← Chapters

အခန်း (၆၅၂)

Vol. 43 Ch. 652

အခန်း (၆၅၂)

Vol. 43 Ch. 652

လက်နက်ကို သန့်စင်ခြင်းမပြုရလျှင်တောင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို မြင့်မားစွာ နားလည်ခဲ့လျှင် ကြီးမြတ်သူအဆင့် လက်နက်၏ စွမ်းအားအချို့ကို ထုတ်လွှတ်နိုင်လေသည်။ သို့သော် ကနဦးသန့်စင်မှုနှင့် ယှဉ်လျှင် ထုတ်လွှတ်နိုင်သော စွမ်းအားက လျော့နည်းပြီး စွမ်းအားသုံးစွဲမှုကလည်း ကြီးမားပေလိမ့်မည်။

သို့သော် လင်းယွမ်အတွက်မူ ၎က အရေးကြီးသော ကိစ္စတစ်ခုမဟုတ်ပေ။ သူက ကြီးမြတ်သူအဆင့်လက်နက်ကို အပြည့်အဝ အသက်သွင်းခြင်းမဟုတ်ဘဲ စမ်းသပ်ကြည့်ခြင်းသာဖြစ်သည်။

ရွှီး ရွှီး....

အနက်ရောင်လေဟာနယ်အက်ကြောင်းများက တစ်ခုပြီးတစ်ခုပေါ်လာပြီး ၎င်းတို့နှင့် ထိတွေ့သမျှ အရာအားလုံး ပျက်သုဉ်းသွားခဲ့သည်။

အဝေးတွင် လက်ခြောက်ဖက်နှင့်ပုံရိပ်က လင်းယွမ်ကို နားမလည်နိုင်စွာ ကြည့်နေသည်။ လင်းယွမ်ရောက်လာကတည်းက တစ်စုံတစ်ခုထူးဆန်းနေသည်ကို သူက သိသော်လည်း အတိအက် ဘာလဲ နားမလည်ပေ။

လင်းယွမ်က အနက်ရောင်သံတုတ်ကို ကိုင်ပြီး မိုင်ပေါင်းသောင်းချီရှည်လျားသော အနက်ရောင်အက်ကြောင်းတစ်ခု ပေါ်လာမှ သူက စိတ်ထဲတွင် ထိတ်လန့်တုန်သွားခဲ့သည်။

ပင်မစကြာဝဠာနှင့် ယှဉ်လျှင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ လေဟာနယ်က များစွာတည်ငြိမ်လေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း လေဟာနယ်ကို ဆုတ်ဖြဲရန်အတွက် အနည်းဆုံး နဝမအလွှာ အထွတ်အထိပ် စွမ်းအားကို လိုအပ်လေသည်။ သို့သော် သူတို့ ဆုတ်ဖြဲနိုင်သော လေဟာနယ်အလွှာအရေအတွက်က တစ်သိန်းကျော်အထိ ရှိနိုင်လေသည်။

အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ် သက်ရှိများကလည်း တူညီလုနီးပါးဖြစ်လေသည်။ သူတို့သာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း ရှိနေလျှင် ဆုတ်ဖြဲနိုင်သော လေဟာနယ်အလွှာအရေအတွက်က ဆယ်သန်းကျော်မည်မဟုတ်ပေ။

သို့သော် လက်ရှိပေါ်လာသော အနက်ရောင်လေဟာနယ်အက်ကြောင်းများက လေဟာနယ်အလွှာအားလုံးနီးပါးကို ဆုတ်ဖြဲသွားခဲ့သည်။ လင်းယွမ်၏တိုက်ခိုက်မှုက အလွန်အစွမ်းထက်ပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကိုပင် ဖောက်ထွင်းသွားနိုင်ဖွယ်ရှိလေသည်။

