ထိပ်တန်းပညာရှင် အိမ်ပြန်လာပြီး အိမ်နီးချင်းများကို အသုံးချနေပြီ
Vol. 32 Ch. 455
ရက်အတော်ကြာပြီးနောက် ချန်ရှီ ချန်ယန်တောင်သို့ ပြန်ရောက်လာခဲ့သည်။ ဒီတစ်ခေါက် သူ ပြန်လာတဲ့ခရီးမှာ ရှုပ်ယှက်ခတ်နေတဲ့ ဒီကမ္ဘာကြီးထဲက လူတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေကို ကြည့်ရှုလေ့လာဖို့ အားလပ်ချိန်တွေ ရခဲ့ပါ၏။
ဘေးအန္တရာယ် ကျရောက်ပြီးနောက် လူများ ပို၍ပင် သေကြေပျက်စီးခဲ့ရသည်။ ပထမ နှစ်ပေါင်းများစွာ ကြာအောင် ပြင်းထန်သော နှင်းမုန်တိုင်းတစ်ခု အေးခဲသွားပါက လူဆယ်ဦးလျှင် ရှစ်ဦး သို့မဟုတ် ကိုးဦးသေဆုံးသွားမည်ဖြစ်သည်။ ကံကောင်းထောက်မစွာပဲ အမတဖုန်းက အထက်ကမ္ဘာကို ဖြိုခွဲခဲ့ပြီး ကောင်းကင်ယံတွင် ထောင်ပေါင်းများစွာသော အတုအယောင် နေရောင်ခြည်များ ချိတ်ဆွဲထားရာ ကမ္ဘာကြီးအား အလင်းရောင်နှင့် အပူများပေးကာ နှင်းမုန်တိုင်းကို ရှောင်ရှားနိုင်ခဲ့သည်။
သို့သော်လည်း ဤကပ်ဘေး၊ မရဏကမ္ဘာကို ကျူးကျော်ဝင်ရောက်ခြင်း၊ နတ်ဆိုးများပျံ့နှံ့ခြင်းနှင့် အစာရေစာ ကပ်ဘေးတို့ကြောင့် မရေမတွက်နိုင်သော အသေအပျောက်များ ဖြစ်ပေါ်စေနေဆဲ။ လူသားတို့၏ ဘေးဒုက္ခ၊ တန်ခိုးကြီးသော ပုဂ္ဂိုလ်များ၏ အမြတ်ထုတ်ခြင်း၊ လူသားစားလေ့ရှိသော အလေ့အကျင့်၊ ဆာငတ်ခြင်း၊ အခြောက်ခံခြင်း၊ အစာအတွက် သိုလှောင်ခြင်းတို့ကို ပေါင်းထည့်ရသည်။ ရလဒ်အနေနဲ့ ဆယ်ယောက်မှာ နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
တောင်နီခန်းမနှင့် ချန်ရှီ ပြန်လည် ရှင်သန်ခဲ့စေသော ဟွာရှနတ်ဘုရားများသည် သာမန်လူများအတွက် အကြီးမားဆုံးသော အကာအကွယ်ကို ပေးစွမ်းသည်။ ဘုံကျောင်းတိုင်း၏ စပါးရိတ်ရာကာလလည်း ရှိသည်။
"ဘုရင်ကျန်းခေတ် နှောင်းပိုင်းမှာ ကမ္ဘာက ယိမ်းယိုင်သွားတယ်... မရေမတွက်နိုင်တဲ့ အရပ်သားတွေ သေဆုံး ဒဏ်ရာရသွားကြတယ်... ဆယ်ယောက်မှာ တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်ခဲ့တယ်... ဒါပေမဲ့ အဲ့ကပ်ဆိုးကြီးက နှစ်ပေါင်း လေးဆယ်ကျော် ကြာခဲ့တယ်...အခု၄နှစ်ပဲ ရှိသေးတာတောင် သေတဲ့လူတွေက အများကြီးပဲ... အဓိက အကြောင်းရင်းက နယ်ချဲ့ တရားရုံးက ဂိုဏ်းပေါင်းစုံ စည်းလုံးညီညွတ်ရေးကို ပျက်ကွက်ခဲ့လို့ ပြည်သူတွေ ဖရိုဖရဲ ဖြစ်ခဲ့ရတာ.."
"နှမြောစရာက ငါက နယ်ချဲ့တရားရုံးက မဟုတ်ဘူးလေ.... ဒါပေမယ့် ငါက တော်ဝင်တရားရုံး ဖြစ်လာနိုင်တယ်!"
ဟေးကော် စိတ်လှုပ်ရှားစွာဖြင့် ပြန်ကြည့်လာသည်။
"ချန်ယန်တောင် ပြန်ရောက်ပြီ.. ပုန်ကန်တာက မှားတယ်...ဘာကြောင့် ငါက ပုန်ကန်ရမှာလဲ... ငါက အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်ကို ပိုင်ဆိုင်ထားတယ် တောင်နီခန်းမက မရေမတွက်နိုင်တဲ့ အဆောင်ဆွဲ ဆရာတွေကို အမိန့်ပေးနိုင်တယ်... ဟွာရှနတ်ဘုရား ရာချီကို ပြန်အသက်သွင်းခဲ့တာ.. ငါက နယ်ချဲ့တရားရုံးပဲ!"
