← Chapters

ဘုရင်ကျန်း ကွယ်လွန်ခြင်း

Vol. 32 Ch. 454

ဘုရင်ကျန်း ကွယ်လွန်ခြင်း

Vol. 32 Ch. 454

"စိတ်ပျက်ဖွယ် ကုန်းစောင်းက မျှော်လင့်ချက်ကင်းမဲ့တဲ့ နေရာ... လက်ရှိအနေအထားကို ထိန်းသိမ်းထားနိုင်ဖို့ တွန်းအားပေးနေရတာ.. အဲဒါကြောင့် စိတ်ပျက်ဖွယ် ကုန်းစောင်းလို့ ခေါ်တာ... ဘာကြောင့်လဲဆိုရင် လက်ရှိအနေအထားကို ထိန်းသိမ်းထားမှ အသက်ရှင်နိုင်မှာ"

ဖုန်းရော့ထုံ တိုးတိုးလေး ပြောလိုက်သည်။

"ငါအစက အဲဒီလိုပဲ အမြဲထင်ခဲ့တာ... အခုတော့ ရုတ်တရက် မျှော်လင့်ချက်တွေ တောက်ပလာခဲ့ပြီ"

ထိုမျှော်လင့်ချက်မှာ ချန်ရှီ ဖြစ်သည်။ ချန်ရှီရဲ့ ယင်ယန်တာအိုနယ်မြေနဲ့ နတ်ဆိုးတာအိုနယ်မြေတို့က သူ့ကို မျှော်လင့်ချက်တွေ ပေးလာခဲ့သည်။

ဤမျှော်လင့်ချက်မှာ ဘုရင်ကျန်း အသေခံခဲ့ရင်တောင်၊ စိတ်ပျက်ဖွယ် ကုန်းစောင်း ပျက်စီးသွားရင်တောင် ကမ္ဘာကြီးက မကောင်းဆိုးဝါးများ လုံး၀ လွှမ်းခြုံထားရင်တောင် လူတွေက ဆက်လက်ရှင်သန်နေနိုင်ဆဲပင်။ မျှော်လင့်ချက်က နည်းနေပေမယ့် ချန်ရှီကို မသတ်ဘဲ ရပ်တန့်ဖို့ သူ့အတွက် ကြီးမားသော အားပေးမှုကို ယူဆောင်လာခဲ့သည်။

သူသည် ထိုကောင်းကင်နားစွင့်သူ ကျွင်းကျူနှင့် ကျွင်းဝမ်များကို ချန်ထားခဲ့ကာ အဝေးသို့ ထွက်ခွာသွားခဲ့သည်။

"ချန်ရှီက ယဇ်ပုရောဟိတ်မင်းထက် ပိုအန္တရာယ်များတယ်... ဒါပေမယ့် ဒီမျှော်လင့်ချက်ရဲ့ တဖျပ်ဖျပ်လတ်မှုအတွက်တော့ အန္တရာယ်က တန်ပါတယ် ငါတို့ရဲ့ ထိပ်တန်းဦးစားပေးက ယဇ်ပုရောဟိတ်မင်းနဲ့ နတ်မြို့တော်ကို ဖယ်ရှားပစ်ဖို့ပဲ... ငါတစ်ယောက်တည်း နတ်မြို့တော်ကို မသုတ်သင်နိုင်ဘူး တခြား အမတတွေကို စုဆောင်းရမယ်"

ဤတစ်ကြိမ်တွင် သူ စိတ်ပျက်ဖွယ်ကုန်းစောင်းမှ ထွက်ခွာလာသော ရည်ရွယ်ချက်မှာ နတ်မြို့တော်ရှိ လူများကို ရှာဖွေရန် ကောင်းကင်လမ်းလျှောက်သူ များစွာကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ သို့သော် ပေလိုင်မြို့သို့ ရောက်ရန် အလျင်အမြန် လာခဲ့ရတာကြောင့် သူတို့နှင့် ပြန်မဆုံခဲ့ပေ။

ယခုတွင် သူသည် ဒဏ်ရာအချို့ရရှိခဲ့ပြီး နတ်မြို့တော်၏ ကျွမ်းကျင်ပညာရှင် များစွာကိုလည်း တွေ့ခဲ့ရသောကြောင့် သူသည် ကောင်းကင်လမ်းလျှောက်သူများ၏ အကူအညီကို ရယူရန်ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

ဖုန်းရော့ထုံ၏ နတ်အာရုံများ ယိမ်းယိုင်သွားကာ အနီးနားရှိ ကောင်းကင်နားစွင့်သူများထံ ဆင့်ခေါ်စာများ ဖြန့်ဝေပေးကာ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။

