← Chapters

အခန်း (၆၅၁)

Vol. 43 Ch. 651

အခန်း (၆၅၁)

Vol. 43 Ch. 651

" ငါ့ရဲ့ လက်ရှိ အချိန်လေဟာနယ်ထိန်းချုပ်မှုနဲ့ အချိန်လေဟာနယ်ခြေလှမ်းကို ပေါင်းစည်းလိုက်ရင် ကြီးမြတ်သူတစ်ယောက်မှမဟုတ်ရင် ငါ့ကို ဖမ်းမိနိုင်မှာ မဟုတ်ဘူး။" လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

အဆုံးမဲ့ဟင်းလင်းပြင်ကဲ့သို့ နေရာတိုင်းသို့ သွားနိုင်ခြင်းမရှိသော်လည်း ပင်မစကြာဝဠာတွင် လေဟာနယ်ရွေ့ပြောင်းခြင်းနည်းလမ်းများက ယခင်ထက် ကျော်လွန်သွားပြီဖြစ်သည်။ အချိန်လေဟာနယ်ခြေလှမ်းနှင့် ပေါင်းစပ်လိုက်သောအခါ ကြီးမြတ်သူအဆင့်အောက်ရှိ သက်ရှိများကို ထည့်သွင်းစဉ်းစားရန် မလိုအပ်တော့ပေ။

အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်က သူ့ကို လိုက်မီချင်လျှင်တောင် ပဉ္စမ သို့မဟုတ် ဆဋ္ဌမခြေလှမ်အထိ စောင့်ဆိုင်းရနိုင်ဖွယ် ရှိလေသည်။ သို့မဟုတ် ဖြစ်နိုင်သည်မှာ ခြေကိုးလှမ်းပြည့်ပြီးမှသာ အခွင့်အရေးရနိုင်ဖွယ်ရှိလေသည်။

လင်းယွမ်က သူ့ကို ကြီးမြတ်သူများ လိုက်မမီနိုင်ကြောင်း အာမခံနိုင်သော်လည်း ကြီးမြတ်သူတစ်ယောက်ကို မိုက်မဲစွာဖြင့် ရန်စမည်မဟုတ်ပေ။ ကြီးမြတ်သူတစ်ယောက်က သူတို့အဆင့်အောက် သက်ရှိများကို သတ်ဖြတ်လိုလျှင် ကိုယ်တိုင်လိုက်လံဖမ်းဆီးရန် မလိုအပ်ပေ။ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုက လုံလောက်ပေလိမ့်မည်။

"ငါ့ရဲ့ ခွန်အားက... " လင်းယွမ်က သူ့ကိုသူ အကဲဖြတ်လိုက်သည်။

သူက ဆယ်ကြိမ်မြောက် ဆင်းသက်မှုမတိုင်မီ လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက ခန့်မှန်းချက်အရ အလွှာဆယ့်တစ် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်တွင် ရှိခဲ့လေသည်။

သို့သော် ယခုအခါ နတ်ဘုရင်ကဲ့သို့ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများပင် ကြီးမြတ်သူအဆင့် လက်နက်များ အသုံးမပြုလျှင် လင်းယွမ်က လက်တစ်ချက်ဝှေ့ရမ်းရုံနှင့် အလွယ်တကူ ဖိနှိပ်နိုင်လေသည်။

အလွှာတစ်ဆယ် အထွတ်အထိပ် သက်ရှိတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားက တစ်ဆယ်ဖြစ်ပြီး အဆုံးမဲ့ဟင်းလင်းပြင်မှ အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားများက ဆယ့်ငါးမှ နှစ်ဆယ်ကြား ဖြစ်လျှင် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက တစ်ရာဝန်းကျင်တွင် ရှိလေသည်။

ထိုစံနှုန်းအတိုင်း ကြီးမြတ်သူများကို တိုင်းတာလျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို သန်းရာဂဏန်းအထိ ရှိပေလိမ့်မည်။ လင်းယွမ်က အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်နှင့် ယှဉ်နိုင်ခြင်းမရှိသေးသော်လည်း သာမန် အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများကို ကျော်လွန်နေပြီဖြစ်သည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ပတ်ဝန်းကျင်ကန့်သတ်ချက်များကို အသုံးပြု၍ ထိုအလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများကို ဖိနှိပ်ချေမှုန်းခဲ့သည်။ သူက အခြေအနေကို အခွင့်ကောင်းယူခြင်းသာ ဖြစ်သည်။

သို့သော် ယခုအခါ လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ထိုနေရာတွင် ကျော်လွန်ခြင်းက ကိုယ်ပိုင်ခွန်အားပေါ်တွင် မှီခိုခြင်းသာ ဖြစ်သည်။

အဆုံးမဲ့ဟင်းလင်းပြင်၏ အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားများနှင့် ယှဉ်လျှင် ပင်မစကြာဝဠာရှိ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများက အလွန်ကြီးမားသော အားသာချက်တစ်ခုရှိလေသည်။ ၎င်းမှာ လက်နက်ရတနာများဖြစ်သည်။

