← Chapters

ထာဝရ ပါးစပ်ပိတ်သွားခြင်း

Vol. 81-85 Ch. 1269

ထာဝရ ပါးစပ်ပိတ်သွားခြင်း

Vol. 81-85 Ch. 1269

“ငါ မသေဘူး၊ မင်းပဲ သေမှာ”

ထိုစကားကိုကြားသော် ဟူညီအစ်ကိုသုံးယောက်၏ မျက်လုံးမှ ရက်စက်သော အရိပ်အယောင် များက ပိုမိုပီပြင် လာ၏။

“ဟေ့ကောင် ဒီလောက် နှစ်တွေ အတောအတွင်းမှာ ငါတို့သုံးယောက်ကို ဒီလိုပြောရဲတဲ့လူက မင်း ပထမဆုံးပဲ”

ဟူတာက တဟီးဟီးရယ်၍ စိတ်ဝင်စားစရာ ကောင်းလှသည်ဟု စဉ်းစားမိသည်။ ဤသို့သော မောက်မာသည့် လူမျိုးနှင့် သူတို့ မဆုံတော့သည်မှာ အချိန် အတော်ကြာလေပြီ။

“ငါတို့ ညီအစ်ကိုသုံးယောက်ရဲ့ နာမည်ကို သူ မသိဘူးလို့ ငါ ထင်တယ်၊ အဲ့ဒါကြောင့် သူ ဒီလောက် မောက်မာရဲတာ၊ ငါတို့ရဲ့ ကြီးမြတ်တဲ့အစွမ်းကို သူ မြင်သွားတာနဲ့ ဒူးထောက်လာပါလိမ့်မယ်”

ဟူအာက ရယ်လေသည်။

“ဟေ့ကောင် မင်းက သိပ်တော်တယ်လို့ ငါတို့ ထင်လို့ မင်းကို ငါတို့ လက်ထဲမှာ သေခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ၊ ငါတို့ ညီအစ်ကို လက်ထဲမှာ သေရမှာမို့ မင်း ဂုဏ်ယူသင့်တယ်၊ ဟီးဟီးဟီး အမှန်ဆို မင်း သေသွားသင့်တာ ကြာနေပြီကွ၊ ဘာလို့ သတိမထားမိတာလဲ”

ဟူဆန်၏ မျက်နှာထားက ပိုမို ခက်ထန်လာသော မျက်နှာပေးဖြင့် ယဲ့ဖန်ထံ လှမ်းလာသည်။ ယဲ့ဖန်က အပိုစကားများ ပြောမနေတော့ဘဲ လက်သီးဆုပ်၍ ဟူဆန်ကို ပိတ်ထိုးလိုက်သည်။

“အရူး ငါ့ခန္ဓာကိုယ်က ကျည်ဆံကိုတောင် တားနိုင်တာ၊ ဘာမဟုတ်တဲ့လ လက်သီးလေးနဲ့ ငါ့ကို ထိခိုက်အောင် လုပ်ချင်တာလား၊ ဟာသပဲ”

ဟူဆန်က အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေလေသည်။ ဟူတာနှင့် ဟူအာတို့ကလည်း ခွက်ထိုးခွက်လန် ရယ်မောနေ၏။ ယဲ့ဖန်က အသက်ရှင်နိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်သည့်ပုံပင်။ ထိုသို့ဖြစ်လာမှတော့ ယဲ့ဖန်က သေခြင်းထက်ဆိုးသော အရသာအား ခံစားနိုင်အောင် သူ နှိပ်စက်ရပေမည်။

လီတုန်နှင့် အခြားသူများကလည်း အထင်သေးဟန် ပြလာသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်သည် သေခြင်း တရားနှင့် ရုန်းကန်နေရသည်ဟု မြင်နေလေ၏။

“သေ … မြန်မြန်သေလိုက်တော့”

လီတုန် ဝမ်းခေါင်းသံဖြင့် အော်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီး ကြောက်စရာကောင်းပုံ ပေါ်နေသည်။

