← Chapters

အရှင်မဟုတ်ထူ ဘုံကျောင်း

Vol. 32 Ch. 456

အရှင်မဟုတ်ထူ ဘုံကျောင်း

Vol. 32 Ch. 456

ချန်သားအဖနှစ်ယောက် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

ပင်မခန်းမထဲရှိ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါများကြားတွင် တိုက်ကြီးများ လွင့်မျောနစ်မြုပ်နေသည်။ ၎င်းတို့က မှတ်တမ်းများထဲတွင် ဖော်ပြထားသည့် အမတကမ္ဘာ ဖြစ်နိုင်သလား။

အရှင်မဟုတ်ထူသည် အနောက်နွားရှင်းကျိုး ကျွန်း၏ မွေးဖွားခြင်း၊ မျိုးပွားခြင်း၊ သေဆုံးခြင်းနှင့် လူဝင်စားခြင်းတို့ကို အုပ်ချုပ်ရုံတင်မဟုတ်ဘဲ အမှောင်ပင်လယ်အတွင်းရှိ မရေမတွက်နိုင်သော တိုက်ကြီးများကိုပါ အုပ်ချုပ်နေခြင်း ဖြစ်နိုင်ပါသလား။

ချန်ရှီ ဂရုတစိုက် စူးစမ်းလေ့လာပြီး နောက်ဆုံးတွင် ဘုံကျောင်းရှေ့၌ ရပ်တည်နေသော ကျောက်ပြားကို တွေ့သွားခဲ့သည်။ ကျောက်ပြားက တိမ်တွေထဲအထိ ထိုးတက်နေ၏။ တောက်ပသော အလင်းရောင်သည် ၎င်းအား ဘုံကျောင်းနောက်ဘက်သို့ ဆက်သွယ်ပေးနေသည်။

ကျူးရှို့ချိုင် ကြိုးဆွဲချခဲ့တဲ့ မိုးမခပင်ဟာ မြေကြီးမှ ကောင်းကင်အထိ မြင့်မားတဲ့ သစ်ပင်အဖြစ် ပြောင်းလဲသွားချေပြီ။ ၎င်းက ဤရှေးဟောင်းဘုံကျောင်းကို စောင့်ကြပ်လျက် ဘုံကျောင်းရှေ့မှာ ရပ်နေ၏။

ထိုအချိန်တွင် ကျူးရှို့ချိုင်သည်လည်း ချန်ရှီ၏ ခေါင်းအနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးမှ ပြေးထွက်လာပြီး မြင်ကွင်းကို မော့ကြည့်လိုက်သည်။

"အဲ့ဒီမှာ ချိတ်ထားလို့ရပါဦးမလား?"

ချန်ရှီက ခေါင်းယမ်းပြီး :"မဖြစ်ဘူး... အရှင်မဟုတ်ထူရဲ့ ဘုံကျောင်းအပြင်ဘက်မှာ ကြိုးဆွဲချ တစ္ဆေတစ်ကောင်က တကယ်ကံမကောင်းပါဘူး"

ကျူးရှို့ချိုင်က သူ့ကို ပြင်းပြင်းထန်ထန် ဆုံးမသည်။

"ငါက မသေနိုင်တဲ့ အမတတစ္ဆေကွ!"

“အဲဒါလည်း တစ္ဆေပဲလေ”

