← Chapters

အခန်း (၆၅၅)

Vol. 43 Ch. 655

အခန်း (၆၅၅)

Vol. 43 Ch. 655

လင်းယွမ် အလွှာဆယ့်တစ်သို့ တက်လှမ်းနိုင်ခြင်းက လူသားမျိုးနွယ်၏ အရေးကြီးဆုံးတာဝန်တစ်ခုဖြစ်ပြီး တန်ဖိုးအချို့ ပေးဆပ်ရလျှင် လက်ခံနိုင်လေသည်။ ထို့အပြင် ကြီးမြတ်သူရှချင်က မူလခန္ဓာကိုယ်ကို ပြင်ဆင်ထားသော်လည်း မျိုးနွယ်ခြားများက အလုံစုံစစ်ပွဲကို မစခဲ့လျှင် ပြင်းထန်သော လှုပ်ရှားမှုများကို ပြုလုပ်ရန် မလိုအပ်ဘဲ ဟန်ချက်ညီမှုကိုလည်း ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူ " လင်းယွမ်က ပြောလိုက်သည်။

၎င်းက အစွမ်းထက်သော အင်အားစု၏ ထောက်ပံ့မှု ရရှိသော အားသာချက်ဖြစ်ပြီး မိမိကိုယ်ကို လေ့ကျင့်ရန် ရည်ရွယ်ချင်ရှိရှိ စိန်ခေါ်မှုများကို မပြုလုပ်လျှင် အပြည့်အဝ ကြီးထွားလာနိုင်သည်။ လင်းယွမ်၏ ပါရမီနှင့် အဆင့်တက်လှမ်းရုံမှလွဲ၍ ဘာမှအာရုံစိုက်ရန် မလိုအပ်ပေ။

" ကျေးဇူးတင်ဖို့မလိုဘူး။ " ကြီးမြတ်သူရှချင်က ခေါင်းခါလိုက်သည်။

စကြာဝဠာအတွင်းရှိ အခြားအထွတ်အထိပ် မျိုးနွယ်များက လင်းယွမ်ကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် လူသားမျိုးနွယ်တွင် ထွက်ပေါ်လာသည်ကို သိခဲ့လျှင် မနာလိုမှုကြောင့် ရူးသွပ်သွားကြပေလိမ့်မည်။

" မင်းရဲ့ လက်ရှိခွန်အားနဲ့ ကြီးမြတ်သူအဆင့်ကို ပစ်မှတ်ထားဖို့ စဉ်းစားသင့်တယ်။ အလွှာဆယ့်တစ် သက်ရှိတစ်ယောက်ရဲ့ အမြင့်ဆုံးခုန်ပျံကျော်လွှာမှုမှာ ပြင်ပစွမ်းအားတွေ ကူညီနိုင်ပေမယ့် အရေးကြီးတဲ့ ကဏ္ဍမှာတော့ မပါဝင်ဘူး။ " ကြီးမြတ်သူရှချင်က သတိပေးလိုက်သည်။

လူသားမျိုးနွယ်တွင် စကြာဝဠာရင်းမြစ်ကဲ့သို့ ကြီးမြတ်သူဖြစ်လာရန် အခွင့်အရေးကို တိုးမြှင့်ပေးနိုင်သော ရတနာများနှင့် နည်းစနစ်များကို ပိုင်ဆိုင်ထားလေသည်။ သို့သော် အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီး ကြီးမြတ်သူဖြစ်လာရန် မိမိကိုယ်တိုင်အပေါ် များစွာမူတည်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လက်ရှိတွင် လင်းယွမ်ပိုင်ဆိုင်သော အစွမ်းထက်ဆုံး ရတနာမှာ အချိန်လေဟာနယ်နှလုံးသားဖြစ်သည်။ ၎င်းက အမြင့်ဆုံးခုန်ပျံကျော်လွှားနေချိန်အတွင်း အချိန်မြစ်၏ အချုပ်အနှောင်များမှ လွတ်မြောက်ရန် အချိန်ဆွဲထားပေးခြင်းဖြစ်သည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က သူ၏ တိုက်ရိုက်တပည့်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။

