← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း ၃၇၉ - သွေးနတ်သူငယ်၏ စစ်မှန်သောမှော်ပညာ

ဂေါ်လောခ့်ခေါင်းဆောင်သည် ယခုအချိန်ထိတိုက်ခိုက်မှုအားလုံးကို ခုခံရန်အတွက် ၎င်း၏သန်မာသောခန္ဓာကိုယ်နှင့်ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာမှီခိုအားထားခဲ့သည်။

သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် မကြာမှီတန်ပြန်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း လူတိုင်းနားလည်ကြသည်။

ဂရင်းနှင့်ဓားမြှောင်ကိုင်စစ်သည်တို့၏ တိုက်ခိုက်မှုများအားရှောင်တိမ်းပြီးနောက်တွင် ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ကြီးမားသောအမြီးကြီးဖြင့် လဲ့ညီအစ်ကိုအားတိုက်ခိုက်လိုက်သည်။ ထိုညီအစ်ကိုနှစ်ယောက်သည် ဂေါ်လောခ့်ခေါင်းဆောင်၏နောက်ကျောဘက်၌ရှိနေသောကြောင့် အမြီးဖြင့်တိုက်ခိုက်ခံရခြင်းကို မရှောင်တိမ်းနိုင်လိုက်ပေ။

ဘန်း...

တိုက်ပွဲဖြစ်ပွားရာမြေပြင်သည် ချောနေသည့်အတွက်ကြောင့် ညီအစ်ကိုနှစ်ယောက်သည် အကွာအဝေးတစ်ခုအကြာထိ လွှင့်ထွက်သွားပြီးမှ ရပ်တန့်နိုင်ခဲ့ကြသည်။

ဤအချိန်တွင် ရွှံ့နွံအိုင်အတွင်း၌ တိုက်ပွဲဖြစ်ပွားနေပြီး နေရာတိုင်းလိုလိုပင် လူသားများအတွက် လျှို့ဝှက်ထောင်ချောက်များဖြစ်ကြောင်း မှတ်သားထားရမည်ဖြစ်သည်။ အကယ်၍ ဂရုမစိုက်လှမ်းမိသောခြေလှမ်းတစ်ခုက တစ်စုံတစ်ယောက်၏အသက်ကို ဆုံးရှုံးစေမည်ဖြစ်သည်။

လဲ့ဂေါင်သည် သူ့ကိုယ်သူအရှိန်ထိန်းနိုင်လိုက်သော်လည်း သူ၏ခြေထောက်များသည် ရွှံ့နွံအတွင်းသို့အနည်းငယ်နစ်မြုပ်သွားခဲ့သည်။ သူသည် ဂေါ်လောခ့်ခေါင်းဆောင်၏တိုက်ခိုက်မှုကြောင့် အရှက်ရကာဒေါသထွက်သွားခဲ့သည်။ ထိုနတ်ဆိုးအိုကြီးသည် သူတို့အားဦးစွာပစ်မှတ်ထားခဲ့ပေသည်။

ထို့ပြင် ဂေါ်လောခ့်ခေါင်းဆောင်သည် သူတို့၏တိုက်ပွဲပုံစံများကို ရင်းနှီးသွားပြီဖြစ်ကြောင်း သူနားလည်လိုက်သည်။ ထိုဂေါ်လောခ့်ခေါင်းဆောင်သည် သူတို့နှင့်ကစားနေခြင်းသာဖြစ်သည်။

"ဒုတိယညီလေး...တကယ်တိုက်ကြရအောင်...ဒီကောင်ကငါတို့နဲ့လာကစားနေတာပဲ"

လဲ့ဂေါင်ကအော်ဟစ်လိုက်သည်။

လဲ့မူသည်လည်း ဒေါသတကြီးအော်ဟစ်လိုက်ကာ သူ၏အစ်ကိုနားသို့တိုးကပ်လာခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်လုံးသည် ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ တဖန်ပြန်ပြေးလာခဲ့ပြီး မီးတောက်များအဖြစ်သို့ ပြောင်းလဲလိုက်သည်။

ယခုတစ်ကြိမ်တွင် သူတို့သည်အစွမ်းကုန်တိုက်ခိုက်တော့မည်ဖြစ်သည်။

ထိုနှစ်ယောက်သည် ဂေါ်လောခ့်ခေါင်းဆောင်ကို အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် ထိုတိုက်ခိုက်မှုများအား တားဆီးရန်သို့မဟုတ် ရှောင်ရှားရန်အတွက် နည်းလမ်းမျိုးစုံကိုအသုံးပြုခဲ့သည်။ ထိုညီအစ်ကိုနှစ်ယောက်၏ တိုက်ခိုက်မှုစွမ်းအားသည် အလွန်အားကောင်းလှပြီး သူတို့၏တိုက်ခိုက်မှုများသာအောင်မြင်ပါက သူပင်ကြီးကြီးမားမားထိခိုက်သွားနိုင်ကြောင်း ဂေါ်လောခ့်ခေါင်းဆောင်နားလည်ပေသည်။

ဂရင်းနှင့်ဓားမြှောင်ကိုင်စစ်သည်တို့သည် အတော်လေးစိတ်ဓာတ်ကျနေခဲ့သည်။ သူတို့၏တိုက်ခိုက်မှုများသည် ဂေါ်လောခ့်ခေါင်းဆောင်ကိုထိမှန်သော်လည်း ၎င်း၏ထူထဲသောအရေပြားကြောင့် ထိုးဖောက်ဝင်ရောက်နိုင်စွမ်းမရှိပေ။ လတ်တလောအခြေအနေအရ သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်နှင့်ယှဉ်လျင် ကြွက်သေးသေးလေးများကဲ့သို့ဖြစ်နေခဲ့သည်။

ဆဌမအဆင့်သားရဲတစ်ကောင်သည် အမှန်ပင်အစွမ်းထက်သော ဖြစ်တည်မှုဖြစ်သည်။ ဂရင်း၏တိုက်ခိုက်မှုသည်တောင်မှ ၎င်းကိုထိခိုက်နာကျင်အောင် မလုပ်နိုင်ပေ။

ရှောင်ယုသည် ဂေါ်လောခ့်ခေါင်းဆောင်ကို အမှန်ပင်မနာလိုဖြစ်မိပေသည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် ဤနေရာရှိတိုက်ခိုက်သူအားလုံးထက် ပိုမိုအားကောင်းကြောင်းထင်ရှားပေသည်။ သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် သူတို့အားနှိမ်နင်းရန် အကြွင်းမဲ့စွမ်းအားကိုအားမကိုးဘဲ လူတိုင်း၏တိုက်ခိုက်မှုပုံစံနှင့်အစွမ်းများကို စောင့်ကြည့်လေ့လာခဲ့သည်။

ထို့နောက်တွင် ပြိုင်ဘက်များကိုပိတ်ဆို့ရန် သို့မဟုတ် အနိုင်ယူရန်အတွက် တန်ပြန်နည်းလမ်းများကို အသုံးပြုခဲ့သည်။ ဤဖြစ်ရပ်မှတဆင့် ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ကြမ်းတမ်းသောခွန်အားကိုမမှီခိုလိုကြောင်း ထင်ရှားပေသည်။ ဂေါ်လောခ့်ခေါင်းဆောင်၏ ဉာဏ်ရည်ညဏ်သွေးသည် ကောက်ကျစ်သောလူသားတစ်ယောက်နှင့် တူညီသောအဆင့်၌ရှိနေကြောင်း ထင်ရှားပေသည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် အမှန်ပင်ကြောက်စရာကောင်းသည့် ပြိုင်ဘက်ဖြစ်သည်။

ထိုအချိန်တွင် ဒိုင်းကိုင်စစ်သည်က အရှိန်အဟုန်ဖြင့်ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။ သူသည် အကြိမ်ကြိမ်ကြိုးစားသော်လည်း မဆုံးနိုင်သောသံသရာထဲသို့ ကျရောက်သွားပုံရသည်။

မှော်ဆရာများ၊နာဂ၊တိုင်ရန်ဒီတို့သည် မတ်တပ်ရပ်၍ မလှုပ်ရှားသေးပေ။ သူတို့သည် အခွင့်အရေးကို စောင့်မျှော်နေကြခြင်းဖြစ်သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် သူတို့အားအာရုံစိုက်ရန် ပျင်းရိနေခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ပါးစပ်ကိုဖွင့်၍ အလင်းအုပ်ဆောင်းတစ်ခုဖြင့် သူ၏ခန္ဓာကိုယ်အားဖုံးအုပ်ထားကာ မှော်တိုက်ခိုက်မှုများအား ခုခံထားပေသည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် တိုက်ပွဲစတင်ကတည်းက ပြင်းထန်သောဒဏ်ရာ တစ်စုံတစ်ခုမှမရရှိခဲ့ပေ။

"နဂါးလေး...ခုကမင်းရဲ့အလှည့်ပဲ...သွားတော့...ဒါပေမဲ့ မင်းရဲ့လုံခြုံရေးက အရေးအကြီးဆုံးဆိုတာကို သတိရပါ"

ရှောင်ယုက ပြောလိုက်သည်။ သူသည် ဤတိုက်ခိုက်မှုတွင် တပ်ဖွဲ့များကိုပိုမိုပေါင်းထည့်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဂေါ်လောခ့်ခေါင်းဆောင်သည် တန်ပြန်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။

အမှန်တော့ ရှောင်ယု၏စိတ်ထဲတွင် ကွဲပြားသည့်အစီအစဉ်တစ်ခုရှိနေခဲ့သည်။ သူ့ထံတွင် လေကြောင်းတပ်များရှိနေသော်လည်း အခြားသူများထံ၌မရှိပေ။ ဆိုလိုသည်မှာ သူသည်အခြားသူများထက် လျင်မြန်စွာထွက်ပြေးနိုင်ရန်အတွက် အကောင်းမွန်ဆုံးအခြေအနေတွင် ရှိပေသည်။ ရှောင်ယုသည် အဆိုးရွားဆုံးအခြေအနေအတွက်ပင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားပြီးဖြစ်သည်။

သူတို့အားလုံးသည် ဂေါ်လောခ့်ခေါင်းဆောင်၏စွမ်းအားကို လျော့တွက်မိခဲ့ကြသည်မှာ ထင်ရှားပေသည်။ သူတို့အားလုံးသည် ဆဌမအဆင့်ခွန်အားရှိသည့် ဂေါ်လောခ့်ခေါင်းဆောင်နှင့် ယှဉ်နိုင်ပုံမရပေ။

