← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၃)

Vol. 121 Ch. 1689

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၃)

Vol. 121 Ch. 1689

“မင်းလာမယ်မှန်း ငါသိတယ်...”

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ပြုံးလိုက်၏။ ထို့နောက် သူက အရံ စွမ်းအင်များကို မတုန့်မဆိုင်း အသုံးပြုကာ လက်ကို မြှောက်လိုက်၏။

လျှို့ဝှက် သင်္ကေတ နှစ်ခုက သူ၏ လက်ဖမိုးတွင် တောက်ပစွာ ထိန်လင်း လာသည်။ တစ်ချိန်တည်းတွင်ပင် သိပ်သည်းသည့် လျှို့ဝှက် အကာအကွယ် တစ်ခုမှာ သူ့ ခန္ဓာကိုယ်ကို ဝန်းရံလိုက်ကာ အာကာသ အလွှာ သုံးခုလုံးမှ တိုးဝင်လာသည့် အရာမှန်သမျှကို ကာကွယ်လိုက်၏။

ဘုန်း...

ရုတ်တရက် မြှားတစ်စင်းမှာ ဘယ်ဆီဘယ်ဝယ်ကမှန်း မသိပဲ ထွက်ပေါ်လာကာ လျှို့ဝှက် အကာအကွယ်ကို ထိုးဖောက် ဝင်ရောက်သွားသည်။ သို့သော်လည်း ကံဆိုးစွာပင်... ၎င်းမှာ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ခန္ဓာကိုယ် အတွင်း အနည်းငယ်မျှသာ ထိုးဖောက် ဝင်ရောက်ပြီးနောက် ရပ်တန့် သွားခဲ့၏။

လေးသမားမှာ သူ့ကို အစကတည်းက ပစ်မှတ်ထားနေခဲ့ခြင်း ဖြစ်သည်။ စတင် ဆင်းသက်လာသည့် အချိန်ကတည်းက သူ ထိုမြှားကို မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အာကာသ အလွှာ သုံးခုစလုံးကို မကာကွယ်ခဲ့သောကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုမြှားမှာ အလွှာ သုံးခုစလုံးတွင် တစ်ပြိုင်နက်တည်း တည်ရှိနိုင်သည်။ အလွှာတစ်ခုတည်းကို အသေအကြေ ကာကွယ်ထားလျှင်ပင် ၎င်းက သင့်ကို ထိမှန်နေဦးမည် ဖြစ်သည်။ သင် သေဆုံးနေရဦးမည် ဖြစ်သည်။

“ဒီလောက်နဲ့ မင်း ငါ့ကို သတ်နိုင်မယ် ထင်လား...”

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ သူ ရှိသမျှ စွမ်းအင်များကို ငွေရောင် မျက်ဝန်းများ ပိုင်ရှင် စောင့်ကြပ်သူကို သတ်ဖြတ်ရန် အသုံးချခဲ့သော်လည်း အစောကတည်းကပင် ထိုလေးသမားအား ကာကွယ်ရန် အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

ယောင်ဟုန်ရီမှာ ပင်လယ်ဒေသ တစ်ခုတွင် တိတ်ဆိတ်စွာ ပျံဝဲ နေခဲ့၏။ သူ၏လေးထက်ရှိ မြှားပုံရိပ် နောက်တစ်ခုမှာ ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ သူက အနည်းငယ် ပြုံးလိုက်၏။

“ဒါက ရည်ရွယ်ထားတာ မဟုတ်ဘူး...”

ဝှစ်...

လှီးဖြတ်သံ တစ်ခုမှာ ရွှေရောင် သမုဒ္ဒရာကို ထိုးဖောက်သွား၏။ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားကာ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များနှင့် သူ့ထံ ပျံဝဲလာသည့် အလင်းကို ခံစားလိုက်ရသည်။ ထိုတိုက်ခိုက်မှုမှာ ယင်စွမ်းအင်ကို အသုံးပြုသည့် မိန်းမထံမှ လာကြောင်း သူ သိသည်။ သူမထံတွင် သေမျိုး လောက ရည်ရွယ်ချက် ရှိသော်လည်း သူကတော့ ခြိမ်းခြောက်မှု အဖြစ် မယူဆပါချေ။

သူက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်လေရာ ဓားကို သည်အတိုင်း ကျဆင်းစေဖို့ ခွင့်ပြုလိုက်၏။ မြှားပင်လျှင် မဖြတ်သန်း နိုင်ခဲ့လေရာ ထိုဓားမှာ မည်ကဲ့သို့ ဖြတ်သန်းနိုင်မည်နည်း။

