← Chapters

အခန်း (၆၄၉)

Vol. 43 Ch. 649

အခန်း (၆၄၉)

Vol. 43 Ch. 649

ဟင်းလင်းပြင်သားတော်က ပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ခံစားချက်များနှင့် ကြည့်နေသည်။

" ဟင်းလင်းပြင်သားတော် ဒီနေ့ကစပြီး မိစ္ဆာနတ်ဘုရားတွေက သိုင်းဘိုးဘေးရဲ့ အမိန့်တွေကို နာခံစရာတော့ပါဘူး။ "

" မှန်ပါတယ်။ ဒီရာစုနှစ်တွေအတွင်း ကျုပ်တို့ သိုင်းဘိုးဘေးကို ဆန့်ကျင်မိမှာစိုးလို့ တကယ်ကြောက်လန့်နေခဲ့ရပါတယ်။ "

" အခုတော့ အားလုံးအဆင်ပြေသွားပြီ။ ဟင်းလင်းပြင်သားတော် ရှိနေပြီဆိုတော့ သိုင်းဘိုးဘေးက အရမ်းရဲတင်းရဲတော့မှာမဟုတ်ဘူး။ "

အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများက သိုင်းဘိုးဘေးကို ရည်ညွှန်းပြောဆိုလိုက်ကြသည်။ ဟင်းလင်းပြင်သားတော်က အဆင့်တစ်ဆယ်သို့ မရောက်မီ သိုင်းဘိုးဘေးက အဆုံးမဲ့ဟင်းလင်းပြင်၏ အုပ်စိုးသူတစ်ယောက်ဖြစ်လေသည်။ ဟင်းလင်းပြင်သားတော်ပင် သူ့ကို လေးစားစွာ ဆက်ဆံရလေသည်။

သို့သော် ယခု အရာအားလုံးက ကွဲပြားသွားပြီဖြစ်သည်။ အနည်းဆုံးတော့ အဆုံးမဲ့ဟင်းလင်းပြင်တွင် အုပ်စိုးသူနှစ်ယောက် ရှိလာပြီဖြစ်သည်။ မိစ္ဆာနတ်ဘုရားများက ဟင်းလင်းပြင်သားတော်ကို သိုင်းဘိုးဘေးနှင့် ဆက်ဆံရေးတင်းမာစေရန် ရည်ရွယ်ချက်မရှိပေ။

သို့သော် အနည်းဆုံးတော့ သူတို့တွင် ခိုင်မာသော နောက်ခံရှိလာပြီဖြစ်သည်။ သိုင်းဘိုးဘေးအား စိုးရိမ်မှုကို လျော့ချရန်နှင့် မိစ္ဆာနတ်ဘုရားများ၏ အဆင့်အတန်းကို မြှင့်တင်နိုင်ရန်ဖြစ်သည်။

" စိတ်ချပါ။ " ဟင်းလင်းပြင်သားတော်က ယုံကြည်မှုရှိသော အမူအရာနှင့် ပြန်ဖြေလိုက်သည်။ " ငါ အဆင့်တစ်ဆယ်ကို ရောက်ပြီဆိုတော့ မင်းတို့ကို နစ်နာအောင် လုပ်မှာမဟုတ်ဘူး။ "

သူ၏ စကားမဆုံးမီ ပတ်ဝန်းကျင်ရှိ အချိန်နှင့် လေဟာနယ်က ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်မှုက အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားဖြစ်သော ဟင်းလင်းပြင်သားတော်ကိုပင် အချိန်လေဟာနယ်လှိုင်းများကို ခံစားနိုင်ခြင်းမရှိဘဲ အနိမ့်ဆုံး အဆင့်တစ်သို့ပြန်ရောက်သွားသလို ဖြစ်နေသည်။

ဝှစ်.....

ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ပေါ်လာသည်။ သူက သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်ပြီး မည်သည့်အော်ရာမှ ထွက်ပေါ်ခြင်းမရှိသော်လည်း တိတ်ဆိတ်နေသော အချိန်လေဟာနယ်ပတ်ဝန်းကျင်အောက်တွင် အချိန်နှင့် လေဟာနယ်အားလုံးက သူ၏ခြေဖဝါးအောက်တွင် ရှိနေသကဲ့သို့ ဖြစ်သည်။

ထိုပုံရိပ်က လင်းယွမ်ပင် ဖြစ်သည်။ သူက ပေါ်လာရုံမျှနှင့် အချိန်နှင့် လေဟာနယ်တစ်ခုလုံးကို တိတ်ဆိတ်စေခဲ့သည်။ သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်သော ဟင်းလင်းပြင်သားတော်၏ အော်ရာက ယခုအခါ သွားမပါသော ကျားကဲ့သို့ ဖြစ်နေပြီး ပလ္လင်ပေါ်တွင် ချွေးစေးများ စီးကျနေသည်။

" သိုင်းဘိုးဘေး " ဟင်းလင်းပြင်သားတော်က အထက်တွင် မြင့်မားစွာ ရပ်နေသော သိုင်းဘိုးဘေးကို မော့ကြည့်လိုက်သည်။

ယခုအချိန်တွင် ပတ်ဝန်းကျင်မှ ပြောင်းလဲမှုအားလုံးက သိုင်းဘိုးဘေးကြောင့် ဖြစ်သည်ကို သူနားလည်သည်။ အဆင့်တစ်ဆယ်သို့ ရောက်ပြီးနောက် သူက သိုင်းဘိုးဘေးနှင့် တန်းတူရပ်နိုင်ပြီဟု ထင်ခဲ့မိသည်။ သို့သော် ၎င်းက ဟာသတစ်ခုသာဖြစ်နေပုံရသည်။

သိုင်းဘိုးဘေးက လှုပ်ရှားမှုတစ်စုံတစ်ရာမပြုလုပ်လျှင်တောင် သူ့အတွက် တွန်းလှန်မရနိုင်သော ခံစားချက်ကို ပေးနိုင်သည်။ ၎င်းက အဆင့်တူဟု မည်သို့ပြောနိုင်မည်နည်း။

" မင်း အဆင့်တစ်ဆယ်ကို ဝင်ရောက်သွားတာ ငါတွေ့လိုက်တယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ " အဲ့ဒါကြောင့် ငါ ဂုဏ်ပြုဖို့ လာခဲ့တာပဲ။ "

" ကျေးဇူးတင်ပါတယ် သိုင်းဘိုးဘေး။ သိုင်းဘိုးဘေးကို အနှောက်အယှက်ပေးမိပါပြီ။ " ဟင်းလင်းပြင်သားတော်က အတင်းအကျပ် ပြုံးပြီး ရိုသေစွာ ပြောလိုက်သည်။

အောက်ဘက်ရှိ အဆင့်ကိုး မိစ္ဆာနတ်ဘုရားများကလည်း အချိန်လေဟာနယ် တိတ်ဆိတ်သွားသည်ကို သတိပြုမိကြလေသည်။ သို့သော် ၎င်းထက် ဟင်းလင်းပြင်သားတော်နှင့် သိုင်းဘိုးဘေးတို့၏ ပြောဆိုဆက်ဆံမှုများက သူတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

"အင်း ဂုဏ်ပြုတာအပြင် ငါ့မှာ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ " လင်းယွမ်က အတွေးတစ်ချက်နှင့် ပတ်ဝန်းကျင်ရှိ အချိန်နှင့် လေဟာနယ်ကို မူလအတိုင်း ပြန်ဖြစ်စေခဲ့သည်။

လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်သို့ ရောက်ပြီးနောက် သူ့အတွက် အဆင့်ကိုး၊ အဆင့်တစ်ဆယ်က ကွာခြားချက်မရှိတော့ပေ။ လွန်ခဲ့သော နှစ်တစ်ယောက်ကပင် ဟင်းလင်းပြင်သားတော်က လင်းယွမ်၏ ပြိုင်ဘက်မဟုတ်ဘဲ ကြီးမားသော ကွာဟချက် ရှိခဲ့ရာ ယခု ဟင်းလင်းပြင်သားတော်က အဆင့်တစ်ဆယ်သို့ တက်လှမ်းသွားလျှင်တောင် ကွာဟချက်ကို ဖာထေးရန် လုံလောက်မှု မရှိခဲ့ပေ။