ကျွယ်ရန်ကျစ်လည်း ပြေးထွက်လာသည်။ ဘုံကျောင်းပုံသဏ္ဌာန်ကို ငေးကြည့်ရင်း ဆိုလေ၏။

"နတ်ဘုရားဟုတ်ထူ! ဘုရင်ကျန်း အနောက်နွားရှင်းကျိုးကို ရောက်လာတုန်းက ယင်ယန်နယ်ပယ်တွေ ကမောက်ကမ ဖြစ်ကုန်ကြတယ်.. နတ်ဆိုးနဲ့ သရဲတစ္ဆေတွေက နယ်ပယ်နှစ်ခုကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ပြီး လူ့လောကကို ဖျက်ဆီးပစ်လိုက်ကြတယ်... အဲဒါကြောင့် ဘုရင်ကျန်းက အရှင်မကို ယင်နဲ့ ယန် နတ်ဘုရားတွေကို လုံးလုံးလျားလျား ခွဲထုတ်လိုက်ဖို့ တောင်းဆိုခဲ့တာ... လူသားတွေ၊ နတ်ဘုရားတွေနဲ့ သရဲတစ္ဆေတွေကြားက စည်းမျဥ်းတွေကြားမှာတော့ ဒီနတ်ဘုရားမက ချင်ခေတ်မတိုင်ခင်က နတ်ဘုရားတစ်ပါးဖြစ်ပြီး အကန့်အသတ်မရှိ တန်ခိုးအာဏာကို ပိုင်ဆိုင်ထားတယ်တဲ့..."

ချန်ထန်မှာ ကျွယ်ရန်ကျစ်ကိုကြည့်ကာ သံသယလှိုင်းလုံးများက သူ့နှလုံးသားထဲ ပြည့်နှက်လာသည်။

"ဒီလူက ဘယ်သူလဲ... တစ်ဆယ်လေးရဲ့ ဘုံကျောင်းထဲကနေ ဘာလို့ ပျံလာတာလဲ... ဘုရင်ကျန်းခေတ်ကို ဘယ်လိုလုပ် သိနေတာလဲ"

ဘုရင်ခေတ်ကျန်းနှင့် ပတ်သက်သော ဇာတ်လမ်းများစွာသည် ကောလဟာလများနှင့် ဒဏ္ဍာရီများသာဖြစ်ပြီး အချို့က မှန်သည်၊ အချို့က မှားသော်လည်း အမှန်ထက် အမြဲပို၍ မှားပါသည်။

နတ်သမီးရှောင်သွမ့်ကလည်း တခြားနတ်ကွန်း တစ်ခုထဲမှ ပြေးထွက်လာသည်။

"အရှင်မဟုတ်ထူက ရှန်းမင်းဆက်မတိုင်ခင်ကတည်းက တည်ရှိနေတာ.. ဒီနတ်ဘုရားရဲ့ မူလဇစ်မြစ်က ရှင်သိထားတာထက် အများကြီး ပိုကြာတယ်.... ရှ၊ ယွီ၊ ထန်၊ ရှဲ့၊ ရှန် မင်းဆက်တွေရဲ့ ရှေးခေတ်ကာလတွေအထိ ပြန်သွားကြည့်လို့ရတယ်... သူမက ကမ္ဘာမြေကြီးရဲ့ စွမ်းအား၊ သက်ရှိထင်ရှားရှိနေတဲ့ နတ်ဘုရားမတဲ့"

ချန်ရှီ ဘုံကျောင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ငါ့ကန့်ညောင်က အဲ့လောက်တောင် တန်ခိုးကြီးတာလား?"

နတ်သမီးရှောင်သွမ့် : "ယွီမင်းဆက်ကနေ ရှန်မင်းဆက်အထိ အချိန်က ရှန်းမင်းဆက်ကနေ မင်မင်းဆက်ကာလနဲ့ အတူတူနီးပါးပဲ... ရှေးခေတ်ကာလတွေကို မပြောနဲ့ဦး... အရှင်မဟုတ်ထူမှာ နွားဦးခေါင်း လူသားခန္ဓာကိုယ်၊ ထူပေါ်လို့ ခေါ်တဲ့ မျက်လုံးသုံးလုံးရှိတဲ့ ဘီလူးတစ်ကောင်ရှိတယ် ဆိုတာလည်း ကြားခဲ့ဖူးတယ်...သူ့ဦးခေါင်းပေါ်မှာ ချိုရှည်တွေ ရှိတယ်... သက်ရှိကမ္ဘာနဲ့ ဖွဲ့စည်းထားတဲ့ အဝါရောင်ရေစင်လည်း ရှိတယ်"

