← Chapters

အခန်း (၄၀၅-၄၀၅)

Vol. 27 Ch. 403-405

အခန်း (၄၀၅-၄၀၅)

Vol. 27 Ch. 403-405

အခန်း ၄၀၃ - ကောင်းကင်ပေါ်မှာ အပေါက်မရှိဘူး

အဆုံးသတ်တွင် ရှောင်ယုသည် သူ၏နှုတ်ခမ်းများကို သပ်လိုက်ပြီး ပြောလိုက်သည်။

"မင်းကြောက်တယ်ဆိုကြောက်တယ်ပေါ့...မင်းရဲ့အဖွဲ့ကိုနှစ်ခုခွဲလိုက်ပြီး လမ်းကြောင်းတစ်ခုစီကိုခွဲသွားလိုက်"

ထိုအရာသည် အကြံကောင်းတစ်ခုဖြစ်၍ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ အချင်းချင်းကြည့်မိလိုက်ကြသည်။ဤသို့ဆိုလျှင် မည်သူကအမြတ်ပိုရသည်ကို ကံတရားကသာဆုံးဖြတ်မည်ဖြစ်သည်။

သို့သော်လည်း ရှောင်ယုသည် ဤနည်းလမ်းအားအစပြုခဲ့သည်ဖြစ်ရာ သူ၏အကျိုးစီးပွားကိုမြင့်တင်ရန် အကြံအစည်ရှိရမည်ဟု နှစ်ယောက်လုံးသံသယရှိနေကြသည်။

"ဘာလဲ...ငါကအရာအားလုံးကို အရင်ကတည်းကစီစဉ်ထားတယ်လို့ မင်းတို့ထင်နေတာလား...အိုးငါကရတနာတွေကိုဝှက်ထားတဲ့နေရာကို သိနိုင်စွမ်းရှိတယ်လို့ ငါထင်နေတာလား"

ရှောင်ယုက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ ဤလူနှစ်ယောက်သည် အမှန်ပင်သံသယလွန်းလှပေသည်။ ထို့ကြောင့် သူပင်အနည်းငယ်စိတ်ရှုပ်သွားခဲ့ရသည်။

ရှောင်ယု၏စကားကိုကြားမှ သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရသွားကြသည်။ သူတို့သည် ရှောင်ယုသရုပ်ဆောင်နေမည်ကိုအမှန်တကယ် လန့်နေကြသည်။

"ကောင်းပြီ...အဖွဲ့တစ်ဖွဲ့က လမ်းကြောင်း၂ခုစီရွေးခွင့်ရမယ်...ဒါကမျှတမှာပါ...အရာအားလုံးကကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်"

နီကိုးလပ်စ်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ...ကောင်းပြီ...အပိုတွေမလုပ်ကြနဲ့...ငါအရင်ဆုံးရွေးလိုက်မယ်"

ရှောင်ယုက စိတ်မရှည်စွာဖြင့် သူ၏လက်ကိုဝှေ့ယမ်းရင်းပြောလိုက်သည်။

ထို့နောက်ရှောင်ယုသည် မှင်စာလေးအကြံပြုထားသည့်အတိုင်း ဘယ်ဘက်အစွန်ဆုံးမှလမ်းကြောင်းနှစ်ခုအားရွေးချယ်ခဲ့သည်။ သူသည် မှင်စာ၊ခိုင်ရင်း၊အီလီဒမ်တို့ကို သူနှင့်အတူခေါ်ဆောင်လာခဲ့ကာ ကျန်လူများကိုနောက်လမ်းကြောင်းတစ်ခုသို့ ဝင်ခိုင်းခဲ့သည်။ အကယ်၍ အန္တာရယ်တစ်စုံတစ်ခုနှင့်ကြုံတွေ့လာပါက ချက်ချင်းပြန်လည်ဆုတ်ခွာရန်လည်း သတိပေးခဲ့သည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် တရွေ့ရွေ့ပျောက်ကွယ်သွားသည့် ရှောင်ယု၏နောက်ကျောပြင်ကိုကြည့်ရင်း စကားအပိုမပြောတော့ဘဲ သက်ဆိုင်ရာလမ်းကြောင်းအသီးသီးသို့ အဖွဲ့များကိုဦးဆောင်ရင်း ဝင်ရောက်သွားကြသည်။

ရှောင်ယုသည် လမ်းကြောင်းထဲသို့ဝင်ရောက်ပြီးနောက်တွင် ခိုင်ရင်းအား လမ်းကြောင်းကိုဦးစွာစစ်ဆေးခိုင်းခဲ့သည်။ မှင်စာသည် ရတနာများရှိနေနိုင်သည့် မည်သည့်နေရာကိုမဆို ဂရုတစိုက်ရှာဖွေခဲ့သည်။

ဤလမ်းကြောင်းသည် သူတို့စဝင်သောနေရာနှင့် အလွန်ပင်ကွာခြားပေသည်။ လမ်းခရီးသည် အလွန်ပင်ကြမ်းတမ်းလှပြီး သူတို့သည်အကြိမ်ရေမည်မျှရပ်နားခဲ့ရသည်ကို မသိကြတော့ပေ။ အဆုံးသတ်တွင် မှင်စာသည်မောဟိုက်နွမ်းနယ်လာခဲ့ပြီး သူ၏ကာယကြံ့ခိုင်မှုသည် အားနည်းသည့်အတွက်ကြောင့် အမှန်ပင်ဆိုးရွားလာခဲ့သည်။

နာရီပေါင်းများစွာကြာ ခရီးဆက်လာပြီးနောက်တွင် မှင်စာကဝမ်းသာအားရအော်ဟစ်လိုက်သည်။

"အရှင်တွေ့ပြီ...တွေ့ပြီ...ဒီနေရာမှာလျှို့ဝှက်ခန်းတစ်ခုရှိနေတယ်"

ရှောင်ယုသည် ဝမ်းသာအားရဖြင့် မှင်စာလေးရှေ့သို့ရောက်လာခဲ့သည်။

"ဘယ်မှာလဲ...ဘယ်မှာလဲ...မြန်မြန်လေးဖွင့်ပြီးငါ့ရဲ့ရတနာလေးတွေကိုကြည့်ခွင့်ပေး"

"အရှင်...ဒီထဲမှာဘယ်လိုရတနာရှိနေသလဲဆိုတာ ငါတကယ်မသိဘူး...အထဲမှာဘယ်လိုရတနာတွေရှိနေမလဲမသိနိုင်သလို အတွင်းမှာလည်း အန္တာရယ်တွေရှိရင်ရှိနေနိုင်တယ်"

မှင်စာသည် အမှားကိုကြိုပြီးဝန်ခံနေခဲ့ကာ အတွင်း၌တစ်စုံတစ်ခုအလွဲအချော်ဖြစ်ခဲ့ပါက သူ၏သခင်ဖြစ်သူဒေါသထွက်မည်ကို စိုးရိမ်နေခဲ့သည်။

ဤအရာသည် အမှန်တကယ်ဖြစ်နိုင်၍ ရှောင်ယုက ခေါင်းညိတ်ပြလိုက်သည်။ ဤနေရာရှိ လျှို့ဝှက်ခန်းအား တစ်စုံတစ်ယောက်က တည်ဆောက်ထားခြင်းဖြစ်ရာ ထောင်ချောက်အချို့အားမပြုလုပ်ထားဟု မည်သူမှတပ်အပ်မပြောဝံ့ပေ။

"မင်းအရင်ဖွင့်ကြည့်လိုက်...ဒါပေမဲ့ကိုယ့်အသက်ကိုကာကွယ်ဖို့ မမေ့နဲ့"

