← Chapters

ဤအဆင့်နိမ့်ကမ္ဘာမှာ နတ်လှေတစ်စင်း ဘယ်လိုလုပ် ရှိနိုင်မှာလဲ

Vol. 66 Ch. 987

ဤအဆင့်နိမ့်ကမ္ဘာမှာ နတ်လှေတစ်စင်း ဘယ်လိုလုပ် ရှိနိုင်မှာလဲ

Vol. 66 Ch. 987

စုဟန်ယန် ခရမ်းရောင် မြူခိုးပင်လယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီးနောက် မည်သည့်သတင်းအစအနမျှ ထွက်ပေါ်မလာတော့ပေ။ ထိုအခြေအနေကို မြင်သောအခါ ဟန်ယွမ်ခိုင် ချက်ချင်း မျက်မှောင်ကြုတ်သွား၏။

ဘာတွေဖြစ်နေတာလဲ။

ယင်ယန်နယ်ပယ် နံပါတ် ငါး အလွှာသို့ ရောက်နေသည့် သူမ၏အင်အားဖြင့် မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်ကြံသူအချို့ကို အလွယ်တကူ ဖြေရှင်းနိုင်သင့်သည် မဟုတ်ပါလား။ ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသူများကို သူမ ခုထိ အနိုင်မယူနိုင်သေးခြင်းတော့ မဖြစ်သင့်ပေ။

နဂါးနက်မြို့တော်မှာ လှည့်ကွက်တစ်ခုခုများ ရှိနေတာလား။

မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်ကြံသူများထက် ပိုမိုအားကောင်းသည့် ရန်သူများ ရှိနေနိုင်လား။

ထိုသို့တွေးမိသောအခါ ဟန်ယွမ်ခိုင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ ထို့နောက် သူ၏ လက်ထဲမှ ဓားကို တင်းတင်းဆုပ်ကိုင်ကာ အားကုန်လွှဲယမ်းလိုက်သည်။

လေမိုးကြိုးဓား....

ကောင်းကင်ယံမှ မိုးကြိုးများ အဆက်မပြတ် ကျဆင်းလာသည်။ မိုးကြိုးစက်ကွင်းများ ရောယှက်နေသော လေဆင်နှာမောင်းပေါင်းများစွာသည် နဂါးနက်မြို့တော်ဆီသို့ တန်းတန်းမတ်မတ် တိုက်ခတ်သွား၏။

နောက်တစ်ခဏတွင် စုဟန်ယန်၏ ခရမ်းရောင်မြူခိုးများ ဟန်ယွမ်ခိုင်၏ တိုက်ကွက်ကြောင့် လွင့်ပြယ်သွားသည်။ မြူခိုးများ ရှင်းလင်းသွားသောအခါ မြို့ရိုးထက်၌ ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသူ တစ်ဦးတစ်ယောက်မှ မရှိတော့ချေ။ စုဟန်ယန် တစ်ဦးတည်းသာ ထိုနေရာတွင် ရပ်ကျန်နေခဲ့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များသည် မှင်တက်သွားကြသည်။

ဘာဖြစ်သွားတာလဲ။

ရှနိုင်ငံမှ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူတွေ အားလုံး ဘယ်ရောက်သွားကြသနည်း။

သူတို့အားလုံး စုဟန်ယန်၏ လက်ချက်ဖြင့် ကျဆုံးသွားကြပြီလား။

ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ သူမသည် ယင်ယန်နယ်ပယ် နံပါတ်ငါး အလွှာမှ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့်ကို ဖြေရှင်းရန်က သူမအတွက် ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။

သို့သော် တကယ်ပဲ ထိုမျှ ရိုးရှင်းပါသလား။

ရှနိုင်ငံတော်တွင် မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်ကြံသူ မြောက်မြားစွာ ရှိနေပြီးဖြစ်သည်။ တစ်ဒါဇင်ကျော်ခန့်သာ မဟုတ်သည်ကတော့ သေချာသည်။

သူတို့၌ ဝှက်ဖဲများ ရှိရမည်ဖြစ်ပြီး သူတို့၏ အဖွဲ့ထဲတွင် ယင်ယန်နယ်ပယ် အဆင့်များပင် ရှိနေနိုင်သည်။

