← Chapters

အခန်း (၆၄၈)

Vol. 43 Ch. 648

အခန်း (၆၄၈)

Vol. 43 Ch. 648

အဓိကပေါင်းစပ်နိယာမကို သတ္တမအဆင့်ထိ မြှင့်တင်ခြင်းက လင်းယွမ်၏ ခွန်အားကို များစွာတိုးမြှင့်ပေးနိုင်မည်မဟုတ်ပေ။ နှိုင်းယှဉ်မှုအရ အဓိကပေါင်းစပ်နိယာမများကို ဆဋ္ဌမအဆင့်ထိ ထပ်မံနားလည်ခြင်းက လင်းယွမ်အတွက် ပိုမိုအထောက်အကူပြုနိုင်လေသည်။

နောက်ဆုံးတွင် ဖရိုဖရဲနိယာမကို နားလည်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်သည်။ ဖရိုဖရဲနိယာမကို နားလည်ရန် နည်းလမ်းကို အတိအကျမသိနိုင်သော်လည်း လင်းယွမ်ရရှိထားသော အချက်အလက်များအရ နိယာမမ်ားကို ပိုမိုနားလည်ခြင်းက ပိုကောင်းလေဖြစ်သည်။

နိယာမမ်ားကို အရေအတွက်များစွာ နားလည်ခြင်းမရှိလျှင် အရာအားလုံးကို ပေါင်းစည်းခြင်း၊ ဖရိုဖရဲသို့ ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ အဓိကပေါင်းစပ်နိယာမများအပြင် လင်းယွမ်က သာမန်ပေါင်းစပ်နိယာမများစွာကိုလည်း နားလည်ခဲ့သည်။

ထိုသာမန်ပေါင်းစပ်နိယာမများကို လင်းယွမ်က ရည်ရွယ်ချက်ရှိရှိ လေ့လာနေခြင်းမဟုတ်ဘဲ အခြားအဓိကပေါင်းစပ်နိယာမများကို လေ့လာနေစဉ် မတော်တဆ နားလည်ခဲ့ခြင်း ဖြစ်သည်။

" စဉ်းစားကြည့်ရင် ငါ့ရဲ့ အလွှာတစ်ဆယ်က ပင်မစကြာဝဠာက အလွှာတစ်ဆယ်တွေနဲ့ယှဉ်ရင်..." လင်းယွမ်က ခေါင်းခါလိုက်သည်။

ပင်မစကြာဝဠာမှ လူသားမျိုးနွယ်၏ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများ၊ မျိုးနွယ်အမျိုးမျိုးမှ အလွှာတစ်ဆယ် သက်ရှိများအတွက် အဓိကပေါင်းစပ်နိယာမတစ်ခုကို နားလည်ခြင်းက အလွှာတစ်ဆယ် အဆင့်အေသို့ ရောက်နိုင်ပြီး ဒုတိယအဆင့်သို့ ရောက်လျှင် အလွှာဆယ့်တစ်သို့ ကြိုးစားနိုင်လေသည်။

သို့သော် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်သို့ပင် ရောက်ခဲ့လေသည်။ အခြားအဓိကပေါင်းစပ်နိယာမ ၈၃မျိုးကလည်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့သည်။

" အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ နားလည်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာနဲ့ ယှဉ်ရင် ငါ့ရဲ့ ခွန်အားက အများကြီးတိုးတက်လာပြီ။ " လင်းယွမ်က ကျေနပ်သွားသည်။

ဆဋ္ဌမအဆင့် အဓိကပေါင်းစပ်နိယာမများစွာ၏ စွမ်းအားကို ပေါင်းစပ်လိုက်သောအခါ ဆဋ္ဌမအဆင့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမထက် ကျော်လွန်သွားသည်။

သူ့ကိုသူစစ်ဆေးပြီးနောက် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်ကို တစ်ချက်ကြည့်လိုက်သည်။ အချိန်နှင့်လေဟာနယ်အပေါ် သူ၏ လက်ရှိနားလည်မှုဖြင့် အနည်းငယ် အာရုံစိုက်လိုက်သည်နှင့် သိုင်းတာအိုကျင့်ကြံသူများကို အလင်းရောင်များအဖြစ် မြင်နိုင်လေသည်။

" လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း မူလစိတ်ဝိညာဉ်နှစ်ခုက သိုင်းတာအိုကျင့်ကြံသူတွေကို အခြားကမ်ဘာများသို့ ပို့ဆောင်ခဲ့ပြီး အခုဆိုရင် အဆုံးမဲ့ဟင်းလင်းပြင်က သိုင်းတာအိုကျင့်ကြံသူအရေအတွက်က ပင်မစကြာဝဠာက အရေအတွက်ထက် သာလွန်သွားခဲ့ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ပင်မစကြာဝဠာက အလွန်ကျယ်ပြောပြီး လူသားမျိုးနွယ်၏ နယ်မြေသက်သက်ပင် အဆုံးမဲ့ဟင်းလင်းပြင်ထက် သာလွန်လေသည်။ သို့သော် အဆုံးမဲ့ဟင်းလင်းပြင်က လင်းယွမ်၏ အုပ်ချုပ်မှုအောက်တွင် ရှိပြီး နှစ်ပေါင်းခြောက်ရာ တိုးတက်မှုနှင့်အတူ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူအရေအတွက်ကို ကျော်လွန်သွားခဲ့ခြင်းမှာ မျှော်လင့်ထားသည်ထက် မပိုပေ။

ပင်မစကြာဝဠာမှ လူသားမျိုးနွယ်အတွက် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ကိုးခုအပြင် မိမိနှင့် သင့်တော်သော လမ်းစဉ်များကို ရွေးချယ်ရန် အခွင့်အရေးရှိလေသည်။ တစ်ခါတစ်ရံ မိမိနှင့်သင့်တော်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက သန်မာသောဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် ပိုမိုသာလွန်လေသည်။

သို့သော် အဆုံးမဲ့ဟင်းလင်းပြင်တွင် သိုင်းတာအိုတစ်ခုတည်းက အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်သောကြောင့် သဘာဝအတိုင်း သက်ရှိအားလုံးက သိုင်းတာအိုကို ကျင့်ကြံရန်သာ ရွေးချယ်နိုင်ကြလေသည်။

" အဆင့်မြင့် သိုင်းတာအိုကျင့်ကြံသူတွေ သိပ်မရှိသေးဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

၎က သိုင်းတာအို၏လျင်မြန်စွာ တိုးတက်လာမှုကြောင့် ရှောင်လွှဲမရသော ရလဒ်လည်း ဖြစ်သည်။ မည်သည့်လမ်းစဉ်ကိုမဆို အဆင့်မြင့် ကျင့်ကြံသူများ ထွက်ပေါ်လာရန် အချိန်ယူရလေသည်။ လင်းယွမ်က သိုင်းတာအိုကို ကျယ်ပြန့်စွာ ဖြန့်ဝေနိုင်ရုံသာ ရှိသေးသည်။

သို့သော် အဆင့်မြင့် သိုင်းတာအိုကျင့်ကြံသူများ ထွက်ပေါ်လာရန် သူက များစွာဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ သူ၏ ကျင့်ကြံမှုကို ရပ်တန့်ပြီး ဉာဏ်အလင်းပြရန် ကိုယ်တိုင်ထွက်ပေါ်လာရုံသာဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းက အစီအစဉ်ကို လွဲမှားသွားစေနိုင်လေသည်။ မည်သည့်အချိန်တွင်မဆို ကိုယ်ပိုင်ကျင့်ကြံမှုက အရေးကြီးလေသည်။

" အချိန်တစ်နှစ်ပဲကျန်တော့တယ်။ " လင်းယွမ်က ကျန်သော ကိစ္စများကို စဉ်းစားနေသည်။

" ဟမ် " ထိုအချိန်တွင် လင်းယွမ်က အချိန်လေဟာနယ်လှိုင်းများ အရပ်မျက်နှာအားလုံးသို့ လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။

