လုချန်း၏ လျှို့ဝှက်ဗျူဟာ
Vol. 66 Ch. 978
လုချန်းသည် စာကြည့်ခန်းထဲတွင် ပေါ်လာသောအခါ အထူးကိုယ်ရံတော်တပ်မှူးအချို့ ထိုနေရာတွင် စောင့်ဆိုင်းနေပြီးဖြစ်၏။ ကျူးကဲ့ကျုံကောင်းအပြင် ကောင်းကင်လူသား စွမ်းအားရှင်အုပ်စုတစ်စုသည်လည်း စာကြည့်ခန်းသို့ ရောက်ရှိနေကြပြီး ဖြစ်သည်။
ယခုအချိန်တွင် ယွမ်ရှန်ရှန်ပင်လျှင် စာကြည့်ခန်း၌ ရှိနေသည်။ သူမ၏ အာရုံခံနိုင်စွမ်းက အလွန်အမင်း အားကောင်းသည်။ အထူးကိုယ်ရံတော်များ၏ ကြေးနန်းမရရှိခင်ကတည်းကပင် မြူခိုးဒေသ၏ အတားအဆီးများ ပျောက်ကွယ်တော့မည်ကို သူမ အာရုံခံမိခဲ့သည်။
ထို့ကြောင့် သူမ၏ ပထမဆုံးအကြိမ်အဖြစ် စာကြည့်ခန်းသို့ ရောက်လာခဲ့၏။ မြူခိုးဒေသမှ အင်အားစုများ၏ ကျူးကျော်မှုကို လုချန်း မည်သို့ကိုင်တွယ်ဖြေရှင်းရန် စီစဉ်ထားသည်ကို သူမ ကြည့်ရှုလိုခဲ့သည်။
လုချန်းကို မြင်သောအခါ လူတိုင်းက ချက်ချင်းပင်
“မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီး သက်တော်ထောင်ပေါင်းများစွာ ရှည်ပါစေ။”
လုချန်းက လူအုပ်ကို ကြည့်လိုက်ပြီး
“ထုံးစံတွေ ထားလိုက်ပါ”
ထို့နောက် လုချန်းက စာကြည့်ခန်း၏ ဝင်ပေါက်ရှိ ချင်ယူရှန်အား
“ တပ်မှူးချင် စစ်ရေးဌာနက အရာရှိတွေကို နာရီဝက်အတွင်း နိုင်ငံရေးရာ ခန်းမကို ရောက်အောင် ချက်ချင်းအကြောင်းကြားပြီး စစ်ရေးအစည်းအဝေး စီစဉ်ပါ။”
ချင်ယူရှန်က ဦးညွှတ်ကာ
“အမိန့်တော်အတိုင်းပါ မင်းကြီး”
ချင်ယူရှန် ထွက်သွားပြီးနောက် လုချန်းက “ခင်ဗျားတို့အားလုံးလည်း မြူခိုးဒေသက အတားအဆီးတွေ မကြာခင် ပျောက်ကွယ်တော့မယ့်အကြောင်း သိပြီးသားဖြစ်ရမယ်” ဟု စတင်ပြောလိုက်သည်။
ထိုအရာကို ကြားသောအခါ ကျူးကဲ့ကျုံကောင်းက
“မင်းကြီး။ ရှစစ်တပ်ရဲ့ လက်ရှိတိုက်ခိုက်ရေးအင်အားနဲ့ဆိုရင် မြူခိုးဒေသက အင်အားစုတွေကို ခုခံဖို့ မလုံလောက်မှာ စိုးရိမ်မိပါတယ်။ ဒါပေမဲ့ မင်းကြီးမှာ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ ဗျူဟာတစ်ခု ရှိပြီးသားဖြစ်ရပါမယ်။”
လုချန်း၏ တည်ငြိမ်နေသော အမူအရာကို မြင်ရုံဖြင့် သူ့တွင် ကြိုတင်ပြင်ဆင်မှုများ ကောင်းစွာပြုလုပ်ထားပြီးဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်းနိုင်သည်။
ထိုအခိုက်တွင် လုချန်းက
“ဟုတ်တယ်။ ကျွန်တော့်မှာ အစီအစဉ်တစ်ခု အသင့်ရှိပြီးသားပါ။ တန်ခိုးရှင်တစ်သောင်းဂိုဏ်း ထျန်းချန်ကမ္ဘာကို ဝင်လာတာနဲ့ ခင်ဗျားတို့ နားလည်သွားလိမ့်မယ်။”
