← Chapters

ငါ အဆင်ပြေလောက်ပါတယ်

Vol. 32 Ch. 453

ငါ အဆင်ပြေလောက်ပါတယ်

Vol. 32 Ch. 453

သစ်သားတွန်းလှည်းပေါ်တွင် ထိုင်ရင်း ချန်ရှီ သက်ပြင်းရှည်ကြီး ချလိုက်သည်။

"စိတ်ပျက်ဖွယ်ကုန်းစောင်းက အမတ ဖုန်းရော့ထုံနဲ့ ယဇ်ပုရောဟိတ်မင်းရဲ့ တိုက်ပွဲမှာ နှစ်ဖက်အရှုံးကို ကြုံတွေ့ခဲ့ရသူရှိလား မသိဘူး?"

အခုလေးတင် လျှို့ဝှက်ဆန်းကြယ်တဲ့ ယင်ကိုးစင်း ကောင်းကင်ကျမ်း နားလည်နေချိန်မှာ အပြင်ဘက်က အဖြစ်တွေကိုလည်း သတိထားမိပြီးသားပင်။ လက်ဖက်ရည်ဆိုင် အပြင်မှာ ဖြစ်ပျက်နေတာကိုလည်း ရှင်းရှင်းလင်းလင်း သဘောပေါက်ပါ၏။ ယဇ်ပုရောဟိတ်မင်းနှင့် ရင်ဆိုင်ဖူးသော အမတမှာ ဖုန်းရော့ထုံ ဖြစ်ပြီး ၎င်းတို့၏ ပြောဆိုမှုအရ ၎င်းတို့သည် ယခင်က တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ဖူးပြီး တစ်ဖက်ကမှ အသာစီးမရခဲ့ပေ။

ချန်ရှီ မရဏကမ္ဘာတွင် ရှိစဥ်ကလည်း စိတ်ပျက်ဖွယ်ကုန်းစောင်းက ကောင်းကင်လမ်းလျှောက်သူများက ၎င်းတို့ကို လိုက်ရှာရန် ဦးဆောင်ခဲ့သော်လည်း အမတနာမည်ကို မသိသောကြောင့် သူ့ထင်ကြေးကိုသာ ပေးခဲ့သည်။

"ဖုန်းရော့ထုံက ဒီတစ်ခါ နတ်မြို့တော်အတွက် ပေလိုင်မြို့ကို ရောက်လာခဲ့တာ... သူတို့အမြင်မှာ နတ်မြို့တော်က အထက်ကမ္ဘာထက် ပိုတန်ဖိုးထားပုံရတယ်"

"ယဇ်ပုရောဟိတ်မင်းက အခုငါ့ကို မသတ်သေးတော့ လောလောဆယ် အချိန်မရွေး တိုက်ခိုက်တော့မှာ မဟုတ်ဘူး... သူ့ရဲ့ ထိပ်တန်းဦးစားပေးက ကလေးပညာရှင်ကို ရှာဖွေပြီး အံ့ဖွယ်ယင်ကိုးစင်းကျင့်စဥ်ကို စိတ်နှလုံးအကြွင်းမဲ့ ကျင့်ကြံဖို့... သူ့ချီကို ပြုပြင်မယ်၊ သူ့အုတ်မြစ်ကို ဆောက်မယ်၊ နတ်ကွန်းကို သန့်စင်ပြီး ကောင်းကင်ပြင်နတ်ဘုရားကို ပူဇော်ပသဖို့ပဲ.."

သူက ပြုံးပြီး တိုးတိုးလေး ဆက်ရွတ်လိုက်သည်။

"ကောင်းကင်ဘုံရဲ့ စစ်မှန်တဲ့ နတ်ဘုရားက သူ့ကို နတ်သန္ဓေသား ဒါမှမဟုတ် နတ်ဆိုးသန္ဓေသားကို ပေးသနားမှာလား"

ယဇ်ပုရောဟိတ်မင်းဆီ ပေးအပ်လိုက်သော အရာမှာ မသမာသော၊ ခြေရာမရှိသော စစ်မှန်သည့် အံ့ဖွယ်ယင်ကိုးစင်းကျင့်စဥ် ဖြစ်သည်။

ဤကျင့်စဥ်ကို လေ့ကျင့်ခြင်းဖြင့် နတ်ဆိုးလမ်းစဉ်ကို ပြုစုပျိုးထောင်ရန် မကောင်းသော စွမ်းအင်ကို စုပ်ယူခြင်းဖြင့် လူတစ်ဦး၏ တိုးတက်မှုသည် အလွန်လျင်မြန်လာမည် ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ထိုလူသည် နတ်ဆင်းသက်နယ်ပယ် ဘုံသို့ ရောက်ရှိနိုင်သည်။

ထိုနတ်ဆင်းသက်နယ်ပယ်တွင် နတ်ဆိုးသန္ဓေသားသည် ကောင်းကင်ပြင်၏ စစ်မှန်သော နတ်ဘုရားသ၏ ကိုယ်ခန္ဓာဆီသို့ ပြန်သွားလိမ့်မည်။ ထိုအချိန်က ကောင်းကင်ပြင်ရှိ နတ်ဘုရားကို ညစ်ညူးစေမည့် အကောင်းဆုံးအချိန် ဖြစ်သည်။

"အံ့ဖွယ်ယင်ကိုးစင်း ကောင်းကင်ကျမ်းကို တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်တာက တကယ် ကောင်းကင်ပြင်နတ်ဘုရားကိူကို ဖောက်ပြန်ပျက်စီးစေပြီး နတ်ဆိုးကို ထိခိုက်စေနိုင်မှာပဲ..."