ရုတ်တရက် လည်ပင်းမှ ရေခဲ ကဲ့သို့ အေးစိမ့်နေသည့် အအေးဓာတ်ကို သူ ခံစားလိုက်ရ၏။ ၎င်းက ဆိုးယုတ်ပြီး ကြေကွဲဖွယ်ကောင်းလှသည်။

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ မျက်ဝန်းများမှာ အသက်ဓာတ်များ မှေးမှိန် ပျောက်ကွယ်သွားသည်နှင့် အမျှ ချက်ချင်း မှိန်ဖျော့ သွားခဲ့၏။ သူ၏ ဦးခေါင်းမှ ပခုံးထက်မှ တဖြည်းဖြည်းချင်း ကျဆင်းသွားသည်။ ရွှေရောင် သွေးများမှာ ကောင်းကင်သို့ ပန်းထွက်ကာ အပြောကျယ်လှသည့် နယ်မြေများ တစ်လျှောက် မိုးများ အလား ရွာသွန်းလေတော့၏။

...

ထျန်းရီဝူမှာ ဓားကို တစ်ဝက်တစ်ပျက် ဆွဲထုတ်ထားဆဲ ဖြစ်သည်။ သူ၏ မျက်လုံးများက ပြူးကျယ်စွာ ပွင့်ဟနေကာ နှလုံးသားမှာ မြင်းပေါင်း တစ်ထောင် ကဆုန်ပေါက် နေသလို ခုန်နေခဲ့၏။ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ဖြတ်တောက်ခံထားရသည့် ဦးခေါင်းမှာ လေထဲတွင် အသက်မဲ့စွာ လည်ပတ်နေဆဲ ဖြစ်သည်။

သူ သေဆုံးသွားခဲ့လေပြီ...။

မြူတစ်မှုန်စာမျှပင် မစွန်းထင်း မညစ်ညမ်းခဲ့သည့် အဖြူရောင် ဓားသွားမှာ ယခုအခါတွင်တော့ ပူနွေးသည့် ရွှေရောင်သွေးများနှင့် ညစ်ညမ်းနေခဲ့၏။ ၎င်းက ပုံရိပ်ယောင် မဟုတ်သလို ထင်ယောင်ထင်မှား ဖြစ်စဉ်လည်း မဟုတ်ပါချေ။ ငြင်းပယ်လို့ မရသည့် လက်တွေ့ ပစ္စုပ္ပန်၏ အမှန်တရား တစ်ခု ဖြစ်သည်။

ထျန်းရီဝူ၏ မျက်လုံးများက ဖြည်းညင်းစွာ လှုပ်ရှားသွားကာ ချွတ်ယွင်းချက် မရှိ လှပ စွဲမက်ဖွယ် ကောင်းလှသော မိန်းကလေးကို စိုက်ကြည့်လိုက်သည်။

“သူက…”

ဝှစ်...

နာ့ရှင်းရီမှာ တဖြည်းဖြည်း မှိန်ဖျော့စ ပြုလာနေခဲ့သည့် အလင်းရွှေရောင် ပင်လယ်ကို ဖြတ်သန်းကာ ပျံသန်းသွားခဲ့၏။ ထို့နောက်တွင်တော့ ဖြတ်တောက်ခံထားရသည့် ဦးခေါင်းအနားသို့ ရောက်ရှိလာကာ သူ၏ ခပ်တိုတို ရွှေရောင် ဆံပင်များကို ဆုပ်ကိုင်လိုက်သည်။ ဦးခေါင်းကို သေချာစွာ စစ်ဆေးလိုက်ပြီးနောက် ၎င်း၏ အသိစိတ် ပင်လယ်မှာ အစွန်းရောက်ယင် အင်အားကြောင့် လုံးဝ ပျက်စီးသွားကြောင်း အတည်ပြုလိုက်ည်။ လျှို့ဝှက် ဝိညာဉ်လား... ၎င်းမှာ သူမ၏ ပထမဆုံးသော ပစ်မှတ် ဖြစ်ခဲ့ပေသည်။

မိန်းကလေး၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပနေခဲ့၏။ ထိုတိုက်ပွဲက သူမ အတွက် များစွာသော အကျိုးအမြတ်များကို ယူဆောင်လာခဲ့ပေသည်။ သက်ရောက်မှု အရှိဆုံး သို့သော်လည်း သတိမထားမိဆုံး တစ်ခုက ကျင့်ကြံခြင်း နှလုံးသား တိုးတက်လာခြင်းပင် ဖြစ်သည်။ ကိုယ်ယုံကြည်ရာ လမ်းစဉ်ကို လျှောက်လှမ်းရင်း အောင်မြင်မှုကို ရရှိခဲ့ခြင်းက လူတစ်ယောက်၏ စိတ်သဌာန် အပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုများစွာကို ယူဆောင်လာနိုင်စွမ်း ရှိသည်။

