အခန်း (၃၉၄-၃၉၆)
Vol. 27 Ch. 394-396
အခန်း ၃၉၄ - အပြန်အလှန်နားလည်မှု
မိုင်ယဗ်သည် အန္တာယ်ဇုန်မှနေ၍ အသည်းအသန်ထွက်ပြေးလာကြသူနှစ်ယောက်အား လှမ်းကြည့်လိုက်သည်။
ဂရင်းနှင့်အီလီဒမ်တို့သည် အသာအယာခေါင်းခါလိုက်ကြပြီးနောက်တွင် သူတို့၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ နောက်ထပ်တစ်ကြိမ် သူတို့ထွက်ပေါ်လာသောအချိန်၌ သူတို့သည် အဆုံးသတ်နေ့ကျွမ်းကျင်မှု၏ ထိခိုက်မှုအကွာအဝေးအတွင်း ရောက်ရှိနေခဲ့သည်။
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ အံ့သြသွားခဲ့သည်။ သူတို့ဘာလုပ်နေကြတာလဲ...သူတို့ကခုမှကျားရဲခံတွင်းကနေ လွတ်မြောက်လာကြတာလေ...ဘယ်လိုဖြစ်ပြီး ပြန်ဝင်သွားကြတာလဲ
ရှောင်ယုသည် သူတို့အားအော်ငေါက်တော့မယ့်အချိန်တွင် တစ်စုံတစ်ခုအားတွေးမိပြီး ငြိမ်သက်သွားခဲ့သည်။ သူတို့အားလုံးသည် သူ၏အကောင်းဆုံးသောသူရဲကောင်းများဖြစ်ကြသည်။ ထိုသူရဲကောင်းများအကြား တိတ်တဆိတ်နားလည်မှုမရှိခဲ့လျှင် အလွန်ဝမ်းနည်းဖွယ်ကောင်းပေလိမ့်မယ်။ အနည်းဆုံး သူတို့၏ခေါင်းဆောင်တစ်ယောက်အနေဖြင့် ရှောင်ယုအရှက်ရမှာဖြစ်သည်။
ကိုယ့်တပ်သားတွေကိုတောင် ကောင်းကောင်းမထိန်းနိုင်ရင် ဘယ်လိုဖြစ်ပြီးတိုက်ခိုက်ရမှာလဲ...
သူရဲကောင်းတစ်ဦးသည် အန္တာရယ်ကျရောက်နေသည့်အချိန်တွင် အခြားသူရဲကောင်းများက ကယ်တင်ရန်အစမပြုခဲ့ပါက အလွန်ဆိုးရွားသွားမည်ဖြစ်သည်။ အကယ်၍ ရှောင်ယုကသာ သူတို့အားကယ်တင်ရန် အမိန့်ပေးသည်ထိစောင့်ဆိုင်းနေမည်ဆိုပါက သူရဲကောင်းများအကြား အဖုအထစ်ဖြစ်လာမည်ဖြစ်သည်။
ထို့ကြောင့်ရှောင်ယုသည် အချိန်တိုင်းလိုလို အမိန့်မပေးဘဲ သူတို့အကြားတွင် တိတ်တဆိတ်နားလည်မှုရရှိစေရန်အတွက် ကြိုးစားရမည်ဖြစ်သည်။ အကယ်၍သူရဲကောင်းတစ်ယောက်သည် တိုက်ခိုက်ခံနေရပြီး အန္တာရယ်ကြုံတွေ့လာပါက အခြားသူရဲကောင်းများက ကူညီပေးရန်လိုအပ်ပေသည်။
အီလီဒမ်နှင့်မိုင်ယဗ်တို့၏အခြေအနေသည် ရှောင်ယုမြင်တွေ့လိုနေသည့်အတိုင်းဖြစ်သည်။
ယခင်ကဆိုလျှင် သူတို့ကိုယ်တိုင်လှုပ်ရှားပါက အမှားလုပ်မိမည်ကိုစိုးရိမ်၍ ရှောင်ယုကဝင်ရောက်စွက်ဖက်ကာ အမိန့်ပေးခြင်းများပြုလုပ်ခဲ့သည်။ ယခုမူ သူတို့သည်အဆင့်၄၀သို့ရောက်ရှိလာပြီး သူတို့၏ညဏ်ရည်ညဏ်သွေးသည်လည်း သူတို့၏အဆင့်နှင့်တူတူမြင့်တက်လာခဲ့သည်။ သို့ဖြစ်ရာ သူတို့အားကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ပေးရတော့မည်ဖြစ်သည်။ ကလေးများသည် မိဘ၏ရင်ခွင်တွင်းမှ ထွက်ခွာလာသည့်အချိန်မှသာ အမှန်တကယ်ကြီးထွားလာမည်ဖြစ်သည်။
မိုင်ယဗ်သည်လည်း တိုက်ပွဲတွင်းသို့ဝင်ရောက်ပူးပေါင်းလာပြီးနောက်တွင် ဂြိုလ်ဆိုးတမန်တော်ထံသို့ ချက်ချင်းပြေးဝင်သွားခဲ့ပြီး စိတ်အနှောင့်အယှက်ဖြစ်စေရန် ဆက်တိုက်ဆိုသလိုတိုက်ခိုက်လိုက်သည်။
နောက်ဆုံးတွင် အဆုံးသတ်နေ့ကျွမ်းကျင်မှု၏ သက်ရောက်မှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
"ယား..."
ဂရင်းသည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ၏ဓားအားကျပန်းခုတ်ချလိုက်ပေရာ ဂြိုလ်ဆိုးတမန်တော်ရှောင်တိမ်းရန် ခက်ခဲသွားခဲ့သည်။
အဆုံးသတ်တွင် သူသည်ယခုလိုပုံစံမျိုးဖြင့် ဂရင်းအားပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဂရင်း၏အန္တိမခုတ်ပိုင်းချက်ကြောင့် ၎င်းကိုကိုင်တွယ်ရန် ပိုမိုခက်ခဲလာခဲ့သည်။ ဂြိုလ်ဆိုးတမန်တော်သည် ဂရင်းကိုရပ်တန့်ရန် နည်းလမ်းရှာမတွေ့ခဲ့ပေ။
အီလီဒမ်သည် ဂြိုလ်ဆိုးတမန်တော်၏မှော်စွမ်းအင်ကို အဆက်မပြတ်စုပ်ယူနေပြီး ဂြိုလ်ဆိုးတမန်တော်အားဒုက္ခပေးနေခဲ့သည်။
ထိုအချိန်တွင် မိုင်ယဗ်၏တိုက်ခိုက်မှုက ဂြိုလ်ဆိုးတမန်တော်၏မေးစေ့ကိုထိမှန်သွား၍ နာကျင်စွာအော်ငြီးသံကထွက်ပေါ်လာခဲ့သည်။
ဂရင်းသည် ထိုအခွင့်အရေးကိုလက်လွတ်မခံဘဲ ဂြိုလ်ဆိုးတမန်တော်ဆီသို့ ချက်ချင်းပြေးဝင်သွားခဲ့ပြီး သူ၏လက်ထဲ၌ကိုင်ဆောင်ထားသောဓားက ဂြိုလ်ဆိုးတမန်တော်၏ မေးစေ့သို့တိုးဝင်သွားခဲ့သည်။
ထပ်ဆင့်ရိုက်ချက်...