ချန်ရှီ ကောင်းကင်မှာ တွဲလျောင်းကျနေတဲ့ လကြီးကို မော့ကြည့်လိုက်သည်။

"ပျက်စီးနေတဲ့ နတ်ဆိုးအစစ်အမှန်ကို ငါတကယ် မြင်ချင်လိုက်တာ"

သူ့စိတ်က နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ပြန်လည် ကောင်းမွန်လာရန် အချိန်အတော်ကြာခဲ့သည်။ သူ့အမှတ်တရများ ပြန်လည်ထူထောင်ခြင်းသည် အန္တရာယ်မရှိခဲ့ဘဲ လွန်ခဲ့သော ရှစ်နှစ်က ရန်ငြိုးနှင့် နတ်ဆိုးသဘောသဘာဝကိုပင် အမွေဆက်ခံခဲ့သည်။

"ကောင်းကင်ပြင်နတ်ဘုရား နတ်ဆိုးဖြစ်ခဲ့ရင် နေနဲ့လက တဟုန်းဟုန်းတောက်နေတဲ့ နတ်ဆိုးစွမ်းအင်တွေကို ထုတ်လွှတ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ဖြောင့်မတ်တဲ့ ချီစွမ်းအင်တွေကို ညစ်ညမ်းစေလိမ့်မယ်... ဆယ်ရက် ဒါမှမဟုတ် တစ်လခွဲ ဒါမှမဟုတ် တစ်နှစ် နှစ်နှစ်လောက်ကြာရင် အနောက်နွားရှင်းကျိုး တိုက်ကြီးတစ်ခုလုံး နတ်ဆိုးကမ္ဘာအဖြစ် ပြောင်းလဲသွားလိမ့်မယ်... ဟေး... အဘိုးက ငါ့ကို တံဆိပ်ခတ်ထားလို့ မရတော့ဘူး"

ရှေ့သို့ပြေးနေသော ဟေးကော် ရုတ်တရက် တုန်လှုပ်သွားပြီး နောက်ပြန် လှည့်လိုက်သည်။

ချန်ရှီက ရယ်လိုက်ကာ။

"ဟေးကော်... မင်းငါ့ကို ဘာလို့ဒီလို ကြည့်နေတာလဲ နောက်နေတာပါ ဟားဟား!"

ဟေးကော်ကတော့ ချန်ရှီမှာ တစ်စုံတစ်ရာ လွဲမှားနေကြောင်း အာရုံခံကာ မျက်တောင်ခတ်လိုက်သည်။ မိုင်ပေါင်း ၃သောင်း ပျံသန်းပြီးနောက် သစ်သားလှည်းသည်လည်း နောက်ဆုံးတွင် မောပန်းကာ သူ့အလိုလို ဆင်းသက်လာခဲ့သည်။

ချန်ရှီ ဆင်းပြီး လှည်းအတွက် အမွှေးတိုင် တစ်ချောင်းကို ချက်ချင်း မီးညှိလိုက်သည်။ ထို့နောက် သူက ပျော်ရွှင်စွာထွက်ပြေးကာ ဗိုက်ပြည့်စေရန် သရဲတစ္ဆေများကို ရှာဖွေခဲ့သည်။

မီးခိုးခေါင်းတိုင်များမှ မီးခိုးများထွက်နေသည့် မြို့အနီးတွင် ရှိသည်။ ချန်ရှီ ချဉ်းကပ်လာသည့်အခါ မြို့သူမြို့သားများက လူသားများမဟုတ်ဘဲ သရဲတစ္ဆေများသာ ဖြစ်ကြောင်း သူသိလိုက်ရသည်။

သရဲတစ္ဆေတွေက သူ့ကို အံ့သြစွာ စိုက်ကြည့်နေသဖြင့် ချန်ရှီ သူတို့ကို ပြုံးပြလိုက်သည်။

"ကွမ်....ကုပ်?"

သရဲတစ္ဆေတွေက စိတ်အေးလက်အေး ပြုံးပြီး "ကွမ်....ကုပ်..."

ချန်ရှီသည် ဒေသ ဓလေ့ထုံးစံများနှင့် သရဲပုံပြင်များကို စောင့်ထိန်းရန် ရည်ရွယ်၍ မြို့ထဲသို့ ဝင်လိုက်သည်။

"ဒီပညာရှင် လူငယ်လေးက တစ္ဆေစကား တတ်နေမယ်လို့တောင် မမျှော်လင့်ထားဘူး"

ချန်ရှီ အသံ၏ ဦးတည်ရာကို ကြည့်လိုက်ရာ ဖုန်းရော့ထုံက ဒဏ်ရာများ ဖုံးလွှမ်းနေသော သရဲအိမ်ရှေ့တွင် ပျင်းရိစွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်နားစွင့်သူ အများအပြားက သူ့ကို ဝိုင်းရံထားကာ သူတို့ကျင့်ကြံမှုက အလွန်အဆင့်မြင့်ကာ လေးစားဖွယ် ဘုရင်များ သို့မဟုတ် သခင်များ ဖြစ်သည်။

