အခန်း (၆၄၇)
Vol. 43 Ch. 647
မူလစိတ်ဝိညာဉ်နှစ်ခုလုံးက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်သို့ ရောက်နေပြီး နိယာမမ်ားကို နားလည်မှုနှင့် အလိုရှိသော နေရာသို့ အလြယ္တကူ ရောက်နိုင်လေသည်။
" မတူညီတဲ့ကမ်ဘာတွေကို ပို့ဆောင်မယ်။ " ချင်ယောင်က နှလုံးခုန်မြန်သွားသည်။ သူမက ထိုဖြစ်နိုင်ခြေကို အနည်းငယ် သိရှိထားသော်လည်း သိုင်းဘိုးဘေးကိုယ်တိုင် ပြောဆိုသည်ကို ကြားလိုက်ရသောအခါ သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
သိုင်းဘိုးဘေး၏ စကားအရ သိုင်းတာအိုက အနာဂတ်တွင် အဆုံးမဲ့ဟင်းလင်းပြင်၏ လွှမ်းမိုးသူ ဖြစ်လာနိုင်ခြေရှိလေသည်။ နောက်တစ်ခုအနေဖြင့် လင်းယွမ်က ထိုက်ယင်မူလစိတ်ဝိညာဉ် သိမ်းပိုက်ထားသော ကမ္ဘာမ်ားကို အလှည့်ကျ သွားရောက်ခဲ့သည်။ ထိုကမ္ဘာမ်ားက အဆုံးမဲ့ဟင်းလင်းပြင်တွင် သိုင်းတာအိုပျံ့နှံ့သွားလျှင်တောင် ၎င်းတို့က သိုင်းတာအို၏ မူလအစ ဖြစ်နေပေလိမ့်မည်။
ထိုအရာအားလုံး လုပ်ကိုင်ပြီးသောအခါ လင်းယွမ်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အတွင်းဘက်သို့ ရောက်လာသည်။
" သိုင်းဘိုးဘေး " ဟင်းလင်းပြင်သားတော်က လင်းယွမ်ကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
ယခုအချိန်တွင် သူ၏ နေရာက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အဓိကနေရာတွင် မဟုတ်တော့ဘဲ ဒုတိယအဆင့်သာ ရှိနေသည်။ သိုင်းဘိုးဘေးက အဓိကနေရာသို့ လြတ္လပ္စြာ ဝင်ထွက်နိုင်သောကြောင့် သူက ဤနေရာသို့ ဆုတ်ခွာလာခဲ့ခြင်းဖြစ်သည်။
" ကိစ္စတွေ ဘယ်လိုစီစဉ်ထားလဲ။ " လင်းယွမ်က တိုက်ရိုက် မေးမြန်းလိုက်သည်။
" ပြီးခါနီးပါပြီ။ မိစ္ဆာနတ္ဘုရားအမ်ားစုက သူတို့အတွက် သတ်မှတ်ပေးထားတဲ့ နယ်မြေတွေကို ဆုတ်ခွာသွားကြပါပြီ။ " ဟင်းလင်းပြင်သားတော်က ချက်ချင်း ပြောလိုက်သည်။
လွန်ခဲ့သော ဆယ်စုနှစ်အချို့ကတည်းက ဟင်းလင်းပြင်သားတော်က အဆုံးမဲ့ဟင်းလင်းပြင်နှင့် ဟင်းလင်းပြင် လျို့ဝှက်နယ်မြေကို အပိုင်းနှစ်ပိုင်း ပိုင်းခြားထားခဲ့သည်။ တစ်ဖက်မှာ မိစ္ဆာနတ္ဘုရားမ်ား၏ နယ်မြေဖြစ်ပြီး ကျန်တစ်ဖက်မှာ သိုင်းတာအိုကျင့်ကြံသူများ၏ နယ်မြေဖြစ်သည်။ ထိုနယ်မြေခွဲခြားမှုကို လင်းယွမ်ကလည်း သဘောတူခဲ့သည်။
ဟင်းလင်းပြင်သားတော်နှင့်စကားခဏပြောပြီးနောက် လင်းယွမ်၏ ပုံရိပ်က တစ်ဖန် ပျောက်ကွယ်သွားသည်။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ လျို့ဝှက်နေရာတစ်ခုတွင် လင်းယွမ်က ပေါ်လာသည်။