ဧကရာဇ်ရွှမ်ဟွမ်ကိုယ်တိုင်ဖန်တီးခဲ့သော ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အတွင်းအပြင် ခုခံကာကွယ်များရှိပြီး အလွယ်တကူ ထိုးဖောက်နိုင်မည်မဟုတ်ပေ။ အလွှာတစ်ဆယ် အထွတ်အထိပ် သက်ရှိများက ကြီးမြတ်သူအဆင့် လက်နက်ကို ကိုင်ဆောင်ထားလျှင်တောင် လေဆုတ်ဖြဲရန်မှာ ကို ထိုမျှအထိ ချက်ချင်း ဆုတ်ဖြဲရန်မှာ အလွန်ခက်ခဲလှသည်။

" သခင်က ကြီးမြတ်သူအဆင့်လက်နက်နဲ့ ဒီလိုစွမ်းအားမျိုးကို ဘယ်လိုလုပ်ထုတ်ဖော်နိုင်တာလဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က မယုံကြည်နိုင်ဖြစ်နေသည်။

အနက်ရောင်သံတုတ်က အနက်ရောင်လေဟာနယ်အက်ကြောင်းများ ဖြစ်ပေါ်စေသော ကြီးမြတ်သူအဆင့် လက်နက်ဖြစ်သည်ကို သူသိလေသည်။ သို့သော် ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို အသက်သွင်းရန်အတွက် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို လုံလောက်စွာ နားလည်ထားရန် လိုအပ်လေသည်။

လက်ခြောက်ဖက်နှင့် ပုံရိပ်၏ စိတ်ထဲတွင် ထင်မြင်ချက်တစ်ခုပေါ်လာ်သည်။ ၎င်းမှာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုက အလွန်မြင့်မားနေပြီဖြစ်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အထက်တွင် လင်းယွမ်က အနက်ရောင်သံတုတ်ကို သာမန်အတိုင်း ဝှေ့ရမ်းလိုက်ပြီး ထုတ်လွှတ်သော စွမ်းအားကို ခံစားနေသည်။

" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ ကြီးမြတ်သးအဆင့်လက်နက်ကို စွမ်းအားအပြည့် ထုတ်လွှတ်ရင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာ ထာဝရလေဟာနယ်အက်ကြောင်းတစ်ခုကို ဖန်တီးနိုင်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

ထာဝရလေဟာနယ်အက်ကြောင်းကို ဖန်တီးရန်အတွက် လေဟာနယ်အလွှာအားလုံးကို ဆုတ်ဖြဲရန်ဖြစ်သည်။ လက်ရှိတွင် လင််းယွမ်၏ လက်ထဲရှိ ကြီးမြတ်သူအဆင့် လက်နက်က ကနဦးသန့်စင်ခြင်းမရှိသေးလျှင်တောင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ လေဟာနယ်အလွှာ အရေအတွက်က ပင်မစကြာဝဠာထက် နည်းပါးသောကြောင့် လုံးဝ ဆုတ်ဖြဲပစ်နိုင်ရန် မျှော်လင့်နိုင်သည်။

" ဒီသံတုတ်က ငါနဲ့ အဆင်မပြေသေးဘူး။ " ခဏစမ်းသပ်ပြီးနောက် လင်းယွမ်က အနက်ရောင်သံတုတ်ကို သန့်စင်မည့်အတွေးကို စွန့်လွှတ်လိုက်သည်။

သံတုတ်၏ စွမ်းအားက ကြီးမားသော်လည်း လင်းယွမ်၏ တိုက်ခိုက်မှုပုံစံနှင့် ကွဲပြားလေသည်။ ထို့အပြင် ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် ထိုသံတုတ်ကို အကြိမ်များစွာ အသုံးပြုခဲ့သည်။

အကယ်၍ ယခု ထိုသံတုတ်ကို သန့်စင်ရန် ရွေးချယ်ခဲ့လျှင် ပြင်ပတွင် အသုံးပြုလိုက်သည်နှင့် မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက သူ့ကို မှတ်မိသွားကြပေလိမ့်မည်။ ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှ ရွှယ်ယုအမည်ရှိသော လူသားဆင့်ကဲပြောင်းလဲသူက လင်းယွမ်ဖြစ်သည်ကို ကောက်ချက်ချနိုင်ပေလိမ့်မည်။

