတွင်ပင် အိပ်ချင် နေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်တွင်ပင် စိတ်နှင့် ဝိညာဉ်တို့ကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည့် ထူးဆန်းသော အသံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။

“ခစ်... ခစ်... ခစ်... ဘယ်လို စွမ်းအားမျိုးလဲ...”

စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူတို့ကို စောင့်ကြည့် နေခဲ့ပြီ ဖြစ်လေသည်။

“...”

ယီယွင်မှာ အေးခဲ နေရာမှ လန့်နိုးလာကာ သူ့ နှလုံးသားမှာ ပြင်းထန်စွာ ခုန်နေခဲ့၏။ သူ စန်းယွန်းလီကို ပြေးဖို့ အော်ဟစ် ပြောဆိုချင်သော်လည်း ဝိညာဉ် တိုက်ခိုက်မှု တစ်ခုက သူ့ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေရာ စကားလုံးများမှာ လည်ချောင်း အတွင်းတွင်သာ တစ်ဆို့ သွားခဲ့၏။

စကျင်ကျောက် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ပုန်းအောင်း နေခဲ့ကာ မီးသွေးရောင် လူကြီးနှင့် ပူးပေါင်းဖို့ အခွင့်အရေးကို စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ထိုအခွင့်အရေးကို သူမ မရလိုက်ပါချေ။ စောစောပိုင်းက မဟာမိတ် ဖွဲ့ရန် အချိန်ရခဲ့သော်လည်း သူတို့ နှစ်ယောက်မှာ တစ်ယောက် လှုပ်ရှားမည့် အချိန်ကို တစ်ယောက် စောင့်ဆိုင်းကာ တုန့်ဆိုင်း နေခဲ့ကြခြင်း ဖြစ်သည်။

ဝှစ်...

စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ဝမ်မင်ယာထံသို့ ဦးတည်ကာ ပေါက်ကွဲမှု ပြင်းထန်သည့် အမြန်နှုန်းနှင့် ပျံသ်း သွားခဲ့၏။ စန်းယွန်းလီကို ပစ်မှတ်ထားဖို့တော့ သူမ မဝံ့ရဲပါချေ။ ထိုမိန်းကလေး၌ နောက်ထပ် ဝှက်ဖဲ တစ်ချပ် ရှိနေမည်ကို သူမ ကြောက်နေမိသည်။ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားမျိုးအား ထုတ်လွှတ်နိုင်ခြင်းကို ထောက်ချင့်ရပါက ထိုမိန်းကလေးမှာ ကောင်းကင်ရှန့်ထို တစ်ယောက် တန်ဖိုးထားရသည့် ရတနာ တစ်ပါး ဖြစ်နေနိုင်သည်။ သူမထံတွင် အသက် အန္တရာယ်မှ ကာကွယ်ရန် များလှစွာသော ရတနာများ ရှိနေနိုင်သည်။

စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ဝိညာဉ်စွမ်းအင် အသံလှိုင်းများကို ထုတ်လွှတ်ကာ ထိုနေရာ ရှိနေသည့် လူတိုင်း၏ အသိစိတ် ပင်လယ်များကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ သူမ ဝမ်မင်ယာကို သိပ်ဂရုမစိုက်ချေ။ တစ်ချက်တည်းဖြင့် သူမကို သတ်ဖြတ်ကာ ရှောင်ယန်ယွဲ့ကို ယူဆောင်ဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။

ဝမ်မင်ယာ၏ အရှေ့ ခြေလှမ်း အနည်းငယ်ခန့် အကွာသို့ အရောက်တွင်ပင် သူမ၏ လက်များမှာ ရှောင်ယန်ယွဲ့ကို လှမ်းကာ ဖမ်းဆုပ်ဖို့ ဟန်ပြင်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ရုတ်ချည်းဆိုသလိုပင် ဝမ်မင်ယာ၏ နှုတ်ခမ်းထက်၌ လှောင်ပြောင်သည့် အပြုံး တစ်ခု ရှိနေသည်ကို သူမ မြင်လိုက်ရ၏။

ဘာလဲ...။

ထိုအပြုံးက ဘာအတွက်လဲ...။

ဝှစ်...