ချန်ရှီ ဤမြင်ကွင်း၏ ခမ်းနားထည်ဝါမှုကို စိတ်ကူးပင် မယဉ်နိုင်တော့ပါ။ ချန်ထန်လည်း စိတ်ထဲမှာ တုန်လှုပ်သွား၏။ သူ့ချွေးမက နည်းနည်းတော့ ပိုသိနေသလိုပဲ။ ဒီမွေးစားချွေးမက ချန်ရှီထက် နှစ်အနည်းငယ်ပဲ အသက်ကြီးတာ မဟုတ်ဘူးလား။

နတ်သမီးရှောင်သွမ့်က ချန်ရှီကိုကြည့်ကာ ဆိုလိုက်သည်။

"ဒီလိုတည်ရှိမှုမျိုးက ရှင့်ကို မွေးစားသားအဖြစ် မွေးစားဖို့ မဖြစ်နိုင်ဘူး"

ချန်ရှီက ပြုံးပြီး :"ငါတို့ပြောနေတာက နတ်ဘုရားမအစစ် မဟုတ်တဲ့ နတ်ဘုရားအတွက် ရိုသေတဲ့ဘွဲ့ ကန့်ညောင်"

နတ်သမီးရှောင်သွမ့်မှာ ဤဓလေ့ထုံးစံအပေါ် မရေရာသော နားလည်မှုတစ်ခုသာ ရှိခဲ့သည်။ ယခင်က ရွာသားများသည် သူတို့၏ ကန့်ညောင်များအား ကိုးကွယ်ကြသည်ကို သူမ မြင်ဖူးသော်လည်း ပို၍လေးနက်သော အဓိပ္ပာယ်ရှိသလားတော့ သူမ နားမလည်ခဲ့ပါ။

ချန်ရှီက :"ရွာသားတွေက နတ်ဆိုးတွေဆီက ကိုက်စားခံရတာကို ကာကွယ်ဖို့ မျှော်လင့်ချက်နဲ့ ကန့်ညောင်ကိုထားပြီး ကိုးကွယ်လေ့ရှိတယ်... ကန့်ညောင်ကို နံ့သာပေါင်းနဲ့ ယဇ်ပူဇော်ကြတယ် ကန့်ညောင်ကလည်း အကာအကွယ် ပြန်ပေးတယ်... ကန့်ညောင်နဲ့ ရွာသားတွေရဲ့ ဆက်ဆံရေးက အပြန်အလှန် ဖလှယ်မှုတစ်ခုလိုပဲ"

နတ်သမီးရှောင်သွမ့်လည်း နားလည်သွားသည်။

"ရှင်က နတ်ဘုရားတွေကို ကိုးကွယ်ပြီး သူတို့ရဲ့ အကာအကွယ်ကို တောင်းတာပေါ့"

ချန်ရှီ ပြုံးပြီး :"ဆက်ဆံရေးက အဲဒါထက် ပိုရင်းနှီးတယ် နတ်ဘုရားတွေကို ကိုးကွယ်တဲ့အခါ သူတို့က မင်းရဲ့ ဆုတောင်းတွေကို အမြဲတမ်း မပေးတတ်ပေမယ့် ကန့်ညောင်ကို ကိုးကွယ်တဲ့အခါမှာတော့ နတ်ဆိုးတွေကို တွန်းလှန်ပြီး မင်းအတွက် သူ့အသက်ကို တလိုတလား စတေးလိမ့်မယ်"

နတ်သမီးလေးက သူမခေါင်းကိုခါလိုက်သည်။ ဘယ်လောက် ထူးဆန်းလိုက်တဲ့ ဓလေ့လဲ။

ထိုအချိန်တွင် ကျူးရှို့ချိုင်က မိုးမခပင်အိုကြီးအောက်သို့ ရောက်ရှိလာသည်။ အစိမ်းရောင် အဝတ်အစားဝတ် တာအိုဘုန်းကြီးတစ်ဦးသည် သစ်ပင်အောက်မှ ဆင်းလာပြီး လမ်းကိုပိတ်ဆို့လိုက်သည်။ နှစ်ယောက်သား စကားပြောနေကြ၏။

