← Chapters

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း ၃၉၇ - ရုတ်တရက်ပြောင်းလဲမှု

ဂြိုလ်ဆိုးတမန်တော်သည် ပြင်းထန်သောနာကျင်မှုကို တောင့်ခံကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အား တည်ငြိမ်စေလိုက်သည်။

ထို့နောက် ဂြိုလ်ဆိုးတမန်တော်သည် ခိုင်ရင်းနှင့်ပဥ္စမအဆင့်မှော်ဆရာတို့အား စိုက်ကြည့်လိုက်သည်။

"ဟူး..."

ဂြိုလ်ဆိုးတမန်တော်၏ အသက်ရှုသံသည် ပိုမိုကျယ်လောင်လာခဲ့ကာ လူတိုင်းလိုလိုပင်ကြားလာခဲ့ရသည်။

"သူ့ကိုကုစားဖို့ အချိန်အများကြီးမပေးနဲ့...သူ့ကိုအဆုံးသတ်လိုက်တော့"

ရှောင်ယုက ရုတ်တရက်အော်ဟစ်လိုက်သည်။

မင်းတို့ကောင်တွေက ဘာလို့အမြန်မတိုက်ကြသေးတာလဲ...တစ်ယောက်ယောက်က သူ့ကိုလာကယ်တဲ့အထိ စောင့်ချင်နေတာလား...

ရှောင်ယု၏အော်ဟစ်သံကို ကြားလိုက်ရချိန်တွင် ခိုင်ရင်းသည်ကျယ်လောင်စွာဟိန်းဟောက်၍ ဂြိုလ်ဆိုးတမန်တော်ထံသို့ ပြေးဝင်သွားခဲ့သည်။

ဂြိုလ်ဆိုးတမန်တော်၏အခြေအနေသည် အလွန်ပင်ဆိုးဝါးနေခဲ့သည်။ သူသည် ခိုင်ရင်း၏တိုက်ခိုက်မှုကိုခံရတိုင်း သူ၏ခန္ဓာကိုယ်အား တည်ငြိမ်စေရန် အချိန်အတော်ကြာအောင်ရုန်းကန်ရမည်ဖြစ်သည်။ လူတိုင်းက မကြာမှီတိုက်ပွဲအဆုံးသတ်တော့မည်ဟု တွေးမိလိုက်သော်လည်း ဂြိုလ်ဆိုးတမန်တော်က မတ်တပ်ရပ်နိုင်သေးသည်ကို သူတွေ့လိုက်ရသည်။

ဂြိုလ်ဆိုးတမန်တော်သည် တိုက်ခိုက်မှုများစွာကို တောင့်ခံခဲ့ရသော်လည်း ဆက်လက်ရပ်တည်နိုင်ဆဲဖြစ်သည်။

တစ်ခုခုတော့မှားနေပြီ...

အသတ်ခံရလုနီးပါးဖြစ်နေသော ဂြိုလ်ဆိုးတမန်တော်ကိုကြည့်ရင်း ပဥ္စအဆင့်ရေခဲမှော်ဆရာ၊လူအိုကြီးတာအိုနှင့် တံစဉ်ကိုင်စစ်သည်တော်တို့ကလည်း အရူးအမူးစတင်တိုက်ခိုက်လာခဲ့သည်။

ထိုအချိန်တွင် သာမန်တပ်သားများကလည်း စတင်တိုက်ခိုက်လာခဲ့သည်။ လက်ရှိအခြေအနေကိုကြည့်ရင်း ရှောင်ယုသည်လက်သီးကို ခပ်တင်းတင်းဆုပ်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲသာအောင်မြင်ခဲ့ပါက သူ၏သူရဲကောင်းများသည် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့၍ ကျော်ကြားမှုများစွာကိုရရှိမှာဖြစ်သည်။

ဤနေရာတွင်လူအချို့သည် သူ့ထက်ပင်ပို၍တက်ကြွနေကြောင်း ခိုင်ရင်းရှာဖွေတွေ့ရှိခဲ့သည်။ သူတို့သည် ကျော်ကြားမှုကိုရရှိရန်အတွက် အရေးကြီးသော အခိုက်အတန့်၌ရောက်ရှိလာကြသည်။

ခိုင်ရင်းသည် ဂြိုလ်ဆိုးတမန်တော်နှင့် အကွာအဝေးတစ်ခုခြားထားခဲ့ကာ တိုက်ခိုက်မှုများကို အမြဲထုတ်ဖော်နေခဲ့သည်။ ထို့နောက် သူသည် ဂြိုလ်ဆိုးတမန်တော်အား မတူညီသောကျွမ်းကျင်မှုအမျိုးမျိုးကို ထုတ်ဖော်ကာတိုက်ခိုက်နေခဲ့သည်။

ရှောင်ယုသည် ခိုင်ရင်းကိုကြည့်ရင်း ခေါင်းညိတ်မိလိုက်သည်။ ခိုင်ရင်းသည် တိုက်ပွဲများစွာဖြတ်ကျော်အပြီးတွင် ပိုမိုကောင်းမွန်သော တိုက်ပွဲပုံစံကို ရရှိလာခဲ့သည်။

အဆုံးသတ်တွင် တစ်နာရီကျော်ကြာပြီးနောက် ဂြိုလ်ဆိုးတမန်တော်သည် ဤကဲ့သို့ပြင်းထန်သောတိုက်ခိုက်မှုများအား ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ပေ။ သူသည် လေသံတိုးတိုးလေးဖြင့် အော်ဟစ်လိုက်ရင်း မြေပေါ်လဲကျသွားခဲ့သည်။

ခိုင်ရင်း၏မျက်နှာပေါ်၌ ကြီးမားသောအပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။ သူသည် ဂြိုလ်ဆိုးတမန်တော်၏လည်ပင်းကိုဦးတည်၍ တက်နင်းလိုက်သည်။

"ကောင်းတယ်ဟေ့...ခိုင်ရင်းက ဒီလိုလှည့်ကွက်ကိုဘယ်တုံးက သင်ယူခဲ့တာလဲ...အရမ်းကောင်းတယ်ဟားဟား"

ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ ဝမ်းသာအားရအော်ဟစ်လိုက်သည်။ အဆုံးသတ်တွင်ခိုင်ရင်းသည် ယခုလိုတိုက်ခိုက်တတ်လာပြီဖြစ်သော်လည်း သူသည်အဘယ်ကြောင့်ဤတိုက်ခိုက်မှုနှင့် ရင်းနှီးနေရသနည်း။

ခဏလောက်စဉ်းစားအပြီးတွင် အဘယ်ကြောင့်ဤတိုက်ခိုက်မှုသည် သူနှင့်အလွန်ရင်းနှီးနေသည်ကို ရှောင်ယုသတိရလာခဲ့သည်။ ခိုင်ရင်းသည် သူရဲကောင်းဆန်စွာခုန်လွှားခြင်းအစွမ်းကို သင်ယူရာ၌ တိုးတက်မှုအချို့ကိုရရှိလာခဲ့ပြီဖြစ်သည်။

ရှောင်ယုသည် ထိုအကြောင်းကိုသဘောပေါက်သွားချိန်တွင် အလွန်ပျော်ရွှင်သွားခဲ့သည်။ ဤနေရာတွင် လူများရှိနေ၍မဟုတ်ပါက သူခုန်ပေါက်နေပြီဖြစ်သည်။

မြေပေါ်လဲကျနေသော ဂြိုလ်ဆိုးတမန်တော်သည် သူ့ထံချည်းကပ်လာနေသော ပုံရိပ်ကိုကြည့်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။ ထိုအချိန်တွင်သူသည် အမှန်တကယ်သေဆုံးတော့မည်ဖြစ်ကြောင်း သူနားလည်လိုက်သည်။

ထိုအချိန်တွင် ခိုင်ရင်း၏ခြေထောက်က ဂြိုလ်ဆိုးတမန်တော်၏လည်ပင်းဆီသို့ ကျရောက်လာခဲ့သည်။

ဘန်း...