ရှောင်ယုသည် မှင်စာလေးအားအမိန့်ပေးလိုက်သော်လည်း သူသည်မှင်စာလေးအား ဒဏ်ရာအနာတရဖြစ်စေရန် ဆန္ဒမရှိပေ။

မှင်စာလေးက ကျေးဇူးတင်စွာဖြင့်ခေါင်းညိတ်ပြလိုက်သည်။ သူသည် သခင်ကောင်းတစ်ယောက်နှင့် အမှန်တကယ်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရှောင်ယုသည် ဤလျှို့ဝှက်ခန်းအားမည်သို့ဖွင့်ရမည်ကို မသိသည့်အတွက်ကြောင့် မှင်စာလေးကိုသာရှေ့မှ ဦးဆောင်ခိုင်းလိုက်ခြင်းဖြစ်သည်။

မှင်စာလေးသည် မြေပြင်ပေါ်၌ ခဏခဏခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး တစ်စုံတစ်ခုအားတီးတိုးရေရွတ်နေခဲ့သည်။ ရှောင်ယုသည် အချိန်အတော်ကြာသည်ထိ ဂရုတစိုက်နားထောင်နေသော်လည်း မှင်စာလေး၏ဆိုလိုရင်းကို နားမလည်နိုင်သေးပေ။ အဆုံးသတ်တွင် ရှောင်ယုလည်းလက်လျော့လိုက်ရတော့သည်။

နောက်ဆုံးတွင် မှင်စာလေးသည် လျှို့ဝှက်အခန်းအား တွန်းဖွင့်လိုက်နိုင်ခဲ့သည်။

"အရှင်...အဆင်သင့်ပြင်ထားပါ...အထဲမှာဘာတွေရှိမလဲဆိုတာ သေချာမသိဘူး...ခုပဲတံခါးဖွင့်လိုက်တော့မယ်"

မှင်စာလေးသည် ရှောင်ယုအားကြည့်ကာ သတိပေးလိုက်သည်။

ရှောင်ယုသည် ချက်ချင်းပင်လူတိုင်းအား အမြန်ဆုတ်ခိုင်းလိုက်ကာ တိုက်ပွဲအတွက်ကြိုတင်ပြင်ဆင်လိုက်သည်။ အထဲတွင် အန္တာရယ်တစ်စုံတစ်ခုရှိခဲ့လျှင် မည်သို့လုပ်ကြမည်နည်း။

……………………

"ဘန်း..."

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လျှို့ဝှက်ခန်းတံခါးသည် နောက်ဆုံး၌ပွင့်ထွက်သွားခဲ့သည်။

ရှောင်ယုနှင့်အခြားသူများက အချိန်ခဏကြာသည်ထိ စောင့်ကြည့်နေကြသော်လည်း မည်သည့်အမှားအယွင်းမှ ဖြစ်မလာသည့်အတွက်ကြောင့် စိတ်သက်သာရာရသွားခဲ့သည်။

"ဟေး...အထဲဝင်ပြီးပစ္စည်းကောင်းလေးတွေရှိမရှိကြည့်ကြရအောင်..."

ရှောင်ယုကပြုံးလိုက်ပြီး သူ၏လက်နှစ်ဖက်ကိုပွတ်လိုက်သည်။

လျှိ့ဝှက်ခန်းအား နောက်ထပ်တစ်ကြိမ်စစ်ဆေးပြီးနောက်တွင် ရှောင်ယုသည် အန္တာရယ်လုံးဝမရှိဟုဆုံးဖြတ်ချက်ချလိုက်၍ လူတိုင်းကအခန်းထဲသို့ ဝင်လာခဲ့ကြသည်။

အခန်းထဲသို့ဝင်ရောက်လာပြီးနောက်တွင် ရှောင်ယု၏မေးရိုးများသည် အောက်သို့ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့ကာ အချိန်အတော်ကြာအောင်စကားမပြောနိုင်ခဲ့ပေ။

အခန်းတွင်း၌ ရှုပ်ယှက်ခတ်နေသောအရာများ၊အရိုးများနှင့် ရှောင်ယုတောင်မှ မသိရှိသောအရာများ တောင်လိုပုံနေခဲ့သည်။

"အာ...ဒီ...ဒီဟာတွေ...သခင်၊သခင်တော့ချမ်းသာပြီ...ဒီတစ်ခါတော့သခင်ချမ်းသာပြီ"

မှင်စာလေးက ရုတ်တရက်ဆိုသလိုဝမ်းသာအားရ ထခုန်လိုက်ကာ ရွှင်မြူးစွာထကလိုက်သည်။

"မင်းဘာပြောချင်တာလဲ...မင်းကအဲ့ဒါတွေကိုသိကောသိလို့လား"

ရှောင်ယုက တအံ့တသြလေသံဖြင့်ပြောလိုက်သည်။ဤကောင်သည် အဂ္ဂိရိတ်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း ဤမျှထိသိနေရန်မမျှော်လင့်ထားပေ။

သို့သော်လည်း ရှောင်ယုက ထိုပစ္စည်းများသည် အစစ်အမှန်ဟုတ်မဟုတ် သံသယဖြစ်နေဆဲဖြစ်သည်။

"သခင်...ငါမင်းကိုလှည့်စားနေတာမဟုတ်ဘူး...ဒါတွေကိုကြည့်လိုက်...ဒါတွေကဂေါ်လောခ့်တွေရဲ့အရိုးတွေဖြစ်တယ်...ဒါတွေကိုလက်နက်တွေမှာအသုံးပြုရင် အရိပ်မှော်ကိုအတိုင်းအတာတစ်ခုထိ တိုးမြင့်အသုံးပြုနိုင်တယ်...အမှိုက်လိုရှုပ်ထွေးတဲ့အရာတွေကိုကျတော့ ရင်ခွင်ပိုက်ကျောက်တုံးလို့ခေါ်တယ်...အဲ့ဒါတွေကိုသာ သံချပ်ကာတွေထဲထည့်သွင်းလိုက်မယ်ဆိုရင် အဲ့ကျောက်တုံးတွေက သံချပ်ကာရဲ့မာကျောမှုကိုအလွန်တိုးတက်စေနိုင်တယ်"

မှင်စာလေးသည် အခန်းတွင်းရှိ အဖိုးတန်ပစ္စည်းများအကြောင်းနှင့် ၎င်းတို့၏အကျိုးသက်ရောက်မှုများအား ရှောင်ယုနှင့်ကျန်လူများကို စိတ်လှုပ်ရှားစွာရှင်းပြနေခဲ့သည်။

"ဟုတ်ပြီ...ဟုတ်ပြီ...မင်းအရင်ဆုံးရပ်ထားလိုက်...မင်းပြောချင်တာကဒီပစ္စည်းတွေအရမ်းကောင်းတယ်လို့ဆိုလိုတာလား...ဒါဆိုရင်ဒီဟာတွေက ပိုက်ဆံနည်းနည်းလောက်ရလောက်တယ်...လောလောဆယ်သူတို့ကိုခဏလောက် သိမ်းထားလိုက်ရအောင်"

ရှောင်ယုက မှင်စာလေးကိုဟန့်တားလိုက်သည်။ ထိုကောင်သည် အဂ္ဂိရိတ်ပညာအား အမှန်တကယ်စွဲလမ်းနေခဲ့သည်။

ရှောင်ယုသည် သူ၏လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူ၏သိုလှောင်လက်စွပ်အတွင်းသို့ ပစ္စည်းအားလုံးကိုသိမ်းထားလိုက်သည်။ ဤပစ္စည်းများကို သူတိုပြန်ရောက်မှသေချာခွဲခြမ်းသွားမည်ဖြစ်သည်။