“ခွပ်”

သို့သော် ထိုအချိန်၌ ယဲ့ဖန်၏ လက်သီးချက်က ဟူဆန်၏ ရင်ဘတ်ကို ထိုးမိသွားပြီး အပြင်ပန်းအရ အားမပါသလို ထင်ရသည်။

ဟူဆန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး မျက်နှာ ချက်ချင်း ဖြူ‌ရော်သွားသည်။ သွေးထွက်သံယို မဖြစ်သော်လည်း သူ့မျက်လုံး၌ သွေးပျက်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။

*မယုံနိုင်စရာပဲ*

*လက်မခံနိုင်ဘူး*

“မင်း ငါ့ခန္ဓာကိုယ်ကို ဘယ်လို ချိုးဖျက်လိုက်တာလဲ”

ဟူဆန် အလန့်တကြား မေးလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ကျည်ဆံကိုပင် တားဆီးနိုင်လောက်အောင် မာကြော ပေသည်။ သို့သော် ယဲ့ဖန်က လက်သီးဖြင့် ထိုးလိုက်သော်လည်း သူ့ခန္ဓာကိုယ် ထိခိုက်ပျက်စီးသွားရသည်တဲ့လား။

“ဘာလို့လဲဆိုတော့ ငါက မင်းထက် ပိုသန်မာလို့လေ”

ယဲ့ဖန်က အမှန်တရားကို ပြောလိုက်ဟန်ဖြင့် ခပ်အေးအေး ပြောလိုက်သည်။ သူက ဟူဆန်ထက် ပိုသန်မာသဖြင့် ဟူဆန်၏ ခန္ဓာကိုယ်ကို ကြေမွအောင် လုပ်နိုင်၏။ သူ့ထက် ပိုသန်မာသဖြင့် သတ်လည်း သတ်နိုင်ပေသည်။

“မင်း”

ရုတ်တရက် ဟူဆန်၏ ရင်ထဲ၌ အအေးဓာတ်တစ်ခု စိမ့်ဝင်လာသလို ခံစားလိုက်ရသည်။

*မာနကြီးလွန်းတယ်*

*ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်*

သူသည် အလေးအနက်ထား၍ တုံ့ပြန်ခံလျင် ဤလူငယ်လေး၏ လက်သီးချက်ကို သူ ခုခံနိုင်လောက်သည်။ သို့သော် ယခုအခါ၌ နောက်ကျသွားချေပြီ။

လီဝေ့နှင့် အခြားသူများ ချောက်ချားသွားလေသည်။

*အိပ်မက်ဆန်လွန်းတယ်*

*ယဲ့ဖန်က နောက်ထပ် နဂါးအသွင်ပြောင်းအဆင့်တစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်တာလား*

“ပိုင်ရွှယ် နင့်မိတ်ဆွေက … သူက ဘယ်သူလဲ”

လီဝေ့ မနေနိုင်ဘဲ မေးလိုက်မိသည်။

*ဒီလို သန်မာတဲ့လူမျိုးကို ပိုင်ရွှယ် ဘယ်ကနေ သိလာတာလဲ၊ နဂါးအသွင်ပြောင်းခြင့်အဆင့် သိုင်းပညာရှင်ကို ပုရွက်ဆိတ်ကို နင်းသတ်သလို အေးအေးလူလူ သတ်နေတာ၊ ဒီလူက ဘုရင်အဆင့်များလား”

ပိုင်ရွှယ် မတတ်သာဟန် ပြုံးလိုက်သည်။

“ညီမလည်း သူ ဘယ်သူလဲဆိုတာကို သိချင်နေတာ”

ယဲ့ဖန် ရုတ်တရက် ပေါ်လာပြီး သူမ၏ စောင့်ရှောက်သူ ဖြစ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းက သူမကိုလည်း အံ့ဩသွား ရစေသည်။ ယဲ့ဖန်သည် သူ့နာမည်မှလွဲ၍ ဘာကိုမျှ မပြောခဲ့ချေ။

