ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၀)
Vol. 121 Ch. 1686
ဟူး... ဟူး...
ထာဝရ သရဖူ အခမ်းအနား ကျင်းပရာ လောကနယ်မြေ၏ ကောင်းကင်ယံ၌ များလှစွာသော နေကြယ်များမှာ အဆုံးစွန်ထိ တောက်ပနေကြပြီ ဖြစ်သည်။ ၎င်းတို့ထံမှ နေရောင်ခြည် အလင်းတန်းများမှာ ရေတံခွန် တစ်ခုအလား ဖြာကျလာကာ ရွှေရောင် အလင်းတန်းများ လွှမ်းခြုံထားသည့် အလင်းကမ္ဘာကို ပြင်းထန်စွာ ရိုက်ခတ်ရင်း အရောင်အသွေးစုံ နေခြည်တို့ကို ပက်ဖျန်းလိုက်ကြ၏။
ဘုန်း... ဘုန်း.... ဘုန်း...
ထာဝရ သရဖူ အခမ်းအနား၏ အပြောကျယ်လှသည့် နယ်မြေများ တစ်လျှောက် ရှုပ်ထွေးသည့် ပေါက်ကွဲမှုများစွာ ဖြစ်ပေါ်လာကာ ရောင်စုံ နေရောင်ခြည်များမှာ အလင်းရွှေ လျှို့ဝှက် စွမ်းအင်၏ အစိတ်အပိုင်းများစွာကို ဖျက်ဆီးလေတော့သည်။
အလင်းရွှေ လျှို့ဝှက် စွမ်းအင်ဖြင့် ဖုံးအုပ်ခံထားရသူများမှာ ထိုတောက်ပသည့် နေရောင်ခြည်များကြောင့် လွတ်မြောက် သွားခဲ့ကြ၏။
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အနည်းငယ် ယိုင်ထိုးသွားကာ လေးလံသော ခြေလှမ်များဖြင့် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။ သူ၏ ရွှေရောင် မျက်လုံးများက ပြူးကျယ်လာကာ ယိုစိမ့် ကျလာသည့် မျက်ရည်များကို လက်ဖြင့် ခပ်မြန်မြန် သုတ်ပစ်လိုက်၏။ ဖမ်းဆီးထားသည့် သားကောင်များ လွတ်မြောက်သွားမှုကြောင့် သူ၏ မျက်နှာ အမူအရာမှာ အစွန်းရောက်သည် အထိ ဆိုးယုတ်လာခဲ့သည်။
ကြောက်မက်ဖွယ် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့်တိုင် ကောင်းကင်၌ ပြန့်ကျဲနေသည့် နေကြယ်များကို မော့ကြည့်ရင်း သူ၏ နှလုံးခုန်နှုန်းက အဆမတန် မြန်လာခဲ့၏။
ဘုန်း...
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ ဒေါသတကြီး အော်ဟစ် ကျိန်ဆဲရန် ဟန်ပြင်လိုက်စဉ်မှာပင် ကောင်းကင်ရှိ မီးအလင်းတန်းများစွာမှာ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် အတူ သူ၏ ရွှေရောင် ခန္ဓာကိုယ်ကို ရိုက်ခတ်လာခဲ့လေ၏။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ နေရောင်ခြည် အလင်းတန်းများ၏ လွှမ်းခြုံမှု အောက်တွင် ပျောက်ကွယ် သွားခဲ့လေသည်။
အလင်းရွှေ လောက ရည်ရွယ်ချက်မှာလည်း လျော့ပါး သွားခဲ့၏။
တကယ်အားဖြင့် ထိုဖြစ်ရပ် အားလုံးမှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦး၏ မျက်တောင် တစ်ခပ်စာ အချိန်အတွင်းမှာပင် အလွန် လျှင်မြန်စွာ ဖြစ်ပွား သွားခဲ့ခြင်း ဖြစ်သည်။ အာဏာရှင်များမှာ အသေးငယ်ဆုံးသော အခွင့်အရေးလေးကိုပင် သူတို့၏ အရိုးများထဲတွင် ထွင်းထုထား သကဲ့သို့၊ သွေးများ အတွင်း၌ တံဆိပ်ရိုက်နှိပ်ထား သကဲ့သို့ ပြီးပြည့်စုံသည့် ပူးပေါင်း ဆောင်ရွက်မှုနှင့် အတူ ဖမ်းဆုပ် ခဲ့ကြသည်။
သို့သော်လည်း ကံဆိုးစွာပင်...
သူတို့မှာ သာမန် ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင် နေရခြင်း မဟုတ်ချေ။
ဘုန်း...