လင်းယွမ်က နောက်ထပ် ကြီးမြတ်သူအဆင့် လက်နက်များကို ဆက်လက်စမ်းသပ်ခဲ့သည်။ နောက်ဆုံးတွင် သူက တိုက်ခိုက်ရေးလက်နက်အတွက် ငွေရောင်ဆေဘာတစ်လက်ကို ရွေးချယ်ခဲ့သည်။

ထိုငွေရောင်ဆေဘာက ပြည့်စုံသော လေဟာနယ်မဟာတာအို ပါဝင်နေသည်။ ၎င်းက လေဟာနယ်မဟာတာအိုဖြစ်ပြီး လေဟာနယ်နိယာမ မဟုတ်ပေ။

ရုပ်ခန္ဓာကာကွယ်မှုအတွက် လင်းယွမ်က ရွှေရောင်ချပ်ဝတ်တစ်ခုကို ရွေးချယ်ခဲ့ပြီး ၎င်းက ကြီးမြတ်သူအဆင့် ရတနာ၃၂ခုအနက် ရုပ်ခန္ဓာကာကွယ်မှုတွင် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်လေသည်။

စိတ်ဝိညာဉ်ကာကွယ်ရေးအတွက် လင်းယွမ်၏ ရွေးချယ်စရာမှာ အလွန်ကန့်သတ်ထားလေသည်။ အကြောင်းမှာ ကြီးမြတ်သူအဆင့် ရတနာ၃၂ခုတွင် စိတ်ဝိညာဉ်ကာကွယ်ရေးလက်နက်က တစ်ခုတည်းသာ ရှိသောကြောင့် ဖြစ်သည်။ ၎င်းက အပြာရောင်ပုတီးတစ်လုံးဖြစ်၏။

" အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် ငါ့ရဲ့ နားလည်မှုနဲ့ ကြီးမြတ်သူအဆင့် လက်နက်တွေကို မြန်မြန်သန့်စင်နိုင်ပေမယ့် အသက်သွင်းဖို့ လိုအပ်တဲ့စွမ်းအားကြောင့် အများဆုံး သုံးခုကိုပဲ ကိုင်ဆောင်နိုင်လိမ့်မယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

ဖြစ်နိုင်လျှင် သူက ကြီးမြတ်သူအဆင့် လက်နက်အားလုံးကို သန့်စင်ပစ်လိုက်ချင်သည်။ သို့သော် ၎င်းက လက်တွေ့မကျပေ။ ကြီးမြတ်သူတစ်ယောက်မဟုတ်ဘဲ ကြီးမြတ်သူအဆင့်လက်နက်တစ်ခုကို အသက်သွင်းခြင်းက ပေးဆပ်မှု ကြီးမားသည်။ လင်းယွမ်က အလွှာဆယ့်တစ်သို့ ဝင်ရောက်ခဲ့လျှင်တောင် ကြီးမြတ်သူအဆင့် လက်နက်အများအပြားကို အသက်သွင်းရန် မဖြစ်နိုင်ပေ။

" ဒီသုံးခုကို သန့်စင်ရမယ်။ " လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးတွင် တစ်ဖန် ပြန်ပေါ်လာသည်။

သူက ငွေရောင်ဆေဘာကို ကောက်၍ သူ၏ စိတ်အသိက အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သန့်စင်ခြင်းကို လျင်မြန်စွာ စတင်လိုက်သည်။ ကြီးမြတ်သူအဆင့်လက်နက်တစ်ခုကို သန့်စင်ခြင်းက ရိုးရှင်းသော ကိစ္စတစ်ခုမဟုတ်ပေ။

ပုံမှန်အားဖြင့် အလွှာဆယ့်တစ် သက်ရှိများက ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို သန့်စင်ရန်အတွက် နှစ်ပေါင်းထောင်ချီမှ သောင်းချီ ကြာမြင့်နိုင်သည်။ သို့သော် လင်းယွမ်က ပို၍ လျင်မြန်ပြီး အများဆုံး နှစ်အနည်းငယ်အတွင်း တစ်ခုကို သန့်စင်နိုင်လေသည်။