ဆယ်ရက်ကျော်အကြာတွင် သူတို့ ကောင်းကင်တာအိုမြို့တွင် ပြန်လည်ဆုံစည်းခဲ့ကြသည်။ ဖုန်းရော့ထုံ လူအရေအတွက်ကို ရေတွက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လေ၏။ စိတ်ပျက်ဖွယ်ကုန်းစောင်းကနေ သူ့နောက်သို့ လူများစွာ လိုက်လာသော်လည်း ခုနစ်ယောက်သာ ပြန်လာခဲ့သည်။ ကျန်ငါးဦး၏ မည်သည့်နေရာ ရောက်သွားလေသလဲ မသိရပေ။

"အဲဒီငါးယောက် ဘယ်ရောက်သွားတာလဲ"

ရက်အတော်ကြာအောင် စောင့်ခဲ့ကြသော်လည်း ငါးယောက် မရောက်သေး။

ဖုန်းရော့ထုံသည် လူငါးဦး၏ အသက်မီးချောင်းများ လင်းနေသေးသလား စစ်ဆေးရန် စိတ်ပျက်ဖွယ်ကုန်းစောင်းဆီသို့ တပည့်တစ်ဦးကို စေလွှတ်ရန် ချက်ချင်း ညွှန်ကြားခဲ့သည်။ ခဏကြာတော့ တပည့်က ပြန်ရောက်လာ၏။

“ဦးလေးငါးယောက်က စိတ်ပျက်ဖွယ် ကုန်းစောင်းကို ပြန်သွားကြပါပြီ သူတို့ရဲ့ အသက်မီးအိမ်တွေလည်း လင်းနေသေးတယ်”

ဖုန်းရော့ထုံ အနည်းငယ် အံ့သြသွားခဲ့သည်။ ကောင်းကင် လမ်းလျှောက်သူ တာအိုတစ်ဦးက သူ့အမိန့်ကို နာခံရုံမက အခြားသော အမတ လူငါးယောက်ကို ဆင့်ခေါ်ခဲ့သည်ဟု သူထင်သည်။

သူသည် အခြားခုနစ်ယောက်ကို ချက်ချင်းဦးဆောင်ကာ ကောင်းကင်နားစွင့်သူများကို တစ်ပြည်လုံးတွင် ယဇ်ပုရောဟိတ်မင်းနှင့် အခြားသူများကို ခြေရာခံကာ ၎င်းတို့ကို ရှာဖွေရန် စည်းရုံးခဲ့သည်။

စိတ်ပျက်ဖွယ် ကုန်းစောင်းက ဝမ့်တောက်ခြံဝန်းတွင်မူ။

ဤနေရာသည် ကောင်းကင်ဘုံမှ တာအိုဝါဒီများ လေ့လာဆည်းပူးရာ နေရာဖြစ်သည်။

ကောင်းကင်လမ်းလျှောက်သူများသည် ၎င်းတို့၏ သက်ဆိုင်ရာ ကောင်းကင်တာအို တောင်ထိပ်များတွင် နေထိုင်နေကြသည်။ စိတ်ပျက်ဖွယ် ကုန်းစောင်းတွင် ကောင်းကင်တာအို တောင်ထွတ် စုစုပေါင်း 108 ခုရှိပြီး တစ်ခုစီတွင် ကိုယ်ပိုင် တာအိုနယ်မြေရှိသည်။ ထိုဘုံကျောင်းများအတွင်း၌ အမတစွမ်းအင်များက ကောင်းကင်မှ ဆင်းသက်လာသည်။ မပေါများသော်လည်း နေ့စဉ် ကျင့်ကြံရန်တော့ လုံလောက်ပါသည်။

ဤအမတစွမ်းအင်သည် မကောင်းမှု မှန်သမျှကင်းစင်ပြီး အလွန်အဖိုးတန်လှသည်။ သို့သော် တာအိုဝါဒီမှော်ပညာနှင့် သဘာဝလွန်စွမ်းအားများကို လေ့လာရန် ဝမ့်တောက်ခြံဝန်းသို့ လာရပါမည်။ ၎င်းထဲ၌ မှော်ပညာများအပြင် တာအိုများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် စုစည်းထားလေ၏။