ဟေးကော် သူ့နောက်ကနေ ပြင်းထန်တဲ့ နတ်ဆိုးတွေ ထွက်လာတာကို ခံစားလိုက်ရပြီး ချန်ရှီကို လှည့်ကြည့်လိုက်သာ်။
"ဟေးကော်... ငါနန်းတက်ပြီးရင် မင်းကို စကားလုံးတစ်လုံးတည်းရဲ့ ဘုရင်ဖြစ်အောင် လုပ်ပေးမယ်!"
ချန်ရှီအသံက ပဲ့တင်ထပ်သွားသည်။ ဟေးကော်လည်း နတ်ဆိုးဘုရင်ချန်က ယုံကြည်ထိုက်သူ ဖြစ်ကြောင်း ခံစားမိသည်။ ချန်ရှီ တောင်တန်းအရှင် ဘုံကျောင်းခြေရင်းသို့ ရောက်ရှိခဲ့သည်။ အဘွားအို ဝူကျူက ဖရဲသီးခင်းတွင် ဖရဲသီးများကို ပြုစုနေရာမှ သူ့ကိုမြင်တော့ သူမက အော်လိုက်သည်။
"နံပါတ်တစ် ပညာရှင် ပြန်ရောက်လာပြီ!"
ချန်ရှီကလည်း လှည်းကို ရပ်လိုက်ပြီး။
"အဘွားဝူကျူ... ကျနော်ပါ အဘွားကတော့ ကျန်းမာရေးကောင်းနေတုန်းပဲ!"
အဘွားအိုက ပြုံးပြီး :"ငါ ကောင်းကောင်း စားပြီး ကောင်းကောင်း အိပ်ပျော်နေတော့ သဘာဝအတိုင်း ကျန်းမာနေတာပေါ့"
ချန်ရှီ ခုန်ဆင်းပြီး ဖရဲသီးကောက်ဖို့ ဖရဲသီးခင်းထဲကို ဝင်သွားတာကို မြင်တော့ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ရိုက်ဖို့ ပြင်လိုက်၏။ နောက်တော့မှ ဒါက နံပါတ်တစ် ပညာရှင်ဆိုတာ သတိရကာ သူ့ကို မထိတော့ဘဲ သူမရဲ့ ဒေါသက ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားလေသည်။
"နံပါတ်တစ် ပညာရှင်က ငါ့ဖရဲသီးကို စားတာ ငါ့အတွက် ကောင်းချီးတစ်ခုပဲ"
"အဘွား... ကျေးဇူးပြုပြီး ကျနော့်ကို မလွှတ်ထားပါနဲ့... ကျနော် အများကြီး မစားနိုင်ဘူး"
ချန်ရှီ သစ်သားတွန်းလှည်းထဲတွင် ဖရဲသီးကို တင်ကာ အဘွားဝူကျူကို လက်ဝှေ့ယမ်းပြရင်း တောင်ပေါ်သို့ တက်လာခဲ့သည်။ ထိုအချိန်တွင် ယွိကျူးက သူမ၏ ဘဲများနှင့်အတူ ဖြတ်သွားသဖြင့် သူမက နှစ်ကောင်ကို ဆွဲကိုင်ကာ လှည်းပေါ်သို့ ပစ်ချလိုက်သည်။
"ယွိကျူး... မင်း ဘဲတွေ ထိန်းကျောင်းနေတာလား ငါ ပြန်လာပြီ ရပါတယ်၊ အဆင်ပြေတယ် ငါ ဘဲနှစ်ကောင်နဲ့တင် လုံလောက်ပြီ... ငါ မင်းကို ကြိုဆိုနေတယ်။ မင်း အလုပ်များနေတာလား... အိမ်ထောင်ပြုပြီးပြီလား ဟားဟား"
"အဒေါ်ဝမ်... ကျနော် ပြန်လာပါပြီ ပဲတီတွေ အရမ်းကောင်းတယ်နော်... တစ်တောင်းယူမယ်... ဟိုမှာ ငရုတ်သီးနဲ့ မုန်လာဥတွေလည်း ကောက်ပေးပါဦး.... အိမ်ပြန်ရောက်ပြီမဟုတ်လား? ဒီညပြန်လာတာကို ကြိုဆိုပါတယ်... အိမ်အထိပို့ဖို့ မလိုပါဘူး... ကျနော့်လှည်းထဲသာ ထည့်ထားလိုက်.... ဟေး ကျနော်တို့မိသားစုပဲကို ဘာလို့ ပိုက်ဆံတောင်းနေတာလဲ?"