ခိုင်ရင်း၏ သူရဲကောင်းဆန်စွာခုန်လွှားခြင်းကြောင့် မြေပြင်သည်ပင်တုန်ခါသွားခဲ့ရပြီး ဂြိုလ်ဆိုးတမန်တော်၏လည်ပင်းအရိုးကျိုးသံကို လူတိုင်းကြားလိုက်ရသည်။

ထို့နောက်ခိုင်ရင်းသည် ဂြိုလ်ဆိုးတမန်တော်ထံမှ ဆုတ်ခွာလာခဲ့ပြီး သူ၏လက်များကိုလေပေါ်သို့မြှောက်ပေးကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။

"ဟားဟား...ကောင်းတယ်...ကောင်းတယ်"

ရှောင်ယုက ချီးကျူးလိုက်သည်။

ဂြိုလ်ဆိုးတမန်တော်ကို သတ်ဖြတ်ခြင်းမှရရှိလာသော အတွေ့အကြုံမှတ်များသည် အလွန်မြင့်မားပေသည်။ ဂေါ်လောခ့်ခေါင်းဆောင်ကိုသတ်ဖြတ်စဉ်က အတွေ့အကြုံမှတ်များကို ခွဲဝေရယူသူများစွာရှိသော်လည်း ယခုအခါခိုင်ရင်းတစ်ယောက်တည်းက အတွေ့အကြုံမှတ်များစွာကိုရရှိခဲ့သည်။

အရေးအကြီးဆုံးအချက်မှာ ခိုင်ရင်းသည် ဤတိုက်ပွဲတွင် ဂရင်း၏တိုက်ခိုက်မှုပုံစံနှင့်ကျွမ်းကျင်မှုတစ်ခုအား နားလည်သဘောပေါက်သွားခြင်းဖြစ်သည်။ ဤအရာသည် ကောင်းမွန်သောအစပြုမှုတစ်ခုဖြစ်ပေသည်။

ထိုအချိန်တွင် ရှောင်ယု၏ပါးစပ်ထောင့်စွန်းသည် အပေါ်သို့အနည်းသယ်ကော့တက်သွားခဲ့သည်။

"ကောင်းတယ်...ကောင်းတယ်...ခိုင်ရင်းခဏလောက်နောက်ဆုတ်ပြီးတော့ ကောင်းကောင်းအနားယူလိုက်"

ရှောင်ယုသည် အခြားမည်သူ့ကိုမှဂရုမစိုက်တော့ဘဲ ခိုင်ရင်းကိုလက်ဝှေ့ယမ်းပြ၍ အော်ဟစ်လိုက်သည်။

ခိုင်ရင်းသည် သူ၏ခေါင်းကိုပွတ်လိုက်ပြီး အခြားမပြီးပြတ်သေးသောတိုက်ပွဲနှစ်ခုအား လှမ်းကြည့်လိုက်သည်။

သို့သော် သူသည် ရှောင်ယု၏အမိန့်ကိုနာခံနေဆဲဖြစ်ကာ ရှောင်ယုဘက်သို့ ပြန်လာခဲ့ပြီး အနားယူရန်အတွက်မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။

ဂြိုလ်ဆိုးတမန်တော်၏ ပင်မကိုယ်ပွားအားတိုက်ခိုက်နေသူများမှာ အသေအပျောက်လုံးဝမရှိသေးပေ။ သူတို့သည် တိုက်ပွဲအားမြန်မြန်အဆုံးသတ်ရန် နည်းလမ်းမရှိပေ။ အဆုံးသတ်တွင် နဂါးလေးသည်အနားယူရန် ပြန်ရောက်လာခဲ့သည်။

နဂါးလေးသည် ခိုင်ရင်း၏အနားသို့ရောက်လာပြီး သူ၏နံဘေး၌ထိုင်ချလိုက်သည်။ ထိုအချိန်တွင် နဂါးလေး၏ပါးစပ်ထောင့်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးအား လူတိုင်းတွေ့မြင်နိုင်ပေသည်။

ဂြိုလ်ဆိုးတမန်တော်၏ ကိုယ်ပွားတစ်ခုသေဆုံးသွားပြီးနောက်တွင် ဂြိုလ်ဆိုးတမန်တော်၏အဓိကကိုယ်ပွားသည် အလွန်ပင်အမူအရာပျက်ယွင်းသွားခဲ့သည်။ လက်ရှိအခြေအနေသည် အလွန်ပင်ဆိုးရွားနေပြီး သူသေဆုံးရန်အတွက် အချိန်တစ်ခုသာလိုအပ်ပေသည်။

ဆန့်ကျင်ဘက်အားဖြင့် ရှောင်ယုနှင့်အခြားသူများသည် အခြေအနေကောင်းမွန်နေခဲ့သည်။ ထို့ပြင် နောက်ဆုံးသော ဂြိုလ်ဆိုးတမန်တော်၏ကိုယ်ပွားတစ်ခုကလည်း သိသိသာသာကိုအခြေအနေဆိုးဝါးနေခဲ့သည်။ အဆုံးသတ်တွင် ထိုကိုယ်ပွားသည် ရီလာ၏သွေးခြင်္သေ့နှင့် အလွန်ပင်အရှက်ကင်းမဲ့လှသည့် ဒိုင်းနှင့်ဓားကိုင်စစ်သည်တော်အား ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဒိုင်းနှင့်ဓားကိုင်စစ်သည်တော်သည် သူ၏ပန်းတိုင်ကိုရောက်ရှိရန် အရာအားလုံးကိုလုပ်ဆောင်နေခဲ့သည်။ သူသာ အခွင့်အရေးရရှိလာပါက ညစ်ညစ်ပတ်ပတ်တိုက်ခိုက်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ သူသည် ဂြိုလ်ဆိုးတမန်တော်၏စအိုနှင့်ညီငယ်လေးတို့အား အကြိမ်ပေါင်းများစွာတိုက်ခိုက်နေခဲ့သည်။

ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်ပြီး နှလုံးခုန်သံများမြန်ဆန်လာခဲ့သည်။ ထိုလူကြီးသည် အမှန်တကယ်ပင် ခံနိုင်ရည်အားကောင်းလှကြောင်း ရှောင်ယုသတိထားမိပေသည်။ သူသာ ထိုလူကြီးနေရာ၌ဆိုပါက တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

သူ၏အပေါင်းအသင်းတစ်ယောက် သတ်ဖြတ်ခံလိုက်ရ၍ ဂြိုလ်ဆိုးတမန်တော်၏ကိုယ်ပွားသည် လွန်စွာဝမ်းနည်းသွားခဲ့သည်။ ထို့နောက် စိတ်ပျက်အားငယ်နေသည့်လေသံဖြင့် ဂြိုလ်ဆိုးတမန်တော်၏အဓိကိုယ်ပွားအားကြည့်ကာ ကျိန်ဆိုလိုက်သည်။

"အစ်ကိုကြီး ငါဆက်တောင့်မခံနိုင်တော့ဘူး...ငါ့အတွက်လက်စားချေပေး"

ဘာ...