ချန်ရှီနဲ့ နတ်သမီးရှောင်သွမ့် ချဉ်းကပ်လာကြသောအခါ တာအိုဝါဒီ ဘုန်းတော်ကြီးက မိုးမခပင်တွင် တစ်ကြိမ်ထပ်ဆွဲထားရန် တောင်းဆိုနေသူ ကျူးရှို့ချိုင်ကို ခေါင်းခါယမ်းလိုက်သည်။

ကျူးရှို့ချိုင် ဒေါသတကြီး အော်တော့သည်။

"ဒီသစ်ပင်မှာ ကြိုးဆွဲချသေနေတာ နှစ်ပေါင်းတစ်ထောင်ကျော်ပြီ... အနှစ်တစ်ထောင်ကျော်! ဘယ်သူမှ ငါ့ကို မေးခွန်းမထုတ်ဖူးဘူး ဒါက ငါ့အိမ်ပဲ မင်းဘာလို့ ငါ့ကို နှင်ထုတ်နေတာလဲ.."

အစိမ်းရောင်ဝတ် တာအိုလူအိုကြီးက ခိုကိုးရာမဲ့ပြောသည်။

"ငါက အဲ့မိုးမခပင်အိုပဲ"

ကျူးရှို့ချိုင်လည်း သူ့ကို စိုက်ကြည့်ရင်း ထိုလူ့လည်ပင်းမှာ ကြိုးနဲ့ ချည်ဖို့ လုပ်နေတော့သည်။ တစ်ဖက်ရှိ တာအိုဝါဒီအိုကြီးက ဒါကို သည်းမခံနိုင်တော့သဖြင့် လက်ညှိုးညွှန်ပြရာ မိုးမခသစ်ကိုင်းတစ်စင်း ကောင်းကင်မှ ဆင်းသက်လာလေသည်။ ၎င်းက ကျူးရှို့ချိုင်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ပစ်လိုက်သည်။

ကျူးရှို့ချိုင် အပြင်းအထန် ရုန်းကန်ခဲ့သော်လည်း မလွတ်မြောက်နိုင်သေး။ သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး နတ်ဆိုးတစ်ကောင်လို ပေထောင်ပေါင်းများစွာ ရှည်လျားလာသည်။ ထို့အတူ အကိုင်းအခက်သည်လည်း အရွယ်အစားပြောင်းသွားပြီး နဂါးကဲ့သို့ ထူလာသော်လည်း သူ့ကို တင်းတင်းကျပ်ကျပ် ရစ်ထားဆဲ။

ကျူးရှို့ချိုင် လျင်မြန်စွာ ကျုံ့သွားသည်နှင့် သစ်ကိုင်းကလည်း ပါးလာပြီး သူ့ကို ဆက်ချည်နှောင်ထားသည်။ ကျူးရှို့ချိုင်ခမျာ မရုန်းကန်နိုင်သောကြောင့် သစ်ပင်ပေါ်မှာ နာခံစွာဆွဲထားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ချန်ရှီ စိုးရိမ်တကြီး မော့ကြည့်လိုက်သည်။ ထိုအခါ အစိမ်းရောင်ဝတ်ရုံ ဝတ်ထားတဲ့ တာအိုဝါဒီအိုကြီးက ပြုံးပြပြီး။

"စိတ်မပူပါနဲ့ သခင်လေးချန်... သူ့အတွက် ခက်ခဲအောင် မလုပ်ပါဘူး... သူငါ့ကို ဒီလောက်ခေါင်းမာမာနဲ့ တွယ်တာနေတာက တကယ်ကို အမြင်မတော်တာဘူးလေ... အရင်ကတော့ အဆင်ပြေနိုင်ပေမယ့် အခု အရှင်မ ပြန်ကောင်းလာတော့မယ်...ဒါကို သည်းခံနေလို့ မဖြစ်တော့ဘူး"

သူက ကျူးရှို့ချိုင်ကို ကောင်းကောင်း မဆက်ဆံပေမယ့် ချန်ရှီကိုတော့ လေးလေးစားစား ဆက်ဆံပေးသည်။