ဂရင်းသည် ဆက်တိုက်ဆိုသလိုပင် လေပွေကျွမ်းကျင်မှုအားထုတ်သုံး၍ သူ၏ခန္ဓာကိုယ်အား ဓားစက်ဝိုင်းလိုလည်ပတ်နေလိုက်သည်။ သူဆီဦးတည်၍ ရက်စက်ကြမ်းကြုတ်စွာ ထိုးဖောက်ဝင်ရောက်လာသော စွမ်းအားက ဂြိုလ်ဆိုးတမန်တော်ကိုထိတ်လန့်စေခဲ့သည်။ ဂြိုလ်ဆိုးတမန်တော်သည် ထိုတိုက်ခိုက်မှုအားခုခံရန် နည်းလမ်းမရှိပေ။
နောက်ဆုံးတွင် ဂြိုလ်ဆိုးတမန်တော်သည်၎င်းကိုတောင့်မခံနိုင်တော့ပေ။ သူသည်အခြားသူရဲကောင်းနှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ ဂရင်းအားလက်နှစ်ဘက်ဖြင့်ဆုပ်ကိုင်၍ ခွန်အားအပြည့်ဖြင့်တိုက်ခိုက်လိုက်သည်။
ဂရင်း၏တုံ့ပြန်မှုသည် အလွန်ပင်မြန်ဆန်ပြီး ထိုဆုပ်ကိုင်မှုမှလွတ်မြောက်စေရန်အတွက် ကြိုးစားလိုက်သော်လည်း ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။
ဂရင်းသည် ဂြိုလ်ဆိုးတမန်တော်၏ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်စေရန်အတွက် ဓားဖြင့်အားကုန်ထိုးချလိုက်သော်လည်း ဂြိုလ်ဆိုးတမန်တော်သည် ဂရင်းကိုသတ်ဖြတ်ရန်ဆုံးဖြတ်ချက်ချထား၍ လျစ်လျူရှုထားလိုက်သည်။
ဂရင်း၏မျက်လုံးများသည် တဖြည်းဖြည်းပြူးကျယ်လာခဲ့သည်။ ထိုအချိန်၌ ဂြိုလ်ဆိုးတမန်တော်၏လက်ဝါးသည် သူ့ထံသို့လျင်မြန်စွာချဉ်းကပ်လာ၍ ဂရင်းသည်နောက်သို့တဟုန်ထိုး ဆုတ်ခွာရန်ကြိုးစားလိုက်သည်။
လျှပ်တပြက်ရွေ့လျားခြင်း...
ထိုသို့အရေးကြီးသောအခိုက်အတန့်တွင် မိုင်ယဗ်သည်ဂရင်း၏နံဘေး၌ ရောက်ရှိလာခဲ့ပြီး ဂရင်းကိုကယ်တင်ခဲ့သည်။
ဂရင်း၏မျက်လုံးများသည် တဖြည်းဖြည်းပြန်လည်တောက်ပလာခဲ့သည်၊ထို့နောက်သူသည် ရှေ့သို့တဖြည်းဖြည်းတိုးလာခဲ့ပြီး ထပ်မံတိုက်ခိုက်ခဲ့သည်။
အီလီဒမ်၏မီးခိုးရောင်မျက်လုံးများကလည်း ပြန်လည်တောက်ပလာခဲ့ကာ မိုင်ယဗ်နှင့်ဂရင်းတို့အတွက် အခွင့်အရေးတစ်ခုဖန်တီးပေးရန်အတွက် ဂြိုလ်ဆိုးတမန်တော်၏အာရုံကို ဆက်လက်ဆွဲဆောင်နေခဲ့သည်။
ထိုသို့အဆက်မပြတ်တိုက်ခိုက်မှုအပြီးတွင် သူတို့သည် ဂြိုလ်ဆိုးတမန်တော်၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာငယ်များစွာကိုဖန်တီးခဲ့ပြီး တိုက်ခိုက်မှုတစ်ခုစီတိုင်းက ကျပန်းနေရာတစ်ခုစီတွင် ကျရောက်ခဲ့သည်။
သို့သော်လည်း ဂြိုလ်ဆိုးတမန်တော်၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာတစ်ခုဖြစ်တည်လာတိုင်း ဂြိုလ်ဆိုးတမန်တော်က ပိုမိုအားနည်းလာခဲ့သည်။
ဂြိုလ်ဆိုးတမန်တော်သည် အစွမ်းထက်သော်လည်း တိုက်ခိုက်မှုများစွာကို ခုခံရန်နည်းလမ်းရှိမနေခဲ့ပေ။
ဤအတိုင်းသာဆက်ဖြစ်နေပါက ဂြိုလ်ဆိုးတမန်တော်၏အဆုံးသတ်သည် မဝေးလှတော့ပေ။
ဤနေရာရှိတိုက်ပွဲသည် အသေအပျောက်မရှိသော်လည်း အခြားနေရာနှစ်ခု၌ သွေးချောင်းစီးနေသကဲ့သို့ တိုက်ပွဲကပိုမို၍ပြင်းထန်လာခဲ့သည်။
လူအိုကြီးတာအို၏တိုက်ပွဲစွမ်းအားသည် လျော့တွက်၍မရနိုင်သည့်အပြင် ရေခဲမှော်အစွမ်းကို အဆက်မပြတ်ထုတ်ဖော်နေသည့် ပဥ္စမအဆင့်ရေခဲမှော်ဆရာလည်းရှိနေသေးသည်။
ဂြိုလ်ဆိုးတမန်တော်၃ယောက်နှင့်ရင်ဆိုင်ရသည့်တိုက်ပွဲတွင် ခိုင်ရင်းသည်သာ အသက်သာဆုံးဖြစ်ပေသည်။ ပဥ္စမမြောက်မှော်ဆရာသည် ဂြိုလ်ဆိုးတမန်တော်အားအေးခဲခြင်းနှင့်နှောင့်နှေးခြင်းတို့ ဖြစ်ပေါ်စေရန်အတွက် ရေခဲမှော်အစွမ်းကို ထုတ်ဖော်နေခဲ့သည်။ ထို့ပြင် ခိုင်ရင်း၏ခွန်အားကိုလည်း သံသယဖြစ်နေစရာမလိုပေ။
ထိုအချိန်တွင် ခိုင်ရင်းသည်ရရှိလာသည့် အခွင့်အရေးကိုအမိအရဖမ်းဆုပ်ရင်း ဂြိုလ်ဆိုးတမန်တော်၏ခန္ဓာကိုယ်အား ဝင်တိုက်လိုက်သည်။ ထို့ကြောင့် ဂြိုလ်ဆိုးတမန်တော်သည် မူးဝေသွားခဲ့ကာ သူ၏တိုက်ပွဲစွမ်းအားကို ခေတ္တဆုံးရှုံးသွားခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ခိုင်ရင်းသည် ဂြိုလ်ဆိုးတမန်တော်ကိုအလွတ်မပေးဘဲ ကြိမ်ဖန်များစွာဆက်လက်တိုက်ခိုက်နေခဲ့သည်။ အဆုံးသတ်တွင် ခိုင်ရင်း၏စွမ်းအားသည် သာမန်လူများနှိုင်းယှဉ်နိုင်သည့်အရာမဟုတ်ပေ။
လူအိုကြီးတာအို၏အကူအညီမပါဘဲနှင့်ပင် ခိုင်ရင်းတစ်ကောင်တည်း၏စွမ်းအားက ဂြိုလ်ဆိုးတမန်တော်ကိုခေါင်းကိုက်စေခဲ့သည်။