နတ်ဘုရင်က ကြီးမြတ်သူအဆင့်လက်နက်ကို ပေါင်းစပ်ထားပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကို များစွာ တိုးတက်စေခဲ့သည်။ အခြားအလွှာဆယ့်တစ် သက်ရှိများကလည်း ကြီးမြတ်သူအဆင့် လက်နက်များရရှိရန် မျှော်လင့်ကြသည်။

ပင်မစကြာဝဠာရှိ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိအများစုက အထွတ်အထိပ်မျိုးနွယ်များ သို့မဟုတ် ကြီးမြတ်သူများက ကျောထောက်နောက်ခံပေးထားကြသည်။ ကြီးမြတ်သူအဆင့်ကို ရောက်ရှိရန် အခွင့်အလမ်းကို တိုးမြှင့်ရန် သူတို့က အလွှာဆယ့်နှစ်စွမ်းအားကို ကြိုတင်နားလည်စေရန်အတွက် ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို ပေးအပ်ထားကြသည်။

ထိုလက်နက်ကို ယာယီငှားရမ်းခြင်းသာ ဖြစ်၏။ အကယ်၍ လက်ခံသူက အလွှာဆယ့်နှစ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်လျှင် ၎င်းကို ပြန်မယူနိုင်သော်လည်း ကျရှုံးလျှင် ထိုလက်နက်က မျိုးနွယ်ဆီ ပြန်ရောက်သွားပေလိမ့်မည်။

ပင်မစကြာဝဠာရှိ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများကြားတွင် နတ်ဘုရင် နာမည်ကြီးရသည့်အကြောင်းရင်းမှာ သူပိုင်ဆိုင်သော ကြီးမြတ်သူအဆင့်လက်နက်က သူနှင့် အလွန်လိုက်ဖက်သောကြောင့်ဖြစ်သည်။

ပြည့်စုံစွာ လိုက်ဖက်နေသော လက်နက်တစ်ခုက အလွှာဆယ့်နှစ်၏ စွမ်းအားကို ပိုမိုခံစားနိုင်ရုံသာမက နက်ရှိုင်းစွာ စူးစမ်းနိုင်လေသည်။

ကံမကောင်းစွာဖြင့် နတ်ဘုရင်၏ ကြီးမြတ်သူအဆင့် လက်နက်က အဖြူရောင်စာရွက် ထွက်ခွာသွားခြင်းနှင့်အတူ ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး စိတ်အသိကိုလည်း ဆုံးရှုံးခဲ့ရလေသည်။

ကြီးမြတ်သူအဆင့် လက်နက်တစ်ခုက တိုက်ခိုက်ရေးစွမ်းအားကို မြှင်တင်ပေးနိုင်ကြောင်း ရှင်းပြရန်ပင် မလိုအပ်ပေ။ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိတစ်ယောက်က သူတို့နှင့် မသင့်လျော်သော လက်နက်တစ်ခုကို ရရှိခဲ့လျှင်တောင် အသက်သွင်းလိုက်သည်နှင့် တိုက်ခိုက်ရေးစွမ်းအားကို ရာချီမြင့်တက်သွားစေနိုင်လေသည်။

" ကြီးမြတ်သူအဆင့်လက်နက်.... ငါ့မှာအများကြီးရှိတယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ထိုက်ယန်မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားခဲ့သည်။

ပင်မစကြာဝဠာတွင် အလွှာဆယ့်နှစ်အောက် ကြီးမြတ်သူအဆင့် လက်နက်များပိုင်ဆိုင်မှုတွင် လင်းယွမ်ကို ဘယ်သူမှ ယှဉ်နိုင်မည်မဟုတ်ပေ။ ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှ ရရှိခဲ့သော လက်နက်ရတနာများက တစ်ရာနီးပါးရှိသည်။ ထိုတစ်ရာကျော်တွင် အများစုက ကြယ် ၁၂လုံး ရတနာများဖြစ်ကြသော်လည်း အလွှာဆယ့်နှစ် လက်နက်များက သုံးဆယ်ကျော်နေဆဲ ဖြသ်သည်။

လင်းယွမ်၏ ပုံရိပ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးတွင် ပေါ်လာသည်။ ထိုနေရာက ရတနာများ သိုလှောင်ထားသော နေရာဖြစ်သည်။

"ကြီးမြတ်သူအဆင့်လက်နက်တွေ " လင်းယွမ်၏ ရှေ့တွင် ကြီးမြတ်သူအဆင့် လက်နက် ၃၂ခုက ပေါ်လာသည်။

ထိုလက်နက် ၃၂ ခုက ဓားများ၊ လှံများ၊ အိုးများ၊ မျှော်စင်များနှင့် အခြားရတနာများ ပါဝင်ကြလေသည်။

