အခန်း (၃၈၈-၃၉၀)
Vol. 26 Ch. 388-390
အခန်း ၃၈၈ - အော်ဂတ်စတတ်၏ပူးပေါင်းကြံစည်မှု
ဂေါ်လောခ့်ခေါင်းဆောင်ပေါက်ကွဲသွားပြီးနောက် ပြင်းထန်သောစွမ်းအင်လှိုင်များ ထွက်ပေါ်လာခဲ့သည်။
သူသေဆုံးသွားပြီးနောက်တွင်ပင် ဤကိစ္စ၏လက်သည်တရားခံဖြစ်သော လူသားများအား အန္တာရယ်ပြုရန်မမေ့ခဲ့ပေ။
ပေါက်ကွဲမှုမှထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများသည် ဗပါက်ကွဲမှုနှင့်များစွာမဝေးလှသော လူသားများကို ကြီးကြီးမားမားထိခိုက်စေခဲ့သည်။ မဟာမိတ်တပ်၏စွမ်းအားကြီး ကျွမ်းကျင်သူများအပြင် အားနည်းသောစစ်သည်တော်များသည်ပင် အမျိုးမျိုးသောဒဏ်ရာများရရှိခဲ့သည်။
ထို့ပြင် ပေါက်ကွဲမှုနှင့်အလွန်ပင်နီးကပ်နေသည့် တပ်သားအချို့သည် အမှန်တကယ်ပင်ကံဆိုးခဲ့ကြပြီး ပေါက်ကွဲမှုမှလွှင့်ထွက်လာသော အသားစအချို့သည် သူတို့၏ပါးစပ်ထဲထိဝင်ကုန်ကြသည်။
သတ်ဖြတ်ခြင်းနှင့်တိုက်ပွဲများ၌ ကျင့်သားရနေသည့်စစ်သည်များသည်ပင် ဤသို့သောမြင်ကွင်းနှင့်တွေ့မြင်လိုက်ရချိန်တွင် အလွန်ပင်မအီမသာဖြစ်သွားခဲ့ကာ အန်ထုတ်လိုက်ကြရသည်။
နီကိုးလပ်စ်သည် ဂေါ်လောခ့်ခေါင်းဆောင်၏အနီးတွင်ရှိနေသောကြောင့် သူ၏ဆံပင်များသည်ရှုပ်ပွကုန်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများစုတ်ပြဲသွားကြသည်။ သူ၏ခွန်အားသည် အလွန်မြင့်မားသော်လည်း ဂေါ်လောခ့်ခေါင်းဆောင်သည် သူ့ကိုပင်တုံ့ပြန်ခွင့်မပေးဘဲ ချက်ချင်းပေါက်ကွဲသွားခဲ့သည်။ နီကိုးလပ်စ်၏မျက်နှာသည် အိုးဖင်ကဲ့သို့ညိုမဲသွားခဲ့ကာ သူ၏သိုလှောင်လက်စွပ်တွင်းမှ အဝတ်အစားသစ်များကိုထုတ်ယူလိုက်သည်။
လီယိုနာဒိုနှင့် ရှောင်ယုတို့သည်ကား အဝတ်အစားများရှုပ်ပွသွားရုံမှလွဲ၍ အခြားပြဿနာမဖြစ်ခဲ့ပေ။ ရှောင်ယုသည် နီကိုးလပ်စ်ကိုကြည့်ရင်း ရယ်မောလိုက်ချင်သော်လည်း အောင့်အီးသည်းခံနိုင်ခဲ့သည်။
ရှောင်ယုအား ပိုမိုစိတ်လှုပ်ရှားစေသည်မှာ ဂေါ်လောခ့်ခေါင်းဆောင်သေဆုံးသွားပြီးနောက်တွင် သူ၏သူရဲကောင်းများသည် အဆင့်၄၀သို့ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ မိုင်ယဗ်နှင့်အီလီဒမ်တို့နှစ်ယောက်သည် တိုက်ပွဲအတွင်း၌တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ခဲ့သည်။ မူလကသူတို့သည် အဆင့်၄၀နှင့်နီးကပ်နေပြီဖြစ်ရာ ယခုလိုအဆင့်မြင့်နတ်ဆိုးသားရဲတစ်ကောင်ကိုသတ်ဖြတ်ခြင်းက သူတို့အားအဆင့်တက်စေခဲ့ခြင်းဖြစ်သည်။
သူရဲကောင်းနှစ်ယောက်သည် အဆင့်၄၀သို့ရောက်ရှိသွားပြီးနောက်တွင် ရှောင်ယု၏သူရဲကောင်းများအနက် နာဂမှလွဲ၍ ကျန်သူရဲကောင်းများအားလုံးသည် အဆင့်၄၀သို့ရောက်ရှိခဲ့ပြီး သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် အလွန်တိုးတက်လာခဲ့သည်။
နာဂသည် တိုက်ပွဲတိုင်းလိုလိုပင်ပါဝင်ခဲ့ပြီး အတွေ့အကြုံမှတ်များကို ရယူခဲ့သည့်အတွက်ကြောင့် အဆင့်၃၆သို့ရောက်ရှိနေပြီဖြစ်သည်။ နေဝင်ချိန်နွံအိုင်ခရီးစဉ်အပြီးတွင် နာဂသည်အဆင့်၄၀သို့ရောက်ရှိသွားမည်ဟု ရှောင်ယုကယုံကြည်ထားသည်။
ထိုအချိန်တွင် သူ၏သူရဲကောင်းများအားလုံးသည် ပဥ္စမအဆင့်ကျွမ်းကျင်သူများဖြစ်လာကြမည်ဖြစ်သည်။ ထိုပဥ္စမအဆင့်ကျွမ်းကျင်သူများနှင့်အတူ ရှောင်ယုသည်သူ၏နယ်မြေကို တဖန်ပြန်လည်ချဲ့ထွင်မည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယု၏အတွေးများသည် ဟိုးအဝေးအနာဂတ်ထိပင် ရောက်ရှိနေခဲ့သည်။ သူ့ထံတွင် ပဥ္စမအဆင့်ကျွမ်းကျင်သူများရှိလာပြီဖြစ်သော်လည်း ဆဌမအဆင့်ကျွမ်းကျင်သူများနှင့် သတ္တမအဆင့်ကျွမ်းကျင်သူများနှင့်ရင်ဆိုင်ရပါက မည်သို့ဖြစ်လာမည်နည်း။ ဤကမ္ဘာပေါ်၌ သတ္တမအဆင့်ကျွမ်းကျင်သူများမရှိလာသေးသော်လည်း သူ၏သူရဲကောင်းများအားလုံးသည် ရှေးခေတ်မှဆင်းသက်လာခြင်းဖြစ်သည်။ သူတို့သာ အဆင့်၆၀သို့ရောက်ရှိသွားပါက သတ္တမအဆင့်ဟုသတ်မှတ်နိုင်မည်လား....ထိုအရာသည်မဖြစ်နိုင်သည်တော့မဟုတ်ပေ။
"ဒီငမိုက်သားက ဒါလေးကိုတောင် တောင့်မခံနိုင်ဘူးလား...မင်းတို့ကောင်တွေကလည်း ခုထိမသေနိုင်ကြသေးဘူး"
လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမှော်ဆရာအော်ဂတ်စတတ်က မထီမဲ့မြင်ပြုသောလေသံဖြင့်ပြောလိုက်သည်။ သူ၏လေသံသည် အလွန်တိုးလျနေသော်လည်း စွမ်းအားကြီးကျွမ်းကျင်သူများက ကြားနိုင်ပေသည်။
"ငါတို့မင်းကိုဝိုင်းထားလိုက်ပြီ...မင်းကငါတို့ကိုသတ်ချင်နေတုံးလား"
နီကိုးလပ်စ်က ရှုံတွနေသော မျက်နှာထားဖြင့်ပြောလိုက်ပြီး အော်ဂတ်စတတ်ကို ဖိအားပေးရန်အတွက် အခွင့်အရေးကိုဖမ်းဆုပ်ရန် ပြင်ဆင်လိုက်သည်။
အော်ဂတ်စတတ်က လှောင်ပြောင်လိုက်သည်။
"ဟမ့်...မင်းကိုယ်မင်းအရမ်းအစွမ်းထက်နေပြီလို့ထင်လား...မင်းကိုငါပြောမယ်...ငါ့အမြင်မှာမင်းတို့ကဘာမှအရေးမပါဘူး"
"ဟေ့ကောင် တအားကြီးမောက်မာမနေနဲ့...မင်းသာသတ္တမအဆင့်ကိုမရောက်သေးသရွေ့ မင်းကိုကိုင်တွယ်ဖြေရှင်းဖို့အတွက် နည်းလမ်းတွေရှိတယ်...မယုံရင်မင်းကိုယ်တိုင်စမ်းကြည့်လို့ရတယ်"
လီယိုနာဒိုက အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
ဂေါ်လောခ့်ခေါင်းဆောင်ကိုသတ်ဖြတ်ပြီးနောက် သူတို့သည်ပို၍ယုံကြည်မှုရှိလာခဲ့သည်။ ဤနတ်ဆိုးမှော်ဆရာသည် ဂေါ်လောခ့်ခေါင်းဆောင်ထက် ပိုမိုအားကောင်းနိုင်မည်လား...
