← Chapters

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း ၄၀၀ - ပြေး...

လူတိုင်း၏ရှေ့မှောက်တွင် ဂြိုလ်ဆိုးတမန်တော်သည် သူ၏ခန္ဓာကိုယ်အား ကြီးမားသောဘောလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။

ဂြိုလ်ဆိုးတမန်တော်သည် ထိုကျွမ်းကျင်မှုအားအဘယ်သို့ အသုံးပြုနိုင်ခဲ့သည်ကို မည်သူမှမသိခဲ့ကြပေ။ ဂြိုလ်ဆိုးတမန်တော်သည် သူ၏ခြေလက်များကိုပင် ဖုံးကွယ်ထားနိုင်ခဲ့သည်။

ထို့နောက် ဂြိုလ်ဆိုးတမန်တော်သည်မြေကြီးပေါ်ခုန်ပေါက်၍ သူ့အားအများဆုံးဒုက္ခပေးခဲ့သော နဂါးလေးထံပြေးဝင်လာခဲ့သည်။

"ဘာလဲ...ဒီကျွမ်းကျင်မှုက ဂေါ်လောခ့်ခေါင်းဆောင်ရဲ့နောက်ဆုံးလှုပ်ရှားမှုနဲ့ အတူတူပဲမဟုတ်လား...ဟေးနဂါးလေးမြန်မြန်သာပြေး"

ရှောင်ယုက အထိတ်တလန့်အော်ဟစ်လိုက်သည်။ တစ်စုံတစ်ယောက်ကသာ ထိုဘောလုံးကိုထိမှန်ပါက ပေါက်ကွဲထွက်သွားနိုင်သည်။

ဂြိုလ်ဆိုးတမန်တော်၏ ကိုယ်လုံးကိုယ်ပေါက်နှင့်ကိုယ်အလေးချိန်အား မေ့မထားသင့်ပေ။ ဂြိုလ်ဆိုးတမန်တော်သည် အထွတ်အထိပ်ဆဌမအဆင့်နတ်ဆိုးဖြစ်သည်။

သို့သော် နောက်ဆက်တွဲအဖြစ်အပျက်ကြောင့် ရှောင်ယုနှင့်အခြားသူများက တုန်လှုပ်သွားခဲ့ရသည်။

ရှောင်ယုကို အံ့အားသင့်စေသောအရာမှာ နဂါးလေးသည် ဂြိုလ်ဆိုးတမန်တော်၏ တိုက်ခိုက်မှုများကိုရှောင်တိမ်းရန် ကြိုးစားခြင်းမပြုခြင်းဖြစ်သည်။ သူသည် ဘောလုံးတစ်ခုကဲ့သို့ ဂြိုလ်ဆိုးတမန်တော်အား ပြေး၍ကန်ကျောက်လိုက်သည်။

နဂါးလေးသည် အမှန်ပင်ယုံကြည်မှုလွန်ကဲလှပေသည်။ အကယ်၍ ဂြိုလ်ဆိုးတမန်တော်သည် ယခင်ပုံစံအတိုင်းသာဆိုပါက ဤသို့လုပ်ဆောင်ခြင်းသည် ပြဿနာမရှိပေ။ သို့သော်လည်း လက်ရှိတွင် ဂြိုလ်ဆိုးတမန်တော်သည် ကိုယ်ပွားနှစ်ခုပေါင်းစပ်ခြင်းဖြင့်ဖြစ်ပေါ်လာသည့် ဖြစ်တည်မှုတစ်ခုဖြစ်ကာ သူ၏ခွန်အားနှင့်အလေးချိန်သည် အဆပေါင်းများစွာတိုးတက်လာခဲ့သည်။

ထို့နောက်တွင် နဂါးလေး၏ခြေထောက်နှင့်အသားလုံးတို့ထိမိ၍ နဂါးလေး၏နာကျင်စွာအော်ဟစ်သံကို ရှောင်ယုကြားလိုက်ရသည်။

"မင်းကအဲ့ဒါနဲ့ပဲတန်တယ်...ငါမင်းကိုရှောင်ဖို့မပြောခဲ့ဘူးလား...မင်းငါ့ကိုမနာခံတော့တာလား"

ရှောင်ယုက အော်ဟစ်လိုက်သည်။

နဂါးလေးသည် ကောင်းကင်ထက်သို့ပျံတက်သွားခဲ့ပြီး သူ၏တောင်ပံများကိုဖြန့်ထုတ်လိုက်ကာ သူ၏ခန္ဓာကိုယ်အားတည်ငြိမ်စေလိုက်သည်။

နဂါးလေးသည် ရှောင်ယုအနားသို့ဆင်းသက်လာပြီး ဒဏ်ရာရနေသောသူ၏ ခြေထောက်ကိုဆန့်ထုတ်လိုက်သည်။ သို့သော်လည်း ရှောင်ယုကိုကြည့်ခြင်းမရှိပေ။

"မင်းဘာတွေဖြစ်နေတာလဲ...ဘာလို့ခုချိန်ထိဦးနှောက်ကိုမသုံးချင်ရတာလဲ...မင်းတို့ကိုယ်မင်းတို့ညဏ်ကြီးရှင်လို့ထင်နေတာလား...ဒါမှမဟုတ်မင်းကိုယ်မင်းခရစ္စတီယာနိုရော်နယ်ဒိုတို့ မက်ဆီတို့လို့ယူဆနေတာလား"

ရှောင်ယုသည် အလွန်ဒေါသထွက်နေခဲ့သည်။ ဤကောင်လေးသည် တစ်ရက်ထက်တစ်ရက်ပို၍ သူ့အပေါ်နာခံမှုကင်းမဲ့နေခဲ့သည်။

နဂါးလေးကမူ ဘာမှပြန်မပြောဘဲ ရှောင်ယုအားစိတ်တိုင်းကျဆူခွင့်ပေးလိုက်သည်။

ရှောင်ယုသည်ခေါင်းခါလိုက်သော်လည်း သူသည်အနည်းငယ်အားကိုးရာမဲ့ဖြစ်နေခဲ့သည်။ သူသည် စကားအပိုမပြောတော့ဘဲ သူ၏လက်ကိုဝှေ့ယမ်းကာ ခိုင်ရင်းကိုတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ယခုအခါ ခိုင်ရင်းသည် နဂါးလေးကဲ့သို့အစွမ်းထက်လာပြီဖြစ်သည်။ သူ၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး မြေပြင်ပေါ်၌ ဂြိုလ်ဆိုးတမန်တော်ကို ညီတူညီမျှတိုက်ခိုက်နိုင်စွမ်းရှိပေသည်။

ဂြိုလ်ဆိုးတမန်တော်သည် လူတိုင်း၏နောက်ကွယ်တွင် ရုတ်တရက်ထွက်ပေါ်လာတတ်ကာ ၎င်းတို့အားစတင်တိုက်ခိုက်လာခဲ့သည်။ ယခုအခါ လူတိုင်းသည် ဂြိုလ်ဆိုးတမန်တော်ထံတွင် အရိုက်ခံနေရပြီး မတ်တပ်ရပ်ရန်ရုန်းကန်နေရသည်။

"ဟေး...ခုကောဘယ်လိုလဲ...မင်းတို့အရင်ကလောက်အဆင်ပြေသေးလား"

ဂြိုလ်ဆိုးတမန်တော်သည် သူ၏လက်ချက်ကြောင့် ဖရိုဖရဲဖြစ်နေသော လူတစ်စုကိုကြည့်ပြီး ကျေနပ်စွာခေါင်းညိတ်ပြလိုက်ကာ ပြုံးရွှင်စွာဖြင့်ပြောလိုက်သည်။

"အဆင်ပြေတယ်...အဆင်ပြေတယ်ကွ...ငါကိုယ်တိုင်မင်းခေါင်းကိုကန်ကျောက်ပြီး လက်စားချေပေးမယ်...ငါ့ကိုအခွင့်အရေးထပ်ပေး"

နဂါးလေးသည်ခုန်ထလာပြီး ချက်ချင်းအော်ဟစ်လိုက်သည်။

"နောက်တစ်ခေါက်ထပ်တိုက်ချင်သေးရင် ကိုယ့်ကိုကိုယ်အရင်ကုအုံး"