"ဦးလေးလီ... ကျနော် တစ်ဆယ်လေးပါ ဟုတ်၊ ဟုတ်! ကျနော်ဒီည အိမ်ပြန်လာတဲ့ ကြိုဆိုပွဲလေး လုပ်မှာမလို့ ဒီကြက်နှစ်ကောင်ကို ယူလိုက်မယ်... ကြက်ဥတောင်းတစ်ထည်ရယ်... ဘာပိုက်ဆံလဲ? ကျနော်တို့က မိသားစုတွေလေ.. ပိုက်ဆံပေးစရာ မလိုဘူး"
"ဟာဟား အစ်မချင်း... နောက်ထပ်ကလေးတစ်ယောက်လား? ကလေး မင်းရဲ့ ဘောင်းဘီကို ချွတ်လိုက်...ငါ မင်းရဲ့ ခြေသလုံးလေးတွေနဲ့ ဆော့ကစားမယ်... ယောက်ျားလေးလား မိန်းကလေးလား ... အိုး မင်းက ကောင်မလေးပဲ"
ချန်ရှီ ကလေးမထံမှ သကြားလုံး ကြက်ကြော်ကို လုယူကာ တောင်ပေါ်သို့ ဆက်တက်ရင်း လမ်းတစ်လျှောက်က လူများကို နှုတ်ဆက်သည်။ သူ့နောက်တွင်တော့ ကလေးမလေး ငိုသံကို ကြားလိုက်ရ၏။
ဝူးချင်းယွီ သစ်သားလှည်းက သူမအနီးသို့ ရောက်လာကာ ကြက်၊ ဘဲများ၊ အသားများ၊ ဥများနှင့် အခြားအစားအစာများ တင်ဆောင်လာသည်ကို မြင်သောအခါ လယ်ကွင်းထဲတွင် အလုပ်လုပ်နေခဲ့၏။ သူမ အံ့သြဝမ်းသာဖြစ်ကာ လှည်းဆီသို့ ပြေးသွားခဲ့သည်။ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လယ်ကွင်းထဲရှိ ချန်ထန်ကို လှည့်အော်လိုက်သည်။
"အားထန် အားထန်! တစ်ဆယ်လေး ပြန်ရောက်ပြီ!"
ချန်ထန်သည်လည်း လယ်ကွင်းများတွင် စပါးပျိုးပင်များ စိုက်ပျိုးနေခဲ့သည်။ ဒါကိုကြားတော့ အံ့သြစွာဖြင့် ပျိုးပင်များကို သူ့ဘေးနားရှိလူလက်ထဲသို့ ထည့်ပေးလိုက်ပြီး စပါးခင်းထဲမှ ခုန်ထွက်လိုက်သည်။
သူ ဝူးချင်းယွီကို အမီလိုက်ဖို့ လုပ်နေပေမယ့် သူ့ခန္ဓာကိုယ်ပေါ်က ရွှံ့တွေကို မြင်လိုက်ရတော့ တစ်ဖန် ငြိမ်သက်သွားပြီး အညစ်အကြေးတွေကို ဆေးကြောဖို့ ရေသန့်တချို့ကို ပြေးခပ်လိုက်၏။
သူ့ကိုယ်သူ သန့်ရှင်းစွာ မဆေးကြောမီ ချန်ရှီနဲ့ ဝူးချင်းယွီက ချဉ်းကပ်လာနေပြီ ဖြစ်သည်။
"ဖေဖေ.... ကျနော် ပြန်လာပြီ!"
ချန်ထန် သူ့ခြေဖဝါးကို ဆေးကြောပြီး သူ့ခြေဗလာပေါ်တွင် ရပ်ကာ အနည်းငယ် စိတ်မသက်မသာ ခံစားနေရသည်။
"ပြန်လာတာ ဝမ်းသာပါတယ်...အမ်!"
ချန်ရှီက ရှေ့ကို တိုးလာပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သဖြင့် ချန်ထန် အရှုံးပေါ်သွားခဲ့သည်။ နှစ်အတော်ကြာ တရားဝင် အုပ်ချုပ်ပြီးနောက်တွင် ဤကဲ့သို့ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဖော်ပြချက်များကို သူ ကျင့်သားရမနေတော့ပါ။
ဝူးချင်းယွီ ထိုသားအဖကို ပြုံးပြနေသည်။ ချန်ထန် စိတ်လျှော့လိုက်ပြီး ချန်ရှီရဲ့ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
"ကောင်းတယ်... ကောင်းတယ်..."
သူ့သားရဲ့ပခုံးတွေက ပိုကျယ်လာပြီး ပိုသန်မာလာတယ်လို့ ခံစားလိုက်ရသလို သူ့အသံက ပိုပိုအားကောင်းလာသဖြင့် စိတ်ချရတဲ့ ခံစားချက်တွေ တိုးဝင်လာ၏။
ရှောင်သွမ့်လည်း ဘုံကျောင်းထဲက ထွက်လာကာ စပါးစိုက်ရန် ဝူးချင်းယွီကို ခေါ်ဆောင်သွားခဲ့သည်။ ယောက္ခမနဲ့ ချွေးမတို့ အလုပ်သွားရင်း စကားစမြည်ပြောရင်း ရယ်မောသံတွေက လေထဲမှာ တိုးတိုးတိတ်တိတ် ပျံ့နေသည်။
ဟေးကော် တောထဲသို့ ပြေးဝင်သွားချိန်၌ ငှက်များနှင့် တိရိစ္ဆာန် အစုအဝေးများကို ထိတ်လန့်သွားစေခဲ့သည်။ တောင်များထဲမှ နက်နဲ ကျယ်လောင်သော ဟောက်သံက ပဲ့တင်ထပ်သွားသည်။ တောကောင်များက ဟေးကော် အသံကို နာခံကာ ချက်ချင်း ငြိမ်သက်သွားသည်။
သူ့အမေက အရွယ်ရောက်ပြီးသူမို့ ဟော့သော်ဟု ခေါ်လေ၏။ ချန်ရှီ ပြန်ရောက်လာခြင်းက တောင်ပေါ်သို့ သက်ဝင်လှုပ်ရှားသော အငွေ့အသက်ကို ယူဆောင်လာခဲ့သည်။ ခရိုင်တရားသူကြီးဟူကလည်း ရွှင်မြူးစွာဖြင့် ခုန်ကျော်ပြေးလွှားလာခဲ့သည်။
တောင်ပေါ်မှ မြေခွေး နတ်များလည်း စုဝေးကြသည်။ သူတို့၏မျိုးနွယ်ကြောင့် ဤမြေခွေးမိန်းမများသည်လည်း နံပါတ်တစ် ပညာရှင်ကို လိုချင်ကြသည်။ ခရိုင်တရားသူကြီးဟူက နတ်ဆိုးလေးများကို မောင်းထုတ်ရန် သူမ၏ အခွင့်အာဏာကို အသုံးပြုခဲ့သည်။
"မင်းတို့ကများ နံပါတ်တစ် ပညာရှင်ရဲ့ ဇနီးလည်း ဖြစ်ချင်တယ်ပေါ့ ဒီအဖွားတောင် မလုပ်နိုင်သေးဘူးဟဲ့! အိပ်မက်မက်နေလိုက်..."
