← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၂)

Vol. 121 Ch. 1688

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၂)

Vol. 121 Ch. 1688

ဘုန်း...

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ လက်ဝါးကို မြှောက်ကာ ရိုက်ချလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဆိုသလိုပင် လောက တစ်ခုလုံးမှာ မှောင်မိုက် သွားခဲ့၏။ ဧရာမ ရွှေရောင် လက်ကြီး တစ်ခုမှာ ကောင်းကင်ကို အုပ်မိုးကာ လောက တစ်ခုလုံးအား ဖုံးအုပ်လိုက်လေသည်။ အပေါ်သို့ မော့ကြည့်လျှင် သူ၏လက်ဖဝါးထက်ရှိ ကြမ်းတမ်းသော လက္ခဏာ မျဉ်းကြောင်းများကိုပင် မြင်နိုင်လိမ့်မည် ဖြစ်သည်။

အာဏာရှင် ဒါဇင်ပေါင်းများစွာမှာ ယိုင်ထိုး သွားကြ၏။ သူတို့မှာ လောကချည်နှောင် နေကြယ်များနှင့် ဆက်သွယ်နိုင်ခြင်း မရှိတော့ချေ။ ယုတ်စွအဆုံး ၎င်းတို့ကို ပြန်လည် ခေါ်ယူနိုင်စွမ်းပင် မရှိတော့ချေ။

ကောင်းကင်နှင့် မြေကြီးတို့ကိုပင် ဖြိုဖျက်နိုင်ပုံ ရသည့် နာ့ရှင်းရီ၏ တုန်ခါနေသာ ယင်အလင်းများမှာ သိသိသာသာပင် မှိန်ဖျော့ အားနည်း လာခဲ့၏။ သူမ၏ မျက်ဝန်းများက အနည်းငယ် ပြူးကျယ်လာကာ ခေါင်းကို မော့ရင်း ကောင်းကင်ကို ကြည့်လိုက်သည်။ သူမ ပိုင်ဆိုင်ထားသည့် နည်းလမ်းများမှာ ထူးခြား ဆန်းပြားသော်လည်း တိုက်ခိုက်မှု တစ်ခုအား စတင်ရန် စွမ်းအားကို မစုဆောင်းနိုင်ပါက အရေး မကြီးတော့ချေ။ သူမ၏ အဓိက စွမ်းအင် ရင်းမြစ်များမှာ ကောင်းကင်ရှိ လောကချည်နှောင် နေကြယ်ထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

မိန်းကလေး အံကို တင်းတင်းကြိတ်ကာ အစွန်းရောက်ယင် ကြယ်တာရာ အမြုတေထံမှ စွမ်းအင်များကို ထုတ်ယူလိုက်၏။ မိန်းကလေး၏ ကြယ်တာရာ အမြုတေမှာ စွမ်းအင် သိုလှောင်မှု အရာတွင် မချို့တဲ့သော်လည်း သေမျိုး လောက ရည်ရွယ်ချက်ကို ဖြည့်တင်းရန် အတွက် လိုအပ်သည့် စွမ်းအင် ပမာဏမှာ အလွန် ကြီးမားလွန်းလှသည်။

“တိုက်ခိုက်မှု နှစ်ခုပဲ ရလိမ့်မယ်...”

မိန်းကလေးက သူမ၏ အကန့်အသတ်ကို စိတ်ထဲမှ တွက်ချက် လိုက်၏။ လွန်ကဲခြင်းယင် လောက သင်္ကေတ မျိုးစေ့နှင့် ယင်နှလုံးသား ရည်ရွယ်ချက်တို့ကို ပေါင်းစပ် ဖွဲ့စည်းထားသည့် သေမျိုး နှလုံးသား ရည်ရွယ်ချက်ကို ကျောထောက်နောက်ခံ ပြု၍ တိုက်ခိုက်မည် ဆိုလျှင် သူမ နှစ်ချက်သာ တိုက်ခိုက်နိုင်ပေလိမ့်မည်။