သစ်ပင်ပေါ်တက်တော့ ကျူးရှို့ချိုင် ထိန်းမနိုင်သိမ်းမရ ရုန်းကန်ခဲ့ရပေမယ့် သူ မျက်လုံးတွေကို မှိတ်လိုက်ပြီး လည်ပင်းမှ ကြိုးအတိုင်း လှုပ်ခတ်နေလိုက်သည်။ နတ်မြွေကဲ့သို့ ကြိုးသည် မိုးမခသစ်ကိုင်းကို အလိုအလျောက် ရစ်ပတ်ကာ အဆက်မပြတ် တင်းကျပ်နေသည်။

ကျူးရှို့ချိုင်ဟာ လည်ပင်းညှစ်သတ် ခံရရာမှ သက်တောင့်သက်သာ ခံစားလာရပြီး သူ့လျှာရှည်ကြီးက ကျေနပ်အားရစွာ ထွက်လာတော့သည်။ ချန်ရှီ သူ့အကြည့်တွေကို ရှောင်လိုက်ပြီး။

"ဆရာ...ဆရာက လူလုပ်ခဲ့တာ ဆယ်စုနှစ်အနည်းငယ်ပဲ ရှိသေးတယ် ဒါပေမယ့် သရဲတစ္ဆေဖြစ်ခဲ့တာ နှစ်ပေါင်းတစ်ထောင်ကျော်သွားပြီ... သရဲတစ္ဆေလို နေရတာကို စိတ်ဝင်စားတာ သာမာန်ပဲ"

ချန်ရှီ: "ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ တာအိုအစ်ကို"

"မခံယူဝံ့ပါဘူး... ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က လျိုပါ..ကျွန်တော့်မှာ နာမည်မရှိဘူး သခင်လေးချန် ကျေးဇူးပြုပြီး ကျွန်တော့်ကို တာအိုလျိုလို့ပဲ ခေါ်ပါ"

ချန်ရှီ ပြုံးပြလိုက်သည်။

"တာအိုလျို ကျနော့်ကို သခင်လေးချန်လို့ မခေါ်ပါနဲ့... နာမည် ဒါမှမဟုတ် ချန်ကျွမ့်ယွမ်လို့ပဲ ခေါ်ပါ...ကျနော့် ကန့်ညောင် ဘယ်တော့ အသက်ပြန်ရှင်မလဲဗျ"

"ကျုပ်လည်းမသိဘူး"

ချန်ရှီ ကျောက်ပြားနောက်ကွယ်ရှိ ဘုံကျောင်းဆီသို့ လှမ်းကြည့်လိုက်သည်။ နှင်းဆီရောင် တိမ်လွှာများကို သူ မြင်ရပြီး နတ်ဘုရားများ၏ ရွတ်ဆိုသံများနှင့် ထူးကဲသော တန်ခိုးတော်တို့သည် ထိုနေရာ၌ အဆက်မပြတ် ဆုံစည်းသွားကာ ဘုံကျောင်းကို ပိုပို၍ အစစ်ဟု ထင်လာရစေသည်။

ဤဘုံကျောင်း၏ ဖွဲ့စည်းပုံသည် အစပိုင်းတွင် ချန်ရှီ၏ဦးခေါင်း အနောက်ဘက်ရှိ ဘုံကျောင်းငယ်နှင့် အတူတူပင်။ ဤနေရာတွင် နတ်တစ်ပါးတည်းသာ ကိန်းဝပ်ကြောင်း ညွှန်ပြသော နတ်ကွန်း အခန်းတစ်ခန်းသာ ရှိ၏။

"ကျွန်တော် ဝင်ကြည့်လို့ရမလား?"

တာအိုလျိုက ပြုံးပြီး။

"အပြင်လူကတော့ မလုပ်နိုင်ပေမယ့် ချန်ကျွမ့်ယွမ်ကတော့ သေချာပေါက် လုပ်နိုင်တယ်လေ ဒါပေမယ့် အရှင်မရဲ့ ဘုံကျောင်းက တကယ်ဖြစ်မတည်လာသေးဘူး... ဝင်ကြည့်လည်း အသုံးမဝင်ပါဘူး"

ချန်ရှီလည်း သူ့ကို ကျေးဇူးတင်စကား ပြောပြီး ဘုံကျောင်းဘက်ကို လျှောက်သွားတော့သည်။ ချန်ထန်လည်း ချန်ရှီနောက်သို့ လိုက်ကာ ဘုံကျောင်းထဲသို့ ဝင်တော့မည်။ တာအိုလျိုက သူ့လက်ကို မြှောက်ပြီး ခေါင်းခါပြလေ၏။

"ပြင်ပလူတွေကို ခွင့်မပြုဘူး"

ချန်ထန် မျက်တောင်ခတ်ပြီး :"ကျွန်တော်က နံပါတ်တစ်ပညာရှင်ချန်ရဲ့ အဖေပါ!"

