အခန်း (၆၄၂)
Vol. 43 Ch. 642
" ပြဿနာမရှိဘူး။ " ဟင်းလင်းပြင်သားတော်က စဉ်းစားခြင်းမရှိဘဲ တိုက်ရိုက်သဘောတူလိုက်သည်။
အဆုံးမဲ့ဟင်းလင်းပြင်၏ နယ်မြေတစ်ဝက်၊ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ နယ်မြေတစ်ဝက်။ မိစ္ဆာနတ်ဘုရားများအားလုံးက သူတို့၏ ကြီးထွားမှုနယ်ပယ်တစ်ဝက်ကို ဆုံးရှုံးရနိုင်သော်လည်း အဆင့်တစ်ဆယ်ဖြစ်သော သိုင်းဘိုးဘေးကို ထိန်းထားနိုင်သရွေ့ ၎င်းက ထိုက်တန်လေသည်။
" နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ " လင်းယွမ်က ဟင်းလင်းပြင်သားတော်ကို ကြည့်ပြီး ထပ်ပြောလိုက်သည်။
" ပြောပါ သိုင်းဘိုးဘေး...."
" ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဆယ်ခု၊ အခုတစ်ရာရှိရင်တောင် ကျွန်တော် သဘောတူပါတယ်။ " ဟင်းလင်းပြင်သားတော်က အလွန်နှိမ့်ချပြီး ပြောဆိုလိုက်သည်။
" ကိစ္စတစ်ခုတည်းပါပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သူက ဤကမ္ဘာတွင် လမ်းသွားလမ်းလာတစ်ယောက်သာဖြစ်သည်။ သိုင်းတာအို၏ အမွေအနှစ် မပျက်စီးသရွေ့ လုံလောက်သည်။
" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေရဲ့ အနက်ရှိုင်းဆုံးမှာ လျို့ဝှက်နယ်မြေ ဖန်တီးသူရဲ့ ပစ္စည်းကျန်တွေ ရှိနေသေးတယ်။ အဲ့ဒါ ငါသွားကြည့်ဖို့ စီစဉ်ထားတယ်။ " လင်းယွမ်က ဟင်းလင်းပြင်သားတော်ကို ကြည့်ကာ ပြောလိုက်သည်။
အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်သို့ ရောက်ရှိသောအခါ အဆုံးမဲ့ဟင်းလင်းပြင်က လင်းယွမ်အတွက် လျို့ဝှက်ချက်များမရှိတော့ပေ။ ထိုထဲတွင် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ဖန်တီးသူနှင့် ပက်သက်သည့် အရာလည်း ပါဝင်သည်။
" လျို့ဝှက်နယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာလား။ "ဟင်းလင်းပြင်သားတော်က ခဏမှင်သက်သွားပြီး ချက်ချင်း ခေါင်းညိမ့်လိုက်သည်။ " ပြဿနာမရှိဘူး။ "
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် လျို့ဝှက်နယ်မြေ ဖန်တီးသူ၏ အရိပ်အယောင်များ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဟင်းလင်းပြင်သားတော်က နှစ်ပေါင်းများစွာ ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း နားမလည်ခဲ့ပေ။ လင်းယွမ်က သွားကြည့်ချင်လျှင် ဟင်းလင်းပြင်သားတော်က ငြင်းဆိုခြင်းမရှိပေ။
" ဒါဆို ကျုပ် သိုင်းဘိုးဘေးကို အတွင်းထဲ ပို့ပေးပါမယ်။ " ဟင်းလင်းပြင်သားတော်က ချက်ချင်း ပြောလိုက်သည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာကို လျို့ဝှက်နယ်မြေ၏ အုပ်စိုးသူသာ ဝင်ရောက်နိုင်ပြီး အခြားသူများ ဝင်ရောက်နိုင်ခြင်းမရှိပေ။
"မလိုဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