“မင်းကများ ငါ့လက်သီးကို ဘာမဟုတ်တဲ့ ကျည်ဆံနဲ့ ယှဉ်ရဲတာလား”

ယဲ့ဖန် ရယ်၍ ပြန်ပြောလိုက်သည်။

“ဒါဆိုလည်း ငါ မင်းကို ဘယ်လိုဆော်မလဲ ကြည့်ထားလိုက်ပေါ့”

“ဒုတ်”

နောက်တစ်ကြိမ် သူ ထပ်ထိုးလိုက်သည်။ ထိုလက်သီးချက် တစ်ချက်တည်းဖြင့် ဟူဆန်၏ ခန္ဓာကိုယ် ကြေမွ သွားပြီး သွေးစက်များနှင့် အသားစများ လွင့်စဉ်လာ၏။

“ဟူဆန်”

ဟူအာနှင့် ဟူတာတို့ ပြိုင်တူ အော်ခေါ်လိုက်မိသည်။ သူတို့၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေ၏။

“ဝမ်းနည်းမနေနဲ့၊ မင်းတို့လည်း သူ့လိုဖြစ်ဖို့ သိပ်မကြာတော့ဘူး”

ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

“ခွေးမသား ငါ မင်းအသက်ကို လိုချင်တယ်ကွ”

“ယီးပဲ ငါ မင်းအရေပြားကို တစ်ခုချင်းခွာပြီး ဆားတို့ပစ်မယ်ကွ၊ မင်းရဲ့အရိုးတိုင်းကို တူနဲ့ ရိုက်ချိုးပြီး မင်းအော်သံကို နားထောင်ပစ်မယ်”

ဟူတာနှင့် ဟူအာတို့ အလွန်အမင်း ဒေါသူပုန်ထနေသည်။ ယဲ့ဖန်က သူတို့၏ ညီကို သတ်ရဲသဖြင့် သေကို သေရပေမည်။

“ဂျွတ် ဂျွတ်”

အသံနှစ်သံ ထွက်ပေါ်လာပြီးနောက် ဦးခေါင်းနှစ်လုံး ပြုတ်ထွက်သွားသည်။ ဘေးလူများအားလုံး အကြောများ ပျော့ခွေပြီး ကြမ်းပြင်ပေါ် လဲကျသွားလေသည်။

သူတို့အားလုံး၏ မျက်နှာတွင် အတောမသတ်နိုင်သော ကြောက်စိတ်များ စိုးမိုးနေပြီး သရဲသဘက်နှင့် တွေ့လိုက် ရသကဲ့သို့ ထင်မှတ်ကာ ကျင်ငယ်ရည် ထွက်ကျမတတ် ဖြစ်သွားကြသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း၏ ကြောက်လန့်နေသော အကြည့်များက အမျိုးသားတစ်ယောက်၏ ကျောပြင်ပေါ် ရောက်သွား လေသည်။

*နားမလည်နိုင်တော့ဘူး*

*ဒါ အိပ်မက်လိုပဲ*

*ဟူညီအစ်ကို သုံးယောက်လုံး စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရတာလား*

*သူတို့အားလုံး ဘာမှတောင် လုပ်ချိန်မရလိုက်ဘူး၊ ရက်စက်ပါတယ်ဆိုတဲ့ ဝူချီဖုန်းတောင် သူ့လောက် မရက်စက်နိုင်ဘူး၊ သူလည်း ယဲ့ဖန်ရဲ့ လက်ထဲမှာ အလွယ်တကူ သေသွားတာပဲ*

လက်ရှိတွင် သူတို့ မည်မျှ ထိတ်လန့်နေသလဲ တွေးကြည့်နိုင်ပေ၏။ ယဲ့ဖန်က သွေးဆာသော အပြုံးမျိုး ပြုံးလိုက်ပြီး တစ်ခွန်းချင်း ပြောလိုက်သည်။