" နောက်ထပ်နှစ်တစ်ရာကို တံခါးပိတ်ကျင့်ကြံတာပေါ့။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။
ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့က သိုင်းတာအို ကျင့်ကြံသူများကို အခြားကမ္ဘာများသို့ ပို့ဆောင်ပေးခဲ့သည်။ သူ၏ မူလခန္ဓာကိုယ်က ထိုနေရာတွင် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးလာသည်။ မကြာမီ နှစ်တစ်ရာကြာသွားခဲ့သည်။
" နေထိုင်ချိန် - တစ်နှစ် "
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က ကျောက်တုံးပေါ်တွင် ထိုင်ပြီး ရှေ့သို့ ကြည့်နေသည်။
"ငါပြန်ရမယ်။ " ထျန်းချင်းကမ္ဘာတွင် သူ၏ နေထိုင်ချိန် နှစ်ခြောက်ရာက ပြီးဆုံးတော့မည်ဖြစ်သည်။
လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်၏ သုံးပုံတစ်ပုံကို အသုံးပြုခြင်းမရှိလျှင် နေထိုင်ချိန်ကုန်ဆုံးသည်နှင့် ပင်မစကြာဝဠာသို့ အလိုအလျောက် ပြန်ရောက်သွားမည်ဖြစ်သည်။ လင်းယွမ်အတွက် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်၏ သုံးပုံတစ်ပုံက ဘာမှမဟုတ်သော်လည်း နှစ်ခြောက်ရာကျင့်ကြံခြင်းနှင့် လဲလှယ်ရန် လုံလောက်လေသည်။
လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်မှ သူ့အပေါ် ကန့်သတ်ချက်များကို ခံစားမိလာသည်။ ထို့ကြောင့် နိယာမများကို နားလည်ခြင်းက သက်ရောက်မှု လျော့နည်းလာခဲ့သည်။ ကမ္ဘာတစ်ခုက ၎င်း၏ အရွယ်အစားပေါ်မူတည်ပြီး နိယာမများ၏ နက်ရှိုင်းမှုများ ပါဝင်လေသည်။
ဥပမာ လင်းယွမ်ဆင်းသက်ခဲ့သော် တာအိုအင်မော်တယ်ကမ္ဘာထက် စိတ်ဝိညာဉ်ကမ္ဘာထက် အချိန်နိယာမက ပိုမိုကျယ်ပြန့်လေသည်။ ထို့အပြင် ပင်မစကြာဝဠာက တာအိုအင်မော်တယ်ကမ္ဘာနှင့် စိတ်ဝိညာဉ်ကမ္ဘာတို့ထက် အဆများစွာ သာလွန်သည်။
ထို့ကြောင့် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်တွင် ဆက်လက်နေထိုင်ခြင်းက အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်လေသည်။ သူက အလွှာဆယ့်တစ် သို့မဟုတ် အလွှာဆယ့်နှစ်သို့ ရောက်လျှင် သူနားလည်ထားသော နိယာမများ၏ နက်ရှိုင်းမှုများက အဆုံးမဲ့ဟင်းလင်းပြင်ကို ကျော်လွန်သွားနိုင်လေသည်။
" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ဖန်တီးသူက ကြီးမြတ်သူအဆင့်ကို မရောက်ခဲ့တာ အခြေခံမလုံလောက်တာနဲ့ ကံမကောင်းမှုသက်သက်မဟုတ်ဘဲ အဆုံးမဲ့ဟင်းလင်းပြင်ကိုယ်တိုင်ကြောင်းလည်း ပါလောက်တယ်။ "