စစ်ပွဲချော်ရည်ခွေးသည် အာကာသမုန်တိုင်းကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့်အတွက် ရှောင်ယုသည် ၎င်း၏အကောင်းဆုံးအခြေအနေ၌ ရင်ဆိုင်ခဲ့ရခြင်းမရှိပေ။ ထို့ကြောင့်ရှောင်ယုသည် ဆဌမအဆင့်သားရဲများကို အထင်သေးမိသွားခြင်းဖြစ်သည်။

နဂါးလေးသည် ဟိန်းဟောက်၍ ပြေးထွက်သွားခဲ့သည်။ နဂါးလေးသည် သူ၏ကြီးမားသောအတောင်ပံများကို ဖြန့်ထုတ်လိုက်ကာ ဂေါ်လောခ့်ခေါင်းဆောင်ဆီသို့ အပြေးအလွှားတိုးဝင်သွားခဲ့သည်။ နဂါးလေးသည် ရှောင်ယုနောက်သို့ အချိန်အတော်ကြာအောင်လိုက်ပါလာခဲ့သည့်အတွက် အခြားသူများကိုလှည့်စားရာ၌ ကျွမ်းကျင်ခဲ့သည်။ ယခုအခါ သူသည်စတုတ္ထအဆင့်ရှိသော နဂါးတစ်ကောင်ဖြစ်ပြီး ၎င်း၏ဉာဏ်ရည်ဉာဏ်သွေးသည် အတော်လေးမြင့်မားပေသည်။

မူလက နဂါးလေးသည် ရန်သူများနှင့်ထိပ်တိုက်ရင်ဆိုင်ရသည်ကို အတော်လေးနှစ်သက်ပေသည်။ သူသည် ရန်သူ၏အင်အားကိုခန့်မှန်းရန် ဂေါ်လောခ့်ခေါင်းဆောင်နှင့် ထိပ်တိုက်တွေ့လိုခဲ့သည်။ အမှန်တော့ နဂါးတစ်ကောင်အနေဖြင့် မည်သူကပို၍သန်မာသည်ကို သေချာအောင်လုပ်ဆောင်လိုခဲ့သည်။ အဆုံးသတ်တွင် နဂါးသည်ဤတိုက်ကြီးတွင် စွမ်းအားအရှိဆုံးဖြစ်ပြီး ဂုဏ်ယူစရာကောင်းသည့်မျိုးနွယ်ဖြစ်သည်။

ဘန်း...

သားရဲနှစ်ကောင်လုံးသည် ကြယ်တံခွန်နှစ်စင်းကဲ့သို့ တိုက်မိသွားကြသည်။ ထို့နောက်ကြီးမားသည့် စွမ်းအင်လှိုင်းများသည် ဘက်ပေါင်းစုံသို့ လွှင့်ထွက်သွားခဲ့သည်။

နဂါးလေးနှင့် ဂေါ်လောခ့်ခေါင်းဆောင်နှစ်ဦးလုံးသည် ထပ်မံ၍တိုက်ခိုက်လိုက်ကြသည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် နဂါးလေးထက်အရွယ်အစားကြီးမားပေသည်။ ယခုတစ်ကြိမ်တွင် ဂေါ်လောခ့်ခေါင်းဆောင်သည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ခွာပေးလိုက်ရသော်လည်း နဂါးလေးကမူရပ်တန့်ခြင်းမရှိမှီတွင် မီတာဆယ်နှင့်ချီ၍ နောက်ဆုတ်ပေးလိုက်ရသည်။

နဂါးလေးသည် စတုတ္ထအဆင့်သားရဲတစ်ကောင်သာဖြစ်၍ ၎င်းသည်ဆဌမအဆင့် ဂေါ်လောခ့်ခေါင်းဆောင်နှင့် နှိုင်းယှဉ်လျှင် အလွန်အားနည်းနေသေးသည်။

"မင်းအမေပဲ...မင်းကဘာလို့ဒီလောက်လေးလံနေရတာလဲ"

နဂါးလေးသည် တိတ်တခိုးပြုံးလိုက်မိသည်။ သူသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း အသေးစားဒဏ်ရာများသာဖြစ်သည်။ မည်သို့ပင်ဆိုစေ ဂေါ်လောခ့်ခေါင်းဆောင်၏ ခုခံမှုနှင့်မာကျောမှုသည် သူ၏နားလည်နိုင်စွမ်းနှင့်မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ သို့သော်လည်း နဂါးလေးသည် သူရရှိထားသည့်ဒဏ်ရာများကို ဂရုမစိုက်ပေ။ ရှောင်ယုသည် နဂါးလေး၏ကိုယ်ထည်နှင့် အကြေးခွံများကိုခိုင်ခံ့စေရန်အတွက် သံနံရံများကို နေ့စဉ်တိုက်စေခဲ့သည်။ ထို့ကြောင့် အသေးစားဒဏ်ရာများက နဂါးလေးကိုမထိခိုက်စေပေ။

ထို့ပြင် ဒဏ်ရာရရှိပါက နဂါးလေး၏တိုက်ပွဲဝင်လိုစိတ်ကို လှုံဆော်ပေးနိုင်ခဲ့သည်။

"မင်းအမေပဲ...ငါ့နံချပ်ကူရဲ့စွမ်းအားကို မင်းသိအောင်ပြပေးမယ်"

နဂါးလေးသည် ဂေါ်လောခ့်ခေါင်းဆောင်ကို စော်ကားပြောဆိုနေရင်း သူ၏သိုလှောင်လက်စွပ်အတွင်းမှ နံချပ်ကူအားထုတ်ယူလိုက်သည်။

နဂါးလေးသည် ဧရာမဂေါ်လောခ့်ကို နံချပ်ကူဖြင့်တိုက်ခိုက်နေသည်ကို ဂေါ်လောခ့်ခေါင်းဆောင်ကတွေ့မြင်ဖူးသည်။ သို့သော်လည်း နံချပ်ကူအား အန္တာရယ်ရှိသောလက်နက်တစ်ခုဖြစ်သည်ဟု ဂေါ်လောခ့်ခေါင်းဆောင်ခံစားမိပြီး ၎င်းကိုအတော်လေးသတိထားနေခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် နေဝင်ချိန်နွံအိုင်မှ မထွက်ခွာခဲ့သည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။

"ကမ္ဘာကြီးကဘာဖြစ်နေတာလဲ...နဂါးတွေကဘယ်အချိန်ကစပြီးတော့ လက်နက်တွေကိုသုံးနေတာလဲ"

ဂေါ်လောခ့်ခေါင်းဆောင်က ညည်းညူလိုက်သည်။

အနီးကပ်တိုက်ပွဲဝင်ရာတွင် နံချပ်ကူသည် လက်နက်ဘုရင်ဖြစ်သည်။ ထို့ပြင် နဂါးလေးအသုံးပြုသော နံချပ်ကူ၏အရွယ်အစားကြောင့် တိုက်ခိုက်မှုမှထွက်ပေါ်လာသည့် စွမ်းအားကို စကားလုံးဖြင့်ဖော်ပြ၍မရပေ။ နဂါးလေးမှ နံချပ်ကူကိုဝှေ့ယမ်းနေချိန်တွင် ထွက်ပေါ်လာသည့်လေတိုးသံက လူအများ၏ဦးရေပြားကိုတုန်လှုပ်စေခဲ့သည်။

နံချပ်ကူသာ ထိမှန်ခံရပါက ဂေါ်လောခ့်ခေါင်းဆောင်သည် အဆင်ပြေမည်မဟုတ်ပေ။ ဂေါ်လောခ့်ခေါင်းဆောင်ကဲ့သို့ ဆဌမအဆင့်စွမ်းအားကိုပိုင်ဆိုင်သူသည်ပင် မာနမကြီးဝံ့ပေ။ အကယ်၍ သူသာထိုလက်နက်ဖြင့် တိုက်ရိုက်ထိမှန်ခံရပါက ဆိုးရွားသည့်အကျိုးဆက်ဖြင့်ရင်ဆိုင်ရမည်ကို သူသိထားပေသည်။

ထိုအချိန်၌ ဂေါ်လောခ့်ခေါင်းဆောင်၏ မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ချက်ချင်းကြီးထွားလာခဲ့ပြီး စတင်တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ၏ကြီးမားသောခြေသည်းနှစ်ခုလုံးသည် နဂါးလေး၏နံချပ်ကူကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် စတင်ရွေ့လျားလာခဲ့သည်။

သို့သော်လည်း ထိပ်တိုက်တွေ့ဆုံမှုအနည်းငယ်ပြီးနောက် ဂေါ်လောခ့်ခေါင်းဆောင်သည် ၎င်း၏ခြေသည်းများထိခိုက်နာကျင်သွားသည်ကို ခံစားလိုက်ရသည်။ သူသည်ဤသို့နာကျင်ခံစားမှုကို မခံစားရသည်မှာ နှစ်၁၀၀ကျော်ကြာပြီဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏အစွမ်းသည် နဂါးလေးထက်နှစ်ဆင့်မြင့်နေသော်လည်း နံချပ်ကူကထိုကွာဟချက်အား ပြင်ဆင်ဖြည့်စွက်ပေးနေခဲ့သည်။

ရှောင်ယုသည် ထိုတိုက်ပွဲကိုကြည့်ရင်း ဂုဏ်ယူနေမိသည်။ သူသည် နဂါးလေးအတွက် မှန်ကန်သောလမ်းစဉ်ကို စီစဉ်ပေးနိုင်ခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏အမြီးသည် တစ်ချိန်လုံးဆက်တိုက်လှုပ်ရှားနေခဲ့သည်။ ရံဖန်ရံခါတွင် သူ၏အမြီးကိုဘယ်ညာဝှေ့ယမ်းနေပြီး ခိုးဝင်တိုက်ခိုက်သူများ၏ တိုက်ခိုက်မှုများကိုကာကွယ်နေခဲ့သည်။ ဤတိုက်ပွဲသည် လူကြီးလူကောင်းများတိုက်ခိုက်နေခြင်းမဟုတ်ပေရာ နဂါးလေးနှင့်သူ၏တိုက်ပွဲကိုသာအာရုံစိုက်နေမည်မဟုတ်ပေ။ ယခုအခါ ဂေါ်လောခ့်ခေါင်းဆောင်သည် နဂါးလေးအား အာရုံစိုက်လာသည့်အချိန်တွင် အခြားသူများသည် ထိုသို့သောအခွင့်အရေးကို လက်လွတ်မခံနိုင်ကြောင်းထင်ရှားပေသည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် မှော်ဆရာများနှင့်လေးသမားများထံမှ တာဝေးပစ်တိုက်ခိုက်မှုများအား ရှောင်တိမ်းခြင်း သို့မဟုတ် ကာကွယ်ခြင်းတို့ပြုလုပ်ခဲ့သည်။ သို့သော်ရံဖန်ရံခါတွင် ၎င်းသည်သူ့ကိုယ်သူကာကွယ်ရန်အတွက် သူ၏အစွမ်းထက်သောခန္ဓာကိုယ်အား မှီခိုခဲ့ရသည်။