အသံတစ်ခု...။

၎င်းကို ရှာဖွေ တွေ့ရှိဖို့ မလွယ်ကူချေ။

မူလ အစကို မြင်နိုင်ရန်လည်း မလွယ်ကူပေ။

သို့သော် ရလဒ်ကတော့ အလွန် ထင်ရှားပေသည်။

စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ဦးခေါင်းမှာ ဘေးဘက်သို့ ပြင်းထန်စွာ စောင်းသွားသည်ကို ဝမ်မင်ယာ မြင်လိုက်ရ၏။ သူမ၏ နားထင်တွင်တော့ အပေါက်ကြီး တစ်ခုမှာ ဦးခေါင်း အတွင်း တူးဖော် ဝင်ရောက်သွားကာ ဦးနှောက်နှင့် သွေးတို့က လေထဲသို့ ပက်ဖျန်းရင်း အခြား တစ်ဖက်မှ ထိုးဖောက်ထွက် သွားခဲ့သည်။

သူမ၏ မျက်လုံးများ အတွင်းရှိ အလင်းရောင်မှာ ချက်ချင်း ငြိမ်းသေ သွားခဲ့၏။ သူမ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

ဘုန်း...

နူးညံ့သော်လည်း လေးလံ၏။ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ဝမ်မင်ယာ၏ ခြေထောက် ရှေ့တွင်ပင် လဲပြိုကျသွားခဲ့သည်။ လျှို့ဝှက် စွမ်းအင်များမှာ သူမ၏ လက်ချောင်းထိပ်၌ စီးဆင်းနေဆဲ ဖြစ်သော်လည်း ယခုအခါ၌ အသုံးမဝင်တော့ပါချေ။ အဖြူရောင် သွေးအိုင် တစ်ခုမှာ သူမ၏ ခန္ဓာကိုယ် အောက်၌ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့၏။ အလောင်း၌ လျှို့ဝှက် ဝိညာဉ် မကျန်ရစ်ပါချေ။

ဝမ်မင်ယာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် မြှားလာရာ လမ်းကြောင်းကို လှမ်းကြည့်ရင်း မသိမသာ ခေါင်းညိတ် ပြလိုက်၏။

ယောင်ဟုန်ရီက သူ၏ ဘယ်ဘက်မျက်လုံးကို ပြန်မှိတ်လိုက်သည်။ စကျင်ရောင် လျှို့ဝှက် ဝိညာဉ် တစ်ခုမှာ ထိုမျက်ဝန်း အတွင်း၌ ဖျပ်ခနဲ ပေါ်လာကာ မယုံကြည်နိုင်စရာ လျှို့ဝှက် အော်ရာကို ထုတ်လွှတ် နေခဲ့သည်။ လေးသမားက မျက်နှာစည်းကို ပြန်လည် ဆွဲချကာ ဘယ်ဘက် မျက်လုံးကို နောက်တစ်ကြိမ် ပြန်လည် ဖုံးအုပ်လိုက်၏။

လေးပေါ်တွင် ထွင်းထုထားသည့် မြှားသုံးချောင်းအနက် တစ်ချောင်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“အဆုံးသတ်လိုက်တော့...”

ယောင်ဟုန်ရီက ပြောလိုက်၏။ ရွှေဖုန်းပေါင်က စကားလုံးများဖြင့် ပြန်မဖြေပါချေ။ ထို့အစား... သူက ငရဲပြည်၌ နှစ်သန်းပေါင်းများစွာ တောက်လောင်နေသည့် မီးများ အလား အဆုံးမဲ့ ပူပြင်းသော မီးတောက်မီးလျှံများကို ထုတ်လွှတ် လိုက်သည်။

တစ်ခဏ အတွင်းမှာပင် သူနှင့် တိုက်ခိုက်နေသည့် သေမျိုးတစ်ပိုင်း အရှင် အဆင့်မှာ မီးလျှံများ၏ ဝါးမြိုမှုကို ခံရကာ သေဆုံး သွားခဲ့ပြီ ဖြစ်သည်။

ဝှစ်...

