← Chapters

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း ၃၉၁ - ဂြိုလ်ဆိုးတမန်တော်

ဟင်းလင်းပြင်အတားအဆီးသည် နောက်ဆုံး၌ကျိုးပျက်သွားပြီဖြစ်သည်။

အော်ဂတ်စတတ်သည် သူကိုယ်တိုင်အချိန်အတော်ကြာအောင် ကြိုးစားအားထုတ်ခဲ့ရသော အတားအဆီးကကျိုးပျက်သွားချိန်တွင် အလွန်စိတ်မကောင်းဖြစ်မိခဲ့သည်။

အမှန်တွင် အော်ဂတ်စတတ်၏ခွန်အားဖြင့်သာဆိုပါက သူသည်အစွမ်းအထက်သော မှော်လက်စွပ်၏အကူအညီဖြင့် အတားအဆီးကို ပြန်လည်ရုပ်သိမ်းနိုင်သော်လည်း သူ၏အစွမ်းအထက်ဆုံးမှော်ပညာကိုထုတ်ဖော်ရန် အချိန်လိုအပ်သောကြောင့် ထိုသို့မလုပ်ဆောင်နိုင်ခဲ့ပေ။

အစွမ်းအထက်ဆုံးမှော်ပညာ...

နတ်ဆိုးမှော်ဆရာတစ်ယောက်၏ အစွမ်းအထက်ဆုံးမှော်ပညာသည် အဘယ်နည်း။ ပုံမှန်အားဖြင့်ဆိုလျှင် ဆင့်ခေါ်ခြင်းနည်းစနစ်ဖြစ်ပြီး နတ်ဆိုးမှော်ဆရာများဆင့်ခေါ်လိုက်သည့် အားကောင်းသောနတ်ဆိုးများက သာမန်လူများခုခံနိုင်သည့်အရာမဟုတ်ပေ။

ထို့ပြင် ဟင်းလင်းပြင်အတားအဆီး ကျိုးပျက်သွားပြီးနောက်တွင် အော်ဂတ်စတတ်၏ပြင်ဆင်မှုများကလည်း အဆုံးသတ်သွားခဲ့သည်။

"ငါ၏အမည်နာမတော်အားဖြင့် ဆင့်ခေါ်အပ်သည်...ဂြိုလ်ဆိုးတမန်တော်ထွက်လာလော..."

အော်ဂတ်စတတ်၏အသံသည် တိုးလျနေသော်လည်း ထူးဆန်းသောအသွင်အပြင်များနှင့် ပြည့်နှက်နေသည့်အတွက်ကြောင့် သူတို့အားလုံးသည် ရှေးခေတ်သို့ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ လူတိုင်းသည် မဟာအင်အားကြီးပုဂ္ဂိုလ်တစ်ယောက်က သူ၏အစွမ်းထက်မန္တန်အား ချပြနေသည်ကို အတိုင်းသားကြည့်နေရသလိုပင်ဖြစ်နေခဲ့သည်။

"မကောင်းတော့ဘူး...သူက ဂြိုလ်ဆိုးတမန်တော်ကိုဆင့်ခေါ်ချင်နေတာပဲ...သူ့ကိုတားလိုက် တိုင်ရန်ဒီ"

ရှောင်ယုက သူ၏အမြီးကိုတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်လိုအော်ဟစ်လိုက်သည်။

တိုင်ရန်ဒီနှင့်အခြားသူများ၏တိုက်ခိုက်မှုသည် အော်ဂတ်စတတ်၏ရှေ့သို့ရောက်ရှိလာသည့်အခါတွင် ကြီးမားသောရေဝဲသုံးခုက သူ၏နောက်ဘက်၌ဖြေးညင်းစွာဖြစ်ပေါ်လာခဲ့သည်။

၄...ဂြိုလ်ဆိုးတမန်တော် ၄ ပါးလား...

ရှောင်ယု၏မေးရိုးသည် မြေပေါ်သို့ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့သည်။ ဒီနတ်ဆိုးမှော်ဆရာက အရမ်းကိုအစွမ်းထက်လွန်းတာမဟုတ်လား...တစ်ကြိမ်တည်းနဲ့ ဂြိုလ်ဆိုးတမန်တော် ၄ ပါးကိုဆင့်ခေါ်နိုင်တာလား...တကယ်လို့ဂြိုလ်ဆိုးတမန်တော်တွေသာ အရမ်းကိုအဆင့်မြင့်နေတယ်ဆိုရင် ငါတို့နောက်ဆုတ်ပြီးတော့ အခွင့်အရေးကိုရှာဖွေရလိမ့်မယ်...

"လူ့လောက ငါပြန်ရောက်လာခဲ့ပြီ"

လက်ဝဲဘက်အစွန်ဆုံး၌ရှိသော ရေဝဲသည်ရုတ်တရက်တုန်ခါသွားခဲ့ပြီး ကြီးမားသောသွင်ပြင်တစ်ခုက ဖြေးညင်းစွာထွက်ပေါ်လာခဲ့သည်။

ပထမဆုံးသော ဂြိုလ်ဆိုးတမန်တော်ထွက်ပေါ်လာပြီး ၎င်းသည်တွေးတောဆင်ခြင်နိုင်စွမ်းရှိပေသည်။

"မြန်မြန်...နောက်ဆုံးရေဝဲ ၃ခုကိုအာရုံစိုက်ကြ"

ရေဝဲတွင်းမှ အောင်မြင်စွာထွက်ခွာလာနိုင်သော ဂြိုလ်ဆိုးတမန်တော်အား ရပ်တန့်ရန်မဖြစ်နိုင်ကြောင်း ရှောင်ယုနားလည်ထားပေသည်။ ယခုအချိန်တွင်သူသည် အခြားသော ဂြိုလ်ဆိုးတမန်တော်များ ထွက်မလာရန်သာတားဆီးနိုင်မည်ဖြစ်သည်။

ထိုခဏအတွင်း၌ နောက်ဆုံးသောရေဝဲ ၃ ခုပေါ်သို့ တိုက်ခိုက်မှုအမြောက်အများက ရူးသွပ်စွာကျရောက်လာခဲ့သည်။

ခဏအကြာတွင် ဒုတိယရေဝဲအတွင်းမှနေ၍ ဂြိုလ်ဆိုးတမန်တော်တစ်ပါး ထပ်မံထွက်ပေါ်လာခဲ့သည်။

တမန်တော်နှစ်ပါးသည် ရုပ်ရည်သွင်ပြင်နှင့်ခွန်အားချင်းတူညီကြသော်လည်း တစ်ခုတည်းသောခြားနားချက်မှာ ဒုတိယဂြိုလ်ဆိုးတမန်တော်၏ တုံ့ပြန်မှုသည်အနည်းငယ်နှေးကွေးပြီး စကားမပြောတတ်ပေ။

ထိုမြင်ကွင်းကိုကြည့်၍ ရှောင်ယုအနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဂြိုလ်ဆိုးတမန်တော်များအကြား၌ ကိုယ်ပိုင်အသိညဏ်ရှိသူတစ်ယောက်သာရှိပေသည်။ အကယ်၍ ဂြိုလ်ဆိုးတမန်တော်များအားလုံးသာ အမှီအခိုကင်းကင်းတိုက်ခိုက်နိုင်ပါက သူတို့သည်အမှန်တကယ်ပြီးဆုံးသွားမည်ဖြစ်သည်။

တိုက်ခိုက်မှုအမြောက်အများသည် နောက်ဆုံးရေဝဲအပေါ်သို့ကျရောက်လာသည့်အချိန်တွင် နောက်ဆုံးသောရေဝဲသည် တိုက်ခိုက်မှုများကို တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ ပြိုလဲပျက်စီးသွားခဲ့သည်။

"ကောင်းတယ်...ဆက်ပြီးတိုက်ခိုက်ကြ"