တာအိုလျိုက ခေါင်းခါနေဆဲ။

"ပြင်ပလူတွေကို ခွင့်မပြုဘူး"

ချန်ထန်လည်း ရပ်နေဖို့ကလွဲလို့ ရွေးစရာမရှိတော့ချေ။

ချန်ရှီသည် အရှင်မဟုတ်ထူ ဘုံကျောင်းထဲသို့ ဝင်ရောက်ခဲ့ပြီး တောက်ပနေသော အလင်းတန်းများဖြင့် ဝန်းရံထားသည်။ အလင်းတန်းများအတွင်းတွင် အဆက်မပြတ် စီးဆင်းနေသည့် အက္ခရာပုံစံများရှိသည်။ အလင်းတန်းများမှ ထွက်ပေါ်လာသော နတ်ဘုရားများ၏ ကြွေးကြော်သံက ပို၍ပို၍ ကျယ်လောင်လာရာ ချန်ရှီ မူးဝေလာပြီး ခြေလှမ်းများက မငြိမ်မသက် ဖြစ်သွားခဲ့ရသည်။

ထွန်းလင်းတောက်ပသော အလင်းရောင်ထဲ သူလျှောက်သွားရာ ဘုံကျောင်းသည် မျက်စိမြင်နိုင်သလောက် ဆန့်ထွက်ကာ ရုတ်တရက် ကျယ်သွားသလိုပင်။

သူ့အနားမှာ ကလေးမွေးခြင်း ပုံရိပ်များ ပေါ်လာ၏။ ပထမငိုပြီး လျင်မြန်စွာ ကြီးပြင်းလာကာ တခဏချင်း အရွယ်ရောက်လာကာ လှပသော မိန်းကလေးအဖြစ် ပြောင်းလဲသည်။ အိမ်ထောင်ပြုကာ ကိုယ်ဝန်ရှိလာတဲ့အခိုက် မွေးဖွားလာကာ လျင်မြန်စွာ အိုမင်းပြန်ကာ နောက်ဆုံး ဘဝနိဂုံးချုပ်သွားသည်။ ပြီးနောက် လူဝင်စားကာ ဘဝသစ်တစ်ခု စတင်လေသည်။

ပြီးတော့ သူ့ပတ်ဝန်းကျင်မှာ မရေမတွက်နိုင်တဲ့ တခြားသူတွေကလည်း ဒီဖြစ်စဉ်ကို ထပ်တလဲလဲ လုပ်နေကြ၏။

သို့သော် တချို့သောသူများသည် ၎င်းတို့၏ ဒုတိယဘဝတွင် လူသားမဟုတ်တော့ဘဲ အခြားမျိုးစိတ်များ ဖြစ်လာကြသည်- တိရစ္ဆာန်များ၊ တောရိုင်းတိရစ္ဆာန်များ၊ အင်းဆက်များ၊ သရဲတစ္ဆေများ၊ နတ်များ၊ နဂါးများနှင့် ဖီးနစ်များစသဖြင့်။

သူ့ပတ်ဝန်းကျင်မှာ မရေမတွက်နိုင်တဲ့ သတ္တဝါတွေရဲ့ သေခြင်းတရားအပြင် ကြီးမားလှတဲ့ သံသရာကြီးထဲမှာ ချုပ်နှောင်ခံရပြီး မွေးဖွားခြင်း၊ သေဆုံးခြင်းတွေက အဆုံးမသတ်ဘဲ မဆုတ်မနစ် ခံနေရသူတွေလည်း ရှိသေးသည်။