သူမသည် ချန်ရှီကို ဘေးသို့ဆွဲထုတ်ကာ မဝေးသောနေရာက ရှောင်သွမ့်ကို လှမ်းကြည့်ကာ ပြုံးပြ၏။
"ကျွမ့်ယွမ်... နင့်ရဲ့အိမ်ထောင်ရေး ပြီးသွားပြီလား... မပြီးသေးဘူးလား ငါတို့မြေခွေးတွေကလည်း အသွင်ပြောင်းတဲ့ နေရာမှာ တော်ကြပါတယ်... ငါ ရှောင်သွမ့် အဖြစ် ပြောင်းလဲလိုက်မယ်၊ ဒီည ငါတို့အိမ်ထောင်ရေးကို ပြီးအောင်လုပ်မယ် နင် ဘယ်လိုထင်လဲ"
ချန်ရှီ အတော်လေး လန့်သွားခဲ့သည်။ ထိုအချိန်တွင် တောင်နီခန်းမမှ အဆောင်ဆွဲ ဆရာများ ရောက်ရှိလာပြီး တရားသူကြီးဟူကို ဘေးသို့ တွန်းထုတ်ကာ နည်းပြဆရာနှင့် တွေ့ဆုံခဲ့သည်။
သစ်သားလှည်းခမျာ ချက်ချင်းပင် အဝိုင်းထားကာ သူ့ကိုယ်ပေါ်ရှိ ကမ္ပည်းစာများကို ကူးယူရန် တောင်းပန်ခံလိုက်သည်။ ဤနတ်ဆိုးသည် ကြီးကြီးကျယ်ကျယ် မဟုတ်သော်လည်း ဉာဏ်ရည်ဉာဏ်သွေးအချို့ကို ပိုင်ဆိုင်ထားသောကြောင့် ထိုဆရာများနှင့် တွေ့ကြုံရသည့်အခါတိုင်း တစ်ခုခုကို အမြဲရရှိနိုင်ကြောင်း သိထားသည်။
ချန်ယန် တောင်သခင်နှင့် ကျားဝါတို့လည်း ရောက်ရှိလာသည်။ ချန်ရှီ သူတို့ကို အမွှေးတိုင်အနည်းငယ် လှူလိုက်ကာ စကားစမြည် ပြောနေစဉ်တွင် အရှင်မရှစ်ကျီ (မယ်မယ်ရှစ်ကျီ) နှင့် ဆရာတော်အချို့သည် မြို့ပြင်မှ ရောက်ရှိလာကြသည်။
အရှင်မရှစ်ကျီ: "အရှင်သံတမန်.. ကျွန်မ ရှင်းရှန်ကို ကာကွယ်ပြီး ပင်လယ်ထဲက သတ္တဝါတွေကို တိုက်ထုတ်နေပါတယ်... တာဝန်ကို တစ်ရက်တည်း လစ်လျူမရှုရဲပါဘူး...ဘယ်အချိန် အရှင့် ဘုံကျောင်းကို ပြန်လာရမလဲလို့ မေးလို့ရမလား"
ချန်ရှီ သူမကို အပေါ်အောက် ငုံ့ကြည့်သည်။ သူမကို မတွေ့တာ လေးနှစ်ကျော်ကြာပြီးနောက် အရှင်မရှစ်ကျီကြီး ပြန်လည်ကောင်းမွန်လာကြောင်း မြင်လိုက်ရသည်။ သူမသည် ဦးခေါင်းကြီးပြီး ကိုယ်သေး မဟုတ်တော့ဘဲ သူမရုပ်ရည်မှာ ဂုဏ်သိက္ခာရှိပြီး လှပသော၊ ဉာဏ်အလင်းရှိသော နတ်ဘုရား၏ အရိပ်အယောင်ဖြင့် တောက်ပနေ၏။
ချန်ရှီ ပြုံးပြလိုက်သည်။
"ရှစ်ကျီ.. မင်းက အခု ဒီဒေသကို ကာကွယ်တဲ့ နတ်ဘုရား ဖြစ်သွားပြီလေ လူတွေက မင်းကို ကိုးကွယ်ကြလိမ့်မယ် ဘာလို့ ငါ့ဘုံကျောင်းကို ပြန်သွားရမှာလဲ"
အရှင်မရှစ်ကျီ မပျော်မရွှင် ဖြစ်သွားသည်။
"ဘုံကျောင်းကို ကိုယ်တိုင်တည်ဆောက်ပြီး သရဲတွေ၊ နတ်တွေ၊ နတ်ဆိုးတွေကို တိုက်ရမယ် လူတွေကို ကာကွယ်ရမယ်... ဘုံကျောင်းငယ်လေးမှာ ပျော်ရတာ ပိုကောင်းပါတယ်"
ထျန်းကျစ်ပြည်က သရဲတစ္ဆေအမြောက်အမြားသည်လည်း ရှင်းရှန်နှင့် ဆိပ်ကမ်းတစ်ခုကို တည်ထောင်ပြီး ကုန်သွယ်မှုပြုကာ ဤနေရာတွင် ရှိနေသည်။ ချန်ရှီ ပြန်လာတာကို ကြားတာနဲ့ ဂါရဝပြုကြ၏။
