ခြေဆေးခြင်း
Vol. 32 Ch. 458
နတ်သမီးလေးမှာ ရှက်ရွံ့စိတ်ဆိုးကာ နောက်ပြန်ဆုတ်ရန် ကြိုးစားသော်လည်း ချန်ရှီ၏ ဒေါသအကြည့်ကို တွေ့လိုက်ရသည်။ ပြိုင်ဆိုင်မှုက ပြင်းထန်လာသည်ဟု ခံစားလာရပြီး သူမ ချောင်းဟမ့် ခြေဖဝါးများကို ထိုလူ့လက်နှစ်ဖက်ထဲသို့ ထိုးထည့်ကာ ခြေချောင်းများကို ဖြောင့်တန်းစွာ ဆန့်တန်းထားလိုက်သည်။
ချန်ရှီ ခြေချောင်းများကို သေချာ စစ်ဆေးခဲ့သည်။ နေရောင်ထဲမှာတော့ ကြည်လင်နေကာ ပျော့ပျောင်းပြီး အရိုးမရှိသလိုပင်။ အပေါ်ကို မော့ကြည့်လိုက်တော့ ခြေကျင်းဝတ် အထက်က ထင်ရှားပေါ်လွင်ခြင်းမရှိပေမယ့် အသားရောင်က ခြေဖဝါးထက် အရမ်းဖြူနေပါသေး၏။
ချန်ရှီ နောက်တစ်ကြိမ် မော့ကြည့်လိုက်ပြီး ချီးကျူးလိုက်သည်။
"မင်းရဲ့ခြေထောက်တွေက သွယ်လိုက်တာ... ဝါးအတိုင်းပဲ"
"ဆေးပေးမှာလား မဆေးဘူးလား"
နတ်သမီးသည် ဒေါသတကြီး အော်ဟစ်ကာ လက်နှစ်ဖက်ဖြင့် ထောက်ရင်း သူမ၏ အခြားခြေထောက်ဖြင့် ရေပက်လိုက်သည်။ ချန်ရှီ ရေကိုပိတ်ဆို့ကာ စမ်းချောင်းအတွင်းသို့ သူမ၏ယခြေထောက်ကို နစ်ချလိုက်သည်။
စမ်းချောင်းသည် ကြည်လင်နေပြီး ရေညှိများပင် မြင်ရ၏။ စိမ်းမြသော ရေညှိများသည် အောက်ခြေရှိ ကျောက်ဆောင်များတွင် တွယ်ကပ်နေပြီး ရေစီးကြောင်းအတိုင်း သာယာစွာ ရွေ့လျားနေသည်။
ချန်ရှီသည် သူမ၏ခြေထောက်များကို ရေထဲချထားပြီးတာတောင် ရှင်းရှင်းလင်းလင်း မြင်နေရဆဲ ဖြစ်သည်။ သူတို့အပေါ်ကနေ နေရောင်က ဖြာကျနေသဖြင့် ချောင်းထဲက ငါးလေးတွေရဲ့ ကျောကနေလည်း စွဲဆောင်စေတဲ့ စူးရှတောက်ပတဲ့ အလင်းရောင်ကို ထုတ်ပေးနေ၏။ ငါးလေးများက ကျောက်ဆောင်များ၏ အက်ကွဲရာများထဲသို့ ပျောက်ကွယ်မသွားမီ သူမခြေထောက်များကို လျင်မြန်စွာ ထိုးကြိတ်သွားကြသည်။
တကယ်တော့ ချန်ရှီ မရောက်လာခင်မှာ နတ်သမီးရှောင်သွမ့် သေချာဆေးကြောပြီးသွားပြီ။ သူ့လက်ထဲမှာ သူမ ခြေထောက်တွေကို ဆုပ်ကိုင်ထားလိုက်ရုံနဲ့ သူမ ကျေနပ်ဖို့ လုံလောက်ပါပြီ။
"နောက်တစ်ဖက် ရှိသေးတယ်"
နတ်သမီးရှောင်သွမ့် သူမ၏ အခြားခြေဖဝါးကိုပါ ရေထဲသို့ နှစ်မြှုပ်ပေးလိုက်သည်။ ချန်ရှီလည်း ခြေတစ်ဖက်ကို ချလိုက်ပြီး နောက်တစ်ဖက်ကို ကောက်ကိုင်ကာ စမ်းချောင်းရေကို ညင်သာစွာ မွှေရင်း သူမ၏ ချောမွေ့သော ခြေဖမိုးနှင့် ခြေချောင်းများပေါ်သို့ ပက်ဖြန်းပေးလိုက်သည်။
"နင့်ခြေထောက်က အမွေးတွေ ပေါက်နေတယ်!"
