အခန်း (၆၄၄)
Vol. 43 Ch. 644
ဟင်းလင်းပြင်သက်ရှိဘုရင်တစ်ကောင်ကို သတ်ခြင်းဖြင့် စိတ်စွမ်းအား ရှစ်သန်းနီးပါးကို တိုက်ရိုက်တိုးတက်လာခဲ့သည်။ ထိုသို့သော တိုးမြှင့်မှုမျိုးကို လင်းယွမ်က ပင်မစကြာဝဠာမှာပင် မကြားဖူးခဲ့ပေ။ စိတ်စွမ်းအားညွှန်းကိန်း အဆင့်မြင့်လာသည်နှင့် တိုးတက်ရန် ပိုမိုခက်ခဲသွားပြီဖြစ်သည်။ ထို့ကြောင့် အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိများ၏ တန်ဖိုးကို သိနိုင်လေသည်။
ကံမကောင်းစွာဖြင့် အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိဘုရင်များက အလွန်ရှားပါးလေသည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်က နှစ်ပေါင်းရာချီ စွန့်စားသွားလာခဲ့သော်လည်း တစ်ကောင်းတည်းသာ တွေ့ခဲ့ရသည်။
ယခု လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ ရောက်သွားပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတစ်ခုလုံးကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်လေသည်။ သို့သော် သူက ဟင်းလင်းပြင်သက်ရှိဘုရင် လေးကောင်ကိုသာ ရှာတွေ့ခဲ့ရသည်။
၎င်းတို့ထဲမှ နှစ်ကောင်မှာ အဆင့်ရှစ်သာ ရှိပြီး ကျန်နှစ်ကောင်မှာ အဆင့်ကိုးတွင် ရှိကြလေသည်။ သူတို့လေးကောင်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အလွန်လျို့ဝှက်သော နေရာများတွင် ပုန်းအောင်းနေကြပြီး အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများပင် နှစ်သန်းပေါင်းများစွာ ကြာသည်အထိ ရှာတွေ့နိုင်မည်မဟုတ်ပေ။
သို့သော် ယခု ဟင်းလင်းပြင်သက်ရှိ ၆၇၈ကောင်က ကျောက်တုံး၏ နေရာလွတ်ထဲတွင် တိတ်ဆိတ်စွာ အိပ်ပျော်နေကြသည်။ ထိုဟင်းလင်းပြင်သက်ရှိများက အဆင့်ကိုး အထွတ်အထိပ်တွင် ရှိသော ဟင်းလင်းပြင်သက်ရှိဘုရင်များဖြစ်ကြသည်။
" ဒီလောက်တန်ဖိုစကြီးတဲ့ လက်ဆောင်...." လင်းယွမ်က အံ့ဩနေမိသည်။
ထိုဟင်းလင်းပြင်သက်ရှိအရေအတွက်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေမှ ယနေ့အထိ ရှိသမျှ ဟင်းလင်းပြင်သက်ရှိဘုရင်အားလုံးပေါင်းစည်းထားလျှင်ပင် ထိုအရေအတွက်ကို မယှဉ်နိုင်ပေ။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ထိန်းချုပ်နိုင်သော ဟင်းလင်းပြင်သားတော်ပင်လျှင် ထိုမျှများပြားသော ဟင်းလင်းပြင်သက်ရှိဘုရင်များကို မြင်ဖူးမည်မဟုတ်ပေ။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ဖန်တီးသူက အဆုံးမဲ့ဟင်းလင်းပြင်၏ အပြင်ဘက်မှ ဒိုင်မန်ရှင်းကွာဟချက်ထဲမှ သက်ရှိများ၏ အရည်အသွေးအမြင့်ဆုံးသက်ရှိများကို သိမ်းဆည်းထားခဲ့သည်။
" ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆို အဆုံးမဲ့ဟင်းလင်းပြင်ထဲရ ခဏထွက်ပြီး ဒိုင်းမန်ရှင်းတွေကြားက သက်ရှိတွေကို ဖမ်းယူနိုင်လိမ့်မယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်သို့ ရောက်ရှိပြီးနောက် သူက အဆုံးမဲ့ဟင်းလင်းပြင်မှ ထွက်ခွာပြီး ဒိုင်မန်ရှင်းများကြားသို့ သွားနိုင်လေသည်။
" ထားလိုက်တော့ အချိန်ကုန်တယ်။ " လင်းယွမ်က ထိုအတွေးကို စွန့်လွှတ်လိုက်သည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ဖန်တီးသူအတွက် ဟင်းလင်းပြင်သက်ရှိများကို ဖမ်းယူရန် နှစ်သန်းပေါင်းများစွာ လိုအပ်လေသည်။ နှစ်သန်းပေါင်းများစွာကြာလျှင် လင်းယွမ်က ဘယ်အဆင့်သို့ ရောက်နေလဲဆိုတာ မသိနိုင်ပေ။ လျို့ဝှက်နယ်မြေဖန်တီးသူက လမ်းဆုံးသို့ ရောက်သွားသောကြောင့် ထိုသို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
" ဒီလောက်များတဲ့ ဟင်းလင်းပြင်သက်ရှိဘုရင်တွေနဲ့ဆို ငါ့ရဲ့ စိတ်စွမ်းအားညွှန်းကိန်းက ဘယ်လောက်ထိ ရောက်သွားမလဲမသိဘူး။ " လင်းယွမ်က ဟင်းလင်းပြင်သက်ရှိဘုရင်းများကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။
အစတွင် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်တွင် သူ၏ စိတ်စွမ်းအားကို မြှင့်တင်ရန် အမြင့်ဆုံးကန့်သတ်ချက်မှာ ၂၅ သန်းသာ ဖြစ်လေသည်။ ဟင်းလင်းပြင်သက်ရှိအရေအတွက်က အကန့်အသတ်ရှိသောကြောင့် လင်းယွမ် သတ်ဖြတ်ရန်အတွက် များများစားစား မရှိပေ။
အထူးသဖြင့် သူ၏ စိတ်စွမ်းအားက သန်း ၂၀ ကျော်လွန်ပြီးနောက် ဟင်းလင်းပြင်သက်ရှိဘုရင်များကို သတ်မှသာ အနည်းငယ် တိုးတက်နိုင်လေသည်။ သို့သော် ယခု ကျောက်တုံးထဲရှိ နေရာလွတ်ထဲမှ ဟင်းလင်းပြင်သက်ရှိများက ကန့်သတ်ချက်တစ်မျိုး ပြောင်းလဲသွားစေခဲ့သည်။
လင်းယွမ်က ထိုဟင်းလင်းပြင်သက်ရှိများကို ကိုင်တွယ်ရာတွင် သနားညှာတာခြင်းမရှိပေ။ သူတို့က မျိုးနွယ်မတူသည့်အပြင် သာမန်လူများ ကြက်၊ ဝက်များကို သတ်သကဲ့သို့သာ ဖြစ်သည်။
အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများက အဆင့်တစ်ဆယ် တည်ရှိမှုတစ်ခု ထွက်ပေါ်လာသည့်အကြောင်းကို ဆွေးနွေးနေကြသည်။
" အဆင့်တစ်ဆယ်ကို ဝင်ရောက်သွားတဲ့သူက သိုင်းဘိုးဘေးပေါ။ "
" သိုင်းဘိုးဘေးက အဲ့ဒီအားနည်းတဲ့ ပိုးမွှားတွေကိုပေးဖို့ ငါတို့နယ်မြေရဲ့ တစ်ဝက်ကို တောင်းဆိုနေတာလား။ "
" သိုင်းဘိုးဘေးက အရမ်းသန်မာပေမယ့် အဲ့ဒီပိုးမွှာတွေကိုအပေါ် ဘာလို့ ဒီလောက်စေတနာကောင်းနေတာလဲ။ "
" မင်း မကျေနပ်တာရှိလား။ ရှိရင် သိုင်းဘိုးဘေးနဲ့ သွားဆွေးနွေးလေ။ "
" မဆွေးနွေးရဲပါဘူး။ "