သို့ရာတွင် ဧကရာဇ်မင်းမြတ်အား နှုတ်ခွန်းဆက်ခြင်း အခမ်းအနား ကျင်းပပြီး ချန်ရှီအား နှုတ်ဆက်သောအခါတွင် သရဲတစ္ဆေများသည် သုံးကြိမ်မှ ကိုးကြိမ်တိုင်တိုင် ဂါဝရပြုနေကြသည်။
ခဏအတွင်း လှုပ်ရှားမှုတွေနဲ့ စည်ကားနေသဖြင့် ဟူဖေးဖေး ပေါ်လာဖို့ အခွင့်အရေးပင် မရှိတော့ပေ။ သူမသည် တာဝန်များနှင့် အလုပ်များနေသဖြင့် အမြန်ပြန်သွားခဲ့သည်။
ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် ချန်ရှီသည် မြွေကြီး ရွှမ်ရှန်းနှင့် အဘွားကျွမ်းတို့ကို လိုက်ရှာတော့မည့်အခိုက် ရင်းနှီးသော အသံတစ်သံ ကြားလိုက်ရသည်။
"လူကြီးမင်းလေးချန် မတွေ့တာကြာပြီ... ယန်ရှန့်ကျစ် မင်းကို နှုတ်ဆက်တယ်!"
ချန်ရှီ အသံ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ရာ ဝန်ကြီးအဖွဲ့ ဝန်ကြီးချုပ် ယန်ရှန့်ကျစ် ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။ သူ အံ့သြသွားပြီး။
"သူဘာလို့ဒီကို ရောက်နေတာလဲ။"
ချန်ထန်: "ရှီးကျင်းမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကြောင့် ယန်ရှန့်ကျစ်လည်း ထွက်ပြေးသွားခဲ့တယ်... ဒါပေမယ့် နယ်ပယ်နှစ်ခုကို ပေါင်းစည်းပြီးနောက် ပထဝီဝင်အနေအထားက သိသိသာသာ ပြောင်းလဲသွားတယ်လေ... သူသွားရာလမ်းကို သတိမထားမိဘဲ ဒီကို ပြေးလာခဲ့တာ..."
ဇနီး၊ သားသမီး မြေးအားလုံးနီးပါးသည် ခရီးတွင် သေဆုံးကြပြီး သားထွေးနှင့် မယားငယ်တစ်ဦးသာ ကျန်ရှိတော့သည်။ သူ့ကို သနားလို့ နေခွင့်ပေးလိုက်၏။ ယခု ယန်ရှန့်ကျစ်သည် ယခင်ကထက် များစွာအသက်ကြီးပုံရပြီး တစ်ချိန်က အစိုးရအဖွဲ့ဝန်ကြီး၏ ချုပ်ချယ်မှုအမူအယာကို မပိုင်ဆိုင်တော့ပေ။ ရိုးရိုးရှင်းရှင်း ရိုးရှင်းသော အဝတ်အစားကို ၀တ်ဆင်ကာ ချန်ရှီထံ အမြန်လျှောက်လာသည်။
"ယန်ရှန့်ကျစ်... လူကြီးမင်းလေးချန်ကို နှုတ်ဆက်ပါတယ်"
ချန်ရှီ ထိုလူ့ တံတောင်ဆစ်များကို ကိုင်ထားပြီး ဦးညွှတ်ခြင်းကို တားဆီးလိုက်သည်။
"လူကြီးမင်း မင်းကဘာလို့ဒီလိုတရားဝင်ကြီး လုပ်နေတာလဲ? ကျနော့်ကို အရှက်ရအောင် လုပ်နေပြန်ပြီ!"
ယန်ရှန့်ကျစ်က ပြုံးပြသည်။
"သူတစ်ပါးရဲ့ အမိုးအောက်မှာ နေရရင် အိမ်ရှင်ကို ပိုပြီး ကြင်နာမှုပြရမှာပဲလေ... အပြစ်မတင်ပါဘူး"
"ကျနော်နဲ့ ခင်ဗျားက အတူတူ တရားရုံးမှာ အမှုထမ်းခဲ့ဖူးပါတယ်... ခင်ဗျားကို ဒုက္ခလို့ ဘယ်လိုလုပ်မြင်ရမှာလဲ ဒီလိုပြောနေတာ ရပ်လိုက်ပါဗျာ"
သူက လှည့်ပြီး တိုးတိုးဖြင့်: "ဖေဖေ သူ့ကို မြေဧကနည်းနည်း ပေးပြီး အလုပ်လုပ်ခွင့်ပေးနော်... အလကားမစားခိုင်းပါနဲ့"
ချန်ထန်: "စီစဉ်ထားပြီးသားပါ ငါတို့ ချန်ယန်တောင်မှာ ဘာမှမလုပ်ဘဲ နေလို့မရဘူး...."