နတ်သမီးရှောင်သွမ့် ဆိုရင်း ရယ်မောလိုက်သည်။
ချန်ရှီ၏ နှလုံးခုန်သံ တစ်ချက် ခုန်ပေါက်သွားသည်။ စမ်းချောင်းထဲက ခြေထောက်လေးတွေကို ဆွဲထုတ်ပြီး သူ့ပေါင်ပေါ်မှာ တင်လိုက်သည်။
"မင်း တစ်နေ့လုံး အလုပ်လုပ်ထားရတော့ ပင်ပန်းနေပြီမလား... နှိပ်ပေးပါရစေ"
နတ်သမီးရှောင်သွမ့် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ရှောင်သွမ့် သူမ၏ ခြေဖဝါးများကို ဆုပ်နယ်ပြီး ခြေကျင်းဝတ်နှင့် ခြေသလုံးများအထိ ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။ နတ်သမီးရှောင်သွမ့် သူမခြေထောက်ကို ဆုတ်ခွာပြီး အခြားတစ်ခုနှင့် အစားထိုးလိုက်သောအခါတွင် ချန်ရှီ ဒူးဆစ်ကို ဖိတော့မည်ဖြစ်သည်။
“ဆက်နှိပ်”
သူမ ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။
ချန်ရှီ သူမ၏ ခြေဖဝါးများကို စတင်နှိပ်နယ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ သူမရဲ့ ခြေသလုံးကြွက်သားတွေကို နှိပ်နယ်ပြီး အပေါ်ကို ရွှေ့လိုက်တဲ့အခါမှာတော့ နတ်သမီးရှောင်သွမ့်က သူမရဲ့ ခြေထောက်တွေကို နောက်ပြန်ဆွဲထုတ်ကာ မတ်တပ်ရပ်ပြီး ပြုံးပြုံးလေး ပြောလိုက်ပါ၏။
"အခု ငါတို့ ရေဆေးလို့ ပြီးပြီဆိုတော့ လန်းဆန်းသွားပြီ.... ပြန်ကြရအောင်..."
ချန်ရှီ စိတ်အားထက်သန်စွာ ရယ်မောကာ သူမနှင့် ဘေးချင်းကပ်လျက် လမ်းလျှောက်ပြန်လာခဲ့သည်။
"ကမ္ဘာငယ်လေးစွမ်းအားနယ်မြေကို မင်းဘာလို့ မကျင့်တာလဲ "
"မကျင့်ဘူးလို့ ဘယ်သူပြောလဲ"
နတ်သမီးရှောင်သွမ့်က ခေါင်းခါသည်။
"ငါ နားလည်ထားပြီးသားပါ... လမ်းလျှောက်တာ၊ ကောက်ပဲသီးနှံစိုက်တာ၊ ဟင်းသီးဟင်းရွက် ခူးတာ၊ ဟင်းချက်တာတွေကလည်း လေ့ကျင့်ရမယ့် နည်းလမ်းတွေပဲ... ကမ္ဘာငယ်လေးစွမ်းအားနယ်မြေက ကိုယ့်ကိုကိုယ် ချုပ်တည်းပြီး တာအိုနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် နည်းလမ်းတစ်ခုပဲ... အောင်မြင်ဖို့ မခက်ပါဘူး"