အိမ်သည် အခြားတစ္ဆေများကဲ့သို့ ကြမ်းကြုတ်သော ကျောက်တုံးပုံစံဖြစ်ပြီး တံခါးအပြင်ဘက်တွင် အဝါရောင် နဖူးစည်းကို ချိတ်ဆွဲထားပြီး လေထဲတွင် တဖျပ်ဖျပ်ခတ်နေသည်။ “ဆေးပညာ” ဟူသော စကားလုံးကို ကွေးကွေးကောက်ကောက်ဖြင့် ချယ်လှယ်ထားသည်။

ချန်ရှီ ဖုန်းရော့ထုံ၏ ဒဏ်ရာများကို ကုသပေးနေသည့် သရဲတစ္ဆေ သမားတော်တစ်ဦးကို တွေ့လိုက်ရတော့ အနည်းငယ် လန့်သွားသည်။

တစ္ဆေသမားတော်သည် အင်္ကျီမပါ၊ ပိန်ပိန်ပါးပါး၊ ထွားကျိုင်းပြီး စုတ်ပြတ်နေသော တိရစ္ဆာန်ဖုံးကွယ်ထားသော ဘောင်းဘီတိုတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး သာမန်လူထက် ခန္ဓာကိုယ်တစ်ဝက်ခန့် အရပ်မြင့်မြင့် ရပ်တည်နေပါသည်။ သူ့ခန္ဓာကိုယ်မှာ ပွက်ပွက်ဆူနေပြီး ထူးထူးခြားခြား အသားပန်းပွင့်များဖြင့် ဖုံးလွှမ်းထားသည်။ ဤပန်းများသည် ရံဖန်ရံခါတွင် ဖူးပွင့်များပွင့်ကာ ရောင်စုံလေစီးကြောင်းများ ထွက်လာကြသည်။

သူ့နဖူးပေါ်တွင် မျက်လုံးများရှိနေသည်။ ၎င်းတို့ထံမှ နတ်အလင်းရောင်တစ်ခု လင်းလက်ကာ ဖုန်းရော့ထုံ၏ ခန္ဓာကိုယ်ကို ဦးခေါင်းမှ ခြေဖျားအထိ တောက်ပသွားစေသည်။ သူ့ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ ပုံစံမျိုးစုံ ပေါ်လာပြီး လူနာကို ကုသပေးရင်း လင်းထိန်သွား၏။

သူ့နှလုံးသားထဲက ဒဏ်ရာကို ကုသပေးရင်းနဲ့ တစ္ဆေသမားတော် ရဲ့ နှလုံးသားထဲမှာလည်း ပုံစံတွေ လင်းလာခဲ့လေသည်။ ဖုန်းရော့ထုံရဲ့ နှလုံးသားကို အလင်းတန်းတွေ လင်းလက်လာပြီး ဒဏ်ရာက တဖြည်းဖြည်း သက်သာလာပြီး အံ့ဩစရာပါပဲ။

ဖုန်းရော့ထုံ ပြုံးပြလိုက်သည်။

"ပညာရှင်လေး... မင်းက ဘာလို့ အနီးကပ်လာပြီး စကားမပြောတာလဲ"

ချန်ရှီ သူ့နှလုံးသားထဲတွင် အေးစက်သွားသည်ကို ခံစားလိုက်ရသော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူ့အနားသို့ ချဉ်းကပ်လာသည်။

ယဇ်ပုရောဟိတ်မင်း၏ စွမ်းအားသည် ဖုန်းရော့ထုံနှင့် ယှဉ်နိုင်သော်လည်း ယခုတစ်ကြိမ်တွင် ချန်ရှီ၏ တာအိုနယ်မြေ အကူအညီဖြင့် ယဇ်ပုရောဟိတ်မင်းသည် သူ့ခန္ဓာကိုယ်အတွင်းက မကောင်းမှုများကို ထိန်းညှိနိုင်ခဲ့ပြီး နောက်ဆုံးတွင် ဖုန်းရော့ထုံကို ပြင်းထန်စွာ ဒဏ်ရာရစေပြီး ထွက်ပြေးရန် တွန်းအားပေးခဲ့သည်။

ဖုန်းရော့ထုံရဲ့ ဒဏ်ရာများမှာ ပြင်းထန်သော်လည်း ကြောက်မက်ဖွယ် မဟုတ်ပေ။ ချန်ရှီ ပိုအံ့သြသွားသည်မှာ ဤမြို့တစ္ဆေသမားတော်က ယဇ်ပုရောဟိတ်မင်း ချန်ထားခဲသော ဒဏ်ရာများကို အမှန်တကယ် ကုသပေးနိုင်ခြင်းပင် ဖြစ်သည်။

“ယဇ်ပုရောဟိတ်မင်းနဲ့ ခင်ဗျား တိုက်ကြတော့ မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရတယ်လို့တောင် ကျနော် ထင်နေတာ.... ဒီအတွက် ကျနော် အရမ်းဝမ်းနည်းမိပါတယ်"

ဖုန်းရော့ထုံက ပြုံးပြီး :"မင်းကို စိတ်ပျက်စေမိလို့ စိတ်မကောင်းပါဘူး ကျေးဇူးပြုပြီး ထိုင်ပါဦး... ကလေးပညာရှင်..."