ယခုအချိန်တွင် ကောင်းကင်လမ်းလျှောက်သူ ခြောက်ဦးတို့ ဝမ့်တောက်ခြံဝန်းထဲသို့ ရောက်လာသည်။ ၎င်းတို့ကို ဦးဆောင်သူမှာ ယွီချောင်ပိုင် ဖြစ်သည်။ ကျန်ငါးယောက်မှာ ဖုန်းရော့ထုံ စောင့်မျှော်နေသည့် အလားတူ ကောင်းကင်လမ်းလျှောက်သူ ငါးဦးဖြစ်သည်။ ကျန်းယွင်ဟဲ့၊ ကျောက်ရှောင်းရောင်၊ ချင်းဖုန်းစန့်ရန်၊ လင်ထိုက်ရွှီးနှင့် တာအိုထျန်းကွမ်း တို့ဖြစ်သည်။

"ဘုရင်ကျန်းကို မှတ်တမ်းတင်ထားတဲ့ စာအုပ်တွေကို အမြန်ဆုံးရှာ...."

ချန်ယင်တူး ဖြစ်သော တာအိုထျန်းကွမ်းက ပြောလိုက်သည်။

"ဘုရင်ကျန်း စိတ်ပျက်ဖွယ် ကုန်းစောင်းမှာ ကွယ်လွန်သွားပြီးနောက်ပိုင်း ကောင်းကင်ပြင်နတ်ဘုရားက သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်... ဆက်စပ်မှုတော့ ရှိရမယ်!"

ယွီချောင်ပိုင်က ဖန်တီးခံရှောင်ဝူ၊ လင်ထိုက်ရွှီးက တုယိရန်၊ ကျန်းယွင်ဟဲ့က ရှားချိုးထုန်၊ ကျောက်ရှောင်းရောင်က ချင်းယန်၊ ချင်းဖုန်းစန့်ရန်က ဟူရှောင်လျောင် ဖြစ်သည်။ သူတို့ ချက်ချင်းပင် လမ်းခွဲလိုက်ကြပြီး ဝမ့်တောက်ခြံဝန်းထဲ ရှာဖွေကြတော့၏။

ဝမ့်တောက်ခြံဝန်းရှိ စာအုပ်အများစုသည် ရွှေရောင်ဖြစ်ပြီး ၎င်းတို့၏ အရေးအသားမှာ ရွှေရောင်စက္ကူပေါ်တွင် ရေးထိုးထားခြင်း ဖြစ်သဖြင့် နှစ်ပေါင်း သောင်းနှင့်ချီ၍ပင် မှေးမှိန်မသွားမည့် အမှတ်အသားတစ်ခု ဖြစ်သည်။

လူခြောက်ယောက် လျင်မြန်စွာ ရှာဖွေနေခဲ့ပြီး မကြာမီ ရှားချိုးထုန်ဆီက အသံထွက်လာ၏။

"လာ... ဒီမှာ ဘုရင်ကျန်းအကြောင်း မှတ်တမ်းတွေရှိတယ်"

ကျန်တဲ့ငါးယောက်က မြန်မြန်ပဲ ပြေးလာကြလေသည်။ စာအုပ်တွင် ကောင်းကင်ဘုံနားစွင့်သူမှ မှတ်တမ်းတင်ထားသော စစ်မှန်သောဘုရင်ကျန်း၏ ဘဝဇာတ်ကြောင်း ပါရှိပြီး ကောင်းကင်လမ်းလျှောက်သူက ပြန်လည် စီစဉ်ပေးထားသည်။

စစ်မှန်သော ဘုရင်ကျန်း၏ မူလအမည်မှာ ကျူးကောင်းရှီး ဖြစ်ကာ မင်ဧကရာဇ်၏ စတုတ္ထသားတော် ဖြစ်ကြောင်း စာအုပ်ထဲတွင် ဖော်ပြထားသည်။ အသက် ဆယ့်လေးနှစ်တွင် ရှင်းကျိုးမြို့သို့ စေလွှတ်ကာ ရှင်ကျိုးဘုရင်ကျန်းဟု အမည်ပေးခဲ့သည်။

စစ်မှန်သော ဘုရင်ကျန်းကလည်း အလွန်ထက်မြက်သည်။ ရှင်းကျိုးသို့ ရောက်ပြီးနောက် သူသည် နိုင်ငံတစ်ဝှမ်းရှိ ဘေးဥပဒ်များနှင့် ကပ်ဆိုးများကို နှိမ်နင်းကာ တိုင်းပြည်ကို လုံ့လစိုက်ထုတ် အုပ်ချုပ်ခဲ့သည်။ သို့သော် အမြဲမပြတ် ဘေးအန္တရာယ်များနှင့် နတ်ဆိုးပြောင်းလဲမှုများကြောင့် မြို့တော်ကို လေးကြိမ်တိုင်တိုင် ပြောင်းရွှေ့ခဲ့ရသည်။