ချန်ရှီ တုံ့ဆိုင်းသွားပြီး :"အခုချိန်ကစပြီး မင်းငါ့ရဲ့ ဘုံကျောင်းငယ်လေးမှာ နေစရာ မလိုတော့ဘူးပေါ့"
နတ်သမီးရှောင်သွမ့် ရပ်လိုက်ပြီး သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
"ဘာလို့ ငါ့ကိုနေခွင့်မပေးတာလဲ ငါက တာအိုနဲ့ ဘုံကျောင်းထဲမှာ တစ်သားတည်းဖြစ်နေပြီ မင်းငါ့ကို ဒီမှာနေခွင့်မပေးဘူး... ငါ့ရဲ့ ကျင့်ကြံမှုကို ခိုးဖို့စီစဉ်နေတာလား"
ချန်ရှီ သူမကို ကြည့်ပြီး :"မင်းက ရှောင်သွမ့်လား နတ်သမီးလား"
နတ်သမီးရှောင်သွမ့် သူ့ကို လျစ်လျူရှုသွားသည်။
"ကောင်းကင်နဲ့မြေကြီးမှာ ဆိုးရွားတဲ့ ပြောင်းလဲမှုတွေ မပြေလည်မချင်း နင့်ကို ငါထားခဲ့လို့ မရဘူး... နင်သေရင် ငါလည်းသေမယ်... နောက်ပြီး နင်က အရမ်းအရေးကြီးတယ် နင့်ရဲ့ တာအိိုနယ်မြေက ငါ့လူတွေ သရဲတစ္ဆေတွေကို လူသားတွေအဖြစ် ပြန်ပြောင်းနိုင်မလား မသိဘူး အဲဒါကြောင့် ငါထွက်သွားလို့မရဘူး"
ချန်ရှီ ရုတ်တရက် သက်သာရာရသွားသည်။ သူက ပြုံးပြီး။
"မင်း မဟာရှန်းက လူတွေကို ပြောမှ ငါ တစ်ခုခုကို သတိရသွားပြီ... ငါနဲ့လိုက်ခဲ့"
သူ နတ်သမီးရှောင်သွမ့်ရဲ့ လက်ကိုဆွဲပြီး အိမ်ဘက်ကို ပြေးသွားတော့သည်။ ချန်ထန်ကို အဝေးကမြင်တော့ လှမ်းအော်လိုက်၏။
"ချန်ထန်... ရှောင်သွမ့်နဲ့ ကျွန်တော် ခရီးရှည်ကြီးသွားနေပြီး ရက်အနည်းငယ်ကြာမှ ပြန်လာမယ်ဆိုတာ အမေ့ကို ပြောပေးပါဦး"
ချန်ထန်: "မင်း သစ္စာမဲ့တဲ့သား! အခု ပြန်လာပြီး ဘာလို့ ထပ်ထွက်သွားပြန်တာလဲ..."
"ခင်ဗျားကို ခွင့်တောင်းနေတာ မဟုတ်ဘူး ပြောပြနေတာ"
ချန်ရှီ သူ့အိတ်ဆောင်အိတ်ကို ထုတ်ကာ ကောင်းကင်ကိုးခုနှင့် နတ်ဆိုးထောင်ချောက်ဆယ်ပါးကို ချလိုက်တော့မည့် အချိန်တွင် ချန်ရှီက နတ်သမီးရှောင်သွမ့်ကို ဆွဲထုတ်လိုက်ပြီး လေထဲသို့ ပျံတက်သွားသည်။ အဝေးကနေ။
"ဟေးကော်... မင်းရဲ့ ထိုက်ယိနတ်ဆိုးလွန်းပျံယာဥ်ကို ငှားလို့ရမလား"
"ဝုတ်!"