မိစ္ဆာနတ်ဘုရားများက တစ်ယောက်ချင်း ဆွေးနွေးနေကြသည်။ သူတို့ထဲမှ အချို့ကနယ်မြေတစ်ဝက်ကို ပေးအပ်ခြင်းအပေါ် မကျေနပ်မှုများရှိသော်လည်း ၎င်းက မကျေနပ်မှုသာ ဖြစ်သည်။ သူတို့က သိုင်းဘိုးဘေးနှင့် ဆွေးနွေးရန် အသက်ဆယ်သက်ရှိလျှင်တောင် မဝံ့ရဲပေ။
သူတို့က အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများဖြစ်ပြီး တစ်ခါတစ်ရံ ရူးသွပ်သွားနိုင်သော အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနှစ် မိစ္ဆာနတ်ဘုရားများကဲ့သို့ မဟုတ်ပေ။
အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများက စဉ်းစားဆင်ခြင်နိုင်စွမ်းရှိကြသည်။ မဖြစ်နိုင်သောအရာကို မကြိုးစားသင့်ကြောင်း နားလည်ကြပြီး သိုင်းဘိုးဘေး၏ ဆန္ဒကို ဆန့်ကျင်လိုခြင်းမရှိကြပေ။
ထို့အပြင် နယ်မြေတစ်ဝက်ကို ပေးအပ်ခြင်းဖြစ်ပြီး သူတို့ကို များစွာထိခိုက်စေခြင်းမရှိသောကြောင့် တုန့်ပြန်မှုများက အလွန်အမင်း ပြင်းထန်ခြင်း မရှိခဲ့ပေ။
ဟင်းလင်းပြင်သားတော်က မိစ္ဆာနတ်ဘုရားများ ဆွေးနွေးနေကြသည်ကို တည်ငြိမ်စွာ ကြည့်နေသည်။
" ဟမ် သိုင်းဘိုးဘေးက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကနေ ပျောက်ကွယ်သွားတာလား။ "
လင်းယွမ်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားချိန်တွင် သူ၏ အော်ရာက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအတွင်းမှ ပျောက်ကွယ်သွားသည်ကို ဟင်းလင်းပြင်သားတော်က သတိပြုမိခဲ့လေသည်။
" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတစ်ခုလုံးမှာ သိုင်းဘိုးဘေးရဲ့ အော်ရာ တစ်စွန်းတစ်စကိုတောင် မတွေ့ရဘူးလား။ " ဟင်းလင်းပြင်သားတော်က သတိထား၍ အာရုံခံလိုက်သည်။ " ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအတွင်းမှာ ငါမသိသေးတဲ့ လျို့ဝှက်ချက်တွေ ရှိနေတာလား။ "
ဟင်းလင်းပြင်သားတော်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီး ၎င်းကို အလွန်နားလည်သွားပြီဟု ယုံကြည်ခဲ့သည်။ သို့သော် ယခုအခါ သိုင်းဘိုးဘေး၏ အော်ရာ ရုတ်တရက် ပျောက်ကွယ်သွားခြင်းက အခြားအတွေးများကို ဖြစ်ပေါ်စေခဲ့သည်။
" အချိန်ကျပြီ။ " ဟင်းလင်းပြင်သားတော်က အောက်သို့ လှမ်းကြည့်လိုက်ပြီး မိစ္ဆာနတ်ဘုရားများ၏ ဆွေးနွေးသံများက အဆုံးသတ်လုနီးပါးဖြစ်နေသည်။
နယ်မြေတစ်ဝက်ကို စွန့်လွှတ်လိုက်ခြင်းက ဟင်းလင်းပြင်သားတော်အပေါ် သက်ရောက်မှုမရှိပေ။ ၎င်းက သိုင်းဘိုးဘေး မည်သည့်နယ်မြေကို ရွေးချယ်မလဲအပေါ် မူတည်လေသည်။
" သိုင်းဘိုးဘေးက အဲ့ဒီပိုးမွှားတွေက်ု ကာကွယ်ပေးနေသော သိုင်းတာအိုကို ကျင့်ကြံနိုင်လို့လား။ " ဟင်းလင်းပြင်သားတော်က ဆိတ်စွာ တွေးလိုက်သည်။ " ငါလည်း အချိန်ရရင် သိုင်းတာအိုကို ကျင့်ကြံနိုင်မလား စမ်းကြည့်ရမယ်။ "
