← Chapters

သုတေသန

Vol. 95 Ch. 940

သုတေသန

Vol. 95 Ch. 940

ပထမဆုံးတိုက်ပွဲ ပြီးဆုံးသွားသည်နှင့် တပ်ပေါင်းစုသည် ချက်ချင်းပင်လမ်းကြောင်းပြောင်းပြီး ပင်လယ်ချောက်နက်၏ အနောက်ဘက်ရှိ ကျွန်းတကျွန်းဆီသို့ ခရီးဆက်ခဲ့၏။

ထိုကျွန်းကား ထာဝရကြည်လင်ကျွန်းပေတည်း။

ထာဝရကြည်လင်ကျွန်းသည် ပင်လယ်ချောက်နက်နှင့် အနီးဆုံးကျွန်းများထဲမှ တကျွန်းဖြစ်သည်။ ချောက်နက်နှင့် အလွန်နီးကပ်လွန်း၍ အန္တရာယ်ကြီးလှပေရာ ဤကျွန်းပေါ်တွင် မည်သူမျှ နေထိုင်ရဲခြင်း မရှိချေ။ အကြောင်းမှာ မတော်တဆ ကျွန်းဘေးမှ ဖြတ်သွားသည့် သားရဲမဟာဧကရာဇ်တကောင်သည်ပင်လျင် ဤကျွန်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သောကြောင့်ပေတည်း။

သို့သော် ယနေ့တွင်တော့ ထာဝရကြည်လင်ကျွန်းတွင် ပိုင်ရှင်တဦး ရောက်ရှိနေခဲ့လေပြီ။

လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက အချုပ်အနှောင်မဲ့ဂိုဏ်းသည် ဤကျွန်းသို့ တပည့်များကို စတင်စေလွှတ်ခဲ့၏။ စစ်ဆင်ရေးမစမီ လတချို့ကတည်းက

ကျန်တပည့်အများအပြားကိုလည်း စုချန်းက ဤကျွန်းသို့ ကြိုတင်ပို့ဆောင်ထားခဲ့လေသည်။

လက်ရှိအချိန်တွင်တော့ ကျွန်းပေါ်ရှိ မြေယာများသည် ထွန်ယက်စိုက်ပျိုးရန် အသင့်ဖြစ်နေပြီး များပြားလှသော အရင်းအမြစ်များကိုပင် စတင်စိုက်ပျိုးလျက်ရှိလေပြီ။

ပုံရိပ်တထောင်ကျွန်း၊ နက်ပ်ကျွန်းခံတပ်နှင့် ရေအလျင်နိုင်ငံတို့အကြားတွင် ဆက်သွယ်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးကို လွယ်ကူချောမွေ့စေရန် ပျံသန်းရေးကွန်ရက်တခုကိုလည်း တပ်ဆင်ထားသေး၏။ ပျံသန်းရေးကွန်ယက်ို တပ်ဆင်သူများမှာ တခြားမဟုတ်။ ကုမျိုးနွယ်များပင် ဖြစ်ကြသည်။

မှန်ပါသည်။ ကုမျိုးနွယ်တို့သည် ၎င်းတို့၏ ပျံသန်းရေးကွန်ရက်လုပ်ငန်းကို ဤနေရာအထိ တိုးချဲ့ခဲ့ကြ၏။ သို့သော် စိတ်ကူးစိတ်သန်းကတော့ စုချန်း၏ စိတ်ကူးစိတ်သန်းဖြစ်နေမည်မှာ မေးခွန်းထုတ်နေစရာပင် မလိုတော့ချေ။