ဤမြင်ကွင်းက ချန်ရှီကို အလွန် ထိတ်လန့်စေပါသည်။

"ငါ့ဘဝက ဒီလိုလား? လူဝင်စား သံသရာမှာ ပုရွက်ဆိတ်တစ်ကောင်လို နေ့တိုင်း မွေးဖွားပြီး သေနေတာ... အဆုံးမသတ်ဘဲ ရှင်သန်နေတာ ဒါဖြင့် ငါ ဘယ်လို လွတ်မြောက်နိုင်မှာလဲ"

သူ့ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော သတ္တဝါများကို ကြည့်လိုက်ရာ ရုတ်တရက် ဝမ်းနည်းမှု လှိုင်းများကို ခံစားလိုက်ရသည်။

လူဝင်စားခြင်း ပင်လယ်ကြီးကို ဖြတ်သန်းပြီး မရေမတွက်နိုင်သော ဘဝများကို ဖြတ်သန်းခဲ့သည်။ သူသည် သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်များကို အံ့သြစွာ စောင့်ကြည့်ရင်း၊ လူဝင်စားခြင်းသံသရာထဲတွင် ပျောက်ဆုံးသွားခဲ့သည်။

မင်းဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ မင်းဘယ်လောက်ပဲ ချမ်းသာပါစေ မင်းဘယ်လောက်ပဲ ပညာရှိပါစေ လူဝင်စားခြင်းရဲ့ ဒုက္ခက မလွတ်မြောက်နိုင်ပါဘူး။

ဘဝ၏ အဓိပ္ပာယ်ကို မတွေ့နိုင်တော့ဘဲ လူဝင်စားခြင်းသံသရာမှ ဝိညာဉ်တစ်ခု ကွယ်ပျောက်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရတဲ့အခါ ချန်ရှီ အံ့ဩသွားသည်။

"အခုလေးတင် လူဝင်စားခြင်းမှာ ရုန်းကန်နေရတဲ့ အဲဒီဝိညာဉ်က ဘယ်ရောက်သွားတာလဲ?"

အခြားဝိညာဉ်တစ်ခု ပျောက်ကွယ်သွားသည်ကို အမှတ်မထင် တွေ့လိုက်ရတာက သူ့အတွက် ပဟေဠိ ဖြစ်သွားခဲ့သည်။

"တက်သွားတာ! သူတို့တက်သွားပြီ... လူဝင်စားခြင်းက လွတ်သွားပြီ!"

ချန်ရှီ အလွန်ပျော်သွားပြီး နောက်ဆုံးတွင် မျှော်လင့်ချက် အလင်းရောင်ကို မြင်လိုက်ရသည်။

"ငါလည်း ဘယ်လောက် ပင်ပန်းနေပါစေ အမတနယ်ပယ် တက်ကြွပြီး လူဝင်စားခြင်းကနေ လွတ်မြောက်နိုင်တယ်..."

သူသည် ဤလူဝင်စားပင်လယ်ကို ဖြတ်၍ ရှေ့သို့ ဆက်လျှောက်လှမ်းခဲ့သည်။ အချိန်အတိုင်းအတာ တစ်ခုအထိ သွားပြီးတဲ့အခါ မရေမတွက်နိုင်သော စွမ်းအင်များစွာရှိသည့် သမုဒ္ဒရာကြီးတစ်ခုရှေ့သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ပင်လယ်ပြင်ကို ဖြတ်၍ လှမ်းကြည့်လိုက်ရာ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော တိုက်ကြီးများ လွင့်မျောနေသည်အား တွေ့လိုက်ရသည်။ ပေါ်နေတဲ့အထဲ အနောက်နွားရှင်းကျိုး တိုက်ကြီးက ဘယ်ဟာလဲ ဆိုတာ သူ မပြောနိုင်ပါဘူး။

ချန်ရှီ ၎င်းတို့အား ဖော်ထုတ်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း ဟွာရှရှန်ကျိုး မဆိုထားနှင့် အနောက်နွားရှင်းကျိုး တိုက်ကြီးကိုတောင် မတွေ့နိုင်သေးပေ။ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါဖြင့် ဖြစ်ပေါ်လာသော ဤပင်လယ်သည် လှည့်စားခြင်းမျှသာဖြစ်ပြီး လက်တွေ့ မဟုတ်သလိုပင်။

