အခန်း (၆၄၃)
Vol. 43 Ch. 643
" ဒီနေရာလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ယခု သူက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံး အဓိကနေရာတွင် ရောက်နေပြီး ၎င်းက ကျယ်ပြန့်သော သဲကန္တရတစ်ခုဖြစ်လေသည်။ လင်းယွမ်က သဲကန္တာရ၏ အလယ်တွင် ရပ်နေပြီး သူ၏ ရှေ့တွင် ကြီးမ.းသော ကျောက်တိုင်များ ရှိနေကြသည်။
လင်းယွမ်က ထိုကြီးမားသော ကျောက်တိုင်များကို ဝေ့ကြည့်လိုက်သည်။ ထိုကျောက်တိုင်များက လျို့ဝှက်နယ်မြေ ဖန်တီးသူမှ ချန်ထားခဲ့သော အချက်အလက်အချို့ကို ထိန်းသိမ်းထားပြီး လျို့ဝှက်နယ်မြေကို အနာဂတ် ထိန်းချုပ်သူများအတွက် ကိစ္စအချို့ကို ညွှန်ကြားထားသည်။
လျို့ဝှက်နယ်မြေကို ထျန်းချုပ်ပုံ၊ ပြုပြင်ပုံနှင့် မိစ္ဆာနတ်ဘုရားများ၏ စိတ်စွမ်းအားတို့ကို မြှင့်တင်ပေးခြင်းတို့နှင့် ပက်သက်၍ ဖြစ်သည်။
" ဒီလျို့ဝှက်နယ်မြေကို ဖန်တီးသူက တကယ် စေတနာရှင်ပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ဖန်တီးခြင်းက အဆင့်တစ်ဆယ် ဖန်တီးသူအတွက် မည်သည့်အကျိုးကျေးဇူးမှမရှိဘဲ အကျိုးအမြတ်ရရှိသူများမှာ အဆင့်ရှစ်နှင့် အဆင့်ကိုး မိစ္ဆာနတ်ဘုရားများ ဖြစ်ကြသည်။
မည်သို့ပင်ဖြစ်စေ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ ဟင်းလင်းပြင်သက်ရှိများကို သတ်ဖြတ်ခြင်းက လူတစ်ယောက်၏ စိတ်စွမ်းအားကို အမှန်တကယ် မြှင့်တင်ပေးနိုင်သည်။
" အင်း " လင်းယွမ်က ကျောက်တိုင်အားလုံးကို ကြည့်ရှုပြီးနောက် သူ၏ အကြည့်က ပထမဆုံး ကျောက်တိုင်ပေါ်သို့ ကျရောက်သွားသည်။ ထိုကျောက်တိုင်တွင် သီခြားအချက်အလက်များမရှိဘဲ ရှုပ်ထွေးသော ပုံစံသာရှိပြီး အစတွင် လင်းယွမ်က သိပ်ဂရုမစိုက်ခဲ့ပေ။
" လျို့ဝှက်နေရာတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ပုံစံတစ်ခုလား။ " လင်းယွမ်က အနီးကပ်လေ့လာပြီး ထိုပုံစံကို အသက်သွင်းရန် အချိန်လေဟာနယ်စွမ်းအားများကို အသုံးပြုလိုက်သည်။
ဝုန်း....
မှိန်ဖျော့သော စုပ်အားတစ်ခုက လင်းယွမ်ကို ဖုံးလွှမ်းသွားသည်။ သူ၏ ခွန်အားဖြင့် ထိုစုပ်အားမှ အတွေးတစ်ချက်နှင့် လွတ်မြောက်နိုင်သော်လည်း သူက မလုပ်ခဲ့ပေ။
ဝှစ်...
