← Chapters

အခန်း (၃၈၂-၃၈၄)

Vol. 26 Ch. 382-384

အခန်း (၃၈၂-၃၈၄)

Vol. 26 Ch. 382-384

အခန်း ၃၈၂ - ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်

ဂေါ်လောခ့်ခေါင်းဆောင်သည် ဒဏ်ရာရရှိသွားပြီးနောက် ဒေါသကြောင့် သူ၏မျက်လုံးများသည် သွေးထွက်သကဲ့သို့နီရဲလာကာ သူ၏ထွားကြိုင်းသောခန္ဓာကိုယ်သည်လည်း အနည်းငယ်တုန်ခါသွားခဲ့သည်။

သူသည် အချိန်ကြာမြင့်စွာတွက်ချက်၍ ဖြစ်နိုင်ခြေရှိသောအစီအစဉ်များစွာကို ပြင်ဆင်ထားခဲ့သော်လည်း တစ်ဖက်မှသူ့အားသည်းမခံနိုင်လောက်သည်ထိ ထပ်ခါထပ်ခါနာကျင်အောင်ပြုလုပ်နိုင်ခဲ့သည်။

"ကောင်းပြီ...မင်းတို့ကောင်တွေကတော်တော်သတ္တိကောင်းကြတာပဲ...ငါခုလိုရက်စက်ရအောင်လုပ်တဲ့အတွက် ငါ့ကိုအပြစ်မတင်ကြနဲ့"

ဂေါ်လောခ့်ခေါင်းဆောင်သည် အလွန်ဒေါသထွက်နေသောကြောင့် ရက်စက်ကြမ်းကြုတ်ပုံရသည့်သူ၏မျက်နှာသည် စတင်၍ပုံပျက်ပန်းပျက်ဖြစ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် လူတိုင်းတည်ငြိမ်လေးနက်သွားကြသည်။ ဤဂေါ်လောခ့်ခေါင်းဆောင်ထံတွင် လှည့်ကွက်အချို့ရှိနေ၍သာ ဤမျှတည်ငြိမ်နေခြင်းဖြစ်ကြောင်း လူတိုင်းသိထားကြပေသည်။

ထို့နောက်တွင် လူတိုင်းမျှော်လင့်ထားသလိုပင် ရုတ်တရက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏ ကြီးမားသောခြေသည်းများသည် ဖြေးညင်းစွာ မြောက်တက်လာခဲ့ပြီး သူ၏ပါးစပ်တွင်းမှနေ၍ အနက်ရောင်ဓာတ်ငွေ့များ ပြန့်ကျဲထွက်ပေါ်လာကာ အနီးပတ်ဝန်းကျင်အားချက်ချင်းဝိုင်းရံသွားခဲ့သည်။

"အားလုံးသတိထားကြ"

နီကိုးလပ်စ်သည် လူတိုင်းကိုအလျင်စလိုသတိပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် အနီးကပ်တိုက်ခိုက်ရေးသမားများဖြစ်သည့် ဓားသမားများသည် လာမည့်အပြောင်းအလဲများကို ရင်ဆိုင်ရန်အတွက် ဆုတ်ခွာသွားခဲ့ကြသည်။

"အောင်း..."

ရှေးခေတ်မှ ဆန်းကြယ်သောထူးဆန်းသည့် ဓလေ့တစ်ခုကဲ့သို့ ဂေါ်လောခ့်ခေါင်းဆောင်၏ ပါးစပ်မှနေ၍ ထူးဆန်းသောအသံများရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုအသံသည် မှော်အစွမ်းရှိပုံရပြီး သူတို့၏ဝိညာဉ်များကို အသွေးအသားထဲမှ ဆွဲထုတ်ယူနေသကဲ့သို့ သူတို့၏စိတ်ဝိညာဉ်များကို မသက်မသာဖြစ်စေသည်ဟု လူတိုင်းခံစားလာကြရသည်။

"စိတ်ဝိညာဉ်အတန်းအစားလား"

ရှောင်ယု၏နှလုံးခုန်သံက ချက်ချင်းမြန်ဆန်လာခဲ့သည်။ သူသည် ဝိညာဉ်အတန်းအစားတိုက်ခိုက်သူများ၏ နည်းလမ်းများကိုရှင်းလင်းစွာသိရှိထားသည်။ ထိုအရာသည် အလွန်ရှေးကျသောမျိုးနွယ်စုများ၌သာ တွေ့ရတတ်သည့် လျှိ့ဝှက်ဆန်းကြယ်ကာအားကောင်းသော တိုက်ခိုက်ရေးသမားများဖြစ်သည်။ ယခုအခါ ဂေါ်လောခ့်ခေါင်းဆောင်သည် အလားတူနည်းလမ်းများကို အသုံးပြုနေပြီဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏ လှုပ်ရှားမှုများသည် ပြောင်းလဲခြင်းမရှိသော်လည်း ထူးဆန်းသောအနက်ရောင်အငွေ့များသည် လူအားလုံးကိုလျင်မြန်စွာ ဝိုင်းရံသွားခဲ့သည်။ သို့သော်လည်း မဟာမိတ်အဖွဲ့၌ မှော်ဆရာများရှိနေသည့်အတွက်ကြောင့် သူတို့၏ပတ်လည်တွင် မှော်ဆန်သောအတားအဆီးများကို ဖန်တီးလိုက်ကြသည်။ ထို့ကြောင့် အနက်ရောင်အငွေ့များသည် အလွယ်တကူဝင်ရောက်နိုင်စွမ်း မရှိခဲ့ပေ။

လူတိုင်းသည် ဤကပ်ဆိုးမှလွတ်ကင်းခဲ့ကြသော်လည်း နေဝင်ချိန်နွံအိုင်ထဲ၌ ကြီးပြင်းလာခဲ့သော ဂေါ်လောခ့်များသည်ဤကပ်ဆိုးကို ကြုံတွေ့ခဲ့ရသည်။ သူတို့သည် အနက်ရောင်အငွေ့များဖြင့် ချက်ချင်းဝိုင်းရံခံလိုက်ရကာ မည်သို့ပိတ်ဆို့ရမည်ကိုနားမလည်ကြပေ။ အချို့သည် သူတို့၏ပါးစပ်ကိုဖွင့်၍ အနက်ရောင်အငွေ့များကိုစုပ်ယူခဲ့ကြသည်။

အနက်ရောင်အငွေ့များသည် ၎င်းတို့၏ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာဝင်ရောက်လာပြီးနောက်တွင် ဂေါ်လောခ့်၏ခန္ဓာကိုယ်သည် စတင်ဖောင်းကားလာပြီးနောက် နေဝင်ချိန်နွံအိုင်တစ်ခုလုံးကို နာကျင်ခြောက်ခြားစွာအော်ဟစ်သံများနှင့် ပြည့်နှက်သွားစေခဲ့သည်။

"ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ...ဘာလို့အဲလောက်ထိရက်စက်ရတာလဲ...မင်းကကိုယ့်ရဲ့မျိုးနွယ်ကိုတောင်စွန့်ပစ်ဝံ့တာလား"

လီယိုနာဒိုသည် မျက်မှောင်ကြုတ်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် အနက်ရောင်အငွေ့များဖြင့် ဖုံးလွှမ်းခံလိုက်ရသည့် ဂေါ်လောခ့်များ၏ခန္ဓာကိုယ်သည် အလွန်ကြောက်စရာကောင်းလောက်အောင် ပုံပျက်ပန်းပျက်ဖြစ်သွားခဲ့ကာ သေဆုံးသွားခဲ့သည်။ ထိုဂေါ်လောခ့်အသေကောင်များ၏ မျက်နှာပေါ်၌ ကြောက်ရွံ့တုန်လှုပ်နေသော အရိပ်အယောင်များကို လူတိုင်းတွေ့မြင်နေရသည်။

အံ့သြစရာအကောင်းဆုံးအချက်မှာ သူတို့၏ခန္ဓာကိုယ်၌ ဝိဉာဉ်အတက်အကျလုံးဝမရှိတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးရှိသွေးများ စုပ်ယူခံလိုက်ရခြင်းဖြစ်သည်။

"ဒါက ဒဏ္ဍာရီလာကောင်းကင်ဝါးမြိုခြင်းနည်းစနစ်လား...အခြားသူတစ်ယောက်ရဲ့အသွေးအသားနဲ့ စိတ်ဝိညာဉ်ကိုစုပ်ယူပြီးတော့ ကိုယ်ပိုင်ခွန်အားကိုမြင့်တင်ပေးနိုင်တဲ့နည်းစနစ်ပဲ"

နီကိုးလပ်စ်သည် နည်းစနစ်များစွာကို သင်ယူလေ့လာခဲ့သလို သူ့မိသားစုရှိအကြီးအကဲများထံမှလည်း အသိပညာများဆည်းပူးခဲ့၍ ဤကမ္ဘာကြီး၏လျှိ့ဝှက်ချက်များစွာကို တွေ့ရှိခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် အနည်းငယ်စတင်ဖောင်းကားလာခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်၏ အရေပြားအောက်တွင် တီကောင်ကဲ့သို့သော အမျိုးအမည်မသိရသည့်အရာများ တွားသွားနေပုံရသည်။