မည်သို့ဆိုစေ အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် ဤဒေသတွင် အချိန်အတော်ကြာ နေထိုင်ကြရမည်ဖြစ်၍ ရေရှည်တွင် အထောက်အပံ့များစွာ လိုအပ်လာပေလိမ့်မည်။ ကုမျိုးနွယ်စုအနေနှင့်လည်း ဤနေရာတွင် ပျံသန်းရေးကွန်ရက်ကို တပ်ဆင်ပေးခြင်းဖြင့် စုချန်ကို ထောက်ခံကြောင်း ပြသလိုက်သည့်သဘောပင် ဖြစ်သည်။ ဤအတွက်လည်း ကုမျိုးနွယ်စုအနေနှင့် အကျိုးမယုတ်။ အမြတ်အစွန်းအတော်များများကို သပိတ်ဝင်အိတ်ဝင် ရရှိခဲ့ကြ၏။

စစ်ရေယာဉ်အုပ်စု ကျွန်းသို့ရောက်ချိန်တွင် ဆိပ်ခံတံတား၌ ကြိုဆိုနှုတ်ဆက်ရန် စောင့်နေသူများနှင့် ပြည့်နှက်နေခဲ့လေပြီ။

တံတားပေါ်ခြေချမိသည်နှင့် ကုချိန်းလွှာသည် ချက်ချင်းပင် လူတဦး၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်၏။

“ဖေဖေ"

ထိုသူမှာကား ကုချွန်းမြန်ပင် ဖြစ်သည်။

ကုချွန်းမြန်အဖို့ ဟာလာဟင်းလင်းတောင် ပြင်ပတွင် သူ့သမီးကို နောက်တစ်ကြိမ် မြင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်ခဲ့သည် မဟုတ်။ ယခုတော့ သူ မမျှော်လင့်ရဲသော အံ့ချီးဖွယ်ဖြစ်ရပ်မှာ တကယ်ပင် ဖြစ်ပွားလာခဲ့လေပြီ။

သူသည် သမီးဖြစ်သူကို တင်းတင်းကျပ်ကျပ်ပင် ပွေ့ဖက်ရင်း တုန်ယင်သောအသံနှင့် အောက်ပါအတိုင်း ရေရွတ်နေ၏။

“ဝမ်းသာလိုက်တာ ဖေဖေ ဝမ်းသာလိုက်တာသမီးရယ်"

ထို့နောက် သူက အရေးပါသော ပုဂ္ဂိုလ်များကို ရေတပ်အုပ်စုမှ ခေါင်းဆောင်များနှင့် မိတ်ဆက်ပေးလိုက်၏။ သို့သော် ထိုအချိန်ထ်ိ စုချန်းကို မတွေ့ရလေရာ ကုချွန်းမြန် အံ့သြသွား၏။

“ဒါနဲ့ စုချန်းရော ဘယ်မှာလဲ"

ကုချိန်းလွှာက ပြန်ဖြေလိုက်လေသည်။

“သူက သုတေသန စလုပ်နေပြီဖေဖေ”

အချုပ်အနှောင်မဲဂိုဏ်း ရေပေါ်နန်းတော်၏ အလယ်ဗဟိုတွင် စုချန်းအတွက် အကြီးစား သုတေသနစခန်းတခု တည်ဆောက်ထား၏။

အထက်ပါအတိုင်း ကုချွန်းမြန်က ကုချိန်းလွှာကို မေးမြန်းနေချိန်ဝယ် စုချန်းမှာ ခုံတခုံတွင် ထိုင်လျက် အတွေးနယ်ချဲ့လျက်ရှိသည်။ သူနှင့်မလှမ်းမကမ်းတွင် သံခွံနဂါး စန့်စန့်ကြီး လဲနေ၏။ ကျေးဇူးတင်စရာကောင်းသည်ကား သံခွံနဂါး၏ အရွယ်အစားမှာ အတော်လေးသေးငယ်၍ စုချန်းက ၎င်းကို သုတေသနစခန်းထဲတွင် နေရာချထားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

တကယ်တော့ သူ့ မူလအစီအစဉ်မှာ နတ်ဆိုးမဟာဧကရာဇ်တကောင်ကို အိုမင်းရင့်ရော်စေပြီး ချောက်နက်ပြင်ပသို့ ထွက်ခွာလာစေပြီးမှ ကျုံးသွင်းဖမ်းဆီးရန် ဖြစ်သည်။