လင်းယွမ်က တောင်ထိပ်တစ်ခုပေါ်သို့ ရောက်လာပြီး အဝေးရှိ ကျောက်တုံးကြီးပေါ်တွင် ပုံရိပ်တစ်ခုက ထိုင်နေသည်။ ထိုပုံရိပ်က မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နားရွက် သို့မဟုတ် နှာခေါင်းမရှိဘဲ မျက်လုံးငါးလုံးနှင့် ပါးစပ်တစ်ခုသာ ရှိသည်။
" မင်းလည်း အဆင့်တစ်ဆယ်ကို ရောက်ခဲ့လို့ ဒီလျို့ဝှက်နေရာကို ရှာတွေ့ခဲ့တာဖြစ်မယ်။ " မီးခိုးရောင်ဝတ်ရုံနှင့် ပုံရိပ်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" အဲ့ဒါက လျို့ဝှက်နယ်မြေကို ဖန်တီးသူလား။ " လင်းယွမ်က မီးခိုးရောင်ဝတ်ရုံနှင့် ပုံရိပ်ကို ကြည့်လိုက်သည်။
" အခု ဘယ်ခေတ်ရောက်နေပြီလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် ငါ့ရဲ့ အဆုံးမဲ့ဟင်းလင်းပြင်မှာ ဒုတိယမြောက် အဆင့်တစ်ဆယ် သက်ရှိတစ်ယောက် ထွက်ပေါ်လာလာတာ ကံကောင်းခြင်းတစ်ခုပဲ။ " မီးခိုးရောင်ဝတ်ရုံနှင့် ပုံရိပ်က ဆက်ပြောလိုက်သည်။
မီးခိုးရောင်ဝတ်ရုံနှင့် ပုံရိပ်၏ စကားများက ဘာသာစကားများမဟုတ်ဘဲ စိတ်ဝိညာဉ်လှိုင်းများဖြစ်သောကြောင့် သက်ရှိတိုင်း နားလည်နိုင်လေသည်။
" ဒုတိယမြောက် အဆင့်တစ်ဆယ် " လင်းယွမ်၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။
" အဆင့်တစ်ဆယ်ကို ဝင်ရောက်ပြီးတဲ့နောက်မှာ ငါက အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ဖိအားနဲ့ အဝေးခေတ်ကာလက ကြောက်ရွံ့မှုတစ်ခုကို ခံစားခဲ့ရတယ်။ အဲ့ဒါက ငါသေရလိမ့်မယ်။ အခုမဟုတ်ရင်တောင် အနာဂတ်မှာ ငါသေရလိမ့်မယ်။ " မီးခိုးရောင်ဝတ်ရုံနှင့် ပုံရိပ်က ပြောလိုက်သည်။
လင်းယွမ်က တိတ်ဆိတ်စွာ နားထောင်နေသည်။ ပင်မစကြာဝဠာတွင် အချိန်မြစ်၏ အချုပ်အနှောင်များမှ မလွတ်မြောက်နိုင်လျှင် အသန်မာဆုံးသက်ရှိများပင် သေဆုံးရပေလိမ့်မည်။
၎င်းက သက်တမ်းကုန်ဆုံးခြင်းဖြစ်သည့်အပြင် စကြာဝဠာ ပျက်စီးချိန်တွင် အချိန်မြစ်လည်း ပြိုကွဲသွားမည်ဖြစ်သည်။ ထိုအခါ ထိုမြစ်၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခြင်းမရှိလျှင် ထိုမြစ်အတွင်းရှိ သက်ရှိအားလုံးက ၎င်းနှင့်အတူ ပျက်စီးသွားပေလိမ့်မည်။
လျို့ဝှက်နယ်မြေဖန်တီးသူ ခံစားခဲ့ရသော သေခြင်း၏ ကြောက်ရွံ့မှုက အဆုံးမဲ့ဟင်းလင်းပြင်၏ အဆုံးသတ် ဝေးကွာလှသော အနာဂတ်မှ အချိန်မြစ်၏ ပျက်စီးခြင်းထဲသို့ ပါဝင်သွားခြင်းဖြစ်သည်။
" ငါ့ရဲ့ အလိုလိုအသိစိတ်က ငါ အသက်ဆက်ရှင်ချင်ရင် အဲ့ဒီ အဆင့်ကို ကြိုးစားရလိမ့်မယ်။ " မီးခိုးရောင်ဝတ်ရုံနှင့်လူက မျှော်လင့်ချက်နှင့် ကြောက်ရွှံ့မှုအနည်းငယ်ဖြင့် ပြောလိုက်သည်။
" အဲ့ဒီအဆင့်...." လင်းယွမ်က တွေးလိုက်သည်။
၎င်းက အမြင့်ဆုံးခုန်ပျံကျော်လွှာမှုကို ရည်ညွှန်ခြင်းဖြစ်နိုင်သော်လည်း အဆုံးမဲ့ ဟင်းလင်းပြင်တွင် ရှေ့ဆောင်လမ်းပြများ မရှိသောကြောင့် မီးခိုးရောင်ဝတ်ရုံနှင့် ပုံရိပ်က သူကြိုးစားနေသည့် အဆင့်ကို မသိခဲ့ပေ။