ရှောင်ယုက လေးနက်စွာပြောလိုက်သည်။

နဂါးလေးသည် ပြန်ထိုင်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပေ။

"နဂါးလေး...ဒီမှာကောင်းကောင်းအနားယူပြီးတော့ ငါတိုက်ခိုက်နေတာကိုစောင့်ကြည့်နေလိုက်"

ခိုင်ရင်းသည် ကြီးစိုးသောပုံစံဖြင့် သူ၏ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။

နဂါးလေးသည် ခဏလောက်အံ့သြသင့်သွားပြီးနောက် ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

မင်းကဘာလို့အရမ်းစိတ်လှုပ်ရှားနေရတာလဲ...နဂါးလေးသည် ခိုင်ရင်းနှင့်အတူ အချိန်အတော်ကြာပေါင်းဖက်ခဲ့ဖူးပြီး နဂါးလေး၏အကြံအစည်အားလိုက်နာသည့်အခါတိုင်း ရလဒ်ကောင်းများအားရရှိပိုင်ဆိုင်ခဲ့ပေသည်။

နဂါးလေးသည် ခိုင်ရင်းကိုခဏလောက်စိုက်ကြည့်ပြီးနောက် ခိုင်ရင်း၏ဆိုလိုရင်းကို နားလည်သွားခဲ့ကာ ပြန်၍ပြုံးပြလိုက်ပြီး အလျင်စလိုထလာခဲ့သည်။

သူ၏မူလပုံစံသို့ ပြန်လည်ရောက်ရှိလာခဲ့သော ဂြိုလ်ဆိုးတမန်တော်သည် မလှုပ်မရှားရပ်နေခဲ့သည်။ ယင်းအစားသူသည် အထင်အမြင်သေးစွာဖြင့် သူ့ထံသို့ပြေးဝင်လာခဲ့သော ခိုင်ရင်းကို စိုက်ကြည့်လိုက်သည်။ သူသည် ခိုင်ရင်း၏တိုက်ခိုက်ပုံအား အချိန်အတော်ကြသည်အထိစောင့်ကြည့်ခဲ့ဖူးသော်လည်း ခိုင်ရင်း၏အစွမ်းသတ္တိအား သူမည်သို့မှနားလည်နိုင်စွမ်းမရှိသေးပေ။

ဂြိုလ်ဆိုးတမန်တော်သည် သူ့ကိုယ်သူမတူညီသော ကိုယ်ပွားများအဖြစ် ပိုင်းခြားထားခဲ့သည်။ သူ၏ကိုယ်ပွားများသည် သူ့ထံသို့ သတင်းအချက်အလက်များကို ပြန်လည်ပေးပို့နိုင်သည်။ ထို့ကြောင့်အခြားသူများတွင် မည်သို့သောလက္ခဏာများနှင့်ကျွမ်းကျင်မှုများရှိနေပါစေ သူသည်ရန်သူများ၏အချက်အလက်အား ရှင်းရှင်းလင်းလင်းသိရှိထားသည်။ ခိုင်ရင်းသည် အလွန်သန်မာပြီး သူကထိုအကြောင်းကိုသဘာဝကျစွာနားလည်ထားပေသည်။

သူ၏နောက်ဆုံးကျွမ်းကျင်မှုသည် အလွန်ပင်အားကောင်းသော်လည်း ထိုကျွမ်းကျင်မှုအားအသုံးပြုရန်အတွက် စွမ်းအင်ကုန်ဆုံးမှုအလွန်ကြီးမားကာ ကြာရှည်အသုံးပြုနိုင်ခြင်းမရှိပေ။

အနည်းဆုံးတော့ လက်ရှိအချိန်တွင် သူ၏ခန္ဓာကိုယ်သည် လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။ သူသည် ဂြိုလ်ဆိုးပျက်စီးမှုအစွမ်းအား ထုတ်ဖော်လိုက်သည့်အချိန်တိုင်း ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများအား ပြန်လည်ချိန်ညှိရန်အတွက် ၁၀စက္ကန့်ခန့်အချိန်လိုပေသည်။ ထိုအချိန်၌ အတင်းအကျပ်လှုပ်ရှားမည်ဆိုပါက သူသည်ကြီးမားသည့်နောက်ဆက်တွဲဆိုးကျိုးအား ခံစားရမည်ဖြစ်သည်။

ငါးစက္ကန့်ကုန်လွန်သွားခဲ့ပြီဖြစ်ကာ ခိုင်ရင်းကတဟုန်ထိုးပြေးဝင်လာချိန်၌ ၇စက္ကန့်ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

သူသည်ဤနေရာသို့ရောက်ရှိရန် အနည်းဆုံး၁၀စက္ကန့်မှ ၁၂စက္ကန့်ထိကြာမြင့်မည်ဖြစ်သည်။

ဂြိုလ်ဆိုးတမန်တော်၏ပါးစပ်ထောင့်စွန်းသည် အပေါ်ဘက်သို့ တွန့်ကွေးသွားခဲ့ကာ ခိုင်ရင်းရောက်ရှိလာမည့်အချိန်ကို တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။

၁၀စက္ကန့်ကုန်လွန်သွားချိန်တွင်...

ဒိုင်း...

ဂြိုလ်ဆိုးတမန်တော်သည် ကြီးမားသည့်အရှိန်အဟုန်ဖြင့် ခိုင်ရင်းထံသို့တဟုန်ထိုးပြေးဝင်လာခဲ့သည်။

ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ သူ၏နှလုံးသားထဲမှနေ၍ သက်ပြင်းချလိုက်မိသည်။ ယခုလို အခွင့်အလမ်းကောင်းအား ဆုံးရှုံးသွားခဲ့ပြီးနောက်တွင် နောက်ထပ်တစ်ကြိမ်ထပ်မံရရှိရန် နည်းလမ်းမရှိတော့ပေ။

"လူတိုင်းသူ့ကိုတားထားကြ...သူ့ကိုမလှုပ်စေနဲ့"

ရှောင်ယုသည် အနည်းငယ်စိတ်မသက်မသာဖြစ်နေခဲ့သည်။

လူတိုင်းသည် ဂြိုလ်ဆိုးတမန်တော်ထံသို့ပြေးဝင်သွားခဲ့ကာ အမျိုးမျိုးသောတိုက်ခိုက်မှုမျိုးစုံဖြင့် ထုတ်ဖော်တိုက်ခိုက်ခဲ့ကြသည်။

ယခုတစ်ကြိမ်၌ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏စွမ်းဆောင်ရည်သည် မဆိုးလှသည့်အပြင် မည်သည့်လှည့်ကွက်ကိုမှ ထုတ်မသုံးခဲ့ပေ။ ယင်းအစားသူတို့သည် ဂြိုလ်ဆိုးတမန်တော်အားတိုက်ခိုက်ရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။

သူတို့သည် အချိန်တိုလေးအတွင်း တိုက်ခိုက်နိုင်သည့်နည်းလမ်းအားလုံးနီးပါးကို ပြသခဲ့ပြီး ဂြိုလ်ဆိုးတမန်တော်သည် အမျိုးစုံသောတိုက်ခိုက်မှုများကြားထဲ နစ်မြုပ်သွားခဲ့သည်။

တာဝေးပစ်တိုက်ခိုက်မှုများ ခေတ္တရပ်တန့်သွားပြီး နောက်တစ်ကြိမ်တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် အနီးကပ်တိုက်ခိုက်သူများသည် ဂြိုလ်ဆိုးတမန်တော်၏အနားသို့ ရောက်လာခဲ့ကြသည်။ ထို့နောက် သူတို့သည်လက်နက်များကို အဆက်မပြတ်ဝှေ့ယမ်းလိုက်ကြပြီး ဂြိုလ်ဆိုးတမန်တော်၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများကို ချန်ရစ်ထားခဲ့သည်။

"လူယုတ်မာတွေ...ယုတ်မာလိုက်တဲ့တွားသွားသတ္တဝါတွေ"

ဂြိုလ်ဆိုးတမန်တော်သည် ဘာဆက်လုပ်ရမှန်းမသိတော့၍ ထပ်ခါထပ်ခါဟိန်းဟောက်လိုက်သည်။ သူသည် အစွမ်းထက်သော်လည်း လူများစွာကိုမကိုင်တွယ်နိုင်ပေ။