ဤနေရာတွင် လျှို့ဝှက်ခန်းတစ်ခုရှိနေသည်ဖြစ်ရာ ဒုတိယ၊တတိယနှင့်စတုတ္ထမြောက် လျှိ့ဝှက်ခန်းများလည်းရှိနေနိုင်သည်။

လောဘက လူတစ်ယောက်ကိုအလုပ်ပိုမိုကြိုးစားစေသည်။ ရှောင်ယုသည် သူရရှိထားသည့်ပစ္စည်းများ၏တန်ဖိုးကို သိရှိပြီးနောက်တွင် ရတနာများကိုရှာဖွေရန် ပိုမိုစိတ်အားထက်သန်လာခဲ့သည်။

အချိန်အတော်ကြာပြီးနောက်တွင် မှင်စာသည်များစွာကြိုးပမ်းအားထုတ်ပြီး လျှို့ဝှက်ခန်းများစွာကို ဖော်ထုတ်ခဲ့သည်။

ယခင်တွေ့ရှိခဲ့သည့် လျှို့ဝှက်ခန်းများနှင့်မတူဘဲ ဤလျှို့ဝှက်ခန်းများရှိ ပစ္စည်းများအား သပ်သပ်ရပ်ရပ်စီရီထားပေသည်။

မှင်စာ၏ရှင်းပြချက်များကို နားထောင်ပြီးနောက်တွင် ရှောင်ယုသည်သူရရှိခဲ့သည့် ပစ္စည်းကောင်းများအကြောင်းကို သိရှိလာခဲ့သည်။

ထိုအဖိုးတန်ပစ္စည်းများတွင် ဒြပ်စင်ပစ္စည်းများ၊စွမ်းအင်ရင်းမြစ်များ၊ထာဝရမြေကြီး၊ထာဝရရေ၊ထာဝရအရိပ်၊ထာဝရမီးတောက်စသည်ဖြင့် ပါဝင်ခဲ့ပြီး ၎င်းတို့အားနေရာမှန်၌အသုံးပြုနိုင်သမျှကာလပတ်လုံး ၎င်းတို့မှပေးစွမ်းနိုင်သည့် အကျိုးကျေးဇူးများက လွန်စွာအံ့မခန်းပင်ဖြစ်သည်။

ထို့ပြင်ရှားပါးပစ္စည်းများဖြစ်ကြသည့် နှင်းခဲနတ်ဆိုးအထည်၊လရောင်အထည်နှင့်နတ်ဆိုးအထည်ကဲ့သို့ အရာများပါဝင်ပေသည်။ မှင်စာလေး၏အဆိုအရ ထိုအထည်များကိုအသုံးပြုကာ သံချပ်များကိုပိုမိုပျော့ပျောင်းအောင်လုပ်ဆောင်နိုင်ပြီး ၎င်းတို့၏အကျိုးသက်ရောက်မှုသည် မှော်မန္တန်အချို့အသုံးပြုထားခြင်းနှင့် ညီမျှပေသည်။

အမှန်တော့ ရှောင်ယုအားအမှန်တကယ်ပျော်ရွှင်စေသည့် အရာများမှာ အနက်ရောင်နဂါးအကြေးခွံများ၊အနီရောင်နဂါးအကြေးခွံများ၊ဝင်ရိုးစွန်းသားမွှေးများ၊လှပသည့်သားမွှေးများအစရှိသည်ဖြင့်ရှားပါးသည့် သားရေအမျိုးအစားများပါဝင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ပစ္စည်းကောင်းများဖြစ်သည်ကို ငြင်းမရပေ။

ငွေသတ္တုရိုင်းများ၊ရွှေသတ္တုရိုင်းများ၊ရွှေဝါရောင်သတ္တုရိုင်းများယန်ဂျီသတ္တုရိုင်းများနှင့်မှော်သတ္တုအမြူတေများစသည်ဖြင့် ရှားပါးပြီးအဖိုးတန်သည့် သတ္တုရိုင်းအမျိုးမျိုးကိုလည်း နေရာအနှံ့တွင်တွေ့ရှိနေရသေးသည်။

ရှောင်ယုသည် ဝမ်းသာအားရဖြင့် ပါးစပ်ကိုကျယ်ကျယ်ဖွင့်ထားလိုက်သည်။ ယခုတစ်ကြိမ် နေဝင်ချိန်နွံအိုင်ခရီးစဉ်သည် အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့ပြီဖြစ်သည်။ သူရရှိခဲ့သည့် မည်သည့်အဖိုးတန်ပစ္စည်းကိုမဆို ထုတ်ယူလိုက်ပါက ကြီးမားသောတန်ဖိုးဖြင့် ရောင်းချနိုင်မည်ဖြစ်ကာ တိုက်ကြီးတစ်ခုလုံးကိုတောင်မှ တုန်လှုပ်စေမည်ဖြစ်သည်။

ဤလျှို့ဝှက်ခန်းများအတွင်း၌ နှစ်ပေါင်းများစွာပျောက်ကွယ်နေခဲ့သော အဖိုးတန်ပစ္စည်းများစွာပါဝင်ပေသည်။

"ဟေး...မင်းတစ်ခုခုလောက်ထပ်ပြီးရှာနိုင်ဦးမလား...ဒီအရာလေးတွေက ငါ့ကိုမကျေနပ်နိုင်ဘူးဆိုတာ မင်းသိထားရမယ်"

ရှောင်ယုက လောဘတကြီးပြုံးထားလိုက်သည်။

"ကောင်းပြီသခင်...အနာဂတ်မှာငါပိုပြီးတော့ကြိုးစားအားထုတ်ပေးမယ်...သခင့်ကိုလုံးဝစိတ်မပျက်စေရဘူး"

မှင်စာလေးက ကြောက်လန့်တကြားပြောလိုက်သည်။

"ကောင်းပြီ...မင်းဆက်လုပ်လို့ရတယ်."

ရှောင်ယုက ကူကယ်ရာမဲ့စွာပြောလိုက်သည်။ ဤမှင်စာများသည် အချိန်ကြာမြင့်စွာကျွန်ခံခဲ့ရပြီးနောက် ကြောက်ရွံ့မှုများသည် သူတို့၏ရိုးတွင်းခြင်ဆီထိတောင်မှ ထိုးဖောက်ဝင်ရောက်လာသည့်အတွက် ဖယ်ရှားရန်နည်းလမ်းကို လွယ်လွယ်ဖြင့်ရှာမတွေ့ခဲ့ပေ။

ခဏအကြာတွင် ရှောင်ယုနှင့်အခြားသူများသည် ကျောက်တံခါးကြီးတစ်ခုရှေ့သို့ ရောက်လာကြသည်။ ထိုကျောက်တံခါးကြီးသည် ပေ၃၀မြင့်ပေသည်။

w

အခန်း ၄၀၄ - ကျောက်တံခါးကိုဖွင့်လှစ်ခြင်း

"ဒီတံခါးက ဘာလို့အဲလောက်တောင်ကြီးနေရတာလဲ...ခိုင်ရင်းငါ့အတွက်ဖွင့်ပေး..."

ရှောင်ယုသည် ခဏလောက်အံ့သြသွားခဲ့သော်လည်း ခိုင်ရင်းကိုချက်ချင်းအမိန့်ပေးလိုက်သည်။

ရှောင်ယုသည် ဤတံခါးကြီးကို မမြင်ဖူးတော့ပေ။ အထူးသဖြင့် ဤတံခါးကြီးသည် အလွန်မာကျောပြီး အမည်မသိသောကျောက်တုံးများဖြင့် တည်ဆောက်ထားခဲ့ပုံရသည်။

ခိုင်ရင်းသည် ထိုတံခါးကြီးထံသို့ လျှောက်သွားခဲ့သည်။ ခိုင်ရင်း၏လက်များသည် ကျောက်တံခါးအားထိလိုက်သည်နှင့် ကျောက်တံခါးပေါ်၌ လျှပ်စီးကြောင်းများထွက်ပေါ်လာခဲ့ကာ ခိုင်ရင်း၏လက်များသည် တုန်ရီသွားခဲ့သည်။

လျှပ်စီးလား...

လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ ဤကျောက်တံခါးသည် အလွန်ကြီးမားသောကြောင့် ကာကွယ်ရေးအစီအမံများထားရှိခဲ့သည်မှာ ပုံမှန်သာဖြစ်သည်။

ခိုင်ရင်းသည် ဓာတ်လိုက်ခံရ၍ အနည်းငယ်စိတ်မသက်မသာဖြစ်သွားခဲ့သည်။

ရှောင်ယု၏မျက်နှာအမူအရာသည်လည်း မကောင်းလှပေ။ ခိုင်ရင်းသည် ဓာတ်လိုက်ခံရပြီးနောက်တွင် ရှောင်ယုသည်ဧရာမကျောက်တံခါးကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ကျောက်တံခါးသည် မည်းမှောင်နေပြီး တံခါးကြီးတစ်ခုလုံးအား အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေခဲ့ကာ ရံဖန်ရံခါတွင် လျှပ်စီးက တစ်ချက်တစ်ချက်တောက်ပနေခဲ့သည်။

"မင်းမှာဖွင့်ဖို့နည်းလမ်းရှိလား...ဒီတံခါးကိုဖွင့်ဖို့အတွက် မင်းကိုယ်မင်းဒဏ်ရာမရစေနဲ့"

ရှောင်ယုသည် မှင်စာကိုကြည့်ရင်းမေးလိုက်သည်။ ခိုင်ရင်းသည် သန်မာသောခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ဒဏ်ရာကြီးကြီးမားမားရရှိခဲ့ခြင်းမရှိပေ။ သို့သော်လည်း မှင်စာအတွက်ကမူ သူ့ထံ၌ကြံ့ခိုင်သောခန္ဓာကိုယ်အား မပိုင်ဆိုင်ထားပေ။

မှင်စာသည် ကျောက်တံခါးအား ဂရုတစိုက်ကြည့်လိုက်မိသည်။

"သခင်...ဒါကတော်တော်လေးကိုဒုက္ခပေးတဲ့အရာတစ်ခုပဲ...မင်းသာဖွင့်ချင်တယ်ဆိုရင်တော့ အချိန်တော်တော်ယူရလိမ့်မယ်...ငါအောင်မြင်ဖို့အတွက်ယုံကြည်ချက်ရှိပေမဲ့ ပိုင်ရှင်ကငါနဲ့တူတူပူးပေါင်းဖို့လိုတယ်"

ထိုစကားကိုကြားချိန်တွင် ရှောင်ယုကသဘာဝကျစွာပင် အလွန်ပျော်ရွှင်သွားခဲ့ကာ ပြုံးရွှင်စွာဖြင့် ချက်ချင်းပြန်ဖြေလိုက်သည်။

"ဒါဆိုရင်အလုပ်စတော့...မင်းဘာကိုစောင့်နေသေးတာလဲ"

မှင်စာသည် လေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျောက်တံခါးဆီသို့ပြေးဝင်သွားကာ အလုပ်စလုပ်ခဲ့သည်။

မှင်စာသည် သူနှင့်အတူသယ်ဆောင်လာသော အထုပ်လေးကိုဖွင့်လိုက်ကာ ကိရိယာမျိုးစုံအားထုတ်ယူလိုက်သည်။ ရှောင်ယုသည် ကိရိယာများကိုတစ်ချက်ကြည့်လိုက်ရာ လျှပ်စီးအကာအရံများပင်ရှိနေ၍ အံ့အားသင့်သွားခဲ့ရသည်၊

ထိုလျှပ်ကာသည် သစ်သားအပိုင်းအစတစ်ခုမျှသာဖြစ်သော်လည်း ဤပစ္စည်းမှတဆင့် မှင်စာများ၏ဉာဏ်ရည်ကို ရှောင်ယုသိရှိခဲ့သည်။

မှင်စာသည် ထိုသစ်သားကိုကောက်ကိုင်ကာ ကျောက်တံခါးအားအချိန်အတော်ကြာအောင် ဟိုဘက်ခေါက်လိုက် ဒီဘက်ခေါက်လိုက်လုပ်နေခဲ့သည်။ထို့နောက် မကြာမှီတွင် သူတို့သည်သေးငယ်သော တံခါးလေးတစ်ခုကို တွေ့လိုက်ရသည်။

"သခင်...ဒီမှာတံခါးသေးသေးလေးတစ်ခုထပ်တွေ့တယ်...အထဲမှာလက်ကိုင်လေးတစ်ခုထပ်တွေ့သေးတယ်...ဒါကိုဆွဲထုတ်လိုက်ရင် ကျောက်တံခါးကိုဖွင့်ဖို့ဖြစ်နိုင်တယ်"

မှင်စာသည် ရှောင်ယု၏အနားသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာခဲ့သည်။

ရှောင်ယုက အနည်းငယ်အံ့သြသင့်သွားခဲ့သည်။

"ဘာလို့အဲ့ဒါကိုတိုက်ရိုက်မဖွင့်တာလဲ...ဘာလို့ငါ့ကိုလာပြောရတာလဲ"

ထိုအချိန်တွင် မှင်စာလေးက သူ၏ခေါင်းကိုဆန့်ထုတ်လိုက်ကာ အနည်းငယ်ရှက်ရွံ့နေသောလေသံဖြင့် ပြောလိုက်သည်။

"ဒါ...ဒါကလေ...နည်းနည်းတော့ထူးဆန်းတယ်မထင်မိဘူးလားသခင်...ဒီကျောက်တံခါးကို တကယ်ဖွင့်နိုင်မလားမသေချာဘူး...ထောင်ချောက်တစ်ခုလည်းဖြစ်နိုင်တာပဲ"

ထောင်ချောက်ဟုတ်လား...

ရှောင်ယုသည် ဤကျောက်တံခါးကိုဖွင့်ရန် မလွယ်ကူကြောင်း ကြာရှည်စွာခံစားရပေသည်။ သူသည် ဂူသချိုင်းဖောက်သော စာအုပ်များစွာကို ဖတ်ဖူးသည့်အတွက်ကြောင့် ဤအခိုက်အတန့်လေးတွင် သူတို့သည်ကြီးမားသောအန္တာရယ်များစွာကို ရင်ဆိုင်ရနိုင်ကြောင်း နားလည်လိုက်သည်။

ရှောင်ယုသည် မှင်စာလေး၏စိုးရိမ်စိတ်ကိုနားလည်လိုက်၍ ပြုံးပြလိုက်သည်။

"အိုးမင်းစိုးရိမ်နေတာကိုငါနားလည်ပြီ...ခိုင်ရင်းရေ...မင်းအလှည့်ရောက်လာပြီ"

ခိုင်ရင်းသည် ရှောင်ယုအား မကျေမနပ်ဖြင့်စိုက်ကြည့်လိုက်သော်လည်း ရှောင်ယု၏အမိန့်အားမနာခံဘဲ မနေခဲ့ပေ။ သူသည် ဒေါသထွက်နေသောအကြည့်ဖြင့် မှင်စာလေးကိုစိုက်ကြည့်လိုက်သည်။ ကြောက်ရွံ့နေသောမှင်စာသည် ရှောင်ယု၏နောက်ကွယ်၌ အမြန်ဆုံးပုန်းအောင်းလိုက်သည်။