ကဲလ်သက်နှင့်တိုင်ရန်ဒီတို့သည် အဓိကတာဝေးပစ်စွမ်းအားဖြစ်ကြောင်း နဂါးလေးသိထားပေသည်။ ထို့ကြောင့် သူတို့၏တိကျမှုသည် အလွန်မြင့်မားပေသည်။ သူတို့၏တိုက်ခိုက်မှုများသည် မှန်ကန်သောကွာဟချက်ကို အမြဲလိုလိုရှာဖွေ၍ ဂေါ်လောခ့်ခေါင်းဆောင်ကိုသာ ထိမှန်ကြောင်းသတိပြုမိသည့်အတွက် ၎င်းတို့၏တိုက်ခိုက်မှုများက သူ့ထံကျရောက်လာမည်ကို နဂါးလေးမစိုးရိမ်ခဲ့ပေ။

သွေးနတ်သူငယ်ဘိုးဘေးရီလာသည် ဤတိုက်ပွဲအား အချိန်အတော်ကြာအောင် စောင့်ကြည့်နေခဲ့သည်။ အဆုံးသတ်တွင် သူသည် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ စတင်လှုပ်ရှားလာခဲ့သည်။ သွေးနတ်သူငယ်များသည် သူတို့၏သွေးများကို မှော်ပညာအတွင်းသို့ပေါင်းထည့်ခြင်းဖြင့် မှော်မန္တန်၏အစွမ်းကိုမြင့်တင်ပေးနိုင်သည်။ သူတို့၏ထူးခြားသော မွေးရာပါကိုယ်လုံးကိုယ်ပေါက်ကြောင့် သူတို့၏သွေးများသည်မှော်ဒြပ်စင်များကို ဆွဲငင်နိုင်ပြီး ပေါင်းစပ်နိုင်ခဲ့သည်။ အတိုချုပ်ပြောရလျှင် သူတို့သည်သူတို့၏သွေးနှင့်မျိုးဗီဇများ၌ မှော်ဒြပ်စင်ကိုပေါင်းစပ်ထားသည်ဟု ဆိုနိုင်ပေသည်။

သူတို့၏သွေးများကို မှော်ပညာနှင့်ပေါင်းစပ်ခြင်းဖြင့် သူတို့၏မန္တန်များကိုထုတ်ဖော်ရာ၌ သိသိသာသာအစွမ်းတိုးလာစေသည်။ သွေးနတ်သူငယ်များသည် ထိုကဲ့သို့သောနည်းလမ်းများကို အသုံးပြုရန်တားမြစ်ထားခဲ့သော်လည်း သွေးနတ်သူငယ်များကိုယ်တိုင်က မှန်ကန်သောလမ်းကြောင်းကိုလိုက်သော ကောင်းကင်တမန်များမဟုတ်ကြပေ။

ဤတိုက်ပွဲ၌ ဆဌမအဆင့်ဂေါ်လောခ့်ခေါင်းဆောင်ကို ရင်ဆိုင်ရန်အတွက် ရီလာသည်အဓိကစွမ်းအားဖြစ်ကြောင်း နားလည်ထားခဲ့သည်။ အစောပိုင်း၌ ဧရာမဂေါ်လောခ့်အားတိုက်ခိုက်ရာတွင် ရီလာသည် သူ၏စွမ်းအားကိုအသုံးပြုရန်တွန့်ဆုတ်နေခဲ့သည်။ ထို့ပြင် သူသည်ရန်သူအကြောင်းကိုနားလည်ရန် ထောက်လှမ်းနေ၍ မလှုပ်ရှားသေးပေ။ သူသည်တိကျပြီးအစွမ်းထက်သော တိုက်ခိုက်မှုတစ်ခုအားပြုလုပ်ရန်အတွက် ဂေါ်လောခ့်ခေါင်းဆောင်၏ အားနည်းချက်ကိုရှာဖွေလိုခဲ့သည်။

ရီလာသည် ရှေ့သို့တိုးလာခဲ့ပြီး သူ၏လက်ကိုမြှောက်၍ လေထုကိုဖြတ်တောက်လိုက်သည်။ ထို့နောက် သူ့အားဗဟိုပြု၍တစ်မိုင်ပတ်လည်အတွင်းရှိသော လေထုသည်ပုံစံပျက်ယွင်းလာခဲ့သည်။ ထို့နောက် သွေးစက်များနှင့်ဆင်တူသော အနီရောင်အမှုန်အမွှားများက ထိုနေရာ၌ထွက်ပေါ်လာခဲ့သည်။

ရှောင်ယုသည် သွေးနတ်သူငယ်ဘိုးဘေးအား အာရုံစိုက်နေခဲ့သည်။ သူသည် ရီလာ၏အစွမ်းသတ္တိကို တတ်နိုင်သမျှလေ့လာချင်ခဲ့သည်။ သူသည် အခြားသူများထက်ပို၍ နေရေတွင်း၏စွမ်းအင်ကိုအသုံးပြုသော သွေးနတ်သူငယ်များ၏စွမ်းအားကို သိရှိထားပေသည်။

ရီလာသည် မန္တန်ကိုလျင်မြန်စွာရွတ်ဆိုလိုက်ရာ သူ၏အပေါ်မှလေထုသည် နီရဲတောက်ပြောင်နေသောဘောလုံးတစ်ခုအသွင် ပေါင်းစပ်သွားခဲ့သည်။ ထိုဘောလုံးပုံသဏ္ဍာန်အား ဖွဲ့စည်းပြီးချိန်တွင် သူ၏လက်များပင်အနည်းငယ်တုန်ခါနေခဲ့သည်။ ရီလာသည် ထိုသွေးဘောလုံးအားဖန်တီးရန် စွမ်းအားများစွာလိုအပ်ကြောင်း ထင်ရှားပေသည်။

"ငါ့ရဲ့သွေးကိုအသုံးပြုပြီးတော့ သွေးဘောလုံးကိုခိုင်ခံ့စေပါ...သွေးမြှားက ကောင်းကင်ယံကိုဖြတ်ကျော်သွားပါ"

ရီလာ၏စကားများသည် ပဲ့တင်ထပ်သွားခဲ့သည်။ ထို့နောက် သွေးဘောလုံးသည် လှုပ်ခါပြီးပုံသဏ္ဍာန်ပျက်ယွင်းသွားခဲ့သည်။ ထို့နောက် ရီလာ၏လက်ချောင်းမှနေ၍ သွေးတစ်စက်ထွက်ပေါ်လာကာ မြှားပုံသဏ္ဍာန်အဖြစ်ထုလုပ်ပုံဖော်လိုက်ကာ ထိုသွေးဘောလုံးနှင့်ချိတ်ဆက်မိသွားခဲ့သည်။

"သွေးမြှား..."

ရီလာသည် ဂေါ်လောခ့်ခေါင်းဆောင်ကိုညွန်ပြရင်း အော်ဟစ်လိုက်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် လူတိုင်းအပေါ်၌အမြဲသတိရှိနေခဲ့သည်။ ရီလာသည် ဆဌမအဆင့်မှော်ဆရာတစ်ဦးဖြစ်၍ နဂါးလေးအပြင် ရီလာကိုလည်းသတိထားရမည်ဖြစ်ကြောင်း သူသိထားခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် သွေးမြှားကိုသတိထားမိသည်နှင့် ချက်ချင်းအဝေးသို့ရှောင်ပြေးခဲ့သည်။ သူသည် ခြေသည်းနှစ်ဖက်ကို ပြင်းထန်စွာဝှေ့ယမ်းကာ နံချပ်ကူကိုရိုက်ထုတ်လိုက်ပြီး သွေးမြှားကိုရှောင်တိမ်းရန်ကြိုးပမ်းခဲ့သည်။ သို့သော်လည်း သွေးမြှားသည် ဂေါ်လောခ့်ခေါင်းဆောင်မှ တည်နေရာရွေ့ပြောင်းနေသည်ကို ခံစားသိရှိနိုင်ပုံရသည်။

"ငါ့ကိုခြေရာခံနိုင်တာလား...ဒါပေမဲ့ဘယ်လိုဖြစ်ပြီး...ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

ဂေါ်လောခ့်ခေါင်းဆောင်သည် သွေးမြှား၏အန္တာရယ်ကို စတင်ခံစားလာရသည်။ ရီလာသည် ထိုသို့ခြေရာခံနိုင်စွမ်းရှိသော သွေးမြှားကိုထုတ်ဖော်ရန်အတွက် သူ့အားတစ်နည်းနည်းဖြင့်ထိတွေ့ရမည်ဖြစ်ကြောင်း ဂေါ်လောခ့်ခေါင်းဆောင်နားလည်ပေသည်။ သို့သော်လည်း သူနှင့်ရီလာသည်မည်သည့်အခါကမှ အဆက်အဆံမရှိခဲ့ပေ။ ရီလာသည် ထိုသွေးမြှားအား အဝေးမှနေ၍ထိန်းချုပ်နိုင်သည်ကို ဂေါ်လောခ့်ခေါင်းဆောင်မသိခဲ့ပေ။

ရန်သူသည် ရီလာ၏အမြင်အာရုံအတွင်းရှိနေသရွေ့ သွေးမြှား၏လမ်းကြောင်းကို အလိုရှိသလိုပြောင်းလဲနိုင်ပေသည်။ ထိုအစွမ်းသည် သွေးနတ်သူငယ်မျိုးနွယ်တွင်မူ အနည်းငယ်သာရှိသော ထူးခြားသည့်အစွမ်းတစ်မျိုးဖြစ်သည်။ဤတိုက်ခိုက်မှု့အား ရှောင်တိမ်းနိုင်မယ့်နည်းလမ်းများမှာ ရီလာမမြင်တွေ့နိုင်အောင်ပုန်းအောင်းရန် သို့မဟုတ် သွေးမြှားကိုဖျက်ဆီးပစ်ရန်ဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် မတူညီသောနေရာ၃ခုတိတိ ပြောင်းရွေ့ထွက်ပြေးခဲ့သော်လည်း သွေးမြှား၏ခြေရာခံနိုင်စွမ်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။ အဆုံးသတ်တွင် နဂါးလေးကလည်းသူ့နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာရာ သူသည်နှစ်ဖက်လုံးအားရှောင်တိမ်းနိုင်စွမ်းမရှိတော့ပေ။

သွေးမြှားရွေ့လျားရာ ဟင်းလင်းပြင်လေထုသည် အလိုအလျှောက် တုန်ခါသွားလေ့ရှိသည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ပါးစပ်ကိုဖွင့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အားဖုံးအုပ်ရန် အလင်းအုပ်ဆောင်းကိုဖန်တီးလိုက်သည်။ ထိုနောက် အလင်းအုပ်ဆောင်း၏ခုခံမှုကို အမြင့်ဆုံးထိတင်ထားလိုက်သည်။

ဗုံး...ဘန်း...

