← Chapters

အခန်း (၆၅၀)

Vol. 43 Ch. 650

အခန်း (၆၅၀)

Vol. 43 Ch. 650

" ဟင်းလင်းပြင်သားတော် " ဟင်းလင်းပြင်သားတော် မှင်သက်နေချိန်တွင် မိစ္ဆာနတ်ဘုရားတစ်ပါးက အရဲစွန့်ပြီး မေးလိုက်သည်။

သူတို့အားလုံးက ဟင်းလင်းပြင်သားတော်ကို ဂုဏ်ပြုရန် ရောက်လာခဲ့ခြင်း ဖြစ်ကြသော်လည်း လက်ရှိမြင်ကွင်းများက သူတို့၏ မျှော်လင့်ချက်များ ထာဝရ မပြည့်မီနိုင်တော့သည်ကို ပြသနေသည်။

" မင်းတို့အားလုံးပြန်လို့ရပြီ။ " ဟင်းလင်းပြင်သားတော်က စိတ်ပျက်စွာ ပြောလိုက်သည်။ သူက အဆင့်တစ်ဆယ်သို့ မတက်လှမ်းခဲ့လျှင်တောင် ပိုကောင်းသည်ဟု တွေးမိလေသည်။

အဆင့်တစ်ဆယ်သို့ မရောက်မီ သူက သိုင်းဘိုးဘေးကို အမှီလိုက်ရန်ဟူသော ပန်းတိုင်တစ်ခု ရှိနေခဲ့သည်။ သို့သော် အဆင့်တက်လှမ်းပြီးနောက် သိုင်းဘိုးဘေး၏ တည်ရှိမှုကို ခံစားမိသောအခါ သူက လိုက်မီရန် မျှော်လင့်ချက်ပင် မရှိတော့သည်ကို နားလည်လိုက်သည်။

" ကောင်းပါပြီ။ " မိစ္ဆာနတ်ဘုရားများက အချင်းချင်း ကြည့်လိုက်ကြပြီး ရိုသေစွာ ထွက်ခွာသွားကြသည်။

" နေဦး။ " ဟင်းလင်းပြင်သားတော်က တစ်စုံတစ်ခုကို စဉ်းစားမိသွားသကဲ့သို့ ပြောလိုက်သည်။ " ငါတို့အားလုံး သိုင်းဘိုးဘေးရဲ့ စကားကို လိုက်နာရမယ်။ ချိုးဖောက်လို့မရဘူး။ "

သစ္စာပြုခြင်းက ထိန်းချုပ်ရုံသာဖြစ်ပြီး လုံးဝ တားဆီးနိုင်ခြင်းမရှိပေ။ မိစ္ဆာနတ်ဘုရားတစ်ပါးက ရူးသွပ်သွားပြီး အရာအားလုံးကို လျစ်လျူရှုခဲ့လျှင် သစ္စာပြုခြင်းက သူတို့ကို ကန့်သတ်ထားနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဟင်းလင်းပြင်သားတော်က နောက်တစ်ကြိမ် သတိပေးလိုက်ခြင်းဖြစ်သည်။

" ကောင်းပါပြီ။ "

" ဟင်းလင်းပြင်သားတော် ကျုပ်တို့က အရူးတွေ မဟုတ်ကြပါဘူး။ "

မိစ္ဆာနတ်ဘုရားများက ချက်ချင်း ကတိပြုလိုက်ကြသည်။ သိုင်းဘိုးဘေး၏ စွမ်းအားက သူတို့ စိတ်ကူးထားနိုင်သည်ထက် ကျော်လွန်ပြီး ဟင်းလင်းပြင်သားတော်၏ အမိန့်မပါဘဲ ချိုးဖောက်ရဲမည်မဟုတ်ပေ။

" ဒီမိစ္ဆာနတ်ဘုရားတွေရှိရင် သိုင်းတာအိုက နှစ်ပေါင်း တစ်ရာဘီလီယံအတွင်း ဖွံ့ဖြိုးတိုးတက်နိုင်လိမ့်မယ်။ " အဆုံးမဲ့ဟင်းလင်းပြင်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။