"သူ အလုပ်လုပ်နေတာလား အဆင်ပြေလား လူကြီးမင်းယန်... ခင်ဗျားက ဝီရိယမရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး!"
"တော်တော်လေး လုံ့လရှိပါတယ်"
"ကောင်းပါတယ် ချန်ယန်တောင်က ပျင်းရိသူတွေကို ထိန်းမထားဘူး... ကျနော်တို့နယ်မြေကို ရောက်တာနဲ့ သူ ရက်စက်ရဲမှာ မဟုတ်ဘူး"
ချန်ရှီ ရွှင်မြူးသွားပြီး ယန်ရှန့်ကျစ်နဲ့ ပျော်ပျော်ပါးပါး စကားဆက်ပြောလိုက်သည်။
"ကျနော့်ကို ကြိုဆိုဖို့ ဒီညအိမ်မှာ ဧည့်ခံပွဲတစ်ခု လုပ်မယ်... ဆိုလိုတာက ခင်ဗျား လက်ဆောင် ပေးလိုက်ရုံပဲ လူကိုယ်တိုင် လာစရာ မလိုဘူး... လူကြီးမင်းယန် ကျေးဇူးပြုပြီး ဆန္ဒအတိုင်းသာ လုပ်ပါ"
ချန်ရှီ လက်ပြနှုတ်ဆက်ပြီး ချန်ထန်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။
ချန်ထန် ကူကယ်ရာမဲ့ဖြင့် :"သူ ထွက်ပြေးလာတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တယ်... သူ့မိသားစု ရာနဲ့ချီမှာ သုံးယောက်ပဲ ကျန်တော့တယ်။ သနားစိတ်နဲ့ သူ့ကို ခေါ်ထားတာ... ချန်ယန်တောင်ကို ရောက်ပြီးတဲ့ နောက်မှာ သူအရင်လို မဟုတ်တော့ဘဲ လယ်စိုက်ပြီး ပြောသမျှကို စေ့စေ့စပ်စပ် လုပ်တယ်"
ချန်ရှီ၏အကြည့်သည် ယန်ရှန့်ကျစ် နောက်ကျောပေါ်သို့ ကျလာပြီး။
"သနားစရာ ကောင်းတာလား? လောကကြီးမှာ သနားစရာ ကောင်းတဲ့လူတွေ အများကြီးရှိပါသေးတယ်... မိသားစုဆယ့်သုံးစုက ဆုတ်ယုတ်နေပြီဆိုတာ သူသိလို့ ရက်စက်ကြမ်းကြုတ်နိုင်မှာ မဟုတ်ဘူး... သူ့မှာနည်းလမ်း ရှိမယ်ဆိုရင် ထကြွပြီး နှောင့်ယှက်နေမှာပဲ"
ချန်ထန်: "ယန်ရှန့်ကျစ်က ပညာတတ်တယ်.. တောင်ပေါ်မှာ ကျောင်းဖွင့်ဖို့ သူ့အကူအညီလိုတယ်"
ချန်ရှီလည်း ဒါကို တွေးကြည့်သည်။ ယန်ရှန့်ကျစ်က သူ့အရည်အချင်းတွေကို လှည့်စားဖို့ နေရာရှိတယ်ဆိုတာ သဘောပေါက်သွား၏။ သူသည် အသုံးမဝင်သော လူတစ်ယောက်ဘဲတော့ မဟုတ်ပေ။
"အိုး နောက်တစ်ခုရှိသေးတယ်... မကြာသေးခင်ကမှ လျှောစောက်မှာ ဆူညံသံတွေ အများကြီးထွက်နေတယ်... တစ်ဆယ်လေး မင်းရဲ့ ကန့်ညောင်က အရမ်း အံ့သြစရာ ကောင်းတယ်... သူမကို ဟွာရှနတ်ဘုရားတွေက ကိုးကွယ်တယ် နောက်ရက် အနည်းငယ်မှာပဲ ပြန်ရှင်လာနိုင်တယ် !"
ချန်ရှီ စိတ်ဓာတ်များ တက်ကြွလာပြီး ပြုံးလိုက်သည်။
"ကျနော် ကန့်ညောင်ကို နံ့သာမကပ်တာ ကြာပြီ.. ဒီတစ်ခေါက်ပြန်ရောက်တော့ သပ်သပ်ရပ်ရပ်လေး ဂါရဝပြုရမယ် စကားမစပ် အဘိုးနဲ့ အဖွားရှားတို့ ပြန်လာပြီလား"
ချန်ထန် ခေါင်းယမ်းလိုက်သည်။
ချန်ရှီ မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ပြောနေ၏။
"အဘိုးကို ရှာနေတာ လေးနှစ်ကျော်ပြီ အခုလောက်ဆို ရှာတွေ့သင့်ပြီ"
"သူတို့ တခြားအရာတစ်ခုခုကို လုပ်နေကြတာဖြစ်မယ်... ချန်ယင်တူး အိမ်ကနေ အကြာကြီး ထွက်သွားတာ ပုံမှန်ပဲ... သူ့ကိုယ်သူ ပြန်လာဖို့တောင် သတိမရတတ်ဘူး"
ချန်ရှီမျက်နှာ မည်းမှောင်သွားသည်။
"ချန်ထန် ငါ့အဘိုးအကြောင်း အဲ့လို မပြောနဲ့ !"