ရှောင်ယု၏နှလုံးသားသည် တင်းကျပ်လာခဲ့သည်။ ဤကောင်ပြောသည့်စကား၌ အမှားအယွင်းရှိနေခဲ့သည်။မင်းကဘာလို့ လက်စားချေခိုင်းနေရတာလဲ...ဒီမှာဘာတွေဖြစ်နေတာလဲ...

ဂြိုလ်ဆိုးတမန်တော်၏ ကိုယ်ပွားသည် ကြေကွဲဖွယ်အော်သံအပြီးတွင် ဂြိုလ်ဆိုးတမန်တော်၏ အဓိကကိုယ်ပွားသည် တစ်စုံတစ်ခုအားတွေးတောနေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"မြန်မြန်သူ့ကိုသတ်ကြ..."

နီကိုးလပ်စ်က ပထမဆုံးအော်ဟစ်သတိပေးလိုက်သည်။ သူ၏ဉာဏ်ရည်ဉာဏ်သွေးအရဆိုလျှင် ကိုယ်ပွားဖြစ်သူအော်ဟစ်လိုက်သောစကား၏နောက်ကွယ်၌ ဖုံးကွယ်ထားသောတစ်စုံတစ်ခုရှိနေသည်ကို သတိမပြုမိရန်မဖြစ်နိုင်ပေ။

သို့သော်လည်း နီကိုးလပ်စ်၏စကားများက ဂြိုလ်ဆိုးတမန်တော်၏ အဓိကကိုယ်ပွားအား ဆုံးဖြတ်ချက်ချမှတ်စေခဲ့သည်။ သူသည် သူရဲကောင်း၃ယောက်နှင့်တိုက်ခိုက်နေမှုအား ရုတ်တရက်စွန့်လွှတ်လိုက်ကာ သူ၏ကိုယ်ပွားရှိရာသို့တဟုန်ထိုးပြေးဝင်သွားခဲ့သည်။

"သူ့ကိုတား...တားကြ...ဘာပဲဖြစ်ဖြစ်သူတို့ကိုလုံးဝအနားမကပ်စေနဲ့"

ရှောင်ယုသည် ဂြိုလ်ဆိုးတမန်တော်၏အကြံအစည်ကိုမသိသော်လည်း ကိုယ်ပွားနှစ်ခုကိုနီးကပ်ခွင့်မပေးသင့်ကြောင်း နားလည်ထားပေသည်။

သို့သော် ဂြိုလ်ဆိုးတမန်တော်၏အရှိန်အဟုန်သည် အလွန်ပင်မြန်ဆန်လှသည့်အတွက်ကြောင့် ၎င်းတို့အားမည်သူမှ တားဆီးနိုင်ခြင်းမရှိပေ။ ခဏအကြာတွင် ကိုယ်ပွား၂ခုက အချင်းချင်းတိုက်မိသွားခဲ့ကြသည်။ သို့သော်လည်း သူတို့နှစ်ယောက်တိုက်မိချိန်တွင် အသွေးအသားခန္ဓာကိုယ်ချင်းတိုက်မိသောအသံက ထံက်ပေါ်မလာခဲ့ပေ။ သူတို့၏ခန္ဓာကိုယ်အား ဖုန်မှုန့်များကဖုံးအုပ်ထားသည့်အတွက်ကြောင့် အပြင်ဘက်မှနေ၍အော်ဟစ်သံများကိုသာ ကြားနေရသည်။

ဖုန်မှုန့်များပျောက်ကွယ်သွားပြီးမှသာ ကြီးမားသောပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာခဲ့သည်။

ကိုယ်ပွားနှစ်ခုပေါင်းစည်းသွားပြီးနောက် အသစ်ထွက်ပေါ်လာသည့်ပုံရိပ်သည် ယခင်ဂြိုလ်ဆိုးတမန်တော်နှင့် ထက်ဝက်ခန့်ပင်မတူညီတော့ပေ။

အခန်း ၃၉၈ - ဂြိုလ်ဆိုးပေါင်းစပ်ခြင်း

လူတိုင်းရှေ့တွင် ပြန်လည်ထွက်ပေါ်လာသည့် ဂြိုလ်ဆိုးတမန်တော်၏ အပြောင်းအလဲများက အလွန်ထိတ်လန့်ဖွယ်ကောင်းလှပေသည်။

၎င်း၏ခန္ဓာကိုယ်အရွယ်အစားနှင့် ကြံ့ခိုင်မှုတိုးလာခြင်းသည် များစွာအရေးမကြီးလှပေ။ အမှန်တကယ်အရေးကြီးသည်မှာ ဂြိုလ်ဆိုးတမန်တော်နှစ်ယောက်သည် တစ်သားတည်းဖြစ်လာပုံရခြင်းဖြစ်သည်။

အရှိန်နဲ့ပြေးဝင်ပြီး အတူတူတိုက်မိသွားကြတာလား...ဒါကတစ်ခုခုတော့ ထူးဆန်းနေတယ်လို့မထင်မိဘူးလား

အသစ်ဖြစ်တည်လာသော ဂြိုလ်ဆိုးတမန်တော်သည် အသက်ခပ်ပြင်းပြင်းတစ်ချက် ရှုရှိက်လိုက်သည်။

ဂြိုလ်ဆိုးတမန်တော်၏ နက်ရှိုင်းသောအသက်ရှုသံနှင့်အတူ နေဝင်ချိန်နွံအိုင်၏ လေထုသည်အဆက်မပြတ် လှုပ်ခါစပြုလာခဲ့သည်။

"မင်းကဘာလို့ ခုလိုဟန်ထုတ်နေရတာလဲ...မင်းကိုယ်မင်းစူပါဆိုင်ယန်တစ်ယောက်ထင်လို့လား"

ရှောင်ယုသည် လွန်စွာမပျော်မရွှင်ဖြစ်သွားခဲ့သည်။ အဆုံးသတ်တွင် သူတို့သည်အောင်ပွဲရရှိရန် အလွန်နီးစပ်ခဲ့သော်လည်း နောက်ဆုံးအခိုက်အတန့်လေးတွင် အချည်းနှီးဖြစ်ခဲ့ရသည်။

လက်ရှိအဖြစ်အပျက်မှာ ဂိမ်းကစားနေစဉ် ဂိမ်း၏နောက်ဆုံးခေါင်းဆောင်ကသူ့ရှေ့၌ သေဆုံးသွားပြီးနောက် မတွေးတောနိုင်သောနည်းလမ်းဖြင့် ပြန်လည်ရှင်သန်လာသည်နှင့်ပင် တူနေခဲ့သည်။

"မိုက်မဲလိုက်တဲ့လူသားတွေ...သေစမ်း"

ဂြိုလ်ဆိုးတမန်တော်က ဟိန်းဟောက်လိုက်သည်။ ဤတိုက်ပွဲကြောင့်သာမဟုတ်ပါက သူသည်ယခုလိုကြီးကြီးမားမား ဆုံးရှုံးမည်မဟုတ်ပေ။ ဤနေရာသို့ရောက်လာချိန်တွင် သူ့ထံ၌ကိုယ်ပွား၃ခုရှိခဲ့သော်လည်း ပထမတစ်ခုသည် အာကာသရေဝဲအတွင်းပျက်စီးသွားခဲ့ကာ ဒုတိယတစ်ခုက ဤလူများ၏လက်ချက်ကြောင့်သေဆုံးသွားခဲ့ပြီး နောက်ဆုံးတစ်ခုမှာ သူနှင့်ပေါင်းစပ်သွားခဲ့သည်။