ရှောင်ယုကချီးကျူးစကားဆိုကာ လက်ခုပ်တီးလိုက်သည်။

မည်သို့ပင်ဆိုစေ အော်ဂတ်စတတ်သည် တတိယမြောက်ရေဝဲကိုဖျက်ဆီးရန်အတွက် ဆက်လက်ခွင့်မပြုတော့ပေ။ ထို့ကြောင့် ပထမဆုံးဆင့်ခေါ်ထားသော ဂြိုလ်ဆိုးတမန်တော်နှစ်ပါးသည် တတိယမြောက်ရေဝဲရှေ့သို့ရောက်ရှိလာကာ တိုက်ခိုက်မှုများအား ခုခံလိုက်တော့သည်။

ရှောင်ယုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်တွင် ရေဝဲကိုထပ်မံဖယ်ရှားရန် မဖြစ်နိုင်တော့ကြောင်းနားလည်လိုက်သည်။

ခဏအကြာတွင် နောက်ဆုံးသောဂြိုလ်ဆိုးတမန်တော်ကလည်း ထွက်ပေါ်လာခဲ့သည်။

ဂြိုလ်ဆိုးတမန်တော်သုံးပါးသည် အော်ဂတ်စတတ်၏ဘေးနားတွင် တန်းစီ၍ရပ်နေခဲ့ကြသည်။

"ဟီးဟီး...ငါပြောခဲ့သလိုပဲ...မင်းတို့ရဲ့ကံကြမ္မာကိုပြောင်းလဲလို့မရနိုင်ဘူး...ငါသတ္တမအဆင့်ကိုတက်လှမ်းနိုင်ဖို့အတွက် မင်းတို့ရဲ့ခန္ဓာကိုယ်ကိုချိူးဖောက်ပြီး မင်းတို့ရဲ့ဝိညာဉ်တွေကိုစုပ်ယူပစ်မယ်"

အော်ဂတ်စတတ်သည် မာနကြီးသောလေသံဖြင့် ကျယ်လောင်စွာပြောလိုက်သည်။

"အိပ်မက်မက်မနေနဲ့...ငါတို့ကမင်းကိုတစ်ကြိမ်အနိုင်ယူခဲ့ပြီးပြီ....ခုလည်းငါတို့ကမင်းကိုထပ်ပြီးတော့ အနိုင်ယူပြမယ်"

လီယိုနာဒိုက မခိုးမခန့်လေသံဖြင့်ပြောခဲ့သည်။

"အိုး...မင်းတို့ပုဇွန်ဆိတ်လေးတွေက ဘာလုပ်နိုင်မှာလဲ"

ပထမဆုံးဆင့်ခေါ်ခံရသည့် ဂြိုလ်ဆိုးတမန်တော်သည် ရှောင်ယုတို့အားအထင်အမြင်သေးသည့် အကြည့်ဖြင့်ကြည့်လိုက်ကာ အေးစက်သောလေသံဖြင့်ပြောလိုက်သည်။

အဆုံးသတ်တွင် သူသည်ဂြိုလ်ဆိုးတမန်တော်ဖြစ်ပြီး အားနည်းသောဖြစ်တည်မှုများကို လုံးဝဂရုမစိုက်ပေ။

"ဟမ့်...ဂြိုလ်ဆိုးတမန်တော်...မင်းရဲ့ကိုယ်ပွားတွေအစား မင်းကိုယ်တိုင်ရောက်လာခဲ့မယ်ဆိုရင်တော့ ငါကြောက်ကောင်းကြောက်လိမ့်မယ်...ဒါပေမဲ့ကံမကောင်းစွာဘဲ မင်းကငါတို့ကိုသတ်ဖို့ တစ်ခုတည်းသောအခွင့်အရေးကို လက်လွတ်သွားခဲ့ပြီ"

ရှောင်ယုသည် ပြဿနာကိုရှာဖွေတွေ့ရှိခဲ့ပြီဖြစ်၍ ပြုံးကာပြောလိုက်သည်။

ဂြိုလ်ဆိုးတမန်တော်များ၏စွမ်းအားသည် အလွန်ပင်အားကောင်းလှပြီး သူတို့ထွက်ပေါ်လာသည်နှင့် ဤတိုက်ကြီးပေါ်၌အထွတ်အထိပ်သို့ရောက်ရှိနေမည်မှာ သေချာပေသည်။

ထိုသို့ဆိုလျှင် သူတို့၏လက်ရှိစွမ်းအားသည် အဘယ်ကြောင့်ဆဌမအဆင့်သို့သာ ရောက်ရှိနေရသနည်း။

ဆဌမအဆင့်သည် ထိုမျှကြောက်မက်ဖွယ်ကောင်းသည့်အရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဆဌမအဆင့်အထွတ်အထိပ်သို့ပင်ရောက်ရှိနေသည့် ဂေါ်လောခ့်ခေါင်းဆောင်ကိုပင် သတ်ဖြတ်နိုင်ပြီးဖြစ်သောကြောင့်ဖြစ်သည်။ သူသည် ဂြိုလ်ဆိုးတမန်တော်၏ကိုယ်ပွားများကို ဂရုစိုက်နေမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ဤအရာသည်စစ်မြေပြင်ရှိရန်သူများကို ရှုတ်ချရုံသာဖြစ်သည်။ပုံမှန်အားဖြင့် ဂြိုလ်ဆိုးတမန်တော်ကိုယ်ပွားများကို စက္ကူကျားများအဖြစ်မသတ်မှတ်နိုင်ပေ။ ဆဌမအဆင့်ကျွမ်းကျင်သူ၃ယောက်ကပင် အလွန်ကြောက်စရာကောင်းနေခဲ့ပြီဖြစ်သည်။

"ရှောင်ယု၊လီယိုနာဒို ငါတို့ကကိုယ်ပိုင်အသိစိတ်ရှိနေတဲ့ ကိုယ်ပွားကိုပဲတိုက်ခိုက်ဖို့အာရုံစိုက်ရလိမ့်မယ်...ကျန်တဲ့ကိုယ်ပွားနှစ်ခုကို အခြားသူတွေနဲ့ကိုင်တွယ်ခွင့်ပေးလိုက်...ငါတို့သာအဓိကကိုယ်ပွားကိုသတ်ဖြတ်နိုင်သရွေ့ ကျန်ကိုယ်ပွားနှစ်ခုလည်းပျက်စီးသွားမှာပဲ"

နီကိုးလပ်စ်က အေးစက်စွာပြောလိုက်သည်။

ရှောင်ယုပြောသည့်အတိုင်း ဂြိုလ်ဆိုးတမန်တော်သည် အနိုင်ရရှိရန်အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

"သွား...သူတို့အားလုံးကိုမြန်မြန်သတ်လိုက်ကြ"

အော်ဂတ်စတတ်က အေးစက်စွာပြောလိုက်ပြီး သူ၏ဝိညာဉ်တိုက်ခိုက်မှုအား စတင်ထုတ်လွှတ်လိုက်သည်။

မူလကသူသည် သူ၏ဘေးကင်းရေးအတွက် ဂြိုလ်ဆိုးတမန်တော်များကို သူ့ဘေးနား၌ထားရစ်လိုခဲ့သည်။ ယခုမူ သူ၏အကြံအစည်ကို ပျက်ယွင်းသွားခဲ့ပြီဖြစ်သည်။

"သတ်...."