ဂြိုလ်ဆိုးတမန်တော်သည် ဒဏ်ရာပြင်းထန်စွာရသွားခဲ့ကာ သွေးများအဆက်မပြတ်စီးကျလာခဲ့သည်။ ထို့ပြင် လူအိုကြီးတာအိုကိုင်ဆောင်သော ဓားရှည်၏အစွန်းနှစ်ဖက်ကို ဒဏ်ရာများကုသရာ၌နှေးကွေးစေသော အဆိပ်များဖြင့်လိမ်းကျံထားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တံစဉ်ကိုင်စစ်သည်တော်ကလည်း ထူးဆန်းသောအစွမ်းကို ထပ်ခါထပ်ခါအသုံးပြုနေခဲ့သည်။ ထိုလူ၏တံစဉ်သည် ဂြိုလ်ဆိုးတမန်တော်ကဲ့သို့ ထူးဆန်းသောဖြစ်တည်မှုကို အလွယ်တကူထိခိုက်နိုင်စွမ်းရှိနေခဲ့သည်။
သူတိုက်ခိုက်လိုက်ချိန်တိုင်း သူ၏တံစဉ်သည် ဂြိုလ်ဆိုးတမန်တော်၏ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုစီအား ဖြတ်တောက်ပစ်လိုက်နိုင်ခဲ့သည်။ အနီးကပ်ကြည့်မည်ဆိုပါက ထိုအစိတ်အပိုင်းတစ်ခုစီအား သံချပ်ကာများဖြင့်ဖုံးအုပ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။
ထိုတံစဉ်သည် ဂြိုလ်ဆိုးတမန်တော်၏အကာအကွယ်ကို ဖြတ်တောက်ပစ်နိုင်စွမ်းရှိသည်။
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်ရင်း စုပ်တစ်ချက်သပ်လိုက်မိသည်။
သူသာ ဤတံစဉ်ကိုင်သူရဲကောင်းကို ကောင်းစွာလေ့ကျင့်ပေးလိုက်ပါက ဆယ်နှစ်ခန့်အတွင်း ကြီးမြတ်သောသူရဲကောင်းတစ်ယောက်ဖြစ်လာနိုင်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူသည်ရှောင်ယု၏လက်အောက်မှမဟုတ်ပေ။
တိုက်ပွဲဆက်လက်ပြင်းထန်နေချိန်တွင် ခိုင်ရင်းသည်နောက်ထပ်တစ်ကြိမ် ပေါက်ကွဲထွက်လာလိမ့်မည်ဟု မည်သူမှထင်မထားခဲ့ပေ။
အမှန်တော့ ခိုင်ရင်း၏အသွင်ကူးပြောင်းချိန်သည် အကန့်အသတ်သာရှိပြီး အလွန်မကြာမြင့်လှကြောင်း လူတိုင်းမသိခဲ့ကြပေ။ သူသည် တိုက်ပွဲအားတတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ကာ နဂါးလေးကိုသွားရောက်ကူညီလိုခဲ့သည်။ အဆုံးသတ်တွင် နဂါးလေးသည် ဂြိုလ်ဆိုးတမန်တော်၏ပင်မကိုယ်ပွားနှင့်တိုက်ခိုက်နေရပြီး အရေးနိမ့်နေသည်ကို ခိုင်ရင်းအကြည့်ရက်ပေ။
သူသည် သူ၏ညီဖြစ်သူနဂါးလေးအတွက် လက်စားချေပေးလိုခဲ့သည်။ ထို့ပြင်သူသာနောက်ကျသွား၍ ဂြိုလ်ဆိုးတမန်တော်၏အဓိကကိုယ်ပွားက သူတို့သုံးယောက်အားတိုက်ရိုက်သတ်ဖြတ်ခဲ့လျှင် သူလက်စားချေနိုင်မည်မဟုတ်ပေ။
"အား..."
ကျယ်လောင်သောအော်ဟစ်သံက ရုတ်တရက်ထွက်ပေါ်လာပြီး လူတိုင်းနီးပါး၏အာရုံကိုဖမ်းစားသွားခဲ့သည်။
"ဒီကောင်ဘာတွေလုပ်နေတာလဲ"
ရှောင်ယုက အနည်းငယ်အံ့သြသွားခဲ့သည်။
အခန်း ၃၉၅ - ပေါက်ကွဲထွက်လာသော ခိုင်ရင်း၏စွမ်းအား
ဝေါင်း...
ခိုင်ရင်း၏ဟိန်းဟောက်သံက လူတိုင်း၏တိုက်ပွဲဝင်လိုစိတ်အား နိုးဆွပေးနိင်ခဲ့သည်။
တိုက်ပွဲ၌မပါဝင်သည့် သာမန်တပ်သားများသည်ပင်လျှင် သွေးများဆူပွက်လာသလို ခံစားလာရသည်။ သူတို့သည် လုံးဝစိတ်မထိန်းနိုင်တော့ဘဲ ဂြိုလ်ဆိုးတမန်တော်အား ပြေးဝင်တိုက်ခိုက်လိုစိတ်ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဂြိုလ်ဆိုးတမန်တော်သည် ခိုင်ရင်း၏အစွမ်းကြောင့် အလွန်ပင်စိတ်ဓာတ်ကျသွားခဲ့ရသည်။
"သေကြစမ်း...နိမ့်ကျတဲ့ကောင်တွေ ငရဲကိုသွားလိုက်ကြ"
ဂြိုလ်ဆိုးတမန်တော်သည် ဒေါသတကြီးဟိန်းဟောက်လိုက်ကာ ခိုင်ရင်းကိုလက်ညိုးညွန်ပြ၍ သေမင်းအတတ်ပညာကိုအသုံးပြုလိုက်သည်။
ခိုင်ရင်း၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့ပြီး မူးဝေသည့်ဝေဒနာကြောင့် သူ့စိတ်များတုန်လှုပ်သွားခဲ့ရသည်။ ထို့နောက် ခိုင်ရင်း၏မျက်လုံးများသည် နီရဲလာခဲ့ပြီး သူ၏ရူးသွပ်မှုကိုစတင်ဖော်ပြလာခဲ့သည်။
ဘန်း...
အနီရောင်အလင်းတန်းသည် ထွက်ပြေးရန်မကြိုးစားသည့် ခိုင်ရင်းကိုထိမှန်သွားခဲ့သည်။
သို့သော်လည်း နောက်ထပ်သူမြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ရှောင်ယုကထိတ်လန့်သွားခဲ့ရသည်။ ခိုင်ရင်းသည် သူ၏လက်ဗလာကိုအသုံးပြု၍ အနီရောင်အလင်းတန်းကို တားဆီးလိုက်သည်။
ဘာဖြစ်သွားတာလဲ...
ရှောင်ယုသည် အခြေအနေကိုနားမလည်နိုင်သလို ဂြိုလ်ဆိုးတမန်တော်သည်လည်း အံ့သြနေခဲ့သည်။
သေခြင်းအတတ်ပညာကို ဂြိုလ်ဆိုးတမန်တော်၏အဓိကကိုယ်ပွားက အသုံးပြုခြင်းမဟုတ်၍ စွမ်းအားကျဆင်းသွားခဲ့သော်လည်း ခိုင်ရင်း၏လုပ်ရပ်သည်မယုံကြည်ဖွယ် ကောင်းလှပေသည်။
ဂြိုလ်ဆိုးတမန်တော်သည် အံ့အားသင့်နေသောအချိန်တွင် ခိုင်ရင်းသည် သူ၏ကြီးမားသောလက်သီးများကို ရှေ့သို့ပစ်လွှတ်လိုက်သည်။ သူ၏ပစ်မှတ်မှာ ဂြိုလ်ဆိုးတမန်တော်၏မျက်လုံးများပင်ဖြစ်သည်။
"ဘန်း..."