ဤအချိန်တွင် ဟန်ယွမ်ခိုင်၏ မျက်ခုံးများ ပြေလျော့သွားခြင်း မရှိသေးပေ။ စုဟန်ယန်သည် ဒဏ်ရာမရခဲ့သော်လည်း ထိုနေရာ၌ပင် မလှုပ်မယှက် ရပ်တန့်နေသည်။ သူမ၏ တုန်လှုပ်နေသော မျက်နှာအမူအရာက ထိုခရမ်းရောင်မြူခိုးအတွင်း တစ်စုံတစ်ခု ကြုံတွေ့ခဲ့ရကြောင်း သက်သေပြနေသည်။

စုဟန်ယန် မည်သည့်အရာကို တွေ့ရှိခဲ့၍ ဤမျှ စိတ်အနှောင့်အယှက်ဖြစ်နေရသနည်း။

ဟန်ယွမ်ခိုင် သိချင်နေစဉ်မှာပင် စုဟန်ယန် ရုတ်တရက် မြို့ရိုးပေါ်မှ ခုန်ချလိုက်ကာ သူမ၏ ဓားကို စီး၍ ဟန်ယွမ်ခိုင် ရှိနေသော မိုးပျံလှေဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့သည်။

မိုးပျံလှေပေါ်သို့ ပြန်ရောက်ပြီးနောက် စုဟန်ယန်က ချက်ချင်း ပြောလိုက်သည်။

“အစ်ကိုကြီး။ ဒါက ထောင်ချောက်ပဲ။ ကျွန်မတို့ အမြန်ဆုတ်ခွာရမယ်။”

ထိုစကားကို ကြားသောအခါ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ လူတိုင်း မှင်တက်သွားကြသည်။

ထောင်ချောက်။

ဘယ်လို ထောင်ချောက်မျိုးလဲ။

ဟန်ယွမ်ခိုင်က ချက်ချင်းမလိုက်နာပဲ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ညီမလေး။ ခုနက ဘာဖြစ်ခဲ့တာလဲ။”

စုဟန်ယန်က

“ဆွမ်ဧကရာဇ်က ဒီကမ္ဘာက မဟုတ်ဘူး။ သူက အဆင့်မြင့်ကမ္ဘာတစ်ခုက ကျင့်ကြံသူတစ်ယောက်ပဲ။ ရှနိုင်ငံတော်မှာ အခု မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ရာကျော် ရှိနေပြီ။ ဧကရာဇ်ဘေးမှာ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်က အစောင့်အရှောက်တွေတောင် ရှိနေနိုင်တယ်။ နောက်ပြီး တန်ခိုးရှင် တစ်သောင်းဂိုဏ်းကလည်း ရှနိုင်ငံတော်ရဲ့ အင်အားစုတစ်ခုပဲ။”

ထိုစကားကို ကြားသောအခါ မြူခိုးမှော်ဂိုဏ်းမှ အဖွဲ့ဝင်များ တစ်ဖန် တုန်လှုပ်သွားကြပြန်သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

တန်ခိုးရှင် တစ်သောင်းဂိုဏ်းသည် မြူခိုးဒေသတွင် အမြဲရှိနေခဲ့သည် မဟုတ်ပါလား။ သူတို့က ရှနိုင်ငံတော်ရဲ့ အင်အားစုတစ်ခု ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

ခဏလေး…

သူတို့ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ချက်ချင်းပင် မြူခိုးဒေသရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ လင်ဟူဂိုဏ်း၏ မိုးပျံလှေနှင့် ကျန်းဟုန်ရယ်၏ အဖွဲ့ကိုသာ မြင်ရပြီး တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ချေ။

ဟန်ယွမ်ခိုင်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ သူက တင်းမာသော အမူအရာဖြင့်

“ညီမလေး ဒီအကြောင်းတွေအားလုံးကို မင်း ဘယ်လိုလုပ် သိလာတာလဲ။”

စုဟန်ယန်က

“အစ်ကိုကြီး။ အရေးကြီးတာက ကျွန်မတို့ ဒီနေရာကနေ အရင် ထွက်သွားဖို့ပဲ။ မြူခိုးဒေသကို ပြန်ရောက်တာနဲ့ ကျွန်မ အားလုံးကို ဖြည်းဖြည်းချင်း ရှင်းပြမယ်”

