← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၇)

Vol. 121 Ch. 1683

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၇)

Vol. 121 Ch. 1683

ဒိတ်... ဒိတ်... ဒိတ်...

ဝေ့ဝူယင်၏ နှလုံးသားက ပြင်းထန်စွာ ခုန်နေကာ အော့အန်လိုစိတ်ကို ထိန်းထားရသည်။ ထိုအခိုက်၌ သူ၏ တည်မှုမှု မူဘောင်၊ သေမျိုးဝိညာဉ်ဖြင့် ဖွဲ့စည်းထားသည့် အရာအားလုံးမှာ ရစ်ချက်တာ စကေး အမြင့်ဆုံး ငလျင် တစ်ခု လှုပ်ခတ် နေသကဲ့သို့ ပြင်းထန်စွာ တုန်ယင် နေခဲ့သည်။ ကြယ်တာရာ ဝိညာဉ် လေးခုသာ ပူးပေါင်း လုပ်ဆောင်နေခြင်း မရှိပါက သူ ချွေးများ အလွန်အကျွံပင် ထွက်နေခဲ့ပေလိမ့်မည်။

ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်၏။ လက်ဖဝါးထက်၌ ချွေးစေး အနည်းငယ် ထွက်နေသည်ကို သူ ခံစားနိုင်ပေသည်။ ထိုအရာမှာ ကြောက်ရွံ့မှုကြောင့် မဟုတ်ပဲ ခွန်အားများကို သေမျိုး ဝိညာဉ်၏ ကန့်သတ်ချက်ကို ကျော်လွန်၍ အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။

ကောင်းကင် အလင်းတန်းများကို ထုတ်လွှတ် နေခဲ့သော အခိုက်၌ စန်းယွန်းလီ၏ ခွန်အားများမှာ အတုအယောင်သာ ဖြစ်သော်လည်း ကောင်းကင်ရှန့်ထို အဆင့်ကိုပင် ရောက်ရှိသွားခဲ့သည်။ ဝေ့ဝူယင်မှာ အစပိုင်းတွင် တုန့်ပြန်နိုင်ခြင်းပင် မရှိခဲ့ချေ။ သူ့ထံ ဦးတည်လာနေသည့် ဝိညာဉ်အာရုံထဲ၌ သတ်ဖြတ်လိုစိတ်များကိုသာ မခံစားခဲ့ရပါက စန်းယွန်းလီ၏ အမြင်အာရုံတွင် သူသည်လည်း အခြားလူများ ကဲ့သို့ပင် နှေးကွေး နေခဲ့ပေလိမ့်မည်။

သို့သော်လည်း... မိန်းကလေး၏ ပစ်မှတ်ထားမှုကို ခံခဲ့ရလေရာ ဝေ့ဝူယင်မှာ သေမျိုး အကန့်အသတ်ထက် အဆပေါင်းများစွာ ကျော်လွန်သည့် စွမ်းအားများကို အတင်းအကြပ် ဆင့်ခေါ် ခဲ့ရသည်။ ဥပဒေသ ခြောက်ခု အပေါ် သာမည အာဏာများ အပြင် ကြယ်တာရာ ဝိညာဉ် လေးခု စလုံးမှ စွမ်းအားများကိုသာ မက ဖီဆန်လေးထံမှလည်း စစ်ကူ ယူခဲ့ရသေးသည်။ ဖီဆန်လေးထံမှ သူ ရယူခဲ့ရသည့် ရာခိုင်နှုန်းမှာ ပင်လယ်ကြီးထဲမှ ရေတစ်ပေါက်စာမျှလောက်ပင် မရှိသော်လည်း အလွန် တိုတောင်းသည့် ကာလ အတွင်း ထိုမျှ များပြားလှသည့် စွမ်းအားများကို ကိုင်တွယ်ခဲ့ရခြင်းက ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေခဲ့သည်။

ကောင်းကင် အလင်းရောင်...

ကောင်းကင် ရှန့်ထို တစ်ယောက်၏ စွမ်းအား...