အဆုံးမဲ့ဟင်းလင်းပြင်တွင်လည်း မိစ္ဆာနတ်ဘုရားများ ထွက်ပေါ်လာပေလိမ့်မည်။ နောက်မျိုးဆက် မိစ္ဆာနတ်ဘုရားများက လင်းယွမ်၏ ခွန်အားကို မကြုံတွေ့ဖူးသောကြောင့် ကမ္ဘာအတွင်းရှိ သက်ရှိများကို အန္တရာယ်ပြုလာနိုင်လေသည်။

သို့သော် ယခုအခါ အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများနှင့် ဟင်းလင်းပြင်သားတော်က လင်းယွမ်၏ စွမ်းအားကို မြင်တွေ့ခဲ့ရသည်။ သူတို့၏ ထိန်းချုပ်မှုအောက်တွင် နောက်မျိုးဆက် မိစ္ဆာနတ်ဘုရားများက အချိန်အကြားကြီး လှုပ်ရှားရဲမည်မဟုတ်ပေ။

လင်းယွမ်က မိစ္ဆာနတ်ဘုရားများကို မသတ်ဖြတ်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ထိုမိစ္ဆာနတ်ဘုရားများ လင်းယွမ်ကို ကြောက်ရွံ့မှုက သစ္စာပြုခြင်းထက် ပိုမိုတားဆီးနိုင်ပေလိမ့်မည်။

ထျန်းချင်းကမ္ဘာရှိ သိုင်းခန်းမ၏ ရှေ့တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။

" သိုင်းဘိုးဘေး " ချင်ယောင်က ရှေ့ထွက်ပြီး အရိုအသေပေးလိုက်သည်။

" ဒီနေ့ကစပြီး အခြားကမ္ဘာတွေ ခရီးသွားတာကို မင်းတို့အပေါ်ပဲ မူတည်လိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။

နှစ်ပေါင်းခြောက်ရာကျော် ကျင့်ကြံပြီးနောက် ထျန်းချင်းကမ္ဘာ၏ အသန်မာဆုံး သိုင်းတာအိုကျင့်ကြံသူများမှာ သတ္တမအလွှာတွင် ရှိနေပြီဖြစ်သည်။ ၎င်းမှာ လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုက အချိန်အချို့ပေးပြီး သင်ကြားပေးခဲ့သည့်ရလဒ်ဖြစ်သည်။

ထိုသတ္တမအလွှာ သိုင်းတာအိုကျင့်ကြံသူများက လင်းယွမ်၏ နည်းလမ်းအချို့ဖြင့် အဆင့်မြှင့်ပေးခဲ့ခြင်းဖြစ်ပြီး နောက်ထပ် အဆင့်တက်ရန် အခွင့်အရေး နည်းပါးသွားပြီဖြစ်သည်။ သူတို့ကို အတင်းအကျပ် အဆင့်မြှင့်ပေးခဲ့ရသည့်အကြောင်းရင်းမှာ သူထွက်သွားပြီးနောက် သိုင်းတာအိုပျံ့နှံ့မှုကို ထိန်းသိမ်းနိုင်ရန် ဖြစ်သည်။

သတ္တမအလွှာ သိုင်းတာအိုကျင့်ကြံသူတစ်ယောက်က ဟင်းလင်းပြင်တွင် လှည့်ပတ်သွားလာနိုင်ပြီး အခြားကမ္ဘာသစ်များကို ရှာဖွေနိုင်ပေလိမ့်မည်။ မူလစိတ်ဝိညာဉ်နှစ်ခု၏ ထိန်းသိမ်းချိန်ကထက် ပိုမိုနှေးကွေးမည်ဖြစ်သော်လည်း အချိန်အားသာချက် ရှိနေလေသည်။

" သိုင်းဘိုးဘေး အခြားညွှန်ကြားစရာရှိသေးလား။ " ချင်ယောင်က သတိထားပြီး မေးလိုက်သည်။

လင်းယွမ်၏ လေသံက တစ်ချိန်လုံးတည်ငြိမ်နေသော်လည်း ချင်ယောင်က တစ်စုံတစ်ခုကို ခံစားနေရသည်။

" ငါ တံခါးပိတ်ကျင့်ကြံတော့မယ်။ ငါ အချိန်အတော်ကြာထိ ထွက်ပေါ်လာမှာမဟုတ်ဘူး။ " လင်းယွမ်က ပြောလိုက်သည်။

