← Chapters

အခန်း (၆၄၁)

Vol. 43 Ch. 641

အခန်း (၆၄၁)

Vol. 43 Ch. 641

သိုင်းဘိုးဘေးက မိစ္ဆာနတ်ဘုရားများကို သတ်ဖြတ်ရန် မည်သည့်အားထုတ်မှုမှ လိုမည်မဟုတ်ပေ။ ထိုအရာကို ဟင်းလင်းပြင်သားတော်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ စွမ်းအားကို အသုံးပြုခြင်းဖြင့် ရရှိနိုင်လေသည်။

ထို့ကြောင့် မိစ္ဆာနတ်ဘုရားများက သိုင်းဘိုးဘေး၏ အဆင့်ကို အတိအကျသိရန် နည်းလမ်းမရှိခဲ့ပေ။ သိုင်းဘိုးဘေး၏ စစ်မှန်သော စွမ်းအားကို ဟင်းလင်းပြင်သားတော်သာ သေချာပြောနိုင်မည်ဖြစ်သည်။

" ဒါက..." ဟင်းလင်းပြင်သားတော်က သိုင်းဘိုးဘေးကို အနီးကပ်လေ့လာနေသည်။

" အဆင့်တစ်ဆယ် တည်ရှိမှုတွေ ချန်ခဲ့တဲ့ ရတနာတွေရဲ့ အော်ရာမျိုးမရှိဘူး။ " ဟင်းလင်းပြင်သားတော်က တွေးလိုက်သည်။

အမှန်တကယ် ထိုအချိန်လေဟာနယ်လှိုင်းကို ခံစားမိသည်နှင့် သိုင်းဘိုးဘေးက အဆင့်တစ်ဆယ် တည်ရှိမှု ချန်ခဲ့သော ရတနာများကို ပိုင်ဆိုင်ခြင်းထက် သိုင်းဘိုးဘေးက အဆင့်တစ်ဆယ် ဖြစ်နိုင်ခြေ ပိုများသည်ကို ဟင်းလင်းပြင်သားတော်က ခန့်မှန်းခဲ့သည်။

ယခုအချိန်တွင် အဆုံးမဲ့ဟင်းလင်းပြင်တွင် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ဖန်တီးသူသာ တစ်ယောက်တည်းသော အဆင့်တစ်ဆယ် တည်ရှိမှုဖြစ်လေသည်။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အုပ်ချုပ်သူအသစ်ဖြစ်သော ဟင်းလင်းပြင်သားတော်က ဖန်တီးသူက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေနှင့် ယှဉ်နိုင်သော အခြားရတနာတစ်ခုကို ချန်ထားခဲ့သည်ဟု မယုံကြည်ပေ။

" ကျုပ် သိုင်းဘိုးဘေးကို ဂါရဝပြုပါတယ်။ " ဟင်းလင်းပြင်သားတော်က လင်းယွမ်ကို အနည်းငယ် အရိုအသေပေးလိုက်သည်။

အဆင့်တစ်ဆယ် ချန်ထားခဲ့သော ရတနာ၏ အော်ရာမရှိသောကြောင့် အစောပိုင်း ထွက်ပေါ်လာသော အချိန်လေဟာနယ်စွမ်းအားများက လင်းယွမ်၏ ကိုယ်ပိုင်စွမ်းအားဖြစ်သည်ကို ဖော်ပြနေသည်။

ဆိုလိုသည်မှာ သိုင်းဘိုးဘေးက အဆင့်တစ်ဆယ် တည်ရှိမှုဖြစ်လေသည်။ ထိုသို့သော တည်ရှိမှုက ဟင်းလင်းပြင်သားတော်၏ အရိုအသေပေးမှုနှင့် ထိုက်တန်လေသည်။

" ကျုပ်တို့ အားလုံး သိုင်းဘိုးဘေးကို ဂါရဝပြုပါတယ်။ "

" ကျုပ်တို့ အားလုံး သိုင်းဘိုးဘေးကို ဂါရဝပြုပါတယ်။ "

" ကျုပ်တို့ အားလုံး သိုင်းဘိုးဘေးကို ဂါရဝပြုပါတယ်။ "