နီကိုးလပ်စ်၏စကားကိုကြားချိန်တွင် ဂေါ်လောခ့်ခေါင်းဆောင်က လှောင်ပြောင်လိုက်သည်။

"အိုး...ဒီအရုပ်ကလေးကတော်တော်ပညာစုံတာပဲ...မင်းမှန်တယ် ဒါကဒဏ္ဍာရီလာကောင်းကင်ဝါးမြိုခြင်းနည်းစနစ်ပဲ မင်းတို့တော်တော်ကံကောင်းတယ်...မင်းတို့ဟာဒီနည်းစနစ်ကိုနှစ်ထောင်ပေါင်းများစွာအတွင်း ပထမဆုံးတွေ့မြင်ဖူးသူတွေပဲ...ခုတော့မင်းတို့ရဲ့နေ့ရက်တွေကကုန်ဆုံးသွားခဲ့ပြီ"

"ဟီးဟီး...သူ့ရဲ့ခွန်အားကိုတိုးတက်အောင်လုပ်ဖို့ ပြင်ပစွမ်းအားကို အားကိုးနေတဲ့သူရဲဘောကြောင်သူတစ်ယောက်က ဒီလိုစကားမျိုးပြောဝံ့သေးတာလား"

ရှောင်ယုသည် အရှက်မရှိကြွားဝါကာ ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်ကိုသုံး၍ သူ၏ခွန်အားကိုလျင်မြန်စွာ မြင့်တင်နေသော ဂေါ်လောခ့်ခေါင်းဆောင်ကိုစိုက်ကြည့်လိုက်သည်။

"ဟမ့်...မင်းတို့လူသားတွေက ဘာမှနားမလည်ကြဘူးပဲ...မင်းတို့က အရမ်းကိုသန်မာတယ်လို့ တကယ်ထင်နေကြတာလား...မင်းတို့ရဲ့ရည်ရွယ်ချက်ကိုဘယ်တော့မှ အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူး..."

ဂေါ်လောခ့်ခေါင်းဆောင်သည် ရှောင်ယု၏စကားကြောင့်ဒေါသထွက်သွားကာ ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ပေ။ ဂေါ်လောခ့်များ၏ စွမ်းအင်၊သွေးနှင့်ဝိညာဉ်များစွာကိုစုပ်ယူမှုက သူကိုယ်တိုင်ပင်သတိမထားမိစေဘဲ သူ၏စိတ်ခံစားမှုများကိုတိုးမြင့်လာစေခဲ့သည်။

ရှောင်ယု၊နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် မျက်စိတစ်မှတ်အတွင်း အမျိုးမျိုးနှောင့်ယှက်လှေါင်ပြောင်ကာ ဂေါ်လောခ့်ခေါင်းဆောင်ကို ပိုမိုဒေါသထွက်လာရန်ကြိုးစားခဲ့ကြသည်။

"ငါတို့ခရီးစဉ်ရဲ့အဓိကရည်ရွယ်ချက်ကို မင်းဘယ်လိုသိသွားတာလဲ"

နီကိုးလပ်စ်က ပြုံး၍မေးခွန်းတစ်ခုမေးလိုက်သည်။

"ကောင်လေး...ငါ့ကိုစိတ်ဆိုးအောင်လို့ စကားလုံးတွေသုံးဖို့မကြိုးစားနဲ့...မင်းတို့ဟာအရမ်းကိုနုံအလွန်းတယ်...ကောင်းပြီလေ ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်ရဲ့ စစ်မှန်တဲ့စွမ်းအားကိုမင်းတို့မြင်ရအောင် ငါပြပေးမယ်"

ဂေါ်လောခ့်ခေါင်းဆောင်က အေးစက်စွာပြောလိုက်သည်။

ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်သည် ဟိုးယခင်ကတည်းက ပျောက်ကွယ်နေခဲ့ခြင်းဖြစ်သည်။ ထိုနည်းစနစ်ကို နတ်ဆိုးလမ်းစဉ်လိုက်သည့်မှော်ဆရာများနှင့် ဆိုးရွားသည့်စစ်ပွဲမှော်ဆရာများကအသုံးပြုခဲ့ကြသည်။ သို့သော်လည်း ထိုနည်းစနစ်သည် ဂေါ်လောခ့်ခေါင်းဆောင်လက်ထဲ၌ မည်သို့အဆုံးသတ်သွားသည်ကို မည်သူမှမသိခဲ့ကြပေ။

ထိုအချိန်ကာလက ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်၏အကူအညီဖြင့် စစ်ပွဲမှော်ဆရာသည် ဆဌမအဆင့်ကျွမ်းကျင်သူ၈ယောက်၏ သွေးနှင့်ဝိညာဉ်အနှစ်သာရအားလုံးကို မျိုချခဲ့သည်။ ထိုအရာကြောင့် သူ၏စွမ်းအားသည်မကြုံစဖူးအဆင့်တစ်ခုထိ တိုးတက်လာခဲ့သော်လည်း သူ၏ခန္ဓာကိုယ်အားမထိန်းချုပ်နိုင်တော့ပေ။

ထိုအချိန်တွင် ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်ကို အသုံးပြုလိုက်သူသည် သူ၏ပတ်ဝန်းကျင်ရှိသက်ရှိအားလုံးကို ဝါးမြိုပြီးသွားသော်လည်း ၎င်းကိုရပ်တန့်ရန်နည်းလမ်းမရှိကြောင်း အခြားသူများကရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုအရာသည် ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်၏ အားနည်းချက်ဖြစ်သည်။

ထိုအားနည်းချက်ကို သိသိကြီးဖြင့်ပင် လူတို့သည် ကောင်းကင်ဘုံ၏အသွေးအသားနှင့်ဝိညာဉ်အနှစ်သာရတို့အား စုပ်ယူဝါးမြိုပြီးနောက် ကောင်းကင်ဘုံကိုပါမြိုချခြင်းဖြင့် သူတို့၏အသက်ကိုကျေနပ်စွာစတေးတတ်ကြသည်။ ထိုနည်းစနစ်သည် စစ်ပွဲမှော်ဆရာ၏ခွန်အားကို မကြုံစဖူးအဆင့်တစ်ခုထိရောက်ရှိခဲ့သော်လည်း အဆုံးသတ်၌တိုးပွားလာသောစွမ်းအား၏ဖိအားကို တောင့်မခံနိုင်၍ ပေါက်ကွဲသွားတော့သည်။

သို့သော် ဤအရာကဒဏ္ဍာရီတစ်ခုသာဖြစ်သည်။ထိုအရာသည် ဖြစ်နိုင်ခြေရှိသော်လည်း မည်သူကမှလက်တွေ့မမြင်တွေ့ဖူးပေ။

"အစွမ်းကုန်ခုခံဖို့ပြင်ထားကြ...ဒါကအချိန်ကန့်သတ်ချက်ရှိတယ်ဆိုပေမဲ့ ငါတို့သာအဆုံးစွန်ထိတောင့်ခံနိုင်မယ်ဆိုရင် အောင်ပွဲရမှာသေချာတယ်"

နီကိုးလပ်စ်က အမိန့်ပေးလိုက်သည်။

"ဟုတ်တယ်...ငါတို့ကျိန်းသေပေါက်အနိုင်ရလိမ့်မယ်"

လူတိုင်းက သူတို့၏သတ္တိကိုမြင့်တင်ရန်အတွက် ထိုမျှော်လင့်ချက်အား မလွတ်တမ်းဆုပ်ကိုင်ထားခဲ့ကြသည်။ ယခုအချိန်၌ သူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်တည်မှုတစ်ခုအားရင်ဆိုင်ရမည်ဖြစ်ကြောင်း လူတိုင်းနားလည်ထားပေသည်။

ရှောင်ယုနှင့်အခြားသူများသည် ဂေါ်လောခ့်ခေါင်းဆောင်နှင့်ဝေးကွာနေသည့်အတွက်ကြောင့် ရှောင်ယု၏လူများသည် ဂေါ်လောခ့်ခေါင်းဆောင်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပေ။

ထို့ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်၏နောက်ကျောကို တိုက်ခိုက်ခဲ့သော နီကိုးလပ်စ်၏စခန်းမှ ဒိုင်းကိုင်စစ်သည်သည် ဂေါ်လောခ့်ခေါင်းဆောင်၏ ပထမဆုံးပစ်မှတ်ဖြစ်လာခဲ့သည်။

ပိုပြီးစိတ်ဝင်စားစရာကောင်းသည်မှာ သူ၏လက်ရှိအင်အားဖြင့်ဆိုလျှင် ဂေါ်လောခ့်ခေါင်းဆောင်၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်း သိထားသော်လည်း ဒိုင်းကိုင်စစ်သည်သည် သူ၏ခံစစ်အနေအထားကိုချိန်ညှိထားခဲ့ပြီး ဂေါ်လောခ့်ခေါင်းဆောင်မှစတင်မတိုက်ခိုက်မှီတွင် ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ ပြေးဝင်သွားခြင်းဖြစ်သည်။