နောက်ပိုင်းတွင် ဘုရင်သည် သူ၏ ကျင့်ကြံမှုတွင် ကြီးစွာသော အောင်မြင်မှုရရှိခဲ့ပြီး နောက်ဆုံးတွင် အင်ပါယာအဖြစ့ အခြေချနေထိုင်နိုင်ကာ လူများကို အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်နိုင်စေခဲ့သည်။ ဘုရင်ကျန်း လက်ထက်၌ ကျင့်ကြံသူများသည် အထက်ပျံသန်း နယ်ပယ်သို့ ရောက်ရှိပြီးနောက် ၎င်းတို့၏နတ်ဆိုးများကို နှိမ်နင်းနိုင်စွမ်းက မကြာခဏ ခက်ခဲခဲ့ကြောင်း တွေ့ရှိလာခဲ့သည်။ မြောက်မြားစွာသော အရပ်သား အသေအပျောက်များ ထွက်ပေါ်လာသဖြင့် ဘုရင်ကျန်းပင် ညဘက်တွင် အိပ်မပျော်ခဲ့ပေ။ ထို့ကြောင့် သူသည် စိတ်ပျက်ဖွယ်ကုန်းစောင်း၏ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။

ဘုရင်ကျန်း စိတ်ပျက်ဖွယ် ကုန်းစောင်းသို့ ဝင်ရောက်ပြီး ကောင်းကင်တာအို လေ့ကျင့်သူအား စိန်ခေါ်ကာ ထိုကုန်းစောင်းကို ထိတ်လန့်တုန်လှုပ်စေခဲ့တာကြောင့် ကောင်းကင်တာအို အမတ ဝင်ရောက်စွက်ဖက်လာအောင် ဆွဲဆောင်ခဲ့သည်။ ကောင်းကင်အရှင်က အမတ သတ္တဝါတို့ကို ရပ်တန့်၍ ဘုရင်ကျန်းအား ဧည့်ခံကာ ကပ်ဆိုးများ၏ နောက်ကွယ်မှ အမှန်တရားနှင့် စိတ်ပျက်ဖွယ် ကုန်းစောင်း၏ ရည်ရွယ်ချက်ကို ရှင်းပြလေသည်။

ထို့နောက် ဘုရင်ကျန်းသည် စိတ်ပျက်ဖွယ် ကုန်းစောင်းတွင် လေးလေးနက်နက် တွေးတောဆင်ခြင်ကာ လေးဆယ့်ကိုးရက်ကြာပြီးနောက် ကျင့်ကြံခြင်း လမ်းကြောင်းသစ်တစ်ခုကို တီထွင်ခဲ့သည်။ ဘုရင်ကျန်းသည် သူ့ကျင့်ကြံခဲ့သမျှကို စွန့်လွှတ်ကာ အစမှစပြီး လေ့ကျင့်ခဲ့သည်။ စတုတ္ထအဆင့်သို့ ရောက်သောအခါ ကောင်းကင်ပြင်နတ်ဘုရားက သူ့အား မွေးရာပါတာအိုသန္ဓေသား အပ်နှင်းပေးခဲ့သည်။

ဤစာကိုဖတ်မိသောအခါ လူတိုင်း အံ့ဩသွားကြသည်။

ရှားချိုးထုန်: "တစ်ဆယ်လေးက မွေးရာပါတာအိုသန္ဓေသား ကို ပထမဆုံးရရှိသူ မဟုတ်ဘူး!"

ဒါကိုပြောပြီးတာနဲ့ ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး ပတ်ပတ်လည်ကို ကြည့်လိုက်၏။ ကံကောင်းထောက်မစွာပဲ လူများစွာမရှိခဲ့ပေ။ တုယိရန်နှင့် အခြားသူများလည်း နားမလည်နိုင်အောင် တုန်လှုပ်သွားကြသည်။

ဘုရင်ကျန်း၏ အတ္ထုပ္ပတ္တိအရ စိတ်ပျက်ဖွယ်ကုန်းစောင်းတွင် နည်းလမ်းသစ်များ မရှိခဲ့ပေ။ နည်းလမ်းအသစ်များကို စစ်မှန်သော ဘုရင်ကျန်းကသာ ဖန်တီးခဲ့ပြီး အတိဒုက္ခနယ်ပယ်နှင့် အထက်ပျံသန်း အဆင့်နှစ်ဆင့်ကို ဖယ်ရှားကာ နတ်ကွန်း၊ နတ်ဆင်းသက်နယ်ပယ်နှင့် နတ်သန့်စင်နယ်ပယ်တို့ကို ထည့်သွင်းခဲ့သည်။