၎င်းကို မြင်လျှင် အခြားမိစ္ဆာနတ်ဘုရားများအားလုံးကလည်း လင်းယွမ်ကို ဂါရဝပြုလိုက်ကြသည်။

" အင်း " လင်းယွမ်က မိစ္ဆာနတ်ဘုရားများအားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။

အကြွင်းမဲ့ခွန်အား၏ ရှေ့တွင် မည်သည့်လှည့်ကွက်မှ အသုံးမဝင်ပေ။ ထို့ကြောင့် မိစ္ဆာနတ်ဘုရားများ၏ အညံ့ခံမှုက လင်းယွမ် မျှော်လင့်ထားသည့်အတိုင်းဖြစ်သည်။ သို့သော် သူတို့က အညံ့မခံခဲ့လျှင်တောင် လင်းယွမ်အတွက် သက်ရောက်မှုမရှိဘဲ သူတို့ကို ရှင်းလင်းပစ်ရုံသာဖြစ်သည်။

" သိုင်းဘိုးဘေးက သိုင်းတာအိုကို ဖြန့်ကျက်ချင်တယ်ကြားလို့ ကျုပ်တို့ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ " ဟင်းလင်းပြင်သားတော်က သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း ပြောလိုက်သည်။

ထိုက်ယင်အရှင်သခင်က သိုင်းဘိုးဘေး စေလွှတ်ထားသူဖြစ်သောကြောင့် သိုင်းတာအိုဖြန့်ဝေမှုက သိုင်းဘိုးဘေးမှ စတင်ခြင်းဖြစ်ပေလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးတွင် ဟင်းလင်းပြင်သားတော်က သူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြခြင်းက သဘာဝကျလေသည်။

ထိုသို့ဖြစ်လျှင်တောင် သိုင်းတာအိုဖြန့်ဝေခြင်းက မိစ္ဆာနတ်ဘုရားများ၏ အစားအစာများဖြစ်သော ကမ္ဘာများအတွင်းမှ သက်ရှိများကို ပိုမိုသန်မာစေပြီး အနာဂတ်တွင် မိစ္ဆာနတ်ဘုရားများကို ယှဉ်ပြိုင်နိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်လာနိုင်သည်။

သို့သော် ဟင်းလင်းပြင်သားတော်၏ စိတ်ထဲတွင် ပို၍ သေချာသည်မှာ သူတို့သာ သိုင်းတာအိုဖြန့်ဝေမှုကို တားဆီးခဲ့လျှင် သိုင်းဘိုးဘေး၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

ဟင်းလင်းပြင်သားတော်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ စွမ်းအားကို အသုံးပြု၍ လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးတွင် ပုန်းအောင်းပြီး လွတ်မြောက်နိုင်သော်လည်း အခြားမိစ္ဆာနတ်ဘုရားများအတွက်မူ မသေချာပေ။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အပြင်ဘက်ရှိ အဆုံးမဲ့ဟင်းလင်းပြင်က သိုင်းတာအိုကျင့်ကြံသူများ၏ နယ်မြေဖြစ်လာပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အစိတ်အပိုင်း အများအပြားပင် သိုင်းဘိုးဘေးက သိမ်းပိုက်ပေလိမ့်မည်။

ထို့ကြောင့် ဟင်းလင်းပြင်သားတော်က သိုင်းဘိုးဘေးနှင့် ပူးပေါင်းရန် ရိုးရှင်းစွာ ရွေးချယ်ခဲ့သည်။ အကြောင်းမှာ အဆိုးဆုံးရလဒ်ပင် သိုင်းဘိုးဘေးကို ဆန့်ကျင်ခြင်းထက် ပိုကောင်းလေသည်။

" သိုင်းတာအိုကို ဖြန့်ဝေဖို့အတွက် အဆုံးမဲ့ဟင်းလင်းပြင်နဲ့ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအတွင်းက နယ်မြေတစ်ဝက်ကို ပေးရင် လုံလောက်တယ်။ " လင်းယွမ်က သူ၏ တောင်းဆိုချက်ကို ဖြည်းညင်းစွာ ပြောလိုက်သည်။