လုချန်း၏ စကားကို ကြားသောအခါ သူတို့၏ ဧကရာဇ်က မျှော်လင့်ချက်အားလုံးကို တန်ခိုးရှင်တစ်သောင်းဂိုဏ်းအပေါ်တွင် ပုံအပ်ထားလေသလောဟု လူတိုင်း မတွေးပဲ မနေနိုင်ခဲ့ပေ။
သူတို့ရရှိထားသော ထောက်လှမ်းရေးသတင်းများအရ တန်ခိုးရှင်တစ်သောင်းဂိုဏ်းသည် အင်အားအချို့ ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် မြူခိုးဒေသရှိ ဒုတိယအကြီးဆုံး အင်အားစုသာဖြစ်သည်။ နံပါတ်တစ်အင်အားစုဖြစ်သော မြူခိုးမှော်ဂိုဏ်းနှင့် သိသာသော အင်အားကွာဟချက်ရှိ၏။ ထို့ပြင် မြူခိုးဒေသတွင် လင်ဟူဂိုဏ်းလည်း ရှိနေသေးသည်။
အဓိကအချက်မှာ မြူခိုးဒေသမှ အခြားအင်အားစုများ ပူးပေါင်းသွားပြီးဖြစ်သောကြောင့် မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းတို့သည် ယခင်ကထက် ပိုမိုအားကောင်းလာခြင်းဖြစ်သည်။ တန်ခိုးရှင်တစ်သောင်းဂိုဏ်း တစ်ခုတည်းကို အားကိုးခြင်း မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းကို ခုခံရန် မလုံလောက်နိုင်ပေ။
မသေချာသော်လည်း သူတို့၏ ဧကရာဇ်ကို ယုံကြည်ကြဆဲဖြစ်၏။ သူ၏ နန်းသက်တစ်လျှောက်တွင် တွက်ချက်မထားသော စွန့်စားမှုများကို သူ မည်သည့်အခါကမှ မပြုလုပ်ခဲ့ပေ။
အကယ်၍ သူက ပြဿနာမရှိဟု ယုံကြည်ပါက အမှန်တကယ်ပင် မရှိနိုင်ပေ။ မည်သို့ပင်ဆိုစေ မြူခိုးဒေသ၏ အတားအဆီးများ ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ မကြာမီတွင် သူတို့၏ ဧကရာဇ်တွင် မည်သည့် လျှို့ဝှက်ဗျူဟာ ရှိသည်ကို သိရှိရတော့မည်ဖြစ်သည်။
နာရီဝက်မပြည့်မီမှာပင် ဗိုလ်ချုပ်များနှင့် ရန်ခရိုင်၏ စစ်ရေးဌာနမှ အရာရှိများ နိုင်ငံရေးရာ ခန်းမသို့ ရောက်ရှိလာကြပြီး စစ်ရေးအစည်းအဝေးကို တရားဝင် စတင်ခဲ့သည်။
လုချန်းကို တစ်ဖန်ပြန်မြင်ရသောအခါ စစ်ရေးဌာနမှ အရာရှိများလည်း အရေးကြီး ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း ချက်ချင်း ခန့်မှန်းမိလိုက်ကြ၏။ လုချန်း ဒီလောက်ကြီးမားသော စစ်ရေးအစည်းအဝေးကို မခေါ်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
ဤဧကရာဇ်သည် နိုင်ငံရေးရာကိစ္စအများစုကို ကျူးကဲ့ကျုံကောင်း၏ လက်ထဲသို့ လွှဲအပ်ထားခဲ့သည်။ အလုပ်များကို လက်လွှဲထားသော ဆိုင်ရှင်ကဲ့သို့ ပြုမူခဲ့တာ ကြာပြီဖြစ်သည်။