"ဒီနေ့မင်းတို့အားလုံး သေရမယ်"

ထိုအကြောင်းကိုတွေးမိချိန်တွင် ဂြိုလ်ဆိုးတမန်တော်သည် ပို၍ပင်ဒေါသထွက်လာခဲ့သည်။

"နဂါးလေး...သွားပြီးတော့သူ့ကိုသေအောင်ရိုက်ပစ်"

ရှောင်ယုက ချက်ချင်းအော်ပြောလိုက်သည်။

နဂါးလေးသည် လက်စားချေလိုစိတ်ပြင်းထန်နေ၍ အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။ သူသည်ဒဏ်ရာများရရှိထားခဲ့သော်လည်း အူသာနှင့်အနာကျက်ဆေးများ၏အကူအညီဖြင့် သူ၏ဒဏ်ရာများကလုံးဝသက်သာပျောက်ကင်းသွားပြီဖြစ်သည်။

ဂြိုလ်ဆိုးတမန်တော်အတွက်မူ သူ၏ခွန်အားသည် လုံးဝသက်သာကောင်းမွန်လာခဲ့ပြီး ဆဌမအဆင့်၏အစောပိုင်းမှ အထွတ်အထိပ်အဆင့်ထိတိုင်အောင် တဟုန်ထိုးမြင့်တက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးလေးနှင့်ဂြိုလ်ဆိုးတမန်တော်တို့သည် အချင်းချင်းရင်ဆိုင်မိကြတော့သည်။ လူတိုင်းသည် ဂြိုလ်ဆိုးတမန်တော်၏စွမ်းအားကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် တိုက်ပွဲအားစောင့်ကြည့်လိုနေသည်ကို ရှောင်ယုမြင်သောအခါ မျက်နှာထားခပ်တင်းတင်းဖြင့် ပြောလိုက်သည်။

"ဟမ့်...မင်းတို့ကအလှကြည့်နေကြတာလား...ဘာလို့ငါ့ကိုမကူညီတာလဲ"

လီယိုနာဒိုကမူ လုံးဝမကြားဟန်ဆောင်နေခဲ့သည်။ မည်သို့ပင်ဆိုစေ သူသည်ရှောင်ယုနှင့်ရင်းနှီးခြင်းမရှိပေ။

နီကိုးလက်စ်သည် ရှောင်ယုအားတစ်ချက်ကြည့်လိုက်ပြီး အသက်ရှုချိန်၅ချက်လောက်အကြာ၌ ဖြေးညင်းစွာပြန်ပြောလိုက်သည်။

"ငါတို့ကဘယ်တုံးကမှ မကူညီချင်ဘူးလို့မပြောခဲ့ပါဘူး...ငါပြောတာမှန်တကယ်မလား လီယိုနာဒို"

"ဟမ့်..."

လီယိုနာဒိုက အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ သူသည်ရှောင်ယုအား ကူညီရသည့်တစ်ခုတည်းသောအကြောင်းရင်းမှာ သူတို့သည်တစ်သင်းတည်းဖြစ်နေ၍ဖြစ်သည်။ ထို့ပြင် ရှောင်ယု၏အဖွဲ့တစ်ခုတည်းဖြင့် ဂြိုလ်ဆိုးတမန်တော်ကိုသတ်ဖြတ်ရန် နည်းလမ်းမရှိပေ။

အကယ်၍ ရှောင်ယု၏အဖွဲ့သာရှုံးနိမ့်သွားပါက သူတို့သည်လည်းတစ်ခါတည်း အဆုံးသတ်သွားမည်ဖြစ်သည်။ သူတို့၏အင်အားသက်သက်ဖြင့် ဆဌမအဆင့်အထွတ်အထိပ်သို့ရောက်ရှိနေသော ဂြိုလ်ဆိုးတမန်တော်ကို အနိုင်ယူရန်မဖြစ်နိုင်ပေ။

အကယ်၍ သူသာခေါင်းမာနေပါက ကျရှုံခြင်းသို့ဦးတည်ရမည်ဖြစ်သည်။

"ကောင်းပြီ...အားလုံးအတူတူလုပ်ကြရအောင်"

နီကိုးလပ်စ်က ပြုံး၍ပြောလိုက်သည်။

နီကိုးလပ်စ်သည် သူ၏စကားကိုအဆုံးသတ်လိုက်ကာ လက်ကိုဝှေ့ယမ်း၍ သူ၏အဖွဲ့အားတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ သို့သော်လည်း ဒိုင်းနှင့်ဓားကိုင်စစ်သည်က မလှုပ်ရှားသေးပေ။ သူသည် ယခင်ကဒဏ်ရာရရှိထားသည့်အတွက် ယခုသာသွားရောက်တိုက်ခိုက်ပါက သေခြင်းတရားကိုရှာဖွေသည်နှင့်အတူတူပင်ဖြစ်သည်။

ရှောင်ယုသည်ကား နဂါးလေးကိုသာတိုက်ခိုက်ရန် စေလွှတ်လိုက်သည်။

"ခိုင်ရင်း...မင်းခဏလောက်အနားယူအုံး...အရမ်းကြီးအလျင်စလိုတိုက်ခိုက်ဖို့မပြုလုပ်နဲ့...မင်းတိုက်ရမယ့်တိုက်ပွဲကအရှည်ကြီးရှိသေးတယ်...စိတ်ရှည်ရှည်ထား"

ရှောင်ယုသည် တိုက်ခိုက်လိုစိတ်အပြည့်ဖြစ်နေသော ခိုင်ရင်း၏တောက်လောင်နေသည့် မျက်လုံးများကိုကြည့်၍ပြောလိုက်သည်။ မင်းရဲ့တိုက်ခိုက်ရေးအသိစိတ်က ဘယ်ကိုရောက်သွားတာလဲ...

ဘယ်လိုအချိန်...ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ် မင်းပထမဆုံးလုပ်ရမယ့်အလုပ်က မင်းဘေးကင်းဖို့ဘဲ...မင်းရဲ့အသက်ကိုစောင့်ရှောက်နိုင်မှ အခြားအရာတွေကိုမင်းလုပ်ဆောင်နိုင်လိမ့်မယ်...