ဟု တိုက်တွန်းသည်။

ဟန်ယွမ်ခိုင် ခဏခန့် တုံ့ဆိုင်းသွားသည်။ စုဟန်ယန် ပြောနေသည်များ အမှန်ဟုတ်မဟုတ် သူ မသေချာခဲ့ပေ။ စဉ်းစားကြည့်လျှင် သူနှင့် စုဟန်ယန်တို့၏ အမြင်များမှာ တဖြည်းဖြည်း ကွဲလွဲလာပြီး သူတို့၏ ရည်မှန်းချက်များလည်း မတူတော့ပေ။ သို့သော် စုဟန်ယန်သည် မြူခိုးမှော်ဂိုဏ်း၏ ပထမအကြီးအကဲဖြစ်ပြီး ဂိုဏ်းကို သစ္စာဖောက်စရာအကြောင်းတော့ မရှိချေ။

သို့ဖြစ်၍ စုဟန်ယန် ပြောနေသည်များမှာ အမှန်ဖြစ်နိုင်သော်လည်း ဟန်ယွမ်ခိုင်အတွက် လက်ခံရန် အနည်းငယ် ခက်ခဲနေဆဲ ဖြစ်သည်။ သူတို့သည် မြူခိုးဒေသ၏ တားမြစ်ချက်များ ပျောက်ကွယ်သွားရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံးတွင် ထျန်းချန်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

ယခုမူ ထျန်းချန်ကမ္ဘာကို ပိုင်ဆိုင်ထားပြီး မြူခိုးမှော်ဂိုဏ်းထက်ပင် ပိုမိုအားကောင်းသော အင်အားစုတစ်ခု ရှိနေကြောင်း ပြောလာသဖြင့် သူတို့ မည်သို့ ကျေနပ်နိုင်မည်နည်း။

မြူခိုးမှော်ဂိုဏ်းက မြူခိုးဒေသ၏ မတည်ငြိမ်သော နေရာများသို့ ပြန်သွားရပြီး ၎င်း လုံးဝ ပြိုကျမည့်နေ့ကို စောင့်ဆိုင်းနေရမှာလား။

ထို့နောက် ဟန်ယွမ်ခိုင်က

“ညီမလေး။ ဒီသတင်းကို မင်း ဘယ်လိုပဲ သိလာခဲ့တာပဲဖြစ်ဖြစ် ငါတို့မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး။ ငါတို့ ထျန်းချန်ကမ္ဘာကို သိမ်းပိုက်ရမယ်။ မြူခိုးဒေသရဲ့ အာကာသက ပြိုကျလုနီးပါး ဖြစ်နေပြီ။ ထျန်းချန်ကို သိမ်းပိုက်နိုင်မှသာ ငါတို့အတွက် ရှင်သန်ဖို့ အခွင့်အရေး ရှိလိမ့်မယ်။”

“ထျန်းချန်ကို သိမ်းပိုက်နိုင်မှသာ ငါတို့ မူလကမ္ဘာကို ပြန်ဖို့ ဖြစ်နိုင်ခြေ ရှိလိမ့်မယ်။”

ထိုသို့ပြောပြီး ဟန်ယွမ်ခိုင်က သူ၏ လက်ထဲမှ ဓားကို ဆုပ်ကိုင်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“ကျုပ်နောက်လိုက်ခဲ့ကြ။ နဂါးနက်မြို့တော်ကို တိုက်ခိုက်ကြစို့။”

စုဟန်ယန် ပြောခဲ့သည်များမှာ အမှန်ဖြစ်နိုင်ကြောင်း သူ သိသော်လည်း ဒီအတိုင်း လက်လျှော့ရန်တော့ ရည်ရွယ်ချက် မရှိခဲ့ပေ။ တန်ခိုးရှင် တစ်သောင်းဂိုဏ်းသည် အမှန်တကယ်ပင် ရှနိုင်ငံတော်၏ အင်အားစုတစ်ခု ဖြစ်နေလျှင်ပင် ရှနိုင်ငံတော်ကို ချေမှုန်းပြီး ထျန်းချန်ကမ္ဘာ တစ်ခုလုံးကို သိမ်းပိုက်ရန် သူ စီစဉ်ထားဆဲ ဖြစ်သည်။