ဂြိုလ်ဆိုးတမန်တော်သည် စိတ်ပျက်အားငယ်စွာဖြင့် တိုက်ခိုက်မှုများကို ကြိုးစား၍ခုခံနေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့အားဆင့်ခေါ်ခဲ့သည့် ဆဌမအဆင့်နတ်ဆိုးမှော်ဆရာ အော်ဂတ်စတတ်နှင့်လည်း ဆက်သွယ်ရန်အထူးနည်းလမ်းအားအသုံးပြုခဲ့သည်။

"ငါ့ကိုဆင့်ခေါ်ခဲ့တဲ့သူရဲကောင်း...မင်းငါ့ကိုမကူညီဘူးဆိုရင် ငါဆက်ပြီးတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး"

ဂြိုလ်ဆိုးတမန်တော်က ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သို့သော်ဤသည်မှာ သူ၏လုပ်နိုင်စွမ်းအကုန်သာဖြစ်သည်။ အော်ဂတ်စတတ်သည် သူ့အားဆင့်ခေါ်သူဖြစ်ပေရာ သူဘာမှလုပ်၍မရပေ။

"ငါသိတယ်...မင်းဆက်ပြီးတော့တောင့်ခံထားလိုက်...ငါအခြားနည်းလမ်းတစ်ခုကိုစဉ်းစားလိုက်မယ်"

အော်ဂတ်စတတ်က စိတ်မရှည်သောလေသံဖြင့်ပြောလိုက်သည်။ သူသည် ဤသို့ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ သူဤနေရာ၌ ရှိနေရသည့်တစ်ခုတည်းသောအကြောင်းရင်းမှာ ဤလူများကိုစောင့်ကြည့်လေ့လာပြီး သူတို့နှင့်ပတ်သက်သောအချက်အလက်များကို ပိုမိုစုဆောင်းကာ နောင်တစ်ချိန်၌လက်စားချေရန်ဖြစ်သည်။

ဂြိုလ်ဆိုးတမန်တော်သည် ငတုံးတစ်ယောက်မဟုတ်ကြောင်း ထင်ရှားပေသည်။

"မင်းသာမကူညီဘူးဆိုရင် ငါ့ကိုအပြစ်မတင်နဲ့တော့...မင်းငါ့ကိုဆင့်ခေါ်ခဲ့တယ်ဆိုရင်တောင်မှ ငရဲကိုငါမပြန်နိုင်အောင်လို့ မင်းတားဆီးနိုင်မှာမဟုတ်ဘူး"

အော်ဂတ်စတတ်၏မျက်လုံးများတွင် ဒေါသအရိပ်အမြွက်များဖြစ်ပေါ်လာခဲ့သည်။ သူသည် အစွမ်းထက်ကာမွန်မြတ်သော စစ်သည်တော်တစ်ယောက်ဖြစ်သည်။ ယခုအခါတွင် သူသည်သူကိုယ်တိုင်ဆင့်ခေါ်ထားသော နတ်ဆိုးတစ်ပါး၏ခြိမ်းခြောက်မှုအား ခံနေရသည်မှာ အလွန်ရှက်စရာကောင်းသည့်ကိစ္စတစ်ခုဖြစ်သည်။

အော်ဂတ်စတတ်က တိတ်ဆိတ်နေသည်ကိုမြင်သောအခါ ဂြိုလ်ဆိုးတမန်တော်သည် မည်သည့်စကားမှမဆိုတော့ပေ။ သူ၏အရင်စကားများသည် လုံလောက်နေပြီဖြစ်သည်။ အော်ဂတ်စတတ်သာ သူ့အားမကူညီပါက သူသည်ကံမကောင်းသူဖြစ်သွားမှာဖြစ်သည်။

ကံမကောင်းစွာဖြင့် သူသည်အော်ဂတ်စတတ်အား လျော့တွက်မိနေဆဲဖြစ်သည်။

အော်ဂတ်စတတ်သည် သူ့ရှေ့မှလူများအား စူးစိုက်ကာကြည့်ရှုလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများနှင့်အတူ သူ၏ခန္ဓာကိုယ်သည် စတင်ပြောင်းလဲလာခဲ့ပြီး သူ၏ခန္ဓာကိုယ်အား စတင်ဝိုင်းရံလာခဲ့ကာ မမြင်ရတော့ပေ။

မကြာခင်မှာဘဲ အော်ဂတ်စတတ်သည် ကြွက်တစ်ကောင်အရွယ်ရောက်သည်ထိ သူ၏ခန္ဓာကိုယ်အရွယ်အစားကို ပြောင်းလဲလိုက်သည်။ ထို့နောက် သူ၏ပါးစပ်ထဲမှနေ၍ ခရမ်းရောင်အခိုးအငွေ့များကိုမှုတ်ထုတ်လိုက်ကာ သူ့အားဝိုင်းရံထားသည့် ပါးလွှာသည့်မြူထုတစ်ခုအား ဖန်တီးလိုက်သည်။

အော်ဂတ်စတတ်သည် ထိုအခွင့်အရေးအားဆုပ်ကိုင်ရင်း ထွက်ပြေးသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် အဓိကတရားခံသည် ထွက်ပြေးလွတ်မြောက်သွားသည်ကို မည်သူမှမသိကြသေးပေ။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ဂြိုလ်ဆိုးတမန်တော်သည် အရာအားလုံးမူမမှန်ကြောင်း ခံစားမိပေသည်။ သူသည် အချို့သောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်အပြီးတွင် အော်ဂတ်စတတ်ကထွက်ပြေးသွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်သည်။

"သေစမ်း အော်ဂတ်စတတ်...မင်းကွာ...မင်းကတော်တော်လေးရွံစရာကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပဲ...မင်းရဲ့ရဲဘော်ရဲဖက်တွေကို ဒီလိုနည်းနဲ့စွန့်ပစ်ပြီးတော့ တစ်ယောက်တည်းထွက်ပြေးသွားတာပေါ့"

ဂြိုလ်ဆိုးတမန်တော်က ထပ်ခါထပ်ခါဟိန်းဟောက်လိုက်သည်။

ရှောင်ယု၊နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် တစ်ယောက်ကိုတစ်ယောက် ထူးဆန်းသောအကြည့်ဖြင့်ကြည့်လိုက်ကြသည်။

ဒီကောင်ဘယ်တုံးကထွက်ပြေးသွားတာလဲ...ဒါကဟာသတစ်ခုမဟုတ်ဘူးနော်...ငါတို့ကအကျိုးအမြတ်လေးရဖို့အတွက် အဲ့ကောင်ကိုဖမ်းမလို့တွေးနေတာလေ

ရှောင်ယုသည် အော်ဂတ်စတတ်ရပ်နေခဲ့သည့်နေရာကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

လူတိုင်းသည် ခဏလောက်စကားမပြောဘဲ သနားစိတ်ဝင်နေသည့်အကြည့်ဖြင့် ဂြိုလ်ဆိုးတမန်တော်အား စိုက်ကြည့်လိုက်ကြသည်။

ရှောင်ယုအမှန်တကယ်လိုချင်သည်မှာ ဂြိုလ်ဆိုးတမန်တော်နှင့် အော်ဂတ်စတတ်အား သတ်ဖြတ်ခဲ့သည့်အတွေ့အကြုံမှတ်များဖြစ်သည်။

"သူ့ကိုသတ်ကြ...တစ်ယောက်ကထွက်ပြေးသွားပြီ ဒီတစ်ယောက်ကိုတော့အလွတ်မပေးနိုင်တော့ဘူး"

ရှောင်ယုက ဆိုးသွမ်းသောလေသံဖြင့်ပြောလိုက်သည်။

အခန်း ၄၀၁ - ရတနာသိုက်

အော်ဂတ်စတတ် ထွက်ပြေးသွားသည်ကိုတွေ့ရှိပြီးနောက်တွင် ဂြိုလ်ဆိုးတမန်တော်သည် ဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ထွက်ပြေးချင်လာခဲ့သည်။