" မိစ်ဆာနတ်ဘုရားတစ်ပါးက အဆင့်တစ်ဆယ်ရောက်သွားတာလား။ "

ခဏလေ့လာပြီးနောက် အဆင့်တစ်ဆယ်သို့ ရောက်သွားသူမှာ ဟင်းလင်းပြင်သားတော်ဖြစ်သည်ကို လင်းယွမ်က သိရှိလိုက်သည်။ ဟင်းလင်းပြင်သားတော်က အဆင့်ကိုး အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး နောက်တစ်ဆင့်ကို လုံးဝတက်လှမ်းနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် လင်းယွမ် ရောက်ရှိပြီး မကြာမီ အဆင့်တက်နိုင်ခဲ့သည်။

အတားအဆီးနှင့် အချုပ်အနှောင်များကို ကျော်လွှားရန်အတွက် စိတ်ပြောင်းလဲမှု လိုအပ်လေသည်။ လူသားမျိုးနွယ်မှ ဒုမျှော်စင်သခင် နာလန္က အချိန်နိယာမတွင် လင်းယွမ်၏ အနိုင်ယူမှုကို ခံရပြီးနောက် အလွှာ ဆယ့်တစ်သို့ တက်လှမ်းနိုင်ခဲ့သည်။

" စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က ထရပ်လိုက်ပြီး ခြေတစ်လှမ်းနှင့် နေရာမှ ပျောက်ကွယ်သွားသည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ နက်ရှိုင်းသောနေရာတွင် ဟင်းလင်းပြင်သားတော်၏ အော်ရာက ကြောက်မက်ဖွယ်ကောင်းပြီး အချိန်လေဟာနယ်အတက်အကျများက အရပ်မျက်နှာအားလုံးသို့ လွှမ်းခြုံထားသည်။

" အဆင့်တစ်ဆယ်။ နောက်ဆုံးတော့ ငါ အဆင့်တစ်ဆယ်ကို ဝင်ရောက်နိုင်ခဲ့ပြီ။ " ဟင်းလင်းပြင်သားတော်က အဆင့်ကိုး အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ရပ်တန့်နေသောကြောင့် သူ၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေသာ မရှိခဲ့လျှင် သူက အဆုံးမဲ့ဟင်းလင်းပြင်တွင် အဆင့်တစ်ဆယ် မိစ္ဆာနတ္ဘုရား၏ တည်ရှိမှုကို သံသယဝင်မိပေလိမ့်မည်။

" အခု ငါလည်း အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်ခဲ့ပြီ။ " ဟင်းလင်းပြင်သားတော်က အချိန်လေဟာနယ်လှိုင်းများကို ထုတ်လွှတ်နေပြီး သူ၏ စိတ်ထဲတွင် ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေခဲ့သည်။

" သိုင်းဘိုးဘေးကို ငါ အရမ်းစိုးရိမ်စရာမလိုတော့ဘူး။ " ဟင်းလင်းပြင်သားတော်က အဆင့်တစ်ဆယ်သို့ ရောက်ရှိပြီးနောက် သူ့ကိုသူ ယုံကြည်မှုရှိလာခဲ့သည်။

သူ၏ အမြင်တွင် သိုင်းဘိုးဘေးကလည်း အဆင့်တစ်ဆယ် မိစ်ဆာနတ်ဘုရားဖြစ်ပြီး သာမန်အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားများထက် အနည်းငယ် သန်မာရုံသာရှိသည်။ ယခု သူက သိုင်းဘိုးဘေးနှင့် အဆင့်တူရုံသာမက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကိုလည်း ထိန်းချုပ်ထားလေသည်။

သို့သော် ဟင်းလင်းပြင်သားတော်က သိုင်းဘိုးဘေးနှင့်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ အဆင့်ကိုး မိစ္ဆာနတ်ဘုရားများပြင် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်သည်မှာ ရှားပါးလှပြီး အဆင့်တစ်ဆယ်ဆိုပြောစရာပင်မလိုပေ။