ဟေးကော် ဟောင်ပြီး ပြေးထွက်သွားသည်။ ထိုက်ယိနတ်ဆိုးလွန်းပျံယာဥ် သစ်သားတွန်းလှည်းထဲမှ ပျံထွက်လာသည်ကို မြင်လိုက်ရပြီး ဓားပျံကိုးဆယ့်ကိုးစင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့သည် ချန်ရှီနဲ့ နတ်သမီးရှောင်သွမ့်ကို ဖုံးအုပ်ကာ လေထဲသို့ ခုန်တက်ပြီး သူ့မျက်စိရှေ့မှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"ဝူး?" ဟေးကော် အံသြသွားသည်။
သစ်သားတွန်းလှည်းက လှိမ့်ကာ ချန်ရှီ၏ ဦးတည်ရာဆီသို့ ပြေးသွားသော်လည်း လိုက်မမီနိုင်သဖြင့် စိတ်ပျက်လက်ပျက် ပြန်လှည့်သွားခဲ့ရသည်။
ကျူးရှို့ချိုင်နှင့် ကျွယ်ရန်ကျစ်မှာ ၎င်းတို့၏ သေးငယ်သော ကမ္ဘာငယ်လေးစွမ်းအားနယ်မြေကို ပြုစုပျိုးထောင်ခဲ့ကြသည်။ ချန်ရှီရဲ့အသံကို ကြားပြီး ဖြစ်ပျက်နေတာကို ကြည့်ဖို့ ပြေးထွက်လာတော့ ထိုနှစ်ယောက်က ထွက်သွားပြီးပါပြီ။ ကံကောင်းထောက်မစွာ ၎င်းတို့၏သေးငယ်သော စွမ်းအားနယ်မြေက အောင်မြင်မှုအချို့ ရရှိခဲ့သောကြောင့် နတ်ဆိုးအဖြစ်သို့ မပြောင်းလဲသွားခဲ့ပေ။
နှစ်ယောက်သား ပြန်လာဖို့ကလွဲလို့ ရွေးစရာမရှိတော့။
ကျူးရှို့ချိုင်: "တစ်ဆယ်လေး ထွက်သွားပေမယ့် ငါတို့က ဆိုးသွမ်းတဲ့ အသွင်ပြောင်းမှုမျိုး မကြုံဖူးဘူး.. ငါတို့ရဲ့ စွမ်းအားနယ်မြေ သေးသေးလေးက အခုသုံးဖို့ အဆင်သင့်ဖြစ်နေပြီ... တာအိုလျိုဆီ သွားပြီး အရှင်မဘုံကျောင်းကို စိတ်ပျက်ဖွယ်ကုန်းစောင်းက လူတွေ လာတိုက်ခိုက်တာကနေ ခုခံကာကွယ်ဖို့ သွားကြတာပေါ့!"
ကျွယ်ရန်ကျစ်: "ဟုတ်တယ်!"
သူတို့နှစ်ဦးသည် ကုန်းမြင့်ပေါ်သို့ ရောက်ရှိလာပြီး တာအိုလျိုနှင့် တွေ့ဆုံခဲ့ကြသည်။ တာအိုလျိုမှာ အလွန်အစွမ်းထက်သော်လည်း စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ တိုက်ခိုက်မှုများကို စိုးရွံ့နေခဲ့ရာ ၎င်းတို့ကို တွေ့မြင်ရသည့်အတွက် အလွန်အမင်း ဝမ်းသာသည်။
ကျူးရှို့ချိုင်ခမျာ သစ်ပင်ပေါ်မှ ကြိုးဆွဲချ ချင်သော်လည်း တုံ့ဆိုင်းသွားပြီး ပြန်ထိန်းထားလိုက်သည်။
"အရှင်မ ရှင်ပြန်ထမြောက်တော့မှာကို တစ်ဆယ်လေး နဲ့ သူ့မိန်းမက ဘာလို့ ဒီလောက်မြန်မြန် ပတ်ပြေးနေတာလဲ"
ထိုက်ယိနတ်ဆိုးလွန်းပျံယာဥ်သည် အံ့သြဖွယ်ကောင်းလောက်အောင် အရှိန်အဟုန်ဖြင့် ရွေ့လျားသွားပြီး လေထုထဲတွင် ငွေရောင်အလင်းတန်း တစ်ခုကဲ့သို့ ဖြတ်ပြေးသွားရာ မြေအောက်ကမ္ဘာ၏ ခမ်းနားသော တောင်တန်းများနှင့် မြစ်များက လျှပ်တပြက် တောက်ပသွားသည်။