“မင်းတို့တွေက အရမ်း နားညည်းဖို့ ကောင်းတယ်၊ အခုတော့ ပါးစပ်ပိတ်သွားပြီမလား”

ထာဝရ ပါးစပ်ပိတ်သွားခြင်းပင်။ ထိုစကားက လူတိုင်း၏ ရင်ထဲ၌ မိုးကြိုး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေပြီး ကြက်သေ သေသွားစေသည်။

*နတ်ဆိုး*

*ဒီလူက နတ်ဆိုးပဲ*

*ဘယ်လိုဖြစ်ရတာလဲ*

လီဝေ့ အံ့ဩနေသလို လီတုန်သည်လည်း အံ့ဩနေ၏။ ကျန်လူများလည်း အံ့အားသင့်နေကြသည်။

*ကြောက်စရာကောင်းလိုက်တာ၊ ဒီလူက ဟူညီအစ်ကို သုံးယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိုက် တာပါလား*

လူတိုင်း တစ်ကိုယ်လုံးမှ အကြောအချင်များ တောင့်တင်းကာ ‌ကြောက်လန့်လာ၏။ သူတို့၏ မျက်နှာများက ဆွဲစုတ်ခံထားရသကဲ့သို့ ရှုံ့မဲ့နေလေသည်။

“ဒါ ကျောက်မိသားစု မဟုတ်လား”

ယဲ့ဖန်သည် အနက်ရောင်ဝတ်စုံနှင့် လူများကို ကြည့်ပြီး သူ့မျက်လုံး၌ အေးစက်သော အရိပ်အယောင်များ ပေါ်လွင် လာသည်။ သူ၏ စိုက်ကြည့်ခြင်း ခံလိုက်ရသဖြင့် အနက်ရောင်ဝတ်စုံနှင့်လူများသည် သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံရသည်ဟု တွေးမိကာ တုန်ယင်လာလေသည်။ သူတို့ ခုခံရန် ခွန်အားမဲ့နေ၏။

*ထွက်ပြေးရမယ်*

ထိုအတွေးက သူတို့အားလုံး၏ စိတ်ထဲ၌ တစ်ပြိုင်တည်း ပေါ်လာလေသည်။ တစ်ဖက်လူက နဂါးအသွင် ပြောင်းခြင်း အဆင့်အား အသာလေး သတ်နိုင်သဖြင့် သူတို့က ဘယ်လိုလုပ် ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။

တစ်ယောက်ပြီးတစ်ယောက် သစ်ပင်ပေါ်မှ သစ်ရွက်ကြွေကျသကဲ့သို့ ပြိုင်တူ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေး လေသည်။ သူတို့ အလွန်အမင်း ကြောက်လန့်နေ၏။ လေတိုးသံများ ဆက်တိုက် ထွက်ပေါ်လာနေသည်။

“ငါ မင်းတို့ကို သွားခွင့်ပေးလား”

ယဲ့ဖန် မျက်မှောင်ကြုတ်ကာ ခြေတစ်ဖက် ဆောင့်လိုက်သည်။ ထိုအခါ လေပြင်းတစ်ချက်က ဒီရေအလား တိုးဝှေ့ ထွက်ပေါ်လာ၏။

“မဟုတ်ဘူး မင်း ဘာလုပ်တာလဲ၊ ငါ့ကိုလွှတ်စမ်း”

သိုင်းပညာရှင်တစ်ယောက် အော်ဟစ်လာ၏။ သူ၏ ခန္ဓာကိုယ်က အရည်ပျော်လာပြီးနောက် အသွေးအသားများ စုပ်ယူခံရသလို ဖြစ်ကာ မမ်မီအလောင်းတစ်လောင်းအဖြစ် ပြောင်းလဲသွားလေသည်။

ဝါးမျိုခြင်းပင်။ ယဲ့ဖန်က သူ၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအင်အားလုံးကို ဝါးမျိုလိုက်ခြင်း ဖြစ်ပေသည်။