သို့သော် ဟင်းလင်းပြင်သားတော်က ထိုသို့တွေ့မည်မဟုတ်သောကြောင့် လင်းယွမ်က ရောက်ရှိသည်နှင့် ဟင်းလင်းပြင်သားတော်ကို သူနေရာသူ သိစေရန် သူ၏ အခွင့်အာဏာကို တိုက်ရိုက်သုံးစွဲခဲ့ခြင်းဖြစ်သည်။

" ပြောပါ သိုင်းဘိုးဘေး။ " ဟင်းလင်းပြင်သားတော်က ရိုသေစွာ ပြောလိုက်သည်။

အချိန်လေဟာနယ်တိတ်ဆိတ်မှုမှ လွတ်မြောက်သွားသော ဟင်းလင်းပြင်သားတော်က အနည်းငယ် ပေါ့ပါးသွားသည်ဟု ခံစားရသော်လည်း အတွင်းစိတ်တွင်မူ အိပ်မက်မက်နေသကဲ့သို့ ခံစားရစေသည်။

အဆင့်တစ်ဆယ်သို့ ဝင်ရောက်ပြီးနောက် ဟင်းလင်းပြင်သားတော်က သင့်လျော်သော အဆင့်အတန်းတစ်ခု ရရှိလိမ့်မည်ဟု တွေးခဲ့သော်လည်း ယခုမူ ယခင်နှင့် ကွာခြားခြင်းမရှိပေ။

" မင်းနဲ့ အခြားမိစ္ဆာနတ်ဘုရားတွေက လာမယ့် နှစ်ပေါင်း တစ်ရာဘီလီယံအတွင်း ဘယ်သိုင်းတာအိုကျင့်ကြံသူကိုမှ တိုက်ခိုက်ခြင်းမပြုဖို့ သစ္စာဆိုရမယ်။ " လင်းယွမ်က ပြောလိုက်သည်။

သူပြန်လည်ရောက်ရှိမလာမီ လင်းယွမ်က နောက်ဆုံးသော လျို့ဝှက်အန္တရာယ်များကို သဘာဝအတိုင်း ရှင်းလင်းရပေလိမ့်မည်။ ယခု သူထွက်သွားပြီးနောက် မိစ္ဆာနတ်ဘုရားများက အခြားမကောင်းသော အတွေးများ မရှိစေရန် ရည်ရွယ်လေသည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ကို အကူအညီတောင်းနိုင်သော်လည်း ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက အသုံးပြုနေရဆဲ ဖြစ်သည်။

ဤဆင်းသက်မှုတွင် သူက ထျန်းချင်းကမ္ဘာ၏ အန္တရာယ်ကို ဖြေရှင်းပေးခဲ့ရုံသာမက သိုင်းတာအိုကိုလည်း ပျံ့နှံ့စေခဲ့ပြီး သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုကလည်း ကြီးမားသော တိုးတက်မှုများ ရှိခဲ့လေသည်။ သို့သော် နောက်ထပ် ဆင်းသက်မှုများတွင် ထိုသို့သော အကျိုးအမြတ်များ ရရှိမည် မဟုတ်ပေ။

မတော်တဆဖြစ်ရပ်များကို ကာကွယ်ရန်အတွက် လင်းယွမ်က မိစ္ဆာနတ်ဘုရားများကို အတင်အကျပ် သစ္စာပြုစေခဲ့သည်။ အဆုံးမဲ့ဟင်းလင်းပြင်တွင် စိတ်နှလုံးသစ္စာပြုခြင်းမှတစ်ဆင့် တာအို၏ နိယာမများနှင့် ရောယှက်ပြီး မိမိကိုမိမိ ချည်နှောင်လိုက်ခြင်းဖြစ်သည်။

လင်းယွမ်က မိစ္ဆာနတ်ဘုရားများကို သတ်ပစ်ခြင်းထက် သစ္စာပြုစေခြင်းမှာ သိုင်းတာအိုကျင့်ကြံသူများအပေါ် လုံလောက်သော ဖိအားတစ်ခု ရှိစေရန် ဖြစ်သည်။ ဖိအားက သူတို့ကို လှုံ့ဆော်စေပြီး သိုင်းတာအို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်။