ချန်ထန်ကလည်း ဟစ်အော်လိုက်ပြီး သူ့အမူအရာက မကြင်နာတော့ချေ။
"ခရီးတစ်ခု ထွက်ပြီးသွားတော့ မင်း အရမ်းလွတ်လပ်သွားပြီပေါ့လေ!"
"ကျနော် နတ်သန့်စင်နယ်ပယ်ကို ရောက်နေပြီ... မကြာခင်မှာ အဆင့်တူတော့မှာ.. ကျနော် အရမ်းလွတ်လပ်တယ်လို့ မထင်ဘူးလား"
ချန်ထန် ရွှမ်ဝေးဓားကို ဆုပ်ကိုင်လိုက်သည်။ ချန်ရှီ၏ မျက်လုံးများသည်လည်း ရက်စက်စွာ တောက်ပလာသည်။ သားအဖရဲ့ အရှိန်အဟုန်က ပိုအားကောင်းလာစဥ် ဝူးချင်းယွီဆီက အသံထွက်လာ၏။
"အားထန်! ဒီကိုလာပြီး ဟင်းသီး ဟင်းရွက်တွေ သွားကူဆေးပေးပါဦး!"
ချန်ထန် သူ့ဓားလက်ကိုင်ကို လွှတ်ပြီး လှည့်ထွက်သွားသည်။ ဝူးချင်းယွီ ရှောင်သွမ့်ကို ဖယ်ထုတ်လိုက်၏။
"အားထန်! ရှင့်ချွေးမမှာ တစ်ခုခု မှားနေပြီလို့ ထင်တယ်။ တစ်ခဏတော့ သူမ စိတ်အားထက်သန်နေတယ် ခဏနေကျတော့ နောက်တစ်ယောက်လို အေးစက်သွားတယ်... လုံးဝခြားနားတဲ့ လူတစ်ယောက်လိုပါပဲ သူမမှာ ကိုယ်ဝန်ရှိမရှိကို မေးတော့ သူမ ရှက်သွားတာမှ အရမ်းပဲ...."
"ကိုယ်လည်း တစ်ဆယ်လေးမှာ တစ်ခုခု မှားနေပြီထင်တယ် သူအရင်ကထက်တောင် ပိုရိုင်းလာပြီ... တတ်နိုင်သလောက် သူ့ကို ကောင်းကောင်းရိုက်ပေးရမလားလို့ တွေးနေတာ"
လင်မယားနှစ်ယောက် တိုးတိုးပြောနေစဉ် ချန်ရှီက မဟာမြွေကြီး ရွှမ်ရှန်း၊ အဘွားကျွမ်း နှင့် အခြားသူများထံ သွားရောက်နေခဲ့သည်။
မြွေကြီးမှာ ချန်ရှီကို အဝေးကနေ လှမ်းမြင်တော့ လန့်သွား၏။ သူ၏ နတ်သဏ္ဍာန်သည် အနက်ရောင်ဝတ် လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး အစိမ်းရောင်ထီးကို ကိုင်ဆောင်ကာ ဆင်းလာခဲ့သည်။ ချန်ရှီ ချဉ်းကပ်လာသည်နှင့်အမျှ သူရုတ်တရက် ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။
"တစ်ဆယ်လေး မင်းကိုယ်မှာ နတ်ဆိုးသဘာဝ အရမ်းပြင်းထန်နေတယ် ဒီထီးကို မင်းနဲ့အတူ ယူသွား..."
မထွက်ခင်မှာ မြွေကြီးက သူ့ကို ထီးစိမ်းကြီး ပေးလိုက်သည်။ ချန်ရှီ သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး ထီးစိမ်းကိုကိုင်ကာ တောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။ မြွေကြီးက သူထွက်သွားတာကို စောင့်ကြည့်နေခဲ့ပြီး ချန်ရှီ တောင်ခြေရင်းကို ရောက်တာနဲ့ သူ့ရဲ့ အစိမ်းရောင်ထီးက မီးတောက်မရှိဘဲ ရုတ်တရက် တောက်လောင်ပြီး ချက်ချင်း သန့်စင်သွားတော့သည်။
မြွေကြီး ရွှမ်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ ချန်ရှီထီးသည် ၎င်းကို ထိန်းချုပ်နိုင်သည်ဟု ယုံကြည်ကာ ချန်ရှီ၏ နတ်ဆိုးသဘာဝကို လျှော့တွက်ခဲ့မိသည်။
"ထီးကိုင်ပြီး သူ့နောက်ကို လိုက်ခဲ့သင့်တာ.. ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ငါ ကာကွယ်ရတဲ့လူတွေကို မထားခဲ့နိုင်ဘူး"
သို့သော် ချန်ရှီ၏ နတ်ဆိုးသဘောသဘာဝသည် အလွန်ပြင်းထန်သောကြောင့် သူ ရှေးရှေးကတည်းက ပြောင်းလဲပေးခဲ့သင့်သည်။ ထူးဆန်းသည်မှာ ချန်ရှီသည် အလွန်ဆင်ခြင်တုံတရား မရှိပုံပေါ်သော်လည်း ဆင်ခြင်တုံတရား ရှိနေသေးသည်။