ထို့အပြင် ဘုရင်ကျန်းသည် နည်းလမ်းသစ်များကို ပထမဆုံး လေ့ကျင့်ခဲ့သူဖြစ်ပြီး မြင့်မြတ်သော သန္ဓေသားလောင်းကို ပထမဆုံးရရှိသူလည်း ဖြစ်လေသည်။ ကောင်းကင်ပြင်နတ်ဘုရားက ပထမဆုံးအကြိမ် ဆင်းသက်သောအခါ မွေးရာပါတာအိုသန္ဓေသားကို ပေးအပ်ခဲ့သည်။

လူတိုင်းက အာရုံစူးစိုက်မှု အပြည့်နဲ့ ဆက်ဖတ်နေကြသည်။

အောက်ဖော်ပြပါကဏ္ဍတွင် ဘုရင်မင်းမြတ်၏ ကောင်းကင်အရှင်အား နှုတ်ဆက်ခြင်း၊ စိတ်ပျက်ဖွယ်ကုန်းစောင်းမှ ထွက်ခွာသွားခြင်းနှင့် ဥပဒေသစ်ကို အတင်းအကျပ် အကောင်အထည်ဖော်ခြင်း၊ အဟောင်းကို အစားထိုးခြင်း၊ အစောင့်အကြပ်ဟောင်းများနှင့် လုံးထွေးခြင်းတို့ကို ဖော်ပြထားပါသည်။ မှတ်တမ်းက အတိုချုံးပဲဆိုပေမယ့် မယုံနိုင်လောက်အောင် ရက်စက်ပါ၏။

ဘုရင်ကျန်းသည် နယ်ချဲ့တရားရုံး၏ တပ်ဖွဲ့များ၊ ဂိုဏ်းပေါင်းစုံမှ တန်ခိုးကြီးသော အမတများကို လည်ပင်းညှစ်သတ်သလို သတ်ကာ၊ အမတတစ်ဝက် ကျင့်ကြံခြင်းဘုံသို့ ရောက်ဖူးသူများပင် ရှိသည်။ သူတို့သည် မကောင်းမှုအဖြစ်သို့ ပြောင်းလဲသွားသည်ဖြစ်စေ အထက်ပျံသန်းနယ်ပယ်သို့ ရောက်ရှိသူများသည်ပင် ၎င်းတို့၏ ကျင့်ကြံမှုကို စွန့်လွှတ်ကာ ဥပဒေသစ်ကို ပြုစုပျိုးထောင်ရန် အတင်းအကြပ် ခိုင်းစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ဘုရင်ကျန်း၏ အတ္ထုပ္ပတ္တိတွင် စန့်ရန်များ၏ ရှေ့ပြေးပုံစံသည် ဘုရင်ကျန်း၏ ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်သော ကျင့်ကြံသူ အုပ်စုဖြင့် ဖွဲ့စည်းထားပြီး ထိုအချိန်က အစပြုခဲ့သည်ဟု ဖော်ပြထားသည်။

စန့်ရန်ဖွဲ့စည်းမှုသည် ချန်ယင်တူးနှင့် အခြားသူများ မျှော်လင့်ထားသည်ထက် နှစ်များစွာစောပြီး ဖြစ်ပေါ်ခဲ့သည်။ ဤသွေးထွက်သံယိုကြားတွင် မိသားစုဆယ့်သုံးစုကလည်း တဖြည်းဖြည်း အားကောင်းလာသည်။

ဥပဒေဟောင်း၏ ထိပ်တန်း ကျင့်ကြံသူများကို ဝိုင်းပြီး နှိမ်နှင်းခြင်းနှင့် ဥပဒေသစ်ကို အကောင်အထည်ဖော်ခြင်းတို့မှာ အချိန်အတော်ကြာ ကြာမြင့်ခဲ့ပြီး နေဝင်သည့်နေ့အထိ နှစ်ဖက်အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့ပါသည်။

ဖန်တီးခံရှောင်ဝူ: "နေအဆုံးသတ်တဲ့နေ့က ကောင်းကင်အထက်က နတ်ဘုရား သူ့မျက်လုံးတွေကို ငြိမ်းသတ်ပြီး ကပ်ဆိုးကြီး ဖြစ်ပွားတဲ့နေ့ကို ရည်ညွှန်းတာ..."