သွေးနှင့်ဝိညာဉ်အနှစ်သာရများစွာကို စုပ်ယူခဲ့ပြီးနောက်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်သည် သွေးရောင်ချပ်ဝတ်အလွှာတစ်ခုကို ဝတ်ဆင်ထားသကဲ့သို့နီရဲလာခဲ့သည်။ ထို့နောက် သူ၏ခြေသည်းများကလည်း မီတာဝက်ခန့်အရွယ်အစားကြီးမားလာခဲ့သည်။

သူ၏ကြွက်သားများကလည်း ဖောင်းကားလာခဲ့ပြီး ကြွက်သားတိုင်းက အကန့်အသတ်မရှိသောစွမ်းအင်များနှင့်ပြည့်နှက်လာခဲ့သည်။ ၎င်းတို့ကိုစိုက်ကြည့်ရုံဖြင့် အံ့သြစရာကောင်းသည့်စွမ်းအားကို သင်ခံစားမိနိုင်ပေသည်။

သူ၏နောက်ကျောအားတိုက်ခိုက်ကာ ဒဏ်ရာရရှိစေခဲ့သော ဒိုင်းကိုင်စစ်သည်သည် သူ့အားထပ်မံတိုက်ခိုက်ရန် အလျင်စလိုပြေးဝင်လာသည်ကိုမြင်သောအခါ ဂေါ်လောခ့်ခေါင်းဆောင်သည် ပို၍ပင်ဒေါသထွက်သွားခဲ့သည်။ ထို့နောက်သူသည် ဒိုင်းနှင့်ဓားကိုင်စစ်သည်အား အရှိန်ပြင်းပြင်းဖြင့်ထိုးနှက်လိုက်သည်။

ဒုန်း...

ပြင်းထန်သောထိရိုက်သံနှင့်အတူ လင်းနို့အားဘေ့စ်ဘောလုံးဖြင့်ထိရိုက်သကဲ့သို့ ဒိုင်းနှင့်ဓားကိုင်စစ်သည်တော်သည် ချက်ချင်းလွှင့်ထွက်သွားခဲ့ကာ မြေပြင်ကိုပြင်းစွာရိုက်ခတ်မိပြီး သွေးများဆက်တိုက်အန်ထုတ်လိုက်ရသည်။

ယခုတစ်ကြိမ်တွင် ဒိုင်းနှင့်ဓားကိုင်စစ်သည်သည် ပြင်းထန်သောဒဏ်ရာများကြောင့် မြေပြင်ပေါ်မှချက်ချင်းမထနိုင်ဘဲ ကြိုးစားရုန်းကန်နေရတော့သည်။

"ဟင်း...မင်းကတော်တော်ခေါင်းမာတဲ့မြည်းတစ်ကောင်ပဲ"

နီကိုးလပ်စ်သည် စိတ်မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်ကာ ခေါင်းကိုဆက်တိုက်ခါယမ်းလိုက်သည်။ ထိုလူသည် အစစအရာရာထူးချွန်သော်လည်း ခေါင်းမာသူဖြစ်သည်။ သူသည်ရန်သူအားစတင်တိုက်ခိုက်သည်နှင့် ရန်သူသေဆုံးခြင်းမရှိသရွေ့ တိုက်ခိုက်နေခြင်းကိုလုံးဝရပ်တန့်တော့မည်မဟုတ်ပေ။

ထို့နောက်လူတစ်ယောက်သည် ဒိုင်းနှင့်ဓားကိုင်စစ်သည်ထံသို့ ချက်ချင်းပြေးသွားခဲ့ကာ သူ့အားကုသဆေးတစ်လုံးပေးလိုက်သည်။

"ဟားဟား...ဉာဏ်မရှိတဲ့လူသားတွေ...ငါကအံ့သြစရာကောင်းအောင်သန်မာနေပြီဆိုတာ မင်းတို့သိသွားကြပြီမလား...လာကြစမ်း...လာကြစမ်းပါ"

အခန်း ၃၈၃ -ဂေါ်လောခ့်ခေါင်းဆောင်အရေးနိမ့်စပြုခြင်း

သူ့တွင် အချိန်များစွာမကျန်ရှိတော့သည့်အတွက်ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏တိုက်ခိုက်မှုအားစတင်လိုက်သည်။

ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်သည် အမြှာက်မှပစ်လွှတ်လိုက်သော အမြှောက်ကျည်ကဲ့သို့ နီကိုးလပ်စ်၏အဖွဲ့ထံရောက်ရှိလာခဲ့သည်။ သူနှင့်နီကိုးလပ်စ်၏လူများအကြားတွင် အကွာအဝေးအနည်းငယ်သာခြားတော့သည့်အတွက် နီကိုးလပ်စ်၏လူများသည် ခုခံရန်အဆင်သင့်ဖြစ်နေသော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် ရုတ်တရက်ဦးတည်ချက်ပြောင်းကာ လီယိုနာဒို၏အဖွဲ့ထံပြေးဝင်သွားခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ယခုလိုလှည့်စားလိမ့်မည်ဟု မည်သူကမှမထင်ထားခဲ့ပေ။ သားရဲများသည် ဉာဏ်ပညာမရှိဟုမည်သူကပြောခဲ့သနည်း။

ဂေါ်လောခ့်ခေါင်းဆောင်သည် ရပ်တန့်ခြင်းမရှိဘဲ သူ၏အရှိန်အဟုန်သည် စတင်လွန်ကဲလာခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် အနီရောင်လေဆာတန်းတစ်ခုကဲ့သို့ လီယိုနာဒို၏အဖွဲ့ထဲသို့ပြေးဝင်ကာ အခြားတစ်ဖက်မှဖောက်ထွက်သွားခဲ့သည်။

ထိုသို့ဖြစ်ပွားခဲ့သောအချိန်သည် အလွန်ပင်တိုတောင်းလှပြီး မျက်စိတစ်မှိတ်သာကြာမြင့်ပေသည်။ သူသည် ထိုအချိန်တိုလေးအတွင်း လီယိုနာဒို၏အဖွဲ့ကိုနှစ်ခြမ်းခွဲထုတ်လိုက်သည်။ ချက်ချင်းပင် လီယိုနာဒို၏အဖွဲ့၌ ပြင်းထန်စွာဒဏ်ရာရသူနှင့်သေဆုံးသူ တစ်ဒါဇင်ကျော်ရှိလာခဲ့သည်။

အမှန်တော့ ဆဌမအဆင့်ကျွမ်းကျင်သူ အထူးသဖြင့် ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်ကို အသုံးပြုနေသော ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်၏စွမ်းအားကို သာမန်အမြင်ဖြင့်တိုင်းတာ၍မရနိုင်ပေ။

ရှောင်ယုသည် ထိုမြင်ကွင်းကြောင့်လွန်စွာအံ့သြသွားသော်လည်း နောက်အခိုက်အတန့်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏ပစ်မှတ်သည် သူဖြစ်လာနိုင်ကြောင်းတွေးမိလိုက်သည်။ အကယ်၍ ဂေါ်လောခ့်ခေါင်းဆောင်သာ သူ့ကိုတိုက်ခိုက်ပါက သူသည်အသားပြားအဖြစ်ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့်သူသည် တပ်ဖွဲ့ကိုချက်ချင်းဖွဲ့စည်းလိုက်ကာ ရှေ့နှင့်နောက်လမ်းကြောင်းနှစ်ခုလုံးတွင် ခုခံကာကွယ်နိုင်သည့်သူရဲကောင်းတစ်ယောက်စီကို ထားရှိခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ဉာဏ်ရည်မြင့်သောသက်ရှိတစ်ကောင်ဖြစ်ကာ နှစ်ပေါင်းများစွာနေထိုင်လာခဲ့ပြီးနောက် လူသားများကဲ့သို့ အသိညဏ်ထက်မြက်လာခဲ့သည်။

သူသည် လီယိုနာဒိုအားတိုက်ခိုက်ရန် ပြတ်ပြတ်သားသားစွန့်လွှတ်လိုက်သလို ရှောင်ယုကိုလည်းအနှောင့်အယှက်မပေးဘဲ တစ်နေရာတည်း၌ ငြိမ်သက်နေခဲ့သည်။

ဒီကောင်ဘာတွေကြံနေပြန်တာလဲ...