လောကကို လှုပ်ခတ်ကာ ကောင်းကင်ကိုပင် တုန်ရီစေနိုင်သည့် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းက အဆက်မပြတ် ကျဆင်းလာနေသည့် အလင်းတန်းများကို လွင့်စဉ် သွားစေခဲ့ကာ အထက်ကောင်းကင်ရှိ နေကြယ်များ အားလုံးကို ပုံပျက် သွားစေခဲ့သည်။ အလင်းရွှေ စွမ်းအားမှာ မနှိုင်းယှဉ်သာသော အင်အားဖြင့် ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း...
လောက၏ နေရာတိုင်း၌ ရွှေရောင် အလင်းတန်းများ မွေးဖွား လာခဲ့ကာ ၎င်းတို့ တစ်ခုချင်းစီမှာ နေကြယ်များကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ် လာခဲ့၏။ ၎င်းတို့က လောကချည်နှောင် နေကြယ်များ အားလုံးကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။
အာဏာရှင်များမှာ အမိန့်ပေးစရာ မလိုပဲ ဤနည်းဗျူဟာကို ကိုင်တွယ်ရာတွင် အတွေ့အကြုံ ရှိပုံ ရသည်။ သူတို့က တမုဟုတ်ချင်းပင် နေကြယ်များကို စိတ်မျက်လုံးများ အတွင်း ပြန်လည် ခေါ်ယူလိုက်ကြလေရာ ထိုကောင်းကင်ခန္ဓာများ၏ တောက်ပမှုနှင့် ပုံပန်း သဏ္ဌာန် နှစ်မျိုးစလုံးမှာ ချက်ချင်း မှေးမှိန်လာကြ၏။
“ -ီး ပဲ...”
ဒေါသတရား၊ မုန်းတီးမှု၊ ပူးလောင်မှုတို့နှင့် ပေါက်ကွဲနေသည့် ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အသံနောက်တွင် ရွှေအလင်း လောကရည်ရွယ်ချက်လှိုင်း တစ်ခုပါ လိုက်ပါလာခဲ့၏။
အကျိုးဆက် အနေဖြင့် အာဏာရှင်များ၏ လောကချည်နှောင် နေကြယ် ပြန်လည် ဆင့်ခေါ်ခြင်း လုပ်ငန်းစဉ်မှာ နှောက်ယှက်ခံခဲ့ရကာ အထက်ကောင်းကင်ရှိ နေကြယ် အစိတ်အပိုင်းများမှာ ပရမ်းပတာ နေရောင်ခြည် မီးတောက်များနှင့် လောင်ကြွမ်း လာခဲ့သည်။ နောက်ဆက်တွဲ အနေဖြင့် မီးတောက် တစ်ခုချင်းစီမှာ အရွယ်အစား သိသိသာသာ လျော့ကျသွားခြင်းကို ဖြစ်စေခဲ့၏။ တိုက်တန် အရွယ် နေကြယ် အနည်းငယ်မှာ နေကြယ်ပု အရွယ်အစားကို ရောက်သည် အထိ ပြန်လည် ဆုတ်ယုတ်သွားခဲ့ကြသည်။
ပုံမှန်အားဖြင့် နေကြယ်အထက်၌ လောင်ကြွမ်းနေသည့် မီးတောက်များမှာ လောကချည်နှောင် နေကြယ်များ၏ မွေးရာပါ ကာကွယ်ရေး နည်းလမ်းများ ဖြစ်ကြကာ မည်သည့် တိုက်ခိုက်မှုများကို မဆို ရှောင်လွှဲရန် ရည်ရွယ်ထားသော်လည်း ၎င်းတို့မှာ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ စွမ်းအားကို ယှဉ်နိုင်စွမ်း မရှိပါချေ။
ဘုန်း...
“အား...”
အလင်းရွှေ လောက နှလုံးသား ရည်ရွယ်ချက်၏ ကျူးကျော်ဝင်ရောက်ခြင်း ခံလိုက်ရသည့် အာဏာရှင် တစ်ဦးမှာ ပြင်းထန်သည့် ဝေဒနာဖြင့် အော်ဟစ်လိုက်ရကာ သူ၏ လောကချည်နှောင် နေကြယ်မှာလည်း မိမိ၏ ကိုယ်ပိုင် ဆန္ဒကို ဆန့်ကျင်၍ အတင်းအကြပ် ပေါက်ကွဲ သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ပုံပျက်၍ တွန့်လိမ်သွားကာ သွေးမြူခိုး အဖြစ် တိုက်ရိုက် ပေါက်ကွဲ သွားခဲ့၏။ သူ သေဆုံး သွားခဲ့ပြီ ဖြစ်သည်။
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ရွှေရောင် နတ်ဘုရား တစ်ပါး အလား ပြန်လည်၍ နိုးထလာကာ သူ၏ အလင်းရွှေ လောက ရည်ရွယ်ချက်မှာ ပြင်းထန်သည့် ခွန်အားနှင့် အတူ အသက်တစ်ချက် ရှူလိုက်တိုင်း လောကကို လွှမ်းမိုး ချုပ်ကိုင်ထား၏။
ဝှစ်...