" အဲ့ဒီအဆင့်ကို ကြိုးစားတာက အရမ်းအန္တရာယ်ရှိပေမယ့် ငါ့အတွက် ရွေးချယ်စရာမရှိဘူး။ " မီးခိုးရောင်ဝတ်ရုံနှင့် ပုံရိပ်က ဆက်ပြောလိုက်သည်။
" မအောင်မြင်ခဲ့ဘူးထင်တယ်။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုလုံးတွင် လျို့ဝှက်နယ်မြေ ဖန်တီးသူ၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့သည့်အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ကြီးမြတ်သူအဆင့်ကို ကြိုးစားခြင်းက အရာအားလုံးကို ယူဆောင်သွားခြင်းဖြစ်ပြီး အသက်အမှတ်အသားများအားလုံးက အချိန်မြစ်မှ လုံးဝထွက်ခွာသွားမည်ဖြစ်သည်။ အကယ်၍ မအောင်မြင်ခဲ့လျှင်တောင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားမည်ဖြစ်သည်။
လျို့ဝှက်နယ်မြေကို ဖန်တီးသူက အမြင့်ဆုံးခုန်ပျံကျော်လွှားခြင်းကို အောင်မြင်ပြီး ကြီးမြတ်သူတစ်ယောက်ဖြစ်လာလျှင် အဆုံးမဲ့ဟင်းလင်းပြင်သို့ သေချာပေါက် ပြန်လာမည်ဖြစ်သည်။
" ဒါကြောင့် ငါအဲ့ဒီအဆင့်ကို မကြိုးစားခင် အဆုံးမဲ့ဟင်းလင်းပြင်အတွက် တစ်ခုခုချန်ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ငါ့ရဲ့ စွမ်းအားကို အသုံးပြုပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ဖန်တီးခဲ့တယ်။ "
မီးခိုးရောင်ဝတ်ရုံနှင့် ပုံရိပ်က လင်းယွမ်ကို ကြည့်လိုက်သည်။ " ပြီးတော့ ငါမင်းအတွက် လက်ဆောင်တစ်ခုလည်း ပြင်ဆင်ထားတယ်။ ဒါကို ဂုဏ်ပြုလက်ဆောင်အဖြစ် သဘောထားလိုက်ပေါ့။ "
မီးခိုးရောင်ဝတ်ရုံနှင့် ပုံရိပ်က ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး လင်းယွမ်က ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေဝည်။ ကြီးမြတ်သူအဆင့်ကို တက်လှမ်းရန် ကြိုးစားခြင်းကို ကျရှုံးခဲ့လျှင် လုံးဝ ပျက်စီးဆုံးရှုံးခြင်းဖြစ်သည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ ဖန်တီးသူ၊ အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားတစ်ပါးက ပင်မစကြာဝဠာမှ သက်ရှိများထက် အခြေခံပိုမိုကောင်းမွန်ခဲ့သော်လည်း အမြင့်ဆုံးခုန်ပျံကျော်လွှားမှုတွင် ကျရှုံးခဲ့သည်။ သူ၏ အရာအားလုံးက ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတစ်ခုသာ ကျန်ရစ်ခဲ့သည်။
" ငါလည်း အနာဂတ်မှာ ဒီလိုပဲ အဆုံးသတ်ရမှာလား။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။ သို့သော် ခဏအတွင်း သူ၏ ခေါင်းကို ခါလိုက်သည်။
သူက လျို့ဝှက်နယ်မြေ ဖန်တီးသူနှင့်မတူပေ။ ထိုဖန်တီးသူက လမ်းပြသူမရှိဘဲ သူ့ကိုယ်တိုင် စမ်းသပ်ခံအဖြစ် ပြုလုပ်ခဲ့ရသောကြောင့် ကျရှုံးခဲ့ခြင်းက ပုံမှန်သာ ဖြစ်သည်။