ကျယ်လောင်သောအသံနှင့်အတူ ဂြိုလ်ဆိုးတမန်တော်၏ခန္ဓာကိုယ်သည် ထုံကျင်ကိုက်ခဲသွားခဲ့သည်။
ရှက်ရွှံမှုနှင့်ဒေါသဖြစ်မှုတို့ကြောင့် ဂြိုလ်ဆိုးတမန်တော်သည် သေခြင်းအတတ်ပညာကို တဖန်အသုံးပြုခဲ့သည်။ ကံမကောင်းစွာဖြင့် သူနှင့်ခိုင်ရင်းအကြား အကွာအဝေးအလွန်နီးကပ်နေ၍ ခိုင်ရင်းကိုတိုက်ခိုက်ရန် နည်းလမ်းမရှိခဲ့ပေ။ ထို့နောက်တွင် ခိုင်ရင်းသည် ဂြိုလ်ဆိုးတမန်တော်အား လက်ဗလာဖြင့်ကြမ်းတမ်းစွာတိုက်ခိုက်ခဲ့သည်။ ရံဖန်ရံခါတွင် ခိုင်ရင်းသည် ဂြိုလ်ဆိုးတမန်တော်၏ရင်ဘတ်ကို သံတူဖြင့်ထုနှက်ခဲ့သည်။
"ဘန်း...ဒိုင်း...ဒိုင်း"
ခိုင်ရင်းသည် ဂြိုလ်ဆိုးတမန်တော်အား ၃ကြိမ်ဆက်တိုက်ထုနှက်ခဲ့သည်။
ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်အားပိုင်ဆိုင်သည့် ဂြိုလ်ဆိုးတမန်တော်သည်ပင် ဤထုနှက်မှုအားတောင့်မခံနိုင်ခဲ့ပေ။ ယခုလည်း ခိုင်ရင်း၏အကြိမ်ကြိမ်တိုက်ခိုက်ခံရအပြီးတွင် သူ၏ရင်ဘတ်ပေါ်၌ ကြီးမားသောအပေါက်တစ်ခုဖြစ်ပေါ်လာပြီး ပါးစပ်ထောင့်မှနေ၍ သွေးများယိုစီးလာခဲ့သည်။
"သေစမ်း...သေစမ်း...သေစမ်း...မင်းတို့အားလုံးသေရမယ်...အဆုံးသတ်နေ့..."
ဂြိုလ်ဆိုးတမန်တော်သည် ဤမျှကြီးမားသည့်အရှက်ရမှုကို မည်သည့်အခါကမှ ခံစားဖူးခြင်းမရှိပေ။ သူသည်အလွန်ဒေါသထွက်နေသောကြောင့် သူ၏အဆုံးစွန်ဆုံးသောကျွမ်းကျင်မှုအား အသုံးပြုရန် တုံ့ဆိုင်းမနေခဲ့ပေ။
ကောင်းကင်မှကျဆင်းလာသည့် တောက်လောင်နေသောဥက္ကာပျံများကိုကြည့်ရင်း ခိုင်ရင်းသည် အနည်းငယ်တောင်ကြောက်စိတ်မဖြစ်မိပေ။ သူသည် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူ၏ပြင်းထန်သောစွမ်းအားများကို ထုတ်လွှတ်လိုက်ရာ မြေပြင်သည်တုန်ခါသွားခဲ့ရသည်။
"ကောင်းတယ်ဟေ့..."
ရှောင်ယုသည် လက်ခုပ်တီးရုံမှတပါး အခြားမတတ်နိုင်တော့ပေ။ ဤကောင်သည် ပေါက်ကွဲခြင်းကို အမှန်တကယ်အသုံးပြုနေခြင်းဖြစ်သည်။ရှောင်ယုသည် ခိုင်ရင်းထံမှပေါက်ကွဲထွက်လာသည့် အားကောင်းသည့်အော်ရာကို သဘောကျနေခဲ့သည်။
ကြွေကျလာသော ဥက္ကာပျံများကိုမြင်လိုက်ချိန်တွင် တံစဉ်ကိုင်စစ်သည်နှင့်လူအိုကြီးတာအိုတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ ဂြိုလ်ဆိုးတမန်တော်၏ဘေး၍ထိုင်ချလိုက်ကြသည်။
ကောင်းလိုက်တဲ့လှုပ်ရှားမှု...
ဂြိုလ်ဆိုးတမန်တော်ရဲ့ခန္ဓာကိုယ်ကို အကာအကွယ်အဖြစ်အသုံးချလိုက်ကြတာပဲ
"ကောင်းလိုက်တဲ့အကွက်"
ရှောင်ယုသည်သာမက လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့ကလည်း စိတ်မထိန်းနိုင်တော့ဘဲ ချီးကျူးမိလိုက်ကြသည်။ ထိုလူနှစ်ယောက်၏ တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝမှုနှင့် အခြေအနေကိုကြည့်၍ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းသည် စိုးရိမ်ဖွယ်အဆင့်တစ်ခုထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူ၏နောက်တွင်ပုန်းအောင်းနေသော လူနှစ်ယောက်ကိုကြည့်ပြီး ဂြိုလ်ဆိုးတမန်တော်သည် သူတို့အားအတင်းမောင်းထုတ်နိုင်ရန်အတွက် ရှေ့သို့ပြေးဝင်သွားခဲ့သည်။
ကံမကောင်းစွာဖြင့် သူသည်ပေါက်ကွဲစွမ်းအားကိုပိုင်ဆိုင်ထားသော ခိုင်ရင်းကိုမေ့လျောသွားခဲ့သည်။ တိုက်ပွဲ၌ အကြောက်ရဆုံးသောရန်သူမှာ မိမိ၏စိတ်ကိုအသုံးချတတ်သူများဖြစ်ကြသည်။ ခိုင်ရင်းသည် သူရရှိလာသည့်အခွင့်အရေးအား အမိအရဖမ်းဆုပ်ကာ ဂြိုလ်ဆိုးတမန်တော်၏မျက်နှာကို ရိုက်ပုတ်လိုက်ပြီး မြေပေါ်လဲကျစေခဲ့သည်။
သို့သော်လည်း ခိုင်ရင်းသည် ဂြိုလ်ဆိုးတမန်တော်၏အနား၌ ပုန်းအောင်းနေခဲ့သော အခြားလူနှစ်ယောက်ကိုမေ့လျောသွားခဲ့သည်။ သူသည် ဒေါသတကြီးဖြစ်နေသော ထိုလူနှစ်ယောက်ကိုကြည့်ကာ ရှက်ရွံ့စွာပြုံးလိုက်မိသည်။ သူ၏လုပ်ရပ်ကြောင့် ထိုလူနှစ်ယောက်သည် ဥက္ကာပျံများ၏ရိုက်ခတ်မှုကိုကာကွယ်ရန် နေရာမရှိတော့ပေ။
ခိုင်ရင်းသည် ဂြိုလ်ဆိုးတမန်တော်အား သူ၏ခြေထောက်အောက်၌နင်းခြေထားကာ လုံးဝထွက်ပြေးခွင့်မပြုပေ။
နင်းခြေခံထားရသည့် ဂြိုလ်ဆိုးတမန်တော်သည် ခိုင်ရင်း၏တိုက်ခိုက်မှုအား တားဆီးရန်အတွက် သူ၏လက်များကိုဆန့်ထုတ်လိုက်သည်။ ထို့နောက်တွင် သူသည်ခိုင်ရင်းဆီမှနေ၍ လှိမ့်ထွက်ကာ ထွက်ပြေးလာနိုင်ခဲ့သော်လည်း သူ၏ဒဏ်ရာများကြောင့် အဆုံးသတ်နေ့ကိုဆက်လက်ထုတ်ဖော်ရန် နည်းလမ်းမရှိတော့ပေ။