" မင်းနားလည်တာ ကောင်းတယ်။ " ကြီးမြတ်သူရှချင်က ခေါင်းညိမ့်လိုက်သည်။

အမှန်တော့ ထိုစကားများက အလွှာဆယ့်တစ် အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူများကို ရည်ရွယ်သည်။ အလွှာဆယ့်တစ် အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူများက အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုသောကြောင့် ထိုကဲ့သို့ သတိပေးမှုများက ပုံမှန်သာဖြစ်သည်။

" ကြီးမြတ်သူ နောက်တစ်ခုရှိသေးတယ်။ " လင်းယွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ပြောပါ။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။

" ကျွန်တော် ကြီးမြတ်သူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကိုယ်တိုင်လေ့လာချင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။

VR ကမ္ဘာမှ ခန္ဓာကိုယ်အစိတ်အပိုင်းက ပုံတူကူးထားခြင်းသာဖြစ်သည်။ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးကို အပြည့်အဝ နားလည်လိုလျှင် အစစ်အမှန် ခန္ဓာကိုယ်ကို တိုက်ရိုက်လေ့လာရမည်ဖြစ်သည်။

" ခန္ဓာကိုယ်အစိတ်အပိုင်းကတော့ အင်း မင်း အဆင်ပြေလောက်ပါတယ်။ "

ကြီးမြတ်သူရှချင်က ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်ဖိအားကို လင်းယွမ်အား ခံနိုင်ရည်မရှိဟု သတိပေးရန် ပြင်လိုက်သော်လည်း လင်းယွမ်၏ စိတ်စွမ်းအားက ကြီးမြတ်သူအဆင့်သို့ ရောက်နေသည်ကို ပြန်သတိရလိုက်ရသည်။

ကြီးမြတ်သူတစ်ယောက်၏ စိတ်ဝိညာဉ်ဖိအားက အခြားကြီးမြတ်သူတစ်ယောက်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကလည်း ၎င်းကို အတည်ပြုခဲ့ပြီးဖြစ်သည်။

ကြီးမြတ်သူရှချင်ပင် ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို ခဏလေ့လာခဲ့ပြီး နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အများစုကို နားလည်ခဲ့သည်။ ကံမကောင်းစွာဖြင့် ကြီးမြတ်သူများ နတ်ဆိုးကျောက်စိမ်းမျှော်စင်သို့ ဝင်ရောက်ရန် အခြေအနေများက မြင့်မားလှသည်။

ကြီးမြတ်သူတစ်ယောက်က ခန္ဓာကိုယ်အစိတ်အပိုင်းအတွင်းရှိ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်နိုင်သော်လည်း နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်တပည့် ဖြစ်လာမည်မဟုတ်ပေ။

နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာနေသော သတ္တမနှင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်လျှင် ကြီးမြတ်သူများအတွက် ၎င်းက ရိုးရှင်းလှသည်။ ထို့အပြင် နတ်ဆိုးကျောက်စိမ်းမျှော်စင်များက ကြီးမြတ်သူများအတွက် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ကိုယ်တိုင်ကြီးမှူးသော စမ်းသပ်မှုများရှိနေသည်။

သို့သော် စကြာဝဠာခေတ်များ ကုန်လွန်လာပြီး နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ပျောက်ကွယ်သွားခြင်းနှင့်အတူ နတ်ဆိုးကျောက်စိမ်းမျှော်စင်သို့ ကြီးမြတ်သူများ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

" ဒါပေမယ့် သတိထားပါ။ မူမမှန်တာ တစ်ခုခုတွေ့ရင် ချက်ချင်း ဆုတ်ခွာခဲ့ပါ။ " ကြီးမြတ်သူရှချင်က လင်းယွမ်အတွက် အန္တရာယ်မရှိကြောင်း အတည်ပြုပြီးသောအခါ သဘောတူညီမှုဖြင့် ခေါင်းညိမ့်လိုက်သည်။