“အား …”

အော်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာ၏။ ရင်ကွဲမတတ် နာကျင်စွာ အော်ဟစ်ပြီးနောက် အားလုံး‌ သေဆုံး သွားကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ကျန်လူများ ချောက်ချားကာ အသံပင် မထွက်နိုင် တော့ချေ။ လီဝေ့၏ ခန္ဓာကိုယ်ပင် ပြင်းထန်စွာ တုန်ယင်နေ၏။

*ဒီလူက ဘယ်သူလဲ၊ သူ ဘယ်လိုလုပ် သိုင်းပညာရှင်တွေ အများကြီးကို ဒီလောက် အသာလေး သတ်ပစ်နိုင် ရတာလဲ*

*အရက်စက်ဆုံး ဟူညီအစ်ကို သုံးယောက်လည်း ပါသေးတယ်*

*သူတို့ကို ဝူချီဖုန်း နှစ်တွေ ဒီလောက်ကြာအောင် လိုက်ဖမ်းနေတာတောင် မသတ်နိုင်ခဲ့တာ၊ ဒါပေမဲ့ ယဲ့ဖန်က ရောက်လာတာနဲ့ ချက်ချင်း သတ်ပစ်လိုက်တာပဲ*

*မယုံနိုင်စရာပဲ*

*သူတို့က အသာလေး ခေါင်းဖြုတ်ခံလိုက်ရတာ၊ သူတို့မှာ ပြန်ခုခံနိုင်စွမ်း မရှိသလိုပဲ၊ သူက လူမှ ဟုတ်သေးရဲ့လား*

လက်ဝှေ့ခန်းမမှ လူများအားလုံး ကြက်သီးထကာ ချမ်းစိမ့်နေကြသည်။ လီဝေ့ပင် အလွန်အမင်း ကြောက်လန့် နေပြီး ယဲ့ဖန် မဆင်မခြင် ပြုမူရဲရသည့် အကြောင်းရင်းကို နားလည်သွားလေသည်။

*ဒါ သူ့ခွန်အား အစစ်ပဲ၊ နှိုင်းယှဉ်မရအောင် သန်မာလွန်းတယ်*

“ဒီလူ ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ၊ ဒါ အဓိပ္ပာယ် မရှိဘူး”

လီတုန်၏ မျက်နှာ ချက်ချင်း ပြာနှမ်းလာသည်။ ယဲ့ဖန်၏ အစွမ်းက ပြိုင်ဘက်ကင်း စစ်နတ်ဘုရားကဲ့သို့ လွှမ်းမိုးနိုင် လွန်းသည်။ ထို့အပြင် သူ ခုနလေးတင် ယဲ့ဖန်ကို ရန်လိုခဲ့သဖြင့် သူ ကံဆိုးလေပြီ။ သူသည်သာမက လက်ဝှေ့ ခန်းမမှ လူများအားလုံး လငပုပ် ဖမ်းသလို ဖြစ်နေကြသည်။

*ဒါ ယဲ့ဖန်ရဲ့ ခွန်အား အစစ်လား၊ ထိတ်လန့်ဖို့ ကောင်းလွန်းတယ်*

သူတို့ ယဲ့ဖန်၏ ခွန်အားကို အထင်သေးခဲ့မိပြီး ယဲ့ဖန်အား နည်းလမ်းပေါင်းစုံဖြင့် လှောင်ပြောင်ခဲ့သည်။ ယခု သူတို့ ဘာဖြစ်တော့မလဲ ပြောရခက်လေပြီ။

“မင်းတို့ကောင်တွေ၊ ခုနက အရမ်းပျော်နေသလားလို့”

ယဲ့ဖန်က လီတုန်နှင့် အခြားသူများအား အေးစက်စက် မျက်လုံးများဖြင့် ပြန်ကြည့်လာသည်။ ထိုစကားကို ကြားသော် လီတုန်နှင့် အခြားသူများ မျက်ရည်ကျလုနီးပါး ဖြစ်လာ၏။