ကျယ်လောင်သော ပေါက်ကွဲမှုဖြစ်ပွားလာခဲ့ပြီးနောက် လူတိုင်းသည် နောက်ဆုံးရလဒ်ကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြသည်။ ဤအရာသည် ဆဌမအဆင့်ကျွမ်းကျင်သူနှစ်ဦး ထိပ်တိုက်တွေ့မိသောပထမဆုံးအကြိမ်ဖြစ်သည်။

ခဏအကြာတွင် ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသည့် အမှုန်အမွှားများ ငြိမ်သက်သွားခဲ့သည်။ ယခုအခါတွင် ဂေါ်လောခ့်ခေါင်းဆောင်၏ရင်ဘတ်၌ နက်ရှိုင်းသောဒဏ်ရာတစ်ခုကို လူတိုင်းတွေ့မြင်နိုင်ပေသည်။

"သတ်ကြ..."

လူတိုင်းက အထိတ်တလန့်အော်ဟစ်လိုက်ကြသည်။ သူတို့သည် တင်းမာသောအခြေအနေကို အချိန်အတော်ကြာခံစားခဲ့ရပြီးနောက် ဂေါ်လောခ့်ခေါင်းဆောင်သည် ဒဏ်ရာရရှိသွားပြီဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ရီလာကိုအေးစက်စွာစိုက်ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် တန်ပြန်တိုက်ခိုက်ရန်အတွက် အလျင်လိုနေခြင်းမရှိပေ။

အခန်း ၃၈၀ - သွေးခြင်္သေ့ရုပ်ပုံလွှာ

တိုက်....တိုက်ကြ

လူတိုင်းသည် စိတ်ဓာတ်တက်ကြွနေကြသော်လည်း ရီလာသည် လက်ရှိအခြေအနေအားမနှစ်သက်ပေ။ တတိယအကြိမ်တိုက်ခိုက်ပါက ဂေါ်လောခ့်ခေါင်းဆောင်သည် လွယ်ကူသောပစ်မှတ်မဖြစ်နိုင်တော့မည်ကို ရီလာနားလည်ခဲ့သည်။ ထို့ပြင် သူသည်ခွန်အားများစွာကို အသုံးပြုထားခဲ့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် သေစေနိုင်လောက်အောင် ပြင်းထန်သည့်ဒဏ်ရာမရရှိခဲ့၍ ရန်သူသည်အလွန်စွမ်းအားကြီးကြောင်းသိသာပေသည်။

ရီလာသည် နေရေတွင်းကြောင့် မှော်စွမ်းအင်ထောက်ပံ့မှုအား စဉ်ဆက်မပြတ်ရရှိနေချိန်တွင် နဂါးတစ်ကောင်ကိုပင်ကြောက်ရွံ့ခြင်းမရှိပေ။ သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် သူ့ရှေ့တွင်ရပ်နေသော တောင်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်မှုဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် လွန်ကဲသောခုခံမှု၊တိုက်ခိုက်ရေးစွမ်းအားနှင့်မြင့်မားသောညဏ်ရည်ညဏ်သွေးတို့ဖြင့် ပေါင်းစပ်ထားသောသက်ရှိဖြစ်သည်။ အကယ်၍ သူတို့၃ဖွဲ့သာလက်တွေ့လုပ်ဆောင်ခြင်းမရှိပါက မည်သည့်အဖွဲ့မဆို ဂေါ်လောခ့်ခေါင်းဆောင်၏ အစာအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။

နီကိုးလပ်စ်သည် ထိုကဲ့သို့ရန်သူနှင့်တွေ့ဆုံရန် ကြိုတင်မျှော်လင့်ထားသည့်အတွက်ကြောင့် အခြားသောအဖွဲ့၂ခုနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသို့အစွမ်းထက်သောရန်သူသည် သူ၏မျှော်လင့်ချက်ထဲ၌မရှိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ဂေါ်လောခ့်ခေါင်းဆောင်ဒဏ်ရာရရှိသွားခြင်းက အခြားသူများကိုစိတ်ဓာတ်အနည်းငယ် တက်ကြွစေခဲ့သည်။ ယခုအချိန်တွင် လူတိုင်းသာလုံလုံလောက်လောက် ကြိုးပမ်းဆောင်ရွက်ခဲ့မည်ဆိုပါက ဂေါ်လောခ့်ခေါင်းဆောင်ကို ပြင်းထန်စွာဒဏ်ရာရရှိစေကာ သတ်ဖြတ်နိုင်ကြောင်း သူတို့ယုံကြည်လာခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင် ဒဏ်ရာရရှိသွားသည်ကိုမြင်သောအခါ နဂါးလေးသည် အခွင့်အရေးအားလက်လွှတ်ခံမည်မဟုတ်ပေ။ သူသည် နံချပ်ကူအားအဆက်မပြတ်ဝှေ့ယမ်းပြီး ဂေါ်လောခ့်ခေါင်းဆောင်ထံပြေးဝင်သွားခဲ့သည်။ နဂါးလေးသည် နံချပ်ကူအားအဆက်မပြတ်အသုံးပြုနေခြင်းကြောင့် ၎င်း၏ကျွမ်းကျင်မှုသည်များစွာတိုးလာခဲ့သည်။ ရှောင်ယုသည် နဂါးလေးအား ဘရုစလီဟုပင်အမည်ပေးချင်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဂေါ်လောခ့်ခေါင်းဆောင်သည် နဂါးလေးက သူ့ထံပြေးဝင်လာသည်ကိုမြင်သောအခါ ဒေါသပေါက်ကွဲသွားခဲ့သည်။

"နဂါးလေး...မင်းအဖေကဒီလောက်လွယ်လွယ်နဲ့ အနိုင်ကျင့်ခံလိမ့်မယ်လို့ မင်းထင်နေတာလား"

ရီလာ၏မှော်တိုက်ခိုက်မှုကြောင့် သူဆိုးဆိုးရွားရွားဒဏ်ရာရရှိစေခဲ့ပြီး သူ့အားဒေါသပေါက်ကွဲစေခဲ့သည်။ ဆဌမအဆင့်စွမ်းအားရှင်တစ်ယောက်အနေဖြင့် ဂေါ်လောခ့်ခေါင်းဆောင်သည် ပုရွက်ဆိတ်များမှမစော်ကားနိုင်သော ကိုယ်ပိုင်ဂုဏ်သိက္ခာကိုချုပ်ကိုင်ထားသည်။ ကိုယ်ပိုင်ခွန်အားသည် လူသားများနှင့်သားရဲများအကြား အမျိုးအစားများခွဲခြားထားသည့် စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။

နဂါးတို့သည် ကြီးမားသောစွမ်းအားနှင့်သန်မာသောခန္ဓာကိုယ်ကြောင့် ဂုဏ်ယူသရာမျိုးနွယ်ဖြစ်ခဲ့သည်။ တစ်ဖက်တွင် ဂေါ်လောခ့်ခေါင်းဆောင်သည် နေဝင်ချိန်နွံအိုင်၌အချိန်အတော်ကြာနေထိုင်ခဲ့ပြီး မပြိုလဲနိုင်သောစွမ်းအားကိုပိုင်ဆိုင်သူဖြစ်သည်။ ထိုစွမ်းအားကို နွံအိုင်အတွင်း၌မည်သူမှမနိုးဆော်ဝံ့ခဲ့သော်လည်း ယခုအခါ ပုရွက်ဆိတ်အချို့ကြောင့် သူဒဏ်ရာရသွားခဲ့ပြီဖြစ်သည်။

ထို့နောက် အစိမ်းရောင်ဖျော့ဖျော့အလင်းရောင်က သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံလာသည်နှင့်အမျှ ဂေါ်လောခ့်ခေါင်းဆောင်၏အကြည့်များသည် တဖြည်းဖြည်းကျည်းမြောင်းလာခဲ့သည်။

"ဟားဟား...သူစိတ်ဆိုးနေပြီပေါ့...ငါ့ရဲ့နံချပ်ကူကိုမြည်းကြည့်လိုက်"

နဂါးလေးသည် ဂေါ်လောခ့်ခေါင်းဆောင်ကို လှုံဆော်ရန်စရန် ကြိုးပမ်းခဲ့သည်။ နံချပ်ကူ၏အဓိကရည်ရွယ်ချက်မှာ ရန်သူကိုဒဏ်ရာပြင်းထန်စွာရရှိစေရန်ဖြစ်၍ နဂါးလေးသည် ဂေါ်လောခ့်ခေါင်းဆောင်၏ရင်ဘတ်ကို ဦးတည်တိုက်ခိုက်ခဲ့သည်။ သို့သော် ဂေါ်လောခ့်ခေါင်းဆောင်၏ ပြန်လည်ကုသနှုန်းသည် အလွန်ပင်အံ့မခန်းဖြစ်သည်။

နံချပ်ကူသည် ဒဏ်ရာရနေသောရင်ဘတ်ဆီသို့ ဦးတည်လာခဲ့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်သည် နဂါးလေး၏အမြင်အာရုံမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ နောက်အခိုက်အတန့်တွင် ဂေါ်လောခ့်ခေါင်းဆောင်သည် နဂါးလေး၏နံဘေး၌ထွက်ပေါ်လာခဲ့ပြီး သူ၏ခြေသည်းများဖြင့် နဂါးလေးကိုတိုက်ခိုက်လိုက်သည်။ နဂါးလေးသည် ဤအခြေအနေအားလုံးဝမျှော်လင့်ထားခြင်းမရှိပေ။ ဂေါ်လောခ့်ခေါင်းဆောင်သည် ဤမျှမြန်ဆန်စွာလုပ်ဆောင်လိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။

နဂါးလေးသည် အလွန်ငယ်ရွယ်သေးပြီး အတွေ့အကြုံမကြွယ်ဝပေ။ ထို့ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် သူ့ထက်အနည်းငယ်သာသန်မာသည်ဟု မှတ်ယူခဲ့သည်။

ဘန်း...

