အခန်း (၆၅၃)
Vol. 43 Ch. 653
နတ်ဆိုးကျောက်စိမ်းမျှော်စင် အထွတ်အထိပ်တွင် ရှိစဉ်ကပင် အဆင့်သတ်မှတ်ခံအဖွဲ့ဝင်ဖြစ်လာသော သက်ရှိများက တိကျသော နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ကျင့်ကြံပြီး ၎င်းကို ပြည့်စုံအောင် လုပ်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို နားလည်ခဲ့သော အနည်းငယ်က ဉာဏ်အလင်းရရှိရန် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို အထူးသယ်ဆောင်ထားသော နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အမွေအနှစ်ကျောက်တုံးများကို အားကိုးခဲ့ကြခြင်းဖြစ်သည်။
ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်မှ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို တိုက်ရိုက်နားလည်ခြင်းက မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ကြီးမြတ်သူ၏ ခန္ဓာကိုယ်မှ ဖိနှိပ်မှုကြောင့် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်မှုက များစွာတိုးမြှင့်သွားစေခဲ့သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဆင့်သတ်မှတ်ခံအဖွဲ့ဝင်ဖြစ်လာခြင်း၏ ဆုလာဘ်များက လင်းယွမ်ကို အတော်လေးဆွဲဆောင်မှုရှိစေသည်။ ဆယ်ကြိမ်မြောက် ဆင်းသက်မှုပြီးနောက် လင်းယွမ်က နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို နားလည်ရန် ယုံကြည်မှုရှိလာခဲ့သည်။
VR ကမ္ဘာ။ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာသောနေရာတွင်။
ကြီးမြတ်သူ၏ ခန္ဓာကိုယ်က ကောင်းကင်ထက်တွင် မျောလွင့်နေဆဲ ဖြစ်သည်။ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက မရေတွက်နိုင်အောင် သွားလိုက်ပြန်လိုက် ဖြစ်နေကြသည်။
ယခုအချိန်ထိ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံပြီး ပြည့်စုံစေခြင်းဖြင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်ဖြစ်လာသူမှာ ယွမ်ချင်းအမည်ရသော လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ရှိသည်။
" ပိုပြီးကျင့်ကြံလေ ကြီးမြတ်သူအဆင့်ရဲ့ နက်ရှိုင်းမှုကို နားလည်လာလေပဲ။ " လင်းယွမ်က တောင်ထိပ်ပေါ်တွင် ထိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို မော့ကြည့်လိုက်သည်။
လင်းယွမ်က ကဏ္ဍအချို့တွင် အလွှာဆယ့်နှစ်သို့ ရောက်နေပြီဖြစ်သော်လည်း စစ်မှန်သော ကြီးမြတ်သူများနှင့် ယှဉ်လျှင် ကြီးမားသော ကွာဟချက် ရှိနေဆဲ ဖြစ်သည်။ အခြားအရာများကို ဖော်ပြရန် မလိုအပ်ဘဲ ကြီးမြတ်သူများ၏ အတွင်းစကြာဝဠာက အလင်းနှစ် သောင်းချီမှ သိန်းချီအထိ ကျယ်ပြန့်သည်။
လင်းယွမ်၏ အတွင်းကမ္ဘာက ပင်မစကြာဝဠာ၏ ကန့်သတ်ချက်များနှင့် အချုပ်အနှောင်များကို ချိုးဖျက်နိုင်ခဲ့သော်လည်း မိုင်ပေါင်း သန်းနှစ်ရာမှ သန်းသုံးရာအထိသာ ကျယ်ပြန့်လေသည်။
" နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို လေ့လာရမယ်။ " လင်းယွမ်က အတွေးများစုစည်းပြီး ကောင်းကင်ထက်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဂရုတစိုက် လေ့လာလိုက်သည်။
ဆယ်ကြိမ်မြောက် ဆင်းသက်မှုမတိုင်မီ ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာရာတွင် လင်းယွမ်ရင်ဆိုင်ခဲ့ရသော အကြီးမားဆုံးအတားအဆီးမှာ နေရာအနှံ့မှ ထွက်ပေါ်နေသော စိတ်ဝိညာဉ်ဖိအား သို့မဟုတ် စိတ်အသိဖိအားပင်ဖြစ်သည်။ ထိုစိတ်ဝိညာဉ်ဖိအားက နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေ့လာမှုကို အဆက်မပြတ် နှောက်ယှက်လေသည်။