သို့သော်လည်း အော်ဂတ်စတတ်သည် ဟာသတစ်ခုကိုကြားလိုက်ရသကဲ့သို့ မည်သည်ကိုမှမကြောက်ရွံ့သည့်ပုံစံဖြင့် မထီမဲ့မြင်ပြောလိုက်သည်။
"ဂျူနီယာ...မင်းကတကယ်ကိုတုံးအလွန်းတာပဲ...ငါကသတ္တမအဆင့်ကိုမရောက်သေးရင်ကောဘာဖြစ်လဲ...ငါကမင်းကိုဖယ်ရှားနိုင်သေးတယ်...ဟားဟား...ဒါပေမဲ့အရမ်းကြီးစိတ်ပူနေစရာမလိုဘူး...ငါ့ရဲ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်ပြီးတဲ့အခါကျမှ မင်းကိုဖယ်ထုတ်မှာပါ...မင်းရဲ့ခွန်အားကမဆိုးဘူး...တော်တော်လေးကိုမဆိုးဘူး"
အော်ဂတ်စတတ်၏ ရူးသွပ်ဖွယ်ရယ်မောသံက လေထုထဲ၌ပဲ့တင်ထပ်လာခဲ့သည်။
အော်ဂတ်စတတ်သည် ယခုအချိန်ထိ အေးအေးဆေးဆေးရှိနေသည်ကိုကြည့်ခြင်းဖြင့် ဝှက်ဖဲအချို့အားကိုင်ဆောင်ထားကြောင်း ထင်ရှားပေသည်။ ထို့ပြင်သူသည် ဆိုးရွားသောအခြေအနေ၌ရှိနေမည်ကို ကြောက်လန့်နေပါက ဂေါ်လောခ့်ခေါင်းဆောင်သေဆုံးသွားမည်ကို စောင့်ဆိုင်းနေမည်မဟုတ်ပေ။
သူသည် လျှို့ဝှက်ဆန်းကြယ်သောမှော်မန္တန်အား ထုတ်လွှတ်ခဲ့ကြောင်း မမေ့သင့်ပေ။ သူသည် ထိုမှော်မန္တန်၏ဆိုးကျိုးကိုသိထားသင့်ပေသည်။
ထို့ကြောင့် လက်ရှိအဖြစ်အပျက်အားလုံးသည် ကြိုတင်ကြံစည်မှုတစ်ခုသာဖြစ်ပေသည်။
"တိုက်ကြ...ရတနာတွေကိုရဖို့အတွက် သူ့ကိုသတ်ကြ"
ရှောင်ယုသည် မဖော်ပြနိုင်အောင် စက်ဆုပ်ဖွယ်ကောင်းသော အော်ဂတ်စတတ်ကိုကြည့်ရင်း အမိန့်ပေးလိုက်သည်။
ခိုင်ရင်းနှင့်နဂါးလေးတို့သည် ချက်ချင်းပင်ရှေ့သို့တိုးဝင်သွားကြသည်။ ဂရင်းနှင့်မိုင်ယဗ်တို့သည် မလှုပ်ရှားသေးသော်လည်း အီလီဒမ်သည် ဤနတ်ဆိုးမှော်ဆရာအား သုတ်သင်ရန် ပြေးထွက်လာခဲ့သည်။
တိုင်ရန်ဒီနှင့်ကဲလ်သက်တို့သည် တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေကြပြီး လီယိုနာဒိုဘက်မှ မှော်ဆရာများသည် အော်ဂတ်စတတ်ကိုကိုင်တွယ်ရန်အတွက် အစွမ်းထက်သော မှော်အခင်းအကျင်းတစ်ခုကို တဖန်ပြန်လည်၍ဖန်တီးခဲ့ကြသည်။
နီကိုးလပ်စ်သည် အလွန်ဒေါသထွက်နေခဲ့ပြီး သူ၏ဒေါသကိုဖြေဖျောက်ရန်အတွက် လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ၏နောက်တွင်ရှိနေသော စွမ်းအားကြီးကျွမ်းကျင်သူများက အော်ဂတ်စတတ်ကိုတိုက်ခိုက်ရန် ပြေးထွက်လာခဲ့သည်။
သူ့ထံသို့တိုးဝင်လာသော ကျွမ်းကျင်သူများနှင့်အမျိုးစုံလှသော တိုက်ခိုက်မှုများကို စိုက်ကြည့်လိုက်ရင်း အော်ဂတ်စတတ်၏မျက်လုံးများ၌ လေးနက်သောအမူအရာများဖြစ်ပေါ်လာခဲ့သည်။
အော်ဂတ်စတတ်သည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏ရှေ့ရှိဟင်းလင်းပြင်အတားအဆီးသည် ပိုမိုနက်ရှိုင်းလာခဲ့ပြီး ၎င်း၏အတွင်းပိုင်း၌ အနက်ရောင်အလင်းတန်းအချို့ မှိတ်တုတ်မှိတ်တုတ်ဖြစ်လာခဲ့သည်။ သို့သော်လည်း ထိုအတားအဆီးသည်မည်သည့်အရာများပြောင်းလဲသွားသည်ကို တစ်ယောက်မှမသိကြပေ။
ဘန်း...ဘန်း
ပေါက်ကွဲသံများ ခပ်အုပ်အုပ်ထွက်ပေါ်လာပြီး တိုက်ခိုက်မှုများက အနက်ရောင်ဟင်းလင်းပြင်အတားအဆီးကို ထိမှန်လာခဲ့သည်။ သို့သော်လည်း တာဝေးပစ်တိုက်ခိုက်မှုများသည်ပင် ထိုအတားအဆီးကိုမချိုးဖောက်နိုင်ခဲ့ပေ။
ပထမအကြိမ်တိုက်ခိုက်မှု...မအောင်မြင်
ခိုင်ရင်း၊နဂါးလေးနှင့်အခြားသူများသည် သူတို့၏ခန္ဓာကိုယ်ဖြင့် ဤမှော်ဆန်သောအတားအဆီးကို ဖယ်ရှားရန်အတွက် ကြိုးစားခဲ့သည်။
"ငါတို့ဒီတိုင်းဆက်သွားနေလို့မရဘူး...နီကိုးလပ်စ် ဒီနတ်ဆိုးမှော်ဆရာကိုသတ်ဖြတ်ဖို့ နည်းလမ်းတစ်ခုခုကိုသိလား"
ရှောင်ယုကမမေးဘဲ မနေနိုင်တော့ပေ။သူသည် ဤသို့သောအတားအဆီးမျိုးကို တစ်ခါမှမကြုံတွေ့ဖူးပေ။
နီကိုးလပ်စ်သည် ခေါင်းကိုအသာအယာခါယမ်းလိုက်သည်။ နတ်ဆိုးမှော်ဆရာများ ထွက်ပေါ်မလာသည်မှာကြာပြီဖြစ်သည်။ သူမည်သို့သိရှိနိုင်မည်နည်း။
"တိုက်ကြ...အင်အားအပြည့်ကိုသုံးကြ"
ရှောင်ယုသည် နည်းလမ်းမရှိတော့၍ ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။ သူတို့သည် ဟင်းလင်းပြင်အတားအဆီး၏ ကန့်သတ်ချက်ကိုကျော်ဖြတ်ရန်အတွက် အကြွင်းမဲ့ခွန်အားကိုအသုံးပြုကာ တိုက်ရိုက်အကျဆုံးနည်းလမ်းကို အသုံးပြုရုံသာတတ်နိုင်ခဲ့သည်။ ထိုဟင်းလင်းပြင်အတားအဆီးသာမရှိပါက သူတို့သည် အော်ဂတ်စတတ်ကို ဖယ်ရှားနိုင်မည်ဖြစ်သည်။
သူတို့သည် အဆက်မပြတ်တိုက်ခိုက်နေသော်လည်း ဟင်းလင်းပြင်အတားအဆီးက ပြောင်းလဲမှုမရှိသေးပေ။ ထိုအချိန်တွင် အော်ဂတ်စတတ်က လှောင်ပြောင်လိုက်သည်။
"မင်းတို့တိုက်ပြီးပြီလား...ဟားဟား....မင်းတို့ကငါ့ရဲ့ဟင်းလင်းပြင်အတားအဆီးကို ဘယ်တော့မှဖျက်ဆီးနိုင်မှာမဟုတ်ဘူး...ငါမင်းတို့ကိုအသစ်လေးတစ်ခုပြပေးမယ်"
အော်ဂတ်စတတ်သည် သူ၏ညာလက်ချောင်းကို ရုတ်တရက်ဆန့်ထုတ်လိုက်ရာ ဦးခေါင်းအရွယ်ဘောလုံးသည် အရှိန်အဟုန်အပြင်းပြင်းဖြင့် လူတိုင်းထံပြေးဝင်လာခဲ့သည်။
ဘန်း...