ယခုအခါ ဧကရာဇ်ကိုယ်တိုင် စစ်ရေးကိစ္စများကို ပြန်လည်ထိန်းချုပ်လာသည်ဆိုပါက မြူခိုးဒေသတွင် ပြဿနာများ ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်ရမည်ဖြစ်သည်။ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော လုချန်းက အောက်မှ အရာရှိများကို ဝေ့ကြည့်လိုက်သည်။
ထို့နောက်
“မြူခိုးဒေသရဲ့ အတားအဆီးတွေ မှေးမှိန်တော့မယ်။ ရှနိုင်ငံက နောက်ထပ်စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရတော့မယ်။”
လုချန်း၏ စကားကို ကြားသောအခါ စစ်ရေးဌာနမှ အရာရှိများလည်း သူတို့သံသယရှိသည့်အတိုင်းပင် မြူခိုးဒေသ၏ အတားအဆီးများ အမှန်တကယ် ပျောက်ကွယ်တော့မည်ဟု စိတ်ထဲတွင် တွေးလိုက်ကြသည်။
ထိုအခိုက်တွင် လုချန်းက အင်းကွက်လက်နက်များ ထုတ်လုပ်မှုကို တာဝန်ယူထားသော လိီယုဘက်သို့ လှည့်ကာ
“လီလူကြီးမင်း။ လက်ရှိ ကျွန်တော်တို့မှာ အင်းကွက်အမြောက် ဘယ်လောက်ရှိပြီလဲ။”
လိီယုက မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်ပြီး “မင်းကြီး။ စုစုပေါင်း အင်းကွက်သေနတ် တစ်သိန်း။ အင်းကွက်စိန်ပြောင်း တစ်သောင်း။ အင်းကွက်အမြောက် တစ်ထောင်နဲ့ အင်းကွက်ကျည်ဆန် စုစုပေါင်း ရှစ်သန်း ရှိပါတယ်။ ဒါ့အပြင် မော်တာတွေနဲ့ အမြောက်အမျိုးမျိုးအတွက် အမြောက်ဆံ တစ်သိန်း ရှိပါတယ်။”
လိီယု၏ အစီရင်ခံချက်ကို ကြားပြီးနောက် အရာရှိများ အထူးသဖြင့် ဗိုလ်ချုပ်များ၏ ယုံကြည်မှု အနည်းငယ် တိုးလာသည်။
သို့သော် ထိုအချိန်တွင် လုချန်းက
“မလုံလောက်သေးဘူး။ ဒါက လုံးဝမလုံလောက်သေးဘူး။”
လုချန်းက
“လက်နက်စက်ရုံကို ထုတ်လုပ်မှုတိုးမြှင့်ဖို့ ညွှန်ကြားလိုက်ပါ။”
လိိီယုက ချက်ချင်းပင်
“အမိန့်တော်အတိုင်းပါ မင်းကြီး။”
“ထိုင်ပါ”
“ကျေးဇူးတင်ပါတယ် မင်းကြီး”
ထို့နောက် လုချန်းက ရွှမ်ယွမ်ချန်းကို ကြည့်လိုက်ပြီး
“ဗိုလ်ချုပ် ရွှမ်ယွမ်။ ခင်ဗျား စုဆောင်းထားတဲ့ စစ်သားသစ်တွေ လေ့ကျင့်ရေး ဘယ်လိုအခြေအနေရှိလဲ။”
နဂါးတပ်သည် လူထောင်ဂဏန်းမှ ယခုအခါ ခြောက်သောင်းအထိ တိုးချဲ့ခဲ့သည်။ ၎င်းတို့အနက် နှစ်သောင်းမှာ ယမန်နှစ်ကမှ ဖွဲ့စည်းခဲ့သော တပ်ခွဲတစ်ခု၏ အစိတ်အပိုင်းဖြစ်ပြီး ဤတပ်ခွဲသစ်ကို လေ့ကျင့်ပေးရန် ရွှမ်ယွမ်ချန်းက တာဝန်ယူထားသည်။
ရွှမ်ယွမ်ချန်းက မတ်တပ်ရပ်ကာ
“မင်းကြီး။ သူတို့အားလုံး အင်းကွက်လက်နက်တွေရဲ့ အသုံးပြုပုံကို ကျွမ်းကျင်နေကြပါပြီ။”