စိတ်ဝိညာဉ်ဖိအား၏ နှောက်ယှက်မှုကြောင့် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းရှိသည့် လင်းယွမ်ပင် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို နားလည်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်သည်။
သို့သော် ယခု လင်းယွမ်က နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်ရန် ယုံကြည်မှုရှိသွားခြင်းမှာ ထိုစိတ်ဝိညာဉ်ဖိအားနှောက်ယှက်မှုကို ခုခံနိုင်သောကြောင့် ဖြစ်သည်။ ဆယ်ကြိမ်မြောက် ဆင်းသက်ပြီးနောက် သူ၏ စိတ်စွမ်းအားညွှန်းကိန်းက ၃၃,၃၃၄,၀၀၀ သို့ မြင့်တက်သွားခဲ့သည်။
အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်သို့ နားလည်နိုင်ခြင်းက လင်းယွမ်မျှော်လင့်ထားသော အရာဖြစ်သော်လည်း စိတ်စွမ်းအားညွှန်းကိန်းကိုတော့ တစ်ခါမှမမျှော်လင့်ခဲ့ဖူးပေ။
စိတ်စွမ်းအားညွှန်းကိန်း သန်းသုံးဆယ်မှ လေးဆယ်အတွင်းက ကြီးမြတ်သူအဆင့်သို့ ဝင်ရောက်ခြင်းဖြစ်သည်။ ကြီးမြတ်သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်ဖိအားကို လုံးဝ လျစ်လျူရှုနိုင်ခြင်းမဟုတ်လျှင်တောင် ခုခံနိုင်ရုံဖြင့် လုံလောက်သည်။
ထိုစိတ်ဝိညာဉ်ဖိအား၏ နှောက်ယှက်မှုမရှိသရွေ့ လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို လုံးဝ နားလည်နိုင်ရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော ခန္ဓာကိုယ်ကို လေ့လာပြီး နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဆယ်မျိုးကို နားလည်သွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော ခန္ဓာကိုယ်ကို လေ့လာပြီး နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ငါးဆယ်ကို နားလည်သွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော ခန္ဓာကိုယ်ကို လေ့လာပြီး နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် နှစ်ရာကို နားလည်သွားပါပြီ။ ]
လင်းယွမ် ခန့်မှန်းထားသည့်အတိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းကို နားလည်နေစဉ်အတွင်း ယခင်က သူ့ကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေခဲ့သော စိတ်ဝိညာဉ် ဖိအားက ယခုအခါ သက်သောင့်သက်သာဖြစ်နေပြီး သူ့ကို လုံးဝ ထိခိုက်ခြင်း မရှိတော့ပေ။ နေ့တစ်ဝက်အတွင်း လင်းယွမ်က နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ထောင်ချီကို နားလည်ခဲ့သည်။
" နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို နားလည်ဖို့ဆိုရင် VR ကမ္ဘာက ခန္ဓာကိုယ်အစိတ်အပိုင်းကိုပဲ အားကိုးနေလို့မရဘူး။ လိုအပ်ရင် အစစ်အမှန် ခန္ဓာကိုယ်ကို လေ့လာဖို့ ကြိုးစားကြည့်ရမယ်။ " လင်းယွမ်က လေ့လာနေစဉ် စဉ်းစားနိုင်စွမ်းလည်း ရှိနေဆဲ ဖြစ်သည်။
လူသားဆင့်ကဲပြောင်းလဲသူများ နားလည်နေကြသော ခန္ဓာကိုယ်အစိတ်အပိုင်းက အစစ်အမှန် ခန္ဓာကိုယ်၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်းကို VR ကမ္ဘာတွင် ပုံတူကူးထားခဲ့ခြင်းဖြစ်သည်။
အစစ်အမှန်ခန္ဓာကိုယ်ကို မလေ့လာသည့် အကြောင်းရင်းမှာ လွှမ်းမိုးမှုနှင့် ဖိနှိပ်မှုက ကြီးမားလွန်းပြီး အလွှာဆယ့်တစ် သက်ရှိများပင် အနားမကပ်နိုင်ကြပေ။