" မလိုဘူးလား။ " ဟင်းလင်းပြင်သားတော်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
" ငါ့ဘာသာငါ ဝင်လို့ရတယ်။ " လင်းယွမ်က ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူရပ်နေသော နေရာမှ ပျောက်ကွယ်သွားသည်။
အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားသော လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်အတွင်း၌ ရှိနေလျှင် သူ၏ စိတ်ထဲရှိ မည်သည့်နေရာကိုမဆို ဆန္ဒရှိသလိုသွားနိုင်လေသည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက အဆုံးမဲ့ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာ၌ တည်ရှိပြီး အချိန်လေဟာနယ်ဝင်္ကဘာများဖြင့် ဝန်းရံထားသည်။ သို့သော် ၎င်းတို့က လင်းယွမ်ကို တားဆီးထားနိုင်စွမ်းမရှိပေ။
သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ပဉ္စမအဆင့်တွင် ရှိစဉ်ကပင် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေသို့ အတင်းအကျပ် ဝင်ရောက်နိုင်လေသည်။ ယခု ဆဋ္ဌမအဆင့်တွင် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အတွင်းအပြင်၊ နေရာတိုင်းက လင်းယွမ်အတွက် လျို့ဝှက်ချက် မရှိတော့ပေ။
လင်းယွမ်သာ ဆန္ဒရှိလျှင် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအသစ်တစ်ခုကိုပင် ဖန်တီးနိုင်လေသည်။ ၎င်းက ယခင်တစ်ခုထက်ပင် ပို၍ ပြည့်စုံပေလိမ့်မည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားက အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည်။ ထိုဆဋ္ဌမအဆင့်က မွေးရာပါစွမ်းရည်မှ လာခြင်းဖြစ်သည်။
လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို အောက်ခြေမှစ၍ ဆဋ္ဌမအဆင့်ထိ နားလည်ခဲ့ခြင်းဖြစ်သည်။ ၎င်းက ကြီးမားသော ကွာခြားချက် ရှိလေသည်။
" ကိုယ့်ဘာသာဝင်ရောက်သွားတာလား။ " ဟင်းလင်းပြင်သားတော်က လုံးဝ အံ့အားသင့်သွားသည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရား၏ ကြိုးစားအားထုတ်မှု ရလဒ်ဖြစ်သည်။ လင်းယွမ်က အဆင့်တစ်ဆယ်သို့ ဝင်ရောက်လျှင်တောင် ဟင်းလင်းပြင်သားတော်၏ ခွင့်ပြုချက်မရှိဘဲ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်ရန် မဖြစ်နိုင်ဟု ထင်ခဲ့သည်။
သို့သော် လျို့ဝှက်နယ်မြေ၏ အုပ်စိုးသူဖြစ်သော ဟင်းလင်းပြင်သားတော်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် သိုင်းဘိုးဘေး၏ တည်ရှိမှုကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် လျို့ဝှက်နယ်မြေ၏ အချိန်လေဟာနယ်အတားအဆီးများနှင့် ထောင်ချောက်များက သိုင်းဘိုးဘေး၏ ရှေ့တွင် အသက်ဝင်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။ သိုင်းဘိုးဘေးက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အရှင်သခင်ဖြစ်နေသကဲ့သို့ဖြစ်သည်။