ယခုတစ်ကြိမ်တွင် ဂြိုလ်ဆိုးတမန်တော်သည် ပိုမိုဆိုးဝါးသောအခြေအနေသို့ ကျရောက်ခဲ့သည်။
လူအိုကြီးတာအိုနှင့်တံစဉ်ကိုင်စစ်သည်တို့သည် ဂြိုလ်ဆိုးတမန်တော်ထံ ပြေးဝင်သွားပြီး ချက်ချင်းတိုက်ခိုက်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် အန္တာရယ်များလှသောတိုက်ခိုက်မှုအား ဖန်တီးရန်အတွက် ကြိုးပမ်းသည့်အနေဖြင့် ဓားနှင့်တံစဉ်တို့အား ဂြိုလ်ဆိုးတမန်တော်၏ လည်ပင်းသို့ဦးတည်လိုက်ကြသည်။
နောက်ဆုံးတွင် ဂြိုလ်ဆိုးတမန်တော်၏မျက်လုံးများ၌ ကြောက်ရွံ့မှုများ စတင်ဖြစ်တည်လာခဲ့သည်။
သူ့ထံသို့လျင်မြန်စွာနီးကပ်လာသော တံစဉ်နှင့်ဓားရှည်ကိုကြည့်ရင်း ဂြိုလ်ဆိုးတမန်တော်၏ခန္ဓာကိုယ်သည် တဖန်လှုပ်ခါသွားခဲ့သည်။ ထို့နောက် အချိန်မှီမတ်တပ်ထရပ်လိုက်ကာ တိုက်ခိုက်မှုအားရှောင်တိမ်းလိုက်သည်။
အန္တာရယ်...အန္တာရယ်များတယ်...
"အိုး...ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်...မင်းတို့ကငါ့ကိုဒီလိုဆက်ဆံရဲတယ်ပေါ့...မင်းတို့တော်တော်သတ္တိကောင်းတာပဲ"
ဂြိုလ်ဆိုးတမန်တော်၏မျက်နှာသည် အုံ့မှိုင်းနေပြီး ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ သူ့ထံတွင် ထိုလူများအားသတ်ဖြတ်ရန် နည်းလမ်းတစ်ခုရှိနေခဲ့ပါက ချက်ချင်းအကောင်အထည်ဖော်ရန် နည်းနည်းလေးမှတွန့်ဆုတ်နေမည်မဟုတ်ပေ။
"အဆုံးစွန်လောင်ကျွမ်းကမ္ဘာ"
ဂြိုလ်ဆိုးတမန်တော်သည် အေးစက်သောလေသံဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ဟိန်းဟောက်သံနှင့်အတူ မြေပြင်၏အပူချိန်သည် တဖန်မြင့်တက်လာခဲ့သည်။
"ဘာ...အဆုံးစွန်လောင်ကျွမ်းကမ္ဘာ"
ရှောင်ယုသည် ထိုမြင်ကွင်းကြောင့် ပို၍ပင်အံ့အားသင့်သွားခဲ့သည်။ ဤဂြိုလ်ဆိုးတမန်တော်သည် လောင်ကျွမ်းကမ္ဘာကို ပိုမိုမြင့်မားသောအဆင့်သို့ မြင့်တင်ရန်မမျှော်လင့်ထားပေ။ထိုအစွမ်းသည် အမှန်တကယ်ပင်ကြောက်စရာကောင်းလှပေသည်။ရှောင်ယုသည် ဤအကွာအဝေးမှနေ၍ အပူဒဏ်ကိုခံစားနိုင်ခဲ့သည်။
"ခိုင်ရင်း...မင်းလုပ်နိုင်တယ်...ပေါက်ကွဲခြင်းအစွမ်းကိုသုံး"
ရှောင်ယုသည် သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်သည်။
ခိုင်ရင်းသည် နှာတစ်ချက်မှုတ်လိုက်ကာ ဂြိုလ်ဆိုးတမန်တော်ထံသို့ ခုန်ဝင်သွားခဲ့သည်။ ထို့နောက် ပေါက်ကွဲခြင်းစွမ်းအားကိုအသုံးပြုကာ ဂြိုလ်ဆိုးတမန်တော်အား တိုက်ခိုက်လိုက်သည်။
ဂြိုလ်ဆိုးတမန်တော်ကလည်း ခိုင်ရင်း၏ကျွမ်းကျင်မှုအား ထိပ်တိုက်ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်ကာ လောင်ကျွမ်းကမ္ဘာအားကန့်သတ်ချက်ထိရောက်အောင် တွန်းပို့ပေးလိုက်သည်။
သူသည် ခိုင်ရင်းကိုတွန့်ဆုတ်စေရန်အတွက် အလွန်မြင့်မားသောအပူချိန်အား အသုံးပြုလိုပုံရသည်။ သို့သော်လည်း ခိုင်ရင်းကမူ အပူချိန်ကိုလျစ်လျူရှုကာ ဂြိုလ်ဆိုးတမန်တော်အား ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်။
ရှောင်ယု၏အဖွဲ့တွင် နတ်ဆိုး၏မှော်စွမ်းအင်ကိုစုပ်ယူနိုင်သော အီလီဒမ်ဟုခေါ်သည့် နတ်ဆိုးအမဲလိုက်သူတစ်ယောက် ရှိနေခဲ့သည်။
လူအိုကြီးတာအိုနှင့်တံစဉ်ကိုင်စစ်သည်တို့သည် ခိုင်ရင်း၏ဖိအားကိုဖြေလျော့ပေးရန် အခွင့်အရေးကိုစောင့်မျှော်နေခဲ့သည်။
ပဥ္စမအဆင့်မှော်ဆရာသည် အပူချိန်ကိုလျော့ချရန်အတွက် ရေခဲမှော်အစွမ်းကို ထုတ်ဖော်ခဲ့သည်။ သို့သော်လည်း သူ၏ကောင်းမွန်သောရည်ရွယ်ချက်သည် ရုတ်တရက်အပြောင်းအလဲကြောင့် လူအိုကြီးတာအိုနှင့်တံစဉ်ကိုင်စစ်သည်တို့ကိုပါ ဒုက္ခရောက်စေကြောင်း သူမသိခဲ့ပေ။
"မင်းက ဂြိုလ်ဆိုးတမန်တော်ကို အေးခဲချင်တယ်ဆိုရင်ပြသနာမရှိဘူး...ဒါပေမဲ့မင်းက ငါတို့ကိုအေးခဲသေအောင်လုပ်ချင်နေတာလား"
နောက်ဆုံးတွင် တံစဉ်ကိုင်စစ်သည်တော်သည် စိတ်မထိန်းနိုင်တော့ဘဲ ပဥ္စမအဆင့်မှော်ဆရာကို လှမ်းအော်လိုက်သည်။
ပဥ္စမအဆင့်မှော်ဆရာသည် တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးနောက် သူတို့နှစ်ယောက်၏အခြေအနေကို ချက်ချင်းနားလည်လိုက်သည်။ ထို့နောက် သူသည်ရှက်ကိုးရှက်ကန်းဖြစ်ကာ မျက်နှာနီရဲလာခဲ့ပြီး ဂြိုလ်ဆိုးတမန်တော်အား ဦးတည်တိုက်ခိုက်ရန် သူ၏မှော်အစွမ်းကိုပြောင်းလဲလိုက်သည်။
အခန်း ၃၉၆ - ပျက်စီးသွားသည့်ခန္ဓာကိုယ်
ဂြိုလ်ဆိုးတမန်တော်သည် သူ၏လက်ရှိအခြေအနေနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းနားလည်ထားသည်။