နောက်ထပ် တစ်ခုက သူမ ယခင်က မသိခဲ့သည့် လွန်ကဲခြင်းယင် အပေါ် နားလည်မှုများကို ဆုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အစွန်းရောင်ယင်နှင့် မည်မျှ လိုက်ဖက်ညီကြောင်း သူမ သိရှိခဲ့ရသည်။ အစွန်းရောက်ယင်နှင့် လွန်ကဲခြင်းယင်တို့ကို ပေါင်းစပ်ပါက အနာဂတ်တွင် ထူခြားသည့် ယင်စွမ်းအင်သစ် တစ်မျိုး မွေးဖွားလာနိုင်သည်ဟု သူမ ခံစားရသည်။

သေမျိုး ကန့်သတ်ချက် အဆင့်ကို များစွာ ကျော်လွန်နေသည့် နိယာများအား သယ်ဆောင်ထားသော ကျင့်ကြံခြင်း နည်းလမ်း တစ်ခု၏ ပုံကြမ်းမှာ သူမ၏ စိတ်အတွင်း တဖြည်းဖြည်းချင်း ပုံပေါ်လာနေခဲ့သည်။ ၎င်းက သူမအတွက် ဖော်ပြလို့ မရနိုင်သည့် အတွေးများ၏ လမ်းစကို ယူဆောင်လာခဲ့လေသည်။

သေမျိုး တစ်ဦးက ကိုယ်ပိုင် နားလည်မှုနှင့် အတူ လျှို့ဝှက် အာဏာရှင် အဆင့် အတွက် ကျင့်ကြံခြင်း လမ်းစဉ် တစ်ခု ချမှတ်ခြင်း... ၎င်းမှာ အလွန့် အလွန် နည်းပါးသော လူများသာ ကြုံတွေ့နိုင်သည့် ရှားပါးသော ဖြစ်စဉ် တစ်ခု ဖြစ်သည်။

ဟူး... ဟူး...

အချိန်နှင့် အမျှ ရွှေရောင် စွမ်းအင် အလင်းများမှာ ပိုမို၍ လျော့ပါး သွားခဲ့၏။ ၎င်းတို့ လျော့ပါးသွားသည်နှင့် အမျှ အားလုံး၏ မျက်လုံးများနှင့် အာရုံများမှာ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ဦးခေါင်းကို ကိုင်ဆောင်ထားသည့် နာ့ရှင်းရီ၏ ပုံရိပ်ကို တွေ့မြင် လိုက်ကြရလေသည်။ ထိုအခိုက်၌ အစွန်းရောက်ယင် နတ်မိမယ်မှာ ပြိုင်ဘက်ကင်းကာ လောကတစ်ခုလုံအား လွှမ်းမိုး ချုပ်ကိုင်နိုင်သည့် ယင်အလင်းများကို ထုတ်လွှတ် နေခဲ့၏။ စက္ကန့်တိုင်း၌ ၎င်းက သိသိသာသာပင် တောက်ပ လာနေခဲ့လေသည်။

ဝှစ်...

အဖြူရောင် ဓားတစ်စင်းမှာ နာ့ရှင်းရီထံသို့ ပြန်လည်၍ ပျံသန်းလာခဲ့၏။ ၎င်းမှာ ပူနွေးသည့် ရွှေရောင်သွေးများနှင့် ရွှဲနစ်နေသော်လည်း အေးစက်စက် အလင်းတန်းများကို ထုတ်လွှတ် နေခဲ့၏။ မိန်းကလေးက တုန့်ဆိုင်းခြင်း မပြုပဲ ဓားကို ဆုပ်ကိုင်လိုက်၏။ ယင်အလင်း တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

နာ့ရှင်းရီ ဓားကို မြှောက်လိုက်ကာ ဓားဦးချွန်ကို ကောင်းကင်ဆီ မြှောက်လိုက်၏။ ရွေးချယ်ခံများနှင့် အာဏာရှင်များ အားလုံးမှာ သူမ၏ လှုပ်ရှားမှုနောက်ကို လိုက်ကာ ကြည့်လိုက်ကြသည်။

ဝေဟင်ထဲတွင်တော့ ကောင်းကင်ကို ဖုံးအုပ်ထားသည့် ရွှေရောင် လက်ဝါးကြီးမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ရွှေရောင် ပင်လယ်မှာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ဖြင့် ဖန်တီးထားခြင်း ဖြစ်သော်လည်း ရွှေရောင် လက်ဖဝါးကတော့ အလင်းရွှေ လျှို့ဝှက် စွမ်းအား၏ အခြေခံဖြင့် ပုံဖော်ထားခြင်းဖြစ်လေရာ သူမ သေဆုံးပြီး နောက်တွင်ပင် ဆက်လက်၍ တည်မြဲ နေခဲ့သည်။

“ပျက်စီးစမ်း...”