သို့သော် သံခွံနဂါးကိုမြင်ပြီးနောက် စုချန်း စိတ်ပြောင်းသွား၏။ ယေဘုယျအားဖြင့် သံခွံနဂါးသည် သားရဲမဟာဧကရာဇ်တကောင်ထက်ပင် ပို၍ သင့်တော်သော ပစ်မှတ်ဖြစ်နေ၏။ ၎င်းသည် အားနည်း၍ ကိုင်တွယ်ရ ပိုမိုလွယ်ကူပြီး အဆင့်အရကြည့်ပြန်လျင် သားရဲမဟာဧကရာဇ်အဆင့်သို့ တက်လှမ်းတော့မည့် အခြေအနေမျိုးဖြစ်သည်။ နတ်ဆိုးဧကရာဇ်သားရဲတကောင်ကို သားရဲမဟာဧကရာဇ်အဖြစ်သို့ ပြောင်းလဲခြင်းသည် ငယ်ရွယ်သော သားရဲမဟာဧကရာဇ်တကောင်ကို အိုမင်းရင့်ရော်စေခြင်းထက် ပို၍လွယ်ကူမည်မှာ သေချာနေ၏။ ဤနည်းအားဖြင့် စုချန်းအတွက် အရင်းအမြစ်တချို့ကိုလည်း ချွေတာရာရောက်သွားပေလိမ့်မည်။

အတန်ကြာအောင် ပြင်ဆင်ပြီးနောက် စုချန်း၏ လက်ထဲတွင် စီးဆင်းရွှေဓား စတင်ထွက်ပေါ်လာ၏။ လက်ရှိအချိန်တွင် စီးဆင်းရွှေဓါးသည် အဖိုးတန်ပစ္စည်းအမြောက်အများကို စုပ်ယူပြီးနောက် တန်ခိုးစွမ်းအင်အရ နတ်ဘုရားလက်နက်အဆင့်သို့ပင် ရောက်လုနေခဲ့ပေပြီ။ သံခွံနဂါး၏ မာကျောလှသော အကြေးခွံသည်ပင် ထိုဓါး၏ ခုတ်ထစ်မှုအောက်တွင် ထောပတ်ကဲ့သို့ နူးညံ့နေ၏။

ဓါးသည် သံခွံနဂါး၏ မာကျောသောအကြေးခွံကို ဖြတ်တောက်ပြီး အသားထဲသို့ တိုးဝင်သွားရာ အပြင်ပန်းမှကြည့်လျင် မျဥ်းကြောင်းတခုသဖွယ်သာ မှတ်ထင်ရ၏။ အနာမှာ လုံးဝပြဲထွက်သွားခြင်းမရှိချေ။

သံခွံနဂါးသည် ဒေါသတကြီးနှင့် အော်ဟစ်ရုန်းကန်နေပြီး အားကောင်းသော စွမ်းအင်လှိုင်းများကို စတင်ထုတ်လွှတ်စပြုလာ၏။

သို့သော် ၎င်း မည်မျှပင် အစွမ်းထက်စေကာမူ မူလပုံစံကွက်၏ ထိန်းချုပ်မှုအောက်တွင် ယုန်တကောင်ထက်ပို၍ အန္တရာယ်ပြုနိုင်ဖွယ် မရှ်ိချေ။ ဤမူလပုံစံကွက်သည် အထူးတလည် အထင်ကြီးစရာ မရှိသော်လည်း စွမ်းအားအရင်းအမြစ်ကတော့ အတော်လေး ထူးဆန်းနေ၏။ အကြောင်းမှာ အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များက ဤပုံစံကွက်အား အလှည့်ကျ စွမ်းအင်ဖြည့်တင်းပေးနေကြသောကြောင့်ပင်။ ထို့ကြောင့် ပုံစံကွက်၏ စွမ်းအင်အရင်းအမြစ်သည် ဘယ်သောအခါမှ ကုန်ခန်းမသွားနိုင်ဟု ဆိုသော် ရ၏။