မိန်းကလေး၏ မျက်ဝန်းများနှင့် လက်ချောင်းများထိပ်တွင် အလွန် သေးငယ်လှသည့် အက်ကြောင်းလေးများ စတင် ပေါ်ပေါက် လာခဲ့၏။ သွေးစက်များက ထိုအတွင်းမှ ယိုစိမ့် ထွက်လာခဲ့သည်။

နာ့ရှင်းရီ ပိုင်ဆိုင်ထားသည့် ယင်ဆုံမှတ် ကိုးခု ခန္ဓာကိုယ်မှာ ထူးခြားကာ သေမျိုး အကန့်အသတ်များကို ကျော်လွန် နေသော်လည်း လက်ရှိ သူမ အသုံးပြုနေသည့် စွမ်းအင်များမှာ ထိုကန့်သတ်ချက်၏ အဆပေါင်းများစွာ အလွန်တွင် ရှိသည်။ လက်ရှိ၌ သူမမှာ ဝူပိုင်ကျိုးနှင့် ခြားနားခြင်း မရှိပဲ မိမိ၏ ကိုယ်ပိုင် ကန့်သတ်ချက်ထက် ကျော်လွန်သည့် စွမ်းအားများကို ထုတ်လွှတ်နေခြင်း ဖြစ်လေရာ တန်ပြန် သက်ရောက်မှု ဒဏ်ကို ခံစားနေရသည်။

တစ်ချိန်တည်း၌... ရွှေရောင် သမုဒ္ဒရာမှာ အာဏာရှင်များကို ပိတ်ဆို့ရင်း ဝါးမြိုရန် စဉ်ဆက်မပြတ် ကြိုးစားနေ၏။ ရွှယ်ရီဖေး ဖြစ်စေ၊ ဝူပိုင်ကျိုး ဖြစ်စေ၊ ပေ့ဝေဝေနှင့် ပိုကေတို့ ဖြစ်စေ... သူတို့ အားလုံးမှာ ကိုယ်ပိုင် ကြယ်တာရာ စွမ်းအင်များကို သုံးကာ တိုးဝင်လာသည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် အတင်းအကြပ် လုပ်ဆောင် နေရသည်။ ထိုအခိုက်၌ သူတို့ ခံစားနေရသည့် စွမ်းအင် ဆုံးရှုံးမှုများက ပြင်းထန်လွန်းလှသည်။

ထိုအရာအားလုံးကို ကြုံတွေ့စေရန် အတွက် ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကတော့ လက်တစ်ချောင်းကိုပင် မြှောက်စရာ မလိုခဲ့ချေ။ အလင်းရွှေ လောက ရည်ရွယ်ချက်နှင့် အတူ ပတ်ဝန်းကျင်ရှိ လောက အင်အားများကိုသာ သက်စေရန် လိုအပ်ခဲ့ပေသည်။

“ငါက မင်းအပိုင် ဟုတ်လား...”

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက လှောင်ပြောင်ဟန်ဖြင့် ပြုံးရင်း မေးလိုက်၏။ ထိုကြေညာချက်က ရဲရင့်သော်လည်း သေမျိုးတစ်ယောက်က ပြောသင့်သည့် စကားလုံးများ မဟုတ်ပါချေ။

“ဒါဆို လာခဲ့လေ...”

နာ့ရှင်းရီ၏ အမူအရာကတော့ ဖော်ပြ၍ မရနိုင်သည့် အတိုင်းအတာ တစ်ခု အထိ တည်ငြိမ် နေခဲ့သည်။ သူမ၏ မျက်ဝန်း သူငယ်အိမ်များ အတွင်းတွင်တော့ တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ကောင်းကင်နှင့် မြေကြီးကို ပိုင်းဖြတ်နိုင်သည့် မယိမ်းယိုင်သော သတ်ဖြတ်လိုစိတ်များမှာ နေရာယူ နေခဲ့၏။

ထိုအခိုက်၌ လောက တစ်ခုလုံး၏ မျက်ဝန်းများက နာ့ရှင်းရီ အပေါ် စူးစိုက် ကျရောက် နေကြသည်။ ပြိုင်ပွဲ ကြီးကြပ်သူများ ဖြစ်စေ၊ ဝေ့ဝူယင် ဖြစ်စေ၊ အာဏာရှင်များနှင့် အလွှာ အပြင်က ရွေးချယ်ခံများ ဖြစ်စေ... သူမကို မလွဲချော် ခဲ့ကြချေ။

“ပထမ တစ်ချက်...”