ခဏလောက်စဉ်းစားအပြီးတွင် ရှောင်ယုသည်အီလီဒမ်အား အမိန့်ပေးလိုက်သည်။ သူသည် နတ်ဆိုးအမဲလိုက်သူဖြစ်သောကြောင့် ဂြိုလ်ဆိုးတမန်တော်ကိုတိုက်ခိုက်ရန် သင့်တော်ပေသည်။ ဂြိုလ်ဆိုးတမန်တော်သည် အီလီဒမ်ထက်များစွာအဆင့်မြင့်သည့်အတွက် သူ၏အဆင့်ကိုမြင့်တင်ရန် ကြီးမားသည့်အခွင့်အရေးတစ်ခုလည်းဖြစ်သည်။

ထို့ပြင် မိုင်ယဗ်ကိုလည်း ဤတိုက်ပွဲတွင်ခိုးဝင်တိုက်ခိုက်မှု ပြုလုပ်စေရန်အတွက် ပါဝင်ခိုင်းရမည်ဖြစ်သည်။ သူမ၏လျှပ်တပြက်အစွမ်းက ဂြိုလ်ဆိုးတမန်တော်ကို တိုက်ခိုက်နိုင်ရန် ပိုမိုကောင်းမွန်သည့်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက အရေးကြီးသောအခိုက်အတန့်များ၌ အသက်များကိုကယ်တင်နိုင်ပေသည်။

တာဝေးပစ်တိုက်ခိုက်သူများအနေဖြင့် ရှောင်ယုသည်ကဲလ်သက်နှင့်တိုင်ရန်ဒီကိုသာ ရွေးချယ်ခဲ့သည်။ ထို့ပြင် သူ၏နံဘေး၌လေးတစင်းကိုင်ဆောင်ထားသည့် နာဂပင်လယ်စုန်းကရှိနေခဲ့သည်။ မည်သို့ပင်ဆိုစေ နာဂ၏တာဝန်သည်အလွန်ရိုးရှင်းပြီး အတွေ့အကြုံမှတ်များကို စုဆောင်းရန်ဖြစ်သည်။

လူအိုကြီးတာအို၊တံစဉ်ကိုင်စစ်သည်တော်၊လဲ့ညီအစ်ကို၊မိုင်ယဗ်နှင့်အီလီဒမ်တို့သည် အချင်းချင်းပူးပေါင်းလိုက်ကြပြီး ဂြိုလ်ဆိုးတမန်တော်အား အရူးအမူးစတင်တိုက်ခိုက်ခဲ့သည်။ သူတို့ထံတွင် လုံလောက်သောခွန်အားနှင့်အခွင့်အရေးကို ရရှိခဲ့ပါက ဤဂြိုလ်ဆိုးတမန်တော်အား အစစ်အမှန်နာကျင်မှုကိုခံစားစေမည်ဖြစ်သည်။

တာဝေးပစ်တိုက်ခိုက်သူများတွင် သွေးနတ်သူငယ်ဘိုးဘေးရီလာ၊တိုင်ရန်ဒီ၊ကဲလ်သက်နှင့် ပဥ္စမအဆင့်ရေခဲအထူးပြုမှော်ဆရာများပါဝင်ပေသည်။ သူတို့သည် သူတို့၏တိုက်ခိုက်မှုများအား စွမ်းအားအပြည့်ဖြင့်ထုတ်လွှတ်လိုက်ကြသည်။

"အား..."

ဂြိုလ်ဆိုးတမန်တော်သည် ထပ်ခါထပ်ခါအော်ဟစ်ခဲ့သည်။ သူသည် အမှန်တကယ်ပင် အဆင်ပြေမနေခဲ့ပေ။ သူသည် ပေါင်းစည်းမှုအားပြုလုပ်အပြီးတွင် ဤယုတ်မာသောလူသားများကို သုတ်သင်နိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် လုံးဝအကျိုးသက်ရောက်မှုမရှိခဲ့သည့်အပြင် သူ့အားပို၍ပင်ရူးသွပ်စေခဲ့သည်။

သို့သော်လည်း ဂြိုလ်ဆိုးတမန်တော်၏ခွန်အားသည် အမှန်တကယ်ပင်တိုးမြင့်လာခဲ့သည်။ ယခုလိုခွန်အားတိုးမြင့်လာခြင်းကြောင့် ကျွမ်းကျင်သူများမှအစွမ်းကုန်ထုတ်ဖော်ကာ တိုက်ခိုက်နေသည်ကိုပင် ခြေတစ်လှမ်းမှနောက်မဆုတ်ဘဲ ခုခံရန်လုံလောက်နေခဲ့သည်။

သူ၏တိုးမြင့်လာသောအစွမ်းကြောင့် မည်သူကမှသူ့အားအနိုင်မယူနိုင်ဟု ယုံကြည်မှုရှိပေသည်။

သို့သော် သူသည်အချို့သောခြားနားချက်များကို သတိမပြုမိသည်မှာ သနားစရာပင်ဖြစ်သည်။

ဂြိုလ်ဆိုးတမန်တော်နှင့် အချိန်အတော်ကြာတိုက်ခိုက်ပြီးနောက်တွင် နဂါးလေးသည်တစ်ဖက်ရန်သူ၏ တိုက်ခိုက်ရေးပုံစံကို ရှာဖွေတွေ့ရှိနေခဲ့သည်။ ထို့နောက်တွင်နဂါးလေးသည် ထူးဆန်းသောနည်းလမ်းဖြင့် နံချပ်ကူအားစတင်အသုံးပြုလာခဲ့သည်။

"သေစမ်း...ဒါကဘရုစလီရဲ့ပုံစံမဟုတ်ဘူးလား...ဒါကကောင်းကင်ဘုံရဲ့အလိုဆန္ဒပဲ...ဘရုစလီရဲ့ဝိညာဉ်ကနဂါးလေးရဲ့ခန္ဓာကိုယ်ထဲကိုရောက်လာတာလား"

ရှောင်ယုသည် စကားမပြောနိုင်လောက်အောင်ဖြစ်သွားခဲ့သည်။

နဂါးလေးသည် အံ့သြဖွယ်ကောင်းသော တိုက်ခိုက်မှုများစွာကို ရုတ်တရက်ထုတ်ဖော်လိုက်သည်။ သူ့လက်ထဲရှိ နံချပ်ကူသည် ထူးဆန်းသော်လည်း အံ့သြဖွယ်ကောင်းသောပုံစံဖြင့် လှုပ်ရှားနေခဲ့သည်။ ဤတိုက်ခိုက်မှုများသည် ကောင်းမွန်ရုံသာမက ပိုမိုအရေးကြီးသောအချက်မှာ ထိုတိုက်ခိုက်မှုများသည် အလွန်ပင်စွမ်းအားကောင်းကာ ဂြိုလ်ဆိုးတမန်တော်အား ပြင်းထန်သောဖိအားများပေးနေခဲ့သည်။

ရှောင်ချင်တာလား...ကောင်းပြီလေ မင်းအသုံးပြုနိုင်တဲ့တစ်ခုတည်းသောနည်းလမ်းက မင်းရဲ့ဦးခေါင်းကိုတိုက်ခိုက်ခြင်းက ရှောင်တိမ်းပြီး မင်းရဲ့ဗိုက်ပေါ်ကိုကျရောက်လာတဲ့ တိုက်ခိုက်မှုကိုလက်ခံလိုက်ရုံပဲ...

ထိုနည်းလမ်း၏အကျိုးသက်ရောက်မှုသည် အတော်လေးကောင်းမွန်သော်လည်း ဂြိုလ်ဆိုးတမန်တော်သည် အခြေအနေကောင်းမနေခဲ့ပေ။

ခဏအကြာတွင် ဂြိုလ်ဆိုးတမန်တော်၏ခန္ဓာကိုယ်ပေါ်မှ အစိတ်အပိုင်းတိုင်းတွင် ဒဏ်ရာများထွက်ပေါ်လာခဲ့သည်။ ဂြိုလ်ဆိုးတမန်တော်သည် နာကျင်လွန်း၍အော်ငိုချင်နေခဲ့သည်။

"သေစမ်း..."