လွန်းပျံယာဉ်အတွင်းမှ နှစ်ယောက်သား အပြင်ဘက်ရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ အပြင်ကနေကြည့်ရင် လွန်းပျံယာဉ်ကို မမြင်နိုင်ပေမယ့် အတွင်းကနေကြည့်ရင်တော့ အရာအားလုံးက ကြည်လင်နေ၏။
သူတို့သည် လျင်မြန်စွာ ရွေ့လျားနေပြီး မကြာခင်မှာပဲ ယင်စိမ့်စမ်းပင်လယ်သို့ လျင်မြန်စွာ ရောက်ရှိခဲ့ပြီး မျက်နှာပြင်ကို ဖြတ်ကျော်သွားခဲ့သည်။ နတ်သမီးရှောင်သွမ့် မျှော်ကြည့်၍ ကောင်းကင်မှ ဇောက်ထိုး တွဲလောင်းကျနေသော သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရပြီး ၎င်းအောက်တွင် တွဲလောင်းချထားသည့် ခေါင်းတလားကို တွေ့လိုက်ရသည်။ သူမ သေချာ မမြင်နိုင်ခင်မှာပင် ကြီးမားသော တောင်တန်းကြီးများက သူမရှေ့တွင် ထွက်ပေါ်လာပြီ။
ထူးထူးဆန်းဆန်း တစ္ဆေရွာတွေ ဖြတ်သွားရင်း တောင်ပေါင်းတစ်ထောင်ထဲကို တိုးဝင်လာပြီး တောင်တွေထဲ တဖြည်းဖြည်း နက်နဲလာ၏။ နတ်ဆိုးနှင်လွန်းပျံယာဥ်သည် အဆုံးမရှိသော ချောက်ကမ်းပါးများနှင့် အပါအဝင် ကောင်းကင်ပေါ်သို့ ထိုးတက်ကာ ၎င်းတို့ကို ဖြတ်ကျော်ပြီးနောက် ထျန်းကျစ်ပြည်၏ မြို့တော်ကို မြင်တွေ့လာရသည်။
နတ်ဆိုးနှင်လွန်းပျံယာဥ်သည် ထျန်းကျစ်ပြည်ထဲက ရေကန်အသီးသီးပေါ်က ပျံသန်းခဲ့သည်။ သရဲတစ္ဆေများစွာက မတ်တပ်ထရပ်ကာ ဘာလဲဟူသည့် အကြည့်များဖြင့် စူးစမ်းနေကြသည်။ နတ်ဆိုးနှင်လွန်းပျံယာဥ် ရောက်ရှိလာခြင်းက ထျန်းကျစ်ပြည်မှ တန်ခိုးကြီးသော သရဲတစ္ဆေများနှင့် နတ်ဘုရားများကို ထိတ်လန့်စေခဲ့ပြီး ၎င်းတို့ ချက်ချင်း စုရုံးရောက်ရှိခဲ့ကြသည်။
နတ်ဆိုးနှင်လွန်းပျံယာဥ်က တုန်ခါသွားပြီး ဒါဇင်နဲ့ချီတဲ့ ဓားပျံတွေ ပြန့်ကျဲသွားကာ ချန်ရှီနဲ့ နတ်သမီးရှောင်သွမ့်တို့ရဲ့ ရုပ်ပုံတွေကို ထုတ်ဖော် ပြသလိုက်ပါ၏။ ထိုတစ္ဆေများနှင့် နတ်ဘုရားများ၊ သက်ဆိုင်ရာ မျိုးနွယ်စုများ၏ မျိုးနွယ်စုခေါင်းဆောင်များသည် ၎င်းတို့နှစ်ဦးကို မြင်သောအခါ ရုတ်ချည်း ခေါင်းငုံ့ထားကြသည်။
ချန်ရှီ အရှိန်လျှော့ကာ နန်းတော်အနီးသို့ ဆင်းသက်လိုက်သည်။ နတ်ဆိုးနှင်လွန်းပျံယာဥ်လည်း မိုးမခရွက်ပုံစံ ပျံသန်းနေသော ဓားများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် အချင်းချင်း ထပ်ကာထပ်ကာ ခေါက်လိုက်ကြသည်။ ခဏအတွင်း အလျားတစ်ပေအောက်နှင့် အနံသုံးလက်မခန့်သာရှိသည့် လက်နက်တစ်ခု ဖြစ်သွား၏။