နဂါးလေး၏ခန္ဓာကိုယ်သည် အဝေးသို့လွှင့်ထွက်သွားခဲ့သည်။ ထို့နောက် နဂါးလေးသည်သူ၏ခန္ဓာကိုယ်အား ဟန်ချက်ညီစေရန်အတွက် သူ၏ခြေထောက်နှစ်ဖက်ကိုအသုံးပြုကာ မြေပြင်ပေါ်မှနေ၍ ကြိုးစားရုန်းကန်ကာ အရှိန်ထိန်းနိုင်လိုက်သည်။

နဂါးလေးသည် ဒေါသတကြီးဟိန်းဟောက်လိုက်သည် ရှေ့သို့ပြေးဝင်ရန် အသင့်ပြင်လိုက်သည်။

"နဂါးလေး...ဒေါသမထွက်နဲ့ မင်းကသူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး...ငါဘာပြောခဲ့လဲဆိုတာမေ့သွားပြီလား...မင်းရဲ့ဘေးကင်းရေးကပထမပဲ...မင်းရဲ့စိတ်ခံစားချက်အတိုင်းလုပ်နေရင် ကျရှုံးလိမ့်မယ်"

ရှောင်ယုက အလျင်အမြန်အော်ဟစ်လိုက်သည်။ နဂါးလေးသာ ဒေါသထွက်သွားပါက ဘာဆက်လုပ်မည်ကိုနတ်ဘုရားများကသာ သိပေလိမ့်မည်။

နဂါးလေးသာ ဒေါသတကြီးဖြင့် ဂေါ်လောခ့်ခေါင်းဆောင်ထံပြေးဝင်သွားပါက ဂေါ်လောခ့်ခေါင်းဆောင်သည် အခွင့်အရေးအားဆုပ်ကိုင်ကာ နဂါးလေးအားသတ်ဖြတ်နိုင်ပေသည်။ အဆုံးသတ်တွင် ဂေါ်လောခ့်ခေါင်းဆောင်သည် နဂါးလေးထက်များစွာပိုအားကြီးပေသည်။

နဂါးလေးသည် ရပ်တန့်ရန်ဆန္ဒမရှိပေ။ နဂါးများသည် မြင့်မြတ်သောတည်ရှိမှုများဖြစ်ကာ ရန်သူ၏ရန်စမှုကို မည်သို့သည်းခံနိုင်မည်နည်း။ သို့သော်လည်း ရှောင်ယုနှင့်ကာလကြာရှည်နေထိုင်ပြီးနောက်တွင် ရှောင်ယု၏ရေရှည်လွှမ်းမိုးမှုကြောင့် မျက်နှာအရေထူလာခဲ့သည်။ ရှောင်ယုက မျက်နှာကိုထိန်းသိမ်းခြင်း(အရှက်သိက္ခာ)ကိုထိန်းသိမ်းခြင်းသည် အသုံးမဝင်ဆုံးအရာဖြစ်ကြောင်း အမြဲသွန်သင်လေ့ရှိသည်။

နဂါးလေးသည် နံချပ်ကူကိုအဆက်မပြတ်ကစားနေရင်း ဘေးမှနေ၍ ဂေါ်လောခ့်ခေါင်းဆောင်ကိုတိုက်ခိုက်ရန်အတွက် နောက်ထပ်အခွင့်အရေးကို စောင့်မျှော်နေခဲ့သည်။

ရှောင်ယုသည် နဂါးလေး၏တုံ့ပြန်မှုကိုမြင်သောအခါ ခေါင်းညိတ်ပြလိုက်သည်။ သူသည် တိုက်ပွဲတိုးတက်မှုကို စစ်ဆေးရန်အတွက် ပင်မဧရိယာဘက်သို့လှည့်ကြည့်လိုက်သည်။ သူ၏တိုက်ခိုက်ရေးသမားအများစုသည် တာဝေးပစ်တိုက်ခိုက်သူများဖြစ်၍ ဂရင်းသည်သာရှေ့၌ရှိနေခဲ့သည်။

အခြားသူများကလည်း နဂါးတစ်ကောင်သည်တောင်မှ ဂေါ်လောခ့်ခေါင်းဆောင်ထံတွင် အလွယ်တကူရိုက်နှက်ခံလိုက်ရသည်ကို မြင်သောအခါတွင် ပိုမို၍သတိထားပြုမူလာခဲ့သည်။

"ဂရင်း...ငါ့အတွက်လက်စားချေပေး...သူ့ဖင်ကိုကန်ထုတ်လိုက်"

နဂါးလေးက အော်ဟစ်လိုက်သည်။

ဂရင်းသည် ဂေါ်လောခ့်ခေါင်းဆောင်ကို တိုက်ခိုက်ရန်အတွက် ဓားမြှောင်ကိုင်စစ်သည်နှင့်ပူးပေါင်းလိုက်ကာ နဂါးလေးကိုလျစ်လျူရှုလိုက်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် နဂါးလေးက တိုက်ခိုက်တော့မည်မဟုတ်ကြောင်း တွေ့မြင်လိုက်၍ ရီလာကိုအာရုံစိုက်လိုက်သည်။ အမှန်တော့ ယခုအချိန်၍ရီလာသည် စစ်မြေပြင်၌သူနှင့်တန်းတူတိုက်ခိုက်နိုင်စွမ်းရှိသော တစ်ဦးတည်းသောသူဖြစ်သည်။ တိုင်ရန်ဒီ၊ကဲလ်သက်နှင့်အခြားပဥ္စမအဆင့်မှော်ဆရာများ၏ တိုက်ခိုက်မှုများက အထိုက်အလျောက်အားကောင်းသော်လည်း ရီလာသည်သူ၏အသက်ကို ပိုမိုကြီးမားစွာခြိမ်းခြောက်နိုင်သည့်အတွက်ကြောင့် သူတို့အားနောက်မှကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။

ထို့ပြင် ဂေါ်လောခ့်ခေါင်းဆောင်သည် လူသားမှော်ဆရာများကို အမြဲသတိထားနေခဲ့သည်။ လူသားမှော်ဆရာများသည် ကြောက်မက်ဖွယ်ကောင်းပြီး ၎င်းတို့အများစုတွင် ကိုယ်နှင့်မကွာဆောင်ထားသည့် အစွမ်းထက်ရတနာများရှိနေကြောင်း သတိပြုသင့်ပေသည်။ ထို့ပြင် နီကိုးလပ်စ်၏မျက်နှာပေါ်ရှိ မကြောက်မရွံ့သောအမူအရာကြောင့် ထိုကောင်လေးထံတွင် သူ၏အသက်အန္တာရယ်ကိုခြိမ်းခြောက်နိုင်သော ဝှက်ဖဲတစ်ခုရှိနေလိမ့်မည်ဟု ဂေါ်လောခ့်ခေါင်းဆောင်က ထင်မြင်နေခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် အချိန်ကြာမြင့်စွာရှင်သန်နေထိုင်လာခဲ့၍ ခွန်အားကြီးမားရုံသာမက ညဏ်ရည်ညဏ်သွေးလည်း ထက်မြက်မှုရှိနိုင်ကြောင်း မှတ်သားထားရမည်ဖြစ်သည်။

ထိုအချိန်၌ ဂေါ်လောခ့်ခေါင်းဆောင်၏မျက်နှာပေါ်၌ အပြုံးတစ်ခုထွက်ပေါ်လာပြီး ရီလာထံသို့ အရှိန်အဟုန်ဖြင့် လျင်မြန်စွာရွေ့လျားလိုက်သည်။ လက်ရှိအချိန်တွင် နဂါးလေးမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့အားမတားဆီးနိုင်ပေ။ ဒိုင်းကိုင်စစ်သည်တော်သည် ဂေါ်လောခ့်ခေါင်းဆောင်ကိုပိတ်ဆို့ရန် ပြေးဝင်လာသော်လည်း ၎င်းကိုမထိနိုင်ခဲ့ပေ။ ဂေါ်လောခ့်ခေါင်းဆောင်သည် သူ့အနားသို့ရောက်လာသည့်အခိုက်အတန့်တွင် ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်ကို သတိထားမိလိုက်သည်။

ဒိုင်းကိုင်စစ်သည်တော်သည် ဂေါ်လောခ့်ခေါင်းဆောင်က သူ့အနားမှဖြတ်သွားသည့်အခိုက်အတန့်တွင် ရီလာနှင့်ပေ၅၀-၆၀အကွာသို့ပင် ရောက်ရှိနေကြောင်းတွေ့လိုက်ရသည်။ သွေးနတ်သူငယ်ဘိုးဘေးသည် ဂေါ်လောခ့်ခေါင်းဆောင်က လှုပ်ရှားနေသည်ကိုမြင်သောအခါ မှော်မန္တန်အား အလျင်အမြန်ရွတ်ဆိုလိုက်သည်။ ရီလာသည် သူ၏ရင်ဘတ်ပေါ်သို့လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက်တွင် ခြင်္သေ့နှင့်တူသောသားရဲတစ်ကောင်၏ပုံရိပ်သည် ရီလာ၏ခန္ဓာကိုယ်၌ဖြစ်တည်လာခဲ့သည်။

ခြင်္သေ့ပုံရိပ်သည် အပြည့်အဝမဖွဲ့စည်းရသေးသော်လည်း ဂေါ်လောခ့်ခေါင်းဆောင်ကိုကြည့်ရင်း ဟိန်းဟောက်လိုက်သည်။ မည်သို့ပင်ဆိုစေ နောက်ခဏအကြာတွင် သူ၏တိုက်ခိုက်မှုသည် ရီလာကိုဒဏ်ရာအပြင်းအထန်ရရှိစေမည် သို့မဟုတ် သတ်ဖြတ်နိုင်မည်ဟု ဂေါ်လောခ့်ခေါင်းဆောင်က အခိုင်အမာယုံကြည်ထားခဲ့သည်။

၁ပေအကွာ ...

ထိုအချိန်၌ သွေးခြင်္သေ့က ရီလာ၏ရှေ့မှောက်သို့ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်ရီလာသည် သူ၏လက်ချောင်းမှနေ၍ သွေးနှစ်စက်ကိုထုတ်ယူကာ ခြင်္သေ့၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်သည်။ ထိုအခါ သွေးခြင်္သေ့သည်မှော်ဆန်သောပုံရိပ်ယောင်အဖြစ်မှ အစစ်အမှန်သားရဲဖြင့်ပိုတူလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂေါ်လောခ့်ခေါင်းဆောင်၏ ကြီးမားသောခြေသည်းကြီးသည် လေထုကိုထိုးခွဲ၍ သွေးနတ်သူငယ်ဘိုးဘေးအား တစ်ချက်တည်းဖြင့်သတ်ဖြတ်ရန်ကြိုးပမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် ရီလာ၏လက်များသည်ပိုမိုမြန်ဆန်လာပြီး ဖွဲ့စည်းပုံကလည်းပိုမိုတည်ငြိမ်လာခဲ့သည်။ ထိုအချိန်၌ ရီလာသည်တစ်ချက်အော်ဟစ်လိုက်ရာ သွေးခြင်္သေ့၏အရွယ်အစားသည် ချက်ချင်းကြီးမားလာပြီး ဂေါ်လောခ့်ခေါင်းဆောင်နှင့်တူညီသောအဆင့်သို့ ရောက်ရှိလာခဲ့သည်။

အားဂီးး...