ယခုအချိန်ထိ အဆုံးမဲ့ဟင်းလင်းပြင်တွင် ကြီးမြတ်သူတစ်ယောက်မှ မထွက်ပေါ်လာနိုင်လောက်ပေ။ အလွှာဆယ့်နှစ်ကို တက်လှမ်းရန်ကြိုးစားသူများက နောက်ဆုံးတွင် ကျရှုံးခဲ့ပြီး သူတို့၏ တည်ရှိမှုများက ဖျက်ဆီးခံခဲ့ရသည်။
" ဒါပေမယ့် အဲ့ဒါက ငါ့အပေါ် သက်ရောက်မှုမရှိဘူး။ " လင်းယွမ်က တည်ငြိမ်စွာ ရှိနေသည်။
အဆုံးမဲ့ဟင်းလင်းပြင်မှ နိယာမများကို နားလည်ခြင်းက သူ့အပေါ် အထောက်အကူမဖြစ်နိုင်သောကြောင့် သူက ပင်မစကြာဝဠာသို့ ပြန်သွားရမည်ဖြစ်သည်။
တစ်နေ့တွင် ပင်မစကြာဝဠာမှ နိယာမများက သူ့အပေါ် အထောက်အကူမဖြစ်တော့လျှင် သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အသုံးပြုပြီး ပိုမိုမြင့်မားသော ဒိုင်မန်းရှင်းများသို့ သွားရောက်မည်ဖြစ်သည်။ သက်ရှိတိုင်းအတွက် ကမ္ဘာများ၏ ကန့်သတ်ချက်များက ကြိုတင်သတ်မှတ်ထားသော်လည်း လင်းယွမ်အတွက် ထိုကန့်သတ်ချက်များ မရှိပေ။
" နှစ်တစ်ရာကျင့်ကြံမှုက ကျေနပ်စရာ ကောင်းနေတုန်းပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
နှစ်တစ်ရာအတွင်း လင်းယွမ်က နိယာမများအပေါ် နားလည်မှုကို အာရုံစိုက်ခဲ့ပြီး သိုင်းဘိုးဘေးရွှေရောင်ခန္ဓာကိုလည်း ပြုပြင်မွမ်းမံခဲ့သည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ အရင်းအမြစ်များကို အသုံးပြုခြင်းဖြင့် သိုင်းဘိုးဘေး ရွှေရောင်ခန္ဓာက ရွှမ်ဟွမ်ခန္ဓာ အလွှာတစ်ဆယ် အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။
သူက သိုင်းဘိုးဘေး ရွှေရောင်ခန္ဓာကို များစွာ ရင်းနှီးမြှုပ်နှံရသည့်အကြောင်းရင်းမှာ သူက ၎င်းကို အဆုံးမဲ့ဟင်းလင်းပြင်တွင် ထာဝရထားရှိချင်သောကြောင့်ဖြစ်သည်။ အဆုံးမဲ့ဟင်းလင်းပြင်က နိယာမများကို နားလည်မှုတွင် အထောက်အကူမပြုနိုင်သော်လည်း ကျင့်ကြံခြင်းက နိယာမများကို နားလည်ခြင်းသက်သက်မဟုတ်ပေ။
" ယွမ်ရှန်းကျင်း " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး လက်ဝါးအရွယ် ခေါင်းလောင်းလေးတစ်လုံးက သူ၏ ရှေ့တွင် လွင့်မျောနေသည်။
အဆုံးမဲ့ဟင်းလင်းပြင်ကို ဆင်းသက်လာပြီးနောက် လင်းယွမ်က ယွမ်ရှန်းကျင်းကို ယူဆောင်ခဲ့သည်။ နှစ်ခြောက်ရာတိုင်အောင် အရင်းအမြစ်များ၏ ထောက်ပံ့မှုဖြင့် ယွမ်ရှန်းကျင်းက အလွှာဆယ့်တစ်ရတနာများအောက် နိမ့်ကျခြင်းမရှိပေ။ လင်းယွမ်သာအသုံးပြုလျှင် ထွက်ပေါ်လာသော စွမ်းအားကို ခန့်မှန်းရန် ခက်ခဲလေသည်။