အမှန်တော့ လင်းယွမ်၏ ခွန်အားဖြင့် အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုလုံးကို သိမ်းပိုက်ခဲ့လျှင်တောင် ဟင်းလင်းပြင်သားတော်နှင့် မိစ္ဆာနတ်ဘုရားများက ဆန့်ကျင်ရဲမည်မဟုတ်ပေ။ သို့သော် ထိုသို့ပြုလုပ်ခြင်းက သိုင်းတာအို၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးမရှိပေ။

မိစ္ဆာနတ်ဘုရားများ၏ ဖိနှိပ်မှုသာမရှိလျှင် အဆုံးမဲ့ဟင်းလင်းပြင်ရှိ ကမ္ဘာများအတွင်းရှိ သိုင်းတာအိုကျင့်ကြံသူများအတွက် ဖိအားနည်းသွားမည်ဖြစ်ပြီး အဆင့်မြင့် သိုင်းတာအိုကျင့်ကြံသူများ ထွက်ပေါ်လာနိုင်သည့် အခွင့်အလမ်း လျော့နည်းသွားမည်ဖြစ်သည်။

လူတိုင်းက လင်းယွမ်ကဲ့သို့ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ကြခြင်းမဟုတ်ဘဲ ရိုးရှင်းသော တံခါးပိတ်ကျင့်ကြံရုံဖြင့် အဆင့်တက်နိုင်မည်မဟုတ်ပေ။

သိုင်းတာအိုကျင့်ကြံသူအများစုက သူတို့၏ ဘဝတစ်လျှောက်လုံးတွင် အချုပ်အနှောင်များနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး ပြင်ပလှုံ့ဆော်မှု မရှိဘဲ နောက်အဆင့်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

သို့သော် လင်းယွမ်၏ ထိုလုပ်ရပ်က သိုင်းတာအိုကျင့်ကြံသူများ၏ သေဆုံးမှုကို တိုးလာစေနိုင်ပြီး မိစ္ဆာနတ်ဘုရားများကို တိုက်ခိုက်ရာတွင် မရေတွက်နိုင်သော သိုင်းတာအိုကျင့်ကြံသူများ ပျက်စီးဆုံးရှုံးစေမည်ဖြစ်သည်။

သို့သော် လင်းယွမ်က ကာကွယ်သူတစ်ယောက်လား။ အစားအစာအဖြစ် သတ်မှတ်ထားသော သက်ရှိအားလုံးအတွက် အဆုံးမဲ့ဟင်းလင်းပြင်နယ်မြေ တစ်ဝက်ကို တိုက်ခိုက်ပေးပြီး သူတို့ ဘေးကင်းရေးအတွက် တာဝန်ယူပေးရဦးမှာလား။

အစမှအဆုံးထိ လင်းယွမ်အတွက် ပန်းတိုင်တစ်ခုသာ ရှိလေသည်။ ၎င်းက သိုင်းတာအိုကို ဖြန့်ဝေရန် သက်ရှိများ သိုင်းတာအိုကိုကျင့်ကြံပြီး အဆင့်မြင့် သိုင်းတာအိုကျင့်ကြံသူများကို မွေးထုတ်ပေးရန် ဖြစ်သည်။ နောက်ဆုံးအချက်က ပထမအချက်ထက် ပိုအရေးပါလေသည်။

လင်းယွမ်၏ စိတ်ထဲတွင် ပဉ္စမအလွှာ သို့မဟုတ် ဆဋ္ဌမအလွှာ သိုင်းတာအိုကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာနိုင်သရွေ့ စတုတ္ထအလွှာ သိုင်းတာအိုကျင့်ကြံသူ တစ်သိန်း သို့မဟုတ် တစ်သန်းသေဆုံးခြင်းထက် ပိုတန်ဖိုးရှိလေသည်။

အဆုံးမဲ့ဟင်းလင်းပြင်ရှိ မိစ္ဆာနတ်ဘုရားများက သိုင်းတာအိုကို မကျင့်ကြံနိုင်သော်လည်း လင်းယွမ်က မိစ္ဆာနတ်ဘုရားများကို ခိုလှုံခွင့်ပေးရန် ပိုမိုဆန္ဒရှိလေသည်။ အကြောင်းမှာ သူတို့၏ သူတို့၏ မွေးရာပါ အရည်အချင်းနှင့် စွမ်းအားများက ကမ္ဘာအတွင်းရှိ သက်ရှိများထက် သာလွန်နေသောကြောင့် ဖြစ်သည်။