ထိုတိုက်ခိုက်မှုသည် တစ်မိုင်ပတ်လည်ဧရိယာကို ထိခိုက်ခဲ့သည်။ လူတိုင်းသည် သူတို့၏ချပ်ဝတ်များကြောင့် ထိခိုက်မှုအမျိုးမျိုးကိုခံစားခဲ့ရသော်လည်း အခြေအနေမဆိုးခဲ့ပေ။ သို့သော် ထိုတိုက်ခိုက်မှုကြောင့် သူတို့သည်ခဏတာမူးဝေသွားခဲ့သည်။
"ပေါက်ကွဲဘောလုံး"
ရှောင်ယု၏မျက်လုံးများသည် ပြူးကျယ်သွားပြီး အံ့သြနေသောလေသံဖြင့်ပြောလိုက်သည်။
ဤအရာသည်မပြီးသေးပေ။ မဟာမိတ်တပ်များ၏ ခုခံနိုင်စွမ်းသည်အတော်ကောင်းမွန်ပြီး သူ၏ပေါက်ကွဲစေသောဘောလုံးက မဟာမိတ်တပ်များကို ထိခိုက်ရန်မလုံလောက်ကြောင်း အော်ဂတ်စတတ်ကနားလည်ထားပေသည်။ အော်ဂတ်စတတ်သည် သူ၏နှုတ်ခမ်းကိုတစ်ချက်သပ်လိုက်ပြီးနောက် နှစ်ကြိမ်ခန့်ချောင်းဟန့်လိုက်သည်။ ထို့နောက် မန္တန်အသစ်တစ်ခုကိုရွတ်ဆိုလိုက်ကာ အစိမ်းရင့်ရောင်အလုံးတစ်ခုအား ပစ်လွှတ်လိုက်သည်။
"အက်စစ်အဆိပ်သင့်ဘောလုံး...ပြေးကြ....ဒီဟာကနတ်ဆိုးမှော်ဆရာတွေရဲ့ ရွံ့ရှာဖွယ်အကောင်းဆုံးတိုက်ခိုက်မှုတွေထဲကတစ်ခုပဲ"
ရှောင်ယုကအံကြိတ်ကာ အော်ဟစ်လိုက်သည်။
ဘန်း...
ကျယ်လောင်သောပေါက်ကွဲမှုနှင့်အတူ အက်စစ်အဆိပ်သင့်ဘောလုံးသည် ပေါက်ကွဲထွက်လာခဲ့ပြီး ပေါက်ကွဲမှု၏ပြင်းထန်သောသက်ရောက်မှုကြောင့် အစိမ်းရောင်အရည်များသည် နေရာအနှံ့လွှင့်ထွက်လာကာ လူတိုင်းလိုလို၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
နဂါးလေး၊ခိုင်ရင်းနှင့်သွေးခြင်္သေ့တို့သည် အစိမ်းရောင်အက်ဆစ်များဖြင့် ချက်ချင်းပက်ဖျန်းခံလိုက်ရသည်။
"အား...နာလိုက်တာ...ဘယ်လိုဖြစ်ပြီးအဲလောက်နာရတာလဲ...ငါမင်းကိုသတ်မယ်"
နဂါးလေးသည် ဒဏ်ရာရသွား၍ကျိန်ဆဲလိုက်မိသည်။ သူ၏အကြေးခွံများသည် မာကျောမှုအတိုင်းအတာအရထိပ်တန်းတွင်ရှိပြီး ယခုလိုထိခိုက်မှုများကြောင့် ခုခံအားကျဆင်းမှုမဖြစ်နိုင်ပေ။
ထို့ပြင် အူသာ၏ကောင်းချီးကြောင့် သူတို့သည်ဆိုးကျိုးများစွာကို မခံစားခဲ့ရပေ။ ထိုသို့မဟုတ်ပါက အခြေအနေသည်ပိုမိုဆိုးရွားလာမည်ဖြစ်သည်။
"ဟားဟား...မင်းတို့အဆင်ပြေကြလား...ဒီကြီးမြတ်သူကမင်းတို့အားလုံးကို သတ်ရလိမ့်မယ်...ငါသတ္တမအဆင့်ကိုသွားရာလမ်းမှာ မင်းတို့အားလုံးကငါ့အတွက်ခြေလှမ်းကျောက်တွေဖြစ်ရလိမ့်မယ်...မင်းတို့အားလုံးဂုဏ်ယူသင့်တယ်"
အော်ဂတ်စတတ်က ရူးသွပ်ဖွယ်အပြုံးတစ်ခုအား ထုတ်ဖော်လိုက်သည်။
အခန်း ၃၈၉ - ရုန်းကန်ခြင်း
ငါတို့ဘာဆက်လုပ်ကြမလဲ...
အော်ဂတ်စတတ်ရဲ့ ဟင်းလင်းပြင်အတားအဆီးကို မချိုးဖောက်နိုင်ဘူးဆိုရင် ငါတို့ရဲ့တိုက်ခိုက်မှုတွေက သူ့အတွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမှာမဟုတ်ဘူး...ငါတို့အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်...