နှစ်ပေါင်း တစ်ရာဘီလီယံ ကြာသည့်တိုင်အောင် သိုင်းတာအိုတွင် အဆင့်ကိုး မိစ္ဆာနတ်ဘုရားနှင့် ယှဉ်နိုင်သော ကျင့်ကြံသူတစ်ယောက်ထွက်ပေါ်လာခြင်းမရှိသေးလျှင် လင်းယွမ်က သူ၏ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ပြန်လည်စစ်ဆေးရပေလိမ့်မည်။

နှစ်ပေါင်း တစ်ရာဘီလီယံ ကြာသည့်တိုင်အောင် လင်းယွမ်၏ ခြိမ်းခြောက်မှုကြောင့် ဟင်းလင်းပြင်သားတော်က လှုပ်ရှားရဲမည်မဟုတ်ပေ။ ထို့အပြင် အဆုံးမဲ့ဟင်းလင်းပြင်နှင့် ပင်မစကြာဝဠာ၏ အချိန်ကွာခြားမှုအရ ပင်မစကြာဝဠာတွင်လည်း နှစ်ပေါင်းသန်းချီ ကြာသွားပြီဖြစ်သည်။

ထိုအချိန်တွင် လင်းယွမ်က ကြီးမြတ်သူဖြစ်လာခြင်း သို့မဟုတ် ကျရှုံးပြီး ပျက်စီးပျောက်ကွယ်သွားလောက်ပြီဖြစ်သည်။ ထို့အချိန်တွင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ ကံကြမ္မာကိုလည်း လင်းယွမ်က စိတ်ပူရန် မလိုအပ်တော့ပေ။

" ကောင်းပါပြီ။ " ဟင်းလင်းပြင်သားတော်က တုန့်ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။

အခြားမိစ္ဆာနတ်ဘုရားများကလည်း သံသယဝင်ခြင်းမရှိကြပေ။ သူတို့က သစ္စာဆိုခြင်းမပြုလျှင်တောင် သိုင်းဘိုးဘေး၏ ခြိမ်းခြောက်မှုအောက်တွင် သူတို့က သိုင်းတာအိုကျင့်ကြံသူတစ်ယောက်ကို ထိပါးရဲမည်မဟုတ်ပေ။

မကြာမီ အားလုံးက သစ္စာဆိုလိုက်ကြပြီးနောက် လင်းယွမ်ကလည်း သူ၏ နေရာမှ ပျောက်ကွယ်သွားသည်။

လင်းယွမ်ထွက်သွားပြီး အတော်ကြာမှသာ ဟင်းလင်းပြင်သားတော်က လှုပ်ရှားရဲလေသည်။

"သိုင်းဘိုးဘေး ထွက်သွားပြီလား။ " ဟင်းလင်းပြင်သားတော်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ " သိုင်းဘိုးဘေးက ဘယ်အဆင့်မှာရှိနေတာလဲ။ "

သူက အဆင့်တစ်ဆယ်သို့ မတက်လှမ်းနိုင်မီ သိုင်းဘိုးဘေးကို ရင်ဆိုင်ချိန်တွင် ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။ သို့သော် ယခု အဆင့်တစ်ဆယ်သို့ တက်လှမ်းပြီးနောက် သူက ယခင်ထက်ပင် ပို၍ ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။

" အဲ့ဒါက အဆင့်ဆယ့်တစ်လား၊ အဆင့်ဆယ့်နှစ်လား။ " ဟင်းလင်းပြင်သားတော်င လင်းယွမ်၏ စွမ်းအားကို သာမန်အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

ဟင်းလင်းပြင်သားတော်က အဆင့်တစ်ဆယ်သို့ ရောက်ရှိခြင်းအပြင် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ ဖန်တီးသူ ထားခဲ့သော အဆင့်တစ်ဆယ်၏ အချက်အလက်များကိုလည်း ရရှိခဲ့သည်။

အဆင့်တစ်ဆယ်သို့ တက်လှမ်းပြီးနောက် ဟင်းလင်းပြင်သားတော်က ဖန်တီးသူ၏ အချက်အလက်များနှင့် ကိုက်ညီသည်ဟုခံစားခဲ့ရသော်လည်း လင်းယွမ်ကိုတော့ နားလည်နိုင်ခြင်းမရှိပေ။

All Chapters