လူတိုင်း၏စိတ်ထဲတွင် သံသယဖြစ်နေမိသည်။ ဤဂေါ်လောခ့်ခေါင်းဆောင်သည် အဘယ်ကြောင့်မတိုက်ခိုက်ဘဲ ငြိမ်သက်နေရသည်ကို သူတို့နားမလည်နိုင်ခဲ့ပေ။

ဂေါ်လောခ့်ခေါင်းဆောင်သည် တိုက်ခိုက်မှုမပြုလုပ်သေးသော်လည်း နောက်ကွယ်၌မည်သည့်လှည့်ကွက်များကို ပြင်ဆင်ထားကြောင်း သူတို့မသိနိုင်ပေ။

တကယ်တမ်းတွင် ဂေါ်လောခ့်ခေါင်းဆောင်မှ စုပ်ယူထားသောစွမ်းအင်များသည် လုံးဝသန့်စင်ထားနိုင်ခြင်းမရှိသောကြောင့် သူတိုက်ခိုက်နေသည့်အချိန်တွင် ထိုစိတ်ဝိညာဉ်များက သူ့အားနှောင့်ယှက်နေခဲ့သည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များကတဟုန်ထိုးလှုပ်ရှားနေပြီး အခြေအနေပိုမဆိုးလာစေရန် ထိန်းချုပ်ထားရသည်။

"ဟမ့်...ခုမင်းတို့ဘယ်လိုခံစားနေရပြီလဲ...ကြောက်နေကြတာလား"

ဂေါ်လောခ့်ခေါင်းဆောင်သည် လူများကိုသတ်ဖြတ်ရခြင်းက သူ့အတွက်အလွန်သေးငယ်သောကိစ္စတစ်ခုကဲ့သို့ အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။

"မင်းကဘာလို့ဆက်မလုပ်တော့တာလဲ...မင်းစုပ်ယူလိုက်တဲ့ဝိညာဉ်တွေက တန်ပြန်မှုတစ်ခုကိုမင်းခံစားနေရတာလား...ဟမ့် လူတိုင်းနားထောင်ကြ...မင်းတို့အစွမ်းကုန်ထုတ်ပြီးတော့ အဲ့ကောင်ကိုသတ်"

လီယိုနာဒိုသည် သူ့လူများအားဆုံးရှုံးလိုက်ရသည့်အတွက်ကြောင့် အလွန်ဒေါသထွက်နေသော်လည်း သူ၏လိမ္မာပါးနပ်သောစရိုက်ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်၏ အမူအရာပြောင်းလဲနေသည်ကိုသတိထားမိသွားကာ ချက်ချင်းတိုက်ခိုက်ရန်အမိန့်ထုတ်ခဲ့သည်။

လီယိုနာဒို၏စကားကိုကြားချိန်တွင် နီကိုးလပ်စ်နှင့်ရှောင်ယုတို့သည် တုံ့ဆိုင်းမနေတော့ဘဲ လက်ကိုဝှေ့ယမ်းကာ တိုက်ခိုက်ရန်အမိန့်ပေးလိုက်တော့သည်။

လက်ရှိအခြေအနေကိုခြုံငုံကြည့်ပြီးနောက်တွင် ဂေါ်လောခ့်ခေါင်းဆောင်သာ သူ၏စွမ်းအင်ကိုထိန်းချုပ်နိုင်ပါက ယခုထက်ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း သူတို့၃ယောက်လုံးနားလည်သွားကြသည်။ ထို့ကြောင့် ဂေါ်လောခ့်ခေါင်းဆောင်ကိုယခုမရှင်းလင်းနိုင်ပါက သူတို့အားလုံးသုတ်သင်ရှင်းလင်းခံရမည်ဖြစ်သည်။

လီယိုနာဒို၏ ဓားကြီးကိုင်စစ်သည်၊ဓားမြှောင်နှစ်လက်ဖြင့်လုပ်ကြံသူအပြင် မှော်ဆရာများသည် ရရှိလာသည့်အခွင့်အရေးအားဆုပ်ကိုင်ကာ ဂေါ်လောခ့်ခေါင်းဆောင်ကိုသတ်ဖြတ်ရန် ကြိုးစားလာကြသည်။ သူတို့သည် တစ်ဖက်သား၏တန်ပြန်တိုက်ခိုက်မှုကို ဂရုမစိုက်ပေ။ သူတို့၏သခင်များက အမိန့်ပေးလာပြီဖြစ်၍ ရန်သူအားအချိန်တိုအတွင်း သုတ်သင်နိုင်ရန်တွန့်ဆုတ်နေမည်မဟုတ်ပေ။

နီကိုးလပ်စ်ကလည်း လုံးဝအားနည်းပုံမပြခဲ့ပေ။ သူသည် သန်မာသောဓားသမားတစ်ဦး၊သွေးနတ်သူငယ်ဘိုးဘေးရီလာနှင့် လဲ့ညီအစ်ကိုအားတိုက်ပွဲဝင်ရန် စေလွှတ်ခဲ့သည်။

လူတိုင်းအစွမ်းကုန်ထုတ်နေသည်ကိုကြည့်ပြီး ရှောင်ယုကအနည်းငယ်တွက်ချက်လိုက်သည်။ သူသည် လက်ရှိအခြေအနေကို အခွင့်ကောင်းယူကာ ဂေါ်လောခ့်ခေါင်းဆောင်အား သတ်ဖြတ်လိုခဲ့သည်။ အောင်မြင်သွားပါက သူ့လူများသည်မြောက်များလှစွာသော အတွေ့အကြုံမှတ်များကိုရရှိပိုင်ဆိုင်မှာဖြစ်ပြီး သူတို၏အဆင့်များ ကြီးစွာတိုးတက်သွားမည်ဖြစ်သည်။

ထို့ကြောင့် ရှောင်ယုသည် ခိုင်ရင်း၊ဂရင်း၊တိုင်ရန်ဒီ၊ကဲလ်သက်၊နဂါးလေးနှင့်အူသာတို့အစုအဖွဲ့အား တွန့်ဆုတ်ခြင်းမရှိစေလွှတ်လိုက်သည်။

အူသာသည် ယခင်တိုက်ပွဲများကတည်းက သူ၏စွမ်းအားကိုပြသခဲ့ပြီးဖြစ်သည်။ ယခုအခါ အူသာသည် လူတိုင်းအပေါ်သို့ ကောင်းချီးများစွာကို တိုက်ရိုက်အသုံးပြုပေးခဲ့ရာ လူတိုင်း၏ခွန်အားသည်နှစ်ဆတိုးလာခဲ့သည်။

မဟာမိတ်တပ်၏ စုပေါင်းတိုက်ခိုက်မှုသည် ဂေါ်လောခ့်ခေါင်းဆောင်အား ဒဏ်ရာပြင်းထန်စွာရရှိစေရန်လုံလောက်ပေသည်။ယခုအခါ သူ၏ဒဏ်ရာများသည် နှစ်ဆဖြစ်လာခဲ့ကာ ပိုမိုဆိုးရွားလာခဲ့သည်။

အနီးကပ်နှင့်တာဝေးတိုက်ခိုက်သူများ ပူးပေါင်းထိုးစစ်ဆင်ခြင်းသည် အလွန်ကောင်းမွန်ပေသည်။ အနီးကပ်တိုက်ခိုက်သူများသည် ဂေါ်လောခ့်ခေါင်းဆောင်၏လှုပ်ရှားမှုများကို ကန့်သတ်ထားပြီး ဂေါ်လောခ့်ခေါင်းဆောင်၏အာရုံစိုက်မှုအား ရယူထားခဲ့ချိန်တွင် မှော်ဆရာများနှင့်အခြားတာဝေးပစ်တိုက်ခိုက်သူများက ပြင်းထန်သောတိုက်ခိုက်မှုကိုထုတ်ဖော်ရန် အချိန်အလုံအလောက်ရခဲ့သည်။

အဆုံးသတ်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏ ကြီးမားသောအရွယ်အစားနှင့်၎င်းကိုကာကွယ်ပေးထားသည့် စွမ်းအားကြီးခုခံမှုအလွှာတစ်ခုကြောင့် အစွမ်းထက်လှသောတာဝေးပစ်တိုက်ခိုက်မှုများက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ဤတိုက်ပွဲသည် အနီးကပ်နှင့်တာဝေးပစ်တိုက်ခိုက်မှုတို့၏ ပေါင်းစပ်မှုကို အကောင်းဆုံးသက်သေပြခဲ့သည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ထိုမြင်ကွင်းကိုကြည့်၍ တုန်လှုပ်သွားခဲ့ကြသည်။ ဤမြင်ကွင်းသည် အမှန်ပင်အံ့မခန်းဖြစ်ပေသည်။ လူတိုင်း၏ခွန်အားသည် နှစ်ဆတိုးလာခဲ့ပြီး ဤသို့ခွန်အားတိုးလာမှုသည် ၁+၁=၂ကဲ့သို့မရိုးရှင်းပေ။လူများစွာမှပေါင်းစပ်တိုက်ခိုက်ခြင်းက အလုံးစုံတိုက်ခိုက်ရေးစွမ်းအားကို အဆများစွာတိုးလာစေသည်။