ကြီးမြတ်သူအဆင့်လက်နက်ကို သန့်စင်ခြင်းက ထိုက်ယန်မူလစိတ်ဝိညာဉ်၏ တာဝန်တစ်ခုဖြစ်သည်။ လင်းယွမ်၏ မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်နှစ်ခုတို့က စိတ်အသိမျှဝေထားကြခြင်းဖြစ်ပြီး မည်သူသန့်စင်သည်ဖြစ်စေ အခြားနှစ်ယောက်က အကျိုးကျေးဇူးရရှိပေလိမ့်မည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က ခြေချိတ်ထိုင်နေသည်။

" နောက်ထပ် လအနည်းငယ်အတွင်းမှာ ငါ အလွှာဆယ့်တစ်ကို တက်လှမ်းနိုင်ပြီ။ " လင်းယွမ်က တွေးလိုက်၏။

ယခုအခါ သူက ကဏ္ဍတိုင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး တစ်ခုတည်းသော ရွေးချယ်မှုမှာ အလွှာဆယ့်တစ်သို့ တက်လှမ်းခြင်းဖြစ်သည်။ အမှန်တွင် လင်းယွမ်၏ လက်ရှိအခြေအနေနှင့် အလွှာတစ်ဆယ်သာမက အလွှာဆယ့်တစ်တွင်ပင် ယခင်က မရှိဖူးသော ကိစ္စဖြစ်သည်။

ပင်မစကြာဝဠာတွင် ယနေ့အထိ အလွှာဆယ့်တစ် သက်ရှိများက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ နားလည်နိုင်ခြင်းမရှိကြပေ။

" ငါ အခု နတ်ဆိုးကျောက်စိမ်းမျှော်စင်မှာ အဆင့်သတ်မှတ်ခံအဖွဲ့ဝင် ဖြစ်လာဖို့ ကြိုးစားလို့ရလောက်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ တပည့်များ သို့မဟုတ် အဖွဲ့ဝင်များကို လေးမျိုးခွဲခြားထားသည်။ သာမန်အဖွဲ့ဝင်၊ ပင်မအဖွဲ့ဝင်၊ အဆင့်သတ်မှတ်ခံအဖွဲ့ဝင်၊ တိုက်ရိုက်အဖွဲ့ဝင်တို့ဖြစ်သည်။

အဆင့်သတ်မှတ်ခံအဖွဲ့ဝင်ဖြစ်လာရန် ပထမဆုံးအခြေအနေမှာ ကြီးမြတ်သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို အလွှာဆယ့်နှစ်သို့ မရောက်မီ အပြည့်အဝ နားလည်ရန်ဖြစ်သည်။

သာမန်တပည့်ဖြစ်လာရန် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ရန် လိုအပ်သည်။ ပင်မအဖွဲ့ဝင်ဖြစ်လာရန် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃၃ခုကို နားလည်ရန် လိုအပ်လေသည်။ အဆင့်သတ်မှတ်ခံအဖွဲ့ဝင်ဖြစ်လာရန် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို အလွှာဆယ့်နှစ် အောက်တွင် နားလည်ရမည်ဖြစ်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်တွင် အဆင့်သတ်မှတ်ခံအဖွဲ့ဝင်များက အခြေခံအုတ်မြစ်ဖြစ်ပြီး ကျောက်ရုပ်တုရှန်းကျိ၏ စကားအရ လင်းယွမ်က အဆင့်သတ်မှတ်ခံအဖွဲ့ဝင်ဖြစ်လာလျှင် နတ်ဆိုးကျောက်စိမ်းနေရာကို လွှဲပြောင်းယူရန် ခွင့်ပြုချက်ရှိပေလိမ့်မည်။

သို့သော် အဆင့်သတ်မှတ်ခံအဖွဲ့ဝင် ဖြစ်လာရန် အလွန်ခက်ခဲသည်။ အံ့ဖွယ်များစွာကို မျက်မြင်တွေ့ရှိခဲ့သော ရှန်းကျိပင်လျှင် လင်းယွမ်တွင် အခွင့်အရေးရှိလိမ့်မည်ဟု မသေချာပေ။

All Chapters