ရှောင်ယု၏အကြည့်များသည် အော်ဂတ်စတတ်ပေါ်သို့ ကျရောက်နေခဲ့သည်။ သူသည် အဝေးမြင်ကွင်းကိုအပြည့်အဝ အသုံးချကာ အော်ဂတ်စတတ်၏ အားနည်းချက်ကိုရှာဖွေရန် ကြိုးစားနေခဲ့သည်။
ရှောင်ယုသည် အစွမ်းကုန်ကြိုးစားနေသော်လည်း အော်ဂတ်စတတ်၏ရူးသွပ်မှုနှင့် ကြံ့ခိုင်သန်မာမှုမှလွဲ၍ မည်သည့်အရာကိုမှမတွေ့လိုက်ရပေ။ သူသည် မည်သည့်မူမမှန်သောအရာကိုမှ မမြင်တွေ့ခဲ့ရပေ။ ရှောင်ယုသည် အရှုံးပေးရန်ပြင်ဆင်လိုက်သောအချိန်တွင် အလွန်ပင်သေးငယ်လှသည့် အသေးစိတ်အချက်အလက်ကို ရုတ်တရက်တွေ့ရှိခဲ့သည်။
အော်ဂတ်စတတ်သည် မန္တန်တစ်ခုကိုရွတ်ဆိုတိုင်း လူ၏ညာလက်၌ဝတ်ဆင်ထားသော လက်စွပ်ကိုထိလေ့ရှိသည်။
ထိုလက်စွပ်သည် အလွန်ထူပြီး လက်စွပ်ထိပ်တွင် အမည်မသိသောပစ္စည်းဖြင့် ပြုလုပ်ထားပုံရသော အနက်ရောင်ကျောက်မျက်ကြီးဖြင့် အလှဆင်ထားခဲ့သည်။ ရှောင်ယုသာသေချာဂရုမစိုက်ပါက ၎င်းကိုရှာတွေ့နိုင်မည်မဟုတ်ပေ။
"သူ့ရဲ့ညာဘက်လက်က အနက်ရောင်လက်စွပ်ဟာ မှော်ဆန်တဲ့ကိရိယာတစ်ခုဖြစ်နိုင်တယ်...မင်းတို့ကြည့်ကြ သူကအဲ့လက်စွပ်ရဲ့အကူအညီနဲ့ ဟင်းလင်းပြင်မှော်ပညာကိုအသုံးပြုနေတာဖြစ်ရမယ်"
ရှောင်ယုသည် သူ၏ရှာဖွေတွေ့ရှိမှုအား အခြားနှစ်ယောက်နှင့်ချက်ချင်းဝေမျှခဲ့သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ထိုလက်စွပ်ကိုတစ်ချက်ကြည့်လိုက်ကြပြီး တစ်ချိန်တည်း၌ရေရွတ်လိုက်ကြသည်။
"အတားအဆီးလက်စွပ်"
အတားအဆီးလက်စွပ်...အဲ့ဒါကဘာကြီးလဲ...ငါကဘာလို့အဲ့ဒါကိုမကြားဖူးရတာလဲ
ရှောင်ယု၏နှလုံးသားထဲတွင် မေးခွန်းများဖြင့်ချက်ချင်းပြည့်နှက်သွားခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် ထိုအကြောင်းကိုအမှန်တကယ်သိထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"အတားအဆီးလက်စွပ်ကို အရမ်းကိုရှားပါးတဲ့အာကာသဓာတ်ပါတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားခဲ့တယ်...ထုလုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို မသိရသလို အဲ့ဒါရဲ့စွမ်းအားကိုလည်းမသိရသေးဘူး...ဒါပေမဲ့လက်စွပ်ကနေထုတ်လွှတ်လိုက်တဲ့ ဟင်းလင်းပြင်အတားအဆီးဟာဆိုရင် အကောင်အထည်ရှိတဲ့အရာအားလုံးကို တားဆီးပိတ်ဆို့နိုင်တယ်...လက်စွပ်ကထုတ်နိုင်တဲ့စွမ်းအားဟာ ပိုင်ရှင်ရဲ့စွမ်းအားနဲ့ညီမျှတယ်...အဲ့ဒီပစ္စည်းကဒီမှာထွက်ပေါ်လာဖို့ မမျှော်လင့်ထားဘူး"
နီကိုးလပ်စ်က တအံ့တသြလေသံဖြင့်ပြောလိုက်သည်။
"ငါက အဲ့ဒါကိုတကယ်ဂရုမစိုက်ဘူး...အဲ့ဒီဟင်းလင်းပြင်အတားအဆီးကို ဘယ်လိုဖယ်ရှားရမလဲဆိုတာကိုပဲ ငါသိချင်တယ်...နောက်ကျရင်ငါတို့အားလုံးအတွက် မကောင်းဘူး"
ရှောင်ယုက စိတ်မသက်မသာဖြင့်ပြောလိုက်သည်။
နီကိုးလပ်စ်သည် လီယိုနာဒိုကိုကြည့်လိုက်ရာ တစ်ဖက်လူသည်စကားမပြောချင်ကြောင်း တွေ့လိုက်ရသည်။ ထို့နောက်သူက ဤသို့ပြောလာခဲ့သည်။
"ဟင်းလင်းပြင်အတားအဆီးဟာ ဝိညာဉ်စွမ်းအားရဲ့အကူအညီကိုလိုအပ်တယ်...ငါတို့သာအော်ဂတ်စတတ်ရဲ့ ဝိညာဉ်စွမ်းအားကိုကုန်ဆုံးအောင်လုပ်နိုင်သရွေ့ ဟင်းလင်းပြင်အတားအဆီးကိုချိုးဖျက်နိုင်ပေမဲ့"
"ဒါပေမဲ့ ဘာဖြစ်လဲ"
ရှောင်ယုကမေးလိုက်သည်။
လီယိုနာဒိုသည် အဘယ်ကြောင့်သူတို့နှစ်ယောက်လုံး နှုတ်ဆိတ်နေကြသည်ကို နားမလည်နိုင်သည့်အတွက်ကြောင့် တိုက်ရိုက်ပြောချလိုက်သည်။
"အတားအဆီးကိစ္စ ခဏဘေးဖယ်ထားလိုက်...ငါတို့အဲ့ဒါကိုအမှုန့်ဖြစ်အောင်လုပ်ရမယ်"
"မင်းတို့ဘာစောင့်နေကြတာလဲ...ဆက်လုပ်...ဆက်ပြီးတိုက်ကြ"
ရှောင်ယုက အော်ဟစ်လိုက်သောအခါ တပ်သားများသည်ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်လာခဲ့ကြသည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ကလည်း အမိန့်ပေးလိုက်ကြသည်။
ရှောင်ယုသည် အမျိုးမျိုးသောတိုက်ခိုက်မှုများကို စောင့်ကြည့်နေရင်း အထပ်ထပ်အခါခါ သက်ပြင်းချမိလိုက်တော့သည်။လက်ရှိအခြေအနေသည် အမှန်တကယ်ဆိုးရွားနေခဲ့သည်။ သူတို့သည် နေဝင်ချိန်နွံ့အိုင်၏အတွင်းပိုင်းသို့ မဝင်ရသေးသော်လည်း ကြီးမားသည့်ဆုံးရှုံးမှုအား စတင်ရင်ဆိုင်နေရပြီဖြစ်သည်။
ရှောင်ယုနှင့်အခြားသူများ၏ ဆွေးနွေးမှုများကို အော်ဂတ်စတတ်က အတိုင်းသားကြားနေရပေသည်။ ဤနေရာတွင် တစ်စုံတစ်ယောက်သည် အတားအဆီးလက်စွပ်ကိုမှတ်မိနေ၍ အံ့အားသင့်သွားခဲ့သည်။ ဤလက်စွပ်သည် တိုက်ကြီးပေါ်မှအချိန်အတော်ကြာ ပျောက်ကွယ်နေသောအရာဖြစ်ပြီး သူသည်ပင်အမှတ်တမဲ့ရရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့မဟုတ်ပါက ဂေါ်လောခ့်ခေါင်းဆောင်သတ်ဖြတ်ခံရပြီးနောက်တွင် သူသည်ဤနေရာ၌ဆက်မနေဝံ့တော့ဘဲ ထွက်ပြေးသွားမည်ဖြစ်သည်။
ယခုဆက်တိုက်ဝင်လာနေသော အနီးကပ်တိုက်ခိုက်မှုများနှင့် တာဝေးပစ်တိုက်ခိုက်မှုများက အော်ဂတ်စတတ်ကို တုန်လှုပ်သွားစေခဲ့သည်။ ထိုလူများသည် ယခုလိုကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားခြင်းမှာ အမှန်တကယ်ပင်ယုံကြည်ရခက်လှပေသည်။ အကယ်၍ သူတို့အားဤသို့ဆက်လက်တိုက်ခိုက်နေရန် အမှန်တကယ်ခွင့်ပြုနေပါက ဤဟင်းလင်းပြင်အတားအဆီးသည် အဆုံးသတ်၌ပြိုကွဲသွားမည်ဖြစ်သည်။