"ဒီရတနာက ထူးခြားတယ်... ကောင်းကင်ထက်ကိုသာ ပျံသန်းနိုင်ရင် နတ်ဘုရားရဲ့ မျက်နှာအစစ်ကို ငါတို့ ရှာတွေ့ရှိနိုင်မှာပဲ"
သူ့တွင် ခဏတာ အတွေးတစ်ခု ဝင်လာခဲ့သည်။ လူပန်ဂိုဏ်းမှ ကျွမ်းကျင်သော လက်သမားဆရာများကို ခေါ်ယူ၍ အားကောင်းသော ဓားမီးဖိုဖြင့် တပ်ဆင်ကာ ဤမှော်အတတ်ကို အသွင်ပြောင်းနိုင်လောက်သည်။ ပြီးလျှင် ၎င်း၏ ပျံသန်းမှု အမြန်နှုန်းက ပိုမိုမြန်ဆန်လာမည်။ သို့ဖြင်လာလျှင် ကောင်းကင်ထက်မှ နတ်ဘုရားထံ ရောက်ရှိရန်မှာ ခက်ခဲသော အလုပ်မဟုတ်တော့ပေ။
"ငါတို့ သင်္ဘောကြီးနည်းနည်း ဆောက်နိုင်တယ်... ဓားမီးဖိုတွေ တပ်ဆင်ပြီး အတွင်းမှာ ပုံစံတူ စက်ကိရိယာတွေကို သုံးလို့ရတယ်... ကျောက်မီးသွေးကို အဂ္ဂိရတ်မီးဖို လောင်ကျွမ်းဖို့ သုံးနိုင်တယ်... ဓားမီးဖိုကို ဆက်လည်ပတ်နေအောင် ဝိညာဉ်စွမ်းအင်နဲ့ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနေရင် သင်္ဘောကလည်း ဒီထက်ပိုပြီး ပျံသန်းနိုင်မှာပဲ...."
သူသည် နတ်ဆိုးနှင်လွန်းပျံယာဥ်ဆီက အဆောင်စာလုံးနှင့် တာအိုပုံကြမ်း နည်းလမ်းများကို ကူးယူနိုင်သည်။ အားလုံး ပြီးသွားပါက သင်္ဘောကြီးများကို ထိန်းချုပ်ကာ ကောင်းကင်သို့ ပျံတက်သွားနိုင်သည်။ တောင်နီခန်းမတွင် အရည်အချင်းရှိသူ များစွာရှိသဖြင့် ၎င်းတို့ကို ကူးယူ ရေးဆွဲဖို့က လုံးဝ ဖြစ်နိုင်သည်။
ဓားမီးဖိုများအပြင်၊ ၎င်းတို့သည် မီးဖိုများ၊ သံမဏိ၊ ကြေးနီနှင့် သံဖြူ၊ အဆောင်ဆွဲဆရာများကို လေ့ကျင့်ပေးကာ အမျိုးမျိုးသော စာလုံးနှင့် မှော်လက်နက်များကို သန့်စင်ရန်အတွက် သံမဏိ၊ ကြေးနီနှင့် သံဖြူတို့ကိုလည်း အသုံးပြုနိုင်သည်။
အရင်ကတော့ ဒီမေးခွန်းတွေကို စဉ်းစားဖို့ အချိန်မရှိခဲ့ပေ။ နေဝင်ပြီး ကပ်ဆိုးကြီး ပေါက်ကွဲသွားပေမယ့် အခု အရာအားလုံး ပြေလည်သွားတော့ ထူးထူးဆန်းဆန်း အတွေးတွေ သူ့ခေါင်းထဲကို ဝင်လာခဲ့တယ်။
"နင်ငါ့ကိုဘာလို့ ဒီကိုခေါ်လာတာလဲ"
နတ်သမီးရှောင်သွမ့်က သူ၏ မြင့်မြတ်သည့် အတွေးနယ်ပယ်ကို အနှောင့်အယှက် ဝင်ပေးလာသည်။
ချန်ရှီ ပြန့်ကျဲနေတဲ့ အတွေးတွေကို စုဆောင်းပြီး ပြုံးပြသည်။
"ကြည့်ထား....."