ကောင်းကင်ရှန့်ထိုများနှင့် ပတ်သက်၍ ဝေ့ဝူယင်ထံတွင် အခြေခံ ဗဟုသုတများစွာ ရှိသော်လည်း ကိုယ်တိုင် ကြုံတွေ့ ခံစားရခြင်းက များစွာ ကွဲပါးလှပေသည်။

“တကယ်လို့ သူသာ တိုက်ခိုက်ခဲ့ရင်း...”

ဝေ့ဝူယင် မန်နာနှင့် လေများကို ပြင်းထန်စွာ ရှူသွင်းရင်း တွေးတောလိုက်၏။ တစ်စက္ကန့်၏ လေးပုံတစ်ပုံမျှ အကြာတွင်ပင် သူ၏ ကျောရိုးများက ပြန်လည် ဆန့်တန်းလာကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့မှာ လုံးဝ ပြန်လည် ကောင်းမွန် သွားခဲ့သည်။ ချွေးစေးများက အငွေ့ပျံသွားကာ တစ်ခါမှ မရှိခဲ့ဖူးသလို ပျောက်ကွယ်သွားခဲ့၏။ ဘယ်လောက်ပဲ ပင်ပန်း နွမ်းနယ်စေခဲ့ကာမူ ဝေ့ဝူယင်မှာ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ၎င်းမှာ သမိုင်းတွင် တစ်ခါမှ မရှိခဲ့ဖူးသော ခန္ဓာကိုယ် ဖြစ်သည်။ ၎င်းက လုံးဝ ရိုးရှင်းခြင်း မရှိပါချေ။

“ငါ စတုတ္ထမြောက် ကပ်ဘေးကို ပိုပြီး စောစော ရင်ဆိုင်ခဲ့ရလိမ့်မယ်...”

ဝေ့ဝူယင် ခါးသီးစွာ ပြုံးလိုက်ရင်း လက်မောင်းရှိ အပြစ်သား တက်တူးကို ငုံ့ကြည့်လိုက်၏။

ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိယကပ်ဘေး အောင်မြင်ခြင်း... ၃/၃

စတုတ္ထကပ်ဘေး တားဆီးခြင်း... ၁၉ နှစ်

ကမ္မတန်ဖိုး... ၁၉၅,၇၅၄.၀...

စတုတ္ထကပ်ဘေး မလာခင် သူ့အတွက် ဆယ့်ကိုးနှစ် ကျန်ရှိနေသေးသည်။ စန်းယွန်းလီမှာ ကမ္မတန်ဖိုး များစွာ ကျန်ရှိနေသေးသည့် ကောင်းချီးခံ တစ်ယောက် ဖြစ်သည်။ သူမကို သတ်ဖြတ်ခြင်းဖြင့် ကပ်ဘေးများစွာက ဆင်းသက်လာကာ သူ့ အသက်ကို အဆုံးသတ်မသွားဟု မည်သူ အာမခံနိုင်မည်နည်း။ အလွန် အန္တရာယ်များလွန်းလှသည်။

သို့သော်လည်း... စန်းယွန်းလီမှာ သူ့အား သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို ထင်ရှားစွာ ပြသခဲ့သည်။ ကြည့်ရသည်က သူမ အပေါ် သူ သဘောထားနေသည့် ပုံစံများကို ပြောင်းလဲရတော့မည် ဖြစ်သည်။ တာဝန်များ ပေးအပ်ရန် အချိန်တန်လေပြီ။

...

အခြားတစ်ဖက်၌ နတ်မိမယ် သုံးဦးမှာ အခြေအနေကို လေ့လာနေကြ၏။ သူတို့ တစ်ဦးချင်းစီတွင် ခြားနားသည့် မျက်နှာ အမူအရာများ ရှိကြသော်လည်း တစ်ဦးတစ်ယောက်မှ ပျော်ရွှင်ခြင်း၊ သာယာခြင်း မရှိကြချေ။

ဝူပိုင်ကျိုး၏ မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်တို့ ရောနှောထားသည့် အေးစက်စက် အလင်းရောင်များကို သယ်ဆာင်ထား၏။ နာ့ရှင်းရီကတော့ အေးစက်မှုနှင့် လျစ်လျူမှုတို့ ရောနှောနေသည့် အမူအရာ တစ်ခုကို ဆင်မြန်းထားသည်။ တစ်ချိန်တည်း၌ ရွှယ်ရီဖေးကတော့ နတ်ဆိုးများကိုပင် စွဲဆောင်နိုင်သည့် အလင်းတန်းတစ်ခုကို မျက်လုံး သူငယ်အိမ်များ အတွင်းရှိ အနက်ရှိုင်းဆုံး တစ်နေရာတွင် မြှပ်နှံထားသည်။