အော်ဂတ်စတတ်သည် ပြုံးလိုက်ပြီး ပေါက်ကွဲဘောလုံးများနှင့် အက်စစ်ဘောလုံးအမြောက်အများကို ဆက်တိုက်ပစ်ထုတ်လိုက်သည်။ ပေါက်ကွဲဘောလုံး၏ ထိတ်လန့်တုန်လှုပ်ဖွယ် သက်ရောက်မှုမျာက စွမ်းအားကြီးကျွမ်းကျင်သူများကိုပင် လွတ်မြောက်ရန်အခွင့်အရေးမပေးခဲ့ပေ။ ထို့နောက်တွင် အက်စစ်ဘောလုံးများက သူတို့၏ခန္ဓာကိုယ်နှင့်ချပ်ဝတ်တန်ဆာများကို ကြေမွသွားစေခဲ့သည်။
ပြောစရာမလိုလောက်အောင်ပင် အော်ဂတ်စတတ်၏တိုက်ခိုက်မှုသည် အမှန်တကယ်ပင်ထိရောက်ပေသည်။ ထိုတိုက်ခိုက်မှုအပြီးတွင် အနီးကပ်တိုက်ခိုက်သူများသည် တိုက်ပွဲအပေါ်အာရုံမစိုက်နိုင်တော့ဘဲ သူတို့၏ခုခံမှုများလည်းကျဆင်းသွားခဲ့သည်။ အူသာ၏အကူအညီကြောင့်သာမဟုတ်ပါက သူတို့သည်ဟိုးယခင်ကတည်းက ရှုံးနိမ့်သွားမည်ဖြစ်သည်။
နတ်ဆိုးမှော်ဆရာများ၏ မန္တန်များသည်ကျိန်စာသို့မဟုတ် အဆိပ်များနှင့်ပတ်သက်နေပြီး အလွန်ရွံ့ရှာဖွယ်ကောင်းသလို မုန်းစရာကောင်းလှပေသည်။
အော်ဂတ်စတတ်ကြောင့် နှစ်ကြိမ်ဒဏ်ရာရရှိသွားပြီးနောက်တွင် လူတိုင်းသည် သူတို့၏တိုက်ခိုက်မှုကို ပိုမိုအာရုံစိုက်လာကြပြီး သူတို့၏တိုက်ပွဲဝင်ပုံစံအား ပြောင်းလဲလိုက်ကြသည်။ သူတို့၏မူလအနေအထားကို ချက်ချင်းစွန့်ခွာ၍ တစ်ယောက်နှင့်တစ်ယောက်ခြားနေလိုက်ကြသည်။ ယခုအခါတွင် မဟာမိတ်တပ်များ၏နေရာယူပုံသည် တစ်ယောက်နှင့်တစ်ယောက်ကြားတွင် အကွာအဝေးတစ်ခုခြားထားပေရာ အော်ဂတ်စတတ်၏တိုက်ခိုက်မှုသာရောက်ရှိလာပါက လျင်မြန်စွာရှောင်တိမ်းခြင်းသို့မဟုတ် ဆုတ်ခွာခြင်းတို့ပြုလုပ်နိုင်ပေသည်။
သူ၏တိုက်ခိုက်မှုများသည် ထိရောက်မှုမရှိတော့သည့်အတွက်ကြောင့် အော်ဂတ်စတတ်၏နှုတ်ခမ်းများသည် တွန့်ကွေးသွားပြီး ဆိုးရွားသောအပြုံးတစ်ခုအားဖော်ဆောင်လိုက်သည်။ ထို့နောက်သူက အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
"ကောင်းတယ်...ကောင်းတယ်...ဒီနေ့တော့မင်းကိုငါ့ရဲ့စွမ်းအားအစစ်အမှန်ကို ပြသပေးမယ်"
အော်ဂတ်စတတ်သည် အဝါရောင်သွားများနှင့် အနံ့ပြင်းသောသွားများဖြင့် ပြည့်နှက်နေသောသူ၏ပါးစပ်ကို ဖွင့်လိုက်သည်။ ထို့နောက်သူ၏ပါးစပ်မှ အနက်ရောင်အငွေ့များ ထွက်လာခဲ့သည်။
အနက်ရောင်အငွေ့များ၏အရွယ်အစားသည် လူ၏ဦးခေါင်းပတ်ပတ်လည်တွင်ရှိပြီး ၎င်း၏အရွယ်အစားနှင့်ပုံသဏ္ဍာန်သည် အဆက်မပြတ်ပြောင်းလဲနေခဲ့သည်။ ထိုအရာ၏အထဲတွင် ချုပ်နှောင်ခြင်းမှလွတ်မြောက်လိုသော အရာတစ်ခုရှိနေပုံရသည်။
အော်ဂတ်စတတ်သည် အနက်ရောင်အငွေ့ကို သူ၏လက်ဖြင့်ဖမ်းယူလိုက်ပြီး လွှင့်ပစ်လိုက်သည်။ ထိုအနက်ရောင်အငွေ့များသည် ပျံထွက်လာခဲ့ပြီး နဂါးလေး၏ရှေ့၌ကျရောက်လာခဲ့သည်။
နဂါးလေးသည် သူ့ရှေ့သို့ကျရောက်လာသော ထူးဆန်းသည့်အနက်ရောင်ဓာတ်ငွေ့ကို တစ်ချက်ကြည့်လိုက်သည်။ နဂါးလေးသည် ထိုအနက်ရောင်အငွေ့ကို တစ်ချက်အနံ့ခံကြည့်လိုက်ရာ သူ၏မျက်နှာသည် ထူးဆန်းပြီး ပုံပျက်ပန်းပျက်ဖြစ်သွားခဲ့သည်။
"အားလုံးသတိထားကြ...အဲ့ဒီအရာက မင်းတို့ကိုရူးသွပ်စေတဲ့အခြေအနေကို ရောက်သွားစေနိုင်တယ်"
ရှောင်ယုကလူတိုင်းကိုသတိပေးခဲ့သော်လည်း နဂါးလေးကကူးစက်ခံလိုက်ရပြီဖြစ်သည်။
ဤစိတ်ဝိညာဉ်တိုက်ခိုက်မှုသည် ရန်သူကိုကိုင်တွယ်ရာတွင် အသုံးမချနိုင်သော်လည်း နတ်ဆိုးမှော်ဆရာများဖမ်းမိထားသည့် အိမ်မွှေးသားရဲများအား ရန်သူများနှင့်တိုက်ခိုက်ခိုင်းရာတွင် ပိုမိုရူးသွပ်စေအောင်ပြုလုပ်၍ ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအားကို တိုးမြင့်ပေးလေ့ရှိသည်။
ယခုလည်းရှောင်ယု၏စကားကို နားထောင်ပြီးနောက်တွင် လူတိုင်းဆုတ်ခွာပေးလိုက်ကြသည်။ အော်ဂတ်စတတ်သည် ရှောင်ယုအားဒေါသတကြီးလှမ်းကြည့်လိုက်သည်။ ယခုခေတ်တွင် တစ်စုံတစ်ဦးက နတ်ဆိုးမှော်ဆရာများ၏တိုက်ခိုက်နည်းကို သိထားလိမ့်မည်ဟု မထင်မှတ်ထားပေ။
ဤအနက်ရောင်အငွေ့များ ထွက်ပေါ်လာသောအချိန်တွင် ၎င်းကိုပြန်လည်ရုပ်သိမ်း၍ မရတော့သည့်အတွက်ကြောင့် ဆက်လက်အကောင်အထည်ဖော်ရတော့မည်ဖြစ်သည်။
အော်ဂတ်စတတ်သည် အေးစက်စွာပြုံးလိုက်ပြီးနောက် သူ့လက်များကို လျင်မြန်စွာလှုပ်ရှားလိုက်ရာ သူ၏ရှေ့တွင်မုန်တိုင်းများ တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့သည်။
ထိုအနက်ရောင်အငွေ့များသည် မုန်တိုင်းအရှည်ကြောင့် လူသားများနောက်သို့ တဖြည်းဖြည်းရောက်ရှိလာခဲ့သည်။
အော်ဂတ်စတတ်၏ အဓိကရည်ရွယ်ချက်မှာ အနက်ရောင်အငွေ့များကို အနံ့ခံစေရန် ထင်ရှားပေသည်။
"ရှောင်ယု...ငါတို့အခုဘာဆက်လုပ်ကြမလဲ"
နီကိုးလပ်စ်က မေးမြန်းလိုက်သည်။ ရှောင်ယု၏သတိပေးချက်ကို ကြားပြီးနောက်တွင် သူသည်ထိုအနက်ရောင်အငွေ့များအား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို စတင်တွေးတောခဲ့သော်လည်း နည်းလမ်းရှာမတွေ့ခဲ့ပေ။
"မသိဘူး...အပေါ့သွားပြီးစမ်းကြည့်မလား...အလုပ်ဖြစ်ကောင်းဖြစ်နိုင်တာပေါ့"
ရှောင်ယုက စိတ်မသက်မသာဖြင့်ပြောလိုက်သည်။ ဆီးသည် အနက်ရောင်အငွေ့များ၏အနံ့ကို တားဆီးနိုင်မည်ဟု သူယူဆခဲ့သည်။
သူသည် ထိုသို့ဖြေရှင်းနည်းအား ရုပ်ရှင်များထဲမှသာမြင်တွေ့ဖူးခြင်းဖြစ်သည်။ အမှန်တကယ် ထိရောက်မှု ရှိမရှိဆိုသည်မှာ အခြားကိစ္စဖြစ်သည်။
ရှောင်ယုပြောသည့်စကားမှာ ရှင်းရှင်းလေးဖြစ်သည်။
ထို့ကြောင့်စစ်သားများသည် သူတို့၏အပေါင်းအဖော်များကို ချက်ချင်းထုတ်ကာ ဆီးသွားလိုက်ကြသည်။
"အား..."