ရှောင်ယုကပြုံးပြီး မည်သည့်စကားမှမဆိုခဲ့ပေ။ ယခုလိုအခြေအနေမျိုးအား ကြုံတွေ့ရသူတိုင်းသည် စိတ်ချမ်းသာကြမှာမဟုတ်ပေ။

ခိုင်ရင်းသည် အသက်ခပ်ပြင်းပြင်းရှုလိုက်ပြီး ခုခံမှုကိုအပြီးသတ်လိုက်ပြီးနောက်တွင် စတင်ရန်အသင့်ပြင်ထားလိုက်သည်။

ထို့နောက် ခိုင်ရင်းသည်သတိအပြည့်ထားလိုက်ပြီး ရှောင်ယုအားပြန်၍လှည့်ကြည့်လိုက်သည်။ သူသည် ရှောင်ယု၏စိတ်အားတက်ကြွနေသောအကြည့်များကို သတိထားမိလိုက်ပြီးနောက် သူ၏လက်ကိုဆန့်တန်းကာ လက်ကိုင်ကိုအတင်းဆွဲထည့်လိုက်သည်။

ထို့နောက် အပြာရောင်လျှပ်စီးကြောင်းတစ်ခုက ခိုင်ရင်း၏ခန္ဓာကိုယ်အား ချက်ချင်းပျံ့နှံ့သွားခဲ့တော့သည်။ ထို့နောက်တွင် ခိုင်ရင်းသည် လျှပ်စီးကြောင်း၏အဟုန်ကြောင့် နောက်သို့လွှင့်ထွက်ပျံသန်းသွားခဲ့သည်။

"သနားကရုဏာထားပါ...ဆရာကြီး....ဒါတွေကငါ့အပြစ်ပါ"

ဒဏ်ရာရရှိသွားသည့် ခိုင်ရင်းကိုကြည့်ပြီး မှင်စာလေးသည် အလွန်ပင်ကြောက်လန့်သွားခဲ့ကာ မြေပြင်ပေါ်၌လဲလျောင်း၍ သနားညာတာပေးရန် စတင်တောင်းဆိုခဲ့သည်။

ခိုင်ရင်းသည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း သူကောင်းကောင်းသိထားပေသည်။ ယခုသူ၏အမှားကြောင့် ခိုင်ရင်းသည်ဒဏ်ရာရရှိသွားခဲ့၍ သူ့တွင်ကောင်းမွန်သောအဆုံးသတ်ရှိလာနိုင်စရာအကြောင်းမရှိတော့ပေ။

သို့သော် ရှောင်ယုကမူစကားများများစားစားမပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်ကာ ခိုင်ရင်း၏လျှောက်သွားခဲ့သည်။

"ထတော့...ခိုင်ရင်း"

ခိုင်ရင်းသည် မတ်တပ်ရပ်နိုင်ရန်အတွက် အချိန်အတော်ကြာအောင်ယူခဲ့ရသည်။ သူ၏ခန္ဓာကိုယ်သည် ထိခိုက်ပျက်စီးမှုများစွာ မရှိခဲ့သော်လည်း အချိန်တိုအတွင်းပြန်လည်ထူထောင်နိုင်ရန် မလွယ်ကူလှပေ။

ခိုင်ရင်းသည် မြေပြင်ပေါ်မှခုန်ထလိုက်ပြီးနောက် သူ၏နှလုံးသားထဲတွင် ဒေါသများဖြင့်ပြည့်နှက်နေသော်လည်း ရှောင်ယုအားမည်သို့မှ ပြန်မပြောနိုင်ခဲ့ပေ။ သူသည် အပိုင်းပိုင်းဝါးစားလိုသောအကြည့်ဖြင့် ဆိုးသွမ်းသောမှင်စာကိုသာစိုက်ကြည့်နေခဲ့သည်။

"ကောင်းပြီ...အဲလိုမလုပ်နဲ့ခိုင်ရင်း...ရတနာတွေကိုရှာဖွေတဲ့နေရာမှာ မင်းရဲ့ပါဝင်ကူညီမှုကိုငါအမြဲအမှတ်ရနေမှာပါ...ဆက်လုပ်ကြည့် ဒီတစ်ခါတော့အမှားမဖြစ်စေနဲ့"

အနည်းငယ်စိတ်ပျက်နေသော်လည်း ရှောင်ယုသည်ခေါင်းဆောင်တစ်ယောက်၏ စွမ်းအားကိုအသုံးပြုကာ ခိုင်ရင်းကိုနှစ်သိမ့်ပေးလိုက်သလို အခြားတစ်ဖက်တွင်လည်း မှင်စာလေးအားယခုထက်ကောင်းမွန်အောင်လုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်။

အချိန်အတော်ကြာပြီးနောက်တွင် မှင်စာလေးသည်နောက်ထပ် တံခါးလေး၅ခုအားရှာတွေ့ခဲ့သည်။

"အဲ့ဒါ...အဲ့ဒါက သခင်..နောက်ထပ်တံခါးလေး၅ခုကိုငါထပ်ပြီးရှာတွေ့ခဲ့တယ်"

မှင်စာသည် ရှောင်ယု၏နံဘေးသို့ရောက်လာပြီး တင်ပြလိုက်သည်။ အမှားထပ်လုပ်မိမည်ကို စိုးရိမ်၍ သူ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်နေခဲ့သည်။

"ဘာလဲ...မင်းပြောစရာရှိတာပြော"

ရှောင်ယုက စိတ်လှုပ်ရှားစွာပြောလိုက်သည်။ ဤမှင်စာသည် အမှန်တကယ်ပင် အရည်အချင်းရှိပေသည်။

ထိုအခါမှ မှင်စာလေးကရှင်းပြပေသည်။ ဤကျောက်တံခါးကိုဖွင့်လှစ်ရန်အတွက် သေးငယ်သောတံခါးလေး၅ခုထဲမှ တစ်ခုအားရွေးချယ်ရမည်ဖြစ်သည်။ သို့သော် မှင်စာလေးကတံခါးအမှန်အား မသိခဲ့ပေ။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် မှင်စာလေးသည်တံခါး၅ချပ်အနက် ၃ချပ်အားရွေးချယ်ထားခဲ့ပြီးဖြစ်ရာ ကျန်၂ခုထဲမှတစ်ခုသည် ကျောက်တံခါးကိုဖွင့်နိုင်မည့်လမ်းစဖြစ်သည်။

"ကံကောင်းလိုက်တာ...ကံကောင်းတာပဲ...ငါတို့မှာအခွင့်အလမ်းရှိနေတာပဲ...အဟွတ်...ခိုင်ရင်းရေမင်းထပ်ပြီးတော့ကြိုးစားသင့်ပြီထင်တယ်"

ရှောင်ယုက ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။

ခိုင်ရင်းသည် မည်သည့်စကားမှမဆိုတော့ဘဲ မှင်စာလေးရှေ့သို့တည့်တည့်သွားကာ သူ့အားအေးစက်စွာဖြင့်စိုက်ကြည့်လိုက်သည်။

"သနားပါ...သနားပါ"

မှင်စာလေးသည် အခြားမည်သည့်အရာကိုမှ မပြောဝံ့ဘဲကြောက်လန့်နေခဲ့သည်။

ခိုင်ရင်းသည် လက်ကျန်တံခါးငယ်များဆီ လျှောက်လမ်းလာခဲ့ပြီးနောက်တွင် တံခါးငယ်တစ်ခုအား ကျပန်းရွေးချယ်ကာဆွဲထုတ်လိုက်သည်။

ယခုတစ်ကြိမ်လည်း သူများစွာကံကောင်းမနေပေ။ သူသည် နောက်ထပ်တစ်ကြိမ်ကုန်းရုန်းထလာခဲ့သည်။ ၅မိနစ်ပြည့်ပြီးသည့်နောက်တွင် ခိုင်ရင်းသည်နောက်ထပ်တစ်ကြိမ်ကောင်းမွန်လာခဲ့ကာ နောက်ဆုံးတံခါးငယ်ကိုဖွင့်လိုက်သည်။

"ဂျိန်း..."