အင်းကွက်လက်နက်များသည် သာမန်လက်နက်များနှင့် သိပ်ကွာခြားပုံ မပေါ်ပေ။ သို့သော် အင်းကွက်လက်နက်များ၏ အမြင့်ဆုံးစွမ်းအားကို ထုတ်ဖော်ရန်အတွက် စိတ်ဝိညာဉ် စွမ်းအားကို ထည့်သွင်းခြင်းကဲ့သို့သော အချို့သော နည်းစနစ်များ လိုအပ်သည်။
ယခုအခါ ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ကောင်းမွန်လာပြီး ယခင်ကထက် ပိုမိုများပြားလာသည်။ ထို့ကြောင့် အဆင့်ကိုး သိုင်းပညာရှင်များပင်လျှင် စိတ်ဝိညာဉ်စွမ်းအင်၏ တည်ရှိမှုကို အာရုံခံနိုင်ပြီး သူတို့တွင်လည်း စိတ်ဝိညာဉ် စွမ်းအား အသုံးပြုနိုင်စွမ်း ရှိလာကြ၏။ သို့သော် သင်ယူရန် အချိန်အနည်းငယ် ယူရသည်။
စစ်သားအားလုံး သူတို့၏ အင်းကွက်လက်နက်များထဲသို့ စိတ်ဝိညာဉ် စွမ်းအား ထည့်သွင်းနိုင်မှသာလျှင် နဂါးတပ်၏ စစ်မှန်သော အင်အားကို အပြည့်အဝ ထုတ်ဖော်နိုင်မည်ဖြစ်သည်။
ရွှမ်ယွမ်ချန်း၏ အစီရင်ခံချက်ကို ကြားပြီးနောက် လုချန်းက
“အရမ်းကောင်းတယ်။ အခု တပ်တွေရဲ့ နေရာချထားမှုအကြောင်း ဆွေးနွေးကြရအောင်”
“ကျွန်တော်က နဂါးနက်မြို့က ပြည်သူတွေကို ပြောင်းရွှေ့ဖို့ အမိန့်ပေးပြီးပြီ။ အချိန်တန်ရင် နဂါးနက်မြို့ကို ကျွန်တော်တို့ရဲ့ ကာကွယ်ရေး အဓိကနေရာအဖြစ် အသုံးပြုပြီး မြူခိုးဒေသက ကျူးကျော်သူတွေကို ရှမနိုင်ငံထဲ မဝင်နိုင်အောင် တားဆီးရမယ်။ ဒါ့အပြင်...”
ထို့နောက် နဂါးတပ်၏ နေရာချထားမှုကို
လုချန်း စီစဉ်ညွှန်ကြားခဲ့သည်။ စစ်ရေးအစည်းအဝေး ပြီးဆုံးပြီးနောက် စစ်ရေးဌာနတစ်ခုလုံး စတင်လှုပ်ရှားလာတော့သည်။
အစည်းအဝေးပြီး၍ ဌာန၏ အရာရှိများ ထွက်ခွာသွားသောအခါ ခန်းမကြီးထဲတွင် စကားတစ်ခွန်းမှ မပြောပဲ ထိုင်နေခဲ့သော ယွမ်ရှန်ရှန်က နောက်ဆုံးတွင်
“မင်းမှာတကယ်ပဲ လျှို့ဝှက်ဗျူဟာတွေ ရှိနေတာလား။ ဒါမှမဟုတ် မြူခိုးဒေသက ကျင့်စဉ်ကျင့်သူတွေကို ဖြေရှင်းဖို့ အဲ့ဒီအင်းကွက်လက်နက်တွေကိုပဲ အားကိုးဖို့ စီစဉ်ထားတာလား။”
လုချန်း၏ အင်းကွက်လက်နက်များသည် အမှန်တကယ် အလွန်အစွမ်းထက်သည်။ ယွမ်ရှန်ရှန်ကိုယ်တိုင်ပင် အင်းကွက်လက်နက်များကို ကိုယ်တိုင်အသုံးပြုခဲ့ဖူးကာ ၎င်းတို့၏ စွမ်းအားကို အသိအမှတ်ပြုခဲ့၏။
သို့သော် ဤလက်နက်များကို အသုံးပြုသူ အများစုမှာ အဆင့်ကိုး သိုင်းပညာရှင်များသာဖြစ်၏။ ထိပ်သီး ပညာရှင်များနှင့်အဆင့်လွန် ပညာရှင်များ ပါဝင်မှုက အစိတ်အပိုင်းတစ်ခုသာ ရှိသေးသည်။