စန်းယွန်းလီမှာ သူမ၏ ဝှက်ဖဲကို ထုတ်ဖော်ကာ အံ့ဩဖွယ် စွမ်းအားများကို ပြသခဲ့သော်လည်း သူတို့ သုံးဦးထဲမှ မည်သူ တစ်ဦး တစ်ယောက်မှ သူမ အကြောင်းကို မစဉ်းစားခဲ့ချေ။

ယောင်ဟုန်ရီ...

လေးသည်တော် ဟုန်ရီ...

“မူလ အာဏာရှင်တွေက စိတ်ပျက်ဖို့ အကောင်းဆုံးပဲ...”

ရွှယ်ရီဖေး စိတ်ပျက်လက်ပျက်ပင် ပြောလိုက်၏။ သူတို့ အားလုံးမှာ ဗာကီရီ အဖွဲ့ဝင်များ ဖြစ်ကြသော်လည်း မူလ အာဏာရှင်များမှာ ဗာကီရီ အဖွဲ့ဝင်များနှင့် ခြားနားသည်။ သူတို့ တစ်ဦးချင်းစီမှာ လုံးဝ သာမန် မဟုတ်သည့် သတ္တဝါများ ဖြစ်ကြသည်။ ဝေ့ဝူယင်က သူတို့ကို အစွန်းရောက်လောက်သော ရင်းမြစ်များကို အသုံးပြု၍ ပြုစု ပျိုးထောင် ထားခြင်း ဖြစ်သည်။

ရွှေဖုန်းပေါင်၊ ကျူးဟိုင်၊ ယောင်ဟုန်ရီ... နောက်ပြီး သူမ...

ထိုပုဂ္ဂိုလ်များ အကြောင်း စဉ်းစားရင်း ရွှယ်ရီဖေး တစ်ယောက် အကူအညီမဲ့မှုကို ခံစားလိုက်ရ၏။ ထို့အပြင်... ဝေ့ဝူယင် ပြောခဲသည့် အခြား မူလ အာဏာရှင် နှစ်ယောက်လည်း ရှိသေးသည်။ သူက သူတို့ နှစ်ယောက်ကို သူ၏ အရိပ်နှင့် အလုံးစုံ သိမြင်နိုင်သည့် မျက်လုံးတို့ ဟူ၍သာ ရည်ညွှန်းခဲ့သည်။

အကယ်၍ ဝေ့ဝူယင်နှင့် နီးကပ်စွာ ချိတ်ဆက်နေခြင်းကြောင့်သာ မဟုတ်ပါက ထိုတည်ရှိမှု နှစ်ခု အကြောင်း သူမ ဘယ်တော့မှ သိရှိလိမ့်မည် မဟုတ်ပါချေ။

“သူက ပြိုင်ဘက်ကင်းနေတာတော့ မဟုတ်ပါဘူး...”

ဝူပိုင်ကျိုးက ခိုင်မာစွာ ဆိုလိုက်၏။ အင်ပါယာ ကောင်းကင် အော်ရာက သူမ၏ သွေးများ အတွင်း ပြင်းထန်စွာ ဆူပွက်နေကာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

နာရှင်းယီကမူ တိတ်ဆိတ်နေဆဲပင်။

“ငါက စိတ်ပျက်ဖို့ ကောင်းတယ်လို့ပဲ ပြောတာလေ...”