ဂြိုလ်ဆိုးတမန်တော်သည် ထိုစကားကိုသူ၏အဓိကကိုယ်ပွားသို့မဟုတ် ကျန်ကိုယ်ပွားနှစ်ခုက ပြောသလားဆိုသည်ကို မသေချာပေ။ သို့သော်စကားအဆုံး၌ သူကလျင်မြန်စွာလှုပ်ရှားလာခဲ့သည်။

သူတို့ထံပြေးဝင်လာသော ဂြိုလ်ဆိုးတမန်တော်၃ပါးကိုကြည့်ရင်း လူတိုင်း၏နှလုံးသားထဲ၌ အော်ဟစ်လိုက်မိကြသည်။

မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲသည်စတင်နေပြီဖြစ်ရာ လူတိုင်းသည်သူတို့၏အရှိန်အဟုန်ကို အထွတ်အထိပ်သို့မြင့်တင်လိုက်ပြီး ဂြိုလ်ဆိုးတမန်တော်များထံပြေးဝင်သွားကြသည်။

အော်ဂတ်စတတ်သည် လှုပ်ရှားခြင်းမပြုသော်လည်း ဝိညာဉ်တိုက်ခိုက်မှုများကို ဆက်တိုက်ထုတ်လွှတ်ပေးနေခဲ့သည်။ အကယ်၍ ဂြိုလ်ဆိုးတမန်တော်၃ပါးကတောင်မှ သူတို့အားအနိုင်မယူနိုင်ခဲ့လျှင် သူသည်လည်းအနိုင်ယူရန်မဖြစ်နိုင်ကြောင်း ခံစားမိပေသည်။

ဂြိုလ်ဆိုးတမန်တော်များ၏စွမ်းအားသည် မေးခွန်းထုတ်နေစရာပင် မလိုအပ်ပေ။ ၎င်းတို့သည် ဆဌမအဆင့်သို့ရောက်ရှိသွားပြီးသည့်နောက်တွင် သူတို့၏အစွမ်းထက်သော အသွင်ကူးပြောင်းမှုအစွမ်းနှင့် ထူးခြားသောကျွမ်းကျင်မှုများက လူသားများကိုအလွန်ပင်ထိခိုက်စေနိုင်ပေသည်။

လောင်ကျွမ်းကမ္ဘာမြေ....

ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက်တွင် ဤဂြိုလ်ဆိုးတမန်တော်များသည် သူတို့၏ကျွမ်းကျင်မှုကို စတင်ပြသခဲ့သည်။ ဤအသွင်ကူးပြောင်းခြင်းအစွမ်းကြောင့် ကမ္ဘာမြေကိုပင်မီးတောက်များဖြင့် ဖုံးလွှမ်းသွားစေနိုင်သည်။ မီးလောင်နေသောမြေပြင်သည် ရန်သူတပ်များမြေပြင်နှင့်ထိတွေ့နေသရွေ့ ပျက်စီးမှုကိုဖြစ်ပေါ်စေမည်ဖြစ်သည်။

"အားလုံးသတိထားကြတော့...ပူလောင်နေတဲ့မြေပြင်နဲ့မထိတွေ့မိစေနဲ့...အတတ်နိုင်ဆုံးထိတွေ့ချိန်ကို တိုတောင်းအောင်လုပ်"

ရှောင်ယုကကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည်ဂြိုလ်ဆိုးတမန်တော်များ၏ ကျွမ်းကျင်မှုများကို နားလည်လိုက်သည်။

လောင်ကျွမ်းကမ္ဘာမြေ၏စွမ်းအားသည် နိမ့်ကျလှသည်မဟုတ်ပေ။ အောစ့်စစ်သည်များမှလွဲ၍ သာမန်တပ်သားများသည် ဖိနပ်ဝတ်ထားလျှင်ပင် ပူလောင်နေသောမြေပြင်နှင့်ထိတွေ့မိပါက အော်ဟစ်ထွက်ပြေးရမည်ဖြစ်သည်။ ထို့ကြောင့် သာမန်တပ်သားတစ်စုသည် စိတ်ပျက်လက်ပျက်အမူအရာဖြင့် စစ်မြေပြင်မှဆုတ်ခွာလာကြသည်။

အခန်း ၃၉၂ - ထိပ်တိုက်ရင်ဆိုင်ခြင်း

ဂြိုလ်ဆိုးတမန်တော်၏ လောင်ကျွမ်းကမ္ဘာမြေအစွမ်းသည် အမှန်တကယ်ပင် အစွမ်းထက်လှပြီး လူတိုင်းကိုထိတ်လန့်တုန်လှုပ်စေသည်။

သို့သော်လည်း ရှောင်ယုနှင့်အခြားစွမ်းအားကြီးကျွမ်းကျင်သူများအား ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်ပေါ်စေခဲ့ပေ။

လီယိုနာဒိုက လူတိုင်းခုန်နေကြသည်ကိုကြည့်ပြီး သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

လီယိုနာဒို၏အော်သံကိုကြားပြီးနောက်တွင် မှော်ဆရာများက မှော်မန္တန်ကို စတင်ရွတ်ဆိုလိုက်ကြသည်။

ဘုံးးး...ဘုံးးး

ကျယ်လောင်သောဆူညံသံနှင့်အတူ နေဝင်ချိန်နွံအိုင်၏ စိမ့်တောသည် ရေဖြင့်တဖန်လွှမ်းမိုးနစ်မြုပ်သွားခဲ့သည်။ ထို့နောက် မူလကပူပြင်းတောက်လောင်နေသည့် မြေပြင်သည် အပူချိန်ကျဆင်းသွားခဲ့သည်။

"သတ်ကြ..."

လူတိုင်းကအော်ဟစ်လိုက်ပြီး စတင်တိုက်ခိုက်ကြတော့သည်။

ဂြိုလ်ဆိုးတမန်တော်တွေဟုတ်လား...အဲ့တော့ဘာဖြစ်လဲ...တိုက်ကွာ

ဂေါ်လောခ့်ခေါင်းဆောင်ကို အောင်မြင်စွာသတ်ဖြတ်နိုင်မှုကြောင့် လူတိုင်း၏ယုံကြည်မှုသည် တိုးတက်လာခဲ့သည်။ သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်ကဲ့သို့ ဖြစ်တည်မှုကိုပင် သတ်ဖြတ်နိုင်သည့်အတွက် အဘယ်ကြောင့်ကြောက်ရွံ့နေရမည်နည်း။

သူ၏လောင်ကျွမ်းကမ္ဘာအစွမ်းသည် လျင်မြန်စွာဖြေရှင်းခံလိုက်ရသည်ကို ဂြိုလ်ဆိုးတမန်တော်တွေ့မြင်လိုက်သောအခါ တစ်စုံတစ်ယောက်က သူ၏မျက်နှာကိုရိုက်လိုက်သလို ခံစားလိုက်ရသည်။ ဂြိုလ်ဆိုးတမန်တော်သည် ဒေါသပေါက်ကွဲသွားပြီးနောက်တွင် မြေပြင်သည်ပင်တုန်ခါသွားခဲ့ရသည်။

"မရပ်နဲ့...သူ့ကိုတိုက်ကြ...လုံးဝအနားမပေးနဲ့"

ထိုဂြိုလ်ဆိုးတမန်တော်များသည် မည်သို့ဆက်လုပ်ချင်သည်ကို သဘာဝကျကျနားလည်ထား၍ ရှောင်ယု၏မျက်လုံးများ တောက်ပလာခဲ့သည်။

ဒီနေရာကနွံအိုင်လေ...ဒီလိုနွံအိုင်ထဲမှာ ဘယ်အရာကအများဆုံးလဲ...ရေမဟုတ်ဘူးလား

မီးမှော်ပညာကို အဓိကကျွမ်းကျင်သော ဂြိုလ်ဆိုးတမန်တော်များသည် ယခုလိုဆိုးရွားသောပတ်ဝန်းကျင်၌ မည်သို့တိုက်ခိုက်နိုင်မည်နည်း။ ထို့ကြောင့် သူတို့သည် ကုန်းမြေအားလုံးကိုရေဖြင့်လွှမ်းမိုးစေကာ ဂြိုလ်ဆိုးတမန်တော်အား သူတို့၏စွမ်းအားများအသုံးမဝင်ဖြစ်စေရန် ပြုလုပ်ရမှာဖြစ်သည်။

ဂြိုလ်ဆိုးတမန်တော်၃ပါး၏ လှုပ်ရှားမှုများက ပိုမိုမြန်ဆန်လာခဲ့သည်။ ထို့နောက်တွင် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ မိုင်အနည်းငယ်အတွင်းရှိ မြေပြင်သည်အဖုအထစ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

မြေပြင်ကိုအနီးကပ်ကြည့်လိုက်ပါက မြေဆီလွှာအတွင်းမှ ကျောက်တုံးအချို့ထိုးထွက်လာသည်ကို တွေ့ရမည်ဖြစ်သည်။

"သူတို့ကဘာလို့ အဲလောက်ထိမြန်နေရတာလဲ"