ယခု သူသည် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ကွာတော့သည်။ ဤတိုက်တွင် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ ရောက်ရှိပြီးသူ တစ်ဦးတစ်ယောက် ရှိလိမ့်မည်ဟု သူ မယုံကြည်ပေ။ ဆွမ်ဧကရာဇ် အဆင့်မြင့်ကျင့်စဉ်ကမ္ဘာမှ လာလျှင်ပင် အများဆုံးအားဖြင့် ယင်ယန်နယ်ပယ်အဆင့် စွမ်းအားကိုသာ ပိုင်ဆိုင်နိုင်ပေမည်။

သူ၏ အကျိုးကြောင်းဆင်ခြင်မှုက အမှားအယွင်း မရှိပေ။ အကယ်၍ တစ်ဖက်လူက အမှန်တကယ် အားကောင်းပါကလည်း ဤမျှ စိတ်ဝိညာဉ်စွမ်းအား နည်းပါးသော အဆင့်နိမ့်ကမ္ဘာတစ်ခုကို အဘယ်ကြောင့် အရေးစိုက်နေမည်နည်း။

အများဆုံး ယင်ယန်နယ်ပယ် စွမ်းအားသာ ရှိနိုင်လိမ့်မည်။ ထို့ကြောင့် သူ အဘယ်အရာကို ကြောက်ရွံ့နေရမည်နည်း။ ဘာပဲဖြစ်ဖြစ် သူလုပ်စရာရှိတာ လုပ်ရမည်သာဖြစ်သည်။

ထိုအချိန်တွင် ဟန်ယွမ်ခိုင်သည် မြူခိုးမှော်ဂိုဏ်းမှ တပည့်များနှင့်အတူ နဂါးနက်မြို့တော်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုအခိုက်တွင် ထူးဆန်းသော စိတ်ဝိညာဉ်စွမ်းအား လှိုင်းများ ရုတ်တရက် ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။

မြူခိုးမှော်ဂိုဏ်းမှ လူများ ထိုနေရာတွင်ပင် ချက်ချင်း မှင်တက်သွားကြသည်။ မကြာမီ ဧရာမ နတ်လှေကြီးတစ်စင်း လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

မြို့တော်တစ်ခုလုံးစာလောက် ကြီးမားလှသော နတ်လှေကြီးသည် နဂါးနက်မြို့တော်၏ ကောင်းကင်ယံထက်၌ ပျံဝဲနေ၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မြူခိုးမှော်ဂိုဏ်းမှ လူတိုင်း အံ့အားသင့် မှင်တက်သွားကြတော့သည်။

ဟန်ယွမ်ခိုင်ကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။

“နတ်... နတ်လှေ...”

သူ မယုံနိုင်အောင် ဖြစ်သွားသည်။ ဤအဆင့်နိမ့်ကမ္ဘာတွင် နတ်လှေတစ်စင်း ပေါ်လာခဲ့သတာလား။

နောက်ပြီး အလွန်ကြီးမားလှသော လှေတစ်စင်းလည်း ဖြစ်နေပါလား။

နတ်လှေတစ်ခုတည်းကို ကြည့်ရုံဖြင့် ၎င်း၏ ပိုင်ရှင်သည် အလွန်အင်အားကောင်းပြီး ထူးကဲသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားသည်မှာ ထင်ရှားသည်။ သူတို့၏ မူလ ကမ္ဘာတွင်ပင် ဤမျှခမ်းနားထည်ဝါသော နတ်လှေတစ်စင်းကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။

နတ်လှေကို မြင်ယုံနှင့်ပင် မြူခိုးမှော်ဂိုဏ်းမှ လူများ၏ နဂိုစိတ်အားထက်သန်မှုများ လျော့နည်းသွားခဲ့ပြီဖြစ်သည်။