ဂီယာလှည့်သံများပဲ့တင်ထပ်လာခဲ့ပြီးနောက် အဆုံးသတ်တွင် ခိုင်ရင်းသည်ကျောက်တံခါးကို အောင်မြင်စွာဖွင့်နိုင်ခဲ့သည်။

မှင်စာလေးကလည်း စိတ်သက်သာရာရသွားခဲ့သည်။ အနည်းဆုံးတော့ သူ၏ခန့်မှန်းချက်ကမမှားယွင်းခဲ့ပေ။

သူတို့သည် အတွင်း၌ရတနာတစ်စုံတစ်ရာကို ရှာမတွေ့ခဲ့သော်လည်း သွေးနီရောင်စာလုံး၃ခုရေးထိုးထားသည့် ကျောက်ပြားကြီးအားတွေ့လိုက်ရသည်။

"အထဲမှာရတနာသေတ္တာတွေရှိလား"

ရှောင်ယုက မေးမြန်းလိုက်သည်။ ဤလျှို့ဝှက်ခန်းအားဧရာမကျောက်တံခါးဖြင့် ကာကွယ်ထားပေရာ ရတနာအချို့ပါဝင်နေသင့်သည်။

လျှောက်လမ်းရှိ မြင်ကွင်းကိုကွယ်ထားသောကျောက်တုံးကြီးအား ဖြတ်လျှောက်ပြီးနောက်တွင် ရှောင်ယု၏ရှေ့တွင်ရွှေရောင်တောင်ကုန်းတစ်ခုထွက်ပေါ်လာခဲ့သည်။

"ငါတော့ချမ်းသာပြီကွ...ဟားဟား"

ရှောင်ယုသည် အဆင့်မြင့်ရွှေပြားတောင်ကြီးကိုမြင်ပြီး အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့သည်။

ယခုအချိန်တွင် ရှောင်ယုအတွက်ပိုက်ဆံသိပ်မရှားသော်လည်း မည်သူကအပိုဝင်ငွေအား မနှစ်သက်ဘဲရှိမည်နည်း။ သူသည် သိုလှောင်လက်စွပ်အားချက်ချင်းထုတ်ယူကာ ထိုရွှေပြားများအားစတင်စုဆောင်းလိုက်သည်။

အရာအားလုံးကိုစုဆောင်းပြီးနောက် ရှောင်ယုသည်ပတ်ဝန်းကျင်အားစတင်စူးစမ်းလိုက်သည်။ သူသည် မည်သည့်နေရာကိုပင်ကြည့်ကြည့် ကောင်းမွန်သောအရာများ ပိုမိုများပြားလာသည်ကိုသာ တွေ့နရသည်။

မကြာမှီတွင် ရှောင်ယုသည်၄မီတာအမြင့်ရှိသော စာအုပ်စင်တစ်ခုအား ရှာတွေ့ခဲ့သည်။ထိုစာအုပ်စင်တစ်ခုလုံးအား ဖုန်မှုန့်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားခဲ့သည်။ထိုစာအုပ်စင်ကို မည်သူမှမထိခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေဟန်ရသည်။

ရှောင်ယုတွေးတောနေစဉ် မှင်စာလေးသည်စာအုပ်စင်ရှေ့သို့ ပြေးဝင်သွားခဲ့ကာ စိတ်လှုပ်ရှားစွာဖြင့် တစ်စုံတစ်ခုအားတီးတိုးရေရွတ်လိုက်သည်။

ရှောင်ယုသည် ထိုစကားလုံးများ၏ဆိုလိုရင်းကိုမသိသော်လည်း ဤနေရာရှိရတနာများသည် အပြင်ဘက်၌တွေ့ခဲ့ရသည်ထက် ပိုမိုကောင်းမွန်ကြောင်းသေချာနေခဲ့သည်။

အခန်း ၄၀၅ - ပွပေါက်တိုးခြင်း

ရှောင်ယုသည် မှင်စာလေး၏ဘေးနားသို့ရောက်လာကာ တိုးတိုးလေးပြောလိုက်သည်။

"ဟေး...ဒါတွေကိုမင်းသေချာမှတ်မိလား"

မှင်စာလေးက လျင်မြန်စွာခေါင်းညိတ်ပြလိုက်သည်။

"သူတို့ထဲကအများစုကို သိထားတယ်သခင်...ဒါပေမဲ့အဲ့ဒါတွေကို သေချာမမှတ်မိဘူး"

ရှောင်ယုသည် မှင်စာ၏လက်ထဲမှ သူယူလိုက်သည့်အရာအားကြည့်လိုက်သောအခါ သူ၏ပါးစပ်ထောင့်စွန်းသည် ချက်ချင်းကွေးကောက်သွားခဲ့သည်။ ဤအရာသည် စာလိပ်တစ်ခုဖြစ်ကာ ကောင်းမွန်သောရတနာတစ်ခုဖြစ်နိုင်ပေသည်။

ရှောင်ယုသည် စာအုပ်စင်ကိုတစ်ချက်ကြည့်လိုက်ရာ အလားတူစာလိပ်များနှင့် ပြည့်နှက်နေသည်ကိုတွေ့လိုက်ရသည်။

ယခုတစ်ကြိမ်တွင် ရှောင်ယုသည်အလွန်ဝမ်းသာသွားခဲ့သည်။ ဤစာလိပ်များသည် အလွန်ပင်ရှားပါးလှကာ မတော်တဆတွေ့ရှိရန်ပင်ခက်ခဲလှပေသည်။

ရှောင်ယု၏မျက်လုံးများက တလက်လက်တောက်ပနေခဲ့သည်။ ဤစာလိပ်များကို အခြားသူများကမမှတ်မိနိုင်သော်လည်း ၎င်းတို့အားလုံးကိုသူသိရှိထားပေသည်။ ထိုအရာများမှာ ကျက်သရေခွန်အားစာလိပ်၊ကျက်သရေစူးရှထက်မြက်မှုစာလိပ်နှင့် အခြားအဖိုးတန်စာလိပ်များဖြစ်ကြသည်။

ဤထူးဆန်းသောစာလိပ်များအား လက်နက်များအပေါ်၌ အသုံးပြုနေသရွေ့ လက်နက်များ၏ဂုဏ်သတ္တိများက လွန်စွာတိုးတက်လာမည်ဖြစ်သည်။

ဤကမ္ဘာပေါ်၌ စွဲမက်ဖွယ်မှော်စာလိပ်များသည် အလွန်ပင်ရှားပါးလှပေသည်။ သာမန်အားဖြင့်ဆိုလျှင် ၎င်းတို့ထွက်ပေါ်လာပါက ပုံသေစျေးနှုန်းတစ်ခုကိုသတ်မှတ်၍မရပေ။ ၎င်းတို့သာစျေးကွက်အတွင်းပေါ်ထွက်လာခဲ့ပါက ချက်ချင်းဆိုသလိုပင်စျေးကြီးပေးကာ ဝယ်ယူကြမည်ဖြစ်သည်။