ထို့ကြောင့် နဂါးတပ်သည် အင်းကွက်လက်နက်များ၏ စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်ပေ။ ထို့ကြောင့် နဂါးတပ်က မြူခိုးဒေသမှ အင်အားစုများကို ခုခံနိုင်လိမ့်မည်ဟု ယွမ်ရှန်ရှန် မယုံကြည်ပေ။
ထို့ပြင် ရှနိုင်ငံတော်၏ လက်ရှိအင်းကွက်လက်နက်များသည် ကောင်းကင်လူသား စွမ်းအားရှင်များအပေါ်ကိုသာ ထိရောက်မှု ရှိသည်။ မူလအစကမ္ဘာ နယ်ပယ်အဆင့် သို့မဟုတ် ယင်ယန်နယ်ပယ်အဆင့်ရှိ ပြိုင်ဘက်များကို တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မည်ဖြစ်သည်။
လုချန်းက တိုက်ရိုက်မဖြေပဲ သူ၏ စနစ်နေရာမှ ရှန်ဟွေချပ်ဝတ်တန်ဆာ တစ်စုံကို ထုတ်ယူလိုက်သည်။
သူက ရှန်ဟွေချပ်ဝတ်တန်ဆာကို ယွမ်ရှန်ရှန်ထံသို့ ကမ်းပေးလိုက်ရာ သူမလည်း စူးစမ်းစွာဖြင့် လက်ခံလိုက်သည်။
လုချန်းက
“ဆရာမ ဝတ်ကြည့်ပြီး ဘယ်လိုအစွမ်းရှိလဲ ကြည့်ပါ။”
ယွမ်ရှန်ရှန်လည်း တွန့်ဆုတ်မနေပဲ သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို ရှန်ဟွေချပ်ဝတ်တန်ဆာထဲသို့ ထည့်သွင်းလိုက်သည်။ နောက်တစ်ခဏတွင် ချပ်ဝတ်တန်ဆာသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ မကြာမီမှာပင် ယွမ်ရှန်ရှန်သည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသော ချပ်ဝတ်တန်ဆာတစ်စုံကို ဝတ်ဆင်ထားပြီး ဖြစ်သွားသည်။
ချပ်ဝတ်တန်ဆာသည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်ကို အရူးအမူးစုပ်ယူကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးနေသည်ကို ခံစားမိသောအခါ ယွမ်ရှန်ရှန် အနည်းငယ် မှင်သက်သွားသည်။ ဤချပ်ဝတ်တန်ဆာသည် ဝတ်ဆင်သူအား စိတ်ဝိညာဉ် စွမ်းအားကို စုပ်ယူရာတွင် အမှန်တကယ် ကူညီနိုင်တာလား။
ထို့ပြင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီးနောက် သူမ၏ အင်အား လျင်မြန်စွာ မြှင့်တင်ခံလိုက်ရကြောင်း ခံစားမိသည်။ သူမ၏ လက်ရှိ တကယ့် နယ်ပယ်အဆင့်မှာ မူလအစကမ္ဘာ နယ်ပယ်အဆင့်ဖြစ်သော်လည်း ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်သည့်အခိုက်တွင် ယင်ယန်နယ်ပယ်အဆင့်နှင့် နီးစပ်သော အင်အားကို ရရှိလာခဲ့သည်။
လူတစ်ဦး၏ နယ်ပယ်အဆင့်ကို သိသာသောအဆင့်တစ်ခုအထိ လျင်မြန်စွာ မြှင့်တင်ပေးနိုင်သော ချပ်ဝတ်တန်ဆာသည် အမှန်တကယ်ပင် ထူးခြားသော ရတနာတစ်ခု ဖြစ်သည်။
သို့သော်လည်း...