" ကောင်းပြီ။ " လင်းယွမ်က ပြန်ပြောလိုက်သည်။

" ငါ မင်းကို ဝင်ရောက်ခွင့်ပေးလိုက်ပြီ။ မင်း ခံတပ် ၁၃ကို သွားဖို့လိုတယ်။ တစ်ယောက်ယောက်က မင်းကိုခေါ်သွားလိမ့်မယ်။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။

လူသားမျိုးနွယ်တွင် ခံတပ် ၂၂ ခုရှိ၏။ ထိုခန္ဓာကိုယ်က ဖရိုဖရဲဟင်းလင်းပြင်ရှိ နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ လာခြင်းဖြစ်သောကြောင့် လူသားမျိုးနွယ်၏ ကြီးမြတ်သူများက အလွန်တန်ဖိုးထားကြပြီး ခံတပ် ၁၃တွင် သိမ်းဆည်းထားကြသည်။

" ခံတပ် ၁၃ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ယခင် ကြီးမြတ်သူယုတိုင်က လင်းယွမ်ကို လူသားမျိုးနွယ်၏ တတိယခံတပ်သို့ သွားရောက်ခဲ့ဖူးသည်။

" ကျွန်တော် ကောင်းမှုအမှတ် ဘယ်လောက်ပေးရမှာလဲ။ " လင်းယွမ်က မေးလိုက်သည်။

ကြယ် ၁၂လုံး ရတနာများကို လေ့လာခြင်းက ကောင်းမှုအမှတ်များ လိုအပ်လေသည်။ လင်းယွမ်၏ အနက်ရောင်ဂြိုလ်ပေါ်မှ လမ်းညွှန်မှုလမ်းကြောင်းတစ်ခုကို တစ်ကြိမ်ဝင်ရောက်ရန် ကောင်းမှုအမှတ် သန်းတစ်ရာ လိုအပ်သည်။

" အဲ့ဒီခန္ဓာကိုယ်ကို ဘယ်သူမှ မလေ့လာသေးဘူးဆိုတော့ မင်းလေ့လာတာက ကောင်းမှုအမှတ် မလိုအပ်ဘူး။ " ကြီးမြတ်သူရှချင်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

အမှန်တော့ ကောင်းမှုအမှတ်က ကောက်ခံနိုင်သည်။ သို့သော် ထိုသေးငယ်သော ကိစ္စများအတွက် ကြီးမြတ်သူရှချင်က ကောင်းမှုအမှတ် ကောက်ခံခြင်း မကောက်ခံခြင်းကို ဆုံးဖြတ်နိုင်လေသည်။ ထိုကောင်းမှုအမှတ်များက ကြီးမြတ်သူ ရှချင်အတွက် အရေးမပါလှပေ။

" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူ..." လင်းယွမ်က ကြီးမြတ်သူရှချင်၏ ဂရုစိုက်မှုကို နားလည်သောကြောင့် ကျေးဇူးတင်စကားပြောလိုက်သည်။

နောက်ထပ် စကားအနည်းငယ် ပြောပြီးနောက် လင်းယွမ်က ထွက်ခွာသွားခဲ့သည်။ လင်းယွမ်ထွက်သွားသည်ကို ကြည့်ပြီး ကြီးမြတ်သူရှချင်က အတွေးနက်သွားသည်။

မကြာမီ ပုံရိပ်တစ်ခုက လေထဲတွင် စုစည်းသွားသည်။ ၎င်းက ကြီးမြတ်သူယုတိုင်ဖြစ်၏။

" ရှချင် ရှင်ရူးနေပြီလား။ လင်းယွမ်ကို ဘာလို့အဲ့ဒီခန္ဓာကိုယ်ကို လေ့လာခွင့်ပြုလိုက်တာလဲ။ "