မူလက ပဥ္စမအဆင့်ကျွမ်းကျင်သူသည် ဂေါ်လောခ့်ခေါင်းဆောင်၏ရိုက်ချက်တစ်ခုကိုပင် မခုခံနိုင်ဘဲ ချက်ချင်းသေဆုံးသွားရမည်ဖြစ်သည်။ သို့သော်လည်း အူသာ၏ကောင်းချီးကိုရရှိပြီးနောက်တွင် လူတိုင်း၏တိုက်ခိုက်ရေးနှင့်ခုခံရေးစွမ်းအားတို့သည် အဆင့်တစ်ခုထိထိုးတက်သွားခဲ့သည်။ ထို့ကြောင့် တိုက်ပွဲအခြေအနေတစ်ခုလုံးသည်လည်း လုံးဝကွဲပြားသွားခဲ့သည်။

သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် ဝိညာဉ်များစွာကိုစုပ်ယူပြီးနောက်တွင် သူ၏ခွန်အားသည်မကြုံစဖူးအဆင့်တစ်ခုထိ ထိုးတက်သွားခဲ့သည်။ ယခုအချိန်ရောက်မှ ဂေါ်လောခ့်ခေါင်းဆောင်သည် ဧရာမဂေါ်လောခ့်၄ကောင်သေဆုံးသွားသည်ကိုပင် မကယ်တင်ဘဲအဘယ်ကြောင့်ရပ်စောင့်နေသည်ကို ရှောင်ယုနားလည်သွားခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ထိုဂေါ်လောခ့်များ၏ဝိညာဉ်ကို စုပ်ယူရန်အစောကတည်းက စီစဉ်ထားပုံရသည်။

ဒဏ္ဍာရီများ၏အဆိုအရ ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်အား အသုံးပြုထားသူသည် ဝိညာဉ်များစွာကိုစုပ်ယူပြီးနောက်တွင် ပေါက်ကွဲ၍သေဆုံးသွားမည်ဖြစ်သည်။ သို့သော် ထိုစိတ်ဝိညာဉ်အားလုံးကိုမြိုချပြီးသွားချိန်တွင် သူ၏ခွန်အားသည်မျှော်မှန်းမရသောအဆင့်တစ်ခုထိ တိုးတက်သွားမည်ကိုငြင်းဆန်၍မရနိုင်ပေ။

ပြင်းထန်သောတိုက်ခိုက်မှုများအပြီးတွင် နှစ်ဖက်ကြား ခွန်အားကွာဟချက်သည် နောက်ထပ်တစ်ကြိမ် ပိုမိုသိသာလာခဲ့သည်။ အစောပိုင်းတွင် ဂေါ်လောခ့်ခေါင်းဆောင်သည် ဒဏ်ရာများရထားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကိုဖြေးညင်းစွာစုပ်ယူပြီးနောက်တွင် ထိုပြဿနာကိုမကြုံတွေ့ရတော့ပေ။

လက်ရှိအချိန်တွင် အနီးကပ်တိုက်ခိုက်ရေးသမားများဖြစ်သော ဓားမြှောင်ကိုင်စစ်သည်၊လူအိုကြီးတာအိုကဲ့သို့သော စွမ်းအားကြီးကျွမ်းကျင်သူများသည် အူသာ၏ကောင်းချီးကိုရယူထားသော်လည်း ဂေါ်လောခ့်ခေါင်းဆောင်ကို ရပ်တန့်ရန်ခက်ခဲနေခဲ့သည်။

ထိုအချိန်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏ မြန်ဆန်လှသောအရှိန်ကြောင့် တာဝေးပစ်တိုက်ခိုက်သူများကလည်း ဖိအားများကိုစတင်ခံစားလာရသည်။ သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်ကို လျင်မြန်စွာပစ်မှတ်ထားတိုက်ခိုက်ခဲ့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်က အခြားတစ်နေရာသို့ရွေ့ပြောင်းသွားခဲ့သည်။

ထိုတာဝေးပစ်တိုက်ခိုက်သူများသည် သူတို့လူများကိုမတော်တဆထိခိုက်မိမည်ကို စိုးရိမ်သည့်အတွက်ကြောင့် တိုက်ခိုက်မှုများကို အလျင်စလိုမထုတ်ဖော်ဝံ့ကြပေ။

"ဟမ့်...ငါတို့ဒီတိုင်းဆက်သွားလို့မဖြစ်တော့ဘူး...ပိုပြီးပြင်းပြင်းထန်ထန်တိုက်ကြ...အဲ့ကောင်ကိုသတ်ပစ်လိုက်...ဒဏ်ရာတွေရမှာကိုစိုးရိမ်မနေကြနဲ့...မင်းတို့မသေသေးသရွေ့ အဲ့ဒဏ်ရာတွေကိုကုသပေးမယ်...မြန်မြန်တိုက်ကြ"

ရှောင်ယုက တပ်ဖွဲ့များကိုအော်ဟစ်အားပေးလိုက်သည်။

ရှောင်ယု၏တပ်များသည် ရှောင်ယု၏စကားကို သံသယမရှိယုံကြည်ကြပြီး ပြင်းထန်လှသောတိုက်ခိုက်မှုများအား ချက်ချင်းစတင်ခဲ့ကြသည်။ သူတို့သည် သူတို့၏လူများကိုထိခိုက်စေမှာကိုမကြောက်ကြတော့ပေ။ သူတို့သည် တစ်စုံတစ်ယောက်အား မတော်တဆနာကျင်စေခဲ့လျှင်ပင် အနာကျက်ဆေးဖြင့် ချက်ချင်းကုသပေးမည်ဖြစ်သည်။

သို့သော် အခြားတပ်ဖွဲ့နှစ်ခုက အနည်းငယ်တုန်လှုပ်သွားကြသည်။ အဆုံးသတ်တွင် သူတို့ထံ၌ထိုမျှအဖိုးတန်သော အနာကျက်ဆေးများမရှိကြပေ။ ရှိခဲ့လျှင်တောင်မှ ၎င်းတို့သည်အလွန်ရှားပါးအဖိုးတန်ပေသည်။

"မင်းအဖေပြောတာကိုမကြားကြဘူးလား...ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြ...ထိခိုက်ဒဏ်ရာရမှာကိုမစိုးရိမ်ကြနဲ့...ဒီအဖေကမင်းတို့ကိုကုသပေးမယ်...ခုတိုက်ကြတော့"

ရှောင်ယုက နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။

သူတို့အားမေးခွန်းထုတ်နေသော အကြည့်ဖြင့်ကြည့်နေသော တပ်သားများကိုကြည့်ပြီး နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့က ခေါင်းညိတ်ပြလိုက်သည်။ ရှောင်ယုကပင် ဤသို့ပြောလာပြီဖြစ်ရာ သူတို့တုံ့ဆိုင်းနေစရာအကြောင်းမရှိပေ။

ထို့ကြောင့် တိုက်ပွဲတစ်ခုလုံးသည် ခဏအတွင်းပိုမိုရက်စက်ပြင်းထန်လာခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ချက်ချင်းပင်ဒုက္ခရောက်သွားခဲ့သည်။ သူ၏မူလအစီအစဉ်အရဆိုလျှင် တာဝေးပစ်တိုက်ခိုက်သူများသည် သူတို့၏တပ်များ မတော်တဆထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်နေချိန်၌ သူသည်အနီးကပ်တိုက်ခိုက်သူများကို တတ်နိုင်သမျှမြန်မြန်သုတ်သင်ရှင်းလင်းပစ်မည်ဖြစ်သည်။

အဆုံးသတ်တွင် ဂေါ်လောခ့်ခေါင်းဆောင်သည် တောင့်မခံနိုင်တော့ပေ။ သူသည် တိုက်ခိုက်မှုများကို မည့်သို့ပင်တိမ်းရှောင်နေပါစေ တစ်ဖက်သား၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားမှာဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ပါးစပ်ကြီးကိုဟ၍ လေကို ရူးသွပ်စွာစုပ်ယူလိုက်သည်။ ကန့်သတ်ချက်ပြည့်သွားသည့်အချိန်တွင် ဂေါ်လောခ့်ခေါင်းဆောင်သည် ပြန်လည်၍ရှုထုတ်လိုက်ရာ ရက်စက်ကြမ်းကြုတ်သောလေစီးကြောင်းက ရုတ်တရက်ထွက်ပေါ်လာပြီး ဂေါ်လောခ့်ခေါင်းဆောင်အနီးရှိလူတိုင်းကို တွန်းထုတ်ပစ်လိုက်သည်။

တာဝေးပစ်တိုက်ခိုက်သူများသည်ပင် လေစီးကြောင်းကြောင့် ဟန်ချက်ပျက်သွားခဲ့ပြီး တိုက်ခိုက်မှုစည်းချက်သည် လုံးဝယိုယွင်းသွားခဲ့သည်။

"သေစမ်း...ဟိုကောင်ပြေးဖို့ကြိုးစားနေပြီ...သူ့ကိုရပ်လိုက်တော့"