ရွှေဖုန်းပေါင်မှာ ယောင်ဟုန်ရီ၏ နံဘေးသို့ ပြန်လည် ရောက်ရှိလာ၏။ သူ၏ လက်တစ်ဖက်တွင်တော့ မီးလျှံများ ဖုံးလွှမ်းနေသည့် လျှို့ဝှက် ဝိညာဉ် တစ်ခုကို ကိုင်ဆောင်ထားခဲ့လေသည်။

သူသည် ယောင်ဟူယီဘေးသို့ ရောက်ရှိလာသောအခါ မီးကလေးသည် သူ၏ လက်များတွင် မီးလျှံများ ဖုံးလွှမ်းနေသော လျှို့ဝှက်ဝိညာဉ်တစ်ခုကို ကိုင်ဆောင်ထားသည်။

...

လွန်ခဲ့သည့် စက္ကန့်ဝက်...

အခြေအနေက ရုတ်တရက်လွန်းစွာ ပြောင်းလဲသွားသည်။ စန်းယွန်းလီမှာ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် တိုက်ခိုက်ရန် အတွက် သိသာ ထင်ရှားသည့် ခွန်အား ပမာဏ မြောက်များစွာကို သုံးခဲ့ရသည်။ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ တိုက်ခိုက်လာသည့် အချိန်က အပြစ်အနာအဆာ ကင်းမဲ့လွန်းသည်။ အထူးသဖြင့်... သူမမှာ ဝိညာဉ် အသံ နည်းစနစ်နှင့် အရင်ဦးစွာ တိုက်ခိုက်ကာ သူတို့ အဖွဲ့ အတွင်းရှိ လူတိုင်း၏ အာရုံများကို ပုံပျက်စေခဲ့သည်။ ခဏတာမျှ သတိကင်းလွတ် သွားစေခဲ့သည်။

စန်းယွန်းလီမှာ ယာယီ မြှင့်တင်ထားသည့် ဝိညာဉ်အာရုံ၏ ကြီးမားသော အစိတ်အပိုင်းကို ဝေ့ဝူယင်အား ရှာဖွေရန် အတွက် အသုံးပြုခဲ့သည်။ ထို့ကြောင့်ပင် စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ တိုက်ခိုက်လာသော အခိုက်၌ တန်ပြန် တုန့်ပြန်နိုင်ခြင်း မရှိခဲ့ချေ။

သူမ၏ ဝိညာဉ်မှာ ပြင်းထန်စွာ တုန်ခါနေကာ ကြောက်မက်ဖွယ် နာကျင်မှု တစ်ခုက သူမ၏ ဦးခေါင်းကို ရက်ရက်စက်စက် ထုရိုက် ထိုးနှက်နေ၏။ စန်းယွန်းလီ သူ လုပ်ခဲ့သည့် အမှားကို ချက်ချင်း သဘောပေါက် လိုက်သည်။ လက်ခလည် ထိပ်ရှိ ဝိညာဉ် အမျိုးအစား လျှို့ဝှက် သင်္ကေတကို အသုံးပြု၍ ထိုသက်ရောက်မှုကို ဖယ်ရှားရန် အလျှင်အမြန် ကြိုးစားလိုက်သော်လည်း စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ရှောင်ယန်ယွဲ့နှင့် ဝမ်မင်ယာတို့ အနားသို့ ရောက်ရှိလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ရသည်။

“မဟုတ်ဘူး... ရှောင်ယန်...”

သူမ၏ အော်ဟစ်သံက လမ်းခုလတ်တွင်ပင် ရပ်တန့် သွားခဲ့၏။ အဘယ်ကြောင့်နည်း။ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ဦးခေါင်း၌ အပေါက်တစ်ခု ဖြစ်ပေါ်လာကာ ဦးနှောက်နှင့် ဦးခေါင်းခွံ အပိုင်းအစများ လေထု အတွင်း ပြန့်ကျဲ သွားခဲ့ကြောင့်ပင်။ ထိုမိန်းမ၏ ကြောက်မက်ဖွယ်‌ အော်ရာနှင့် ဖိနှိပ်နိုင်သည့် စွမ်းအားများ၊ လှုပ်ရှားမှုများမှာ တမုဟုတ်ချင်း ရပ်တန့် သွားခဲ့၏။

သူမ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အသက်မဲ့ ခန္ဓာ လဲပြိုကျရာမှ ထွက်ပေါ်လာသည့် “ဘုန်း” ခနဲ အသံ တစ်ခုတည်းသာလျှင် လူတိုင်း၏ အာရုံများကို လွှမ်းမိုး သွားခဲ့လေ၏။

***

All Chapters