ချန်ရှီ မျက်နှာပြင်တစ်လျှောက် ဆက်လက် လမ်းလျှောက်ပြီး တိုက်ကြီးအမျိုးမျိုးကို ဖြတ်ကာ သမုဒ္ဒရာအလယ်ဗဟိုသို့ ဦးတည်သွားခဲ့သည်။ ထိုနေရာ၌ ကြီးမားသော ရောင်ခြည်တော်တစ်ခု ကောင်းကင်မှ ဆင်းသက်လာကာ ကြာပန်းပုံသဏ္ဌာန် နတ်ကွန်းတစ်ခု ဖြစ်ပေါ်လာသည်။ အရှင်မဟုတ်ထူက ထိုနေရာတွင် ရှင်ပြန်ထမြောက်လာမည့်ပုံရသည်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ချန်ရှီ နောက်ဆုံးတွင် ကြာပန်းခြေရင်းရှေ့မှ ရောင်ခြည်များ ကျဆင်းသွားသည့်နေရာကို ရောက်ရှိခဲ့သည်။ ကြာပန်းခြေခုံထက်က အလင်းရောင်အတွင်း၌ မုခ်ဦးတစ်ခု ပေါ်လာ၏။ ၎င်းက ကောင်းကင်ယံအထိ မြင့်မားသော်လည်း လူတစ်ဦးသာ ဖြတ်သန်းသွားလာနိုင်လောက်အောင် ကျဉ်းမြောင်းသည်။

ချန်ရှီ မုခ်ဦးထဲသို့ စူးစူးစိုက်စိုက် ကြည့်လိုက်ရာ ကျယ်ပြောလှသော နေရာတစ်ခုအား မြင်လိုက်ရသည်။ နန်းတော်ဝတ်စုံဝတ်ထားသော ဧကရီလို အမျိုးသမီးတစ်ဦး ရှိနေကာ သူမ၏ အင်္ကျီလက်များက ဖဲကြိုးများသဖွယ် တဖျပ်ဖျပ်ခတ်ကာ အခြားကမ္ဘာမှ ချဉ်းကပ်လာသည်။

သူမ လျှောက်ခဲ့တဲ့လမ်းက ဒီမုခ်ဦးကို ဆက်သွယ်ထားတဲ့ အလင်းရောင် တံတားတစ်ခုလိုပါပဲ။ တံတား၏ အပြင်ဘက်တွင် ပုံပျက်နေသော လျှပ်စီးများနှင့် မိုးခြိမ်းသံများ၊ ကြောက်မက်ဖွယ်ရာ အုံ့မှိုင်းနေသော အမှောင်ထုနှင့် ပြည့်နှက်နေသော အာကာသအချိန်တစ်ခုကို ခင်းကျင်းထားသည်။

ရုတ်တရက် ကြီးမားသော ပုဆိန်ကြီးသည် အမှောင်ထုထဲမှ လှည့်ပတ်သွားကာ ပေါက်ကွဲသံနှင့်အတူ အလင်းတံတားကို ထိမှန်ကာ လုံးလုံးဖြတ်တောက်ပစ်လိုက်သည်။ မုခ်ဦးနောက်မှာ တံတားလည်း ဝုန်းကနဲ ပြိုကျသွား၏။ ဧကရီသည် သူမလက်ရှည်ကို တံတား၏တစ်ဖက်စွန်းသို့ ဆက်သွယ်ကာ ၎င်းတို့ဆီသို့ ပျံသန်းလာခဲ့သည်။

ချန်ရှီ ထိတ်လန့်သွားသည်။

"တစ်ယောက်ယောက်က အရှင်မဟုတ်ထူရဲ့ ကိုယ်ပွား အနောက်နွားရှင်းကျိုး ကျွန်းကို မဆင်းသက်လာနိုင်အောင် တားဆီးဖို့ ကြိုးစားနေတာပဲ!"

All Chapters