ရှောင်ယုသည် ထွက်ပြေးရန်ကြိုးပမ်းနေသော ဂေါ်လောခ့်ခေါင်းဆောင်အား ညွန်ပြ၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ဒဏ်ရာအနည်းငယ်သာ ရရှိထားသူများသည် ချက်ချင်းခုန်ထလာပြီး ဂေါ်လောခ့်ခေါင်းဆောင်ကိုကြားဖြတ်ဟန့်တားလိုက်သည်။သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်ကို ချုပ်နှောင်ရန်အတွက် နည်းလမ်းမျိုးစုံကိုအသုံးပြုခဲ့ပြီး ဂေါ်လောခ့်ခေါင်းဆောင်ကို လွန်စွာစိတ်မသက်မသာဖြစ်စေခဲ့သည်။

"လူယုတ်မာတွေ...မင်းတို့တော်တော်လွန်နေပြီ...အားဂ်...ဂါး"

ဂေါ်လောခ့်ခေါင်းဆောင်သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ကျုံ့ဝင်သွားခဲ့ကာ ရွှံ့နွံပေါ်၌လှည်ပတ်နေသော အဝိုင်းတစ်ခုလိုဖြစ်လာခဲ့သည်။

တာဝေးပစ်တိုက်ခိုက်သူများသည် လွန်စွာကူကယ်ရာမဲ့သွားခဲ့သည်။ ဂေါ်လောခ့်ခေါင်းဆောင်၏ အရွယ်အစားသည် ကျုံ့ဝင်သွားခဲ့ပြီးနောက် အံ့သြဖွယ်ကောင်းလောက်အောင်ပင် မြန်ဆန်လှသောအရှိန်ဖြင့် လှည်ပတ်နေသောစက်လုံးကြီးဖြစ်လာခဲ့သည်။ ထိုအရာကို သူတို့မည်သို့တိုက်ခိုက်ကြမည်နည်း။

ဂေါ်လောခ့်ခေါင်းဆောင်သည် သူတို့အားတွေးတောရန် အချိန်မပေးတော့ဘဲ လူတိုင်းကိုစတင်တိုက်ခိုက်ခဲ့သည်။ ထိုစက်လုံးဖြင့် ထိခိုက်မိသူများသည် ထိခိုက်ဒဏ်ရာမရရှိသော်လည်း အသားပြားများဖြစ်လာကာ ဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။

နဂါးလေးသည် ဒေါသတကြီးဟိန်းဟောက်လိုက်ကာ ပြေးတက်လာခဲ့ပြီး အသားလုံးကိုကန်ကျောက်ပစ်လိုက်သည်။ ထို့နောက် နဂါးလေး၏လက်ချက်ဖြင့် အသားလုံးသည်လေထဲလွှင့်ထွက်သွားခဲ့သည်။

အခန်း ၃၈၄ - ဝှက်ဖဲများထပ်မံထုတ်ဖော်ခြင်း

ဂေါ်လောခ့်ခေါင်းဆောင်သည် ယခုလိုအဆုံးသတ်သွားမည်ဟု မည်သည့်အခါကမှ မတွေးဖူးခဲ့ပေ။

နဂါးသည် သူ့အားအမှန်တကယ်ပင် ကန်ကျောက်ခဲ့သည်။

ဒေါသထွက်နေသော ဂေါ်လောခ့်ခေါင်းဆောင်သည် ဟိန်းဟောက်လိုက်ကာ မူလအခြေအနေသို့ပြန်သွားခဲ့သည်။ သူသည် ဘောလုံးတစ်ခုကဲ့သို့ အခြားသူများထံ၌ကန်ကျောက်မခံလိုတော့ပေ။

သူသည် နဂါးလေးအား စတင်ဂရုစိုက်လာခဲ့သည်။ အဆုံးသတ်တွင် နဂါးများသည် ကြံ့ခိုင်သောခန္ဓာကိုယ်နှင့်သန်မာသောခွန်အားတို့ကြောင့် နာမည်ကျော်ကြားပေသည်။ အထူးသဖြင့် သူရင်ဆိုင်နေရသောနဂါးသည် အလွန်ပင်အံ့သြဖွယ်ကောင်းပြီး လူများကိုနံချပ်ကူဖြင့် တိုက်ခိုက်လေ့ရှိသည်။

သူ၏ခြေထောက်များတွင် နတ်ဘုရားတစ်ပါးကဲ့သို့အစွမ်းအား ပိုင်ဆိုင်ထားမည်ဟု နဂါးလေးမထင်ထားခဲ့ပေ။ သူ၏ခြေကျင်းဝတ်သည်နာကျင်နေသော်လည်း သူသည်ချက်ချင်းဆိုသလိုပင် ဘောလုံးပြန်ကန်လိုခဲ့သည်။

လက်ရှိအချိန်၌ နဂါးလေး၏ခန္ဓာကိုယ်သည် ဂေါ်လောခ့်ခေါင်းဆောင်ထက် အနည်းငယ်ပိုမိုသန်မာနေခဲ့သည်။ နဂါးလေးသည် ဂေါ်လောခ့်ခေါင်းဆောင်၏ ပြိုင်ဘက်မဟုတ်သော်လည်း ၎င်း၏တိုက်ခိုက်မှုကိုအနည်းနှင့်အများဆိုသလို ခုခံနိုင်ပြီး အခြားသူများက လုံးဝခံနိုင်စွမ်းမရှိပေ။

ဂေါ်လောခ့်ခေါင်းဆောင်၏မျက်နှာသည် အလွန်ပင်ကြည့်ရဆိုးနေခဲ့သည်။ သူသည် သူ့အားဘောလုံးတစ်လုံးလို ကန်ကျောက်ဝံ့သည့်နဂါးလေးကို အလွန်ဒေါသထွက်နေခဲ့သည်။ ထို့နောက်သူ၏ကြီးမားသောအမြီးကြီးသည် နဂါးလေးကိုထိမှန်ကာ နဂါးလေးသည် ခိုင်ရင်းထံသို့လွှင့်ထွက်သွားခဲ့သည်။

ခိုင်ရင်းသည် နဂါးလေးကိုလှမ်းဖမ်းရန် လျင်မြန်စွာကြိုးပမ်းလိုက်သော်လည်း တိုက်ခိုက်မှု၏နောက်ကွယ်တွင်ပါဝင်သောခွန်အားကြောင့် နဂါးလေးနှင့်အတူမြေပေါ်ရိုက်ခတ်ခံလိုက်ရသည်။ ထို့နောက် ခိုင်ရင်းသည် နဂါးလေးအားမထီမဲ့မြင်ပြုကာ စိုက်ကြည့်လိုက်သည်။

"ဟေး...နွားအိုကြီး ငါတို့ကတစ်ယောက်နဲ့တစ်ယောက်သိနေတာကြာလှပြီ...ငါလက်စားချေဖို့တော်တော်စိတ်အားထက်သန်နေတယ်...မင်းငါ့ကိုတကယ်မကူညီချင်ဘူးလား"

ခိုင်ရင်း၏ မထီမဲ့မြင်အကြည့်ကိုသတိထားမိချိန်တွင် နဂါးလေးကချက်ချင်းပြောလိုက်သည်။ ယခုအခါ နဂါးလေး၏ခန္ဓာကိုယ်အားသွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

နဂါးလေးသည် ဟိုးယခင်ကပင် ခိုင်ရင်းနှင့်ဂရင်းတို့နှင့်ပတ်သက်၍ ကောင်းမွန်သောဆက်ဆံရေးရှိပေသည်။ ယခင်ကပင် ရှောင်ယုကသူတို့နှစ်ယောက်ကို အရေးစိုက်၍မတွဲပေးခဲ့သော်လည်း သူတို့ကသူငယ်ချင်းများဖြစ်လာကြသည်။

ခိုင်ရင်းသည် နဂါးလေး၏စကားကိုကြားပြီးနောက်တွင် ခေါင်းညိတ်ပြလိုက်ပြီးနောက် နဂါးလေးနောက်သို့လိုက်၍ ဂေါ်လောခ့်ခေါင်းဆောင်ကို တိုက်ခိုက်ရန်ပြေးဝင်သွားခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ခိုင်ရင်း၏တိုက်ခိုက်မှုအား တွေ့မြင်နေရသော်လည်း ကြောက်ရွံ့ခြင်းလုံးဝမရှိပေ။ သူသည် နဂါးလေးထံသို့ပြေးဝင်သွားရင်း ခိုင်ရင်း၏ပြင်းထန်သောတိုက်ခိုက်မှုများကိုရှောင်တိမ်းခဲ့သည်။ သူသည် ခိုင်ရင်းကိုလုံးဝလျစ်လျူရှုထားခဲ့သည်။

ခိုင်ရင်း၏ပင်ကိုယ်စရိုက်သည် ရိုးသားဖြောင့်မတ်သော်လည်း သူသည်ဒေါသမထွက်တတ်ဟုမဆိုလိုပေ။ ယခုအခါ သူ၏ရန်သူကသူ့အား လျစ်လျူရှုထားခြင်းက သူ့အတွက်အလွန်အရှက်ရစရာကောင်းနေခဲ့သည်။

ခိုင်ရင်းသည် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် ကြီးမားသောပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သူ၏ခန္ဓာကိုယ်မှနေ၍ အလင်းတန်းများထွက်ပေါ်လာခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်သည်တဖြည်းဖြည်းကြီးထွားလာခဲ့သည်။ လက်ရှိအချိန်တွင် ခိုင်ရင်း၏ခန္ဓာကိုယ်သန်မာမှုသည် ဆက်တိုက်မြင့်တက်နေခဲ့သည်။

တိုက်တန်နွားသိုး...