ယခုအခါ ရှောင်ယုသည်ထိုကဲ့သို့ မှော်စာလိပ်အမျိုးအစားတစ်ဒါဇင်ကျော်ကို တွေ့ရှိခဲ့ရာ ကောင်းကင်ဘုံအားအံတုနေခြင်းပင်ဖြစ်သည်။

ထို့ပြင် ကြီးမားသောတိုက်ပွဲ၌အသုံးဝင်မယ့် အုပ်စုအင်အားသုံးမှော်စာလိပ်၊အုပ်စုခုခံမှုမှော်စာလိပ်စည်ဖြင့် အခြားအုပ်စုလိုက်အသုံးပြုရသည့် မှော်စာလိပ်များရှိနေခဲ့သည်။ ဤမှော်စာလိပ်များသည် လုံးဝကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှပေသည်။

ဂရုတစိုက်စစ်ဆေးအပြီးတွင် ရှောင်ယုသည် အခြားစွဲမက်ဖွယ်မှော်စာလိပ်အချို့အားလည်း ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ၎င်းတို့သည်များစွာအရေးမကြီးလှပေ။ သူသည် တွန့်ဆုတ်မနေတော့ဘဲ ၎င်းတို့အားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ကောက်သိမ်းလိုက်ပြီး အခြားအရာများကိုစတင်ကြည့်ရှုခဲ့သည်။

သူနောက်ထပ်ရှာတွေ့ခဲ့ရသည်မှာ ထုတ်လုပ်မှုကုန်ကျစရိတ် အလွန်များပြားသည့် စူပါသတ္တုစပ်ဗုံးများဖြစ်ပြီး အလွန်အသုံးတည့်သည့်အရာဖြစ်သည်။

၎င်းတို့သည် နဂါးမီးမြှားကဲ့သို့အစွမ်းမထက်လှသော်လည်း ဂရုတစိုက်အသုံးပြုမည်ဆိုပါက ၎င်း၏စွမ်းအားသည်လုံးဝထိတ်လန့်ဖွယ်ကောင်းမှာဖြစ်သည်။

အဆုံးသတ်တွင် သိုဝှက်ထားသောနေရာတစ်ခု၌ မှင်စာလေးသည်စာရွက်အနည်းငယ်ကို ရှာတွေ့ခဲ့သည်။ မှင်စာလေး၏မျက်နှာပေါ်ရှိ ကြောင်အနေသောအမူအရာကိုကြည့်ရင်း ရှောင်ယုသည်စိတ်မရှည်တော့ဘဲ မှင်စာလေး၏လက်ထဲရှိစာရွက်ကိုဆွဲယူလိုက်သည်။

သို့သော် စာရွက်ကိုစစ်ဆေးပြီးနောက် ရှောင်ယုသည်ကောင်းကင်ဘုံသို့ရောက်သလို ခံစားလိုက်ရကာ မှင်စာလေးကိုဖက်၍ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။

"ဟားဟား...သောက်ရမ်းကိုမိုက်ပြီဟေ့...ဒါကတိုက်တန်တူတွေရဲ့ဒီဇိုင်းပဲ...ဒါကတော့ဝတ်ရုံဒီဇိုင်းပေါ့...ဒါကသောက်ရမ်းကိုကြီးမားတဲ့ကိစ္စတစ်ခုပဲ"

ရှောင်ယုသည် အခြားမည်သူ့ကိုမှဂရုမစိုက်ဘဲ စိတ်လွတ်ကိုယ်လွတ်ပျော်နေသည်ကို ဘေးနားရှိလူများမြင်တွေ့လိုက်ရချိန်တွင် လူတိုင်းအံ့သြသွားကြတော့သည်။ ဤမျှတန်ဖိုးကြီးသောအရာသည် အမှန်တကယ်ပင်ရှိနေပါသလား...

ရှောင်ယုသည် သူတို့အားဂရုမစိုက်ပေ။ သူသည် အမှန်တကယ်ကိုကံကောင်းလှပေသည်။ ပစ္စည်းကောင်းများစွာသည် သူ့လက်ထဲသို့ရောက်ရှိလာဆဲဖြစ်သည်။

"ကျန်တဲ့နှစ်ယောက်ကော ဘယ်လိုနေမလဲမသိဘူး"

ရှောင်ယုသည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့အကြောင်းကို ရုတ်တရက်တွေးမိလိုက်သည်။

ငါတစ်ယောက်ပဲကံကောင်းနေတာလား...ဒါမှမဟုတ်လူတိုင်းကံကောင်းနေတာလား

နီကိုးလပ်စ်သည် သူ၏လမ်းကြောင်းသို့ဝင်ရောက်ပြီးနောက်တွင် ရှောင်ယုကဲ့သို့အလားတူအရာများကို ကြုံတွေ့ခဲ့ရသော်လည်း သူ့ထံတွင်အင်ဂျင်နီယာပညာရပ်ကိုကျွမ်းကျင်သော မှင်စာရှိမနေ၍ အတော်ပင်ပန်းခဲ့ရသည်။ သူသည်အချိန်များစွာဖြုန်းတီးခဲ့ပြီးမှသာ လျှို့ဝှက်ခန်းအချို့အားရှာတွေ့ခဲ့သော်လည်း အထဲရှိပစ္စည်းများမှာ ရှောင်ယုတွေ့ရှိခဲ့သည်လောက် အဖိုးမတန်လှပေ။

ထို့နောက် နီကိုးလပ်စ်သည် မဲမှောင်နေသောမျက်နှာအမူအရာဖြင့် လမ်းကြောင်းအဆုံးထိရောက်ရှိလာခဲ့သည်။ သူသည်လည်း ကျောက်တံခါးကိုရှာတွေ့ခဲ့သော်လည်း အဆုံးသတ်တွင်ကြမ်းကြမ်းတမ်းတမ်းဖွင့်လှစ်ရန်သာ ရွေးချယ်ခဲ့သည်။ ထို့နောက်သူတို့သည်လည်း ပစ္စည်းကောင်းများကိုရရှိခဲ့သည်။ ထိုပစ္စည်းများသည် အလွန်တန်ဖိုးရှိသော်လည်း ရှားပါးသည့်အရာများမဟုတ်ကြပေ။

လီယိုနာဒို၏အခြေအနေသည်လည်း နီကိုးလပ်စ်နှင့်သိပ်ပြီးမကွာခြားလှပေ။

ရံဖန်ရံခါတွင် မှင်စာမျိုးနွယ်သည် လွန်စွာမှအသုံးဝင်ပေသည်။

"ညီအစ်ကိုတို့...လမ်းရဲ့အခြားတစ်ဖက်ကို သွားကြည့်ရအောင်...အခြားအခန်းတွေရှိရင်ရှိနေလောက်တယ်"

ရှောင်ယုက သူ့လူများကိုနိုးဆော်လိုက်သည်။ သူသည်အနည်းငယ်ကျေနပ်နေသော်လည်း ပို၍တန်ဖိုးကြီးသောအရာတစ်ခုအား ရှာဖွေလိုနေခဲ့သည်။

ရှောင်ယုသည် အလွန်လောဘကြီးသူမဟုတ်သော်လည်း သူသာအကျိုးအမြတ်များများရရှိမည်ဆိုပါက မည်သည့်အခါမှလက်လျော့မည်မဟုတ်ပေ။

အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် မှင်စာသည် ဤနေရာတွင် ကောင်းမွန်သောအရာများ ထပ်မရှိတော့ကြောင်း အတည်ပြုပေးခဲ့သည်။