" ဒါက " ဟင်းလင်းပြင်သားတော်၏ အမူအရာက ဖြူဖျော့သွားသည်။
အမှန်တကယ်တွင် ဟင်းလင်းပြင်သားတော်က သိုင်းဘိုးဘေးကို အဆင့်တစ်ဆယ်ဟု သိထားသော်လည်း သူ့ကိုသူ ယုံကြည်မှုအနည်းငယ် ရှိနေသေးသည်။ သိုင်းဘိုးဘေး၏ တောင်းဆိုမှုများက သူ့ကို အစေခံအဖြစ် ခိုင်းစေခြင်း သို့မဟုတ် သူ့ကို သတ်၍ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို သိမ်းပိုက်ရန် စိတ်ကူးခြင်းမျိုးဖြစ်လျှင် ဟင်းလင်းပြင်သားတော်က သေချာပေါက် ငြင်းဆန်ပေလိမ့်မည်။
သူက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးတွင် ပုန်းအောင်းနေနိုင်ပြီး အဆင့်တစ်ဆယ် သက်ရှိတစ်ယောက်ပင် အတင်းအကျပ် ဝင်ရောက်နိုင်မည် မဟုတ်ပေ။
၎င်းက လျို့ဝှက်နယ်မြေ ဖန်တီးသူများ ချန်ထားခဲ့သော အချက်အလက်များထဲမှ တစ်ခုဖြစ်သည်။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ဖန်တီးခြင်းက အဆုံးမဲ့ဟင်းလင်းပြင်အပေါ်တွင် အခြေခံထားသည်။
အချိန်နှင့် လေဟာနယ်ကို နားလည်မှုတွင် ဖန်တီးသူကို ကျော်လွန်ခြင်းမရှိလျှင် အခြားအဆင့်တစ်ဆယ် သက်ရှိတစ်ယောက်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ကျူးကျော်နိုင်မည်မဟုတ်ပေ။ သို့သော် ယခု ဟင်းလင်းပြင်သားတော်၏ နောက်ဆုံးဝှက်ဖဲက သိုင်းဘိုးဘေး၏ ရှေ့တွင် အလွန်ရယ်စရာကောင်းနေခဲ့သည်။
သူက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအပေါ် ထိန်းချုပ်မှုကိုသာ အာရုံမခံမိလျှင် ဟင်းလင်းပြင်သားတော်က လျို့ဝှက်နယ်မြေ ပိုင်ရှင် ပြောင်းလဲသွားပြီဟုပင် ထင်မိပေလိမ့်မည်။
" ငါ အစောပိုင်း အရမ်းမလွန်ခဲ့တာ ကံကောင်းတာပဲ။ " ဟင်းလင်းပြင်သားတော်က စိတ်သက်သာရာရသွားသည်။
သူက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ ကာကွယ်မှုကို ဘေးဖယ်ထားပြီး သိုင်းဘိုးဘေးနှင့် ဆွေးနွေးခဲ့ခြင်းက သူ့အတွက် ကောင်းမွန်သော ရလဒ်တစ်ခု ဖြစ်လာခဲ့သည်။
" သိုင်းဘိုးဘေးက ငါ့ကို သတိမထားမိတာလား။ " ထျန်းကျိအရှင်သခင်က စိတ်သက်သာရာရနေသည်။
ထိုနေရာရှိ မိစ္ဆာနတ်ဘုရားများကြားတွင် သူက သိုင်းဘိုးဘေးနှင့် ဆက်နွယ်မှုရှိသူဖြစ်ငည်။ သူက ထိုက်ယင်အရှင်သခင်ကို တိုက်ခိုက်ရန် မိစ္ဆာနတ်ဘုရားများကို စုစည်းခဲ့ရုံသာမက ထျန်းချင်းကမ္ဘာသို့ ကိုယ်ပွားတစ်ခုနှင့်လည်း ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထိုက်ယင်အရှင်သခင်နှင့် သိုင်းဘိုးဘေးတို့ကြား ဆက်နွယ်မှုကို စဉ်းစားကြည့်လျှင် ထျန်းကျိအရှင်သခင်ကို သတ်ဖြတ်ခြင်းက လုံးဝ ပုံမှန်သာဖြစ်သည်။