ထိုအခိုက်တွင် စုဟန်ယန်သည်လည်း ကောင်းကင်မှ နတ်လှေကို ကြောင်ငေးကြည့်နေသည်။ သူမ၏ တပည့်က ဆွမ်ဧကရာဇ်နှင့် မဟာမိတ်ဖွဲ့ရန် အဘယ်ကြောင့် တိုက်တွန်းခဲ့သည်ကို သူမ ယခု နားလည်သွားပြီ ဖြစ်သည်။

ဤနတ်လှေကိုကြည့်ပြီး အကဲဖြတ်ရလျှင် သူမ၏ တပည့်၏ ခင်ပွန်းဆိုသူမှာ ဤကမ္ဘာကို အတွေ့အကြုံယူရန် ထွက်လာသော အင်အားကြီး အဖွဲ့အစည်းတစ်ခု၏ သားတော်တစ်ဦး ဖြစ်နိုင်သည်။

အခြားကမ္ဘာများက သူ၏ လေ့ကျင့်ရေးခရီးစဉ်အတွက် အလွန်အန္တရာယ်များသောကြောင့် ထိုသားတော်သည် ဤသို့သော အဆင့်နိမ့်ကမ္ဘာတစ်ခုကို ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။

တစ်ချိန်တည်းတွင် နဂါးနက်မြို့တော်သို့ အရှိန်ပြင်းစွာ ချဉ်းကပ်လာနေသော ကျန်းဟုန်ရယ်နှင့် လင်ဟူဂိုဏ်းမှ လူများသည်လည်း ဧရာမ နတ်လှေကြီးကို မြင်တွေ့လိုက်ကြသည်။

နတ်လှေကို မြင်သောအခါ သူတို့လည်း ဇဝေဇဝါ ဖြစ်သွားကြသည်။ အကြီးအကဲတစ်ဦးက

“ဒါက မိုးပျံလှေလား။ ဒါပေမဲ့ ဘာလို့ မိုးပျံလှေနဲ့ ပုံစံမတူတာလဲ”

ဟု တီးတိုးရေရွတ်လိုက်သည်။

အသိအမြင် ကြွယ်ဝသော ကျန်းဟုန်ရယ်က “မဟုတ်ဘူး။ဒါက မိုးပျံလှေ မဟုတ်ဘူး။ မိုးပျံလှေတွေမှာ ဒီလောက်များတဲ့ နည်းဗျူဟာ ပုံစံတွေ မပါဘူး။ ဒီလောက်ပြင်းထန်တဲ့ စိတ်ဝိညာဉ်စွမ်းအား လှိုင်းတွေလည်း မရှိဘူး။ ဒါက နတ်လှေပဲ။”

သူ၏ စကားဆုံးသည်နှင့် ကျန်းဟုန်ရယ်၏ စိတ်ထဲ ဗလာဖြစ်သွားသည်။

“နတ်လှေ...”

“ဒီအဆင့်နိမ့်ကမ္ဘာမှာ နတ်လှေတစ်စင်း ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။”

ခဏအကြာတွင် ကျန်းဟုန်ရယ် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။

“နတ်လှေတစ်စင်း ရှိနေမှတော့ ငါတို့ ဒီကမ္ဘာကနေ ထွက်သွားလို့ ရနိုင်တာပေါ့”

နောက်တစ်ခဏတွင် သူက လင်ဟူဂိုဏ်းမှ လူများကို အမိန့်ပေးလိုက်သည်။

“နဂါးနက်မြို့တော်ကို အမြန်သွားကြ။”

ထို့နောက်တွင် လင်ဟူဂိုဏ်းမှ လူများသည် သူတို့၏ အမြန်ဆုံးအရှိန်ဖြင့် နဂါးနက်မြို့တော်ဆီသို့ အရှိန်မြှင့်သွားလိုက်ကြသည်။

မကြာမီပင် သူတို့သည် နဂါးနက်မြို့တော် အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ မြူခိုးမှော်ဂိုဏ်းမှ လူများ လေထဲတွင် ပျံဝဲနေပြီး ရှေ့ဆက်တိုးရန် မဝံ့မရဲ ဖြစ်နေသည်ကို မြင်သောအခါ သူတို့လည်း ချီတက်မှုကို ရပ်တန့်လိုက်ကြသည်။