သူတို့ကိုဆီးကြိုနေသည်မှာ အမျိုးသမီးများ၏အော်ဟစ်သံများဖြစ်သည်။ ထိုကောင်များသည် မိန်းမများရှိနေသည်ကိုမေ့ရလောက်သည်ထိ တုံးအပေသည်။
ထိုအမျိုးသမီးများသည် အမျိုးသားများကဲ့သို့ တိုက်ရိုက်ဆီးသွားရန်ဖြစ်နိုင်မည်လား...
ရှောင်ယုသည် ဆီးကိုအသုံးပြုထားသော အောစ့်စစ်သည်များအား အနက်ရောင်အငွေ့ကို အနံ့ခံရန်အမိန့်ပေးလိုက်ပြီးနောက်တွင် အောစ့်စစ်သည်များသည် အပြောင်းအလဲမရှိခဲ့ပေ။
"ဟားဟား...တကယ်ထိရောက်တယ်ဟ...မြန်မြန်လေး...အားလုံးစုပြီးတော့ဆီးသွားကြ"
ရှောင်ယုကမယုံကြည်နိုင်သောလေသံဖြင့် ချက်ချင်းထအော်လိုက်သည်။
သို့သော်လည်း ဤနည်းလမ်းကို အမျိုးသားများသာမက အမျိုးသမီးများကပါ အသုံးပြုရမည်ဖြစ်သည်။ ရှောင်ယုသည် ဝိညာဉ်တိုက်ခိုက်မှုကိုရှောင်တိမ်းရန်အတွက် လင်းမူရွယ်အားဤနည်းလမ်းကို အသုံးပြုခွင့်မပေးနိုင်ပေ။
"ခြင်္သေ့လင်းတစစ်သည်တွေ...အမျိုးသမီးတွေအားလုံးကိုလေပေါ်ခေါ်သွားကြ"
ထိုအချိန်တွင်ရှောင်ယုက အခြားနည်းလမ်းကိုအသုံးပြုခဲ့သည်။မူလကသူသည် ဤနည်းလမ်းကိုအန္တာရယ်မှလွတ်မြောက်စေရန် အသုံးချမည်ဖြစ်သည်။
ထို့ကြောင့် တိုင်ရန်ဒီ၊လင်းမူရွယ်အစရှိသော အမျိုးသမီးများအား ခြင်္သေ့လင်းတစစ်သည်များကဖမ်းဆီးကာ ကောင်းကင်သို့ပျံသန်းသွားခဲ့ကြပြီး ဝိညာဉ်တိုက်ခိုက်မှုအား ရှောင်တိမ်းပြလိုက်သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုဘက်မှ အမျိုးသမီးများသည် ဤမျှလောက်ကံကောင်းနေခြင်းမရှိပေ။ သူတို့သည် ဤဝိညာဉ်တိုက်ခိုက်မှုအား ခုခံပေးရန်အတွက် ဆီးကိုသာအသုံးပြုခဲ့ရသည်။
အခန်း ၃၉၀ - ကျိုးပျက်သွားသည့်အတားအဆီး
အဆုံးသတ်တွင် ရှောင်ယုသည် သက်ပြင်းချနိုင်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် နဂါးလေး၏အော်ဟစ်သံကိုကြားလိုက်ရသည်။
"မကောင်းတော့ဘူး...နဂါးလေးကိုငါဘာလို့မေ့သွားရတာလဲ"
ရှောင်ယုသည် သူ့နဖူးကိုပုတ်လိုက်ပြီး ဒေါသတကြီးရေရွတ်လိုက်သည်။
မကောင်းတော့ဘူး...နဂါးလေးကစိတ်ဝိညာဉ်တိုက်ခိုက်မှုကို အရင်ဆုံးခံခဲ့ရပြီးတော့ စိတ်နဲ့ကိုယ်နဲ့မကပ်တော့ဘူး...
နဂါးလေးသည် ရှောင်ယုဆီသို့တုန်တုန်ယင်ယင်ဖြင့် တဖြည်းဖြည်းချည်းကပ်လာခဲ့သည်။ နဂါးလေးသည် တစ်စုံတစ်ခုနှင့်တိုက်ခိုက်ရုန်းကန်နေရသကဲ့သို့ တုန်ယင်နေခဲ့သည်။
နဂါးလေး၏မျက်လုံးများသည် သွေးရောင်ကဲ့သို့နီရဲနေခဲ့ပြီး သူ၏ရင်ဘတ်အား အကြိမ်ကြိမ်အခါခါ ရိုက်ပုတ်နေခဲ့ကာ ဟိန်းဟောက်နေခဲ့သည်။ ရှောင်ယုသည်သူ့အား ကလေးဘဝမှပြုစုပျိုးထောင်လာခဲ့သူဖြစ်သည်။ သူသည် အဘယ်ကြောင့်ရှောင်ယုကိုတိုက်ခိုက်ရမည်နည်း။
"နဂါးလေး...သတိပြန်ဝင်စမ်း"
ရှောင်ယုကစိတ်မထိန်းနိုင်ဘဲ စိုးရိမ်တကြီးအော်ဟစ်လိုက်သည်။
နဂါးလေးသည် စိတ်နှင့်ကိုယ်မကပ်သော်လည်း ရှောင်ယု၏အော်သံကိုကြားနေရသည်။ ထိုအသံသည် သူနှင့်အလွန်ပင်ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပေ။ သူသည် အနက်ရောင်အငွေ့များကို ပိုမိုရှုရှိက်မိလေလေ သူ၏အသိစိတ်များက ပိုမိုပျောက်ကွယ်လေလေဖြစ်သည်။
နဂါးလေးသည် ကျယ်လောင်စွာဟိန်းဟောက်ရင်း ရှောင်ယုထံပြေးဝင်သွားခဲ့သည်။
ရှောင်ယုသည် ခွန်အားနှစ်ဆနီးပါးတိုးလာသည့် နဂါးလေးကိုကြည့်ရင်း ထိတ်လန့်နေခဲ့သည်။ နဂါးလေးသည် သူ၏အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်ရာ ယခုတစ်ကြိမ်၌သူမည်သို့ဆက်လုပ်ရမည်ကိုမသိတော့ပေ။
"ရှောင်ယု..."
