← Chapters

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း ၄၀၆ - အတွင်းပိုင်းသို့ နက်ရှိုင်းစွာတိုးဝင်ခြင်း

ခေတ္တအနားယူပြီးနောက်တွင် သူတို့သည်ဂေါ်ဒန်၏ဦးခေါင်းခွံရှိရာနေရာအား ရှင်းရှင်းလင်းလင်းဖြစ်အောင် ဦးတည်ရာတစ်ခုသတ်မှတ်၍ စတင်ထွက်ခွာလာခဲ့ကြသည်။

ယခုလိုခမ်းနားကြီးကျယ်သော တိုက်ပွဲအားကြုံတွေ့ခဲ့ရအပြီးတွင် ယခုလိုမျိုးရိတ်သိမ်းမှုကိုရရှိခြင်းက များစွာမဆိုးလှပေ။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယုကဲ့သို့ရတနာမျိုးစုံကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသော်လည်း ဤရတနာများဖြင့်ပင် သူတို့အတွက် အကျိုးအမြတ်များသောစွန့်စားခန်းတစ်ခုဖြစ်နေပြီဖြစ်သည်။

တိုက်ပွဲသည်ပိုမိုခက်ခဲလေလေ အကျိုးအမြတ်များပိုမိုရရှိလေလေဖြစ်သည်။ ယခုလည်းမဟာမိတ်တပ်ဖွဲ့၃ခု၏ စွမ်းအားကိုပေါင်းစည်းလိုက်ခြင်းကြောင့်သာ သတ္တမအဆင့်ကျွမ်းကျင်သူဖြစ်လုနီးပါးဖြစ်နေသော ဂေါ်လောခ့်ခေါင်းဆောင်ကိုသတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဂေါ်လောခ့်ခေါင်းဆောင်နှင့်နတ်ဆိုးမှော်ဆရာအော်ဂတ်စတတ်တို့သည် ဆဌမမြောက်ကျွမ်းကျင်သူများဖြစ်ကြသော်လည်း သီအိုဒိုးသည် မည်မျှအစွမ်းထက်ကြောင်း မသိနိုင်သေးပေ။

သို့သော်လည်း သီအိုဒိုး၏ခွန်အားသည် ဂေါ်လောခ့်ခေါင်းဆောင်နှင့်အော်ဂတ်စတတ်ထက် များစွာပိုမိုအားကောင်းကြောင်း ရှောင်ယုခံစားမိပေသည်။ ရှောင်ယုက သီအိုဒိုးသည် တရုတ်နတ်စစ်သည်တစ်ဦးဖြစ်သော ဝူရှန်းနှင့်ဆင်တူလိမ့်မည်ဟုခန့်မှန်းထားခဲ့သည်။

ဤသို့အင်အားကြီးမားသည့် မဟာမိတ်အဖွဲ့သည် ချီတက်ရာလမ်းတလျှောက်၌ မည်သည့်သားရဲကမှ တကူးတကလာရောက်ဒုက္ခပေးဝံ့ခြင်းမရှိပေ။

သို့သော် ရှောင်ယု၏ကံသည် များစွာကောင်းမွန်နေပုံမရပေ။ သူထွက်ခွာသွားပြီး နှစ်ရက်အကြာတွင် သူသည်အစွမ်းထက်သောသားရဲတစ်ကောင်၏နယ်မြေအတွင်းသို့ မတော်တဆဝင်ရောက်သွားခဲ့သည်။

ထိုသို့သောသားရဲမျိုးသည် နေဝင်ချိန်နွံအိုင်၌ပင် အလွန်ရှားပါးလှပေသည်။ သူတို့တွင် မြင့်မားသောဉာဏ်ရည်ကိုမပိုင်ဆိုင်သော်လည်း အာဏာရှင်ဆန်သောစွမ်းအားရှိသည်။ အရေးအကြီးဆုံးအချက်မှာ သူတို့၏ဆိုးသွမ်းသောဒေါသဖြစ်သည်။