ဤအချိန်တွင် ဟန်ယွမ်ခိုင် သတိပြန်ဝင်လာသည်။ သူက ခပ်ဖွဖွ ရယ်မောလိုက်ပြီး

“ဂိုဏ်းချုပ်ကျန်း။ ကြည့်ရတာ ကျွန်တော်တို့နှစ်ယောက်လုံး ဂိုဏ်းချုပ်ကျိရဲ့ အရူးလုပ်တာ ခံလိုက်ရပုံပဲ။”

ဟန်ယွမ်ခိုင်၏ စကားကို ကြားသောအခါ ကျန်းဟုန်ရယ်က

“ဂိုဏ်းချုပ်ဟန်။ ခင်ဗျား ဘာကို ဆိုလိုတာလဲ”

ဟု နားမလည်စွာ မေးလိုက်သည်။

ဟန်ယွမ်ခိုင်က

“တန်ခိုးရှင် တစ်သောင်းဂိုဏ်းက အစကတည်းက ဆွမ်ဧကရာဇ်ရဲ့ အင်အားစုပဲ။ ပြီးတော့ ဒီဆွမ်ဧကရာဇ်က အဆင့်မြင့်ကျင့်စဉ်ကမ္ဘာက လာတာ။”

“ကောင်းကင်ပေါ်က နတ်လှေကိုပဲ

ကြည့်လေ။ ဒီလို နတ်လှေတစ်စင်းကို ပိုင်ဆိုင်တဲ့သူက အလွန်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမယ်ဆိုတာကိုတော့ ကျွန်တော် ရှင်းပြနေစရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။”

ဒါက...

ကျန်းဟုန်ရယ် နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ သူသည် အမှန်တကယ်တော့ ထျန်းချန်ကမ္ဘာမှ ထွက်ခွာရန် နတ်လှေကို သိမ်းပိုက်ဖို့ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ ယခု စဉ်းစားကြည့်မှ ဤမျှ ကြီးမားခမ်းနားသော နတ်လှေကို ပိုင်ဆိုင်သည့် ကျင့်ကြံသူတစ်ဦးသည် သာမန်လူတစ်ဦး မည်သို့ ဖြစ်နိုင်မည်နည်း။ သူတို့ ရင်ဆိုင်နိုင်မည့်သူတစ်ဦး မဟုတ်သည်မှာ သေချာသလောက် ရှိသည်။

ထိုသို့ဆိုလျှင် သူတို့၏ လက်ရှိအခြေအနေက အလွန်ဆိုးရွားနေသည် မဟုတ်ပါလား။

တန်ခိုးရှင် တစ်သောင်းဂိုဏ်းက သူတို့၏ ဆုတ်ခွာလမ်းကို ပိတ်ဆို့ထားပြီး သူတို့၏ ရှေ့တွင်မူ အင်အားမည်မျှ ရှိသည်ကို မသိနိုင်သော ကျင့်ကြံသူများ လိုက်ပါလာသည့် ဤဧရာမ နတ်လှေကြီး ရှိနေသည်။

လောလောဆယ်တွင် မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်း နှစ်ခုစလုံး မဆင်မခြင် မလှုပ်ရှားဝံ့ကြပေ။

အမှန်စင်စစ် ဤအခိုက်တွင် လုချန်း လုပ်ဆောင်ရန် လိုအပ်သည်မှာ လျှို့ဝှက်ဆန်းကြယ်သော အခန်းကဏ္ဍကို ဆက်လက် သရုပ်ဆောင်ရန်သာ ဖြစ်သည်။ ထိုသို့ပြုလုပ်ပါက မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းကို လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်မည့် အခွင့်အရေး အသေအချာ ရှိနေသည်။

သို့သော် ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက် လုချန်းတွင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ တကယ်လိုအပ်သည်မှာ သစ္စာစောင့်သိသော လက်အောက်ငယ်သားများ ဖြစ်သောကြောင့် ဖြစ်သည်။

လူတိုင်း လှုပ်ရှားရန် တုံ့ဆိုင်းနေစဉ် နတ်လှေကြီးသည် ဖြည်းညင်းစွာ အောက်သို့ ဆင်းသက်လာသည်။ ချက်ချင်းဆိုသလိုပင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး နတ်လှေ၏ ဦးပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။

All Chapters