စုချန်းသည် သံခွံနဂါး၏ ကိုယ်ခန္ဓာကိုအဆက်မပြတ်ပင် ထိုးခွဲနေပြီး ပရမတ်မျက်လုံးများဖြင့် အနီးကပ်ကြည့်ရှုစစ်ဆေးနေ၏။ တစ်ခါတစ်ရံတွင် သူ့ပါးစပ်မှ တီးတိုးရေရွတ်သံတချို့ ထွက်ပေါ်လာတတ်သည်။

သူ့ဘေးနားတွင်လည်း သံမဏိက သူ့လက်ထောက်အဖြစ် ရှိနေဆဲပင် ဖြစ်သည်။ လူတိုင်းက ညဏ်ရည်နိမ့်သည်ဟု သတ်မှတ်ခဲ့ကြသော အနှီတောင်ရိုးကမ်းပါးအနွယ်အဝင်သည် ယခုအချိန်တွင် အချုပ်အနှောင်မဲ့ဂိုဏ်းတဂိုဏ်းလုံးတွင် စုချန်ပြီးလျှင် ဒုတိယ အသိပညာအကြွယ်ဝဆုံးသူ တဦး ဖြစ်နှင့်နေခဲ့လေပြီ။

သံခွံနဂါးကို ခွဲစိတ်ပြီးသည်နှင့် စုချန်းက ၎င်း၏သွေးကို ဂရုတစိုက် သိမ်းဆည်းထားလိုက်၏။

စုချန်း၏ ပါးစပ်မှလည်း အောက်ပါအတိုင်း ရေရွတ်လိုက်သည်။

“အင်း...မျှော်လင့်ထားတဲ့အတိုင်းပဲ…”

“ဘာများလဲသခင်... ထူးခြားတဲ့ မူလပစ္စည်းတမျိုးကို တွေ့သလား”

သံမဏ်ိက မေးလိုက်၏။

“ဟုတ်တယ်”

စုချန်းက ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေမဲ့ တစ်မျိုးတည်းတော့ မဟုတ်ဘူး သုံးမျိုး”

စုချန်းအနေနှင့် မစမ်းသပ်မီကတည်းက နက်ရှိိုင်းပင်လယ်ဝမ်းနည်းမှု၏ လုပ်ဆောင်ချက်သည် မူလပစ္စည်းများဖြင့်သာ လည်ပတ်နေရမည်ဟု သံသယရှိထားပြီးဖြစ်သည်။ အကြောင်းမှာ မူလပစ္စည်းဟူသည် ရှေးပဝေသဏီကတည်းက မူလကမ္ဘာကြီးပေါ်ရှိ စွမ်းအင်အားလုံး၏ ရင်းမြစ်၊ တနည်းအားဖြင့် အတွင်းပိုင်း အနှစ်သာရ ဖြစ်နေသောကြောင့်ပင်။

ယခု လက်တွေ့စမ်းသပ်ချက်များကတော့ သူ၏သံသယကို အတည်ပြုရုံသာ။

ပင်လယ်ချောက်နက်ရှိ သားရဲများအားလုံးတွင် တူညီသော မူလပစ္စည်းများ ရှိနေနိုင်သည်ဟု စုချန်း ကြိုတင်ခန့်မှန်းခဲ့၏။ သို့သော် ယခုတော့ သားရဲများတွင် မူလပစ္စည်း တမျိုးတည်းမဟုတ်ပဲ သုံးမျိုးအထိ တွေ့ရှိနေရသည်ကတော့ မယုံနိုင်စရာပင်။