" ငါ အခု ကြီးမြတ်သူအဆင့် လက်နက်အချို့ ရွေးချယ်နိုင်တယ်။ " လင်းယွမ်က စဉ်းစားနေသည်။

သူက ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို မရွေးချယ်ခဲ့ခြင်းမှာ ၎င်းတို့ကို သန့်စင်လိုသောကြောင့်ဖြစ်သည်။ စဦးသန့်စင်ခြင်းအတွက် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ပဉ္စမအဆင့်ကို လိုအပ်လေသည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ပဉ္စမအဆင့်သို့မရောက်လျှင် ကြီးမြတ်သူအဆင့် လက်နက်အတွင်းရှိသော အချိန်နှင့် လေဟာနယ်ကို အသက်သွင်းနိုင်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို သန့်စင်နိုင်ရန်အတွက် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်ကို လိုအပ်ပေလိမ့်မည်။ ဆိုလိုသည်မှာ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများ ဖြစ်သည်။

လင်းယွမ်က ဆင်းသက်မှုမတိုင်မီ အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဒုတိယအဆင့်သာ ရှိပြီး ကြီးမြတ်သူအဆင့် လက်နက်ကို အသက်မသွင်းနိုင်ပေ။ ယခု လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့်သို့ ရောက်နေပြီး ကြီးမြတ်သူအဆင့် လက်နက်ကို သန့်စင်နိုင်သည်ထက် ပိုလေသည်။

ကြီးမြတ်သူအဆင့် လက်နက်တစ်ခုက ကြီးမြတ်သူတစ်ယောက်၏ လက်ထဲတွင် တိုက်ခိုက်ရေးစွမ်းအားတွင် အဆထောင်ချီ သောင်းချီ ထုတ်လွှတ်နိုင်သည်။ သို့သော် အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများ၏ လက်ထဲတွင် အဆရာချီစွမ်းအာကို ထုတ်လွှတ်နိုင်သည်။

" ကြည့်ရအောင် " လင်းယွမ်က ကြီးမြတ်သူအဆင့် လက်နက် ၃၂ခုကို ဂရုတစိုက် စစ်ဆေးလိုက်သည်။

လင်းယွမ်၏ စိတ်ထဲတွင် အသင့်တော်ဆုံး လက်နက်က ယွမ်ရှန်းကျင်းဖြစ်သော်လည်း ၎င်းက ကြီးမြတ်သူအဆင့်နှင့် ဝေးကွာနေဆဲဖြစ်သည်။ ထိုအချိန်မရောက်မီ သူက ခဏအသုံးပြုရန်အတွက် လက်နက်အနည်းငယ်ကို ရွေးချယ်ထားနိုင်လေသည်။

ထိုလက်နက်များက သူနှင့် အပြည့်အဝ မသင့်တော်လျှင်တောင် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်လေသည်။

" ဒီသံတုတ်က..." လင်းယွမ်က အနက်ရောင်သံတုတ်ကို ကြည့်လိုက်သည်။

ထိုသံတုတ်က ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် ရရှိခဲ့သော တိုက်ခိုက်ရေးလက်နက်တစ်ခုဖြစ်သည်။ ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာ၏ ဖိနှိပ်မှုအောက်မှာပင် ထိုသံတုတ်မှ ထွက်ပေါ်လာသော အော်ရာက ကြောက်စရာကောင်းလေသည်။ ပင်မစကြာဝဠာသို့ ပြန်လည်ရောက်ရှိပြီးနောက် သံတုတ်၏ မူလစွမ်းက ပြန်လည်ကောင်းမွန်လာခဲ့သည်။

" ဒါအဆင်ပြေမလား ကြည့်ရအောင် " လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ကောင်းကင်တွင် ပေါ်လာသည်။

ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် လင်းယွမ်က ထိုသံတုတ်ကို အသုံးပြုခဲ့သော်လည်း သံတုတ်၏ မူလစွမ်းအားနှင့် ဝေးကွာနေဆဲ ဖြစ်သည်။ အလွှာဆယ့်နှစ်၏ စွမ်းအားကို ပြန်လည်ရရှိလာသောအခါ လင်းယွမ်၏ လက်ထဲမှ သံတုတ်က ကြယ်များကိုပင် ဖျက်ဆီးနိုင်သကဲ့သို့ ခံစားလိုက်ရသည်။

လင်းယွမ်က အနက်ရောင်သံတုတ်ကို ကိုင်ပြီး ရှေ့သို့ ပေါ့ပေါ့ပါးပါး ဝှေ့ရမ်းလိုက်သည်။ ကြောက်စရာကောင်းသော အနက်ရောင်အရိပ်တစ်ခုက ထွတ်ပေါ်လာပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဟင်းလင်းပြင်တွင် မိုင်ပေါင်းသောင်းချီရှည်လျားသော လေဟာနယ်အက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။

All Chapters