သွေးခြင်္သေ့၏ဟိန်းဟောက်သံသည် ကောင်းကင်ကိုပင်လှုပ်ခါစေခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ရှေ့မှောက်၌ အရွယ်အစားကြီးမားသော သွေးခြင်္သေ့ကြီးတစ်ကောင်ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။ ထို့ကြောင့် နောက်ဆုံးအခိုက်အတန့်လေးတွင် ရီလာအား အသားပြားအဖြစ်ပြောင်းလဲမယ့် သူ၏အစီအစဉ်သည်ပြိုကွဲသွားခဲ့သည်။

သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏တိုက်ခိုက်မှုကိုဆက်လက်လုပ်ဆောင်ခဲ့သည်။ သူသည် သွေးခြင်္သေ့ကိုဖျက်ဆီးမယ့်အစား ၎င်း၏ကြီးမားသောလက်သည်များကို တိုက်ခိုက်ရာ၌အသုံးပြုခဲ့သည်။ ထို့နောက် အလင်းဘောလုံးတစ်ခုက သူ၏ပါးစပ်မှထွက်ပေါ်လာကာ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားခဲ့သည်။

သွေးခြင်္သေ့သည် ဂေါ်လောခ့်ခေါင်းဆောင်၏တိုက်ခိုက်မှုကို ဂရုမစိုက်ဘဲ ရန်သူ၏တိုက်ခိုက်မှုအား ရှေ့ဆုံးမှနေ၍ခုခံပေးလိုက်သည်။

ဆင့်ခေါ်သားရဲတစ်ကောင်သည် စွမ်းအားကြီးမားသောဖြစ်တည်မှုတစ်ခုကဲ့သို့ သူ့အားကိုယ်တိုင်တိုက်ခိုက်လာ၍ ဂေါ်လောခ့်ခေါင်းဆောင်က အံ့အားသင့်သွားခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏ လက်သည်းများသည် သွေးခြင်္သေ့၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ကာ သားရဲကိုဖမ်းဆွဲထားလိုက်သည်။

သွေးခြင်္သေ့သည် အလွန်ကြီးမားသော်လည်း အလေးချိန်မစီးပေ။ သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်ကိုတိုက်ခိုက်ရန်အတွက် ၎င်း၏ရှေ့ခြေသည်းများနှင့်နောက်ခြေထောက်များကို အသုံးပြုနေဆဲဖြစ်သည်။ ထို့ပြင် ရီလာကိုယ်တိုင်က သွေးခြင်္သေ့အားထိန်းချုပ်နေခဲ့သည်။

ဂါး...

ဂေါ်လောခ့်ခေါင်းဆောင်သည် နာကျင်စွာဟိန်းဟောက်၍ သွေးခြင်္သေ့အားလွတ်ပေးလိုက်ရသည်။ သွေးခြင်္သေ့၏တိုက်ခိုက်မှုများသည် ဒဏ်ရာရရှိနေဆဲဖြစ်သော ၎င်း၏ရင်ဘတ်ပေါ်သို့ဦးတည်ကျရောက်ခဲ့သည်။ ထို့ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် သွေးခြင်္သေ့အားမဖမ်းဆုပ်နိုင်ဘဲ ပြန်ဆုတ်ပေးလိုက်ရသည်။

သွေးခြင်္သေ့၏ခန္ဓာကိုယ်အား မှော်စွမ်းအင်ဖြင့်ထုလုပ်ထားသည့်အတွက် ဂေါ်လောခ့်ခေါင်းဆောင်၏တိုက်ခိုက်မှုအပြီးတွင် ၎င်း၏အရွယ်အစားသည် အနည်းငယ်လျော့ကျသွားခဲ့သည်။ သို့သော်လည်း ၎င်းသည်ရီလာ၏ရှေ့တွင်ရပ်နေသေးကာ ဂေါ်လောခ့်ခေါင်းဆောင်၏တိုက်ခိုက်မှုမှ ရီလာကိုကာကွယ်ပေးနေခဲ့သည်။ အကယ်၍ ဂေါ်လောခ့်ခေါင်းဆောင်က ထပ်မံတိုက်ခိုက်လာပါက သွေးခြင်္သေ့ကဆက်လက်ခုခံသွားမည်ဖြစ်သည်။

လူတိုင်းသည် နောက်တစ်ကြိမ်စိတ်ဓာတ်တက်ကြွလာခဲ့သည်။သို့သော် ရီလာ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်နေသည်ကို မည်သူမှမတွေ့မြင်သေးကြပေ။ သွေးခြင်္သေ့အားထုတ်ဖော်ရခြင်းသည် သူ့အားလွန်စွာမှထိခိုက်စေခဲ့သည်။ သွေးခြင်္သေ့အားထုတ်ဖော်ရန်အတွက် သူသည်သူ့အတွက်အလွန်အရေးကြီးသော သွေးနှစ်စက်ကိုအသုံးပြုခဲ့ရသည်။ ထိုသွေးများကို ပြန်လည်ဖြည့်တင်းရန်အတွက် အချိန်အတော်ကြာမည်ဖြစ်သလို သူသည်တိုက်ပွဲအတွင်း၌ သွေးစက်များကိုအကန့်အသတ်မဲ့ မထုတ်ဖော်နိုင်ပေ။

"စိတ်ဝင်စားစရာပဲ...အနာဂတ်မှာရီလာကို ပိုပြီးတော့အာရုံစိုက်ရမယ်ထင်တယ်"

ရှောင်ယုကညည်းညူလိုက်သည်။ သူသည် အနာဂတ်တွင်နီကိုးလပ်စ်အား ရန်သူအဖြစ်ရင်ဆိုင်ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် တိုက်ပွဲအားစောင့်ကြည့်နေခြင်းဖြင့် သူသည်နီကိုးလပ်စ်၏ခွန်အားကို နားလည်နိုင်မည်ဖြစ်သည်။ အမှန်တော့ အရာရာတိုင်းသည် သူ၏အကျိုးအတွက်ဖြစ်သည်။

ရီလာသည် ဂေါ်လောခ့်ခေါင်းဆောင်၏ပြိုင်ဘက်ဖြစ်ပုံမရသော်လည်း ယခုအချိန်တွင်ရီလာသည် ဂေါ်လောခ့်ခေါင်းဆောင်နှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော တစ်ဦးတည်းသောသူဖြစ်သည်။ အခြားလူတိုင်းသည် ဂေါ်လောခ့်ခေါင်းဆောင်အတွက် ပုရွက်ဆိတ်တစ်ကောင်လိုပင်ဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ရီလာ၏လက်ချက်ကြောင့် တဖန်ပြန်လည်နောက်ဆုတ်ခဲ့ရပြီးနောက် ၎င်းကိုပိုမိုဒေါသထွက်စေခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည်ခေတ္တငြိမ်သက်သွားခဲ့ရပြီး နောက်ထပ်တစ်ကြိမ်တွင် ထပ်မံတိုက်ခိုက်ရန်ပြင်ဆင်နေခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏အမြင်အရ ဤလူသားများအားလုံးသည် ပုရွက်ဆိတ်များသဖွယ် အားနည်းသောဖြစ်တည်မှုများဖြစ်သည်။ သို့သော် ထိုအားနည်းသည့်ပုရွက်ဆိတ်များ ပေါင်းစည်းလိုက်သည့်အခိုက်အတန့်တွင် သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်အား ခြိမ်းခြောက်နိုင်သည့်ဖြစ်တည်မှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် ထိုအကြောင်းကိုနားလည်လိုက်သော်လည်း သူ့ထံ၌ဝှက်ဖဲများစွာရှိမနေခဲ့ပေ။

အခန်း ၃၈၁ - ပြင်းထန်စွာဒဏ်ရာရရှိခြင်း

"ကောင်းတယ်...ကောင်းတယ်...ဆဌမအဆင့်မှော်ဆရာလည်းဖြစ်သလို ရှားပါးတဲ့နတ်သူငယ်မှော်ဆရာတစ်ယောက်က ငါ့ရဲ့တိုက်ခိုက်မှုကိုရှောင်တိမ်းနိုင်သလို ငါ့ကိုလည်းဒဏ်ရာရစေခဲ့တယ်...မင်းကပထမဆုံးပဲ"

ဂေါ်လောခ့်ခေါင်းဆောင်က အေးစက်သောလေသံဖြင့်ပြောလိုက်သည်။

"ဟမ့်...ဒီနေရာမှာ မင်းကိုနာကျင်အောင်လုပ်နိုင်တဲ့သူတွေ အများကြီးရှိနေတယ်...မင်းကရေတွင်းထဲကဖားတစ်ကောင်ပဲ"

ရီလာကအေးစက်စွာပြန်ပြောလိုက်သော်လည်း သူသည်သိပ်ပြီးအဆင်ပြေနေခြင်းမရှိပေ။

အစွမ်းထက်သော မှော်ပညာကိုအသုံးပြုချိန်တွင် "မှော်ဒြပ်စင်များကိုပြောင်းပြန်လှန်ခြင်း"ကြောင့် သူသည်ပြင်းထန်သောတန်ပြန်မှုကိုခံစားရပေသည်။ ဤသည်မှာ နေရေတွင်းမှရရှိသော အဆုံးမရှိသည့်မှော်စွမ်းအင်ကို အသုံးပြုခြင်း၏ရလဒ်ဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် စကားပြန်မပြောဘဲ ရီလာကိုသာ ဒေါသတကြီးစိုက်ကြည့်နေခဲ့သည်။ ယခုအချိန်၌ သူဘာတွေးနေသည်ကို မည်သူမှမသိကြပေ။

ရီလာ၏မျက်လုံးများသည် အနည်းငယ်ကျည်းမြောင်းသွားခဲ့ပြီး အခြေအနေတစ်ရပ်လုံးကို အချိန်အတော်ကြာအောင် အကဲခတ်လိုက်သည်။

"မင်းကအချိန်ဆွဲချင်နေတယ်ဆိုမှတော့ ငါကအရင်ဆုံးစရမှာပေါ့"