နောက်တစ်နေ့မနက်တွင် ချန်ရှီ အိမ်မှ စောစောထွက်ပြီး လျှောစောက်သို့ ဦးတည်သွားခဲ့သည်။ လျှောစောက်မှ မိုင်ရာနှင့်ချီဝေးသော နေရာက နေဝင်ချိန်၏ တောက်ပသော အလှအပကို မြင်တွေ့ရပြီး ကောင်းကင်ကို တက်ကြွသော ရောင်ဝါဖြင့် ခြယ်မှုန်းထားသည်။
အဝေးမှနေ၍ အချိန်နှင့် အာကာသ၏ တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာသကဲ့သို့ မြင့်မားသော၊ နက်နဲသော၊ ရှေးကျသော တုန်လှုပ်ချောက်ချားဖွယ် အော်ဟစ်သံများကို ကြားနိုင်သည်။ ၎င်းသည် မြင့်မြတ်သော၊ ကြီးကျယ်ခမ်းနားသော အခြားနတ်တစ်ပါး၏ အမည်ကို ရွတ်ဆိုနေသည့် ရှေးနတ်ဘုရားသာ ဖြစ်ပေသည်။
"တစ်ခါတုန်းက စိတ်ပျက်ဖွယ်ကုန်းစောင်းက လူတစ်ယောက်က ဒီကိုလာပြီး မင်းရဲ့ ကန့်ညောင်ကို သုတ်သင်ဖို့ ကြိုးစားပေမယ့် တောင်ထိပ်ကို မရောက်နိုင်ခဲ့ဘူး"
ချန်ထန် သူ့သားနဲ့ ဘေးချင်းကပ် လမ်းလျှောက်ရင်း ပြောပြသည်။
"အဲဒီလူက ယွီချောင်ပိုင်... စိတ်ပျက်ဖွယ်ကုန်းစောင်းက ကောင်းကင်လမ်းလျှောက်သူ.. မင်း ဦးလေးဝူက စားပစ်တာဖြစ်မယ်.... မင်းရဲ့ ကန့်ညောင်ကို မြေဧကရာဇ်ဟုတ်ထူ၊ တိထူအရှင်ဧကရီ၊ မြေမိခင်ဝိညာဥ်အရှင်မနဲ့ အရှင်မဟုတ်ထူလို့လည်း ခေါ်ကြတယ်"
ချန်သားအဖ တောင်ထိပ်သို့ရောက်ပြီး သူတို့ရှေ့မှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။
နှင်းဆီရောင် တိမ်တိုက်များက ကောင်းကင်မှ ဆင်းသက်လာကာ တောင်ကုန်းပေါ်သို့ ဆင်းသက်လျက် ဘုံကျောင်းတစ်ခု၏ ကောက်ကြောင်းကို ပုံဖော်ထားသည်။ ဟွာရှနတ်ဘုရားများ၏ မွှေးရနံ့သည် ပန်းနုရောင်တိမ်တိုက်များပေါ်တွင် ပျံ့လွင့်နေပြီး အတွင်းမှ နတ်ဘုရားများ၏ အော်ဟစ်သံများက စိတ်နှလုံးကို နားမလည်နိုင်အောင် နှိုးဆော်ပေးလျက်ရှိသည်။
နက်နဲသော လေထုအတွင်း၌ နှင်းဆီရောင်တိမ်များဖြင့် ဆောက်လုပ်ထားသော ဘုံကျောင်းများအတွင်းတွင် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ၏ မွေးဖွားခြင်း၊ မျိုးပွားခြင်း၊ သေဆုံးခြင်းနှင့် လူဝင်စားခြင်းဆိုင်ရာ မြင်ကွင်းများကို ဖြန့်ကျက်ထားသည်။
၎င်းသည် လူသားမျိုးနွယ်၏ မွေးဖွားခြင်း၊ မျိုးပွားခြင်း၊ သေဆုံးခြင်းနှင့် လူဝင်စားခြင်းသာမက မရေမတွက်နိုင်သော မျိုးနွယ်များ လွှမ်းခြုံထားသည့် မြင်ကွင်းများသာ ဖြစ်သည်။
ဤမြင်ကွင်းများနောက်တွင် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာတစ်ခုကဲ့သို့ နက်နဲသိမ်မွေ့သော အဝါရောင်စွမ်းအင်၏ အကန့်အသတ်မရှိ ကျယ်ပြန့်မှုကို မြင်နိုင်သည်။ ထိုလေးနက်သော အဝါရောင်စွမ်းအင်များအတွင်း တိုက်ကြီးများသည် တစ်ခုပြီးတစ်ခု လွင့်ပျံလာသည်။
"ဗုန်း!"
ပန်းရောင်အလင်းတန်းနှစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး ဘုံကျောင်း တစ်ဖက်တစ်ချက်စီတွင် အလွှာနှစ်ခု အဖြစ် ပြောင်းလဲသွားသည်။
မြေကြီးအမတကမ္ဘာတွင် များပြားလှသော တိုက်ကြီးများသည် ကောင်းကင်နှင့်မြေကြီး၏ လေးနက်သော အဝါရောင်စွမ်းအင်များ ရှိကာ အမြင့်ဆုံးအထိ စိုးစံနေချိန်တွင် တိုက်ကြီးများက မြင့်တက်လျက် ရှိသည်။
ကောင်းကင်ယံ၌ များပြားလှသော နယ်ပယ်များက တဖျပ်ဖျပ် ခတ်နေကာ စကြာဝဠာကြီး၏ အကန့်အသတ်မဲ့ တောက်ပမှုများ ဖြာထွက်နေသည်။