ရှောင်ယုက စိတ်မသက်မသာဖြင့်ရေရွတ်လိုက်သည်။ ဤဂြိုလ်ဆိုးတမန်တော်များသည် ဂိမ်းအတွင်း၌ ထိုသို့သောလှုပ်ရှားမှုများကို အသုံးပြုနိုင်ကြောင်း သူမသိခဲ့ပေ။ ဂိမ်းနှင့်လက်တွေ့အကြား၌ ကွာခြားချက်အချို့ရှိနေပုံရသည်။

ယခုအခါ နေဝင်ချိန်နွံအိုင်တစ်ခုလုံးသည် ရေမရှိသလောက်ဖြစ်နေသည့် မြေပြင်ဖြစ်လာခဲ့ပြီး နေရာတိုင်းလိုလိုတွင် မီးလောင်ကျွမ်းနေသကဲ့သို့ အက်ကွဲကြောင်းများနှင့်ပြည့်နှက်သွားခဲ့သည်။

"လောင်ကျွမ်းစေ"

ဂြိုလ်ဆိုးတမန်တော်က အော်ဟစ်လိုက်သည်။

ယခုတစ်ကြိမ်တွင် ဂြိုလ်ဆိုးတမန်တော်၃ပါးသည် လောင်ကျွမ်းကမ္ဘာအစွမ်းကို တစ်ချိန်တည်း၌အသုံးပြုခဲ့ပေသည်။

ထို့နောက်အပူလှိုင်းတစ်ခုထွက်ပေါ်လာပြီး တပ်သားများအားထိမှန်ခဲ့သည်။

"ရေမှော်ကိုအသုံးပြုကြ"

လီယိုနာဒို၏မျက်နှာအမူအရာသည် အုံ့မှိုင်းနေခဲ့ပြီး အလွန်ပျက်ယွင်းနေခဲ့သည်။ သူ၏မှော်ဆရာများသည် ဂြိုလ်ဆိုးတမန်တော်၏ လောင်ကျွမ်းကမ္ဘာကို ရင်ဆိုင်နိုင်စွမ်းမရှိသည်ကို သူမယုံကြည်နိုင်သေးပေ။

မှော်ဆရာများသည် လေထုထဲမှ အစိုဓာတ်ကိုထုတ်ယူကာ ပတ်ဝန်းကျင်ရှိရေများကို လှုံဆော်ပေးနိုင်ပေသည်။ ဂြိုလ်ဆိုးတမန်တော်သည် လောင်ကျွမ်းနေသောမြေပြင်၏ အက်ကွဲကြောင်းများအတွင်းသို့သာ ရေများဝင်ရောက်ရန် လုံးဝခွင့်မပြုနိုင်ကြောင်း သူသတိထားမိပေသည်။

မှော်ဆရာများက ချက်ချင်းဆိုသလို ပြန်ဖြေလိုက်သည်။ သူတို့သည် အလွန်ပင်ညဏ်ကောင်းကြသည်။ သူတို့၏အဓိကတာဝန်မှာ တိုက်ပွဲ၌တိုက်ရိုက်ပါဝင်ရန်မဟုတ်ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးအား အေးစက်စေရန်အတွက် ကူညီပေးရန်ဖြစ်ကြောင်း သူသိထားပေသည်။

ပတ်ဝန်းကျင်အပူချိန်က တဖန်ပြန်လည်ကျဆင်းလာခဲ့သည်။ ဂြိုလ်ဆိုးတမန်တော်သည် လောင်ကျွမ်းကမ္ဘာကျွမ်းကျင်မှု၏ အကျိုးသက်ရောက်မှုမရှိဘဲ သူရဲကောင်းများနှင့်ကျွမ်းကျင်သူများအား တိုက်ခိုက်ရန်ဆန္ဒမရှိပေ။

နဂါးလေးနှင့်ခိုင်ရင်းတို့သည် အသွင်ပြောင်းလိုက်ပြီး သွေးခြင်္သေ့နှင့်အတူ တိုက်ခိုက်ရန်ပြေးဝင်သွားကြသည်။ သူတို့၃ယောက်သည် အဓိကဂြိုလ်ဆိုးတမန်တော်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ နဂါးလေး၏အဓိကပန်းတိုင်မှာလည်း အခက်ခဲဆုံးသော ဂြိုလ်ဆိုးတမန်တော်ကို တိုက်ခိုက်ရန်ဖြစ်သည်။

"အိုဟုတ်တာပေါ့...ငါ့ရဲ့နံချပ်ကူကိုကြည့်ထား...ဟားဟား"

နဂါးလေးသည် နံချပ်ကူအားအသုံးပြုရင်း ဂြိုလ်ဆိုးတမန်တော်၏တိုက်ခိုက်မှုများအား တွန်းလှန်နေခဲ့သည်။

ဂြိုလ်ဆိုးတမန်တော်၏မျက်လုံးများ၌ အံ့အားသင့်နေသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ လက်ရှိအချိန်၌ သူသည်နဂါးတစ်ကောင်နှင့်တွေ့ဆုံရန် မမျှော်လင့်ထားပေ။ ထိုထက်ပိုမိုအရေးကြီးသည်မှာ ဤနဂါးသည် သူတို့၏မာနတရားကိုချိုးနှိမ်၍ လှည့်ကွက်များကိုအသုံးချလိမ့်မည်ဟု မထင်မှတ်ထားပေ။

လက်နက်ကိုအသုံးပြုသောနဂါးတစ်ကောင်သည် လူတိုင်းအတွက်ခေါင်းကိုက်စရာဖြစ်သည်။

အစောပိုင်းတွင် နံချပ်ကူသည် ဂြိုလ်ဆိုးတမန်တော်၏ဦးခေါင်းဆီသို့ ဦးတည်လာနေသော်လည်း ရုတ်တရက်ဆိုသလိုလမ်းကြောင်းပြောင်းရင်း အောက်ဘက်သို့ဦးတည်သွားခဲ့သည်။ ထို့နောက်တွင် နံချပ်ကူ၏တကယ့်လမ်းကြောင်းမှာ သူ၏ညီငယ်လေးတည်နေရာဖြစ်ကြောင်း ဂြိုလ်ဆိုးတမန်တော်က တွေ့ရှိလိုက်သည်။

ကောင်းပြီ...ငါသေချာခုခံမှရမယ်

ဂြိုလ်ဆိုးတမန်တော်သည် ဤတိုက်ခိုက်မှုအား ခုခံရန်အတွက် အသင့်ပြင်ဆင်ထားလိုက်သော်လည်း နံချပ်ကူ၏လမ်းကြောင်းသည် တဖန်ပြန်လည်ပြောင်းလဲသွားပြီး သူ၏ဦးနှောက်ရှိရာသို့ ချည်းကပ်လာကြောင်း သတိထားမိလိုက်သည်။

ပြင်းထန်သောထိရိုက်သံနှင့်အတူ ဂြိုလ်ဆိုးတမန်တော်သည် ချက်ချင်းပင် မူးဝေသွားခဲ့သည်။

"မင်း...မင်းလူယုတ်မာ...မင်းကငါ့ကိုတကယ်ကြီးဒေါသထွက်စေတာပဲ"

ဂြိုလ်ဆိုးတမန်တော်က ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သူဟိန်းဟောက်လိုက်ချိန်တွင် သူနှင့်အတူမီးတောက်များထွက်ပေါ်လာခဲ့သည်။

"အောင်မယ်...မင်းကမီးမှုတ်ချင်တာလား...ငါလည်းအဲလိုလုပ်တတ်တယ်ကွ"

နဂါးလေးသည် နောက်သို့ပြန်လည်ဆုတ်ခွာလာပြီးနောက် လေပမာဏများစွာကို ရှုသွင်းလိုက်ကာ ပါးစပ်မှနေ၍ မီးတောက်များကိုမှုတ်ထုတ်လိုက်သည်။

သူသည်နဂါးတစ်ကောင်ဖြစ်ကြောင်း မမေ့သင့်ပေ။ မှော်ပညာသည် နဂါးများ၏ထူးခြားချက်လည်းဖြစ်သည်။

ဂြိုလ်ဆိုးတမန်တော်သည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ မီးတောက်များကိုငြိမ်းသတ်ရန် ထူးဆန်းသောနည်းလမ်းကို အသုံးပြုခဲ့သည်။