ရီလာ၏စကားအဆုံးတွင် မှော်မန္တန်တစ်ခုအား စတင်ရွတ်ဆိုလိုက်သည်။ ရီလာသည် သူ၏လက်နှစ်ဖက်ကို လျင်မြန်စွာဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိမှော်စွမ်းအင်များ လှုပ်ရှားလာခဲ့သည်။ သူ့ရှေ့မှ သွေးခြင်္သေ့ကြီးကလည်း ရုတ်တရက်ဟိန်းဟောက်လိုက်သည်။

"ဟမ့်...မင်းဘက်ကအရင်ဆုံးစတိုက်ရင်တောင် ဒါကအသုံးမဝင်ဘူး"

ဂေါ်လောခ့်ခေါင်းဆောင်သည် ရီလာ၏ရှေ့တွင်ရှိသော သွေးခြင်္သေ့ကို တည်ငြိမ်စွာစိုက်ကြည့်နေသော်လည်း အလျင်စလိုတိုက်ခိုက်ခြင်းမရှိပေ။

"ကံမကောင်းတာက ငါတစ်ယောက်တည်းတိုက်ခိုက်မှာမဟုတ်ဘူး"

ရီလာသည် နှာခေါင်းရှုံ့လိုက်ပြီးနောက် အခြားသူများကို ဂေါ်လောခ့်ခေါင်းဆောင်အား မြှားဖြင့်စပစ်ရန် အချက်ပြလိုက်သည်။ ထိုအချိန်တွင် မြှားများကနေရာပေါင်းစုံမှနေ၍ တိုးဝင်လာခဲ့သည်။ လက်ရှိတိုက်ပွဲအခြေအနေအား ရီလာကလုံးဝလွှမ်းမိုးထားခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ရှောင်တိမ်းလိုသော်လည်း သူ၏လက်ချောင်းလေးတစ်ခုကိုပင် လှုပ်ရှားနိုင်စွမ်းမရှိကြောင်း တွေ့လိုက်ရသည်။

မှော်အကျဉ်းထောင်...

ဤမှော်မန္တန်အသက်ဝင်လာသည့်အချိန်တွင် ရီလာသည် သူထိန်းချုပ်ထားသော သွေးခြင်္သေ့ကို ချက်ချင်းတိုက်ခိုက်ရန် ခိုင်းစေလိုက်သည်။ အစောပိုင်းကတည်းက ဂေါ်လောခ့်ခေါင်းဆောင်ကို ချိန်ရွယ်ထားကြသည့် အခြားတာဝေးပစ်တိုက်ခိုက်သူများကလည်း သူတို့၏တိုက်ခိုက်မှုများကိုစတင်လာကြသည်။

"အကြာကြီးနေပြီးမှ နောက်ဆုံးတော့ အခွင့်အရေးရလာပြီဘဲ"

နဂါးလေး၏မျက်နှာပေါ်၌ အပြုံးတစ်ခုထွက်ပေါ်လာပြီး သူ၏ကြီးမားလှသော အတောင်ပံများကိုဖြန့်ကျက်လိုက်သည်။

သူ့အားထိန်းချုပ်နိုင်သော မှော်မန္တန်အမြောက်အများမရှိသည့်အတွက်ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် အံ့သြသွားခဲ့သည်။ ချက်ချင်းပင် သူသည်ပြင်းထန်စွာရုန်းကန်လိုက်သော်လည်း ကြီးမားသောတိုက်ခိုက်မှုများက သူ့အပေါ်သို့ကျရောက်လာခဲ့သည်။ ဤတိုက်ခိုက်မှုများ၏ပိုင်ရှင်များသည် အလွန်အစွမ်းမထက်သော်လည်း စုပေါင်းတိုက်ခိုက်လိုက်ချိန်၌ ၎င်းတို့၏စွမ်းအားသည် အလွန်မြင့်တက်သွားခဲ့သည်။ ဤတိုက်ခိုက်မှုအားလုံးသာ ထိမှန်သွားခဲ့ပါက ဆဌမအဆင့်ဂေါ်လောခ့်ခေါင်းဆောင်သည် မသေဆုံးလျှင်ပင် သေချာပေါက်ဒဏ်ရာရသွားမည်ဖြစ်သည်။

ချုပ်နှောင်ခြင်းမှော်ကို အသုံးပြုသောမှော်ဆရာသည် လက်ရှိအချိန်၌ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် မှော်မန္တန်ကိုအသုံးပြုလိုက်သည့်အချိန်တိုင်းတွင် တစ်ဖက်လူ၏ခွန်အားသည် သူ့ထက်လွန်စွာမြင့်မားနေ၍ အမြဲကျရှုံးနေခဲ့ရသည်။

ယနေ့တွင် သူ၏မှော်အကျဉ်းထောင်သည် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ ၎င်းသည် အချိန်ခဏတာသာအသုံးဝင်သော်လည်း ကြီးမားသောခြားနားချက်ကိုဖြစ်ပေါ်စေသည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ခန့်အကြာတွင်၂စက္ကန့်ခန့်အကြာတွင် မှော်အကျဉ်းထောင်မှ ရုန်းထွက်နိုင်ခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။

သွေးခြင်္သေ့နှင့်နဂါးလေးတို့သည် တစ်ချိန်တည်းမှာပင် ဂေါ်လောခ့်ခေါင်းဆောင်ဆီသို့ရောက်ရှိလာခဲ့ပြီး ဘယ်ညာနှစ်ဘက်မှ ပြင်းထန်စွာတိုက်ခိုက်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး၏အရွယ်အစားသည် ဂေါ်လောခ့်ခေါင်းဆောင်နှင့်တူညီသည့်အတွက် လက်ရှိအချိန်၌ ဂေါ်လောခ့်ခေါင်းဆောင်သည် အန္တာရယ်ရှိသော အနေအထားသို့ကျရောက်နေခဲ့သည်။

ဒိုင်းကိုင်စစ်သည်တော်နှင့်ဂရင်းတို့သည်လည်း စတင်တိုက်ခိုက်ရန် အခွင့်အရေးကိုမျက်ခြေမပြတ် စောင့်ကြည့်နေကြရာ ယခုအခွင့်အရေးရရှိလာသည့်အခါ သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ တဟုန်ထိုးပြေးဝင်သွားခဲ့ကြပြီး ဂေါ်လောခ့်ခေါင်းဆောင်၏ဦးခေါင်းကိုတိုက်ခိုက်လိုက်ကြသည်။

တိုင်ရန်ဒီနှင့်ကဲလ်သက်တို့ကလည်း သူတို့၏တိုက်ခိုက်မှုများကို ထုတ်ဖော်ခဲ့သည်။ သူတို့၏တိုက်ခိုက်မှုများသည် များစွာထိရောက်မှုမရှိသော်လည်း သူတို့၏အဓိကတာဝန်မှာ ဂေါ်လောခ့်ခေါင်းဆောင်ကိုသတ်ဖြတ်ရန်မဟုတ်ဘဲ အာရုံလွဲစေရန်သာဖြစ်သည်။

မှော်အကျဉ်းထောင်မှ ရုန်းထွက်လာခဲ့သော ဂေါ်လောခ့်ခေါင်းဆောင်သည် ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား အစိမ်းရောင်ချပ်ဝတ်တန်ဆာနှင့်တူညီသော အစိမ်းရောင်ကြေးခွံများက နေရာလပ်မကျန်အောင် ဖုံးလွှမ်းလိုက်သည်။

သွေးခြင်္သေ့၏ပါးစပ်နှင့် နဂါးလေး၏နံချပ်ကူတို့သည် တစ်ချိန်တည်းမှာပင် ဂေါ်လောခ့်ခေါင်းဆောင်အား ထိမှန်လုနီးပါးဖြစ်သွားခဲ့သည်။ ထိုတိုက်ခိုက်မှု၏ ပြင်းထန်သောအကျိုးဆက်ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် ဟန်ချက်ပျက်သွားခဲ့ပြီး နောက်သို့ခြေနှစ်လှမ်းသုံးလှမ်းဆုတ်ခွာပေးလိုက်ရသည်။

သို့သော် သွေးခြင်္သေ့နှင့်နဂါးလေးတို့၏ ဒုတိယမြောက်တိုက်ခိုက်မှုသည် အနည်းငယ်နောက်ကျနေ၍ ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ခြေသည်းများကိုအသုံးပြုကာ ကာကွယ်လိုက်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ဆဌမအဆင့်သားရဲတစ်ကောင်၏ စွမ်းအားကိုဖုံးကွယ်ထားခြင်းမရှိတော့ရာ သဘာဝကျစွာပင် နဂါးလေးနှင့်ရီလာတို့သည် သူ၏ပြိုင်ဘက်မဟုတ်တော့ပေ။

ဂေါ်လောခ့်ခေါင်းဆောင်သည် သူ့အားအာရုံလွဲရန်ကြိုးစားသည့် တိုင်ရန်ဒီနှင့်ကဲလ်သက်တို့၏ တိုက်ခိုက်မှုများကိုရပ်တန့်ရန်မကြိုးစားခဲ့ပေ။ ပထမဆုံးအချက်မှာ သူတို့၏တိုက်ခိုက်မှုများသည် သူ့အားကြီးကြီးမားမားမထိခိုက်စေ၍ဖြစ်သည်။ ဒုတိယအချက်မှာ သူ၏နောက်ကျောဘက်မှလာသော တိုက်ခိုက်မှုများအားကာကွယ်ရန် အချိန်မရှိတော့၍ဖြစ်သည်။

ထို့ပြင် သူ၏နောက်ကျောဘက်မှ တိုက်ခိုက်လာသော ဒိုင်းကိုင်စစ်သည်နှင့်သူ့အကြား အကွာအဝေးကလည်း အလွန်တိုတောင်းနေပြီဖြစ်သည်။

ဒိုင်းကိုင်စစ်သည်သည် ဂေါ်လောခ့်ခေါင်းဆောင်၏အမြီးရိုက်ချက်ကိုခုခံကာကွယ်ရန်အတွက် သူ၏ဒိုင်းကိုမြှောက်ထားလိုက်ပြီး ဂေါ်လောခ့်ခေါင်းဆောင်၏နောက်ကျောအား ဓားဖြင့်ထိုးထည့်လိုက်သည်။

ဘန်း...