ထိုအချိန်တွင် နီကိုးလပ်စ်ကရုတ်တရက်အော်ဟစ်လိုက်ပြီး အဆိပ်ဖြေဆေးဟုယူဆရသော အနက်ရောင်ပုလင်းလေးတစ်ခုအား ရှောင်ယုထံသို့ပစ်ပေးလိုက်သည်။
ထိုအဆိပ်ဖြေဆေးသည် အလုပ်ဖြစ်မည်မဖြစ်မည်ကို ရှောင်ယုကိုယ်တိုင်လည်းမသိပေ။ သို့သော်လည်း သူအလွန်သေချာသည့်အချက်တစ်ခုရှိပေသည်။ ဤအဆိပ်ဖြေဆေးသည် သုတေသနများစွာပြုလုပ်ထားပြီးနောက်တွင် ရရှိလာသည့်အရာဖြစ်ပြီး နီကိုးလပ်စ်ထံ၌ပင်အနည်းငယ်သာရှိပေသည်။
"ဂရင်း...သူ့ကိုဖမ်းထားစမ်း...မရုန်းစေနဲ့...တိုင်ရန်ဒီ သူ့ရဲ့ပါးစပ်ထဲကိုမြှားတစ်စင်းပစ်ထည့်လိုက်"
ရှောင်ယုကချက်ချင်းအမိန့်ပေးလိုက်သည်။
ဂရင်းက ချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး ရှေ့သို့တိုးလာကာ နဂါးလေးအားကြားဖြတ်ကာဟန့်တားလိုက်သည်။ အသိစိတ်လွတ်နေသောနဂါးသည် သူ၏လက်သည်းဖြင့် ဂရင်းကိုချက်ချင်းတိုက်ခိုက်လိုက်သည်။
ရှောင်ယုကို အားကိုးရာမဲ့ဖြစ်စေသောအရာမှာ လက်သည်းဖြင့်အနည်းငယ်တိုက်ခိုက်ပြီးနောက် နဂါးလေးသည်မည်သည့်ကျွမ်းကျင်မှုမှအသုံးမပြုတော့ဘဲ သူ၏ခန္ဓာကိုယ်သက်သက်ဖြင့်တိုက်ခိုက်လာခြင်းဖြစ်သည်။
အနီးကပ်တိုက်ခိုက်ရာတွင် ဘုရင်တစ်ပါးဖြစ်သည့်နဂါးလေးသာ ယခုလိုပုံစံမျိုးဖြင့်တိုက်ခိုက်လာမည်ဆိုပါက ဂရင်းမှတားဆီးနိုင်ပါမလားဆိုတာ ရှောင်ယုကိုယ်တိုင်မသိပေ။
ထိုအချိန်တွင် တိုင်ရန်ဒီသည် နဂါးလေး၏ပါးစပ်ထဲသို့ဆေးကိုပစ်ထည့်ရန်အတွက် အခွင့်အရေးကောင်းတစ်ခုကို ရှာတွေ့ခဲ့သည်။
နဂါးလေးသည် ဆေးကိုမျိုချလိုက်ပြီးနောက်တွင် တစ်ချက်တုန်ခါသွားခဲ့ပြီး တိုင်ရန်ဒီအားရွံရှာစွာဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။ သူသည် သူ၏ပါးစပ်ထဲသို့မြှားဖြင့် ပစ်သွင်းခဲ့သည့်ဤအမျိုးသမီးအား အလွန်ဒေါသထွက်နေမိသည်။
ထို့နောက်သူသည် သူ့အားနှောင့်ယှက်နေသော ဂရင်းကိုပင်ဂရုမစိုက်တော့ဘဲ တိုင်ရန်ဒီထံသို့ တိုက်ရိုက်ပျံသန်းသွားခဲ့သည်။
တိုင်ရန်ဒီသည် ထိုမြင်ကွင်းကိုကြည့်၍ တိုက်ခိုက်ရန်အတွက် အသင့်ပြင်ထားပြီးပြီဖြစ်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရှောင်ယုကအထိတ်တလန့်ဟန့်တားလိုက်သည်။
"တိုင်ရန်ဒီ...ရပ်လိုက်...ရပ်လိုက်တော့...မင်းသူ့ကိုထိခိုက်စေလို့မရဘူး...ခဏလောက်စောင့်"
တိုင်ရန်ဒီသည် ရှောင်ယု၏စကားကြောင့် မပျော်မရွှင်ဖြစ်သွားသည်ကိုကြည့်ပြီး ရှောင်ယုတစ်ယောက် ကူကယ်ရာမဲ့သွားခဲ့သည်။ သူသည်လည်း ဤလောက်သာပြောနိုင်ပေသည်။
နဂါးလေးသည် ဆုတ်ခွာသွားသည့်လူများနှင့် မီတာ၁၀၀ကျော်အကွာ ခြေလှမ်း၁၇လှမ်းခန့်သာကွာဝေးတော့သည့်အချိန်တွင် သူ၏အရှိန်နှုန်းကလည်းတဖြည်းဖြည်းနှေးကွေးလာခဲ့ပြီး သူ၏မျက်လုံးများ၌လည်း သွေးနီရောင်များတဖြည်းဖြည်းလျော့နည်းလာခဲ့သည်။
ထို့နောက်ရှောင်ယု၏ရှေ့သို့အရောက်တွင် နဂါးလေးသည်သတိပြန်ဝင်လာခဲ့သည်။
"နဂါးလေး...မင်းအဆင်ပြေလား"
နဂါးလေးက သူ့အားတိုက်ခိုက်မည်ကိုစိုးရိမ်၍ ရှောင်ယုကမေးမြန်းလိုက်သည်။
"ဟေ့...ဘာလို့ငါ့ကိုတိုက်ခိုက်တာလဲ"
နဂါးလေးသည် ရှောင်ယုကိုမကြည့်ဘဲ တိုင်ရန်ဒီကိုသာစိုက်ကြည့်နေခဲ့သည်။
တိုင်ရန်ဒီသည် ပုံမှန်ဖြစ်လာသောနဂါးလေးကိုကြည့်ရင်း ပြောလိုက်သည်။
"ဒါကိုလုပ်ခိုင်းတာသခင်ပဲလေ...မင်းမှာပြဿနာရှိရင်သူ့ကိုပြော...ငါကမင်းရဲ့အသက်ကိုကယ်တင်ခဲ့တာပဲ...မင်းငါ့ကိုကျေးဇူးဆပ်ဖို့အကြွေးတင်နေခဲ့တယ်"
တိုင်ရန်ဒီ၏စကားကြောင့် နဂါးလေးသည်တုန်လှုပ်သွားခဲ့သည်။ သူသည် သူ၏ပါးစပ်ထဲမှအပိုင်းပိုင်းကွဲနေသော မြှားတံကိုထွေးထုတ်လိုက်ပြီး အဖြေကိုစောင့်ဆိုင်းနေသကဲ့သို့ ရှောင်ယုအားစိုက်ကြည့်လိုက်သည်။
"ကောင်းပြီ...ကောင်းပြီ...ဒီအဖေကမင်းကိုမကြာသေးခင်ကမှ ကယ်တင်ထားခဲ့တာလေ...ယုတ္တိမရှိဘဲဒီအဖေကို ပြဿနာရှာနေတာမင်းမှတ်မိလို့လား"
ရှောင်ယုကအော်ဟစ်လိုက်သည်။
ရှောင်ယု၏စကားကိုကြားပြီးနောက် နဂါးလေးသည်ပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
"ရှောင်ယု...မင်းငါ့ကိုအကြွေးတင်နေပြီ...ဒီဆေးကအရမ်းကိုစျေးကြီးတယ်....တိုက်ကြီးတစ်ခုလုံးမှာအများကြီးကျန်တော့တာမဟုတ်ဘူး...ဒါကိုထုတ်လုပ်ဖို့ပါဝင်ပစ္စည်းတွေကပျောက်ကွယ်သွားပြီမလို့ ပြန်မထုတ်နိုင်တော့ဘူး"
နီကိုးလပ်စ်က ဝင်ရောက်ပြောဆိုလိုက်သည်။
"ဟီးဟီး...မင်းအဲ့ဒါကိုစိတ်ပူစရာမလိုဘူး...နီကိုးလပ်စ်...ငါကအခြားကိစ္စတွေမှာမကောင်းရင်တောင် ငါ့ရဲ့အကျင့်စရိုက်က ကျိန်းသေပေါက်ယုံကြည်လို့ရတယ်...ငါ့ရဲ့အကျိုးစီးပွားကိုမထိခိုက်သရွေ့ မင်းတောင်းဆိုတာမှန်သမျှကို ငါအတတ်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ကြိုးစားသွားမယ်"
ရှောင်ယုသည်သူ့စိတ်ထဲတွင် နာကျင်ခံစားနေရသော်လည်း မည်သို့မှမတတ်နိုင်ခဲ့ပေ။
ရှောင်ယုက သူ၏မေးစေ့ကိုထိလိုက်ပြီး ဤအနက်ရောင်အငွေ့များကိုဖယ်ရှားရန် နည်းလမ်းကိုတွေးတောနေခဲ့သည်။