ချန်ရှီ ကျောက်စားပွဲသို့ ရောက်လာသည်။ ကျောက်ခုံတန်းလျားတစ်ခု ယူလာတာကို သူကြားရပြီး ချန်ရှီက တစ္ဆေသမားတော်ရဲ့ အလုပ်ရှူပ်နေတာကို စောင့်ငဲ့ကြည့်နေလိုက်သည်။

ဖုန်းရော့ထုံ : “ကလေးပညာရှင်.. မြို့ငယ်လေးက တစ္ဆေသမားတော်က ဘယ်လို ဒဏ်ရာတွေကို ကုစားပေးနိုင်သလဲ သိချင်နေတာလား... ရိုးရိုးသားသားပြောရရင် တစ္ဆေမျိုးနွယ်က ကပ်ဘေးကြောင့် ပြောင်းလဲသွားတဲ့ ရှန်းလူမျိုးတွေရဲ့ အကြွင်းအကျန်တွေပါ... ရှန်းလူမျိုးတွေက သူတို့လူတွေကို တာဝန်တွေခွဲပြီး မွေးကတည်းက သတ်သတ်မှတ်မှတ် တာဝန်တစ်ခုစီ ပေးခဲ့ကြတယ်... သူတို့တွေကို မျိုးဆက်တစ်ခုကနေတစ်ခု ဆင်းသက်လာတဲ့ ပြန်းချွဲ့လို့ ခေါ်ကြတယ်"

"ပြန်းချွဲ့?"

ချန်ရှီ အံ့သြသွားပြီး အလုပ်များနေတဲ့ တစ္ဆေသမားတော်ကို ကြည့်လိုက်သည်။ ထိုသမားတော်၏ ညာဖက်လက်ချောင်းလေးပေါ်တွင် ပုံစံတစ်ခု လင်းလာသည်ကို သူ တွေ့လိုက်ရသည်။ ဖုန်းရော့ထုံ၏ ညာဘက်လက်ချောင်းလေးများကို ယဇ်ပုရောဟိတ်မင်း ဖြတ်သွားခဲ့ရာ ဒဏ်ရာသည် ယခုအခါ ကြီးထွားလာနေပြီ ဖြစ်သည်။

ဖုန်းရော့ထုံ : "ပြန်းချွဲ့ ဆိုတာက ရှန်းမင်းဆက်က အသက်မွေးဝမ်းကျောင်း ပညာတစ်ခုပေါ့...အဲဒီထဲမှာ တာအိုတွေပါတယ် အဖေကနေ သားဆီ ဆက်ခံကြရတယ်... ဒါ့ကြောင့် တစ္ဆေတွေ ဖြစ်လာပြီးနောက်ပိုင်း သူတို့က အအောင်မြင်ဆုံး သမားတော်တွေအဖြစ် ကျန်ရှိနေခဲ့ကြတယ်... ဒဏ်ရာရခဲ့ရင် အနီးဆုံး တစ္ဆေမြို့ကိုရှာဖွေပြီး ပြန်းချွဲ့ တစ္ဆေသမားတော်ဆီကို သွားကုသလို့ရတယ်"

ချန်ရှီ၏ မျက်နှာက တည်ကြည် လေးနက်နေသည်။

"ခင်ဗျားရဲ့ အကြံဥာဏ်ကို လေးစားပါတယ်"

ဖုန်းရော့ထုံက သူ့ကို စိုက်ကြည့်လာသည်။

"ဘာလို့ ဒဏ်ရာရခဲ့တာလဲ သိလား"

ချန်ရှီ ရယ်မောရင်း :"ကျနော့်နတ်ဆိုးနယ်မြေကို မြင်လိုက်တာနဲ့ ခင်ဗျား အံ့သြသွားတယ် အဲဒါက စိတ်ပျက်ဖွယ်ကုန်းစောင်းကို အန္တရာယ်ဖြစ်စေမယ် ဆိုတာလည်း သိတယ် အဲဒါကြောင့် ခင်ဗျားရဲ့ ပထမဆုံး အတွေးက ကျနော့်ကို ဖယ်ရှားပစ်ဖို့ပဲ"

"ဟားဟားဟားဟား!"

ဖုန်းရော့ထုံ ဟက်ဟက်ပက်ပက် ရယ်ချလိုက်သည်။

"ကလေးပညာရှင်က တကယ်ကို အံ့သြစရာကောင်းတဲ့လူပဲ... မင်း သိပ်နားလည်တတ်တာပဲ!"

ပြင်းထန်စွာ ရယ်မောလိုက်တာကြောင့် သူ့ခန္ဓာကိုယ်မှ ဒဏ်ရာတွေ ပွင့်ထွက်သွားရာ တစ္ဆေသမားတော်က ဒေါသအရမ်းထွက်ပြီး စားပွဲပေါ်ရှိ ဆေးအိုးကို ကောက်ကိုင်လိုက်ကာ သူ့ခေါင်းကို သုံးကြိမ်ရိုက်လိုက်သည်။

တစ္ဆေသမားတော် လှည့်ကြည့်လိုက်တဲ့ ဖုန်းရော့ထုံ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်စွာ တောက်ပလာခဲ့သည်။ သို့သော် တစ္ဆေသမားတော်က သူ့ဆေးအိုးကို လှန်ကာ ခေါင်းကို ပြင်းပြင်းထန်ထန် ထပ်ရိုက်ပြန်၏။

"ကွမ်!"