"ဟားဟား...ဘယ်လိုလဲ...ငါ့ရဲ့မီးတောက်တွေကမိုက်တယ်မလား"

နဂါးလေးက ရယ်မောလိုက်သည်။

ဂြိုလ်ဆိုးတမန်တော်သည် ဒေါသပေါက်ကွဲသွားပြီး တစ်စုံတစ်ခုကိုတီးတိုးရွတ်ဆိုလိုက်ကာ သူ၏ညာဘက်အား နဂါးလေးထံညွန်ပြလိုက်သည်။

"ဒါဆိုလည်းသေလိုက်တော့"

နဂါးလေး၏စိတ်ထဲ၌ အတွေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"ဒီကောင်ဘာတွေလုပ်နေတာလဲ"

ထိုမြင်ကွင်းအား တွေ့မြင်နေရသောရှောင်ယုက အံ့အားသင့်သွားကာ လျင်မြန်စွာအော်ဟစ်သတိပေးလိုက်သည်။

"နဂါးလေးရှောင်လိုက်...သူ့ကိုတိုက်ခိုက်ဖို့အချိန်မပေးနဲ့"

ထိုအရာသည် ဂြိုလ်ဆိုးတမန်တော်၏ သေခြင်းအတတ်ပညာဖြစ်သည်။ ၎င်းသည် ပစ်မှတ်အား အချို့သောထိခိုက်မှုများအပြင် တုံ့ဆိုင်းခြင်းကိုပါ ထပ်တိုးသက်ရောက်စေသည်။

ဂြိုလ်ဆိုးတမန်တော်များသည် ရန်သူများနှင့်တိုက်ခိုက်ရာတွင် ထိုအစွမ်းအား မကြာခဏအသုံးပြုလေ့ရှိသည်။ ထိုအစွမ်းသည် ပြိုင်ဘက်အားထိထိရောက်ရောက် ဒုက္ခပေးနိုင်ရုံသာမက ဒုတိယမြောက်သို့မဟုတ် တတိယမြောက်တိုက်ခိုက်မှုအား ပြုလုပ်နိုင်ရန်သေချာသောအခွင့်အရေးကိုပေးစွမ်းနိုင်သော တုံ့ဆိုင်းခြင်းသက်ရောက်မှုကို ထုတ်လုပ်ပေးနိုင်သည်။

ထိုသို့တုံ့ဆိုင်းသွားပါက လောင်ကျွမ်းကမ္ဘာ၏အဆက်မပြတ် ထိခိုက်စေမှုနှင့်အတူ ရန်သူအားချက်ချင်းကိုင်တွယ်ဖြေရှင်းနိုင်သည်။

နဂါးလေးသည် ရှောင်ယု၏စကားကိုယုံမှားသံသယဖြစ်ခြင်းမရှိပေ။ သူသည် သေခြင်းအတတ်ပညာကို ရှောင်တိမ်းရန်လုပ်ဆောင်ချိန်တွင် သူ၏ခန္ဓာကိုယ်သည်အနည်းငယ်တောင့်တင်းနေပြီး သူ၏ခြေထောက်ကိုပင်ကောင်းကောင်း မထိန်းချုပ်နိုင်တော့ကြောင်း တွေ့လိုက်ရသည်။

နဂါးလေးသည် အလွန်ထိတ်လန့်သွားကာ ခွန်အားအပြည့်ဖြင့်ရုန်းကန်လိုက်သည်။ ထိုအချိန်တွင် ဂြိုလ်ဆိုးတမန်တော်၏ ညာဘက်လက်ညိုးမှနေ၍ အနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်း၏ဦးတည်ရာမှာ နဂါးလေး၏ဦးခေါင်းဖြစ်သည်။

နဂါးလေးသည် ရှောင်တိမ်းလိုသော်လည်း သူ၏ခန္ဓာကိုယ်ကိုရွေ့၍မရတော့ပေ။

နဂါးလေးနှင့်ရှောင်ယုတို့သည် ချက်ချင်းပင်ချွေးများစီးကျလာကြသည်။ နဂါးလေးကိုယ်တိုင်ပင် ထိုအလင်းတန်းနှင့်ထိတွေ့မိပါက သူမည်မျှထိပျက်စီးသွားမည်ကို မသိပေ။

နဂါးလေးသည် ခက်ခက်ခဲခဲကြိုးစားရုန်းကန်နေရင်း သူ၏ခေါင်းကိုအခြားတစ်ဖက်သို့စောင်းထားရန် ကြိုးစားလိုက်သည်။ ထိုအနီရောင်အလင်းတန်းအား သူ၏ဦးခေါင်းသို့တိုက်ရိုက်ထိမှန်ခွင့်မပေးနိုင်ပေ။

အနီရောင်အလင်းတန်းသည် နဂါးလေး၏ဦးခေါင်းကို ပွတ်ကာသီကာလေး ဖြတ်သန်းသွားခဲ့သည်။ အလင်းတန်းသည် နဂါးလေးကိုလုံးဝမထိမှန်သွားသော်လည်း သွေးများစီးကျလာခဲ့ပြီး မူးဝေခြင်းဝေဒနာအား ခံစားလိုက်ရသည်။

ထိုအချိန်တွင် ဂြိုလ်ဆိုးတမန်တော်သည် သူ၏ကြီးမားသောလက်သီးဖြင့် နဂါးလေး၏ဦးနှောက်ကိုချိန်ရွယ်၍ ထိုးလွှတ်လိုက်သည်။

"မြန်မြန်...သူ့ကိုကယ်ကြ"

ရှောင်ယုက သူ၏သူရဲကောင်းများကို အော်ပြောလိုက်သည်။ အကယ်၍ နဂါးလေးသာထိခိုက်မိသွားပါက ဤနေဝင်ချိန်နွံအိုင်တွင် ဆက်နေရန်အကြောင်းမရှိတော့ပေ။

ရှောင်ယု၏အော်သံကိုကြားလိုက်ပြီးနောက် ဂရင်း၏ပုံရိပ်သည် နဂါးလေး၏ခန္ဓာကိုယ်ရှေ့၌ထွက်ပေါ်လာခဲ့ကာ သူ၏ဓားကိုပြင်းထန်စွာလွဲယမ်းလိုက်သည်။

ထို့နောက်သူသည် အဆင့်မြင့်အန္တိမခုတ်ပိုင်းချက်အား ထုတ်ဖော်အသုံးပြုလိုက်ကာ ဂြိုလ်ဆိုးတမန်တော်၏တိုက်ခိုက်မှုအား အဆုံးသတ်ခဲ့သည်။

အဆုံးသတ်တွင် နဂါးလေးသည် လုံခြုံသွားခဲ့သည်ကိုကြည့်ပြီး ရှောင်ယုကသက်ပြင်းချလိုက်သည်။

"နဂါးလေး...ဒီကိုလာခဲ့လိုက်...တိုင်ရန်ဒီ..ဂရင်းကိုကူညီပေးလိုက်"

တုံ့ဆိုင်းနေရာမှ ရုန်းထွက်လာပုံရသောနဂါးလေးသည် ဂြိုလ်ဆိုးတမန်တော်နှင့် တိုက်ခိုက်နေသောဂရင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် အီလီဒမ်နှင့်မိုင်ယဗ်တို့ကလည်း တစ်ချိန်တည်း၌ရောက်ရှိလာခဲ့သည်။

တိုင်ရန်ဒီနှင့်ကဲလ်သက်တို့သည် တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်လိုက်ကြသည်။ ပဥ္စမအဆင့်ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုစွမ်းအားသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ၎င်းတို့၏စွမ်းအားသည် ဂြိုလ်ဆိုးတမန်တော်ကို ထပ်ခါတလဲလဲဆုတ်ခွာစေခဲ့သည်။

"သေစမ်း...ယင်ကောင်လေးတွေ"

ဂြိုလ်ဆိုးတမန်တော်သည် ကျွမ်းကျင်သူ၃ယောက်က သူ့အားစုပေါင်းတိုက်ခိုက်လာ၍ အလွန်ပင်စိတ်တိုသွားခဲ့ရသည်။