မိန်းကလေး၏ အသံက ခမ်းနား ထည်ဝါလှကာ ပုံသဏ္ဌာန်မဲ့ဖြစ်ကာ ဝိညာဉ်ကိုယ်တိုင်ပင် ကြားနိုင်လောက်အောင် ကျယ်လောင်လှ၏။ သူမက သေမျိုးလောက ရည်ရွယ်ချက်ဖြင့် အစွန်းရောက်ယင် ဓားအင်အားကို စုစည်းရင်း ဓားရောင်ခြည် တစ်ခုကို ကောင်းကင်သို့ ပို့လွှတ်လိုက်၏။

ရွှမ်း...

ဓားအလင်းမှာ ကောင်းကင်ကို ထိုးဖောက်ကာ လက်ဖဝါး အတွင်း ဝင်ရောက် သွားသည်။ ယင်အလင်းက ရွှေရောင် လက်ဖဝါကြီး၏ တောက်ပမှုတိုင်းကို တိုက်စားကာ အထက်သို့ ဆက်လက် မြင့်တက်သွားခဲ့သည်။

နာ့ရှင်းရီ သူမ၏ အစွန်းရောက်ယင် နေကြယ်နှင့် ချိတ်ဆက်မှုကို ပြန်လည် ခံစားလိုက်ရ၏။ မိန်းကလေး၏ မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ အရာအားလုံးက သူမ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်၍ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ရှဲ... ရှဲ...

ခဏလေးအတွင်းမှာပင် ရွှေရောင် လက်ဖဝါးမှာ နေရာင်ခြည်၏ အရှိန်အဝါ အောက်၌ လောင်ကျွမ်းသွားကာ ကျန်လူများ အားလုံး၏ နေကြယ်များကိုလည်း လွတ်မြောက် စေခဲ့၏။ အားလုံးမှာ သူတို့၏ လောကချည်နှောင် နေကြယ်များနှင့် တဖန် ပြန်လည် ချိတ်ဆက်နိုင်လိုက်ကြလေရာ စိတ်သက်သာရာ ရသည့် အမူအရာများ ပေါ်ပေါက် လာကြသည်။ သူတို့မှာ ထိုနေကြယ်များကို နှစ်ပေါင်းများစွာတိုင်အောင် ရင်းမြစ်ပေါင်းများစွာ အသုံးပြု၍ ပြုစု ပျိုးထောင်ခဲ့ကြရခြင်း ဖြစ်သည်။ ၎င်းတို့သာ ပျက်စီးသွားပါက အရာအားလုံးကို အသစ်က တစ်ဖန် ပြန်လည် စတင်ရပေလိမ့်မည်။ ထိုအရာက လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ပါချေ။

လောက တစ်ခုလုံး၏ မျက်ဝန်းများက ဆုံမှတ် တစ်နေရာတည်းတွင် စုစည်း သွားခဲ့ကြ၏။

တဖျပ်ဖျပ် တောက်ပနေသည့် မီးခိုးရောင် မျက်ဝန်းများ၊ ရေတံခွန်အလား ဖြာကျနေသည့် အညိုဖျော့ရောင် ဆံနွယ်၊ ချို့ယွင်းချက် ကင်းမဲ့ကာ ကောင်းကင်ပင်လျှင် ငြူစူနိုင်သည့် ကိုယ်လုံးကိုယ်ပေါက်...

ထိုထက် ပိုမိုသည်က ရဲရင့် တည်ကြည်ကာ ပြောသည့် အတိုင်း ဖြစ်အောင် လုပ်တတ်သည့် စိတ်နေစိတ်ထား...

မိန်းကလေးမှာ အားလုံး၏ အသက်များကို ငြိမ်းသတ်ရန် ကြိုးပမ်းခဲ့သည့် ရွှေရောင် နတ်ဘုရား၏ ဦးခေါင်းကို လက်တစ်ဖက်တွင် စွဲကိုင်ထား၏။ ထိုအခိုက်၌ သူမ၏ ပုံရိပ်မှာ အားလုံး၏ နှလုံးသားများ အတွင်း ထွင်းထု ထားခဲ့လေတော့သည်။

***

All Chapters