အကယ်၍သူသာ ဤလူများအားဖယ်ရှားနိုင်မယ့်နည်းလမ်းကို အလျင်အမြန် မရှာဖွေနိုင်ပါက သူ၏အဆုံးသတ်သည် လျင်မြန်စွာရောက်ရှိလာမည်ဖြစ်သည်။
မူလက သူသည်လူတိုင်းကိုအဆုံးသတ်ပေးသည့် ဂြိုလ်ဆိုးတမန်တော်ဖြစ်သော်လည်း ယခုအခါသူ၏အဆုံးသတ်ကရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤအရာသည် အမှန်ပင်ရယ်စရာကောင်းလှပေသည်။ အကယ်၍ ဤအဖြစ်အပျက်သာပျံ့နှံ့သွားပါက လူတိုင်းသည် ဂြိုလ်ဆိုးတမန်တော်အား ပျက်ရည်ပြုကြမည်ဖြစ်သည်။
စိတ်ဓာတ်ကျနေသည့် ဂြိုလ်ဆိုးတမန်တော်သည် ခေါင်းကိုလှည့်ကာ သူ၏ပင်မခန္ဓာကိုယ်ကိုတစ်ချက်ကြည့်လိုက်သည်။ ယခုအချိန်၌ ပင်မကိုယ်ထည်၏အခြေအနေသည် သူ့ထက်အနည်းငယ်ပိုကောင်းနေသေးသည်။
ဂြိုလ်ဆိုးတမန်တော်သည် သူ၏နှလုံးသားထဲ၌ တိတ်တဆိတ်သက်ပြင်းချမိလိုက်သည်။ သူ့အားဆင့်ခေါ်ထားသည့် နတ်ဆိုးမှော်ဆရာသည် သူတို့်အားထွက်ခွာရန်ခွင့်မပြုဘဲ သေဆုံးသည်ထိတိုင်အောင် တိုက်ခိုက်စေလိုခဲ့သည်။
ဂြိုလ်ဆိုးတမန်တော်သည် သူ၏အတွေးများကို ရှင်းလင်းလိုက်ပြီးနောက်တွင် သူ၏စိတ်အခြေအနေအား ပြန်လည်တည်ငြိမ်စေလိုက်သော်လည်း သူ၏မျက်လုံးများ၌ မုန်းတီးမှုများနှင့်မလိုလားအပ်သော အရိပ်အယောင်များကို ပြသနေဆဲဖြစ်သည်။
"လာစမ်းပါ...မင်းကငါ့လက်ထဲသေရမယ့် နောက်ထပ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာလိမ့်မယ်...ငါအထွတ်အထိပ်ကိုရောက်ရှိဖို့အတွက် မင်းကခြေနင်းကျောက်ဖြစ်လာရမယ်"
ခိုင်ရင်းသည် ရုတ်တရက်အော်ဟစ်လိုက်ချိန်တွင် လူတိုင်းကိုအံ့အားသင့်သွားစေခဲ့သည်။ သို့သော် ရှောင်ယုကမူ ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး သွေးထွက်သံယိုဖြစ်တော့မည်ဟု တွေးမိလိုက်သည်။
"သတ်ကြ..."
ဂြိုလ်ဆိုးတမန်တော်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် သူ၏လက်မောင်းကြွက်သားများသည် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ခိုင်ရင်းသည်လည်း အလားတူပင်ဖြစ်သည်။ တိုက်တန်နွားသိုး၏အသွင်ပြောင်းစွမ်းအားသည် အပြည့်အဝထွက်ပေါ်လာကာ ပြင်းထန်စွာထိတိုက်မိသံများ ထွက်ပေါ်လာခဲ့သည်။
ဘန်း...
ထိုအရာသည် ထရပ်ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိသကဲ့သို့ ယာဉ်တိုက်မှုဖြစ်စဉ်က သူတို့နားထဲတိုးဝင်လာသကဲ့သို့ ဖြစ်ခဲ့သည်။
နှစ်ဘက်တိုက်မိခြင်းကြောင့် သူတို့၏ခြေထောက်အောက်၌ရှိသော ဖုန်မှုန့်များသည် လှိုင်းလုံးကြီးများသဖွယ်လွှင့်ထွက်လာခဲ့သည်။ အဝေး၌ရှိနေသူများသည် ဖုန်မှုန့်လှိုင်းကြောင့် သူတို့နှစ်ဦး၏တိုက်ပွဲအား မမြင်တွေ့နိုင်တော့ပေ။
သူတို့သည် တိုက်ပွဲကိုမမြင်တွေ့နိုင်သော်လည်း အချင်းချင်းတိုက်မိသံကို ကြားနေရဆဲဖြစ်သည်။
အတွင်းထဲ၌ တိုက်ပွဲသည်သဘာဝကျစွာဖြင့် ပြင်းထန်စွာဖြစ်ပွားနေခဲ့သည်။ မကြာမှီ ဖုန်မှုန့်များကပြန်လည်လွှင့်စင်သွားကာ ဧရာမရုပ်ပုံနှစ်ခုက တဖန်ထွက်ပေါ်လာခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် ဒဏ်ရာအမျိုးမျိုးရရှိထားကြသည်။
ရှောင်ယုသည် သူ၏သူရဲကောင်းများအတွက် အစိုးရိမ်ဆုံးဖြစ်သည်။ ဤအရာသည် ဟာသတစ်ခုမဟုတ်ပေ။ ခိုင်ရင်းကဲ့သို့ အစွမ်းထက်သူရဲကောင်းတစ်ယောက်ကို ပြုစုပျိုးထောင်ရန်အလွန်ခက်ခဲသော်လည်း ယခုမူရလဒ်ကိုမသိနိုင်သော သွေးထွက်သံယိုတိုက်ပွဲတစ်ခုအား ရင်ဆိုင်နေရပြီဖြစ်သည်။
သူသည် အခြားလူများအား ခိုင်ရင်းအားပံ့ပိုး၍ ကူညီတိုက်ခိုက်ရန် ချက်ချင်းအမိန့်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် မဟာမိတ်တပ်၏ကျွမ်းကျင်သူများကလည်း သူတို့၏တိုက်ခိုက်မှုအားတိုးမြင့်ကာ ဂြိုလ်ဆိုးတမန်တော်များကို တတ်နိုင်သလောက်မြန်မြန်တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။
လူများစွာမှပူးပေါင်းတိုက်လာချိန်တွင် သူတို့၏ခွန်အားနှင့်အစွမ်းတို့သည် အကန့်အသတ်မရှိတော့ပေ။ တစ်ချိန်တည်းတွင် လူအိုကြီးတာအိုနှင့်တံစဉ်ကိုင်စစ်သည်တို့ကလည်း အထွတ်အထိပ်သို့ရောက်ရှိလာခဲ့သည်။ ထို့ပြင် ရေခဲစွမ်းအားအထူးပြု ပဥ္စမအဆင့်မှော်ဆရာကလည်း ဂြိုလ်ဆိုးတမန်တော်အားဆက်တိုက်နှောင့်ယှက်နေခဲ့သည်။