ခိုင်ရင်းသည် တိုက်တန်နွားသိုးတစ်ကောင်၏ အသွင်ကိုကူးပြောင်းလိုက်အပြီးတွင် သူ၏ရုပ်သွင်သည် သိသိသာသာပြောင်းလဲလာခဲ့ပြီး နဂါးနှင့်ဆင်တူလာခဲ့သည်။ ထို့နောက်သူသည် ဂုဏ်ယူစွာဖြင့်ခေါင်းကိုမြှောက်ထားလိုက်သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် ခိုင်ရင်း၏အသွင်ပြောင်းမှုကိုမြင်သောအခါတွင် သူ၏လက်ရှိအခြေအနေအား ပြန်လည်၍သုံးသပ်ခဲ့သည်။

နဂါးလေးသည် တိုက်တန်နွားသိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သော ခိုင်ရင်းနှင့်အတူ ဂေါ်လောခ့်ခေါင်းဆောင်အား တစ်ဖက်တစ်ချက်မှတိုက်ခိုက်လိုက်သည်။ ထိုသို့နှစ်ဖက်ညပ်တိုက်ခိုက်ခံရမှုကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် တာဝေးပစ်တိုက်ခိုက်သူများ၏ တိုက်ခိုက်မှုများကို တောင့်ခံရန်အတွက် သူ၏ခန္ဓာကိုယ်ကိုသာအသုံးပြုနေရ၍ သူ၏ခွန်အားကိုအပြည့်အဝမထုတ်ဖော်နိုင်ခဲ့ပေ။

ထို့ကြောင့် နဂါးလေးနှင့်ခိုင်ရင်းတို့၏ တိုက်ခိုက်မှုများကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် ဒဏ်ရာများပိုမိုရရှိလာခဲ့သည်။ သို့သော် ဒဏ်ရာပြင်းထန်မှုမရှိသောကြောင့် ဆက်လက်တိုက်ခိုက်နေနိုင်ခဲ့သည်။

များမကြာမှီ သွေးခြင်္သေ့၏ဟိန်းဟောက်သံထွက်ပေါ်လာပြီး ရီလာ၏ဒဏ်ရာများ ပျောက်ကင်းသွားကြောင်း သိသာနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ နဂါးလေးနှင့်တိုက်တန်နွားရိုင်းတို့သည် ဂေါ်လောခ့်ခေါင်းဆောင်၏လှုပ်ရှားမှုများအား မကန့်သတ်နိုင်တော့သောကြောင့် ရီလာသည်လည်း သွေးခြင်္သေ့နှင့်အတူ တိုက်ပွဲထဲသို့ဝင်ရောက်လာခဲ့သည်။

သူတို့ ၃ယောက်လုံးသည် ဂေါ်လောခ့်ခေါင်းဆောင်ကိုရင်ဆိုင်ရန်အတွက် ခန္ဓာကိုယ်ခွန်အားကို အားကိုးခဲ့ကြသော်လည်း မကြာမှီတွင် ဂေါ်လောခ့်ခေါင်းဆောင်၏ ခုခံကာကွယ်ရေးသည် အလွန်ပင်ကြောက်စရာကောင်းကြောင်း တွေ့ရှိခဲ့၍သူတို့၃ယောက်သည် အသာစီးမရခဲ့ပေ။

"တိုင်ရန်ဒီ...နဂါးမီးမြှားကိုသုံးပြီးတော့ သူ့မျက်လုံးတွေကိုချိန်ပြီးပစ်စမ်း"

ရှောင်ယုသည် ဆက်လက်သည်းမခံနိုင်တော့ပေ။ သူသည်သူ့လူများ ထိခိုက်ဒဏ်ရာရနေသည်ကို မမြင်တွေ့လိုတော့ပေ။ ထိုသို့မဟုတ်ပါက ရှောင်ယုသည်လက်ကျန်နဂါးမီးမြှား၆ချောင်းကို ထုတ်သုံးမည်မဟုတ်ပေ။ ဤကဲ့သို့သောရတနာများသည် အလွန်ပင်ရှားပါးလှကာ မတော်တဆရှာတွေ့နိုင်သည့်အရာများမဟုတ်ပေ။

တိုင်ရန်ဒီသည် သိုလှောင်လက်စွပ်မှနေ၍ ပေါက်ကွဲနိုင်သော နဂါးမီးမြှားများကိုထုတ်ယူကာ ဂေါ်လောခ့်ခေါင်းဆောင်၏မျက်လုံးများကို ချိန်ရွယ်ထားလိုက်သည်။

သို့သော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် အဆက်မပြတ်ရွေ့လျားနေသည့်အတွက်ကြောင့် တိုင်ရန်ဒီသည် မြှားကိုပစ်လွှတ်နိုင်ခြင်းမရှိပေ။ အကယ်၍ သူမသာပစ်မှတ်ကိုလွဲချော်သွားခဲ့ပါက နောက်ဆက်တွဲအကျိုးရလဒ်များက ဆိုးရွားသွားမည်ဖြစ်သည်။

"နီကိုးလပ်စ်...လီယိုနာဒို...ဒီမှာရပ်မနေနဲ့တော့ တိုက်ကြရအောင်"

ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

နီကိုးလပ်စ်သည် စကားတစ်ခွန်းမှမပြောခဲ့ပေ။ သူသည် သိုလှောင်လက်စွပ်အတွင်းမှနေ၍ အစွမ်းထက်သောမှော်စွမ်းအင်အတက်အကျများကို ထုတ်လွှတ်နေသည့် သွေးနီရောင်ကျောက်မျက်နှင့်အတူ မှော်လှံတံတစ်ချောင်းကို ထုတ်ယူလိုက်သည်။

မှော်လှံတံကိုတွေ့မြင်လိုက်ချိန်တွင် သွေးနတ်သူငယ်ဘိုးဘေးက ဆွဲဆောင်မှုရှိသောလေသံဖြင့်ပြောလိုက်သည်။

"သွေးလှံ"

"ရီလာ...ဒါကိုမင်းအရင်သုံးပြီးတော့ ငါ့ကိုပြန်ပေး...ငါကဒါကိုနောက်မှထုတ်ပေးမယ်လို့ စဉ်းစားထားခဲ့ပေမဲ့ ဒီလှံတံကအနည်းနဲ့အမြန်ဆိုသလိုမင်းအပိုင်ဖြစ်လာမှာပဲ"

ဤသွေးလှံတံသည် သာမန်အရာတစ်ခုမဟုတ်ကြောင်း နီကိုးလပ်စ်က အလေးအနက်ထား၍ပြောလိုက်သည်။ ထိုလှံတံသည် သွေးနတ်သူငယ်များ၏ အမွေအနှစ်ရတနာဖြစ်ပြီး သူ၏မိသားစုသည် ထိုသွေးလှံကိုရယူရန်များစွာကြိုးပမ်းခဲ့ရသည်။

နီကိုးလပ်စ်သည် သွေးလှံတံကိုသူ့ထံပေးအပ်မည်ဟု ပြောသံကြားရသည့်အခါတွင် ရီလာသည်အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့သည်။ ရီလာသည် သွေးလှံတံကိုလက်ခံရရှိပြီးနောက် စိတ်လှုပ်ရှားစွာဟိန်းဟောက်လိုက်ပြီး သူ၏တစ်ကိုယ်လုံးမှသွေးရောင်အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သွေးတိမ်များသည်သူ၏ခန္ဓာကိုယ်မှ ပျံ့နှံ့လာခဲ့ပြီး ဂေါ်လောခ့်ခေါင်းဆောင်ကိုပစ်မှတ်ထားလာခဲ့သည်။

သွေးတိမ်များက ဂေါ်လောခ့်ခေါင်းဆောင်ကို ချက်ချင်းဖုံးအုပ်သွားခဲ့သည်။ ထို့နောက် ရီလာ၏အကြည့်များသည် ချက်ချင်းဆိုသလိုအေးစက်သွားခဲ့ပြီး သူ့လက်ထဲရှိသွေးလှံတံသည် ဂေါ်လောခ့်ခေါင်းဆောင်၏ခန္ဓာကိုယ်အား လှိုင်းလုံးကြီးများကဲ့သို့ရိုက်ခတ်လာကာ သွေးများစီးကျလာစေခဲ့သည်။