သူ့စိတ်က အနည်းငယ် ပြောင်းသွားပြီး တာအိိုနယ်မြေအား အပြင်ဘက်ကို ဖြာထွက်သွားစေခဲ့သည်။ ပိုပိုကျယ်တဲ့ ဧရိယာကို လွှမ်းခြုံကာ ထျန်းကျစ်နိုင်ငံတစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံနေပြီ ဆိုပေမယ့် အပြင်ဘက်ကို ဆက်လက် ချဲ့ထွင်နေဆဲ။
လမ်းမများနှင့် မျိုးနွယ်စုများတွင်၊ တစ္ဆေမျိုးနွယ်များဖြစ်သည့် ငရဲနတ်လေး၊ နွားခေါင်းသားရဲများ၊ မြင်းမျက်နှာသားရဲများ၊ မီးမှင်စာများ၊ ရေမှင်စာများ၊ ကောင်းကင်နဂါးများ၊ ထိန်းကျောင်းသူများ၊ ဓားကိုင်ထားသော သားရဲများ တဖြည်းဖြည်း ပြောင်းလဲလာကြသည်။
ပေရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍မြင့်သော ထိုသရဲတစ္ဆေများနှင့် နတ်ဘုရားများ၏ ခန္ဓာကိုယ်များနှင့် နတ်ဝိညာဉ်များပင် အသွင်ပြောင်းသွားကြသည်။
ထိုလူတွေကလည်း တအံ့တသြနဲ့ လက်ထောင်ကြည့်နေကြ၏။ သူတို့ကို တစ္ဆေသရဲလက်ကနေ လူသားလက်တွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတာကို ကြည့်ပြီး သူတို့ရဲ့ မျက်နှာနဲ့ တခြားသူတွေရဲ့ မျက်နှာတွေဟာ တစ္ဆေသရဲမျက်နှာကနေ လူသားမျက်နှာ အဖြစ် ပြောင်းလဲသွားပါတော့သည်။
သူတို့ရဲ့ အရေပြားပေါ်မှာ ထူးဆန်းတဲ့ပုံစံတွေ၊ သူတို့ရဲ့ မျိုးရိုးစဥ်ဆက် ဝိညာဥ်လမ်းပြ ပုံစံတွေ ပေါ်လာကြသည်။ မတူညီသော အသက်မွေးဝမ်းကျောင်း အလုပ်များအတိုင်း ကွဲပြားသော ပုံစံများကို ပိုင်ဆိုင်ထားပြီး ၎င်းတို့၏ သွေးသားရင်းမြစ်များမှတဆင့် ယနေ့ မျိုးဆက်များအထိ ဆင်းသက်လာကြကြောင်း သက်သေပြနေပါ၏။
သူတို့၏ အရေပြားပေါ်ရှိ ပုံစံများသည် ကြီးမြတ်သော မဟာရှန်း လူမျိုးများ၏ ထူးခြားသော ပုံစံဖြစ်သည်။
နတ်သမီးရှောင်သွမ့်လည်း ဤမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း ကြည့်ကာ သူမအမူအရာမှာ အနည်းငယ် မှင်တက်သွားသည်။ ထိုအခိုက်အတန့်တွင် သူမသည် ထိုရွှေတုံးကြီးခေတ်၊ ဘွဲ့အင်နှင်း မခံရမီက နေ့ရက်များဆီသို့ ပြန်လည် ရောက်ရှိသွားသလိုတောင် ခံစားလိုက်ရသည်။
မျိုးနွယ်စုတွေကြား ဖြတ်လျှောက်သွားဖို့ နန်းတော်ကနေ ဆင်းလာခဲ့သည်။ ထိုလူများကို ထူးဆန်းစွာ ရင်းနှီးကျွမ်းဝင်နေသလို ခံယူချက်က သူမအား မျက်ရည်များ ဝေဝါးလာစေသည်။
မရေမတွက်နိုင်သော အနက်ရောင်အလင်းတန်းများသည် သူမခန္ဓာကိုယ်မှ စီးဆင်းလာသည်။ ၎င်းတို့က သူမ၏ ဝိညာဥ်လမ်းပြ တာအိုစာလုံး ပုံစံများဖြစ်သည်။