ရှောင်ယုသည် အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့ကာ လျှောက်လမ်း၏အဝင်ဝသို့ပြန်သွားခဲ့သည်။ထိုနေရာသို့ရောက်ချိန်တွင် ယခုအချိန်ထိတိုင်အောင် မည်သူကမှပြန်မလာသေးသည်ကိုမြင်တွေ့လိုက်ရ၍ အခြားလမ်းကြောင်းတစ်ခုထဲသို့ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်ထပ်လမ်းကြောင်းတွင်လည်း ပစ္စည်းကောင်းလေးများရှိနေနိုင်သည်။

လမ်းတလျှောက်တွင် ရှောင်ယုသည်အရာအားလုံးကို စူးစမ်းလေ့လာနေခဲ့ရာ အခြားသူများကို သူအမှန်ပင် အံ့အားသင့်သွားခဲ့သည်။ ဤလျှို့ဝှက်လမ်းကြောင်းတွင် သိုဝှက်ထားသောရတနာများရှိနေသော်လည်း ထိုသူများကရတနာအားမည်သို့ရှာဖွေရမည်ကို သိရှိထားဟန်မရပေ။ လမ်းတလျှောက်လုံးတွင် မတော်တဆဖွင့်ခဲ့မိသော အခန်းလေးအချို့မှအပ ကျန်လျှို့ဝှက်ခန်းများကပုံမှန်အတိုင်းရှိနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့ထံတွင် ကောင်းမွန်သောရတနာများကို ရှာဖွေပေးကာ ရှောင်ယု၏သိုလှောင်လက်စွပ်အား ရတနာများဖြင့်ပြည့်နှက်သွားစေမယ့် မှင်စာတစ်ကောင်ရှိနေခဲ့သည်။

လမ်းအဆုံးသို့ရောက်ရှိချိန်တွင် ကျောက်တံခါးကြီးကိုမတွေ့ခဲ့ရပေ။ ထိုနေရာတွင် နေ့စဉ်သုံးအသုံးအဆောင်များမှလွဲ၍ အခြားရှိမနေခဲ့ပေ။

သို့သော်လည်း ပတ်ဝန်းကျင်အား လေ့လာရာတွင် အကဲဆတ်သောရှောင်ယုက ဤနေရာသည် နတ်ဆိုးမှော်ဆရာအော်ဂတ်စတတ်၏နေရာဖြစ်ကြောင်း ချက်ချင်းသိရှိခဲ့သည်။

သူသည်နေရာတစ်ခုလုံးအနှံ့ လိုက်လံရှာဖွေပါသော်လည်း ကောင်းမွန်သည့်အရာကိုမတွေ့ခဲ့၍ ရှောင်ယုသည်ထိုနေရာမှထွက်ခွာသွားခဲ့သည်။

အချို့သောအခန်းလေးများသည် စူးစမ်းရှာဖွေရန် မထိုက်တန်ပေ။ သူသည် အပြင်သို့ထွက်ပြီး အခြားပစ္စည်းကောင်းလေးများ ရှာတွေ့နိုင်မည်လားဟု စိတ်ကူးမိလိုက်သည်။

ရှောင်ယုသည် ဝင်ပေါက်သို့ပြန်လည်ရောက်ရှိလာချိန်တွင် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"အိုး...မင်းရဲ့ရိတ်သိမ်းမှုက တော်တော်လေးကောင်းခဲ့တယ်ထင်တယ်"

ရှောင်ယုသည် ပျော်ရွှင်ကြည်နူးဟန်လုံးဝမပြဘဲ တည်ငြိမ်ဟန်ဆောင်ထားခဲ့သည်။ ရံဖန်ရံခါတွင် အရေးနိမ့်ဟန်ဆောင်သူများသည် အခြားသူများထက်ပိုမိုကောင်းမွန်ပေသည်။

နီကိုးလပ်စ်က မျက်မှောင်ကြုတ်၍ပြောလို့က်သည်။

"အိုး...မင်းကအထဲမှာကောင်းတဲ့အရာတွေ မရခဲ့ဘူးလား"

"အိုး...ငါကပိုပြီးတော့ကံကောင်းပုံဘဲ...အထဲမှာလျှို့ဝှက်ခန်း၅ခန်းတွေ့ခဲ့တယ်"

လီယိုနာဒိုက မောက်မာသောလေသံဖြင့်ပြောလိုက်သည်။

"ဟုတ်လား...ငါကအထဲမှာ လျှို့ဝှက်ခန်း၆ခန်းတောင်တွေ့ခဲ့တာပဲ...ငါကပိုကံကောင်းတာပဲ...အမှန်တော့ ကံကောင်းခြင်းဆိုတာ အကျင့်စရိုက်ဆိုးတဲ့လူတွေဆီမှာရှိနိုင်တဲ့ အရာတော့မဟုတ်ဘူး"

ရှောင်ယုသည် လုံးဝတင်စီးမခံဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။

လျှို့ဝှက်ခန်း၆ခန်း...

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ကာ အနည်းငယ်အံ့သြသွားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရှောင်ယုပြောသည့်စကားများက မှန်သလားမှားသလား သူတို့သေချာမသိပေ။

"မင်းတို့အထဲဝင်ကြည့်လို့ရတယ်...မင်းတို့တွေရှာတွေ့မှာပေါ့"

ရှောင်ယုသည် ထိုသို့ပြောလိုက်သော်လည်း သူတို့နှစ်ယောက်က အမှန်တကယ်ဝင်ရောက်ရှာဖွေမည်ကို စိုးရိမ်နေခဲ့သည်။ ထိုသို့ဆိုလျှင် အချိန်များစွာဖြုန်းတီးမိမည်ဖြစ်သည်။

နီကိုးလပ်စ်သည် ရှောင်ယုပြောသည့်စကား၏အဓိပ္ပါယ်ကို သိရှိထားပေသည်။ သူသည် ခေါင်းကိုအနည်းငယ်ခါယမ်းလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒါကတကယ့်ကိုကောင်းတဲ့အကြံပဲ...ဒါပေမဲ့ငါတို့ကအချိန်မဖြုန်းချင်တော့ဘူး...သွားကြရအောင်"

လူတိုင်းအပြင်သို့ရောက်လာချိန်တွင် မွန်းတည့်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့၃ယောက်သည် တစ်ယောက်ကိုတစ်ယောက်စောင့်ကြည့်နေကြပြီး သတိအပြည့်ရှိနေကြသည်။

"ဟားဟား...ငါတို့ပြန်ရောက်လာပြီကွ...ဒီနေ့တော့ဟင်းကောင်းကောင်းတွေရှိနေတာပဲ...အားလုံးအရသာရှိရှိစားကြမယ်...ဂေါ်လောခ့်ရဲ့အသားကိုပြင်ဆင်ကြ"

ရှောင်ယုသည်သူ၏စခန်းသို့ပြန်ရောက်လာပြီးနောက် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

နီကိုးလပ်စ်နှင့် လီယိုနာဒိုတို့သည် ရှောင်ယု၏ကြေငြာချက်ကိုကြားသောအခါ ထုံးစံအတိုင်းနောက်ကောက်ကျန်နေရန် မဖြစ်နိုင်ပေ။ သူတို့၏လက်အောက်ငယ်သားများကို ဟင်းကောင်းကောင်းချက်ရန် အမိန့်ပေးခဲ့သည်။

ရှောင်ယုသည် အရသာရှိသောအစားအစာများကို မြည်းစမ်းကြည့်ပြီးနောက်တွင် အချိန်အနည်းငယ်ကြာအနားယူလိုက်သည်။ ထို့နောက်သူတို့သည် ဂေါ်ဒန်၏ဦးခေါင်းခွံကိုရှာဖွေရန်အတွက် နောက်ထပ်တစ်ကြိမ်ထွက်ခွာလာခဲ့သည်။

Thank For Reading.

All Chapters