ရုတ်တရက် အဖြူရောင် ဓားတစ်စင်းမှာ ရွှေရောင် အလင်းကို ဖြတ်တောက်သွားကာ ယင်းအလင်း၏ အငွေ့အသက်များကို နောက်ကွယ်တွင် ချန်ထားရစ်ခဲ့၏။ ၎င်းက ရွှေရောင် အသွေးဖြင့် စွန်းထင်းနေသည့် ကမ္ဘာတွင် ထင်ရှားစွာ ပေါ်လွင်နေပေသည်။ ထိုဓားမှာ တစ်ချိန်က မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကု ထိတ်လန့်စွာ ထွက်ပြေး စေခဲ့သော်လည်း... ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အကြည့်ကိုတော့ ခဏတာမျှသာ ဆွဲဆောင်နိုင်ခဲ့သည်။
ဓားနှင့် အတူ ပါလာသည့် ဝိညာဉ် အစီအရင်မှာ သူ၏ အသိစိတ် ပင်လယ် အတွင်းကို ကျူးကျော် ဝင်ရောက်ကာ အရှိန်အဟုန်ကို အနှောက်အယှက်ပေးနိုင်သည့် အခွင့်အရေး တစ်ခု ဖန်တီးဖို့ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် ဓားအတွင်း ပါဝင်နေသည့် ဝိညာဉ်အင်အားမှာ အလင်းရွှေ လောက ရည်ရွယ်ချက်ဟု ခေါ်ဆိုသည့် ရွှေရောင် ခံတပ်နှင့် ပြင်းထန်စွာ တိုက်မိကာ ပထမဆုံး အကာအကွယ် အလွှာကိုပင် ကျော်လွှား နိုင်ခဲ့ခြင်း မရှိပါချေ။
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ရိုးရှင်းစွာသာ လှုပ်ရှားကာ ဓားကို ဆုပ်ကိုင်ဖို့ ပြင်လိုက်၏။ ဓားမှာ ပြင်းထန်သည့် ဟိန်းဟောက်သံနှင့် အတူ တုန်ခါသွားသော်လည်း မလွတ်မြောက်နိုင်သည့် သူ၏ ဆုပ်ကိုင်မှု အတွင်း ရှိနေချေသည်။ ရွှေရောင် လက်ချောင်းများ ပိုမို တင်းကြပ်သွားသော အခိုက်၌ ဓားမှာ နာကျင်စွာ အော်ဟစ်ကာ ပြင်းထန်စွာ ပုံပျက်သွားခဲ့သည်။
“အိုး...”
ဓားမှာ မာကျောပုံ ပေါ်သော်လည်း ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ ရိုက်ချိုးဖို့ ကြိုးစားလိုက်သော အခိုက်၌ အလွန်တရာ ပျော့ပြောင်းလှသည့် ဓားပျော့ တစ်ချောင်း အလား ခံစားရ၏။ ထင်မှတ်မထားသည့် ထိုအပြောင်းအလဲကြောင့် ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ဓားကို တစ်ချက်တည်း ဖျက်ဆီးဖို့ မစွမ်းဆောင်နိုင်ခဲ့ပါချေ။
သို့သော်လည်း... တစ်ခါတည်း မရလျှင် သူ နှစ်ခါ ကြိုးစားမည် ဖြစ်သည်။
ဝှစ်...