တံခါးပိတ်ကျင့်ကြံခြင်းဆိုသည်မှာ ပင်မစကြာဝဠာသို့ ပြန်သွားခြင်းဖြစ်ပြီး မမျှော်လင့်ထားသော ကိစ္စများ မဖြစ်ခဲ့လျှင် လင်းယွမ်က အချိန်အတော်ကြာသည်ထိ အဆုံးမဲ့ဟင်းလင်းပြင်သို့ ပြန်လာမည်မဟုတ်ပေ။ သိုင်းတာအိုက ပျောက်ကွယ်မည့် အန္တရာယ်မရှိဘဲ ဆက်လက်ဖွံ့ဖြိုးတိုးတက်နေလျှင် လင်းယွမ်က ထပ်မံဆင်းသက်မည်မဟုတ်ပေ။

" ကောင်းပါပြီ။ " ချင်းယောင်က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။ " သိုင်းဘိုးဘေး..."

သို့သော် သိုင်းဘိုးဘေးက သူမ၏ ရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

" သိုင်းဘိုးဘေးက တံခါးပိတ်ကျင့်ကြံတာ ဘယ်လောက်ကြာမလဲမသိဘူး။ "ချင်ယောင်က တွေးလိုက်သည်။

အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် လင်းယွမ်က သက်သောင့်သက်သာ လဲလျောင်းနေပြီး ဟင်းလင်းပြင်စီးကြောင်းများအတိုင်း မျောလွင့်နေခဲ့သည်။

သူက နောက်ဆုံးတစ်နှစ်ကိုလည်း ကျင့်ကြံခြင်းအတွက် အသုံးပြုခဲ့သည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ နိယာမများကို နားလည်မှုက ကန့်သတ်ချက်သို့ ရောက်ခဲ့သော်လည်း နောက်ထပ် နားလည်မှုများက သက်ရောက်မှုနည်းသွားရုံသာဖြစ်သည်။

တစ်နှစ်ကြာပြီးနောက်။

လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ သူက ထျန်းချင်းကမ္ဘာ၏ ဘိုးဘေးနတ်ဆိုးသစ်ပင်အတွင်း၌ ပြန်ပေါ်လာသည်။ သူက နောက်တစ်ကြိမ် ဆင်းသက်မှုအတွက် သိုင်းဘိုးဘေး ရွှေရောင်ခန္ဓာကို အလုံခြုံဆုံးနေရာတွင် ထားခဲ့ရမည်ဖြစ်သည်။

အလုံခြုံဆုံးနေရာမှာ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အတွင်းပိုင်းတွင် ဖြစ်သည်။ ခွန်အားအရ ဘိုးဘေးနတ်ဆိုးသစ်ပင်က အဆင့်ကိုး မိစ္ဆာနတ်ဘုရားများလောက် သန်မာခြင်းမရှိသော်လည်း ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်၏ လမ်းညွှန်မှတ်ဖြစ်ပြီး ပင်မစကြာဝဠာမှ အဆုံးမဲ့ဟင်းလင်းပြင်သို့ အချိန်မရွေး ဆင်းသက်နိုင်လေသည်။

" ငါ့ရဲ့ နေထိုင်ချိန်ကုန်ဆုံးသွားပြီ။ " လင်းယွမ်က မျက်လုံးများ ဖြည်းညင်းစွာ မှိတ်လိုက်သည်။

သူ၏ စိတ်ထဲမှ ခမ်းနားထည်ဝါသော ဂိတ်တံခါးက ရုတ်တရက် တောက်ပစွာ လင်းလက်လာသည်။

လင်းယွမ်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

" ငါပြန်ရောက်လာပြီ။ "

ပင်မစကြာဝဠာ၏ ကျယ်ပြန့်သော နိယာမအတက်အကျများကို ခံစားပြီးနောက် လင်းယွမ်က ပြုံးလိုက်သည်။ အဆုံးမဲ့ဟင်းလင်းပြင်တွင် နောက်ဆုံးနှစ်နှစ်ဆယ်တွင် လင်းယွမ်၏ နိယာမနားလည်မှုများက တိုးတက်မှုနှေးကွေးခဲ့သည်။