နာ့ရှင်းရီက ကြေညာလိုက်ရင်း ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်၏။ ထိုခြေတစ်လှမ်းဖြင့်ပင် ရွှေရောင် ပင်လယ်ပြင်မှာ ပြင်းထန်စွာ လှိုင်းထသွားခဲ့သည်။

ထျန်းရီဝူမှာ ကြည်လင်သည့် အလင်းလွှာ တစ်ခု၏ ဝန်းရံမှု အလယ်တွင် ရှိနေခဲ့၏။ ထိုအလင်းလွှာမှာ ရွှေရောင်စွမ်းအင် အလင်းမှုန် တစ်ခုတစ်လေမျှပင် မဝင်ရောက်နိုင်အောင် ပေါ့ပေါ့ပါးပါး တားဆီးထားသည်။ ထျန်းရီဝူ ကောင်းကင်ကို မော့ကြည့်ရင်း ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် နာ့ရှင်းရီတို့ကြားမှ တိုက်ပွဲကို ငေးမော နေခဲ့၏။

ထိုရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူ့ ဖခမည်းတော် နတ်ဘုရား အင်ပါယာထက်ပင် သာလွန်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း ရှင်းလင်းပေသည်။ နာ့ရှင်းရီမှာ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို တကယ် တိုက်ခိုက်နိုင်ပါမည်လား။

သူ၏ နှလုံးသားက ခပ်မြန်မြန်ခုန်နေကာ ဓားလက်ကိုင်ကို ထိလိုက်၏။ သူ ဝင်ရောက် စွက်ဖက်သင့်သလော။ သူတို့ နှစ်ယောက်သာ ပူးပေါင်း တိုက်ခိုက်မည် ဆိုလျှင် ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို သတ်ဖြတ်နိုင်ချေ ၉၃ ရာခိုင်နှုန်း အထိ ရှိသည်။ အနိုင်ယူနိုင်ချေကတော့ ၁၀၀ ရာခိုင်နှုန်း ဖြစ်သ်ည။

သို့သော်လည်း သူ မျက်မှောင်ကြုတ်လိုက်သည်။ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ တစ်ခုခု လွဲချော်နေသကဲ့သို့ သူ ခံစားရသည်။ ထိုသတ္တဝါမှာ အခြားတစ်ခုခုကို လုပ်တော့မည့်ပုံ ရသည်။

ဝေ့ဝူယင်မှာလည်း စောင့်ကြည့်နေခဲ့ကာ ပေါ့ပေါ့ပါးပါး သက်ပြင်းတစ်ချက် ချလိုက်၏။ အစကတည်းပင် ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူ၏ ခွန်အားကို စုစည်း နေခဲ့ခြင်း ဖြစ်ကာ ပတ်ဝန်းကျင်ရှိ စွမ်းအား အကုန်လုံးကို သူ၏ အစစ်အမှန် ကန့်သတ်ချက်များသို့ ရောက်သည် အထိ ပြောင်းလဲ နေခဲ့ခြင်း ဖြစ်သည်။

သူက အဓိက ပစ်မှတ်ကလား...။ ဝေ့ဝူယင်မှာ သူ့ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာနေခဲ့သည့် သတ်ဖြတ်လိုစိတ် အော်ရာကို မရေမရာ ခံစားနေမိခဲ့သည်။ ရယ်မောလိုစိတ်ကို သူ စိတ်ထဲတွင် ထိန်းထားရ၏။ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ဆုံးဖြတ်ချက်မှာ သူ ကိုယ်တိုင်၏ အဆုံးသတ်ကို ယူဆောင်လာတော့မည် ဖြစ်ကြောင်း သူ သဘောပေါက်ပေသည်။ နာ့ရှင်းရီမှာ သင်ပိုင်ဆိုင်ထားသည့် ခွန်အား တစ်စိတ်တစ်ကိုင်းမျှဖြင့် သတ်ဖြတ်နိုင်သည့် ရိုးရှင်းသော သေမျိုး တစ်ယောက် မဟုတ်ချေ။

“သေစမ်း...”