ဂေါ်လောခ့်ခေါင်းဆောင်သည် သူ၏ကိုယ်ထည်ကိုကာကွယ်ထားသော အကြေးခွံချပ်ဝတ်အက်ကွဲသွား၍ နာကျင်စွာဟိန်းဟောက်လိုက်သည်။ ဤချပ်ဝတ်သည် သူ၏အကြေးခွံနှင့်အသားတို့ဖြင့်ပေါင်းစပ်၍ ပြုလုပ်ထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ချပ်ဝတ်အက်ကွဲခြင်းက သူ၏ခန္ဓာကိုယ်အက်ကွဲခြင်းနှင့်ညီမျှပေသည်။

သူ၏ချပ်ဝတ်အက်ကွဲသွားခြင်းက သူ၏ခံစစ်စွမ်းအား သိသိသာသာကျဆင်းသွားသည်ကို ညွန်ပြနေပေသည်။ နဂါးလေးသည်ထိုအခွင့်အရေးအား အမိအရဖမ်းဆုပ်လိုက်ကာ သူ၏နံချပ်ကူဖြင့် အကြိမ်ကြိမ်အခါခါတိုက်ခိုက်လိုက်ပြီး သူသိရှိထားသည့်တိုက်ခိုက်ရေးနည်းစနစ်မျိုးစုံကို ပြသခဲ့သည်။ ထိုတိုက်ခိုက်မှုများက ဂေါ်လောခ့်ခေါင်းဆောင်၏ချပ်ဝတ်ကို ပိုမိုအက်ကွဲစေခဲ့သည်။

"ဟားဟား...ငါ့ရဲ့တိုက်ခိုက်မှု၁၈ချက်ကိုမြည်းကြည့်စမ်း"

နဂါးလေးသည် စိတ်လှုပ်ရှားစွာရယ်မောလိုက်ပြီး ထူးဆန်းသောလှုပ်ရှားမှုများကို ထုတ်သုံး၍အဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။

ခိုင်ရင်းသည်လည်း သူ၏အားနည်းမှုကို လုံးဝထုတ်မပြပေ။ နဂါးလေး၏တိုက်ခိုက်မှုများကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် အနည်းငယ်မူးဝေသွားသော်လည်း ထိုမျှဖြင့်မပြီးသေးပေ။ ခိုင်ရင်း၏တိုက်ခိုက်မှုများသည် နဂါးလေး၏တိုက်ခိုက်မှုထက် ပိုမိုကြောက်စရာကောင်းနေခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် ဂေါ်လောခ့်ခေါင်းဆောင်သည် လဲပြိုလုနီးနီးဖြစ်သွားခဲ့သည်။

မြေပြင်အက်ကွဲမှုနှင့်အတူ ခိုင်ရင်း၏လှပသောတိုက်ခိုက်မှုသည်လည်း အဆုံးသတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဂေါ်လောခ့်ခေါင်းဆောင်၏ ချပ်ဝတ်သည်လည်းအလွန်ပင်ပျက်စီးသွားခဲ့သည်။

တိုက်ခိုက်မှုများသည် အဆုံးသတ်သွားခဲ့ပြီဟု ဂေါ်လောခ့်ခေါင်းဆောင်ကယူဆလိုက်သော်လည်း သွေးခြင်္သေ့က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သွေးခြင်္သေ့သည် သူ၏ပါးစပ်ကိုဖွင့်လိုက်ပြီးနောက်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏လည်ပင်းကို ကိုက်ခဲလိုက်သည်။ ဂေါ်လောခ့်ခေါင်းဆောင်သည် ကြီးမားသောနာကျင်မှုကိုခံစားလိုက်ရပြီး အဆက်မပြတ်ရုန်းကန်လိုက်သည်။

"ကောင်းတယ်ဟေ့..."

ရှောင်ယုကလက်ခုပ်တီး၍ အော်ဟစ်လိုက်သည်။ ဤတိုက်ခိုက်မှုအတွဲလိုက်သည် အမှန်တကယ်ကိုချောမွေ့လှပြီး ဤတိုက်ပွဲဖြစ်စဉ်တစ်ခုလုံးသည် အခြားတပ်သားများလေ့ကျင့်ရန် အကောင်းဆုံးသင်ခန်းစာလည်းဖြစ်သည်။

ထိုအချိန်တွင် တိုင်ရန်ဒီသည် အခွင့်အရေးကိုအမိအရဖမ်းဆုပ်ကာ နဂါးမီးမြှားကိုပစ်လွှတ်လိုက်သည်။ နဂါးမီးမြှားသည် ဥက္ကာပျံတစ်စင်းကဲ့သို့ ဂေါ်လောခ့်ခေါင်းဆောင်၏ဦးခေါင်းတည့်တည့်သို့ တိုးဝင်လာခဲ့သည်။

သူ့ထံသို့တိုးဝင်လာသည့် မီးတောက်လောင်နေပုံရသော နဂါးမီးမြှားကိုစိုက်ကြည့်ရင်း ဂေါ်လောခ့်ခေါင်းဆောင်သည် အမှန်ပင်ကြောက်ရွံ့သွားခဲ့သည်။ ဤမြှားသည် သူ၏အသက်ကိုအမှန်တကယ်ခြိမ်းခြောက်နိုင်စွမ်းရှိပေသည်။

သူသည် ခက်ခက်ခဲခဲရုန်းကန်နေသော်လည်း သွေးခြင်္သေ့ကသူ၏လည်ပင်းကို မလွတ်တမ်းကိုက်ခဲထားခဲ့ပြီး လုံးဝလွတ်ပေးရန်ဆန္ဒရှိနေပုံမရပေ။

တိုင်ရန်ဒီ၏နဂါးမီးမြှားသည် ဂေါ်လောခ့်ခေါင်းဆောင်အား မထိမှန်မှီတွင် နဂါးလေးနှင့်ခိုင်ရင်းတို့သည် ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ပြေးဝင်သွားခဲ့သည်။ ထို့နောက်သူတို့နှစ်ယောက်သည် တိုင်ရန်ဒီ၏ပစ်ချက်မလွဲစေရန်အတွက် ဂေါ်လောခ့်ခေါင်းဆောင်၏လက်တစ်ဖက်စီအား ဖမ်းချုပ်ထားခဲ့လိုက်သည်။

အခွင့်အရေးပဲ...

လူတစ်စုသည် သူတို့၏ဘေးကင်းမှုမည်မျှပင်ရှိနေပါစေ လျင်မြန်သောအရှိန်အဟုန်ဖြင့် ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ ချက်ချင်းပြေးဝင်သွားခဲ့သည်။

ရှောင်ယု၏ဘေးနားတွင်ရှိနေသော မိုင်ယဗ်သည်ပင် မကူညီနိုင်ဘဲပြေးထွက်လာခဲ့ပြီး လျှပ်တပြက်အတွင်း ဂေါ်လောခ့်ခေါင်းဆောင်၏အနားတွင် ထွက်ပေါ်လာကာ အင်အားအပြည့်ဖြင့်တိုက်ခိုက်လိုက်သည်။ အီလီဒမ်ကလည်း သူ၏ဓားနှစ်လက်ကိုဝှေ့ယမ်းကာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သို့သော် မိုင်ယဗ်နှင့်အီလီဒမ်တို့၏အင်အားသည် မလုံလောက်သည်မှာ နှမြောစရာကောင်းလှပေသည်။ သူတို့နှစ်ယောက်သည် အဆင့်၄၀ထက်အနည်းငယ်နိမ့်နေသေးသည်။ သို့သော်လည်း ဤနှစ်ယောက်ကသာ အတွေ့အကြုံမှတ်များစွာကိုရရှိလိုပါက ဂေါ်လောခ့်ခေါင်းဆောင်ကို သတ်ဖြတ်ရမည်ဖြစ်သည်။

ရှောင်ယုဘက်မှလူများ လှုပ်ရှားနေကြသလို နီကိုးလပ်စ်တို့ဘက်မှ လဲ့ညီအစ်ကိုတို့သည် ဂေါ်လောခ့်ခေါင်းဆောင်၏ထိပ်ပေါ်သို့ရောက်ရှိလာခဲ့ကာ တူနှင့်စူးချွန်တို့ဖြင့်ပူးပေါင်း၍တိုက်ခိုက်လိုက်သည်။ ထိုအချိန်၌ နဂါးမီးတောက်မြှားကလည်း ဂေါ်လောခ့်ခေါင်းဆောင်နှင့်လွန်စွာနီးကပ်လာခဲ့သည်။

ဓားမြှောင်ကိုင်စစ်သည်၊ဒိုင်းကိုင်စစ်သည်နှင့်ဂရင်းတို့ကလည်း ဂေါ်လောခ့်ခေါင်းဆောင်ထံသို့ တဟုန်ထိုးပြေးဝင်သွားခဲ့ကြပြီး ၎င်း၏ရင်ဘတ်ဆီသို့ နောက်ထပ်ခုတ်ချက်နှစ်ခုပေးလိုက်သည်။

ယခုအချိန်တွင် ဂေါ်လောခ့်ခေါင်းဆောင်၏မျက်နှာပေါ်၌ အလန့်တကြားဖြစ်နေသော အမူအရာများဖြစ်ပေါ်လာခဲ့သည်။

All Chapters