အမှန်တော့ ဤဂြိုလ်ဆိုးတမန်တော်ထံ၌ သူ၏ကိုယ်ပိုင်စဉ်းစားဆင်ခြင်ညဏ်ရှိပေသည်။ သူသည် သူ၏စွမ်းအားကိုဖြည့်တင်းရန် လူ၏အသားကို စားလိုပေသည်။ သို့သော်လည်း ဤလူများ၏ခွန်အားသည် သာမန်ထက်မြင့်မားနေမည်ဟု သူမျှော်လင့်ထားခဲ့ခြင်းမရှိပေ။

ဂြိုလ်ဆိုးတမန်တော်သည် ဆက်လက်တိုက်ခိုက်နေခဲ့သည်။ သူသည် ဒဏ်ရာပြင်းထန်စွာရရှိထားသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ သူလုပ်ဆောင်နိုင်သောအရာမရှိပေ။

အဆုံးသတ်တွင် ဒဏ်ရာများပြန်လည်သက်သာသွားခြင်းက သူတိုက်ရိုက်သတ်ဖြတ်ခံရသည်ထက် ပိုကောင်းသည်မဟုတ်ပါလော။

ဂြိုလ်ဆိုးတမန်တော်သည် ခိုင်ရင်းနှင့်အခြားသူရဲကောင်းများကို တိုက်ခိုက်နေရင်း ကျိန်ဆဲလိုက်သည်။

"မိုက်မဲလိုက်တဲ့ တွားသွားသတ္တဝါလေးတွေ...နောင်တစ်ချိန်မှာ မင်းတို့အားလုံးအပြစ်ပေးခံရလိမ့်မယ်"

ထို့နောက်တွင် ဂြိုလ်ဆိုးတမန်တော်သည် အနီရောင်အခိုးအငွေ့များကို ဖန်တီးလိုက်ပြီးနောက်တွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုအား ဖွင့်လှစ်လိုက်သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်သည် အက်ကြောင်းအတွင်းသို့တိုးဝင်ကာ ထွက်ပြေးသွားခဲ့သည်။

"သေစမ်း...မင်းဘာလို့ထွက်ပြေးတာလဲ...ငါ့ရဲ့အတွေ့အကြုံမှတ်တွေကတော့ သွားပါပြီ"

ရှောင်ယုက သူ၏နှလုံးသားထဲတွင်အော်ဟစ်လိုက်သည်။ ဤဂြိုလ်ဆိုးတမန်တော်သည် အမှန်တကယ်ပင်ထွက်ပြေးခဲ့သည်။

"ဟူး...နောက်ဆုံးတော့ငါတို့လုံခြုံပြီလား..."

နီကိုးလပ်စ်က အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်။

လီယိုနာဒိုသည် နှစ်ကြိမ်တိုင်တိုင်သက်ပြင်းချကာ ရှောင်ယုအား စိတ်ပျက်လက်ပျက်အမူအရာဖြင့် လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။

"ကောင်းပြီ...လူကြီးမင်းတို့အနားယူသင့်ပြီထင်တယ်...နောက်ဆုံးတော့ဒီတိုက်ပွဲမှာ ငါတို့အောင်ပွဲရခဲ့ပြီ...ဟားဟား"

နီကိုးလပ်စ်က လက်ခုပ်တီးရင်းပြောလိုက်သည်။

ရှောင်ယုသည် အလွန်ပင်စိတ်မသက်မသာဖြစ်ကာ ထိုင်ချလိုက်တော့သည်။ ဤမျှရှည်လျားလှသော တိုက်ပွဲအပြီးတွင် သူသည်အမှန်တကယ်ပင်ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်သည်။

အချိန်ကိုသတိထားမိလိုက်ချိန်တွင် အမှောင်ထုစတင်လွှမ်းခြုံလာသည်ကို လူတိုင်းသတိထားမိလိုက်ကြသည်။

"ကောင်းပြီ...ခုအနားယူကြတာပေါ့"

ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းကာ ဘာမှမပြောတော့ပေ။ ဤတိုက်ပွဲအားဖြတ်ကျော်အပြီးတွင် လူတိုင်းပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။

နီကိုးလပ်စ်သည် လီယိုနာဒိုနှင့်ရှောင်ယုတို့အား လက်ဝှေ့ယမ်းပြလိုက်ကာ သူတို့ထံသို့ရောက်လာခဲ့သည်။

"ဘာလဲ..."

ရှောင်ယုက စိတ်ပျက်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဂြိုလ်ဆိုးတမန်တော်ထွက်ပြေးသွား၍ သူသည်ယခုထိတိုင်စိတ်ဓာတ်ကျနေဆဲဖြစ်သည်။ ထိုဂြိုလ်ဆိုးတမန်တော်သည် သူ့အားအတွေ့အကြုံမှတ်များစွာ ပေးအပ်နိုင်ပေသည်။

"နောက်ထပ်ဘာဖြစ်ရမှာလဲ...ငါတို့ရတနာသိုက်ကိုဘယ်တော့သွားရှာမှာလဲ"

နီကိုးလပ်စ်က ပြုံးပြုံးလေးပြောလိုက်သည်။

"ခုသွားကြရအောင်…"

ရှောင်ယုက ပြောလိုက်သည်။

ရှောင်ယု၏တုံ့ပြန်မှုက လီယိုနာဒိုအား ချက်ချင်းထိတ်လန့်သွားစေခဲ့သည်။

"ခုသွားကြမလား...ငါတို့မနက်ဖန်ထိစောင့်ပြီးမှသွားသင့်တယ်ထင်တယ်...အနဲဆုံးတော့မိုးလင်းတဲ့ထိ ငါတို့စောင့်သင့်တယ်"

လီယိုနာဒို၏စကားကိုကြားသော် ရှောင်ယုက ချက်ချင်းပင်ပြုံးလိုက်သည်။

ငတုံး...ဒီလိုအလေးအနက်ထားရမယ့်အရာကို ငါတို့ကဘယ်လိုလုပ်ပြီးမေ့ထားရမှာလဲ

"အင်း...ငါတို့အခုပဲသွားသင့်ပြီထင်တယ်...ငါတို့ထက်အရင်နေဝင်ချိန်နွံအိုင်ကို စောရောက်နေတဲ့သူတွေရှိတယ်...အဲထဲကတစ်ယောက်ယောက်က ရတနာသိုက်ကိုရှာတွေ့ပြီး ရသွားမယ်ဆိုရင် ငါတို့အတွက်မကောင်းဘူး"

ရှောင်ယုသည် ခဏလောက်စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ ယခုအခါ သူသည်မည်သို့မှ ဆက်မလုပ်လိုသော်လည်း သူတတ်နိုင်သည့်အရာမရှိပေ။

"ကဲပါ...မနက်ဖြန်မှသွားမယ်ဆိုတာကလည်း ဆိုးဝါးတဲ့အကြံမဟုတ်ဘူး...လောလောဆယ်ငါတို့အရမ်းကိုပင်ပန်းနေပြီ...ရတနာသိုက်ကိုရောက်လို့ ပြဿနာတစ်စုံတစ်ရာတွေ့ရင် ငါတို့ဘာဆက်လုပ်ကြမလဲ"

နီကိုးလပ်စ်က သူ့မေးစေ့ကိုပွတ်ရင်းပြောလိုက်သည်။

ရှောင်ယုက မကျေမနပ်ဖြင့်သက်ပြင်းချလိုက်သည်။ နီကိုးလပ်စ်သည်ပင် ယခုအချိန်၌ရတနာသိုက်သို့သွားရောက်ခြင်းက အလွန်အန္တာရယ်များနေမည်ကို စိုးရိမ်နေပုံရသည်။

ခဏလောက်စဉ်းစားအပြီးတွင် ရှောင်ယုကနောက်ဆုံး၌သဘောတူလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

"အင်း...အဲ့ဒါဆိုရင်လည်း မနက်ဖြန်ထိစောင့်မယ်...ဒါပေမဲ့"

"ဒါပေမဲ့ဘာလဲ...ရတနာတွေအခိုးခံရမှာကို စိုးရိမ်နေသေးတာလား...အိုးနီကိုးလပ်စ်နဲ့ငါကမိသားစုနောက်ခံကြီးကြီးမားမားရှိတာကြောင့် မင်းစိတ်ချထားနိုင်တယ်...ငါတို့မိသားစုကြီးတွေကဘယ်တော့မှခိုးမှာမဟုတ်ဘူး...ဒါပေမဲ့ရတနာသိုက်ကိုစောင့်ကြပ်ဖို့လူအချို့ကိုတော့ ငါတို့ရွေးထားသင့်တယ်...မဟုတ်ရင်အစောင့်ရှိမှာမဟုတ်ဘူး"