နဂါးလေးသည် ရှောင်ယုဘက်သို့ပြန်ပြေးလာပြီး စကားတစ်ခွန်းမှမပြောပေ။ သူသည်လုံခြုံသောမြေပြင်သို့သွားကာ ရှောင်ယု၏အနာကျက်ဆေးထည့်ပေးသည်ကို ငြိမ်ခံနေလိုက်သည်။

"မင်းကတကယ့်အရူးပဲ...လုံခြုံအောင်နေဖို့မင်းကိုငါမပြောခဲ့ဘူးလား"

ရှောင်ယုသည် နဂါးလေးရှိရာသို့ရောက်လာပြီး အနာကျက်ဆေးကိုလောင်းထည့်ပေးလိုက်သည်။ နဂါးလေးသည် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားမိသော်လည်းခွန်းတုံ့ပြန်ခြင်းမရှိပေ။

"ခဏလောက်အနားယူလိုက် နဂါးလေး"

ရှောင်ယုသည် နဂါးလေးကိုအနားပေးလိုက်ပြီး ဂြိုလ်ဆိုးတမန်တော်အား ဘယ်ညာခုန်ပေါက်၍ တိုက်ခိုက်နေသူ၃ယောက်အား တချက်ကြည့်လိုက်သည်။

အခန်း ၃၉၃ - မင်းရဲ့အစွမ်းတွေကိုပြစမ်းပါ

ဂြိုလ်ဆိုးတမန်တော်သည် အစွမ်းထက်သော်လည်း ဂရင်း၊အီလီဒမ်၊မိုင်ယဗ်တို့က အနီးကပ်တိုက်ခိုက်နေသလို တိုင်ရန်ဒီနှင့်ကဲလ်သက်တို့က အဝေးမှထောက်ပံ့ပေးထား၍ ပြသနာတစ်စုံတစ်ရာမရှိခဲ့ပေ။

အခြားသော ဂြိုလ်ဆိုးတမန်တော်နှစ်ယောက်တွင် တစ်ယောက်ကိုလူအိုကြီးတာအိုနှင့်တံစဉ်ကိုင်စစ်သည်တော်တို့အပြင် လီယိုနာဒို၏မှော်ဆရာအုပ်စုက တိုက်ခိုက်နေခဲ့သည်။ ထို့ပြင်ခိုင်ရင်းကလည်း ထိုဂြိုလ်ဆိုးတမန်တော်အားတိုက်ခိုက်နေ၍ ရလဒ်သည်ခဏလေးနှင့်ထွက်လာမှာမဟုတ်ပေ။

အခြားသော ဂြိုလ်ဆိုးတမန်တော်က ဓားကိုင်စစ်သည်တော်အားရင်ဆိုင်နေပြီး သွေးခြင်္သေ့ကိုထိန်းချုပ်ထားသောရီလာက သူ့ကိုကူညီရင်ဆိုင်နေခဲ့သည်။

"အီလီဒမ်...မိုင်ယဗ်ကောင်းကောင်းတိုက်ကြ...မင်းတို့ရဲ့လက်တွေကိုမြန်မြန်လေးလှုပ်ရှား...မင်းတို့ရဲ့တိုက်ခိုက်ရေးအတွေ့အကြုံတွေကို သေချာတိုးမြင့်ပေးကြ"

ရှောင်ယုသည် အချိန်အတော်ကြာအောင်စဉ်းစားပြီးနောက်တွင် ဂရင်း၏တိုက်ခိုက်ရေးအတွေ့အကြုံသည် အလွန်ကြွယ်ဝကြောင်းနားလည်ခဲ့သည်။ သူသည် ရှောင်ယုနောက်သို့အစောဆုံးလိုက်ပါခဲ့ပြီး တိုက်ပွဲများစွာကိုကြုံတွေ့ဖူးပေသည်။

သို့သော်လည်း မိုင်ယဗ်နှင့်အီလီဒမ်တို့၏ တိုက်ပွဲအတွေ့အကြုံသည်အနည်းငယ်ဆိုးဝါးပေသည်။ မည်သို့ပင်ဆိုစေ သူတို့သည်နောက်ဆုံးဆင့်ခေါ်ခံရသည့် သူရဲကောင်းများဖြစ်ကြသည်။ သူတို့သည် ရှောင်ယုနောက်သို့လိုက်ပါရန် အခွင့်အလမ်းများစွာမရရှိထားသည့်အတွက် တိုက်ပွဲအစစ်အမှန်ကိုမကြုံတွေ့ဖူးပေ။ ဤတိုက်ပွဲကမူ သူတို့လေ့ကျင့်ရန်အခွင့်အရေးကောင်းပင်ဖြစ်သည်။

ရှောင်ယု၏အတွေးအမြင်အရ ဤတိုက်ပွဲတွင်ရုန်းကန်၍ အသက်ရှင်လွတ်မြောက်မှသာလျှင် သူတို့သည်ပိုမိုရင့်ကျက်လာပြီး တိုက်ပွဲအနှစ်သာရကို လျင်မြန်စွာနားလည်လာနိုင်မှာဖြစ်သည်။

အဆက်မပြတ်တိုက်ခိုက်ခြင်းနှင့် တိုက်ပွဲများအတွင်းကြီးထွားလာမှုကသာလျှင် သူရဲကောင်းများကို စစ်မှန်သောသူရဲကောင်းများအဖြစ်သို့ရောက်ရှိစေမှာဖြစ်သည်။ မကြာခင်မှာဘဲ သူတို့သည်ယခင်ကလို အထင်ကြီးလေးစားခံရသော ရှေးခေတ်သူရဲကောင်းများဖြစ်လာမည်ဖြစ်သည်။

နတ်ဆိုးလိုက်မုဆိုးတစ်ယောက်အနေဖြင့် အီလီဒမ်သည်အလွန်အစွမ်းထက်ပြီး သူ၏စွမ်းအားသည် အခြားသောသူရဲကောင်းများစွာကို ကျော်လွန်နိုင်ပေသည်။

သူ၏အကျော်ကြားဆုံးသောလက်နက်မှာ အစွန်းနှစ်ဖက်ဓားသွားဖြစ်သည်။ ထိုအရာသည် အလွန်အစွမ်းထက်သောလက်နက်လည်းဖြစ်သည်။ ထိုလက်နက်သည် ယခုအချိန်၌အထွတ်အထိပ်သို့ ရောက်ရှိမလာသေးသော်လည်း ဤရှေးဟောင်းလက်နက်သည် အထွတ်အထိပ်သို့ပြန်လည်ရောက်ရှိရန် အချိန်တစ်ခုသာလိုအပ်ကြောင်း ရှောင်ယုယုံကြည်ထားပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုလက်နက်သည်အီလီဒမ်နှင့်အတူ အဆင့်မြင့်နိုင်သောကြောင့်ဖြစ်သည်။

အီလီဒမ်၏လက်ထဲတွင်ရှိနေသော နှစ်ဖက်ဓားသွားသည် အဆက်မပြတ်ဝှေ့ယမ်းနေပြီး ဂြိုလ်ဆိုးတမန်တော်၏ကိုယ်ပေါ်၌ အမာရွတ်များကို ဆက်တိုက်ဖန်တီးနေခဲ့သည်။ ကံမကောင်းစွာဖြင့် ဂြိုလ်ဆိုးတမန်တော်အား အကြီးအကျယ်ထိခိုက်စေနိုင်သော နည်းလမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် လောင်ကျွမ်းကမ္ဘာ၏နယ်မြေအတွင်း၌ ဂြိုလ်ဆိုးတမန်တော်၏ ပြန်လည်ကုသနိုင်စွမ်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့်ဖြစ်သည်။

ဤမီးတောက်များသည် အခြားသူများအတွက် ဒုက္ခဖြစ်စေသော်လည်း ဂြိုလ်ဆိုးတမန်တော်ကိုယ်တိုင်အတွက်မူ ခန္ဓာကိုယ်အားအားဖြည့်ပေးရန်အတွက် ကောင်းမွန်သောဆေးတစ်လက်ဖြစ်သည်။ ငရဲနတ်ဆိုးများသည် ယေဘုယျအားဖြင့် မီးတောက်များမှမွေးဖွားလာသည့် သက်ရှိများဖြစ်ကြသည်။