အဆုံးသတ်တွင် ဂြိုလ်ဆိုးတမန်တော်သည် ဆက်လက်သည်းမခံနိုင်တော့ဘဲ နဂါးလေး၏ရင်ဘတ်ကို လက်သီးဖြင့်ထိုးချလိုက်သည်။ သူသည် သူ၏ခေါင်းကိုထိမှန်တော့မယ့်နံချပ်ကူကိုပင် ဂရုမစိုက်တော့ဘဲ နဂါးလေးကိုသာဦးတည်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

အားဂီးးး....

နဂါးလေးသည် ကျယ်လောင်စွာအော်ဟစ်ကာ နောက်သို့လွှင့်ထွက်လာခဲ့သည်။ ထို့နောက်သူသည် မြေပေါ်မှလူးလိမ့်ထလာခဲ့ကာ ဂြိုလ်ဆိုးတမန်တော်ကိုစိုက်ကြည့်လိုက်သည်။

အခန်း ၃၉၉ - ဂြိုလ်ဆိုးပျက်စီးမှု

နဂါးလေးသည် ယခုတစ်ကြိမ်တွင် ကြီးမားသည့်ဒဏ်ရာကို ကြုံတွေ့ခဲ့ရသည့်အတွက်ကြောင့် ရှောင်ယုထိတ်လန့်သွားရသည်။

ဒီကောင်က အရင်ကဆိုရင် အဲလောက်ထိအစွမ်းထက်လို့လား...အဲ့ဒါဆိုရင်ဘာလို့ အစကတည်းက သူ့ရဲ့စွမ်းအားတွေကို အသုံးမချခဲ့တာလဲ...ဘာလို့ဒီအချိန်ရောက်မှ ပေါက်ကွဲဖို့ရွေးချယ်ခဲ့တာလဲ...

"နဂါးလေး မင်းအဆင်ကောပြေလား...အဆင်ပြေတယ်မလား"

ရှောင်ယုသည် နဂါးလေးထံသို့ပြေးသွားပြီး မေးမြန်းလိုက်သည်။ သူသည် နဂါးလေးအားမထိခိုက်စေလိုပေ။ သူသည် နဂါးလေးအားလေ့ကျင့်ပေးရန်အတွက် ဤအခွင့်အရေးကိုအသုံးချလိုသော်လည်း ယခုအခါ ထိုသို့ဖြစ်လာမည့်ပုံမရပေ။

နဂါးလေးသည် သူ၏ကလေးနှင့်တူပေသည်။ မိဘများသည် သူတို့၏ကလေးကို ဆုံးမနိုင်သော်လည်း အခြားသူများက သူတို့၏ကလေးအား ဆုံးမမည်ကိုခွင့်မပြုနိုင်ပေ။ ထို့အတူ ယခုအခါရှောင်ယုသည် အလွန်ဒေါသထွက်နေခဲ့သည်။

"မင်းအဖွားပဲပေါ့...ငါကအသက်ရှုတောင်မဝတော့ဘူး...မင်းကိုသေချာပေါက်သတ်ပစ်မယ်"

နဂါးလေးက ဒေါသတကြီးအော်ဟစ်လိုက်သည်။ ယခုတစ်ခေါက်တွင် သူသည်သတိလက်လွတ်ဖြစ်သွားခဲ့ရသည်။ ဤတလျှောက်လုံးတွင် ဂြိုလ်ဆိုးတမန်တော်၏ တိုက်ခိုက်ရေးပုံစံသည် တည်ငြိမ်နေသော်လည်း နောက်ဆုံးအခိုက်အတန့်တွင် သူသည်ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

ယင်းကြောင့် နဂါးလေးသည် အလွန်ပင်ဒေါသထွက်သွားခဲ့ရသည်။ သူသည် သေချာတွေးတောဆင်ခြင်ခဲ့ပြီး လက်စားချေရန်အတွက် သင့်တော်သည့်အခွင့်အရေးအား ရှာဖွေနေခဲ့သည်။

နဂါးလေးသည် အသက်ရှုကြပ်သည့်ပြသနာကိုဖြေရှင်းပြီးနောက် မှုန်မှိုင်းသောမျက်နှာဖြင့် တိုက်ပွဲထဲပြန်လည်ဝင်ရောက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည်တစ်ခါမှမတွေးဖူးသော နည်းလမ်းတစ်ခုအား အသုံးပြုရမည်ဖြစ်သည်။

ဂြိုလ်ဆိုးတမန်တော်သည် တိုက်ပွဲအတွင်းသို့ ဖြေးညင်းစွာပြန်လည်ဝင်ရောက်လာသည့် နဂါးလေးကိုကြည့်ရင်း အထင်အမြင်သေးစွာရေရွတ်လိုက်သည်။

"ဟေးမင်းဘာဖြစ်သွားတာလဲ...တွားသွားသတ္တဝါလေး မင်းဘာလို့ဖြေးဖြေးချင်းလျှောက်လာနေရတာလဲ...မင်းအဆင်ပြေရဲ့လား...ခုချိန်မှာမင်းအရှုံးပေးလိုက်ရင် မင်းရဲ့အသက်ကိုငါချမ်းသာပေးမယ်...ငရဲမှာတောင် နဂါးမျိုးစိတ်တွေကအများကြီးမရှိတော့ဘူး"

ဂြိုလ်ဆိုးတမန်တော်သည် ကလေးဆန်သောလှည့်ကွက်ဖြင့် နဂါးလေးအား ဒေါသထွက်အောင်လုပ်နေခြင်းဖြစ်သည်။

နဂါးလေးက အထင်အမြင်သေးစွာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

"ဂြိုလ်ဆိုးတမန်တော် မင်းကဝက်တစ်ကောင်မဟုတ်ဘူးလား...မင်းရဲ့ဉာဏ်ရည်ကမြင့်တယ်လို့ မင်းတကယ်ထင်နေတာလား...မင်းကသေခြင်းတရားကိုလိုက်ရှာနေတယ်ဆိုရင်ကိစ္စမရှိဘူး...မင်းရဲ့အရေပြားကို ငါဖယ်ပေးမယ်"

ဂြိုလ်ဆိုးတမန်တော်သည် ဒေါသတကြီးနှာမှုတ်လိုက်သည်။ သူသည် နဂါးလေးနှင့်ဆက်ပြီး စကားပြောမနေတော့ဘဲ သူ၏ဘေးနားမှယင်ကောင်များကိုသာ ဆက်တိုက်ကိုင်တွယ်နေခဲ့သည်။

နဂါးလေး၏ခြေလှမ်းများသည် ရပ်တန့်မသွားခဲ့ပေ။ နဂါးလေးနှင့် သူ့အကြားတွင်တဖြည်းဖြည်း အကွာအဝေးလျော့နည်းလာသည်နှင့်အမျှ ဂြိုလ်ဆိုးတမန်တော်သည် ပိုမိုပဟေဠိဖြစ်လာခဲ့သည်။

ဒီကောင်က ဘယ်လိုဖြစ်ပြီး ငါ့ကိုဂရုမစိုက်နိုင်ရတာလဲ...ငါကနောက်တစ်ကြိမ်ထပ်ပြီး တိုက်ခိုက်လာမှာကို သူတကယ်မကြောက်တာလား...