လီယိုနာဒိုက ဝင်ရောက်ပြောဆိုလိုက်သည်။ ယခုတိုက်ပွဲအဆုံးသတ်သွားပြီးနောက်တွင် သူနှင့်ရှောင်ယုအကြားစကားလုံးတိုက်ပွဲက စတင်နေပြီဖြစ်သည်။

"အရေးမကြီးဘူး...မင်းကလွဲပြီးတော့ဘယ်သူ့ကိုမဆိုရွေးနိင်တယ်...ငါမယုံကြည်ရဆုံးလူကမင်းပဲ"

ရှောင်ယု၏မျက်နှာပေါ်၌ ရက်စက်သောအပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။ လီယိုနာဒိုသည် သူ့အပေါ် မယဉ်ကျေးတော့သည်ဖြစ်ရာ သူသည်လည်းယဉ်ကျေးနေစရာမလိုတော့ပေ။

ထိုအခိုက်အတန့်တွင် လီယိုနာဒို၏မျက်နှာသည် ချက်ချင်းပြောင်းလဲသွားခဲ့ကာ တစ်ခုခုပြောခါနီးတွင် နီကိုးလပ်စ်ကကြားဖြတ်နှောင့်ယှက်လိုက်သည်။

"တော်ကြတော့...ငါတို့ကအဖွဲ့တစ်ခုပဲ...စိတ်ဝမ်းမကွဲကြနဲ့...ဒီအကြောင်းကိုနောက်မှပြောရအောင်...ငါ့အမြင်အရဆိုရင် အစောင့်အနေနဲ့တဖွဲ့ကို တစ်ယောက်စီလွှတ်ရအောင်...တစ်ယောက်ယောက်ကအတင်းဝင်ဖို့ကြိုးစားရင် လူတိုင်းကချက်ချင်းသတ်ဖြတ်နိုင်တယ်"

နီကိုးလပ်စ်က မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။ ယခုအခါ သူတို့နှစ်ယောက်ကြားမှ သဘောထားကွဲလွဲမှုသည် ပိုမိုတင်းမာလာသည့်အတွက် သူပင်ကူကယ်ရာမဲ့ဖြစ်ခဲ့ရသည်။

သူတို့၃ယောက်လုံးသည် အစောင့်အဖြစ်လုပ်ကိုင်ရန်အတွက် သူတို့ယုံကြည်စိတ်ချရသည့် လူ၁ယောက်စီကိုကြည့်လိုက်ရသည်။

ရှောင်ယုသည် အစောင့်တစ်ယောက်ကို ရွေးချယ်ပြီးနောက်တွင် မတည်ငြိမ်သောအမူအရာဖြင့် အိပ်ပျော်သွားခဲ့သည်။ ဤနေ့သည် လွန်စွာအလုပ်များသောနေ့ဖြစ်ကာ သူအမှန်ပင်မောပန်းနွမ်းနယ်နေခဲ့သည်။

နောက်နေ့မနက်...

ကျယ်လောင်သောပေါက်ကွဲသံကိုကြားလိုက်ချိန်တွင် ရှောင်ယုက ချက်ချင်းလန့်နိုးလာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ..."

ရှောင်ယုသည် ကုတင်ပေါ်မှခုန်ထလိုက်ကာ ပတ်ဝန်းကျင်အခြေအနေအားစူးစမ်းလိုက်သည်။ ခဏလောက် စူးစမ်းကြည့်ပြီးနောက်တွင် ထိုအသံသည်မည်သည့်နေရာမှလာကြောင်း ရှောင်ယုသိလိုက်ရသည်။

ဂူကိုစောင့်ကြပ်နေသော လူ၃ယောက်သည် သူတို့၏ဦးခေါင်းပေါ်မှပြုတ်ကျလာသည့် ကျောက်တုံးကြီးကို ရုတ်တရက်သတိထားမိလိုက်ကြပြီး သူတို့ထံဦးတည်ကျဆင်းလာကြောင်းတွေ့လိုက်ရသည်။

ထို့ကြောင့် လူ၃ယောက်သည် ကျောက်တုံးကြီးများကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် တိုက်ခိုက်လိုက်ကြခြင်းဖြစ်သည်။

အိပ်ရာမှလန့်နိုးလာသည့် ရှောင်ယုသည်မှုန်ကုပ်ကုပ်ဖြစ်နေခဲ့သည်။ သူသည် အချိန်အတော်ကြာအောင်စူးစမ်းလေ့လာခဲ့သော်လည်း မည်သည့်ပြဿနာကိုမှမတွေ့ခဲ့ရပေ။

ထိုအချိန်မှ ရှောင်ယုကမကျေမနပ်ဖြင့် သမ်းဝေလိုက်သည်။

"ဒီမှာဘာတွေဖြစ်သွားတာလဲ နီကိုးလပ်စ် မင်းကငါ့ထက်စောနိုးနေတာမလား"

"မသိဘူးလေ"

နီကိုးလပ်စ်သည် စိတ်ကောင်းဝင်နေပုံရပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြန်ဖြေလိုက်သည်။

ရှောင်ယုသည် အမှန်တကယ်ပင်စိတ်ဆိုးသွားခဲ့ကာ ယခုမှရောက်ရှိလာသည့် လင်းမူရွယ်၏လက်ထဲမှ ရေနွေးခွက်ကိုယူကာ တစ်ကျိုက်တည်းမော့ချလိုက်သည်။

"တစ်ခုခုမှားနေတာလားမိုင်ယဗ်..."

ရှောင်ယုကမေးလိုက်သည်။

"ဘာမှပြဿနာမတွေ့ဘူး...မြေဆီလွှာတွေချောနေလို့ ကျောက်တုံးပြိုကျတာဖြစ်နိုင်တယ်"

မိုင်ယဗ်က မရေမရာအဖြေပြန်ပေးလိုက်သည်။

ရှောင်ယုသည် ခဏလောက်စဉ်းစားအပြီးတွင် မနက်စာပြင်ဆင်ရန်အတွက် လူတိုင်းကိုအမိန့်ပေးလိုက်သည်။

ရှောင်ယု၏အမိန့်ကိုကြားချိန်တွင် လူတိုင်းကမနက်စာကိုကြိုတင်ပြင်ဆင်လိုက်ကြသည်။ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ကလည်း ဆာလောင်မှုကိုဖြေရှင်းရန်အတွက် သူ့လူများကိုပြင်ဆင်ကြရန်အမိန့်ပေးလိုက်ကြသည်။

လူတိုင်းအလုပ်ရှုပ်နေသည်ကို အခွင့်ကောင်းယူပြီး ရှောင်ယုသည်မှင်စာလေးတစ်ကောင်ကို ခေါ်လိုက်သည်။ ရှောင်ယုသည် ဤမှင်စာကိုတမင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း၌ဂရစ်ဖင်ပေါ်တွင်ရှိနေခဲ့သည်။ မည်သို့ပင်ဆိုစေ မှင်စာများ၏ခန္ဓာကိုယ်သည်လေးလံခြင်းမရှိသည့်အတွက်ကြောင့် ဂရဖစ်ဖင်အပေါ်၌ရှိနေခြင်းသည် တစ်စုံတစ်ရာထိခိုက်ခြင်းမရှိခဲ့ပေ။

"မနက်ဖြန်...မင်းငါနဲ့အတူဂူထဲလိုက်ဝင်ရမယ်...ဂူထဲကိုရောက်ပြီးတဲ့နောက်မှာ ရတနာတွေ၊လျှို့ဝှက်အခန်းတွေကို ရှာတွေ့ခဲ့မယ်ဆိုရင် ငါ့ကိုတိတ်တဆိတ်အကြောင်းကြားရမယ် မင်းနားလည်လား"

ရှောင်ယုသည် သူ့ထက်ပင်အရပ်ပုသည့်မှင်စာအား တိုးတိုးလေးအမိန့်ပေးလိုက်သည်။

"နားလည်ပါပြီအရှင်...အရှင်စိတ်ချထားလိုက်ပါ...ရတနာတွေနဲ့လျှို့ဝှက်အခန်းတွေကို ငါအစွမ်းကုန်ရှာဖွေပေးမယ်"