လင်းယွမ်က ထိုရတနာနှင့် အပြည့်အဝ ပေါင်းစပ်ထားသောကြောင့် ၎င်းကို အတွေးတစ်ချက်နှင့် အသက်သွင်းနိုင်လေသည်။ သူက ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှ ရရှိသော ရတနာများကို မူလစွမ်းအားအဖြစ် ပြောင်းလဲပြီး ယွမ်ရှန်းကျင်းကို အားဖြည့်ပေးခဲ့သည်။
ယွမ်ရှန်းကျင်းက အလွှာဆယ့်နှစ်သို့ ရောက်လျှင် အခြားအလွှာဆယ့်နှစ်ရတနာများထက် ၎င်းက လင်းယွမ်ကို ပိုမိုအထောက်အကူပြုပေလိမ့်မည်။ မိမိနှင့် လိုက်ဖက်သော ရတနာများက အလွန်ရှားပါးပြီး ယွမ်ရှန်းကျင်းကဲ့သို့ အပြည့်အဝ လိုက်ဖက်နေသော ရတနာဆိုလျှင် ပြောစရာပင်မလိုပေ။
"နိယာမတွေ " လင်းယွမ်က အတွေးနက်နေသည်။
ဤတစ်ကြိမ်တွင် လင်းယွမ်၏ အကြီးမားဆုံး အကျိုးအမြတ်မှာ စိတ်စွမ်းအားပင်ဖြစ်သည်။ ဆင်းသက်မှုမပြုမီ သူ၏ စိတ်စွမ်းအားက သိန်းဂဏန်းသာရှိခဲ့သော်လည်း ယခုအခါ သုံးသန်းကျော်သွားပြီဖြစ်သည်။
စိတ်စွမ်းအား တိုးတက်မှုက ပို၍များလာလေ ပိုမိုခက်ခဲလေဖြစ်သည်။ ကြီးမြတ်သူများ၏ စိတ်စွမ်းအားညွှန်းကိန်း ဝင်ခွင့်အဆင့်က ၁၈ သန်းဖြစ်ပြီး အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများက ဆယ်သန်းကို ကျော်လွန်ကြလေသည်။
စိတ်စွမ်းအားအပြင် လင်းယွမ်အတွက် အကြီးမားဆုံး တိုးတက်မှုက နိယာမများအပေါ် နားလည်မှုဖြစ်သည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်သို့ နားလည်ခဲ့ပြီးနောက် နှစ်ပေါင်းတစ်ရာနီးပါး ကုန်လွန်ခဲ့ရာ ထိုကာလအတွင်း အဓိကပေါင်းစပ်နိယာမများကိုလည်း နားလည်ခဲ့သည်။
" အဓိကပေါင်းစပ်နိယာမ ၈၃မျိုးက ဆဋ္ဌမအဆင့်ကို ရောက်သွားပြီ။ "
" အထူးသဖြင့် သေခြင်းရှင်ခြင်းနိယာမ၊ မဟာဖျက်ဆီးခြင်းနိယာမ၊ ကြောင်းကျိုးနိယာမ၊ အချိန်လေဟာနယ်အက်ကွဲခြင်း၊ အဆုံးမဲ့ကြယ်နိယာမ၊ ဟင်းလင်းပြင်စီးကြောင်းနိယာမ၊ စကြာဝဠာအက်ကွဲခြင်းနိယာမ၊ ဒြပ်စင်ငါးပါးစက်ဝန်းနိယာမ၊ လေဟာနယ်ပြိုလဲခြင်းနိယာမတို့ပါဝင်တယ်။ "
အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်က ကြီးမြတ်သူများ၏ နယ်ပယ်ဖြစ်လေသည်။ အခြားအဓိကပေါင်းစပ်နိယာမများက သတ္တမအဆင့်သို့ ရောက်ရှိရန်အတွက် ကြီးမြတ်သူအဆင့်သို့ ရောက်ရှိရန် လိုအပ်လေသည်။
ကြီးမြတ်သူများအတွက်ပင် အဓိကပေါင်းစပ်နိယာမများကို ဆဋ္ဌမအဆင့်သို့ မြှင့်တင်ရန် ခက်ခဲလှသည်။ ကြီးမြတ်သူများအတွက်လည်း အချိန်က အချိန်ဖြစ်ပြီး ကိုယ်ပိုင်လမ်းစဉ်များကို နားလည်ရန်အတွက် အာရုံစိုက်မှုများစွာ လိုအပ်လေသည်။