အဓိကအကြောင်းရင်းမှာ အဆုံးမဲ့ဟင်းလင်းပြင်၏ နိယာမနက်ရှိုင်းမှုများက နိမ့်ပါးပြီး တစ်ချက်ကြည့်ရုံနှင့် ကန့်သတ်ချက်ကို မြင်နိုင်လေသည်။ သို့သော် လင်းယွမ်က နိယာမနားလည်မှုများတွင် ကြီးမားသော တိုးတက်မှုများ ရှိလာပြီးနောက် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရလေသည်။

" အဆုံးမဲ့ဟင်းလင်းပြင်မှာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ ဆဋ္ဌမအဆင့်က ကန့်သတ်ချက်ဖြစ်နေပြီ။ သတ္တမအဆင့်က သီအိုရီအရ မဖြစ်နိုင်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်က ကောင်းကင်ကို တက်သကဲ့သို့ ခက်ခဲလေသည်။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ ဖန်တီးသူနှင့် ဟင်းလင်းပြင်သားတော်တို့ အဆင့်တစ်ဆယ်သို့ ရောက်နိုင်သည့်အကြောင်းရင်းမှာ သူတို့၏ ပင်ကိုပါရမီနှင့် အရည်အချင်းများကြောင့်ဖြစ်သည်။

သို့သော် ယခုအခါ လင်းယွမ်က ဆဋ္ဌမအဆင့်ကို ကျော်လွန်ခဲ့ပြီး အချိန်နှင့် လေဟာနယ်၏ ပိုမိုကျယ်ပြန်သော အတက်အကျများကို ခံစားမိလေသည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်ကို နားလည်ပြီးနောက် လင်းယွမ်က ပိုမိုနက်ရှိုင်းစွာ လေ့လာခြင်းမပြုခဲ့ပေ။

အဆုံးမဲ့ဟင်းလင်းပြင်၏ ကန့်သတ်ချက်များအပြင် သူ၏ အဆင့်ကလည်း နိမ့်နေသောကြောင့်ဖြစ်သည်။ အလွှာတစ်ဆယ်တွင် ဆဋ္ဌမအဆင့်ကို နားလည်ခြင်းက ပင်မစကြာဝဠာတွင် တစ်ခါမှမဖြစ်ဖူးခဲ့ပေ။

" ပင်မစကြာဝဠာရဲ့ အချိန်နဲ့လေဟာနယ်က အရမ်းကျယ်ပြန့်လွန်းတယ်။ "

လင်းယွမ်က ဆင်းသက်ခြင်းမတိုင်မီနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူက ဆယ်ကြိမ်မြောက် ဆင်းသက်ခြင်းမပြုမီ အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဒုတိယအဆင့်တွင် ရှိခဲ့သော်လည်း ယခု ဆဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

လင်းယွမ်က ဂရုတစိုက် လေ့လာရင်း အံ့ဩနေခဲ့သည်။ အဆုံးမဲ့ဟင်းလင်းပြင်က သေးငယ်သော နေရာတစ်ခုအဖြစ် သတ်မှတ်လျှင် လင်းယွမ်က မည်သည့်နေရာကိုမဆို ခဏအတွင်း ရောက်နိုင်လေသည်။

သို့သော် ပင်မစကြာဝဠာက အလွန်ကျယ်ပြောလွန်းလှသည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ နားလည်လျှင်တောင် အတွေးတစ်ချက်နှင့် မည်သည့်နေရာကိုမဆို ရောက်နိုင်မည်မဟုတ်ပေ။ ၎င်းက ပင်စကြာဝဠာနှင့် အဆုံးမဲ့ဟင်းလင်းပြင်၏ ကွာခြားချက်ဖြစ်သည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်ကို ထည့်မတွက်လျှင်တောင် ကြီးမြတ်သူများပင် အလိုရှိသော နေရာကို ချက်ချင်း မရောက်နိုင်ကြပေ။ ကျယ်ပြန့်သော နယ်မြေများတွင် တစ်ခါတစ်ရံ အန္တရာယ်ရှိသော နေရာများလည်းရှိသည်။ အချို့ အချိန်လေဟာနယ်ဝင်္ကဘာများက ဆဋ္ဌမအဆင့်သို့ ရောက်နေလျှင်တောင် တိုက်ရိုက်ဖြတ်သန်းခြင်းမပြုနိုင်ပေ။

All Chapters