နာ့ရှင်းရီက အေးစက်စွာ အော်ဟစ်ရင်း ဓားကို လွှဲယမ်းကာ ရှေ့သို့ ထိုးတက် သွားခဲ့၏။

“သေစမ်း...”

တစ်ချိန်တည်းတွင်ပင် ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကလည်း အော်ဟစ်လိုက်၏။ ရွှေရောင် ပင်လယ်နှင့် အတူ သူ၏ အလင်းရွှေ လျှို့ဝှက် စွမ်းအင်များက မျက်စိစူးလောက်အောင် တောက်ပသည့် အလင်းတန်းများ အဖြစ် ပေါက်ကွဲထွက်လာကာ အာကာသ အလွှာ သုံးခုစလုံးကို စိတ်ကူးမယဉ်နိုင်သည့် အရှိန်ဖြင့် ထိုးဖောက်၍ ဝေ့ဝူယင်ကို ထိုးစိုက် လိုက်လေ၏။ သူ၏ လှုပ်ရှားမှုက အလင်း၏ အမြန်နှုန်းထက်ပင် အဆပေါင်းများစွာ ကျော်လွန် နေခဲ့လေသည်။

“ဘာလဲ...”

စောင့်ကြည့်နေသည့် အခြားသူများသည် အံ့အားသင့်သွားကြ၏။ သူက မည်သူ့ကို တိုက်ခိုက်နေသနည်း။ အလင်းတန်းက လောကတစ်ခုလုံးအား ပိတ်စတစ်ခုအလား ဆွဲဖြဲသွားသည်ကို ကြည့်ရင်း သူတို့ မူးမေ့မတတ် ဖြစ်သွားကြ၏။

“ဟ... ဟ...”

ဝေ့ဝူယင်မှာ ဟင်းလင်းပြင် နဂါးအင်အားနှင့် အတူ ကိုယ်ပိုင် တည်ရှိမှုကို ဟင်းလင်းပြင် အတွင်း ပြောင်းလဲလိုက်ရင်း ကူရာကယ်ရာမဲ့စွာ ရယ်မောလိုက်မိ၏။ ထိုအခိုက်၌ သူ အသုံးပြုနေသည့် နည်းလမ်းက ပေ့ယင်ယင် အသုံးပြုသည့် ညှပ်ကလစ် အဆောင်လေး ဖန်တီးနိုင်သည့် စွမ်းအားနှင့် ဆင်တူသည်။

ဝေ့ဝူယင် လက်နှစ်ဖက်ကို နောက်ပစ်ကာ မူလ နေရာတွင်ပင် ဆက်လက်၍ ရပ်နေခဲ့၏။ သူ၏ မျက်ဝန်းများက ငွေရောင် အလင်းတန်းများနှင့် တောက်ပနေကာ တိုးဝင်လာသည့် တိုက်ခိုက်မှုကို ငေးကြည့် နေခဲ့သည်။

ဘုန်း...

တမုဟုတ်ချင်းပင် ရွှေရောင် အလင်းတန်းမှာ ဝေ့ဝူယင်ကို ဝါးမြိုကာ သူ ရပ်တည်နေသည့် တောင်ထွတ် တစ်ခုလုံးကို ဖျက်ဆီး ပစ်လိုက်၏။ ၎င်းက ထိုမျှနှင့် ရပ်တန့်ခြင်း မရှိပဲ ပတ်ဝန်းကျင် မိုင်ရာပေါင်းများစွာကိုပါ ဝါးမြို ပစ်လိုက်သည်။

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားစွာ တောက်ပ လာခဲ့၏။ ရုတ်ချည်းဆိုသလိုပင်... ဗီဇ အာရုံနှင့် အတူ အလွန်အမင်း ပြင်းထန်လွန်းလှသည့် အန္တရာယ် အငွေ့အသက်များကို သူ ခံစားလိုက်ရသည်။

“မင်းလာမယ်မှန်း ငါသိတယ်...”

***

All Chapters