ခိုင်ရင်းသည် နောက်သို့အမောတကောဆုတ်ခွာသွားခဲ့ကာ သူတို့၃ယောက်အား ဂြိုလ်ဆိုးတမန်တော်နှင့်ရင်ဆိုင်ခိုင်းလိုက်သည်။ သူ၏လက်ရှိတာဝန်မှာ ဒဏ်ရာများကိုကုသရန်အတွက် အနာကျက်ဆေးကိုအသုံးပြုရန်ဖြစ်သည်။ ရှောင်ယု၏အဆိုအရ မည်သို့ပင်အခြေအနေဆိုးရွားပါစေ အသက်မဆုံးရှုံးရန် ဂရုစိုက်ရမည်ဖြစ်သည်။
ခိုင်ရင်းသည် အမှန်ပင်အစွမ်းထက်လှသည်ကို လူတိုင်းတွေ့မြင်နိုင်ပေသည်။ ထိုသို့မဟုတ်ပါက ဂြိုလ်ဆိုးတမန်တော်၏ အခြေအနေသည် ဤမျှဆိုးရွားနေမည်မဟုတ်ပေ။ သူတို့နှစ်ယောက်လုံးသည် အစွမ်းထက်ကြသော်လည်း ခိုင်ရင်းသည်လူတိုင်းထက်ပို၍ ဒဏ်ရာများစွာရရှိထားခဲ့သည်။ ခိုင်ရင်းသည် ပဥ္စမအဆင့်သို့ရောက်ရှိနေခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်ကြောင်း မေ့မထားသင့်ပေ။
ဂြိုလ်ဆိုးတမန်တော်သည်ကား ဆဌမအဆင့်တည်ရှိမှုတစ်ခုဖြစ်သည်။ ထိုအရာသည် ကိုယ်ပွားတစ်ယောက်ဖြစ်သော်လည်း ၎င်းကိုဖြေရှင်းရန်မလွယ်ကူပေ။
အဆုံးသတ်တွင် ဆဌမအဆင့်နှင့် ပဥ္စမအဆင့်ကြားကွာဟချက်ကို အရေအတွက်ဖြင့်ဖြည့်ဆည်း၍မရနိုင်ပေ။ အကယ်၍ ခိုင်ရင်းနှင့်အခြားသူရဲကောင်းများသည် အလွန်အစွမ်းထက်သည့်ကျွမ်းကျင်သူများမဟုတ်ပါက တိုက်ပွဲသည်အစောကြီးတကည်းက ပြီးဆုံးသွားပြီးဖြစ်သည်။
ထိုအချိန်၌ ကျယ်လောင်သောပေါက်ကွဲသံများ တဖန်ပြန်လည်ထွက်ပေါ်လာခဲ့ကာ လူအိုကြီးတာအိုနှင့်တံစဉ်ကိုင်စစ်သည်တော်တို့တိုက်ခိုက်နေသော ဂြိုလ်ဆိုးတမန်တော်ထံသို့ ဧရာမရေခဲဆူးချွန်ကြီးတစ်ခု တိုးဝင်လာခဲ့သည်။
ပဥ္စမအဆင့်မှော်ဆရာမှ ထုတ်လွှတ်လိုက်သောရေခဲဆူးချွန်သည် သာမန်အရာတစ်ခုမဟုတ်ပေ။ ၎င်း၏ကြီးမားသောအရွယ်အစားကပင် ၎င်း၏စွမ်းအားကိုသက်သေပြနိုင်ပေသည်။
ဂြိုလ်ဆိုးတမန်တော်သည် ရေခဲဆူးချွန်အား ယခင်ကတည်းကသတိထားမိခဲ့ပြီးဖြစ်သလို ၎င်းကိုဖြေရှင်းရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ဂြိုလ်ဆိုးတမန်တော်သည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပြီး ရေခဲဆူးချွန်လာရာသို့ မီးဘောလုံးအားပစ်လွှတ်လိုက်သည်။ ထိုမီးတောက်များကြောင့် ပတ်ဝန်းကျင်အပူချိန်က တဖန်ပြန်လည်၍မြင့်တက်လာခဲ့သည်။
ပူတယ်...အရမ်းပူတယ်
သူ၏တိုက်ခိုက်မှုသည် ထိရောက်မှုရှိကြောင်း သူခံစားမိ၍ ဂြိုလ်ဆိုးတမန်တော်သည် ပျော်ရွှင်သွားခဲ့သော်လည်း သူ၏မျက်နှာပေါ်၌ ပင်ပန်းနေသောအမူအရာများ စတင်ဖြစ်ပေါ်လာခဲ့သည်။ မည်သို့ပင်ဆိုစေ သူသည်အချိန်အတော်ကြာအောင် တိုက်ပွဲဝင်နေခဲ့ပြီဖြစ်သည်။
ဂြိုလ်ဆိုးတမန်တော်၏အလုံးစုံခွန်အားသည် အဆင့်တစ်ခုထိကျဆင်းသွားကြောင်း ခံစားမိလိုက်သောအချိန်တွင် ခိုင်ရင်း၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"သူ့ကိုမသတ်ကြနဲ့...ငါကိုယ်တိုင်သူ့ကိုသတ်မယ်"
ထိုအချိန်တွင် ကျယ်လောင်သောရိုက်ခတ်သံကိုကြားလိုက်ရ၍ ခိုင်ရင်းကရူးသွပ်စွာအော်ဟစ်လိုက်သည်။
ခိုင်ရင်းနှင့်တံစဉ်ကိုင်စစ်သည်တော်တို့သည် အပြန်အလှန်ပူးပေါင်းကာ ကူညီတိုက်ခိုက်ရင်း ဂြိုလ်ဆိုးတမန်တော်အပေါ်သို့ ဖိအားတိုးမြင့်လိုက်ကြသည်။
ဂြိုလ်ဆိုးတမန်တော်က သူ၏စွမ်းအားများသည် အဆင့်တစ်ခုထိကျဆင်းသွားကြောင်း သတိထားမိလိုက်သည်။ ထို့ပြင် လက်ကျန်စွမ်းအင်များကလည်း သူ့အားပြင်းထန်သောဒဏ်ရာများရရှိခြင်းမှ ကာကွယ်ပေးရန်သာထောက်ပံ့ပေးနိုင်တော့သည်။
တိုက်ပွဲရလဒ်အား ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။
ဂြိုလ်ဆိုးတမန်တော်သည် ဤတိုက်ပွဲ၌ အနိုင်ရရှိရန် အခွင့်အရေးမရှိတော့ပေ။ သူသည် အချိန်ဆွဲရန်အတွက် အတတ်နိုင်ဆုံးသူ့ဘက်မှနေ၍ တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ပေ။ထို့ပြင် သူသည်ပြိုင်ဘက်၏တိုက်ခိုက်မှုများအား အတတ်နိုင်ဆုံးရှောင်တိမ်းနေခဲ့သည်။ သူ၏အဓိကကိုယ်ပွားကသာ ထိုတိုက်ခိုက်မှုများကိုရှောင်တိမ်းနေနိုင်သရွေ့ သူသည်အနိုင်ရရှိသူဖြစ်လာမည်ဖြစ်သည်။
သို့သော်လည်း ခိုင်ရင်း၏တိုက်ခိုက်မှုများမှနေ၍ အမြဲလိုလိုရှောင်တိမ်းနေနိုင်မည်ဟု မျှော်လင့်မနေသင့်ပေ။
ခိုင်ရင်းသည် ခပ်တိုးတိုးလေးဟိန်းဟောက်လိုက်ကာ စစ်ပွဲခြေလှမ်းကိုအသက်သွင်းပြီး ဂြိုလ်ဆိုးတမန်တော်ထံသို့ ပြေးဝင်သွားခဲ့သည်။ ခိုင်ရင်း၏ဝင်တိုက်မှုကြောင့် ဂြိုလ်ဆိုးတမန်တော်သည် မူးဝေသွားခဲ့ပြီး ပြန်လည်သတိဝင်လာခြင်းမရှိချိန်တွင် မိုးကြိုးလက်ခုပ်အစွမ်းအား အသက်သွင်းထားပြီးဖြစ်သည်။
ဘန်း...