ထိုအခိုက်တွင်ပင် လခြမ်း သဏ္ဌာန် အသွားပါ လှံတံ တစ်ခုမှာ ကောင်းကင်ကို ဖြတ်သန်း၍ ရောက်ရှိလာကာ ရွှေရောင် ကမ္ဘာကိုပါ ဖြတ်တောက်သွားခဲ့သည်။ ၎င်း၏ အရှိန်က စိတ်ကူး မယဉ်နိုင်လောက်အောင် မြန်၏။
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ လှုပ်ရှားခြင်း မရှိပါချေ။ ထို့အစား... အလင်းရွှေ လောက ရည်ရွယ်ချက်ဖြင့် ဖုံးအုပ်ထားသည့် ကမ္ဘာကသာ အလုပ်လုပ် လာခဲ့၏။ စကျင်ကျောက် အရွယ် လက်ထောင်ပေါင်းများစွာမှာ ကောင်းကင်၌ အဆင့်ဆင့် ဖြစ်ပေါ်လာကာ လှံတံ၏ နေရာတိုင်းကို ဆုပ်ကိုင်လိုက်သည်။ တစ်ခါ ဖျက်ဆီးခံလိုက်ရသော အခိုက်၌ နောက်ထပ် နှစ်ခု ထပ်မံ၍ ပေါ်လာသည်။ လှံမှာ မရေမတွက်နိုင်သည့် လက်များ၏ ဖမ်းဆုပ်မှုကို ခံလိုက်ရကာ နောက်ဆုံး၌ ၎င်းတို့ အားလုံးမှာ ရွှေရောင် အလုံးတစ်ခု အဖြစ် ပေါင်းစည်း သွားခဲ့ကြ၏။ လှံမှာ လုံးဝ ပိတ်မိသွားခဲ့ပြီ ဖြစ်သည်။
“ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ လှံလဲ...”
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ချီးကျူးလိုက်မိ၏။ သို့သော်လည်း... ၎င်း၏ ထူးခြားသော အရှိန်အဝါကို ချေဖျက်ရန်နှင့် ချိပ်ပိတ်ရန် နည်းလမ်း တစ်ခုကို သူ အလွယ်တကူပင် စဉ်းစားနိုင်ခဲ့ပေသည်။
လှံတံအား တိုက်ရိုက် ပိတ်ဆို့ရန် လျှို့ဝှက် အကာအကွယ်နှင့် အခြား ခြေချခြင်း ကျင့်စဉ် တစ်ခုခုကို သူ မရွေးချယ်ခဲ့ချေ။ ၎င်းမှ ထုတ်လွှတ်နေသည့် ထူးဆန်းသော အရှိန်အဝါမှာ အခြား အင်အားကို ဖိနှိပ်နိုင်စွမ်း ရှိသည်။ ၎င်းအား ကိုင်တွယ်ရန် အတွက် ပတ်ဝန်းကျင် လောက၏ စွမ်းအားများကို ပြောင်းလဲ အသုံးပြုသည်က အကောင်းဆုံး ဖြစ်ပေသည်။
ဝူပိုင်ကျိုး သွေးတစ်လုတ် အန်လိုက်ရ၏။ ဒုတိယမြောက် မဟာအသွင်ပြောင်းခြင်းကိုသာ ထုတ်ဖော်ထားခြင်း ဖြစ်သော်လည်း အဆက်မပြတ် အလွန်အကျွံ အသုံးပြုမျုကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သည့် တန်ပြန် သက်ရောက်မှုများကို ခံစားခဲ့ရသည်။
ဝူပိုင်ကျိုး တစ်ယောက် သိသိသာသာပင် တုန်လှုပ် နေခဲ့ပြီ ဖြစ်သည်။ ဤသည်က လောကရှန့်ထို တစ်ယောက်၏ စွမ်းအားလော။ ကျင့်ကြံခြင်း အခြေခံအားဖြင့် မြေကြီး ရှန့်ထို အဆင့်မှာတွင်သာ ရှိနေသေးသော်လည်း၊ လောက သင်္ကေတနှင့် လောက နှလုံးသား ရည်ရွယ်ချက် ဟူသော ခြားနားမှုကလေး တစ်ခုကပင် မြေကြီးအစား ကောင်းကင်နှင့် ရင်ဆိုင် နေရ သကဲ့သို့ ခံစားရသည်။
မိန်းကလေးမှာ ပတ်ဝန်းကျင်ကို အဆက်မပြတ် ဖုံးအုပ်ရန် ကြိုးပမ်းနေည့် ရွှေအလင်း စွမ်းအင်များကို ကာကွယ်ရန် အတွက် လောကချည်နှောင် ကြယ်တာရာ နယ်မြေထံမှ နေအလင်းများကို ဆက်တိုက် သွန်းလောင်း နေခဲ့ရ၏။ သို့သော်လည်း အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်မှာ နောက်သို့ မဆုတ်သေးချေ။ သူမ၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်များနှင့် တောက်ပနေဆဲ ဖြစ်သည်။ ထို့အပြင်... တတိယမြောက် အသွင်ပြောင်းလဲခြင်းကို နောက်တစ်ကြိမ် ဝင်ရောက်နိုင်ပါမည်လား သူမ သိချင် နေမိသည်။
***