သိုင်းဘိုးဘေးက သိုင်းတာအိုကို အလွန်တန်ဖိုးထားနေသောကြောင့် ဟင်းလင်းပြင်သားတော်ကို စိတ်ဝင်စားမှုဖြစ်ပေါ်စေပြီး စမ်းသပ်ရန် စီစဉ်ခဲ့သည်။
အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်ကြာသွားခဲ့သည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ။
လင်းယွမ်က ကျောက်တုံးကြီးပေါ်တွင် ခြေချိတ်ထိုင်နေသည်။ မမြင်နိုင်သော စိတ်စွမ်းအားက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားပြီး အချိန်လေဟာနယ်က လိမ်ယှက်သွားပြီး စိတ်ဝိညာဉ်မုန်တိုင်းကို ဖြစ်ပေါ်နေသည်။
" ငါ့ရဲ့စိတ်စွမ်းအားက အထွတ်အထိပ် ရောက်သွားပြီ။ " လင်းယွမ်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ပြီး သန်မာသော စိတ်စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
ဆယ်နှစ်အတွင်း ဟင်းလင်းပြင်သက်ရှိများကို တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် စုပ်ယူပြီးနောက် လင်းယွမ်၏ စိတ်စွမ်းအားက အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ အထွတ်အထိပ် ဆိုသည်မှာ ဟင်းလင်းပြင်သက်ရှိဘုရင်များ ဆက်လက်သတ်ဖြတ်နေလျှင်တောင် စိတ်စွမ်းအားတိုးတက်မှုက လုံးဝ ရပ်တန့်သွားသည်ကို ဆိုလိုလေသည်။
" ငါ့ရဲ့ လက်ရှိ စိတ်စွမ်းအားညွှန်းကိန်းက ၃၃၃ သိန်းနဲ့ ၃၃၄ သိန်းကြားမှာ ရှိလောက်တယ်။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
" စိတ်စွမ်းအားညွှန်းကိန်းရဲ့ အလျားက ၃၃,၃၃၃,၃၃၃.၃၃ များလား။ "
စိတ်စွမ်းအားညွှန်းကိန်းက မည်မျှရှိသည်ကို လင်းယွမ်က သေချာမသိပေ။ စိတ်စွမ်းအားကို တိုင်းတာနိုင်သော လူသားမျိုးနွယ်ပင် ခန့်မှန်းချက်သာ ရှိသည်။ ယခု လင်းယွမ်၏ စိတ်စွမ်းအားက အလွန်မြင့်မားနေသောကြောင့် တိကျစွာ တိုင်းတာရန် ခက်ခဲသည်။ သူက သူ၏ အတွေ့အကြုံ ခံသားမှုများကိုသာ အားကိုး၍ ဆုံးဖြတ်နိုင်လေသည်။
စိတ်စွမ်းအား ၃၃,၃၀၀,၀၀၀ မှ ၃၄,၀၀၀,၀၀၀ အပိုင်းအခြားက လင်းယွမ်အား ၃၃,၃၃၃,၃၃၃.၃၃ ဟူသော ကိန်းဂဏန်းကို သတိရစေသည်။
ပင်မစကြာဝဠာတွင် လင်းယွမ်က ထိုကိန်းဂဏန်းနှင့် အကြိမ်များစွာ တွေ့ဆုံဖူးလေသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သို့ ဝင်ရောက်ရန် လိုအပ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အရေအတွက်။ လေဟာနယ်အနက်ဖွင့်ဆိုချက်မှ ငွေရောင်စာလုံးအရေအတွက်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးအတွက် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားတစ်ချောင်းကို စုဆောင်းရန် လိုအပ်သော အချိန်။ ယခု စိတ်စွမ်းအားကလည်း ကန့်သတ်ချက်ကို ရောက်လာပြီး ထိုဂဏန်းနှင့် နီးစေနေပြီဖြစ်သည်။