ထို့နေ့တွင် ရှောင်ယုနှင့်အဖွဲ့သည် ထိုသားရဲ၏နယ်မြေအတွင်းသို့ဝင်ရောက်မိကာ ကြောက်မက်ဖွယ်သားရဲတစ်ကောင်အား နိုးဆွမိလိုက်ကြောင်း လူတိုင်းသတိထားမိလိုက်ကြသည်။ ထို့ကြောင့် လူတိုင်းသည်သူတို့၏လက်နက်များကို အသင့်ပြင်ထားလိုက်ကြပြီး တိုက်ပွဲဝင်ရန်ပြင်ဆင်လိုက်ကြသည်။

"ဘာလို့အဲ့ကောင်ကဒီလောက်ဒေါသထွက်နေရတာလဲ...အချိန်တိုင်းငါတို့ကိုဒုက္ခပေးနေတာပဲ...ငါဘာလို့ကံဆိုးနေရတာလဲ"

ရှောင်ယုသည် အမှန်ပင်ပြောစရာစကားပျောက်ဆုံးနေခဲ့သည်။ ထိုကောင်သည် နှစ်ရက်အတွင်းသူတို့အဖွဲ့ကို အကြိမ်ကြိမ်ဒုက္ခပေးနေခဲ့သည်။

"လူတိုင်းသတိထားကြပါ...ဒါကခက်ခဲတဲ့ပြိုင်ဘက်ဖြစ်နိုင်တယ်"

နီကိုးလပ်စ်က တည်ငြိမ်အေးဆေးသောအမူအရာဖြင့် ပြန်ပြောလိုက်သည်။ ထိုကောင်သည် မည်မျှစွမ်းအားကြီးပါစေ သူတို့အတွက်ပြသနာမရှိပေ။ နှစ်ရက်တာအချိန်အတွင်း ထိုသားရဲသည်ပဥ္စမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်းသူတို့သိရှိခဲ့သည်။

"လုပ်စမ်းပါ...ငါလတ်ဆတ်တဲ့အသားတွေမစားရတာကြာပြီ..."

လီယိုနာဒိုက ဟိန်းဟောက်လိုက်သည်။ အဆုံးသတ်တွင် သူသည်ဆဌမအဆင့်ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ရသည်ကို ကျင့်သားရနေပြီဖြစ်ရာ သဘာဝကျစွာပင် ကြောက်ရွံ့ခြင်းမရှိတော့ပေ။

မြေပြင်သည် တငြိမ့်ငြိမ့်တုန်ခါလာသော်လည်း လူတိုင်းကယုံကြည်မှုအပြည့်ရှိလာခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် ဂေါ်လောခ့်ခေါင်းဆောင်၊အော်ဂတ်စတတ်နှင့် ဂြိုလ်ဆိုးတမန်တော်တို့အား ရင်ဆိုင်တိုက်ခိုက်ဖူးပြီးပြီဖြစ်သည်။

အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် လူတိုင်းသည် ဧရာမသားရဲကြီးအား စတင်တွေ့မြင်လာကြရသည်။

ထိုသားရဲကြီးသည် သန်မာသောကိုယ်ထည်အားပိုင်ဆိုင်ထားကာ သူ၏ဦးခေါင်းပေါ်၌ ကြီးမားကာချွန်ထက်သောဦးချိုတစ်ခုရှိသည်။ သူ၏ခြေလက်များကလည်း ဧရာမထောက်တိုင်များကဲ့သို့ကြီးမားကာ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ချပ်ဝတ်တန်ဆာတစ်ခုလို အလွန်မာကျောပေသည်။

"ဒါက ကြံ့ကြီးမဟုတ်ဘူးလား...ဒီကောင်ကမြေပြင်ကိုမကြိုက်တာလား...ဘာလို့နွံအိုင်ထဲကိုရောက်နေရတာလဲ"

ရှောင်ယုက သံသယဖြစ်နေသည့်လေသံဖြင့်ပြောလိုက်သည်။ ပုံမှန်ဆိုလျှင် ကြံ့များသည်စိမ့်တောထဲ၌ အလွန်ရှားပါးပေသည်။ ၎င်း၏ကြီးမားလှသောအလေးချိန်ကြောင့် ရွှံ့နွံအတွင်းသို့မတော်တဆပြုတ်ကျသွားပါက ပြန်တက်လာနိုင်မည်မဟုတ်တော့ပေ။