မှင်စာလေးကလည်း သူအစွမ်းကုန်လုပ်ဆောင်မည်ဟု ရှောင်ယုအားချက်ချင်းကတိပေးလိုက်သည်။

ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ရှောင်ယုကထပ်ပြောလိုက်သည်။

"ဒီလိုလုပ်ရအောင် မင်းကိုသိုလှောင်လက်စွပ်တစ်ကွင်းပေးလိုက်မယ်...မင်းအထဲဝင်ပြီးလို့ရတနာတွေရှာလို့တွေ့တဲ့အခါကျရင် သိုလှောင်လက်စွပ်ထဲမှာ တိတ်တိတ်လေးသိမ်းထားလိုက်...ပြီးတော့ကောင်းတဲ့အရာလေးတွေကို နောက်မှငါ့ကိုပြန်ပေး...ငါပြောတာနားလည်တယ်မလား"

မှင်စာ၏ပါးစပ်ထောင့်စွန်းသည် ကော့တက်သွားခဲ့သည်၊သူသည်ချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး ရှောင်ယုလက်ထဲမှသိုလှောင်လက်စွပ်ကို ယူလိုက်သည်။ သူသည်သခင်ဖြစ်သူ၏ အတွေးများကို မည်သို့မတွေးမိဘဲနေမည်နည်း။

သခင်သည် သူ့အားအမြဲလိုလိုကောင်းမွန်စွာဆက်ဆံခဲ့သည်။ သူသာ သခင့်ကိုစိတ်ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်သရွေ့ သခင်ကလည်း သူ့ကိုအကျိုးခံစားခွင့်ပေးမည်ဖြစ်သည်။

အခန်း ၄၀၂ - အမြတ်ခွဲဝေခြင်း

မကြာခင် ရတနာများကိုသိုဝှက်ထားသည့် ဂူထဲသို့ဝင်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။

"လူတွေအများကြီး ဝင်ဖို့မသင့်တော်ဘူးထင်တယ်"

ရှောင်ယုက ဝမ်းသာအားရလေသံဖြင့်ပြောလိုက်သည်။ သူသည် ရတနာများကိုရှာဖွေရတော့မည်ဖြစ်ရာ မပျော်ဘဲမနေနိုင်ပေ။

နီကိုးလပ်စ်က ခေါင်းညိတ်ပြီးပြောလိုက်သည်။

"အဲ့ဒါအမှန်ပဲ...ငါတို့တစ်ဖွဲ့ကလူ၁၀ယောက်စီဝင်ကြမယ် ဘယ်လိုလဲ"

"ငါတော့ဂရုမစိုက်ဘူး...ငါကရတနာတွေကိုပဲလိုချင်တယ်"

လီယိုနာဒိုက တိုးတိုးလေးပြောလိုက်သည်။ သူ၏မျက်လုံးများသည် ခပ်မှိန်မှိန်တောက်ပနေကာ သူ့အစီအစဉ်နှင့်သူရှိနေပုံရသည်။

ရှောင်ယုထံ၌ လူအနည်းငယ်သာရှိ၍ သဘာဝကျစွာပင်ကျေနပ်နေခဲ့သည်။

"ဒီလိုလုပ်ရအောင်...အထဲမှာရတနာတွေကိုဘယ်လိုရှာကြမလဲ...ငါတို့အတူတူရှာကြမလား...ဒါမှမဟုတ်သီးသန့်ခွဲပြီးလိုက်ရှာကြမလား"

ရှောင်ယုကပြုံး၍ပြောလိုက်သည်။ ဤကောင်များသည် ရတနာများကိုအတူတူရှာဖွေချင်သည်ဟု သူလုံးဝမယုံကြည်ပေ။

ရတနာများကို အတူတူရှာဖွေရန်ဆုံးဖြတ်လိုက်ပါက လူတိုင်းသည်တူညီသောရတနာများကိုသာ ရရှိမှာဖြစ်သည်။

လောဘသည် လူသားတိုင်း၏သဘာဝဖြစ်သည်။ အကျိုးအမြတ်များများရနိုင်ပါက လူတိုင်းသည်အရှုံးမပေးတတ်ကြပေ။

"သီးသန့်ရှာမယ်...ငါသာမင်းတို့နဲ့တူတူရှာရင် ဘာကိုမှ ရှာလို့တွေ့မှာမဟုတ်ဘူး"

လီယိုနာဒိုက စိတ်ပိုင်းဖြတ်ထားသည့် လေသံဖြင့်ပြောလိုက်သည်။

ရှောင်ယုသည် သူ၏နှုတ်ခမ်းကိုပွတ်လိုက်ကာ လှောင်ပြောင်လိုက်သည်။

"ဘယ်သူကမင်းနဲ့တူတူလိုက်ချင်လို့လဲ...ဟီးဟီး မင်းသာရတနာတွေရှာမတွေ့ရင် ငိုဖို့မစဉ်းစားနဲ့"

သူတို့နှစ်ဦး ထပ်မံငြင်းခုံနေကြသည်ကိုမြင်လျှင် နီးကိုးလပ်စ်စိတ်ညစ်သွားခဲ့သည်။

"မင်းတို့နှစ်ယောက်က ဘာလို့ကလေးတွေလိုမျိုး အချိန်ပြည့်ရန်ဖြစ်နေကြတာလဲ...မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုမုန်းတီးမှုရှိနေရင်တောင်မှ လောလောဆယ်မရပ်နိုင်ကြသေးဘူးလား...ကောင်းပြီငါတို့အတူတူသွားကြတာပေါ့...ရလာတာတွေကိုနောက်မှခွဲမယ်"

လီယိုနာဒိုက ခေါင်းညိတ်ပြလိုက်သည်။ ဤအရာသည် သူလိုချင်သည့်အတိုင်းဖြစ်၍ ရှောင်ယုငြင်းစရာအကြောင်းမရှိပေ။

"ကဲ ဒါဆိုလည်းသွားကြရအောင်...ငါတို့တစ်ယောက်စီကိုလူ၁၀ယောက်ခေါ်ခွင့်ရှိတယ်"

နီကိုးလပ်စ်က သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏အဖွဲ့ဆီသွားလိုက်သည်။

လီယိုနာဒိုသည် သူ့အားအစဉ်အမြဲဆန့်ကျင်နေသည့်အတွက်ကြောင့် ရှောင်ယုသည် အနည်းငယ်စိတ်မသက်မသာဖြစ်နေခဲ့သည်။ ထိုအချိန်တွင် လင်းမူရွယ်သည်ရှောင်ယု၏နံဘေးသို့ရောက်ရှိလာခဲ့ပြီး သူမ၏ခန္ဓာကိုယ်အားအနည်းငယ်ကွေးလိုက်ကာ နူးညံ့သောလေသံဖြင့် တစ်စုံတစ်ခုအားတီးတိုးပြောလိုက်သည်။

"ကောင်းပြီ...မင်းစိတ်မကောင်းဖြစ်နေတာငါသိတယ်...မင်းကဒါကိုဘယ်လိုကြိုက်နိုင်မှာလဲ...ကိုယ့်ရဲ့မိန်းမကိုတောင် မကာကွယ်နိုင်ဘူးဆိုမှတော့ မင်းအတွက်တော်တော်အရှက်ရစရာကောင်းနေပြီ"

ထို့နောက်လင်းမူရွယ်သည် ညင်သာစွာရယ်မောလိုက်သည်။ လင်းမူရွယ်၏စကားကိုကြားချိန်တွင် ရှောင်ယုကအထိန်းအကွပ်မရှိ သွားရည်ကျလာခဲ့သည်။

"ဟားဟား စိတ်မပူပါနဲ့ မင်းကငါ့ရဲ့မိန်းမဘဲ...ငါဒီနေရာမှာရှိနေသမျှကာလပတ်လုံး...မင်းကိုဘယ်သူကမှအခွင့်ကောင်းယူခွင့် မပေးနိုင်ဘူး...အိုးငါကတော့ခြွင်းချက်ပေါ့"