ကောင်းကင်နားစွင့်သူသည် နှင်းမုန်တိုင်းများ၊ ပူလောင်သော၊ အေးမြသောဒဏ်၊ နတ်ဆိုးများသောင်းကျန်းခြင်း၊ လူသားစားခြင်းနှင့် အိမ်ဆယ်အိမ်မှ ကိုးအိမ်ဆုံးရှုံးခြင်းတို့ကို သစ္စာရှိရှိမှတ်တမ်းတင်ထားသောကြောင့် လူတိုင်း ဆက်လက် ဖတ်ရှုနေကြပါသည်။

လူသားတို့၏ အဖြစ်ဆိုး အမျိုးမျိုးက တပြည်လုံးတွင် ပြန့်နှံ့သွားခဲ့သည်။ သို့သော်လည်း နေရာအမျိုးမျိုးတွင် ဟွာရှနတ်ဘုရားများကို ရည်စူး၍ ဘုံကျောင်းများ ဆောက်လုပ်ခဲ့ကြသည်။ ဤဘုရားကျောင်းများသည် အကျပ်အတည်းကာလတွင် ကမ္ဘာကြီးကို ထောက်ပံ့ပေးခဲ့ပြီး လူများကို မျှော်လင့်ချက် တလက်လက် တောက်ပစေခဲ့သည်။

"... နေဝင်ပြီး လေးဆယ့်သုံးနှစ်မြောက် ဆောင်းဦးပေါက်မှာ ဘုရင်ကျန်းသည် စိတ်ပျက်ဖွယ်ကုန်းစောင်းဆီ သို့ မှူးမတ်တစ်ရာကို ပင့်ဆောင်ကာ ကောင်းကင်အရှင်က ဘုရင်မင်းမြတ်အား ဆက်သစေလိုသော်လည်း ဘုရင်ကျန်းက နားမထောင်သဖြင့် ကောင်းကင်အရှင်မှ မကျေနပ်ခဲ့... ဘုရင်ကျန်း ပူဇော်ခံမှ နေပြန်ထွက်လာခဲ့၏...."

လူတိုင်းသည် နောက်ဆုံးစာမျက်နှာရှိ စာကြောင်း နှစ်ကြောင်းကို စိုက်ကြည့်ကာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အပြန်ပြန်အလှန်လှန် ဖတ်နေကြသည်။

အတိုအရှည်၊ စကားလုံးလေးဆယ့်ငါးလုံးသာ ရှိသဖြင့် အစပိုင်းတွင် အံသြသွားသော်လည်း အနီးကပ် စစ်ဆေးသောအခါတွင် သူတို့ခန္ဓာကိုယ်ထဲက ချမ်းစိမ့်စိမ့် အရသာကို ခံစားလိုက်ရလေသည်။

ချင်းယန်: "ဘုရင်ကျန်း စိတ်ပျက်ဖွယ်ကုန်းစောင်းကို ထပ်သွားတာက ကောင်းကင်အရှင်နဲ့ သူသေကိုယ်သေ တိုက်ပွဲဝင်ဖို့ ကြံရွယ်ထားတာ... စိတ်ပျက်ဖွယ်ကုန်းစောင်းမှာ နေရောင်ပြန်ထွန်းလင်းစေမယ့် နည်းလမ်း ရှိတဲ့အကြောင်း ရှင်းရှင်းလင်းလင်း သိထားလို့ပဲ... အဲဒီတော့ ကောင်းကင်အရှင် ဘုရင်ကျန်းကို ဘာသဘောနဲ့ ပူဇော်တာလဲ"

တုယိရန်: "သေချာပေါက် ဘုရင်ကို စွန့်လွှတ်ဖို့ပေါ့... ဘုရင်ကျန်း စိတ်ပျက်ဖွယ်ကုန်းစောင်းဆီ ကြွလာတာကို ကောင်းကင်အရှင်က ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး ဘုရင်ကျန်းအတွက် ဧည့်ခံပွဲ ပြုလုပ်ခဲ့တယ်... ဒါပေမဲ့ ဘုရင်ကျန်းက ပွဲမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာကြောင့် ကောင်းကင်အရှင်က ကောင်းကင်ဘုံကို ပင့်ဆောင်ပူဇော်ခဲ့တယ်...အဲဒီနောက် နေမင်းကြီးကလည်း ထွန်းတောက်ခဲ့တယ်..."