ရွှယ်ရီဖေးက ဆိုလိုက်၏။ သူမ ပြောသည့် အဓိပ္ပာယ်က ဝူပိုင်ကျိုးကို ပြုံးစေခဲ့သည်။ သူတို့ နှစ်ယောက်စလုံးမှာ မတူ ကွဲပြားသည့် စိတ်နေသဘောထားများနှင့် နည်းလမ်းများကို ပိုင်ဆိုင်ထားသော်လည်း စိန်ခေါ်မှုများကို ရင်ဆိုင်ရသည့် အခါ ကောင်းကင်ဘုံ ပြိုကျလျှင်ပင် ဘယ်တော့မှ နောက်မဆုတ်မည့် လူစားများ ဖြစ်ကြသည်။

မိန်းကလေး သုံးယောက်နှင့် အတူ စုဝေးခဲ့သည့် အာဏာရှင်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ သူတို့မှာ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူကို တိုက်ခိုက်ဖို့ မဟာမိတ် ဖွဲ့ခဲ့ကြခြင်း ဖြစ်သည်။ ယခုတွင်တော့ ထိုမိန်းမ သေဆုံးသွားခဲ့ပြီ ဖြစ်လေရာ သူတို့ ကိုယ်တိုင် ပြန်လည် လှုပ်ရှားနိုင်ကြပြီ ဖြစ်သည်။ ထာဝရ သရဖူ အတွက် ဖြစ်စေ... အခြား အခွင့်အရေးများ အတွက် ဖြစ်စေ... လွတ်လပ်စွာ တိုက်ခိုက်နိုင်ကြပြီ ဖြစ်သည်။ သူတို့က စတင်ကာ လူစု ခွဲလိုက်ကြ၏

မိန်းကလေး သုံးဦးကလည်း သူတို့ကို မတားဆီးခဲ့ကြချေ။ သူတို့၏ မူလ အစီအစဉ်က စကျင်ကျောက် အသားအရေ ပိုင်ရှင် မကောင်းဆိုး စောင့်ကြပ်သူကို ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်ရန်၊ သူမ တိုက်ခိုက်နိုင်သည့် ဧရိယာများကို ကန့်သတ်ရန် အတွက်သာ ဖြစ်သည်။ ယခုအခါ သူတို့၏ အစီအစဉ်များမှာ ယောင်ဟုန်ရီ၏ မြှားကြောင့် မလိုအပ်တော့ချေ။

မိန်းကလေး သုံးဦး ကောင်းကင်ကို မော့ကြည့်လိုက်မိကြ၏။ အချိန်က ဆက်လက်၍ ကုန်ဆုံးနေကာ ထာဝရ သရဖူ ပြည့်စုံဖို့ အချိန်မှာလည်း နီးကပ်လာနေခဲ့သည်။

၂၆:၀၀...

၂၅:၅၅...

၂၃:၄၁...

၂၁:၀၁...

၂၁:၀၀...

နောက်ထပ် အလင်းရောင် တစ်ခုမှာ ကောင်းကင်တွင် မွေးဖွားလာခဲ့လေ၏။

…

ဖန်တီးခြင်း အလင်းရောင်မှာ အပြောကျယ်လှသည့် လောကနယ်မြေများ အနှံ့ ထွန်းလင်း လာခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ရွေးချယ်ခံများနှင့် အာဏာရှင်များ အတွက် အလွန် ခက်ခဲ ကြမ်းတမ်းလှသည့် စိန်ခေါ်မှု နောက်ထပ် တစ်ဆင့်ကို အမှတ်အသား ပြုလိုက်ချေပြီ ဖြစ်သည်။

မပြည့်စုံသည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်များကို ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထို နှစ်ပါး၏ သေဆုံးခြင်းက ပြိုင်ပွဲ၏ အထွတ်အထိပ် ရောက်မှုကို ပြေလျော့ စေခဲ့ကာ၊ လူအများအပြားအား အခြားသော မကောင်းဆိုးဝါး စောင့်ကြပ်သူများကို လိုက်လံ ရှာဖွေခွင့် ရရှိစေခဲ့သည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ ဆိုးညစ်ယုတ်မာသည့် နည်းဗျူဟာများကို အသုံးပြု၍ တိုက်ခိုက်ခဲ့ကြကာ အာဏာရှင်များအတွက် ပြဿနာများစွာ ဖြစ်စေခဲ့သော်လည်း ကျန်ရှိသော မိနစ်ပိုင်း အတွင်းတွင် သုတ်သင် ခံခဲ့ရသည်။ ထွက်ပြေးသွားသူများမှာလည်း ခြေရာခံခြင်း ခံခဲ့ကြရသည်။ သူတို့မှာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် အပါအဝင် အထူး နည်းလမ်းများကို ပိုင်ဆိုင်ထားခြင်း မရှိလေရာ လွတ်မြောက်ဖို့ မစွမ်းသာပါချေ။