သို့သော် ဂေါ်လောခ့်ခေါင်းဆောင်၏ မာကျောလှသောခုခံမှုကြောင့် ဓားသည် အရေပြားထိနစ်မြုပ်ပြီးမှ ပြန်ကန်ထွက်လာပြီး ဒိုင်းကိုင်စစ်သည်ကိုနောက်သို့လန်ကျသွားစေခဲ့သည်။

ဒိုင်းကိုင်စစ်သည်သည် ထိုတွန်းကန်အားကြောင့် ချက်ချင်းသွေးအန်ကာဒဏ်ရာအပြင်းအထန်ရသွားခဲ့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်ကိုလည်း ဒဏ်ရာရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။

ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ မျက်လုံးများပြူးကျယ်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူသည်အသက်ခပ်ပြင်းပြင်းရှုရှိုက်ကာ ရေရွတ်လိုက်သည်။

"အရာရာက ပိုပြီးစိတ်ဝင်စားစရာကောင်းလာတာပဲ"

ရှောင်ယုအံ့သြနေစဉ် တိုက်ပွဲကမပြီးပြတ်သေးဘဲ ဂရင်းက ဂေါ်လောခ့်ခေါင်းဆောင်၏ဦးခေါင်းကို ထပ်မံတိုက်ခိုက်လိုက်သည်။

ဂရင်းသည် လေထဲသို့ခုန်တက်လိုက်ကာ လေပွေကိုချက်ချင်းထုတ်ဖော်လိုက်သည်။ သူထုတ်ဖော်လိုက်သည့် ပြင်းထန်သောစွမ်းအားကြောင့် လေထုသည်ပင်ပုံစံပျက်ယွင်းသွားခဲ့ရသည်။

ထိုတိုက်ခိုက်မှုကြောင့် ဂေါ်လောခ့်ခေါင်းဆောင်၏ ကျောရိုးသည်ပင်အေးစိမ့်သွားခဲ့ရသည်။ သူသည် ဤတိုက်ခိုက်မှုအားရှောင်တိမ်းရန် နည်းလမ်းမရှိပေ။

ဒိုင်းကိုင်စစ်သည်ကလည်း နောက်၌ကျန်ရစ်မနေခဲ့ပေ။ သူသည် လေထဲတွင်ကြီးမားသော ဓားတစ်လက်ကိုဖန်တီးလိုက်ပြီးနောက် ဂရင်းတိုက်ခိုက်လိုက်သည့်နေရာအား ၃ကြိမ်တိတိ ဆက်တိုက်တိုက်ခိုက်လိုက်သည်။

တိုက်ခိုက်မှုနှစ်ခုသည် ဆက်တိုက်ထွက်ပေါ်လာသောကြောင့် ထုတ်လွှတ်လိုက်သည့်စွမ်းအားသည် ၁+၁ကဲ့သို့မရိုးရှင်းပေ။ ဂေါ်လောခ့်ခေါင်းဆောင်၏ ဦးခေါင်းပေါ်ရှိ အကြေးခွံထူထူများသည် ပေါက်ထွက်သွားပြီး သွေးများစီးကျလာခဲ့သည်။

ဤတိုက်ခိုက်မှုနှစ်ခုသည် ယခင်တိုက်ခိုက်မှုများနှင့်ယှဉ်လျင် ၎င်းတို့၏စွမ်းအင်ကို အရူးအမူးသုံးစွဲထားသောသောကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် နာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ဂရင်းနှင့်ဒိုင်းကိုင်စစ်သည်တို့သည် အရိုက်ခံလိုက်ရသည့်ဘေ့စ်ဘောနှစ်လုံးကဲ့သို့ လေထဲသို့လွှင့်ထွက်သွားခဲ့ကြသည်။

ရှောင်ယုသည် ဂရင်းလွှင့်ထွက်သွားရာ လမ်းကြောင်းကိုထိတ်လန့်စွာ လှမ်းကြည့်မိလိုက်သည်။

"ဂရင်းသာတစ်ခုခုဖြစ်သွားခဲ့ရင် ငါဘာဆက်လုပ်ရမလဲ"

ဂရင်းသည် ရေထဲမှတွားတက်လာခဲ့ပြီး ပါးစပ်ထဲဝင်နေသောရွှံ့နွံများအား ထွေးထုတ်လိုက်သည်ကိုမြင်သောအခါမှ ရှောင်ယု၏နှလုံးသားတည်ငြိမ်သွားခဲ့ရသည်။ ဂရင်းသည် ရှောင်ယုအားပြုံးပြလိုက်ပြီးနောက် အနာကျက်ဆေးကိုထုတ်ယူကာ ဗိုက်ထဲလောင်းချလိုက်သည်။ ထို့နောက် သူရရှိထားသည့်ဒဏ်ရာသည် အချိန်တိုအတွင်းပျောက်ကွယ်သွားခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် တစ်နေရာတည်း၌ရပ်နေကာ ထပ်ခါထပ်ခါဟိန်းဟောက်လိုက်သည်။ သူသည် ထိုပုရွက်ဆိတ်လိုအကောင်များကြောင့် အလွန်ဒေါသထွက်နေခဲ့ရသည်။ သူသည်ယခုလိုမျိုးအခြေအနေမဆိုးသင့်ပေ။

ဂေါ်လောခ့်ခေါင်းဆောင်သည် ဒေါသပေါက်ကွဲနေ၍ စိတ်ကမောက်ကမဖြစ်နေသောကြောင့် သူ၏နောက်ဘက်တွင်မှုန်မိုင်းသောအရိပ်နှစ်ခုထွက်ပေါ်လာသည်ကို သတိမထားမိလိုက်ပေ။

သံစူးချွန်သည် ဂေါ်လောခ့်ခေါင်းဆောင်၏ ကျောရိုးအလယ်ကိုဦးတည်နေပြီး သံတူသည် ကျောရိုးထံစိုက်ဝင်နေသော သံစူးချွန်အား ပို၍နက်ရှိင်းစွာဝင်ရောက်သွားစေရန်အတွက် အမြင့်မှနေ၍အားကုန်ထုချလိုက်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ဒေါသပေါက်ကွဲနေ၍ သံစူးချွန်က သူ့ကျောရိုးထဲမနစ်မြုပ်မှီအထိ သူ့အားနောက်ကျောမှနေ၍ တိုက်ခိုက်နေသည်ကို သတိမထားမိလိုက်ပေ။

ဂါး....

ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏နောက်ကျောမှတိုက်ခိုက်လာသည့် အန္တာရယ်ကိုဖြေရှင်းရန်အတွက် သူ၏အမြီးကိုတိုက်ခိုက်ရန်အသုံးပြုခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏ အမြီးတိုက်ခိုက်မှုအကွာအဝေးသည် ရှင်းလင်းတိကျပေသည်။ သူ၏တိုက်ခိုက်မှုပုံစံသည် မှန်ကန်နေသော်လည်း သူ၏အမြီးသည် အနည်းငယ်တိုနေသောကြောင့် လဲ့ဂေါင်နှင့်လဲ့မူဆီသို့မရောက်နိုင်ခဲ့ပေ။ဤသို့တိုက်ခိုက်နိုင်မှုအကွာအဝေး ကန့်သတ်ခံရချိန်တွင် ၎င်း၏အမြီးသည်ပစ်မှတ်ကို ထိမှန်လိမ့်မည်ဟု ဂေါ်လောခ့်ခေါင်းဆောင်မကျိန်းသေပေ။

စူးရှသောအသံနှင့် သံစူးချွန်နှင့်သံတူတို့ပြင်းထန်စွာ ထုရိုက်မိသံက ထွက်ပေါ်လာခဲ့သည်။ သူ၏ကျောရိုးကိုထိုးဖောက်ခံလိုက်ရသောကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် အလွန်နာကျင်သွားပြီး ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။

ဤထိုးနှက်မှုသည် အလွန်ပင်ပြင်းထန်လှပြီး ဂေါ်လောခ့်ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲဝင်ရောက်သွားသည့် သံစူးချွန်သည် သူ၏ကျောရိုးကိုပါ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ပြင်းထန်လှသောနာကျင်မှုကြောင့် ဂေါ်လောခ့်ခေါင်းဆောင်၏တုံ့ပြန်မှုသည် အနည်းငယ်နှေးကွေးသွားခဲ့သည်။ သူသည် အမြီးကိုလေထဲမြှောက်ထားသော်လည်း လွဲယမ်းရန်မေ့သွားခဲ့သည်။ သူသည် နာကျင်မှုကြောင့် လဲ့ဂေါင်နှင့်လဲ့မူကို ချက်ချင်းမဖယ်ရှားနိုင်ခဲ့ပေ။

ကံမကောင်းစွာဖြင့် ထိုလူနှစ်ယောက်၏တိုက်ခိုက်မှုသည် တစ်ခါတည်းမဟုတ်ဘဲ ဆက်တိုက်တိုက်ခိုက်ခြင်းဖြစ်မည်ဟု ဂေါ်လောခ့်ခေါင်းဆောင် မထင်မှတ်ထားခဲ့ပေ။ အကယ်၍ သူတို့ကိုသာမတားဆီးခဲ့ပါက ဆက်တိုက်ဆိုသလိုတိုက်ခိုက်ခံရမည်ဖြစ်သည်။

ဒင်...ဒင်...ဒင်

သံတူဖြင့် ၃ကြိမ်တိုင်တိုင်အရိုက်ခံရပြီးနောက် ဂေါ်လောခ့်ခေါင်းဆောင်သည် မှန်ကန်သောရွေးချယ်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီး ထိုနေရာမှလှိမ့်ကာ နှစ်ကြိမ်တိုင်တိုင်နောက်သို့ခုန်ဆုတ်လိုက်သည်။

ယခင်ရရှိခဲ့သောဒဏ်ရာသည် မကြီးမားသော်လည်း ယခုရရှိခဲ့သော ဒဏ်ရာသည်အလွန်ပြင်းထန်ခဲ့ပြီး သွေးများအဆက်မပြတ်စီးကျနေခဲ့သည်။

လဲ့ညီအစ်ကိုနှစ်ယောက်သည် ဒဏ်ရာကုသမှုနှေးကွေးစေရန်အတွက် အဆိပ်များကိုအသုံးပြုခဲ့ရာ အချိန်တိုအတွင်းကုစားနိုင်မည်မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ဒေါသပေါက်ကွဲနေသော ဂေါ်လောခ့်ခေါင်းဆောင်သည် သွေးရူးသွေးတမ်းရယ်မောလိုက်ပြီး သူ၏မျက်နှာပေါ်၌ ကောက်ကျစ်သောအပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။ထိုအပြုံးကိုတွေ့မြင်သူတိုင်း၏ နှလုံးသားသည်ချက်ချင်းတင်းကြပ်သွားခဲ့ရသည်။

ဒီကောင်ဘာတွေကြံနေပြန်တာလဲ...

All Chapters