ချင်းယန်: "စစ်မှန်တဲ့ဘုရင်ကို ယဇ်ပူဇော်တာက ဘာကြောင့် နေရောင်ပြန်တောက်ပစေတာလဲ"

ချန်ယင်တူး: "မွေးရာပါ တာအိုသန္ဓေသားကြောင့် ဖြစ်နိုင်တယ်"

လူတိုင်း အနည်းငယ် ထိတ်လန့်သွားကြသည်။

ချန်ယင်တူး: "ဘုရင်ကျန်းကလည်း ကောင်းကင်ပြင်နတ်ဘုရားက သူ့မျက်လုံးကို ဖွင့်ပေးနိုင်မယ်လို့ ငါ့လိုပဲ ယုံကြည်ထားခဲ့လောက်တယ်... ကောင်းကင်အရှင် ဘုရင်ကျန်းကို ပူဇော်ခဲ့တဲ့ နေရာကို သွားရှာရအောင်... အဲဒါကို တွေ့တာနဲ့ နတ်ဘုရားကို မျက်စိဖွင့်ပေးနိုင်တယ်... ငါ စိတ်ပျက်ဖွယ်ကုန်းစောင်းနဲ့ အရမ်းရင်းနှီးတယ်၊ သံသယဖြစ်စရာ နေရာတွေ အများကြီးရှိတယ်"

အားလုံးက စိတ်ဓာတ်ပြင်းထန်ပြီး မတ်တပ်ရပ်လိုက်ကြသည်။ ထိုအချိန်၌။

"ဆရာကြီးယွီ၊ ဆရာကျန်းနဲ့ ဆရာကျောက်တို့ ဘယ်လိုလုပ် ဒီကို ရောက်နေကြတာလဲ"

အသံ၏ ဦးတည်ရာကို ကြည့်လိုက်ရာ ဝမ့်တောက်ခြံဝန်းရဲ့ စာကြည့်တိုက်သို့ ချောမောသော လူငယ်တစ်ဦး လျှောက်လာနေသည်အား တွေ့လိုက်ရသည်။

လူငယ်သည် အနီရောင်ဝတ်ရုံ၊ စပါးအုံးနက်ခါးပတ်ကို ဝတ်ဆင်ထားပြီး ခါးတွင်ချိတ်ထားသည့် အမွှေးတိုင်ထုပ်များ ပါရှိသည်။ သူသည် ပညာရှင်တစ်ဦး၏ အမူအရာဖြင့် နူးညံ့ပြေပြစ်သော အသွင်အပြင်ရှိသည်။ ခရမ်းရောင်ရွှေသရဖူကို ဝတ်ဆင်ထားပြီး မြင့်မြတ်သောလေကို ဖြန့်ကျက်ထားသည်။ ဒါပေမယ့် သူ့ရဲ့ ဘယ်ဘက်နားရွက် အပိုင်းတစ်ပိုင်းတော့ ပျောက်ဆုံးနေပြီး ဒဏ်ရာတစ်ခု ရသွားခဲ့ကြောင်း သိသာ၏။

ဖန်တီးခံရှောင်ဝူက ပြုံးပြီး ပြောလိုက်သည်။

"လတ်စသတ်တော့ ငါ့တူလေး ဝူဝမ့်ကိုး... တာအိုဘာသာရဲ့ သွန်သင်ချက်တချို့ကို ပြန်လည်သုံးသပ်ဖို့ မင်းဦးလေး၊ အဒေါ်တွေနဲ့အတူ ဒီကိုလာခဲ့တာ... မကြာသေးခင်ကမှ အစွမ်းထက်တဲ့ မှော်အစွမ်းတချို့ကို ငါတို့တီထွင်ခဲ့ပြီးပြီ... အဆင်သင့်ဖြစ်ပြီဆိုရင် မင်းရဲ့လမ်းညွှန်မှုကိုလည်း လိုချင်တယ်..."

"ဦးလေး အားမနာပါနဲ့"

ကျုံးဝူဝမ့်က ယဉ်ကျေးသိမ်မွေ့စွာ ဆိုလျက် ဖန်တီးခံရှောင်ဝူနှင့် တခြားသူများကို လမ်းဖယ်ပေးလိုက်သည်။ ကျုံးဝူဝမ့် သူတို့ ထွက်သွားတာကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်နေ၏။

"ဦးလေးယွီက ကျွမ်းဝူကျို့ဆရာ... သူက ကောင်းကင်နားစွင့်သူတွေကို စေလွှတ်ဖို့ တာဝန်ယူနေတာ ဟိုးအရင်တုန်းက တောင်ပေါ်ကနေ အမြန်ထွက်သွားပေမယ့် နောက်ပိုင်းတော့ ထူးဆန်းလာသလိုပဲ... ကျန်တဲ့ ဦးလေးနဲ့ အဒေါ်ငါးယောက်က အမတဖုန်းနဲ့ သက်ရှိကမ္ဘာကို လိုက်သွားကြတာပါ... သူတို့ကျ ဘာလို့ ပြန်မလာတာလဲ"

သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ထိုလူများ၏ သံသယဖြစ်ဖွယ်ကို တွေ့လိုက်ရသည်။

"သူတို့က ဝမ့်တောက်ကျောင်းတော်ကို လာတယ်... တာအိုတွေရဲ့ စာသားတွေကို နားမလည်ဘဲ သဘာဝလွန် စွမ်းအားတွေကို မြှုပ်နှံဖို့ မဖြစ်နိုင်ဘူး... တခြား ရည်ရွယ်ချက် တစ်ခုခုကြောင့်ပဲ.. သူတို့ ဘာစာအုပ်ဖတ်နေတာလဲ။"

မကြာခင်မှာပဲ ကျုံးဝူဝမ့်ဟာ "စစ်မှန်သောဘုရင်ကျန်း၏ အတ္ထုပ္ပတ္တိ" အတွဲကို တွေ့ရှိခဲ့ပြီး စတင်ဖတ်ကြည့်တော့သည်။

ပြီးသွားသောအခါ သူသည် နောက်ဆုံး စကားလုံး လေးဆယ့်ငါးလုံးကို ထပ်ခါထပ်ခါ ဖတ်ကာ ဖြည်းဖြည်းချင်း မထမီ အချိန်အတော်ကြာ တိတ်ဆိတ်စွာ ထိုင်နေ၏။ တစ်စုံတစ်ခုကို သတိရနေသလိုမျိုး ဘုရင်မင်းမြတ်၏ အတ္ထုပ္ပတ္တိကို ချက်ချင်းဖွင့်ကာ လက်ဗွေရာများကို တစ်မျက်နှာချင်း သုတ်ကာ ရွှေစာအုပ်ကို မူလနေရာအတိုင်း ပြန်ထားပေးခဲ့သည်။

"ကောင်းကင်အရှင်က ဘုရင်ကျန်းဆီပ ဘာကမ်းလှမ်းတာလဲ"

သူ့မျက်နှာက ဖြူဖျော့နေပြီး အသံနိမ့်သွားသည်။

"ဘုရင်ကျန်းရဲ့အလောင်းကို စစ်မှန်တဲ့ဘုရင်ရဲ့သင်္ချိုင်းမှာ မြှုပ်နှံထားတယ်... ဘုရင်ကျန်းရဲ့ အလောင်းကလွဲရင် တခြားဘာဖြစ်နိုင်မလဲ.... ဟားဟားဟား.... မွေးရာပါတာအိုသန္ဓေသားပဲ... ဘုရင်ကျန်းရဲ့ နတ်ဝိညာဥ်နဲ့ တန်ခိုးကြီးတဲ့ ကျင့်ကြံသူ ရာပေါင်းများစွာ..."

သူသည် သွားများကို အံကြိတ်ကာ လက်နှစ်ဘက်စလုံးဖြင့် ဦးခေါင်းနောက်ကို ဆုပ်ကိုင်ကာ ဦးခေါင်းခွံကိုဖွင့်ကာ မွေးရာပါတာအိုသန္ဓေသားကို ထုတ်ယူရန် အကြိမ်ကြိမ် ကြိုးစားချင်လာခဲ့သည်။

ကျုံးဝူဝမ့်၏ မျက်နှာသည် အုံ့မှိုင်းမှုနှင့် တောက်ပမှုကြားတွင် ရွေ့လျားသွားပြီး သူ့နှလုံးသားကလည်း အတွေးပေါင်းစုံကြောင့် ရုန်းကန်နေရသည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းနောက်ကနေ လက်ကို ဖယ်လိုက်၏။

သူက တိတ်တိတ်ဆိတ်ဆိတ်နဲ့ :"ကောင်းကင်အရှင် ယဇ်ပူဇော်မယ့်သူက ငါပဲ ဟုတ်တယ်မဟုတ်လား... ငါက တာအိုသန္ဓေသားကို ပိုင်တယ် ငါ တစ်ယောက်တည်း ထိုင်နေမှာ မဟုတ်ဘူး.... ငါဖြတ်ကျော်ပြီး အမတနယ်ပယ်ကို ရောက်တဲ့အခါ ဘယ်သူက အောင်နိုင်မလဲ ကြည့်ရသေးတာပေါ့"

All Chapters