" သိုင်းဘိုးဘေးရဲ့ မျက်လုံးထဲမှာ ငါ့ကို ဘယ်တုန်းကမှ အသိမှတ်မပြုခဲ့ဘူးထင်တယ်။ " ထျန်းကျိအရှင်သခင်က ဝမ်းသာရမလား စိတ်ပျက်ရမလားမသိတော့ပေ။ သိုင်းဘိုးဘေး၏ အကြွင်းမဲ့ခွန်အားအောက်တွင် သူ၏ တွက်ချက်မှု၊ ဉာဏ်ပညာများက အဓိပ္ပါယ်မရှိတော့ပေ။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာတွင် လင်းယွမ်က ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ကြည့်နေသည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်သို့ မရောက်မီ ထိုက်ယန်မူလစိတ်ဝိညာဉ်က လျို့ဝှက်နယ်မြေအတွင်းသို့ မကြာခဏ စွန့်စားဝင်ရောက်ခဲ့သော်လည်း လျို့ဝှက်နယ်မြေ၏ အတားအဆီးအချို့ကို မဖြတ်ကျော်နိုင်ခဲ့ပေ။ သို့သော် ယခုအခါ လင်းယွမ်က ခြေတစ်လှမ်းဖြင့် ဝင်ရောက်လာခဲ့သည်။
" အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားတွေက အချိန်လေဟာနယ် စွမ်းအားကို ကျွမ်းကျင်မှုမှာ ဆဋ္ဌမအဆင့်လောက်လို့ပြောနိုင်ပေမယ့် တကယ် ဆဋ္ဌမအဆင့်နဲ့ ယှဉ်ရင် အသေးစိတ်အချက်အလက်တွေမှာ ချို့ယွင်းနေတယ်။ " လင်းယွမ်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ခဏ လေ့လာလိုက်သည်။
၎င်းက မွေးရာပါစွမ်းရည်ကို အားထားခြင်းနှင့် ကိုယ်ပိုင်စွမ်းဆောင်မှုကို အားထားခြင်းတို့၏ ကွာခြားချက် ဖြစ်သည်။ အစောပိုင်းအဆင့်များတွင် မိစ္ဆာနတ်ဘုရားများက သိုင်းတာအိုကျင့်ကြံသူများကို အနိုင်ယူနိုင်လေသည်။
သို့သော် ခွန်အားနှင့် နယ်ပယ် အဆင့်မြင့်လာသည်နှင့်အမျှ ထိုကွာဟချက်က လျင်မြန်စွာ ကျဉ်းမြောင်းလာပြီး နောက်ဆုံးတွင် အားသာချက်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
" ဒါပေမယ့် လျို့ဝှက်နယ်မြေကို ဖန်တီးသူက တကယ်ဘယ်ကိုရောက်သွားတာလဲ။ " လင်းယွမ်က အနည်းငယ် သိချင်စိတ်ဖြစ်သွား၏။
အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားတစ်ပါးက ပင်မစကြာဝဠာတွင် အလွှာဆယ့်တစ်မှ အလွှာဆယ့်နှစ်ကြားတွင် တည်ရှိနေသည်။ ထိုကဲ့သို့အင်အားကြီးသူများက ပင်မစကြာဝဠာတွင်ရှိလျှင် စကြာဝဠာခေတ်တစ်ခုလုံးကို ပြီးဆုံးသည်အထိ အသက်ရှင်နိုင်သည်။
အဆုံးမဲ့ဟင်းလင်းပြင်က ပျက်စီးခြင်းနှင့် ပြိုကွဲခြင်းကို ကြုံတွေ့ရခြင်းမရှိသေးပေ။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ ဖန်တီးသူ၏ ဒဏ္ဍာရီများရှိပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေလည်း တည်ရှိသောကြောင့် လျို့ဝှက်နယ်မြေ ဖန်တီးသူလည်း အသက်ရှင်နေပေလိမ့်မည်။
အစတွင် လင်းယွမ်က လျို့ဝှက်နယ်မြေဖန်တီးသူကို တစ်နေရာတွင် ပုန်းအောင်းကာ အိပ်စက်နေလိမ့်မည်ဟု ယူဆခဲ့သော်လည်း အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်သို့ ဝင်ရောက်ပြီးနောက် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း လျို့ဝှက်နယ်မြေ ဖန်တီးသူ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။