ထို့ကြောင့် စုချန်းပင် အတော်လေး အံ့အားသင့်သွားရ၏။

ကောနီဂါသည် မူလပစ္စည်းများစွာကို ပြိုင်တူ မည်သို့ ထုတ်ယူအသုံးပြုနိုင်ခဲ့လေသနည်း။

သို့သော် စေ့စေ့စပ်စပ် တွေးကြည့်လျင် သတ္တဝါတကောင်၏ ကိုယ်ထဲတွင် အမျိုးအစားမတူသည့် မူလပစ္စည်းများ တွေ့ရသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ အာကင်နာများသည် မွေးကတည်းက ပရမတ်မျက်လုံးများကို ပိုင်ဆိုင်ကြ၏။ ထို့ကြောင့် ၎င်းတို့အတွက် မူလပစ္စည်းများကို ရှာဖွေတွေ့ရှိခြင်းမှာ ဓမ္မတာသာ။

တကယ်တမ်းတွင် ရှေးအတီတေဆီမှ ပျောက်ဆုံးသွားခဲ့သော တီထွင်မှုများစွာသည်လည်း မူလပစ္စည်းများနှင့် တနည်းမဟုတ် တနည်း ဆက်စပ်မှုများ ရှိနေတတ်ကြ၏။

သို့သော် မူလပစ္စည်းသုံးမျိုးကို ပေါင်းစည်းရန်မှာကား လွယ်ကူသော အလုပ်မဟုတ်။ ဤတချက်ကိိုကြည့်သည်နှင့် ကောနီဂါသည် လျှော့တွက်သင့်သူမဟုတ်မှန်း မြင်သာနေ၏။အကယ်၍ အာကင်နာနိုင်ငံတော်ကြီးသာ ပြိုလဲမသွားခဲ့လျင် သူသည်လည်း နာမည်ကြီး အာကင်နာပညာရှင်တဦး ဖြစ်လာနိုင်ချေရှိနေ၏။

“ကဲ ဓာတ်ကူပစ္စည်း စပေးကြမယ်”

စုချန်းက သူ၏လက်ထဲမှ သွေးပုလင်းကို ချထားရင်း ပြောလိုက်၏။

စီမံကိန်းအရ မူလပစ္စည်းများ၏ တည်ရှိမှုကို အတည်ပြုခြင်းမှာ အစမျှသာ ရှိသေးသည်။ ထို့နောက်တွင်မှ စုချန်းအနေနှင့် ၎င်းတို့၏ အသုံးပြုပုံကို ရှာဖွေရပေလိမ့်မည်။ ထိုမှတဖန် ၎င်းတို့၏ အသွင်ကူးပြောင်းမှုနောက်ကွယ်မှ နိယာမများကို ဆက်လက်ဖော်ထုတ်ရပေလိမ့်မည်။

ဤနေရာတွင် ထပ်မံအတည်ပြုရန် လိုအပ်နေသေးသည့် အရေးကြီးအချက်တချက် ရှိနေသေး၏။

တကယ်တော့ နတ်ဆိုးဧကရာဇ်သားရဲများနှင့် နတ်ဆိုးမဟာဧကရာဇ်သားရဲများသည် ကျင့်ကြံခြင်းအလွှာ သို့မဟုတ် အဆင့်အတန်းအရ အတူတူပင် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုလျင် သားရဲမဟာဧကရာဇ်များသည် နတ်ဆိုးဧကရာဇ်များသာဖြစ်ကြ၏။ သို့သော် ၎င်းတို့သည် အင်အားအရနှိုင်းယှဥ်လျင် တခြားနတ်ဆိုးဧကရာဇ်များထက် ပို၍ အင်အားကြီးမားနေတတ်၏။ အကျိုးဆက်မှာ ၎င်းတို့သည် သာမာန် နတ်ဆိုးဧကရာဇ်သားရဲများထက် ပို၍ အာဏာကြီးမားနေကြခြင်းပင်။ တစ်နည်းအားဖြင့် ၎င်းတို့ကို ဧကရာဇ်များ၏ ဧကရာဇ်ဟု သတ်မှတ်နိုင်ပေသည်။