အီလီဒမ်၏ကျည်းမြောင်းသောမျက်လုံးများ၌ အေးစက်မှုတို့က တဖန်ပြန်လည်တောက်ပလာခဲ့သည်။ ထို့နောက်တွင် ရန်သူ၏မှော်စွမ်းအင်ကိုလောင်ကျွမ်းစေရန်အတွက် ကျွမ်းကျင်မှုအားထုတ်ဖော်တိုက်ခိုက်လိုက်သည်။

မှော်စွမ်းအင်လောင်ကျွမ်းခြင်းသည် နတ်ဆိုးအမဲလိုက်သူ၏အဓိကတိုက်ခိုက်ရေးစွမ်းရည်ဖြစ်သည်။ ထိုအစွမ်းသည် ပြိုင်ဘက်၏မှော်စွမ်းအင်ကိုစုပ်ယူနိုင်ပြီး သူတို့အားတူညီသောရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို ပြန်လည်ပေးစွမ်းနိုင်သည်။

အဆင့်၄၀သို့အောင်မြင်စွာ ရောက်ရှိခဲ့ပြီးနောက်တွင် အီလီဒမ်၏မှော်စွမ်းအင်လောင်ကျွမ်းမှုသည် အားနည်းမနေတော့ပေ။ အီလီဒမ်သည် ထိုအစွမ်းကိုထုတ်သုံးလိုက်သည်နှင့် ဂြိုလ်ဆိုးတမန်တော်သည်တုန်လှုပ်သွားပြီး သူ၏မှော်စွမ်းအင်များစုပ်ယူခံနေရသည်ဟု ခံစားမိလိုက်သည်။

"မင်းကနတ်ဆိုးအမဲလိုက်သူတစ်ယောက်ပေါ့...ဟီးဟီး...မင်းတို့လို့မိုက်မဲတဲ့ညနတ်သူငယ်တွေက ဒီမှာပေါ်လာလိမ့်မယ်လို့ ငါတကယ်မထင်ထားဘူး"

ဂြိုလ်ဆိုးတမန်တော်က အေးစက်သောလေသံဖြင့်ပြောလိုက်သည်။ သူသည် နတ်ဆိုးအမဲလိုက်သူများနှင့်အကြိမ်ပေါင်းများစွာ ရင်ဆိုင်ဖူးသည့်အတွက်ကြောင့် ဤကျွမ်းကျင်မှုသည်သူ့နှင့်တကယ်ပင် ရင်းနှီးကျွမ်းဝင်မှုရှိသည်။

"မင်းက အတော်စကားများတာပဲ"

အီလီဒမ်က အေးစက်စွာပြောလိုက်ပြီး အသွားနှစ်ဖက်ဓားသွားကို သုံးကြိမ်ဆက်တိုက်ဝှေ့ယမ်းလိုက်ရာ နက်ရှိုင်းသောဒဏ်ရာခြောက်ချက်သည် ဂြိုလ်ဆိုးတမန်တော်၏ခန္ဓာကိုယ်ပေါ်၌ ဖြစ်ပေါ်လာခဲ့သည်။

ဂြိုလ်ဆိုးတမန်တော်သည် ထုံးစံအတိုင်း အီလီဒမ်အားဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ တစ်စုံတစ်ခုအား တိုးတိုးလေးရွတ်ဆိုလိုက်ကာ သေခြင်းအတတ်ပညာကို ထပ်မံအသုံးပြုခဲ့သည်။ အီလီဒမ်ကဲ့သို့ သွက်လက်မှုကိုအသားပေးသောသူရဲကောင်းတစ်ယောက်သည်ပင် ဤတိုက်ခိုက်မှုအား ရှောင်တိမ်းရန်နည်းလမ်းမရှိပေ။

အီလီဒမ်သည် ဂြိုလ်ဆိုးတမန်တော်၏လက်ချောင်းမှထွက်လာသော အနီရောင်အလင်းကို သတိထားမိသော်လည်း ၎င်းကိုရှောင်တိမ်းရန်နည်းလမ်းမရှိပေ။

ထိုသို့အရေးကြီးသောအခိုက်အတန့်တွင် မိုင်ယဗ်၏ရုပ်ပုံသည် အီလီဒမ်၏ဘေးတွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

အီလီဒမ်သည် အနည်းငယ်ခေါင်းညိတ်ပြလိုက်ပြီးနောက် လူနှစ်ယောက်သည် တစ်ချိန်တည်းမှာပင် သူတို့၏လက်နက်များကို ဆန့်ထုတ်လိုက်ကာ အတူတူရိုက်ထုတ်လိုက်သည်။ သူတို့သည် ပြန်လှန်တွန်းထုတ်ခြင်း၏ သဘောတရားကိုအသုံးပြုကာ သေခြင်းအတတ်ပညာကို လိမ္မာပါးနပ်စွာရှောင်တိမ်းလိုက်ကြသည်။

အနီရောင်အလင်းတန်းသည် မြေပြင်ကိုထိမှန်သွားပြီးနောက်တွင် အီလီဒမ်နှင့်မိုင်ယဗ်တို့သည် မြေပြင်ပေါ်မှနေ၍လူးလိမ့်ကာ မတ်တပ်ရပ်လိုက်ကြသည်။

ထို့နောက်သူတို့နှစ်ယောက်သည် ခေါင်းညိတ်ပြလိုက်ကာ ဆက်လက်တိုက်ခိုက်လိုက်သည်။

မည်သို့ပင်ဆိုစေ ဂရင်းကမူ သူ၏တိုက်ခိုက်မှုအပေါ်ကိုသာ အာရုံစိုက်ထားပေသည်။ သူ၏တိုက်ခိုက်ရေးပုံစံသည် ထိုကဲ့သို့တဲ့တိုးဆန်လှပြီး အခြားသူများနှင့်ညှိနှိုင်းတိုက်ခိုက်ခြင်းသည် သူ၏တိုက်ပွဲပုံစံအတွက် မသင့်လျော်ပေ။

ရှောင်ယုသည် အပြန်အလှန်ညှိနှိုင်းကာ ရင်ဆိုင်တိုက်ခိုက်နေသော မိုင်ယဗ်နှင့်အီလီဒမ်ကိုကြည့်၍ အလွန်သဘောကျနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏သူရဲကောင်းများသည် အတိတ်ရှိရန်ငြိုးများကိုစွန့်လွှတ်ကာ တစ်ယောက်နှင့်တစ်ယောက်ပူးပေါင်း၍ ရန်သူအားရင်ဆိုင်နိုင်ခြင်းက သူတို့၏အအောင်မြင်ဆုံးအချိန်ကိုပြန်လည်ရရှိမှာဖြစ်သည်။

အီလီဒမ်သည် နတ်ဆိုးများ၏အကြီးမားဆုံးရန်သူဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။ သူသည် အခြားသူများ၏မှော်စွမ်းအင်ကို အဆက်မပြတ်စုပ်ယူနိုင်စွမ်းရှိပြီး အဆင့်၄၀သို့ရောက်ရှိသွားပြီးနောက်တွင် အချိန်အကြာကြီးဆက်လက်တိုက်ခိုက်နိုင်စွမ်းရှိလာခဲ့သည်။ သို့ဖြစ်ရာ ထိုကျွမ်းကျင်မှုသည် ပို၍ပင်အားကောင်းလာခဲ့တော့သည်။

အီလီဒမ်နှင့်မိုင်ယဗ်တို့သည် ဂြိုလ်ဆိုးတမန်တော်ကို တက်ညီလက်ညီတိုက်ခိုက်နေကြသည်။ တစ်ယောက်သည် မှော်စွမ်းအင်ကိုစုပ်ယူနေသည့်အချိန်တွင် ကျန်တစ်ယောက်က အဆိပ်လက်နက်ကို အဆက်မပြတ်အသုံးပြုနေခဲ့သည်။ သူတို့သည် ဂြိုလ်ဆိုးတမန်တော်ကို အောင်မြင်စွာအဆိပ်ခတ်နိုင်ခဲ့ပါက ဂြိုလ်ဆိုးတမန်တော်သည် ချက်ချင်းကန့်သတ်ခံရမည်ဖြစ်သည်။ ထိုအဆိပ်သည် ဂြိုလ်ဆိုးတမန်တော်ကို အဆက်မပြတ်ထိခိုက်စေမယ့်အပြင် သူ၏ရွေ့လျားမှုအရှိန်နှုန်းကိုလည်း လျော့ချပေးနိုင်မှာဖြစ်သည်။