တဖြည်းဖြည်းနှင့် ဂြိုလ်ဆိုးတမန်တော်သည် ထိတ်လန့်စပြုလာခဲ့သည်။ နဂါးလေးသည် သူနှင့်တဖြည်းဖြည်းနီးကပ်လာလေလေ သူသည်ပို၍ပို၍ ထိတ်လန့်လာလေလေဖြစ်သည်။ အဆုံးသတ်တွင် ဤကောင်၏ခွန်အားသည် အမှန်တကယ်ရက်စက်လွန်းလှပေသည်။

နောက်ဆုံးတွင် ဂြိုလ်ဆိုးတမန်တော်သည် သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့သည့်အတွက်ကြောင့် သေခြင်းအတတ်ပညာဖြင့် နဂါးလေးအားတိုက်ခိုက်လိုက်သည်။

ဂြိုလ်ဆိုးတမန်တော်၏လုပ်ရပ်အား နဂါးလေးမှချက်ချင်းသတိထားမိခဲ့သည်။ ဂြိုလ်ဆိုးတမန်တော်သည် သူ၏လက်ချောင်းများကိုမြှောက်လိုက်သောအချိန်တွင် နဂါးလေးသည် ချက်ချင်းရပ်တန့်လိုက်ကာ တစ်ဖက်မှတိုက်ခိုက်လာမှုအား စောင့်မျှော်နေခဲ့သည်။

ထိုအချိန်တွင် နဂါးလေးသည် ရုတ်တရက်ပျောက်ကွယ်သွားပြီး သေခြင်းအတတ်ပညာသည် ၎င်း၏ပစ်မှတ်အား လွဲချော်သွားခဲ့သည်။

သူ၏သေခြင်းအတတ်ပညာသည် ၎င်း၏ပစ်မှတ်ကိုပျောက်ဆုံးသွားသည်ကိုကြည့်ရင်း ဂြိုလ်ဆိုးတမန်တော်သည် အနည်းငယ်အံ့သြသွားခဲ့သည်။ လက်ရှိအချိန်သို့ရောက်သည်ထိတိုင်အောင် သေခြင်းအတတ်ပညာဖြင့် တိုက်ခိုက်ခံရသူအများစုသည် ၎င်းကိုရှောင်တိမ်းနိုင်စွမ်းမရှိသည့်အတွက်ကြောင့် သူအံ့သြသွားရသည်မှာ မထူးဆန်းတော့ပေ။

နောက်အခိုက်အတန့်တွင် ဂြိုလ်ဆိုးတမန်တော်၏ရှေ့၌ နဂါးလေးထွက်ပေါ်လာခဲ့၍ ဂြိုလ်ဆိုးတမန်တော်သည် တဖန်ထိတ်လန့်သွားခဲ့ရသည်။

ဆိုရိုးစကားရှိသည့်အတိုင်း တစ်စုံတစ်ဦးအား အာရုံစိုက်မိခြင်းက အခြားသောအရာများအား သဘာဝအတိုင်းလျစ်လျူရှုမိစေရန် လုပ်ဆောင်ပေးမည်ဖြစ်သည်။ ထို့ကြောင့် ဂြိုလ်ဆိုးတမန်တော်သည် နဂါးလေးအားအာရုံစိုက်နေချိန်၌ အခြားသူများအားလျစ်လျူရှုမိခဲ့သည်။

"ဖီးနစ်တိုက်ကွက်…"

ကဲလ်သက်ကဟိန်းဟောက်လိုက်ပြီး မီးဖီးနစ်သည် ဂြိုလ်ဆိုးတမန်တော်အား ထိမှန်သွားခဲ့သည်။

ဒိုင်း...

ဖီးနစ်မီးတောက်သည် တိုက်ရိုက်ပေါက်ကွဲသွားခဲ့သည်။ ကဲလ်သက်၏ ထိန်းချုပ်နိုင်စွမ်းသည် အလွန်ပင်ကြောက်စရာကောင်းလှပြီး ဂြိုလ်ဆိုးတမန်တော်အား ဒဏ်ရာရရှိစေရန်အတွက် ပေါက်ကွဲအားကိုအပြင်းထန်ဆုံးဖြစ်အောင် ထိန်းချုပ်ခဲ့သည်။ အခြားသူများသည် ပေါက်ကွဲမှု၏လှိုင်းလုံးများအား တွန်းပို့ခံခဲ့ရသော်လည်း ထိခိုက်မှုအနည်းငယ်လေးကိုတောင် မခံခဲ့ရပေ။

ရှောင်ယု၏ပါးစပ်သည် အပေါ်သို့တွန့်ကွေးသွားခဲ့သည်။ ကဲလ်သက်၏ တိုက်ပွဲအတွေ့အကြုံသည် အမှန်တကယ်ကိုကြွယ်ဝလှပေသည်။ သူသည် ချို့ယွင်းချက်များအား ထုတ်ဖော်ကာ လက်ရှိအခြေအနေအား ဖြတ်ကျော်ရန်အသုံးချနိုင်ခဲ့သည်။

ကဲလ်သက်၏ တိုက်ခိုက်မှုပြီးဆုံးသွားသည်နှင့်အမျှ တိုင်ရန်ဒီသည် သူမ၏လေးဖြင့် မြှား၃ချောင်းအား တစ်ပြိုင်နက်တည်းပစ်လွှတ်လိုက်သည်။ သူမပစ်လွှတ်လိုက်သည့် မြှား၃စင်းသည် တစ်ညီတစ်ညွတ်တည်းချည်နှောင်ထားသကဲ့သို့ တစ်နေရာတည်းသို့စုပြုံဦးတည်နေခဲ့သည်။

အထူးသဖြင့် တိုင်ရန်ဒီ၏တိုက်ခိုက်မှုသည် အလွန်ပင်ထူးခြားပေသည်။ သို့သော် ဂြိုလ်ဆိုးတမန်တော်၏အမြင်အရ ဤမြှားများသည် သာမန်မြှားများနှင့်အနည်းငယ်သာ ကွာခြားပေသည်။

ယခုအချိန်ထိ တိုင်ရန်ဒီသည် ဂြိုလ်ဆိုးတမန်တော်အား မြှားမည်မျှပစ်ခတ်ခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။ ဂြိုလ်ဆိုးတမန်တော်သည် ဤအသေးအဖွဲ့လှည့်ကွက်အား သိပ်ပြီးဂရုမစိုက်လှပေ။ ယခုလည်း ဤမြှားများသည်သူ၏ခန္ဓာကိုယ်အား ထိမှန်သွားသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအားအပေါ် သက်ရောက်မှုမရှိသောကြောင့် သူများစွာဂရုမစိုက်မိပေ။

"သေစမ်း...ဒါတွေကရိုးရိုးမြှားတွေလို့ မင်းထင်လို့လား"

ရှောင်ယုက နှလုံးသားထဲ၌ အေးစက်စွာပြုံးကာရေရွတ်လိုက်သည်။ တိုင်ရန်ဒီ၏လှုပ်ရှားမှုသည် ရိုးရှင်းပုံရသော်လည်း ထိုအရာသည်ပုံမှန်မဟုတ်ပေ။

သို့သော်လည်း နာဂ၏မြှားဖြင့် ထိမှန်ခံရပြီးနောက်တွင် ဂြိုလ်ဆိုးတမန်တော်၏ တိုက်ခိုက်နိုင်စွမ်းက တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ သို့သော် တိုင်ရန်ဒီ၏မြှားများသည် ဂြိုလ်ဆိုးတမန်တော်နှင့်နီးကပ်လာချိန်၌ တိုက်ခိုက်မှုစွမ်းအားနှစ်ဆတိုးလာခဲ့သည်။