ဟူညီအစ်ကို သုံးယောက်ကိုပင် ပုရွက်ဆိတ်ကို သတ်သလို အသာလေး သတ်နိုင်သဖြင့် သူတို့ကို သတ်မည် ဆိုပါက ပိုလွယ်နေမည် မဟုတ်ပါလော။

ယဲ့ဖန်သည် ကြမ်းပြင်ပေါ်မှ ကျောက်စရစ်ခဲများကို လက်တစ်ဆုပ်စာ ကောက်ယူလိုက်ပြီးနောက် လက်ကို ကွေးကာ ပစ်ထုတ်လိုက်သည်။

ထိုအခါ ကျောက်စရစ် တစ်ခဲက လူတစ်ယောက်၏ နဖူးကို ထိုးဖောက်သွားသည်။ ထိုလူ၏ အလောင်းက ကြမ်းပြင်ပေါ် ဘုန်းခနဲ လဲကျသွားလေသည်။

ယဲ့ဖန် သူတို့ကို စသတ်လေပြီ။ လီတုန်နှင့် အခြားသူများ မျက်ရည်ကျလာပြီး ယဲ့ဖန်အား အသနားခံသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ သို့သော် သူတို့ ဘာမှမပြောရဲချေ။ ယဲ့ဖန် ညှာတာပေးရန် တောင်းပန်နေပုံပင်။

“ဟုတ်တယ်လေ မင်းတို့ ခုနက အပျော်လွန်ပြီး အော်ဟစ်နေတာ မဟုတ်ဘူးလား၊ အခု ဘာလို့ အသွားတာလဲ”

ယဲ့ဖန်က ခက်ထန်လွန်းသည်။ သူ့မျက်လုံးများက ခက်ထန် ကြမ်းကြုတ်နေပြီး ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာ၏။ သူ တစ်လှမ်း လှမ်းလိုက်တိုင်း ကျောက်စရစ်ခဲတစ်ခုကို ပစ်ထုတ်လိုက်သဖြင့် ၎င်းက လူတစ်ယောက်၏ နဖူး တည့်တည့်ကို ထိမှန်သွားသည်။

ယဲ့ဖန်က တစ်ကြိမ်လျင် ခြေတစ်လှမ်း လှမ်းနေပြီး တစ်ခါလှမ်းတိုင်း အလောင်းတစ်လောင်း ဘုန်းခနဲ လဲကျ သွားသည်။

“အသက်ချမ်းသာပေးပါ၊ အရှင် အသက်ချမ်းသာပေးပါ”

လူတစ်စုက ဒူးထောက်၍ ယဲ့ဖန်အား ဝပ်တွား တောင်းပန်ကြသည်။ သူတို့ အလွန် ကြောက်လန့်နေသဖြင့် ပေါင်ခွကြားပင် စိုစွတ်နေ၏။ သို့သော် ယဲ့ဖန်က သူတို့ကို လျစ်လျူရှုကာ ကျောက်စရစ်ခဲကို ဆက်လက် ပစ်ထုတ် နေသည်။ သွေးအေးလွန်းလှပြီး ရက်စက်လွန်းသည်။

အစောပိုင်းက သူတို့ကို သူ ကယ်ခဲ့သော်လည်း ဤအမှိုက်ကောင်များက ကျေးဇူးကန်းကာ လက်စားပြန် ချေလိုခဲ့သည်။ သူတို့သည် သူ့အား ကျောက်မိသားစုထံ ထိုးထည့်ရန် ကြံစည်ရုံသာမက နောက်ကျောမှ ဓားဖြင့် ထိုးချင်နေသေး၏။