ထိုအဆင့်ထိ ခက်ခဲစွာ ကျင့်ကြံခဲ့ရသောကြောင့် သူတို့၏ အသက်ကို စွန့်စားပြီး တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ သို့သော် ဟင်းလင်းပြင်သားတော်က ယခင်ကဲ့သို့ ခယဆက်ဆံရန် မလိုအပ်တော့ပေ။

တစ်ချိန်တည်းတွင် အချိန်လေဟာနယ်လှိုင်းများက အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများကို ထိတ်လန့်စေခဲ့သည်။

" အချိန်လေဟာနယ်လှိုင်းတွေလား။ တစ်ယောက်ယောက်က အဆင့်တစ်ဆယ်ကို တက်လှမ်းသွားတာလား။ "

" အဲ့ဒါ ဟင်းလင်းပြင်သားတော်လား။ "

" ဟင်းလင်းပြင်သားတော်က အဆင့်တစ်ဆယ်ကို တက်လှမ်းနိုင်သွားပြီလား။ " အဆင့်ကိုးအထွတ်အထိပ် မိစ္ဆာနတ်ဘုရားများက အစတွင် မယုံကြည်နိုင်ဖြစ်နေကြသော်လည်း နောက်ပိုင်းတွင် စိတ်အားတက်ကြွလာကြသည်။

ဤနှစ်များတွင် သူတို့က သိုင်းဘိုးဘေး၏ ဖိနှိပ်မှုကြောင့် အလွန်ချုပ်တည်းနေထိုင်ခဲ့ရလေသည်။ သိုင်းဘိုးဘေးက အလွန်သန်မာပြီး ဩဇာကြီးမားလေသည်။ အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရား တစ်ယောက်မှ ဆန့်ကျင်ရဲခြင်းမရှိပေ။

သို့သော် ယခုအခါ ဟင်းလင်းပြင်သားတော်ကလည်း အဆင့်တစ်ဆယ်သို့ ရောက်ခဲ့ပြီဖြစ်သည်။ သိုင်းဘိုးဘေးနှင့် မတူသည်မှာ ဟင်းလင်းပြင်သားတော်က မိစ္ဆာနတ်ဘုရားအားလုံး၏ ခေါင်းဆောင်ဖြစ်လေသည်။

သိုင်းဘိုးဘေးက အဆင့်တစ်ဆယ်သို့ မတက်လှမ်းမီ မိစ္ဆာနတ်ဘုရားများက ဟင်းလင်းပြင်သားတော်၏ အမိန့်ကို နာခံခဲ့ကြသည်။ စိတ်အခြေအနေကို မသိသော သိုင်းဘိုးဘေးထက် မိစ္ဆာနတ်ဘုရားများက ဟင်းလင်းပြင်သားတော်ကို ပို၍ နှစ်သက်ကြလေသည်။

" သွားစို့။ "

" ဟင်းလင်းပြင်သားတော်ကို ဂုဏ်ပြုရအောင်။ "

မိစ္ဆာနတ်ဘုရားများက ဟင်းလင်းပြင်သားတော်ရှိရာသို့ ထွက်ခွာသွားကြသည်။

ကျယ်ဝန်းသော ခန်းမကြီးတစ်ခုထဲတွင် ဟင်းလင်းပြင်သားတော်က ပလ္လင်ပေါ်တ်ွင် ထိုင်နေပြီး မိစ္ဆာနတ်ဘုရားများက အောက်တွင် ရပ်နေကြသည်။

" ဟင်းလင်းပြင်သားတော်က အဆင့်တစ်ဆယ်ကို တက်လှမ်းသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ သက်ရှိအားလုံးက သခင်ရဲ့ လက်အောက်မှာ ခိုလှုံကြရပါမယ်။ "

မိစ္ဆာနတ်ဘုရားများက ဟင်းလင်းပြင်သားတော်ကို အလွန်ရိုသေစွာ ဂုဏ်ပြုလိုက်ကြသည်။

All Chapters