ရှောင်ယုက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

လင်းမူရွယ်သည် ကူကယ်ရာမဲ့စွာပြုံးလိုက်ကာ ခေါင်းညိတ်၍ဝန်ခံလိုက်သည်။

"အင်း...ဟုတ်တယ်...ခုမင်းနဲ့အတူဘယ်သူတွေလိုက်ခဲ့မှာလဲ...ငါလည်းမင်းနဲ့အတူအထဲကို လိုက်လာချင်တယ်"

လင်းမူရွယ်သည် ဂူပေါက်ဝရှိအခြေအနေအား ရုတ်တရက်စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ဘာလဲ...မင်းကအထဲကိုလိုက်လာချင်တာလား...အထဲမှာအန္တာရယ်တွေအများကြီးရှိနေနိုင်တယ်ဆိုတာ မင်းသိထားရမယ်...ပြီးတော့အထဲကအခြေအနေက အရမ်းကိုညစ်ပတ်နေလောက်တယ်...ရွယ်အာလိုသန့်ရှင်းရေးကို သဘောကျနှစ်သက်တဲ့ ချောမောတဲ့မိန်းကလေးက အဲ့ဒါကိုခံနိုင်ရည်ရှိမှာလား"

ရှောင်ယုက အလိုမတူဟန်ဖြင့် ခြိမ်းခြောက်လိုက်သည်။ ဤမိန်းကလေးသည် သူနှင့်စေ့စပ်ထားသူဖြစ်ပြီး မှဲ့တစ်စက်လေးပင် စွန်းထင်းမခံနိုင်ပေ။

လင်းမူရွယ်သည် ခေါင်းညိတ်ပြလိုက်ပြီး အပိုစကားတစ်ခွန်းမှ မဆိုခဲ့ပေ။ သို့သော် သူမ၏မျက်ဝန်းများ၌ မျှော်လင့်ချက်ရောင်ခြည်များ ဖြစ်ပေါ်နေခဲ့ပြီး သူမသည်အမှန်တကယ်ပင် ဂူထဲသို့ဝင်ရောက်ချင်နေပုံရသည်။

ရှောင်ယုသည် မိန်းမလှလေး၏ မျှော်လင့်ချက်ကိုမရိုက်ချိုးလို၍ ကူကယ်ရာမဲ့စွာဖြင့် သူမကိုပါခေါ်သွားရန်ကတိပေးလိုက်ရသည်။

ထို့ကြောင့် ရှောင်ယု၏အဖွဲ့၌လင်းမူရွယ်နှင့်မှင်စာလေးအပါအဝင် နှစ်ယောက်စာရရှိလာခဲ့သည်။

နောက်ထပ်နေရာလွတ်များအတွက် မည်သူ့ကိုရွေးချယ်ရမည်နည်း။ ဤနေရာတွင်လူရွေးချယ်ရခြင်းသည် အလွန်ခေါင်းကိုက်စရာဖြစ်၍ ရှောင်ယုကသူ၏ခေါင်းကိုကုတ်ခြစ်မိလိုက်သည်။ ပထမဆုံးအချက်အနေဖြင့် အထဲဝင်ရောက်ရမယ့်လူများ၏ခွန်အားသည် အားကောင်းနေရမည်ဖြစ်ကာ ဒုတိယအချက်အနေဖြင့် အပြင်ဘက်၌ဂူကိုစောင့်ကြပ်ရမယ့် အစောင့်များအနေနှင့်လည်း လုံလောက်အောင်အားကောင်းရမည်ဖြစ်သည်။

အချိန်အတော်ကြာအောင်စဉ်းစားပြီးနောက် ရှောင်ယုသည်အကြံတစ်ခုကို ရရှိခဲ့သည်။

ခိုင်ရင်းသည် သူနှင့်အတူအထဲသို့လိုက်ပါလာရမည်ဖြစ်သည်။ နဂါးလေးသည်ကား အပြင်ဘက်၌စောင့်ကြပ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နဂါးလေး၏ခန္ဓာကိုယ်သည်ကြီးမားသည့်အတွက် ဂူအတွင်းကျဉ်းကျပ်သည့်နေရာများ၌ ရွေ့လျားနိုင်ရန်အခက်အခဲရှိ၍ဖြစ်သည်။

မိုင်ယဗ်နှင့်အီလီဒမ်တို့ကလည်း သူနှင့်အတူဂူထဲသို့လိုက်ပါလိုကြသည်။ သူတို့နှစ်ယောက်သည် အန္တာရယ်နှင့်ရင်ဆိုင်ရာတွင် လိုက်လျောညီထွေရှိတတ်ကြသည်။ အကယ်၍ သူတို့သာအန္တာရယ်တစ်စုံတစ်ရာကို အာရုံခံမိပါက ချက်ချင်းသိရှိနိုင်မည်ဖြစ်သည်။

နောက်ထပ်တစ်ယောက်မှာ ဂရင်းဖြစ်သည်။ ဂရင်းသည် အကောင်းဆုံးကိုယ်ရံတော်တစ်ယောက်ဖြစ်ကာ ဂူအတွင်း၌လင်းမူရွယ်အား ကာကွယ်ရန်အတွက်တစ်စုံတစ်ယောက်ကို လိုအပ်ပေသည်။လင်းမူရွယ်၏ခွန်အားသည် အန္တာရယ်များအားရင်ဆိုင်ရန် လုံလောက်မှုမရှိပေ။

ထို့နောက်တွင် တာဝေးပစ်တိုက်ခိုက်သူအချို့ကိုသာ ရွေးချယ်ရတော့မည်ဖြစ်သည်။ ရှောင်ယုသည် တိုင်ရန်ဒီနှင့်ကဲလ်သက်တို့အနက် မည်သူအားရွေးချယ်ရမည်ကို စဉ်းစားရခက်နေခဲ့သည်။

အချိန်ခဏကြာစဉ်းစားအပြီးတွင် ရှောင်ယုသည်ကဲလ်သက်အားရွေးချယ်ခဲ့သည်။ အန္တရယ်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ရန်ဒီသည် လူတိုင်းကိုကာကွယ်ရန် အပြင်သို့ထွက်လာရမည်ဖြစ်သည်။

ဤသို့ဖြင့် လင်းမူရွယ်၊မှင်စာ၊ခိုင်ရင်း၊မိုင်ယဗ်၊အီလီဒမ်၊ဂရင်းနှင့်ကဲလ်တို့ကိုရွေးချယ်၍ နေရာ၇ခုအား ဖြည့်တင်းအပြီးတွင် ရှောင်ယုသည်ကျန်ရှိနေသောနေရာများအတွက် အောစ့်၂ကောင်နှင့်စုန်းမတစ်ယောက်ကိုရွေးချယ်ခဲ့သည်။ စုန်းမများသည် မည်သည့်အခြေအနေ၌မဆို အသုံးဝင်ပေသည်။

အချိန်ခဏကြာပြီးနောက် နီကိုးလပ်စ်သည် သူ့လူများနှင့်အတူရောက်ရှိလာကာ ရှောင်ယုအားလက်ဝှေ့ယမ်းပြလိုက်သည်။

"ဟေး....ရှောင်ယု ဒါကမင်းရဲ့အဖွဲ့လား...မင်းကဘာတွေတွေးနေတာလဲ"

နီကိုးလပ်စ်က သံသယဖြစ်နေသည့်လေသံဖြင့်ပြောလိုက်သည်။ ရှောင်ယုသည် လုံခြုံမှုအတွက်သူရဲကောင်းများအား ရွေးချယ်ခြင်းကို သူနားလည်ပေးနိုင်သော်လည်း အဘယ်ကြောင့်အောစ့်များကိုရွေးချယ်ခဲ့ရသနည်း။ ထို့ပြင် ဤစုန်းမကိုမည်သည့်နေရာတွင် အသုံးပြုမည်နည်း။ စိတ်ဝင်စားစရာအကောင်းဆုံးအချက်မှာ ရှောင်ယု၏အဖွဲ့တွင်မှင်စာတစ်ကောင်ပါနေခြင်းဖြစ်သည်။