"မှော်ဆရာတွေက လေမှော်ကိုအသုံးပြုကြ...အဲ့အနက်ရောင်အငွေ့တွေကိုမှုတ်ထုတ်ပစ်"
လီယိုနာဒိုသည် ပထမဆုံးနည်းလမ်းကို စဉ်းစားမိခဲ့သူဖြစ်ပြီး ချက်ချင်းပင်အမိန့်ပေးခဲ့သည်။
ရှောင်ယုသည် တိတ်တိတ်လေးခေါင်းညိတ်ပြလိုက်ပြီး မကြာသေးမှီက သူမည်မျှတုံးအခဲ့ကြောင်း နားလည်သဘောပေါက်လိုက်သည်။ ထို့နောက်သူသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ မှော်စုန်းဆရာများအား ဟာရီကိန်းကိုထုတ်ဖော်ရန် အမိန့်ပေးလိုက်သည်။ အနက်ရောင်အငွေ့များသာ အဝေးလွှင့်ထွက်သွားသရွေ့ အကုန်အဆင်ပြေသွားမည်ဖြစ်သည်။
ခဏအကြာတွင် လေကြောင့်အနက်ရောင်အငွေ့များ လွှင့်ပျယ်ကုန်ကြသည်။
မီးခိုးများအတွင်း ပုန်းအောင်းနေဆဲဖြစ်သော အော်ဂတ်စတတ်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဤလူများကိုတိုက်ခိုက်ရှင်းလင်းလိုသော်လည်း အလျင်စလိုမလုပ်နိုင်ပေ။ သူသည် သန်မာသည်ဆိုလျှင်ပင် တစ်ယောက်တည်းသမားဖြစ်သည်။ ထို့ပြင် အကြောင်းပြချက်တစ်စုံတစ်ခုကြောင့်မဟုတ်ပါက သူဤနေရာမှထွက်ပြေးခဲ့ပြီးဖြစ်သည်။
လေမှော်သည် အမှန်ပင်ထိရောက်ပြီး အပြင်ဘက်အစွန်းတွင်ရှိနေသော အနက်ရောင်အငွေ့များကို လွှင့်ထွက်သွားစေကာ အထူထပ်ဆုံးအနက်ရောင်အငွေ့များနှင့် ရစ်ပတ်ထားသည့် အော်ဂတ်စတတ်ကို ဖော်ထုတ်လိုက်သည်။
"ဟမ့်...ငါ့ရဲ့အခိုးအငွေ့တွေကို မင်းရဲ့လေနဲ့မှုတ်ထုတ်နိုင်မယ်လို့ မင်းတကယ်ထင်နေတာလား"
အော်ဂတ်စတတ်က သူ၏နှုတ်ခမ်းကိုတစ်ချက်သပ်လိုက်ပြီး ဆိုးရွားသောလေသံဖြင့်ပြောလိုက်သည်။ ဤအရာသည် သူ၏ကိုယ်ပိုင်တိုက်ခိုက်မှုဖြစ်ရာ သူ့ကိုယ်သူပြန်လည်ထိခိုက်စေမည်မဟုတ်ပေ။
အနက်ရောင်အငွေ့များသည် လေတိုက်ခတ်မှုကြောင့် လွှင့်စင်သွားခဲ့သော်လည်း ပြန့်ကျဲသွားသည့်လက္ခဏာကို မတွေ့ရပေ။
"အင်း...ခုဘာဆက်လုပ်ရမလဲ...ငါဘာဆက်လုပ်ရမလဲ"
ရှောင်ယုသည် ဤပြဿနာကိုဖြေရှင်းရန်အတွက် သင့်တော်သည့်နည်းလမ်းကို ရှာဖွေရန်ခက်ခက်ခဲခဲစဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် သူ၏နံဘေး၌ရှိသော တိုင်ရန်ဒီကရုတ်တရက်ထပြောလိုက်သည်။
"ရေကိုသုံးလေ...မင်းကငတုံးလား"
ငတုံး...
ရှောင်ယုသည် ရုတ်တရက်မို့ဒေါသထွက်သွားခဲ့သော်လည်း လေဖြင့်မှုတ်ထုတ်လိုက်သော အနက်ရောင်အငွေ့များသည် ရေ၌ပျော်ဝင်နေသည်ကိုတွေ့မြင်လိုက်ရသောအခါ ရုတ်တရက်ဆိုသလိုပင် အဖြစ်အပျက်တစ်ခုကိုသတိရမိလိုက်သည်။
"ဟားဟား...မင်းကအရမ်းကိုညဏ်ကောင်းတာပဲ...ဟေးမင်းတို့ရဲ့မှော်ဆရာတွေကို ရေမှော်ကိုထုတ်သုံးခိုင်းလိုက်...အဲ့ဒါကအသုံးဝင်သင့်တယ်"
ရှောင်ယုသည် တိုင်ရန်ဒီကိုလက်မထောင်ပြလိုက်ပြီး လီယိုနာဒိုအားပြောလိုက်သည်။
လီယိုနာဒိုသည် မျက်မှောင်ကြုတ်လိုက်သော်လည်း အဆုံးသတ်၌ သူ၏မှော်ဆရာများအား ရေမှော်ကိုအသုံးပြုရန် အမိန့်ပေးလိုက်သည်။
ထို့နောက်လီယိုနာဒိုသည် ရှောင်ယုကိုကြည့်ရင်း ပြောလိုက်သည်။
"မှတ်ထား...ငါ့ရဲ့နာမည်လီယိုနာဒို"
ရှောင်ယုသည် ပြုံးပြလိုက်သော်လည်း ဂရုမစိုက်ပေ။
လီယိုနာဒိုသည် မှော်ဆရာတပ်ဖွဲ့အားစုစည်းလိုက်ကာ စိမ့်ရေများကိုစုစည်း၍ အနက်ရောင်အငွေ့များအား တိုက်ထုတ်လိုက်သည်။
ထိုမှော်ဆရာများသည် အမှန်ပင်အစွမ်းထက်ပေသည်။ ရှောင်ယုသည် လူသားမှော်ဆရာများကိုအလိုရှိနေသော်လည်း ၎င်းတို့အားရရှိရန် နည်းလမ်းကိုမတွေးနိုင်သေးပေ။ သူ၏မှော်ဆရာများသည် အရည်အသွေးအကောင်းဆုံးဖြစ်သော်လည်း အရေအတွက်အားဖြင့် အလွန်နည်းပါးပေသည်။
အနက်ရောင်အငွေ့များက ရေထဲပျော်ဝင်သွားသည်ကိုမြင်လိုက်ရချိန်တွင် လူတိုင်း၏မျက်နှာပေါ်၌ မျှော်လင့်ချက်အရိပ်အမြွက်များထွက်ပေါ်လာခဲ့ပြီး ထိုအနက်ရောင်အငွေ့များကို လွှင့်ပျယ်စေနိုင်မည့် မျှော်လင့်ချက်များဖြစ်ပေါ်လာခဲ့သည်။
အော်ဂတ်စတတ်သည် ထိုအနက်ရောင်အငွေ့များကို သန့်စင်ရန်အတွက် အချိန်များစွာသုံးစွဲထား၍ သူ၏မျက်လုံးရှေ့၌မီးခိုးများလွှင့်စင်သွားသည်ကို ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
အော်ဂတ်စတတ်သည် စိတ်ပျက်အားငယ်စွာဖြင့် ၎င်းတို့အားပြန်လည်စုပ်ယူခဲ့ပြီးနောက် မကြာမှီတွင်ဟင်းလင်းပြင်အတားအဆီးတစ်ခုလုံးသည် အချည်းနှီးသောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
"ဟားဟား...တိုက်ကြရအောင်"
ရှောင်ယုကရယ်မောလိုက်ပြီး သူ၏တပ်များကိုအော်ဟစ်အမိန့်ပေးလိုက်သည်။
နဂါးလေးက ပို၍စိတ်မရှည်တော့ဘဲ အော်ဂတ်စတတ်ကိုကြည့်၍ ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ၏ကြီးမားသောခန္ဓာကိုယ်သည် ဟင်းလင်းပြင်အတားအဆီးကို ထိမှန်သွားခဲ့သည်။
အခြားသူများကလည်း ဒေါသတကြီးတိုက်ခိုက်နေကြသည်။ အထူးသဖြင့် အမျိုးသမီးများသည် ဆီးကိုအသုံးပြုခဲ့ရပြီး ထိုအကြောင်းပြချက်တစ်ခုတည်းကပင် သူမတို့အားရူးသွပ်သွားစေခဲ့သည်။
အရူးအမူးတိုက်ခိုက်မှုများအား ဆက်တိုက်ပြုလုပ်ပြီးနောက်တွင် ဟင်းလင်းပြင်အတားအဆီးသည် အဆုံးသတ်၌ပြိုလဲသွားခဲ့သည်။
Thank For Reading.