ထို့နောက် ယွမ်ရှန်ရှန်
“ဒီချပ်ဝတ်တန်ဆာကို မင်းဘယ်သူ့ကို ပေးဖို့ စီစဉ်ထားတာလဲ။”
ပစ္စည်းသည် အလွန်ကောင်းမွန်သော်လည်း တစ်စုံတည်းသာ ရှိသည်။ လုချန်း ကိုယ်တိုင်အသုံးပြုမည်ဆိုလျှင်ပင် အများဆုံး ယင်ယန်နယ်ပယ်အဆင့်၏ အင်အားကိုသာ ပိုင်ဆိုင်လိမ့်မည်။
ထို့ပြင် ချပ်ဝတ်တန်ဆာဖြင့် တည်ဆောက်ထားသော ယင်ယန်နယ်ပယ်အဆင့်၏ အင်အားသည် မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများ၏ အင်အားထက် နိမ့်ကျနေနိုင်သည်။ မြူခိုးဒေသ၏ အင်အားစုများကို ရင်ဆိုင်ရန် ဤချပ်ဝတ်တန်ဆာတစ်စုံတည်းကို အားကိုးခြင်းက စိန်ခေါ်မှုရှိနေဦးမည်ဖြစ်သည်။
ယွမ်ရှန်ရှန် ထိုသို့ စဉ်းစားနေစဉ်မှာပင် လုချန်းက
“လေးစားရတဲ့ ဆရာမ ဒီချပ်ဝတ်တစ်စုံက ဆရာမ အတွက်ပါ။”
သူ၏စကားကြောင့် ယွမ်ရှန်ရှန်အံ့အားသင့်သွားသည်။ လုချန်းက သူမကို ဤမျှတန်ဖိုးကြီးသော အရာတစ်ခုကို လက်ဆောင်ပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမက
“ဒီချပ်ဝတ်က အရမ်းတန်ဖိုးကြီးတယ်။ ပြီးတော့ မင်းအတွက် အရမ်းအကျိုးရှိလိမ့်မယ်။ ငါ လက်မခံနိုင်ဘူး။”
ထိုသို့ပြောပြီးနောက် ယွမ်ရှန်ရှန်က လုချန်းထံသို့ ပြန်ပေးရန် ချပ်ဝတ်တန်ဆာကို ချွတ်တော့မည့် ဟန်ပြုလိုက်သည်။
သို့သော် ထိုအခိုက်မှာပင် လုချန်းက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ တူညီသော ချပ်ဝတ်တန်ဆာ ရာပေါင်းများစွာ လေထဲတွင် ပျံဝဲနေတော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ယွမ်ရှန်ရှန် လုံးဝ အံ့အားသင့်သွားသည်။
ထိုကဲ့သို့သော ရတနာမျိုးက အလွန် ရှားပါးပြီး တန်ဖိုးကြီးလိမ့်မည်ဟု သူမ ထင်ခဲ့သော်လည်း ဤပုန်ကန်တတ်သော တပည့်က သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး တူညီသော ချပ်ဝတ်တန်ဆာအစုံများစွာကို ထုတ်ပြလိုက်သည်။
ယွမ်ရှန်ရှန် သူမ၏ စိတ်ကို လျင်မြန်စွာ ပြန်ထိန်းလိုက်သည်။ အကယ်၍ လုချန်းမဟုတ်ပဲ အခြားမည်သူမဆိုက ချပ်ဝတ်တန်ဆာများစွာကို ထုတ်ပြခဲ့ပါက ရှင်းပြရန် ခက်ခဲလိမ့်မည်ဖြစ်သော်လည်း လုချန်းကတော့ ကွဲပြားသည်။
မဟာဧကရာဇ် တစ်ပါး၏ သားတော်ဖြစ်သော လုချန်းသည် ခမ်းနားထည်ဝါသော နတ်လှေကိုပင် ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည်။ ဤမျှတန်ဖိုးကြီးသော ချပ်ဝတ်တန်ဆာ ရာပေါင်းများစွာကို သူပိုင်ဆိုင်ထားခြင်းက အံ့ဩစရာမဟုတ်ပေ။
လုချန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးနောက် ယွမ်ရှန်ရှန်အား