"ငါ့ဒဏ်ရာတွေကို ကုဖို့ မင်းကို လိုအပ်နေသေးလို့ မသတ်သေးဘူး"

ဖုန်းရော့ထုံ ဟစ်အော်ကာ ချန်ရှီဘက်ကို လှည့်၍ ပြုံးပြလိုက်သည်။

"ဒါပေမယ့် မင်းက ငယ်ငယ်ကလို ပညာတော်သင် မဟုတ်တော့ဘူး... မင်း ငါ့ထောင်ချောက်ထဲကို လျှောက်လာပြီး သေခြင်းတရားကို ရှာခဲ့တယ်... ငါ့ရဲ့ရက်စက်မှု အတွက်တော့ အပြစ်မတင်နဲ့ပေါ့"

ချန်ရှီ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်နှင့် တာအိုနယ်မြေက ခုန်ပေါက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့ဦးခေါင်းနောက်ကွယ်ရှိ သေးငယ်သော ဘုံကျောင်းထဲက သွေးအသွင်ပြောင်းနတ်ဓား အနည်းငယ် တုန်ခါသွားကာ မည်သည့်အချိန်မဆို တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

နတ်သမီးရှောင်သွမ့်၊ ကျူးရှို့ချိုင်နှင့် ကျွယ်ရန်ကျစ်တို့ကလည်း အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

ဖုန်းရော့ထုံ ပြုံးပြီး :"ငါက ကောင်းကင်လမ်းလျှောက်သူ အမတ တစ်ယောက်ပါ... မင်းရဲ့ လှည့်ကွက်တွေကို သုံးစရာမလိုဘူး... အမ်?"

သူက တိုးတိုးလေး အာမေဋိတ်တွေ ထုတ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ဤမြို့ငယ်လေးရှိ တစ္ဆေအားလုံး ရုတ်တရက် အသွင်ပြောင်းသွားကြသည်။ သူတို့၏ သရဲတစ္ဆေ အသွင်အပြင်များသည် မြင်နိုင်သောအမြန်နှုန်းဖြင့် ပျောက်ကွယ်သွားကာ လူသားလက္ခဏာများ အစားထိုးခဲ့သည်။ သူတို့သည် သရဲတစ္ဆေများမှ လူသားများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ အသီးသီး ဘာတွေဖြစ်သွားမှန်း မသိကြချေ။

ဖုန်းရော့ထုံ အနားရှိ သရဲတစ္ဆေ သမားတော်ကလည်း အသွင်ပြောင်းခဲ့သည်။ သူ့အရင်တုံးက ပိန်ပိန်ပါးပါးနဲ့ ပုံသဏ္ဍာန်မဟုတ်တော့ဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနာများနှင့် ထူးဆန်းသောပန်းပွင့်များ ပျောက်ကွယ်သွားပြီး ပုံမှန်အရေပြားဖြင့် အစားထိုးလာခဲ့သည်။

တစ္ဆေသမားတော်၏ အမူအရာမှာ မှိန်းနေပြီး အလန့်တကြား ထအော်လိုက်၏။

"ဘာဖြစ်နေတာလဲ"

သူသည် တစ္ဆေဘာသာစကား မဟုတ်တော့ဘဲ လူသားဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်သူ ဖြစ်လာသည်။ သူ့နဖူးပေါ်ရှိ တတိယမျက်လုံး ပျောက်ကွယ်သွားသော်လည်း ပြန်းချွဲ့ တာအိုပုံစံကို အသက်သွင်းရန် ကြိုးစားသောအခါတွင် ပြန်လည်ပေါ်လာ၏။

ဤမျက်လုံးသည် လူနာ၏ အတွင်းအင်္ဂါများမှတစ်ဆင့် ရောဂါ၏ အရင်းအမြစ်ကို ပိုင်းခြားသိမြင်နိုင်သော သမားတော်မျက်လုံး ဖြစ်သည်။

တစ္ဆေသမားတော်လည်း ကြောက်ရွံ့မှုနှင့် ပျော်ရွှင်မှုတို့ ရောနှောခံစားလိုက်ရသည်။ သူသည် အခြားသူများကို ကုစားရန် တာအိုများကို အသုံးပြုသောအခါ အချို့သော ဝေဒနာများက သူ့ခန္ဓာကိုယ်အတွင်း၌ ရှိနေတတ်ပြီး ပြင်းထန်သော ပန်းများကဲ့သို့ ခေါင်းမာသော ဝေဒနာများအဖြစ် ပြောင်းလဲသွားတတ်သည်။

သူသည် အခြားသူများကို ကုစားနိုင်သော်လည်း သူ့ကိုယ်သူတော့ မဟုတ်ပါ။ မထင်မှတ်ပဲ ဒီအသွင်ပြောင်းမှုက သူ့ရဲ့ခေါင်းမာတဲ့ ရောဂါကို လုံးဝ ပျောက်ကင်းစေခဲ့၏။

ဖုန်းရော့ထုံလည်း မတ်တပ်ထရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"ဒီတာအိုနယ်မြေက ဘယ်လိုလုပ်?"