ဂြိုလ်ဆိုးတမန်တော်အတွက် စိတ်အနှောင့်အယှက်အဖြစ်စေဆုံးသောအရာမှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမဟုတ်ပေ။ စိတ်ပျက်စရာအကောင်းဆုံးမှာ မိုင်ယဗ်ကိုလုံးဝမဖယ်ထုတ်နိုင်ခြင်းဖြစ်သည်။ အဆင့်၄၀သို့ရောက်ရှိပြီးနောက် မိုင်ယဗ်၏လှုပ်ရှားမှုများသည် ပိုမိုပျော့ပြောင်းလာခဲ့သည်။

မည်သူမဆို ဤကဲ့သို့အခြေအနေတစ်ခုကို အကြာကြီးသည်းမခံနိင်ပေ။ ဂြိုလ်ဆိုးတမန်တော်သည်ပင် ဤအခြေအနေကြောင့် ဒေါသထွက်လာခဲ့ရသည်။

ဂြိုလ်ဆိုးတမန်တော်သည် သေခြင်းအတတ်ပညာကို အသုံးပြုရန်အတွက် မိုင်ယဗ်ကိုချုပ်နှောင်ရန်ကြိုးပမ်းလိုက်သည့်အချိန်တိုင်းတွင် မိုင်ယဗ်သည်ထိုနေရာ၌ ရှိမနေတော့ပေ။

သူမသည်မည်သည့်နေရာမှပေါ်လာပြီး မည်သည့်နေရာကိုတိုက်ခိုက်မည်အား သူမသိတော့ပေ။

လက်ရှိအခြေအနေသည် ခန္ဓာကိုယ်အရွယ်အစားကြီးမားသူတို့အဖို့ စိတ်အနှောင့်အယှက်အဖြစ်စေဆုံးအရာဖြစ်သည်။

အဆုံးသတ်တွင် ဂြိုလ်ဆိုးတမန်တော်သည် အလွန်အမင်းဒေါသထွက်သွားခဲ့ပြီး ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ပေ။

"မင်းတို့တွေ ငါ့အတွက်သေခံလိုက်တော့...အဆုံးသတ်နေ့"

ဂြိုလ်ဆိုးတမန်တော်သည် ရုတ်တရက်ထအော်လိုက်ရာ အပူချိန်ချက်ချင်းတိုးလာခဲ့သည်။

"ဘာ...အဆုံးသတ်နေ့"

ယခုအချိန်၌ ဂြိုလ်ဆိုးတမန်တော်သည် ဤကဲ့သို့သောကျွမ်းကျင်မှုအား ထုတ်သုံးမည်ဟု ရှောင်ယုမမျှော်လင့်ထားပေ။

သူ့ရဲ့ပစ်မှတ်က ဘယ်သူလဲ...

သူ့ကိုတစ်ချိန်လုံးနှောင့်ယှက်နေတဲ့ ဂရင်းတို့ကိုကိုင်တွယ်ဖို့ ခုလိုတိုက်ခိုက်မှုမျိုးကို အသုံးပြုတော့မှာလား...

ဂြိုလ်ဆိုးတမန်တော်တွင် အခြားနည်းလမ်းမရှိတော့ပေ။ သူသည် ဤနည်းကိုအသုံးပြုကာ ကြီးမားသောဆုံးရှံးမှုကြီးတစ်ခုကိုဖြစ်ပေါ်စေရန်အတွက် အခွင့်အရေးတစ်ခုအား ဖန်တီးရမှာဖြစ်သည်။

အဆုံးသတ်နေ့ကျွမ်းကျင်မှုအား အသုံးပြုပြီးနောက်တွင် လောင်ကျွမ်းနေသောတိမ်နီတစ်ခုသည် ကောင်းကင်ယံ၍ဖြစ်တည်လာခဲ့သည်။ ထို့နောက်တွင် လောင်ကျွမ်းနေသောဥက္ကာခဲများက လူတိုင်း၏အမြင်၌ဖြစ်တည်လာခဲ့သည်။

ဘန်း...

အဆုံးသတ်တွင် လောင်ကျွမ်းနေသောဧရာမဥက္ကာခဲများသည် ကောင်းကင်ထက်မှဆင်းသက်လာခဲ့သည်။ ထိုဥက္ကာခဲ၏ပစ်မှတ်များမှာ ဂြိုလ်ဆိုးတမန်တော်ကိုနှောင့်ယှက်နေသော သူရဲကောင်းများဖြစ်ကြသည်။

"မြန်မြန်ပြေးကြ..."

ရှောင်ယုက စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။ ယခုအချိန်မှထွက်ပြေးခြင်းက အနည်းငယ်နောက်ကျနေပြီဖြစ်သော်လည်း ထိုသို့မအော်ဟစ်ရန် သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပေ။

ဂရင်း၊အီလီဒမ်နှင့်မိုင်ယဗ်တို့သည် ဥက္ကာခဲများ၏နယ်ပယ်မှ လွတ်မြောက်နိုင်ရန်အတွက် သူတို့၏အရှိန်နှုန်းကို ကန့်သတ်ချက်ထိရောက်အောင် မြင့်တင်ခဲ့ကြသည်။ ဥက္ကာခဲများ၏အရွယ်အစားသည် ရေကန်တစ်ခုနှင့်ညီမျှပေသည်။သူတို့တွင် သန်မာသောခန္ဓာကိုယ်တစ်ခုရှိသော်လည်း ထိုဥက္ကာခဲနှင့်ထိမိပါက မလွယ်လှပေ။ အဆုံးသတ်တွင် ဂရင်းနှင့်အီလီဒမ်တို့လွတ်မြောက်နိုင်ခြင်းမရှိတော့ပေ။

ဂြိုလ်ဆိုးတမန်တော်သည် ဥက္ကာခဲ၏ဦးတည်ရာကို ထိန်းချုပ်နိုင်သည့်အတွက်ကြောင့် ရန်သူများရှိနေသောနေရာကို ဥက္ကာခဲပမာဏပိုများများကျရောက်စေရန် တမင်တကာထိန်းချုပ်နိုင်သည်။ အကယ်၍ လောင်ကျွမ်းနေသောဥက္ကာခဲများသည် ဂြိုလ်ဆိုးတမန်တော်၏ဦးခေါင်းပေါ်သို့ကျရောက်လာလျှင်ပင် သူတို့၏လမ်းကြောင်းမှလွဲချော်ကာ ဂရင်းနှင့်အီလီဒမ်တို့ထံပြောင်းလဲကျရောက်သွားမည်ဖြစ်သည်။

ဥက္ကာခဲများအဝိုင်းခံလိုက်ရသည့် ဂရင်းနှင့်အီလီဒမ်တို့သည် လွတ်မြောက်ရန်အလွန်ခက်ခဲသွားခဲ့သည်။ ခဏအကြာတွင် သူတို့သည်ကြီးမားသော ဥက္ကာခဲများဖြင့်ရိုက်ခတ်ခံလိုက်ရသည်။

ထိုသို့ရိုက်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသော်လည်း သူတို့နှစ်ဦးသည် အသက်ပင်ရှုရန်အချိန်မရှိပေ။ ထိုသို့မဟုတ်ပါက သူတို့သည်ဥက္ကာခဲများဖြင့် ထပ်မံတိုက်ခိုက်ခံရမည်ဖြစ်သည်။

သူတို့နှစ်ယောက်သည် နေရာတိုင်းမှဆင်းသက်လာသော ဥက္ကာခဲများကိုရှောင်တိမ်းလိုက်ကြကာ အဆုံးသတ်၌ဘေးကင်းသောနေရာသို့ ရောက်ရှိခဲ့ကြသည်၊သို့သော် သူတို့နှစ်ယောက်လုံးကွဲပြားသောဒဏ်ရာများကို ရရှိခဲ့ကြသည်။

All Chapters