ရှောင်ယုသည် သူ၏နှုတ်ခမ်းများကိုလျှာဖြင့်သပ်လိုက်ကာ နီကိုးလပ်စ်အားကြည့်လိုက်သည်။

"ဟားဟား...ဒါကငါ့ရဲ့ဝါသနာပဲလေ...ငါတို့အထဲကိုဝင်တဲ့အခါကျရင် သူတို့ကဘယ်နေရာကနေအကျိုးပြုနိုင်မလဲ ငါမသိဘူး...ကြည့်ရတာ လူတိုင်းကအထဲဝင်ဖို့အဆင်သင့်ဖြစ်နေပြီထင်တယ်"

နိကိုးလပ်စ်သည် ရှောင်ယု၏မုသားတစ်ဝက်အဖြေကို ကြားပြီးနောက် မေးခွန်းထပ်မမေးတော့ပေ။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် အတူတူပင်ဖြစ်သည်။ သူတို့သည် ကျွမ်းကျင်သူအနည်းငယ်နှင့်ကြံ့ခိုင်မှုအားကောင်းသူများကိုသာ ရွေးချယ်ခဲ့သည်။

ဂူ၏အတွင်းပိုင်းသည် အမှန်ပင်ကျယ်ဝန်းပေသည်။ အဆုံးသတ်တွင် ဂေါ်လောခ့်များသည် အရွယ်အစားကြီးမားသည့်အတွက် ဤအရာမှာမထူးဆန်းလှပေ။ ထို့ပြင် အတွင်းပိုင်း၌အလွန်ပင်မှောင်မိုက်နေခဲ့သည်။

လီယိုနာဒိုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ မှော်ဆရာတစ်ယောက်ကရှေ့ထွက်လာပြီး မီးလုံးအနည်းငယ်အားဂူတွင်း ပစ်သွင်းလိုက်သည်။ ထိုမီးလုံးများသည် ပတ်ဝန်းကျင်အားလင်းထိန်စေကာ အမှောင်ထုအားဖယ်ရှားလိုက်သည်။

ဂူသည် အလွန်နက်ရှိင်းလေသည်။ သူတို့သည် အတွင်းပိုင်းသို့ပိုမိုဝင်ရောက်လာလေလေ လက်သည်းရာများကိုပိုမိုမြင်တွေ့ရလေလေဖြစ်သည်။ ထိုလက်သည်းရာများသည် ဂေါ်လောခ့်များ၏လက်ချက်ဖြစ်သည်။

သူတို့သည်၁၀မိနစ်ခန့် လမ်းလျှော်လာပြီးနောက်တွင် ခန်းမတစ်ခုကို တွေ့လိုက်ရသည်။

ခန်းမကို အလင်းရောင်ဖြင့်ထွန်းလင်းလိုက်ချိန်တွင် ရှောင်ယုကအားရပါးရရယ်မောလိုက်သည်။ ခန်းမ၏ကြမ်းပြင်တစ်ခုလုံးသည် ရွှေပြားများဖြင့်စုပုံနေပြီး ကျောက်မျက်ရတနာကဲ့သို့သော အဖိုးတန်ရတနာများကိုတွေ့နရသည်။

"ဟားဟား...ငါတို့ချမ်းသာပြီကွ...ငါ့လူတွေကိုကျွေးမွေးဖို့အတွက် ရွှေပြားတွေအများကြီးက လုံလောက်နေပြီ"

ရှောင်ယုကပြုံးရင်းပြောလိုက်သည်။ သူ၏မျက်လုံးများသည် ယောကျ်ားတစ်ယောက်က ဝတ်လစ်စလစ်ဖြစ်နေသာမိန်းကလေးတစ်ယောက်အား ကြည့်နေသည့်အကြည့်မျိုးဖြင့် ဆာလောင်နေခဲ့သည်။

"အရင်က သဘောတူထားတဲ့အချိုးအတိုင်းခွဲဝေကြရအောင်..."

နီကိုးလပ်စ်က တိုးတိုးလေးပြောလိုက်သည်။ ဤချမ်းသာမှုပမာဏသည် ကြီးမားသော်လည်း လူ၃ယောက်ကအညီအမျှခွဲဝေမည်ဆိုပါက သန်းပေါင်းဆယ်ဂဏန်းခန့်သာရရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း နီကိုးလပ်စ်ကဲ့သို့ရှေးဟောင်းမိသားစုများသည် ငွေကြေးပြတ်တောက်မှုအားကြုံတွေ့ရနိုင်မည်လား...

ထို့နောက်သူတို့၃ယောက်သည် သူတို့လူများကိုရွှေပြားများအားစုဆောင်းစေပြီး ၃ ပိုင်းခွဲဝေစေလိုက်ကာ သူတို့၏သိုလှောင်လက်စွပ်တွင်းသို့ ထည့်သိမ်းထားလိုက်သည်။

"ကောင်းပြီ...ဆက်သွားကြစို့"

နီကိုးလပ်စ်သည် သူ၏လက်ကိုဝှေ့ယမ်းကာ ရှေ့သို့ဆက်တိုးလာခဲ့သည်။

ထိုအချိန်တွင် လီယိုနာဒိုကဝင်ပြောလိုက်သည်။

"ဘာတွေလောနေတာလဲ...အဲ့ဒီမှာလမ်းကြောင်းတစ်ခုမတွေ့ဘူးလား...အဲ့ဒါကိုအရင်စစ်ဆေးကြည့်ရအောင်"

လီယိုနာဒို၏စူးစမ်းလေ့လာနိုင်စွမ်းသည် ခန်းမ၏ထောင့်စွန်းလေး၌ရှိနေသော လမ်းကြောင်းကိုပင်ရှာတွေ့နိုင်လောက်သည်ထိ မြင့်မားနေလိမ့်မည်ဟု နီကိုးလပ်စ်နှင့်ရှောင်ယုတို့က မျှော်လင့်ထားခဲ့ခြင်းမရှိပေ။

တဖန်သေချာစူးစမ်းကြည့်ပြီးနောက်တွင် လီယိုနာဒိုရှာတွေ့ခဲ့သည့် လမ်းကြောင်းတစ်ခုအပြင် စုစုပေါင်းလမ်းကြောင်း၆ခုရှိနေကြောင်း တွေ့လိုက်ရသည်။

ရှောင်ယုသည် မျက်မှောင်ကြုတ်လိုက်ပြီး အထဲတွင်ရတနာရှိနိုင်ခြေအမြင့်ဆုံးသော လမ်းကြောင်းတစ်ခုကိုအမြန်ဆုံးရွေးချယ်ရန် မှင်စာလေးအားလက်ဟန်ပြလိုက်သည်။

မှင်စာလေးကလည်း ချက်ချင်းနားလည်သဘောပေါက်သွားကာ လမ်းကြောင်းများကိုအာရုံစိုက်လိုက်သည်။ သူသည် ခန်းမတွင်းသို့ဝင်လာကတည်းက ပတ်ဝန်းကျင်ကိုအာရုံစိုက်နေခြင်းဖြစ်သည်။

ခဏအကြာတွင် မှင်စာလေးသည် အတွင်း၌ရတနာရှိနိုင်ခြေမြင့်မားသော လမ်းကြောင်းတစ်ခုကိုရွေးချယ်ကာ ရှောင်ယုအားအသိပေးခဲ့သည်။

ရှောင်ယုက ဝမ်းသာအားရပြုံး၍ပြောလိုက်သည်။

"မင်းတို့ဆုံးဖြတ်ပြီးကြပြီလား...ဘယ်သူကရတနာတွေကိုပိုရနိုင်မလဲဆိုတာ မင်းတို့ရဲ့ကံအပေါ်မူတည်တယ်"

"ကျန်တဲ့လမ်းကြောင်းတွေက ဘယ်ကိုသွားတာလဲ....လမ်းတစ်ဝက်ကနေပြန်လှည့်လာရမလားဆိုတာ ဘယ်သူသိမှာလဲ"

လီယိုနာဒိုသည် ငတုံးမဟုတ်ပေရာ ရှောင်ယု၏အကြံကိုချက်ချင်းသိမြင်လိုက်သည်။

ရှောင်ယုသည် အနည်းငယ်စိတ်မသက်မသာဖြစ်သွားခဲ့သည်။

ဒီကောင်ဘယ်တုံးကအဲလောက်ညဏ်ကောင်းလာတာလဲ...ဘာလို့အရင်ကလိုမတုံးတော့တာလဲ

All Chapters