ရုတ်တရက် သူ့ခေါင်းပေါ်၌ ကျယ်လောင်သော နောက်ထပ် အသံတစ်ခု ထွက်လာသည်။ တစ္ဆေသမားတော်က ဆေးအိုးကိုကိုင်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ထရိုက်ကာ ထိုင်ပြီး ဆေးကုသမှုခံယူရန် အချက်ပြနေခဲ့သည်။

ဖုန်းရော့ထုံခမျာ ငြင်းခုံရန် အချိန်မရှိခဲ့။ သူတို့ကိုးကွယ်တဲ့ တစ္ဆေနတ်ဘုရားတွေ အပါအဝင် ဒီမြို့မှာရှိတဲ့ သရဲတစ္ဆေတွေ အားလုံးဟာ ချန်ရှီရဲ့ တာအိုနယ်မြေထဲမှာပဲ လူသားတွေအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

သူ သိသိသာသာ တုန်လှုပ်သွားသည်။ တာအိုနယ်မြေ အတွင်း ယင်ယန် စွမ်းအင်၏ ဖော်မပြနိုင်သော ညီညွတ်မှုကို ခံစားခဲ့ရသည်။

"ဒါက တာအိုနယ်မြေက ဘယ်လိုအရာမျိုးလဲ"

သူ့အတွေးတွေကို စုစည်းပြီး ထပ်မေးလိုက်သည်။

ချန်ရှီ သူ့ဘေးနားတွင် မရွေ့ဘဲ ဆက်ထိုင်နေလိုက်သည်။

"ယင်ယန်တာအိုနယ်မြေ!"

ဖုန်းရော့ထုံ သူ့ကို မျက်လုံးတည့်တည့် ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ယင်ယန်တာအိုနယ်မြေ တော်တော်များများကို ငါမြင်ဖူးပေမယ့် မင်းလိုအဆင့်ကို မရောက်သေးဘူး"

ချန်ရှီကလည်း ပြုံးပြသည်။

"အဲဒါက ကျနော် မဟုတ်လို့ပါ"

ဖုန်းရော့ထုံ သူ့ကို စေ့စေ့ကြည့်သော်လည်း ချန်ရှီက ငြိမ်သက်နေခဲ့သည်။

"ဒိုင်း!"

"ဗုန်း! ဗုန်း!"

တစ္ဆေသမားတော်က သူ့ဆေးအိုးကို ဇွတ်မြှောက်ပြီး ဖုန်းရော့ထုံရဲ့ ခေါင်းကို အထပ်ထပ် အခါခါ ရိုက်လိုက်၏။ ရိုက်နှက်မှုကြောင့် ဒေါသထွက်နေသော ဖုန်းရော့ထုံ သူ့ဒေါသကို မထိန်းနိုင်တော့ပေ။ သူက နောက်ပြန်လှည့်ပြီး။

“ဘာလို့ ငါ့ကို ဆက်ရိုက်နေတာလဲ”

တစ္ဆေသမားတော်က ထပ်လုပ်တော့မည် ဖြစ်သောကြောင့် ဖုန်းရော့ထုံ သူ့ဒေါသကို ထိန်းချုပ်ကာ ဘာမှမဖြစ်သကဲ့သို့ ထိုင်နေလိုက်သည်။ တစ္ဆေသမားတော်က မရပ်ခင် ခေါင်းကို နှစ်ကြိမ် ထပ်ရိုက်သေးတာကြောင့် မျက်လုံးများကို ခေတ္တ မှိတ်ထားရလေသည်။

"မင်းရဲ့ ယင်ယန်တာအိုနယ်မြေကို မင်းကိုယ်တိုင် နားလည်ခဲ့တာလား"

ချန်ရှီ ခေါင်းညိတ်လိုက်သည်။

"မင်း နတ်ဆိုးတာအိုနယ်မြေကိုလည်း ကျွမ်းကျင်တယ်"

ချန်ရှီ ခေါင်းညိတ်ပြပြန်သည်။

ဖုန်းရော့ထုံ ခဏလောက်စဉ်းစားပြီးမှ။

"ငါ့ကိုပြပါဦး"

ချန်ရှီ ယင်ယန်တာအိုနယ်မြေကို ချက်ချင်း ခွဲထုတ်လိုက်ပြီး နတ်ဆိုးတာအိုနယ်မြေကို အသက်သွင်းလိုက်သည်။

ယင်ယန်တာအိုနယ်မြေ ပျောက်ကွယ်သွားသည့်အခိုက်တွင် တစ္ဆေသမားတော်နှင့် မြို့တွင်းရှိ သရဲတစ္ဆေများသည် ၎င်းတို့၏ မူလပုံစံသို့ ပြန်လည် ပြောင်းလဲသွားတော့မည် ဖြစ်သည်။ သို့သော်လည်း နတ်ဆိုးတာအိုနယ်မြေက မြို့ကို လွှမ်းခြုံထားသောကြောင့် ၎င်းတို့သည် လူသားအဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။

၎င်းတို့ကို ထိခိုက်စေသော ယင်နှင့် မကောင်းသော စွမ်းအင်များသည် ၎င်းတို့အတွင်း၌ ငြိမ်းချမ်းစွာ စီးဆင်းသွားပြီး မူလ ဖရိုဖရဲ အခြေအနေထက် ငြိမ်းချမ်းစွာ စည်းစနစ်တကျ ဖြစ်လာကြသည်။

ဖုန်းရော့ထုံဟာ အခင်းအကျင်း တစ်ခုလုံးထဲကို ဝင်ရောက်ထားခဲ့ပေမယ့် သူ့အမူအရာက မပြောင်းလဲသွားပေ။