လင်းယွမ်က ခံတပ်၁၃ သို့ သွားပြီး ခန္ဓာကိုယ်ကို လေ့လာရန် အခွင့်အာဏာကို VR ကမ္ဘာမှ ပေးပို့ခဲ့ခြင်းဖြစ်သည်။ VR ကမ္ဘာ၏ ဖန်တီးသူဖြစ်သည့် ကြီးမြတ်သူယုတိုင်က ထိုအချက်ကို ပထမဆုံးသိရှိသူဖြစ်သောကြောင့် သူမက ချက်ချင်း ပေါ်လာခြင်းဖြစ်သည်။

ယခုအချိန်ထိ ကြီးမြတ်သူ၏ ခန္ဓာကိုယ်ကို အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများ လေ့လာရန် မဝံ့ရဲကြပေ။ ကြီးမြတ်သူရှချင်က ထိုဆုံးဖြတ်ချက်ကို ချခဲ့သည့် အကြောင်းရင်းကို ကြီးမြတ်သူယုတိုင်က စဉ်းစားမရပေ။

လင်းယွမ်က လူသားမျိုးနွယ်၏ အထူးချွန်ဆုံး ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဆယ်ယောက်မြောက် ကြီးမြတ်သူ ဖြစ်လာနိုင်ခြေရှိသည်။ ထိုသို့သော အကန့်အသတ်မဲ့အလားအလာရှိသော ထူးချွန်သူကို ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်ကို လေ့လာစေခြင်းက မိုက်မဲလွန်းလှသည်။

" ယုတိုင် စိတ်မပူနဲ့။ " ကြီးမြတ်သူ ရှချင်က ကြီးမြတ်သူယုတိုင်ကို ကြည့်ပြီး ရှင်းပြလိုက်သည်။ " လင်းယွမ်ရဲ့ ပါရမီက ငါတို့မျှော်လင့်ထားတာထက် ပိုတယ်။ "

" ပါရမီက ပါရမီပဲ။ လင်းယွမ်က အခု အလွှာတစ်ဆယ်ပဲ ရှိသေးတယ်။ သူ့ရဲ့ စိတ်စွမ်းအားက စိတ်ဝိညာဉ်ဖိအားကို ခံနိုင်ရည်ရှိဖို့ကလည်း အလွှာဆယ့်နှစ်ကို ဝင်ရောက်ပြီးမှဖြစ်လိမ့်မယ်။ သူ့ကို အခုလေ့လာခွင့်ပြုတဲ့ အကျိုးဆက်ကို စဉ်းစားပြီးသွားပြီလား။ " ကြီးမြတ်သူယုတိုင်က ပြောလိုက်သည်။

ကြီးမြတ်သူရှချင်က ကြီးမြတ်သူယုတိုင်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ " အလွှာဆယ့်နှစ်ထိ စောင့်ဖို့မလိုဘူး။ သူ အခုခံနိုင်ရည်ရှိနေပြီ။ "

" ရှင်ဘာကိုဆိုလိုတာလဲ။ " ကြီးမြတ်သူယုတိုင်က အနည်းငယ် ကြောင်သွားသည်။

" လင်းယွမ်ရဲ့ စိတ်စွမ်းအားက အလွှာဆယ့်နှစ်ကို ရောက်နေပြီ။ " ကြီးမြတ်သူရှချင်က တိုက်ရိုက်ပြောလိုက်သည်။

" အလွှာဆယ့်နှစ် စိတ်စွမ်းအား။ " ကြီးမြတ်သူယုတိုင်က တိတ်ဆိတ်သွားသည်။ သူမက VR ကမ္ဘာ၏ အခွင့်အာဏာကို အသုံးပြုပြီး လင်းယွမ်၏ စိတ်အသိကို စစ်ဆေးလိုက်သည်။

" တကယ် ၁၈ သန်းကို ကျော်သွားပြီပဲ။ အတိအကျဆိုရင် သန်းနှစ်ဆယ်ကို ကျော်လွန်သွားပြီ။ " ကြီးမြတ်သူယုတိုင်က မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားသည်။

All Chapters