ယဲ့ဖန်သည် ကြင်နာတတ်သော လူစားမဟုတ်ပေ။ အထူးသဖြင့် ဤသို့ တိရစ္ဆာန်ဆန်သော အကျင့်စရိုက် ရှိသူများအား ပို၍ သည်းမခံတတ်ချေ။ ဤလူများသည် ဝမ်မင်တဲထက် ပို၍ မုန်းစရာကောင်းကာ သေသင့် ပေသည်။

“သေလိုက်၊ မင်းတို့ သေသင့်တယ်”

ယဲ့ဖန် ခပ်တိုးတိုး ပြောလိုက်သည်။

“လူကြီးမင်းယဲ့ သူတို့ကို တစ်ကြိမ်လောက် အသက်ချမ်းသာပေးပါ”

လီဝေ့ မသိစိတ်၏ လှုံ့ဆော်မှုဖြင့် ဝင်ပြောလိုက်သည်။သူမသည် သူတို့၏ လက်ဝှေ့ခန်းမ ခေါင်းဆောင် ဖြစ်ပြီး သူတို့ သေသည်ကို ထိုင်မကြည့်နေနိုင်ပါ။

သူမမောင် သေရမည့်အဖြစ်အား ပို၍ပင် မကြည့်နိုင်ပေ။ လီတုန်က မည်မျှ သုံးစားမရပါစေ၊ သူသည် လီမိသားစု၏ တစ်ဦးတည်းသော သားယောက်ျားလေး မျိုးဆက် ဖြစ်နေ၏။ သူ တကယ် သေသွားလျင် လီမိသားစု မျိုးဆက် ပျက်ပေမည်။

ယဲ့ဖန်က သူမကို အေးစက်စက် ကြည့်လာပြီး အသံကျယ်ကျယ်ဖြင့် ငေါက်ငမ်းလိုက်သည်။

“မင်း အရေးမပါတာတွေ ထပ်ပြောရဲရင် ငါ မင်းကိုပါ အတူတူ သတ်ပေးမယ်”

လီဝေ့ မျက်နှာဖြူရော်သွားပြီး ကြမ်းပြင်ပေါ် လဲကျမတတ် ဖြစ်သွားကာ နေရာမှာတင် ကြက်သေ သေနေမိသည်။ တစ်ခဏအတွင်းမှာပင် ယဲ့ဖန်၏ ကြောက်စရာကောင်းသော အကြည့်ကို သူမ မကြည့်ရဲသဖြင့် ကြောက်လန့်ကာ ခေါင်းကို ငုံ့လိုက်မိသည်။ သူမ ကြည့်မိရုံနှင့်တင် ဝါးစားခံရတော့မည်ဟု ထင်မှတ်မှားကာ အလွန် ကြောက်ရွံ့ သွားလေသည်။

သူမမျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။ သူမသည် အမြဲ ဖခင်ဖြစ်သူ၏ သမီး အလိမ္မာလေး ဖြစ်ခဲ့ပြီး ပုရိသများ၏ ပိုးပန်းခြင်း အမြဲတစေ ခံခဲ့ရသည်။ အမျိုးသားတိုင်းက သူမကို မျက်နှာလုပ်သော်လည်း ယနေ့ သူမ ဆုံရသည့် အမျိုးသားက သူမကို မြက်ပင်သဖွယ် သေးနုပ်စွာ ဆက်ဆံနေ၏။

ယဲ့ဖန်သည် သူမကို ထပ်ကြည့်မိရုံနှင့်တင် ရွံရှာသလို ခံစားမိပုံရပြီး မျက်နှာ၌ စက်ဆုပ် ရွံရှာဟန်များ ပေါ်လာသည်။ ဤသည်က သူမကို အလွန်အမင်း စိတ်ပျက်သွားစေသည်။

သူမရုပ်ရည်က မဆိုးရွားသော်လည်း အဘယ်ကြောင့် ယဲ့ဖန်က ဤသို့ အပြုအမူမျိုးဖြင့် တုံ့ပြန်ရသနည်း။ သူမ လုံးဝ နားမလည်တော့ချေ။

All Chapters