ထိုအခါ ချန်ရှီကတော့ စိုးရိမ်စိတ်တွေ တဟုန်ထိုး တက်လာသည်။ ဖုန်းရော့ထုံဟာ အထက်ကမ္ဘာကို လက်တစ်ဖက်တည်း ဖြုတ်ချနိုင်စွမ်း ရှိပြီး ယဇ်ပုရောဟိတ်မင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကိုပင် ယှဥ်နိုင်သည်။ သူဒဏ်ရာရသွားသော်လည်း သူ့တန်ခိုးသည် ချန်ရှီ၊ နတ်သမီးရှောင်သွမ့် နှင့် အခြားသူများလက်လှမ်းမမီသော နတ်ဘုရားဖြစ်သည်။

ဖုန်းရော့ထုံ သူတို့ကို သတ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒီတိုက်ပွဲရဲ့ ရလဒ်က မသေချာတော့ပါဘူး။

ချန်ရှီ သူ့မျှော်လင့်ချက်များကို သွေးအသွင်ပြောင်း နတ်ဓားပေါ်တွင်သာ ချိတ်ထားနိုင်ခဲ့သည်။ သူ့မှာ ဒဏ်ခတ်ဖို့ အခွင့်အရေး တစ်ခုပဲရှိကာ ဖုန်းရော့ထုံကို တစ်ချက်ရိုက်ရုံနဲ့ မသတ်နိုင်ခဲ့ရင် သူတို့ အသေခံရဖို့ အလားအလာ ပိုများလေသည်။

"ဝေ့လော်က မင်းကို စိတ်ပျက်ဖွယ် ကုန်းစောင်းကို ခေါ်သွားမယ့်အစား ဘာလို့သတ်လိုက်တာလဲ သိလား...မင်းကို စိတ်ပျက်ဖွယ် ကုန်းစောင်းဆီ ခေါ်သွားရတာက ဒုက္ခဖြစ်မှာ မဟုတ်ဘူး မင်း ကုန်းစောင်းက ထူးခြားတဲ့ စွမ်းရည်ကို သင်ယူနိုင်မယ်... မင်းရဲ့ လေ့ကျင့်မှု ခွန်အားနဲ့ဆို ငါတောင် လက်လှမ်းမမီနိုင်လောက်တော့ဘူး"

"ကျနော်က ကောင်းကင်ပြင်နတ်ဘုရားကို မရိုသေသူလို့ သူပြောခဲ့ဖူးတယ်"

ဖုန်းရော့ထုံ မျက်မှောင်ကြုတ်ကာ။

"ဒါဆို မင်းက ဟုတ်လား?"

ချန်ရှီက ခဏလောက်စဉ်းစားပြီးမှ ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်"

"ငါက စစ်မှန်တဲ့ အမတ မဟုတ်ပါဘူး"

ချန်ရှီ အနည်းငယ် လန့်ဖျပ်သွားပြီး သူ့ကို အံ့အားသင့်စွာ ကြည့်ကာ သူဘာလို့ ရုတ်တရက် ဒီလိုစကားမျိုး ပြောခဲ့တာလဲလို့ အံ့သြနေမိသည်။

"မင်းရဲ့နောက်ကွယ်က ဘုံကျောင်းငယ်လေးထဲက အမတတွေလိုပဲ ငါလည်း ကန့်သတ်နေရာ တစ်ခုအတွင်းထဲမှာ တာအိုကို ပေါင်းစပ်ထားတဲ့ တခြားသူတွေအပေါ် မှီခိုနေရတယ်... ကွာခြားချက်ကတော့ နတ်ဘုရားရဲ့ ကောင်းကင်ဘုံက တာအိုထဲမှာ ငါပေါင်းစပ်နေချိန်မှာ သူတို့ကတော့ မင်းရဲ့ ဘုံကျောင်းထဲမှာ ပေါင်းစပ်မိနေတာပဲ"

ဖုန်းရော့ထုံက နတ်သမီးရှောင်သွမ့်နှင့် အခြားသူများ၏ လှုပ်ရှားမှုတိုင်းကို သိပြီး ဘုံကျောင်းငယ်လေးအတွင်း မြင်ကွင်းကို မြင်နေရသည်။ သုံးယောက်သား အံ့သြစွာ ဘုရားကျောင်းထဲတွင် ထိုင်နေခဲ့သည်။

"ငါက တကယ့် အမတ မဟုတ်ဘူး ငါ့တာအိုကို ကောင်းကင်ပြင်နတ်ဘုရားဆီ အပ်နှံထားရုံပဲ... ငါ တာအိုနဲ့ တကယ် ရောထွေးနေတာ မဟုတ်ဘူး"

ဖုန်းရော့ထုံက သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

"ကောင်းကင်ပြင်နတ်ဘုရားသာ ဆုံးပါးသွားခဲ့ရင် ငါလည်း သူနဲ့အတူ ကွယ်ပျောက်သွားလိမ့်မယ်... ကောင်းကင်လမ်းလျှောက်သူတွေလည်း အတူတူပဲ... စစ်မှန်တဲ့ အမတက ဘာလဲ လွတ်လပ်မှုဆိုတာ ဘာလဲ ငါလည်း သိချင်နေတာ.... ခေါက်နေတာကို ရပ်လိုက်တော့ ငါ့ရဲ့ဒဏ်ရာတွေကို မင်း ကုသပေးနိုင်မှာ မဟုတ်ဘူး"