သေမျိုး အဆင့် ကျင့်ကြံသူများက လျှို့ဝှက် ဝိညာဉ် အဆင့်၊ သေမျိုးတစ်ပိုင်း အရှင် အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူများကို တစ်ခါတစ်ရံ အုပ်စုလိုက်၊ တစ်ခါတစ်ရံ တစ်ယောက်တည်း လိုက်လံ ရှာဖွေနေသည့် မြင်ကွင်းက အလွှာအပြင်က ရွေးချယ်ခံများကို ထူးခြားစွာ တုန်လှုပ်စေသည်။

တန်ဘူမာ တစ်ယောက်ကတော့ သူ့ကိုယ်သူ ပရိသတ် တစ်ယောက် အဖြစ် အချိန် ကြာမြင့်စွာ ကတည်းက ပြောင်းလဲ ခံယူခဲ့ပြီး ဖြစ်သည်။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင် မကောင်းဆိုးဝါး စောင့်ကြပ်သူ နှစ်ယောက် သတ်ဖြတ်ခံလိုက်ရသည်ကို တွေ့မြင်လိုက်ရကတည်းက သူ အသက်စွန့် တိုက်ခိုက်ရန် ဆန္ဒ မရှိတော့ခြင်း ဖြစ်သည်။

တန်ဘူမာမှာ သူ၏ အဖွဲ့နှင့် အတူ တောင်ကုန်းတစ်ခု ပေါ်တွင် စိတ်ပျက် အားငယ်စွာ ထိုင်နေခဲ့၏။ မြေကြီးရှန့်ထို တစ်ဦး အနေဖြင့် တန်ဘူမာမှာ အလွှာ အပြင်က ရွေးချယ်ခံများထဲတွင် အားအကောင်းဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။ ထိုမြင်ကွင်းက စိတ်ဓာတ်ကျစရာ ကောင်းလွန်းလှသည်။

“ထာဝရ သရဖူကို ရရင် ငါတို့ရဲ့ ဆန္ဒတွေ ပြည့်ဝလိမ့်မယ်လို့ ပြောတယ်... အဂ္ဂိရတ် သူရဲကောင်းတွေ ဖြစ်လာဖို့တောင် ငါတို့ တောင်းဆိုလို့ ရမှာ...”

တူလာရီက အခြား တိုက်တန်များကို ကြည့်ရင်း သူတို့ကို နှစ်သိမ့်အားပေးရန်နှင့် ထိုအခွင့်အရေး အတွက် တိုက်ခိုက်ဖို့ လှုံ့ဆော်ရန် ကြိုးပမ်းလိုက်သည်။

သို့သော်လည်း တန်ဘူမာက ခေါင်းခါလိုက်၏။

“အဲဒါက အသုံးမဝင်ပါဘူး...”

မြှားတစ်စင်းက စကျင်ကျောက် အသားအရေ ပိုင်ရှင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အသက်အား နှုတ်ယူသွားခဲ့သည့် မြင်ကွင်းမှာ သူ့ဝိညာဉ်အတွင်း ထွင်းထု ဝင်ရောက်နေပေသည်။ ထာဝရ သရဖူ အတွက် တိုက်ခိုက်ရင်း ထိုကဲ့သို့ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရပါက သူ ငရဲကို ရောက်သည် အထိ နောင်တရ နေရပေလိမ့်မည်။

အခြားလူများ၏ မျက်ဝန်းများမှာ စိတ်အား ထက်သန်မှုဖြင့် ခဏတာမျှ လင်းလက် သွားခဲ့သော်လည်း တန်ဘူမာ၏ စိတ်ပျက်ဖွယ် လေသံကို နားထောင်ပြီးနောက် ပြန်လည် စိတ်ဓာတ်ကျသွားကြ၏။ ခေါင်းဆောင် မပါပဲ သူတို့ ဘာလုပ်နိုင်မည်နည်း။ ထိုသေမျိုးများမှာ ပုံမှန် မဟုတ်လောက်အောင်ပင် အားကောင်းလွန်းလှသည်။

***

All Chapters