“လေးစားရတဲ့ ဆရာမ။ ကျွန်တော့်မှာ ဒီချပ်ဝတ်တန်ဆာ အစုံတစ်ထောင်ရှိတယ်ဆိုရင် မြူခိုးဒေသက အဲ့ဒီအင်အားစုတွေကို ကျွန်တော် ယှဉ်နိုင်မယ့် အခွင့်အရေးရှိတယ်လို့ ဆရာမထင်လား။”
ယွမ်ရှန်ရှန် အံ့အားသင့်သွားသည်။
အစုံတစ်ထောင် တောင်လား။
လုချန်းတွင် အစုံတစ်ရာကျော်သာ ပိုင်ဆိုင်လိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သို့သော် သူ၏လက်ဝယ်တွင် ထိုချပ်ဝတ်တန်ဆာမျိုး ဤမျှများပြားစွာရှိနေပြီး တန်ခိုးရှင်တစ်သောင်းဂိုဏ်းကလည်း လုချန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
ထိုအခြေအနေမျိုးတွင် မြူခိုးဒေသမှ အင်အားစုများက သူနှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျက်စီးသွားပြီး တန်ခိုးရှင်တစ်သောင်းဂိုဏ်း၏ ကျင့်စဉ်ကျင့်သူများ ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်လာသည်နှင့် လုချန်းလုပ်ရန်လိုအပ်သည်မှာ ဤချပ်ဝတ်တန်ဆာများကို ကောင်းကင်လူသားအဆင့် ကျင့်စဉ်ကျင့်သူများထံ ဖြန့်ဝေပေးရန်သာဖြစ်သည်။
ထိုအခါ မူလအစကမ္ဘာ နယ်ပယ်အဆင့် အင်အားရှိသော ကျင့်စဉ်ကျင့်သူများဖြင့် ဖွဲ့စည်းထားသော စစ်တပ်တစ်ခုကို သူ ဖန်တီးနိုင်မည်ဖြစ်သည်။ ထို့ပြင် လက်ရှိ မူလအစကမ္ဘာ နယ်ပယ်အဆင့်နှင့် ယင်ယန်နယ်ပယ်အဆင့်ရှိ တန်ခိုးရှင်တစ်သောင်းဂိုဏ်းမှ ကျင့်စဉ်ကျင့်သူများ၏ အင်အားသည်လည်း အတိုင်းအတာကြီးမားစွာ မြင့်တက်လာမည်ဖြစ်သည်။
တန်ခိုးရှင်တစ်သောင်းဂိုဏ်း၏ စုစုပေါင်းအင်အားသည် မြူခိုးဒေသရှိ အင်အားစုအားလုံးကို ချက်ချင်း ကျော်တက်သွားမည်ဖြစ်သည်။ မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းတို့သည် ရှနိုင်ငံကို ယှဉ်ပြိုင်ရန် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
ဒါက လုချန်း၏ တကယ့် လျှို့ဝှက်ဗျူဟာ ဖြစ်သည်။
လုချန်းက
“လေးစားရတဲ့ ဆရာမ။ ဒီချပ်ဝတ်ကို သိမ်းထားလိုက်ပါ။”
ယွမ်ရှန်ရှန် အတန်ငယ်စဉ်းစားပြီးနောက် ဆက်လက်ငြင်းဆန်ရန် မဆုံးဖြတ်တော့ပေ။ လုချန်းတွင် ရှန်ဟွေချပ်ဝတ်များစွာ ရှိနေသောကြောင့် တစ်စုံလျော့သွားခြင်းက အရေးမကြီးပေ။
“မင်းမှာ အစီအစဉ်ရှိပြီးသားဆိုတော့ မင်းရဲ့ဆရာကလည်း ထပ်မပြောတော့ဘူး။ ငါ့ရဲ့ကျင့်ကြံရေးကို ပြန်လုပ်တော့မယ်။”
“ကောင်းပါပြီ ဆရာမ။ သွားပါ”
ထိုသို့ဖြင့် ယွမ်ရှန်ရှန် နိုင်ငံရေးရာ ခန်းမမှ ထွက်ခွာသွားသည်။
ယွမ်ရှန်ရှန် ထွက်သွားပြီးနောက် သူ၏ အချိန်နှင့်နေရာ ကြည့်မှန်ကို ထုတ်ယူကာ တန်ခိုးရှင်တစ်သောင်းဂိုဏ်းမှ ကျိဟုန်ဝမ်ကို တိုက်ရိုက်ဆက်သွယ်လိုက်သည်။