ထို့ကြောင့် သားရဲမဟာဧကရာဇ်ဟူသောဘွဲ့သည် ကျင့်ကြံခြင်းနယ်ပယ်ကို ညွှန်းဆိုနေခြင်း မဟုတ်။ ထို့ကြောင့် ၎င်းတို့အကြားတွင် သိသာထင်ရှားသော အသွင်ကူးပြောင်းမှုဟူ၍ အတိအကျရှိနိုင်ရန်မှာ ခက်လှ၏။

သို့သော် ဤအချက်ကပင် နောက်ထပ်မေးခွန်းတခုကို ပေါ်ပေါက်လာစေ၏။

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုသည် နတ်ဆိုးဧကရာဇ်များနှင့် မဟာဧကရာဇ်များအကြား ကွဲပြားခြားနားချက်ကို မည်သို့ ခွဲခြားနိုင်စွမ်းရှိနေသနည်း။

သက်မဲ့အရာဝတ္ထုတခုက ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်သည်ဆိုလျှင် ၎င်းတွင် တိကျသော စည်းမျဉ်းတချို့ ရှိနေမည်မှာ သေချာနေ၏။

သမိုင်းကြောင်းကိုပြန်ကြည့်လျင်လည်း သေခါနီး သားရဲမဟာဧကရာဇ်များသာလျင် ပင်လယ်လူသားမျိုးစိတ်များကို လာရောက်တိုက်ခိုက်တတ်ကြသည်။ ပင်လယ်လူသားများအနေနှင့်လည်း သူတို့ကိုလာရောက်တိုက်ခိုက်လေ့ရှိသည့်သားရဲတိုင်းသည် သူတို့မျိုးစိတ်၏ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများနှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်ဟူသော အချက်အပေါ် အခြေခံ၍ ထိုသားရဲများ၏ အဆင့်အတန်းကို အလွယ်တကူ ကောက်ချက်ချနိုင်ခဲ့ကြခြင်းသာ ဖြစ်သည်။

သို့သော် သက်မဲ့အရာများသည် ဤကဲ့သို့သော ခွဲခြမ်းစိတ်ဖြာမှုမျိုးကို ပြုလုပ်နိုင်စွမ်းမရှိ။ သို့ဆိုလျင် ၎င်း၏ စံသတ်မှတ်ချက်က အဘယ်နည်း။

သားရဲမဟာဧကရာဇ်များ၏ အသက်အရွယ်ကို ၎င်းက မည်သို့ ဆုံးဖြတ်နိုင်ရသနည်း။

ဤအချက်မှာ စုချန်း ပထမဆုံး ဖော်ထုတ်ရမည့်အချက်ပင် ဖြစ်သည်။

အကယ်၍ သူသာ ဤနိယာမကို ရှာဖွေဖော်ထုတ်နိုင်ခဲ့လျင် အနာဂတ်တွင် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ အမိန့်များကို ဝင်ရောက်စွက်ဖက်လာနိုင်ပေလိမ့်မည်။ ဥပမာအားဖြင့် သူသည် ပင်လယ်ချောက်နက်ရှိ သားရဲများကို သြဇာလွှမ်းမိုးနိုင်သည့် ပစ္စည်းတမျိုးမျိုးကို ထုတ်လွှတ်ပြီး နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ မှတ်ညဏ်ထဲတွင် ပင်လယ်သားရဲအားလုံးကို ငယ်ရွယ်သောသားရဲမဟာဧကရာဇ်များဟု ထင်မြင်စေခဲ့မည်ဆိုလျှင် ပင်လယ်သားရဲများအားလုံး ချောက်နက်ထဲမှာပင် ထာဝရပိတ်မိနေတော့မည် ဖြစ်သည်။

ဤသည်မှာလည်း စုချန်း၏တာဝန်ကို အောင်မြင်စေမည့် နည်းလမ်းတမျိုး ဖြစ်ကောင်းဖြစ်လာနိုင်၏။