အဆုံးမဲ့ဟင်းလင်းပြင်နှင့် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ တစ်ဝက်ကိုသာ ယူသွားခြင်းမှာ သိုင်းတာအိုကျင့်ကြံသူများအတွက် လုံလောက်သော ဖိအားပေးခြင်းအပြင် လင်းယွမ်တွင် အခြားရည်ရွယ်ချက်တစ်ခုလည်း ရှိနေသည်။ ၎င်းက အဆုံးမဲ့ဟင်းလင်းပြင်အတွင်းရှိ မိစ္ဆာနတ်ဘုရားများနှင့် သိုင်းတာအိုကျင့်ကြံသူများကြား ညီမျှမှုကို ထိန်းသိမ်းထားရန်ဖြစ်သည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်သို့ ရောက်ပြီးနောက် လင်းယွမ်က တစ်ချက်ကြည့်ရုံနှင့် အဆုံးမဲ့ဟင်းလင်းပြင်၏ အနှစ်သာရကို မြင်နိုင်လေသည်။ ၎င်းက မိစ္ဆာနတ်ဘုရားများ၏ မူလအစဖြစ်သည်။

မိစ္ဆာနတ်ဘုရားများက အဆုံးမဲ့ဟင်းလင်းပြင်မှ ပေါက်ဖွားလာခြင်းဖြစ်ပြီး အဆုံးမရှိဟု ဆိုလိုလေသည်။ လင်းယွမ်က ယခု မိစ္ဆာနတ်ဘုရားအားလုံးကို သတ်ဖြတ်နိုင်လျှင်တောင် နှစ်ပေါင်းများစွာ ကြာပြီးနောက် နောက်ထပ် မိစ္ဆာနတ်ဘုရားအသစ်များ မွေးဖွားလာဦးမည်ဖြစ်သည်။

ထိုမိစ္ဆာနတ်ဘုရားများက မွေးရာပါ အစွမ်းထက်ကြပြီး သူတို့အချင်းချင်း ဝါးမျိုခြင်းဖြင့် အချိန်တိုအတွင်း အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးသို့ ရောက်နိုင်လေသည်။ ထို့အပြင် ထိုမိစ္ဆာနတ်ဘုရားများက အဆုံးမဲ့ဟင်းလင်းပြင်၏ အစိတ်အပိုင်းအများစုအား သိမ်းပိုက်ထားသည်က်ု မြင်သောအခါ ရှောင်လွှဲမရဘဲ စစ်ပွဲသစ်တစ်ခုကို လှုံ့ဆော်ပေလိမ့်မည်။

လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်တွင် အမြဲတမ်း နေထိုင်နိုင်မည်မဟုတ်ပေ။ ဆင်းသက်လာတိုင်း ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားတစ်မျှင်၏ သုံးပုံတစ်ပုံသာ ကုန်ကျမည်ဖြစ်သော်လည်း အကြိမ်ပေါင်းများစွာ ပြုလုပ်လျှင် အဆင်ပြေမည်မဟုတ်ပေ။

ထို့ကြောင့် မိစ္ဆာနတ်ဘုရားများကို နယ်မြေတစ်ဝက်ချန်ထားပေးခြင်းဖြင့် လင်းယွမ်အတွက် ဒုက္ခများစွာကို သက်သာစေပေလိမ့်မည်။

မိစ္ဆာနတ်ဘုရားများနှင့် သိုင်းတာအိုကျင့်ကြံသူများကြား ချိန်ခွင်လျှာကို ထိန်းသိမ်းထားနိုင်ပြီး နှစ်ရှည်လများ ကုန်လွန်လာသည်နှင့်အမျှ မိစ္ဆာနတ်ဘုရားများ၏ ဖိနှိပ်မှုအောက်တွင် သိုင်းတာအိုကျင့်ကြံသူများက တဖြည်းဖြည်း ပိုမိုအားကောင်းလာမည်ဖြစ်ပြီး မိစ္ဆာနတ်ဘုရားများကလည်း သူတို့၏ ကိုယ်ပိုင်နယ်မြေရှိသောကြောင့် သိုင်းတာအိုကျင့်ကြံသူများနှင့် သေသည်အထိ တိုက်ခိုက်မည်မဟုတ်ပေ။

All Chapters