အလွှာဆယ့်တစ်အောက် သက်ရှိများက ကြီးမြတ်သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်လေ့လာရန် ကြိုးစားရဲလျှင် ကြီးမားသော စိတ်ဝိညာဉ်ဖိအားအောက်တွင် ပေါက်ကွဲသွားရပေလိမ့်မည်။ သို့သော် ၎င်းက လင်းယွမ်အတွက် ပြဿနာမရှိပေ။
သူ၏ စိတ်စွမ်းအားညွှန်းကိန်းက ကြီးမြတ်သူတစ်ယောက်နှင့်ပင် ယှဉ်နိုင်ပြီး သေဆုံးသွားသော ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်ဆိုလျှင် ပြောစရာပင်မလိုပေ။ ကြီးမြတ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို လူသားမျိုးနွယ်၏ ရတနာတိုက်ထဲတွင် ထားရှိရမည်။
လူသားမျိုးနွယ်တွင် လင်းယွမ်၏ လက်ရှိအဆင့်အတန်းနှင့် ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာလိုလျှင် ကြီးမြတ်သူရှချင်နှင့် အခြားကြီးမြတ်သူများကို ပြောပြရန်သာ လိုအပ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းက လေ့လာခြင်းသာဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို ယူဆောင်သွားခြင်းမဟုတ်ပေ။
လင်းယွမ်က စိတ်အသိမျှင်တစ်ခုကို ထုတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း၏ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို လေ့လာရန် စီစဉ်ထားသည်။ မူလခန္ဓာကိုယ်က နဂါးငွေ့တန်းပင်မကြယ်ပေါင်တွင် ထိုင်ပြီး သူ့ကိုသူ ပြည့်စုံစေရန် လေ့လာနေခဲ့သည်။
အလွှာဆယ့်တစ်သို့ ဝင်ရောက်ပြီး ဖရိုဖရုဲဟင်းလင်းပြင်၏ မူလစွမ်းအားကို လက်ခံချိန်တွင် ဖြစ်ပေါ်လာသော သက်ရောက်မှုက အလွန်ကြီးမားပေလိမ့်မည်။ ထို့ကြောင့် လင်းယွမ်က အဆင့်မတက်မီ ကြီးမြတ်သူများကို အသိပေးရန် လိုအပ်လေသည်။ အနည်းဆုံး ကြီးမြတ်သူများက ပြင်ဆင်ချိန်ရပြီး အခြားမျိုးနွယ်များမှ ကြီးမြတ်သူများ၏ လှုပ်ရှားမှုများကိုလည်း တားဆီးနိုင်လေသည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူများကို လင်းယွမ်က ယုံကြည်သည်။ သူက လူသားမျိုးနွယ်ဖြစ်နေသရွေ့ သူတို့က သူ့ကို ထောက်ပံ့ပေလိမ့်မည်။ ထိုသို့တွေးပြီး လင်းယွမ်၏ စိတ်အသိက VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။
VR ကမ္ဘာတွင် ကြီးမြတ်သူရှချင်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။
" အဲ့ဒီကောင်လေးက အလွှာဆယ့်တစ်ကို တက်လှမ်းဖို့အကြောင်း ဆွေးနွေးချင်လို့လား။ " ကြီးမြတ်သူရှချင်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
လင်းယွမ်က အလွှာတစ်ဆယ်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမအား နားလည်ခဲ့သည်ကို သိရှိပြီးနောက် လင်းယွမ် အလွှာဆယ့်တစ်သို့ တက်လှမ်းခြင်းနှင့် ပက်သက်၍ သူက သံသယမဝင်ခဲ့ပေ။
အဓိကပေါင်းစပ်နိယာမကို ဒုတိယအဆင့်သို့ ရောက်သည်နှင့် အလွှာဆယ့်တစ်သို့ ဝင်ရောက်နိုင်လေသည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခြင်းကလည်း အလွှာဆယ့်တစ်သို့ ဝင်ရောက်နိုင်သည်။
" လူသားမျိုးနွယ်ရဲ့ ဒီခေတ်မှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် မွေးဖွားလာခဲ့ပြီ။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို တွေ့ဆုံရန် လက်ခံလိုက်သည်။
အလွှာတစ်ဆယ်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခြင်းလား။ ကြီးမြတ်သူရှချင်က စကြာဝဠာအပြင်ဘက်ရှိ အမွေအနှစ်များမှ မွန်းစတားများအကြောင်း အချက်အလက်များ ကြားဖူးလေသည်။ သို့သော် စကြာဝဠာအတွင်း လင်းယွမ်ကဲ့သို့ ပါရမီရှင်တစ်ယောက် တစ်ခါမှ မထွက်ပေါ်လာခဲ့ဖူးပေ။