စုချန်း၏ အမိန့်ထွက်ပေါ်လာသည်နှင့် သံမဏိသည် ပုလင်းတစ်လုံးကို ထုတ်ယူကာ အနီရောင်ဆေးလုံး အမြောက်အမြားကို သွန်ချပြီး သံခွံနဂါး၏ ကိုယ်ထဲသို့ ထိုးသွင်းလိုက်၏။

အနီရောင်ဆေးလုံးများ ပျော်ဝင်စပြုငည်နှင့် သံခွံနဂါးမှာ ဒေါသတကြီးနှင့်ဘအော်ဟစ်စပြုလာ၏။ သူ့ခန္ဓာကိုယ်မှလည်း အားကောင်းသော စွမ်းအင်လှိုင်းများ စတင်ထွက်ပေါ်လာ၏။ သို့သော်အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များက ၎င်းကို အောင်အောင်မြင်မြင်ပင် ဖိနှိပ်ထားနိုင်ခဲ့လေသည်။

ကြည့်နေရင်းနှင့်ပင် သံခွံနဂါး၏ ကိုယ်ခန္ဓာသည် စတင်ပြောင်းလဲစပြုလာ၏။ ၎င်းထံမှ ထွက်ပေါ်နေသည့်သွေးများသည် စွမ်းအားအရှိန်အဝါတခုကို ထုတ်လွှတ်လာပြီး ပတ်ဝန်းကျင်ရှိ လေထုမှာလည်း သိသိသာသာ လှုပ်ရှားလာသည်။ ထူးဆန်းသော မူလစွမ်းအင်စီးဆင်းမှုများ သုတေသနစခန်းအတွင်း၌ စတင်ပေါ်ပေါက်နေခဲ့လေပြီ။

စုချန်းသည် မြင်တွေ့နေရသည့်ပြောင်းလဲမှုများကို လားလားမျှ အံ့သြပုံမရ။ သူက အောက်ပါအတိုင်းပင် အမိန့်ပေးလိုက်သေး၏။

“မူလပုံစံကွက်ရဲ့ စွမ်းအားကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့ချလိုက်"

သဘောမှာ မူလပုံစံကွက်၏ စွမ်းအားကို လျှော့ချပြီး ပိုလျှံနေသော စွမ်းအင်များကို ကြီးထွားမှုဖြစ်စဥ်တွင် အကူအညီပေးရန် ပြောင်းလဲအသုံးချလိုက်သည့်သဘောပင်။

တကယ်လည်း သံခွံနဂါး၏ နတ်ဆိုးဧကရာဇ်မှသည် နတ်ဆိုးမဟာဧကရာဇ်အဖြစ်သို့ ကြီးထွားမှုဖြစ်စဥ် စတင်နေခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် စုချန်းသည် ပရမတ်မျက်လုံးကို အမြင့်ဆုံးအနေအထားထိ နှိုးဆွပြီး သံခွံနဂါး၏ ကြီးထွားဖြစ်စဥ်ကို ဂရုတစ်ိုက်ပင် လေ့လာနေ၏။

တဆက်တည်းမှာပင် အခြေအနေကို ပို၍အသေးစိတ် လေ့လာနိုင်ရန် သူက သံခွံနဂါးကို ဓားဖြင့် ခွဲချနေသေး၏။

ဆေးနီလုံးများ၏ လှုံ့ဆော်မှုကြောင့် သံခွံနဂါး၏သွေးများ ပွက်ပွက်ဆူနေပြီး သွေးအသစ်များ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာနေ၏။

ထို့နောက်တွင်တော့ သံခွံနဂါး၏ အငွေ့အသက် ရုတ်တရက် ပြောင်းလဲသွားသည်ကို စုချန် တွေ့လိုက်ရသည်။

ထိုအငွေ့အသက်မှာ ယခင်နှင့်မတူပဲ များစွာ ကွဲပြားခြားနားနေ၏။

All Chapters