လင်းယွမ်တွင် လူသားမျိုးနွယ်က ကျောက်ထောက်နောက်ခံရှိလေသည်။ ကြီးမြတ်သူများ၏ အတွေ့အကြုံများနှင့် အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို မြှင့်တင်ပေးနိုင်သော နည်းလမ်းများလည်း ရှိနေသည်။ အောင်မြင်ရန် အခွင့်အလမ်းက လျို့ဝှက်နယ်မြေကို ဖန်းတီးသူထက် သေချာပေါက် ပိုမိုကြီးမားသည်။
အရေးကြီးသည်မှာ လင်းယွမ်က လက်ရှိ၌ အလွှာတစ်ဆယ်သာ ရှိသေးသည်။ သူကအလွှာဆယ့်တစ်သို့ တက်လှမ်းချိန်တွင် သူ၏ အခြေခံက နောက်ထပ် အသွင်းပြောင်းလဲမှုတစ်ခု ကြုံတွေ့ရမည်ဖြစ်ပြီး အမြင့်ဆုံးခုန်ပျံကျော်လွှားမှုအတွင် အခွင့်အရေးကိုလည်း တိုးမြှင့်ပေးပေလိမ့်မည်။ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် အောင်မြင်ရန် အာမခံချက်မပေးနိုင်လျှင်တောင် အခွင့်အရေးကို အမြင့်ဆုံးထိ မြှင့်တင်ပေးပေလိမ့်မည်။
" ပြီးတော့ လျို့ဝှက်နယ်မြေ၏ ဖန်တီးသူက လက်ဆောင်တစ်ခုလည်း ချန်ထားခဲ့တာပဲ။ ဂုဏ်ပြုလက်ဆောင်..." လင်းယွမ်က မီးခိုးရောင်ဝတ်စုံနှင့် ပုံရိပ်ရှိရောင် ကျောက်တုံးကြီးမှ ကျယ်ပြန့်သော နေရာတစ်ခုကို တွေ့လိုက်ရသည်။
လင်းယွမ်က သူ၏ စိတ်အသိကို အထဲသို့ ပို့လွှတ်ပြီး စူးစမ်းကြည်သောအခါ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" ဒါတွေက..."
လျို့ဝှက်နယ်မြေကို ဖန်တီးသူ၏ လက်ဆောင်က အဆုံးမဲ့ဟင်းလင်းပြင်ထဲရှိ ဒုတိယမြောက် အဆင့်တစ်ဆယ် သက်ရှိတစ်ယောက် ထွက်ပေါ်လာခြင်းကို ဂုဏ်ပြုခြင်းဖြစ်သည်။ လက်ဆောင်က သဘာဝအတိုင်း အဖိုးတန်လေသည်။ ပြောရလျှင် လင်းယွမ်ကလည်း အဆင့်တစ်ဆယ် တည်ရှိမှုတစ်ခုဟုဆိုနိုင်သောကြောင့် ထိုလက်ဆောင်ကို လက်ခံနိုင်လေသည်။
လင်းယွမ်က ကျောက်တုံးအတွင်းရှိ လက်ဆောင်များကို သေချာစစ်ဆေးပြီးနောက် ၆၇၈ဟု ရေရွတ်လိုက်သည်။ ၎င်းတို့က ဟင်းလင်းပြင်သက်ရှိများဖြစ်ကြ၏။ ထို့အပြင် ၎င်းတို့က အဆင့်ကိုးအထွတ်အထိပ် ဟင်းလင်းပြင်သက်ရှိဘုရင်များဖြစ်ပြီး စုစုပေါင်း ၆၇၈ကောင် ရှိလေသည်။ သူတို့အားလုံးက ကျောက်တုံး၏ နေရာလွတ်ထဲတွင် အိပ်ပျော်နေကြသည်။
ဟင်းလင်းပြင်သက်ရှိများက အဆုံးမဲ့ဟင်းလင်းပြင်မှ သက်ရှိများမဟုတ်ဘဲ အဆုံးမဲ့ဟင်းလင်းပြင်၏ အပြင်ဘက် ဒိုင်မန်ရှင်းကွာဟချက်များကြားမှ လာခြင်းဖြစ်သည်။ ဟင်းလင်းပြင်သက်ရှိများကို သတ်ဖြတ်ခြင်းက စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်လေသည်။ ဟင်းလင်းပြင်သက်ရှိများက ပို၍ အားကောင်းသည်နှင့် စိတ်စွမ်းအားမြှင့်တင်မှုကို ပို၍ ရရှိမည်ဖြစ်သည်။
၎င်းတို့အနက် ဟင်းလင်းပြင်သက်ရှိဘုရင်များက စိတ်စွမ်းအားအတွက် အကောင်းဆုံးမြှင့်တင်မှုကို ပေးနိုင်လေသည်။ လင်းယွမ်က ပထမဆုံး အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိတစ်ကောင်အား သတ်ခဲ့သည့် အချိန်ကို မှတ်မိနေသေးသည်။ ၎င်းက သူ၏ စိတ်စွမ်းအား ၁၂ သန်းကို သန်း ၂၀ နီးပါးသို့ တိုက်ရိုက်တိုးမြှင့်ပေးခဲ့သည်။