နောက်ဆုံးတွင် မြှားများကသူ၏အနီးသို့ရောက်လာချိန်၌ တစ်စုံတစ်ခုမူမမှန်ဖြစ်နေသည်ကို ဂြိုလ်ဆိုးတမန်တော်ခံစားမိလိုက်သည်။ သူသည် ရှောင်ပြေးလိုသော်လည်း နဂါးလေးသည် သူ၏ခေါင်းပေါ်သို့ခုန်တက်၍ လျင်မြန်စွာကျဆင်းလာကြောင်း သတိထားမိလိုက်သည်။

ဂြိုလ်ဆိုးတမန်တော်သည် နောက်ထပ်တစ်ကြိမ် အလွန်ဒေါသထွက်သွားခဲ့သည်။

ဘာတွေဖြစ်နေတာလဲ...ဒီကောင်တွေရဲ့စွမ်းအားက ငါ့လောက်မကောင်းတာအသိသာကြီးပဲ...ဘာလို့ငါကဒီကောင်တွေဝိုင်းနှိမ်တာခံနေရတာလဲ

ဂြိုလ်ဆိုးတမန်တော်သည် ထိုအကြောင်းကို သဘာဝကျစွာပင်နားမလည်ခဲ့ပေ။ ဂြိုလ်ဆိုးတမန်တော်သည် သူ၏ရက်စက်ကြမ်းကြုတ်သောခွန်အားကြောင့် အခြားသူများကိုသာအမြဲအနိုင်ကျင့်တတ်ခဲ့သည်။ အကယ်၍သူသာ ကိုယ့်ထက်အစွမ်းထက်သည့်ပြိုင်ဘက်နှင့်ဆုံတွေ့ပါက လျင်မြန်စွာပင်နောက်လှည့်ထွက်ပြေးမှာဖြစ်သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ဂြိုလ်ဆိုးတမန်တော်သည် ပြင်းထန်သောစိတ်ပိုင်းဆိုင်ရာဖိအားကို ခံစားနေရသည်။ ထိုကောင်များသည် အဖွဲ့လိုက်တိုက်ခိုက်မှုကြောင့် ဤမျှထိအားကောင်းလာသည်ကို သူအမှန်တကယ်မယုံနိုင်ခဲ့ပေ။ ဤတွားသွားသတ္တဝါလေးများက သူ့အားအနိုင်ယူနိုင်သည်ကို သူတကယ်မယုံနိုင်ခဲ့ပေ။

သူ၏ဒေါသကြောင့် ဂြိုလ်ဆိုးတမန်တော်သည် သူရရှိထားသည့်ဒဏ်ရာများကို လျစ်လျူရှုခဲ့သည်။ သူ့စိတ်ထဲတွင်ရှိသော တစ်ခုတည်းသောအရာမှာ သတ်ဖြတ်ရန်ဖြစ်သည်။

ဒိုင်း...ဒိုင်း...ဒိုင်း

၃ကြိမ်ဆက်တိုက် ပေါက်ကွဲသံများထွက်ပေါ်လာပြီးနောက် ဂြိုလ်ဆိုးတမန်တော်၏ညာဘက်ခြေထောက်အား တိုင်ရန်ဒီ၏မြှား၃စင်းက တစ်နေရာတည်းသို့ဆက်တိုက်ထိမှန်သွားခဲ့သည်။

တိုင်ရန်ဒီသည် ဂြိုလ်ဆိုးတမန်တော်၏ခြေထောက်ကြွက်သားများထဲသို့ နက်နက်နဲနဲထိုးဖောက်ဝင်ရောက်သွားသည့် မြှားသုံးစင်းကိုကြည့်ရင်း ကျေနပ်စွာဖြင့်ခေါင်းညိတ်မိလိုက်သည်။ ဤမြှား၃စင်း၏စွမ်းအားသည် ပေါက်ကွဲစေသောမြှားများ၏စွမ်းအားလောက် မပြင်းထန်သော်လည်း ၎င်းတို့၏ထိုးဖောက်နိုင်စွမ်းသည် ပေါက်ကွဲစေသောမြှားများထက် ပိုမိုသာလွန်ပေသည်။

ဂြိုလ်ဆိုးတမန်တော်သည် ကျယ်လောင်စွာဟိန်းဟောက်ပြီး သူ၏ကြွက်သားများထဲမှ မြှားများကိုဆွဲထုတ်လိုက်သည်။ ထို့နောက်သူ၏လက်ဝါးပေါ်၌ မီးတောက်များထွက်ပေါ်လာခဲ့ကာ ဒဏ်ရာများကိုကုသလိုက်သည်။

ဂြိုလ်ဆိုးတမန်တော်အသုံးပြုလိုသော ကျွမ်းကျင်မှုများသည် လက်ရှိအချိန်၌ ထိရောက်မှုသိပ်မရှိလှပေ။ အဘယ်ကြောင့်သူတို့နှစ်ဖက်ကြားအကွာအဝေးသည် ကျယ်ပြန့်ရုံသာမက သူ့အားပိတ်ဆို့ထားသူများလည်း ရှိနေသည့်အတွက်ကြောင့် ၎င်းကိုအသုံးပြုရန်မဖြစ်နိုင်ပေ။

"သေစမ်း...ငါ့ကိုလွယ်လွယ်နဲ့အနိုင်ကျင့်လို့ရမယ်ထင်နေတာလား...သေကြစမ်း...ဂြိုလ်ဆိုးပျက်စီးခြင်း"

ဂြိုလ်ဆိုးတမန်တော်က ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ ရှောင်ယုသည် ထိုကျွမ်းကျင်မှုအမည်အား တစ်ခါမှမကြားဖူးပေ။

ရှောင်ယု၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့ပြီး ဂြိုလ်ဆိုးပျက်စီးမှုဟူသော ကျွမ်းကျင်မှုအား တွေ့မြင်ချင်လာခဲ့သည်။ ထိုကျွမ်းကျင်မှုသည် ခိုင်ရင်းကဲ့သို့ သူ၏ရန်သူနှင့်ရက်စက်စွာတိုက်ခိုက်စေခြင်းလား...

ရိုင်းစိုင်းကြမ်းကြုတ်စွာတိုက်ခိုက်ခြင်း ကျွမ်းကျင်မှုအား ရှောင်ယုနားလည်ထားပုံအရဆိုလျှင် ၎င်း၏အသုံးဝင်မှုအတိုင်းအတာသည် အကန့်အသတ်ရှိပေသည်။ အနည်းဆုံး ထိုကျွမ်းကျင်မှုအားအသက်သွင်းရန် သူတို့နှစ်ဖက်ကြားအကွာအဝေးသည် များစွာဝေးကွာမနေသင့်ပေ။ ထိုသို့မဟုတ်ပါက ထိုသို့အံ့သြစရာကောင်းသည့် ကျွမ်းကျင်မှုတစ်ခုအား ဂြိုလ်ဆိုးတမန်တော်က ထုတ်သုံးမည်မဟုတ်ချေ။ နှစ်ဖက်ကြားအကွာအဝေးသာကျယ်ပြန့်နေပါက ရန်သူအားထိမှန်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း နောက်ထပ်မြင်တွေ့လိုက်ရသည့်မြင်ကွင်းက ရှောင်ယုအားထိတ်လန့်သွားစေခဲ့သည်။ ယခုအခါ ဤကျွမ်းကျင်မှုအား အဘယ်ကြောင့်ပျက်စီးမှုဟုခေါ်ရသည်ကို အဆုံးသတ်၌သူနားလည်လာခဲ့သည်။

All Chapters