သူမနောက်တွင် ဤတာအိုပုံစံများသည် အနက်ရောင် ငှက်တစ်ကောင် ဖြစ်လာသည်။ ၎င်း၏နောက်တွင် အမြီးရှည်များက ပျံဝဲလျက် အနက်ရောင် ဖီးနစ်တစ်ကောင်ကဲ့သို့ ဖြစ်လာသည်။
ကောင်းကင်မှ ရည်မှန်းထားသော အံ့ဖွယ်ငှက်သည် ရှန်းမင်းဆက်ကို မွေးဖွားရန် ဆင်းသက်လာခဲ့လေသတည်း။
ရှေးဧကရာဇ်သည် ဝူထန်းအား လမ်းကြောင်းလေးခုကို ဖြောင့်မတ်စွာ အုပ်ချုပ်ရန် အမိန့်ပေးခဲ့သည်။
အားလုံးက သူမကို စိုက်ကြည့်နေကြ၏။ ထိုအချိန်တွင် ရှန်းမင်းဆက်သည် သက်ရှိကမ္ဘာထဲ အမှန်တကယ် ပြန်ရောက်လာဟန်တူသည်။
နတ်သမီးရှောင်သွမ့် မျက်ရည်များ ဆက်တိုက်ကျလာသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံပြီး အလောင်းနတ်သုံးကောင်ကို သတ်ပစ်ကာ သူမ၏ တာအိုနှလုံးသားကို ခိုင်ခံ့စေခဲ့သည်။ ဆန္ဒခြောက်ပါးကို စွန့်လွှတ်ပြီးတာတောင် ယခု သူမသည် စိတ်ခံစားမှုများ လွှမ်းမိုးနေသကဲ့သို့ ခံစားခဲ့ရသည်။
သူမ စိတ်ရှုပ်ထွေးသော်လည်း ရွှင်မြူးနေသော ကလေးမလေးတစ်ယောက်လို ငိုသည်။ ချန်ရှီသည်လည်း သူမ၏ ခံစားချက်များကို စုစည်းနိုင်ရန် သူမအနား၌ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
"ချန်ရှီ နင်က လူဆိုးပဲ!"
သူမ မျက်လုံးတွေ နီရဲနေရာမှ ဆိုလာသည်။
ချန်ရှီ ပြုံးပြီး :"ကြိုက်လား"
နတ်သမီးရှောင်သွမ့် တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်လျက်။
"ကြိုက်တယ်..."
"ငါ့ပြောနေတာက ငါ့ကို..."
နတ်သမီးရှောင်သွမ့် သူ့အား စိုက်ကြည့်ရင်း ဖြူစင်ပြီး အပြစ်ကင်းစင်သော စိတ်ဓာတ်ဟောင်းကို ပြန်လည်ရရှိရန် ကြိုးစားနေသည်။ သူမ ရုန်းကန်ရင်း။
“ငါက မဟာရှန်းရဲ့ တော်ဝင်မိသားစုထဲက…”
ချန်ရှီကလည်း ပြုံးပြီး :"ငါက ဒီမဟာရှန်းကြီးရဲ့ ဘုရင်ပဲ"
နတ်သမီးရှောင်သွမ့်မှာ နှလုံးသားက တဖန်ပြိုလဲလာသော်လည်း သူမ၏ တည်ငြိမ်မှုကို ပြန်စုစည်းလိုက်သည်။
နှစ်ယောက်သား အဝေးကို လှမ်းကြည့်လိုက်တော့ ကောင်းကင်မှာ အက်ကွဲနေတဲ့ ရေတံခွန်တစ်ခု ပြုတ်ကျနေလေသည်။ အဝေးကကြည့်လျှင် တောက်ပနေတဲ့ ကျောက်စိမ်းတုံးတွေ မြေအောက်ကမ္ဘာထဲကို ဆင်းသွားကြသလိုပင်။
"ရေတံခွန်က ဘယ်ကလာတာလဲ ဘယ်သူမှမသိဘူး...."
ချန်ရှီ ပြုံးပြကာ: "မင်း သွားကြည့်ချင်လား"
နတ်သမီးရှောင်သွမ့် တုံ့ဆိုင်းသွားပေမယ့် နောက်ဆုံးတော့ ခေါင်းညိတ်လိုက်လေသည်။