တစ္ဆေသမားတော်က သူ့ခေါင်းကို ဆက်ပြီး ဇွတ်ခေါက်ပြန်သဖြင့် ဖုန်းရော့ထုံ ကျိန်ဆဲပြီး အမွှေးတိုင် ပိုက်ဆံတွေကို တစ္ဆေသမားတော်ရဲ့လက်ထဲကို တွန်းထည့်ပေးလိုက်တော့သည်။

"ဒါကြောင့် ဘာပဲဖြစ်ဖြစ် ငါက ကောင်းကင်ဘုံက နတ်ဘုရားတွေကို သစ္စာမဖောက်ဘဲ ကာကွယ်ရမယ်... အဲဒါက ကောင်းကင်ဘုံက မသေနိုင်တဲ့ ကောင်းကင်ဘုံလမ်းကို လျှောက်လှမ်းသူတွေနဲ့ သက်ဆိုင်တယ်... ဝေ့လော် ဘာအမှားမှ မလုပ်ခဲ့ဘူး။"

သူသည် ကောင်းကင်နားစွင့်သူ ကျွင်းကျူ၊ ကျွင်းဝမ်အဆင့် များစွာနှင့်အတူ လက်ကိုဝှေ့ယမ်းကာ ထွက်ခွာသွားခဲ့သည်။

"အနာဂတ်မှာ တူညီတဲ့ အကြောင်းပြချက်ကြောင့် မင်းကိုသတ်မယ့် ကောင်းကင်လမ်းလျှောက်သူနဲ့ အမတတွေ ရှိလာလိမ့်မယ်.."

"ခင်ဗျားကရော ကျနော့်ကို ဘာလို့ မသတ်တာလဲ"

ဖုန်းရော့ထုံက လှည့်ကြည့်ပြီး ပြုံးပြသည်။

"ငါ ဒဏ်ရာရထားတော့ မင်းကို အနိုင်ယူလို့ မရဘူး... မင်း အမတသုံးကောင်နဲ့ အမတလက်နက် လေးခုကို ပြင်ဆင်ထားတယ်မလား... ငါ့ဒဏ်ရာတွေက အရမ်းပြင်းထန်နေလို့ ငါ ပြေးဖို့ကလွဲပြီး သဘာဝအတိုင်း ရွေးချယ်စရာ မရှိတော့ဘူးလေ..."

သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားတော့သည် ။

ချန်ရှီ အံ့ဩသွားသည်။

ဒီအချိန်မှာတော့ သူ့ခေါင်းကို တစ္ဆေသမားတော်က အိုးနဲ့ရိုက်တာကြောင့် ချန်ရှီ သူ့ခေါင်းကို အုပ်ပြီး ဒေါသတကြီးနဲ့ အော်လိုက်သည်။

"ကွမ်?"

တစ္ဆေသမားတော်က ရယ်မောပြီး :"မင်းက လူသားလေ... တစ္ဆေပြောတတ်သေးတာလား မင်း ဆေးကုသချင်လား"

ချန်ရှီ ခေါင်းယမ်းလိုက်သည်။

"မကုချင် သွားတော့!"

ချန်ရှီ တစ္ဆေမြို့မှ ထွက်သွားသော်လည်း ဖုန်းရော့ထုံကို ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။ ထိုစဥ် သစ်သားလှည်းသည်လည်း အစာစားပြီးပြီမို့ သူ့ဆီသို့ ပြေးလာသည်။ ချန်ရှီ သူ့တာအိုနယ်မြေကို ပိတ်လိုက်ပြီး မြို့ကိုပြန်ကြည့်နေ၏။

"ငါတို့ သူ့ကို နှုတ်ပိတ်သင့်လား..."

ဟေးကော် လှည့်၍ ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ ချန်ရှီ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး

"ဟေးကော် ငါကနောက်နေတာပါ... မင်းက ဒါကို အလေးအနက်ထားလိုက်တာ... ဖုန်းရော့ထုံကတော့ နှုတ်မပိတ်တာ ငါကဘာလို့ နှုတ်ပိတ်ရမှာလဲ... ငါက ထိပ်တန်းပညာရှင်ပါ ဖြောင့်မတ်တဲ့သူ!"

သူသည် သစ်သားလှည်းပေါ်သို့ တက်ကာ လေထဲသို့ ခုန်တက်ရင်း အဝေးကို ပြေးထွက်သွားခဲ့သည်။ လှည်းပေါ်မှ ချန်ရှီ တစ္ဆေမြို့ကို ပြန်ကြည့်နေပြန်သည်။

"ဝုတ်!" ခွေးအသံ ထွက်လာ၏။

"ဟာဟား!"

ချန်ရှီ လှည့်ကြည့်ပြီး ရယ်လိုက်သည်။

"ဟားဟား... ငါတကယ် အဆင်ပြေပါတယ် ဘာမှမဖြစ်ဘူး"

မြို့ငယ်လေးတွင် လူတို့သည် တစ္ဆေများ ပြန်ဖြစ်သွားကြပြီး မြို့ဟောင်းကလည်း ပြန်ငြိမ်သက်သွားခဲ့သည်။

All Chapters