နောက်ထပ်တကြိမ် ခိုင်ရင်း၏အရှိန်ကိုအမှီပြု၍ လူအိုကြီးတာအိုနှင့်တံစဉ်ကိုင်စစ်သည်တော်တို့က သူတို့၏တိုက်ခိုက်မှုများကို တဖန်ပြန်လည်စတင်ခဲ့ကြသည်။
ခိုင်ရင်းသည် ဂြိုလ်ဆိုးတမန်တော်၏ရင်ဘတ်ကို ဦးတည်တိုက်ခိုက်ခဲ့ပြီး လူအိုကြီးတာအိုနှင့်တံစဉ်ကိုင်စစ်သည်တော်တို့က ခါးနဲ့ခေါင်းနေရာကို အသီးသီးတာဝန်ယူတိုက်ခိုက်ခဲ့ကြသည်။
တိုက်ခိုက်မှု၃ခုသည် လျှပ်စီးလက်သလိုအရှိန်နှုန်းဖြင့် ဆက်တိုက်ရောက်ရှိလာခဲ့ကာ ဂြိုလ်ဆိုးတမန်တော်အား လွတ်မြောက်နိုင်ရန် အခွင့်အရေးလုံးဝမပေးပေ။ ဂြိုလ်ဆိုးတမန်တော်သည် သူ၏လက်မောင်းကိုမြှောက်၍ တိုက်ခိုက်မှုများအား ခုခံရန်သာတတ်နိုင်ခဲ့သည်။
သို့သော်လည်း ဂြိုလ်ဆိုးတမန်တော်သည် ခိုင်ရင်း၏သတ်ဖြတ်လိုစိတ်အား လျော့တွက်မိနေဆဲဖြစ်သည်။ ခိုင်ရင်းသည် တစ်ခါတည်းတိုက်ခိုက်ခဲ့ခြင်းမဟုတ်ပေ။
ခိုင်ရင်း၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများသည် တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့ပြီး သူ၏တိုက်ခိုက်ရေးပုံစံကိုပင် ပြောင်းလဲခဲ့သည်။
ထိုအရာသည် ဂြိုလ်ဆိုးတမန်တော်မှ အိပ်မက်ပင်မမက်ခဲ့ဖူးသောအရာဖြစ်သည်။ သူ၏နားလည်မှုအရဆိုလျှင် ခိုင်ရင်းသည်အကောင်ကြီးပြီး ဦးနှောက်မရှိသူဖြစ်သည်။ သို့ဖြစ်ရာ ယခုလိုတိုက်ခိုက်မှုပုံစံမျိုးအား အသုံးပြုနိုင်မည်မဟုတ်ပေ။
ယခုတိုက်ခိုက်မှု၃ခုလုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး ထိုတိုက်ခိုက်မှုတိုင်းက သူ့အားကြီးကြီးမားမားထိခိုက် ဆုံးရှုံးစေမည်ဖြစ်သည်။
ငါဘယ်တိုက်ခိုက်မှုကို ကာကွယ်ရမှာလဲ...
ဂြိုလ်ဆိုးတမန်တော်သည် စဉ်းစားရန်ပင် အချိန်မလုံလောက်ခဲ့ပေ။ သူသည် တံစဉ်တိုက်ခိုက်မှုအား ရှောင်ရှားရန်အတွက် သူ၏လည်ပင်းကို ကွေးထားလိုက်သည်။
ဂြိုလ်ဆိုးတမန်တော်သည် ခိုင်ရင်း၏သေစေနိုင်လောက်သော တိုက်ခိုက်မှုအား တွန်းလှန်ရန်အတွက် သူ၏ညာဘက်လက်မောင်းကိုအသုံးပြုခဲ့ပြီး သူ၏ဘယ်ဘက်လက်ကမူ လူအိုကြီးတာအို၏ဓားရှည်ကိုကာကွယ်ရန် အလျင်အမြန်ပင့်မြှောက်ခဲ့သည်။ ဂြိုလ်ဆိုးတမန်တော်သည် သူ၏အသက်ကိုကယ်တင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
ဘန်း...ဘန်း...ဘန်း
တိုက်ခိုက်မှု၃ခုသည် တပြိုင်နက်တည်းဆိုသလို ကျရောက်လာခဲ့သည်။ တံစဉ်ကိုင်စစ်သည်တော်၏တိုက်ခိုက်မှုသည် ဂြိုလ်ဆိုးတမန်တော်၏ဆံပင်များကို ဖြတ်တောက်ခဲ့ပြီး ဂြိုလ်ဆိုးတမန်တော်၏မျက်နှာပေါ်၌ နက်ရှိင်းသောသွေးစီးကြောင်းများကို ချန်ရစ်ထားခဲ့သည်။
လူအိုကြီးတာအို၏တိုက်ခိုက်မှုကပင် ဂြိုလ်ဆိုးတမန်တော်၏လက်မောင်းကို နက်ရှိင်းစွာလှီးဖြတ်ခဲ့ပြီး ဂြိုလ်ဆိုးတမန်တော်၏ အနက်ရောင်အရိုးများကို ယခုအချိန်ထိတိုင်အောင် အတိုင်းသား မြင်တွေ့နေရမည်ဖြစ်သည်။
သို့သော်လည်း ထိုသို့သောဒဏ်ရာများသည် ဂြိုလ်ဆိုးတမန်တော်အတွက် အလွန်ဆိုးဝါးခြင်းမရှိပေ။ သူသည် ထိုကဲ့သို့ဒဏ်ရာများကို အလွယ်တကူပြန်လည်ကုသနိုင်ပေသည်။
ဂြိုလ်ဆိုးတမန်တော်အတွက် အပြင်းထန်ဆုံးသောဒဏ်ရာကို ခိုင်ရင်း၏တိုက်ခိုက်မှုမှ ရရှိလာခဲ့သည်။ ခိုင်ရင်း၏ပြင်းထန်သော တိုက်ခိုက်မှုသည် ဂြိုလ်ဆိုးတမန်တော်၏ညာဘက်လက်ကို ချိုးဖျက်ပစ်လိုက်သည်။
ထိုအချိန်တွင် လူတိုင်းသည် ခိုင်ရင်းနှင့်ဂြိုလ်ဆိုးတမန်တော်တို့အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။