"ရှောင်ယု...လီယိုနာဒို...ဒီတစ်ခေါက်ကောဘယ်သူကစတိုက်မှာလဲ"

နီကိုးလပ်စ်က ပြုံးပြုံးလေးမေးလိုက်သည်။ ယခင်တိုက်ပွဲအပြီးတွင် ပဥ္စမအဆင့်အထွတ်အထိပ်ကျွမ်းကျင်သူများသည် သူတို့၏မျက်လုံးထဲတွင် ဘာမှမဟုတ်တော့ပေ။ အဓိကပြဿနာမှာ သူတို့သည် အရေအတွက်အကန့်အသတ်ရှိနေ၍လည်းဖြစ်သည်။

"ဂိမ်းတစ်ခုနဲ့ဆုံးဖြတ်ရအောင်"

ရှောင်ယုက ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။

သို့သော်လည်း ငြိမ်သက်နေသောလူနှစ်ယောက်သည် ဤသို့အဆင့်နိမ့်ဂိမ်းတစ်ခုအား ကောင်းမွန်စွာဆော့နိုင်၍ ရှောင်ယုအံ့သြသွားခဲ့ရသည်။

ထို့နောက်သူတို့သည် သုံးနှစ်အရွယ်ကလေးများကဲ့သို့ စတင်၍ငြင်းခုံကစားကြတော့သည်။

"အင်း...ဟုတ်တော့မဟုတ်သေးဘူး...နောက်တစ်ပွဲကစားရအောင်"

"ရှောင်ယု...မင်းကတော်တော်အရှက်မရှိတာဘဲ"

"အို...နီကိုးလပ်စ် မင်းကစားမှာမလား"

ရှောင်ယုသည်မွေးရာပါ အရှက်မရှိသူဖြစ်သည်။ ယခုအခါနီကိုးလပ်စ်သည် နှစ်ပွဲအနိုင်ရထားသော်လည်း ရှောင်ယုကတစ်ပွဲမှမနိုင်သေးပေ။

အဆုံးသတ်တွင် ရှောင်ယု၏အရှက်ကင်းမဲ့သောတောင်းဆိုမှုအောက်၌ သူတို့၃ယောက်သည် နောက်ထပ်ဂိမ်း၃ပွဲကို ဆော့ကစားခဲ့ရသည်။ အဆုံးသတ်ရလဒ်အနေဖြင့် ရှောင်ယုသည်အလွန်ကံဆိုးခဲ့ကာ နောက်ထပ်၃ပွဲလုံးအားရှုံးနိမ့်ခဲ့သည်။

"ဟေ့...ကြည့်ရတာငါရှုံးသွားပုံရတယ်...ဘယ်သူကတိုက်ချင်လဲ...မြန်မြန်ဆွေးနွေးကြ"

ရှောင်ယုက သူ့နောက်တွင်ရှိနေသော သူရဲကောင်းတစ်စုအား အော်ပြောလိုက်သည်။

ထိုအချိန်တွင် ရှောင်ယုကတိတ်ဆိတ်မှုကိုသာ ပြန်လည်ရရှိလိုက်သည်။ ယခုအချိန်၌ မည်သူကမှတိုက်ခိုက်ရန်ဆန္ဒမရှိပေ။

ဤနေရာရှိလူတိုင်းသည် တိုက်ပွဲအားနှစ်သက်ကြသော်လည်း ယခင်တိုက်ပွဲရှည်ကြီးအပြီးတွင် သူတို့သည် တိုက်ခိုက်လိုစိတ်မရှိကြတော့ပေ။ ယခုလည်း မည်သူကမှကိုယ့်အတွက် အကျိုးမရှိနိုင်သည့်တိုက်ပွဲအား မတိုက်ခိုက်လိုကြပေ။

ရှောင်ယု၏မျက်နှာသည် ချက်ချင်းရှုံ့မဲ့သွားခဲ့သည်။

"မင်းတို့ငါ့ကိုမျက်နှာသာမပေးချင်ကြဘူးလား..မင်းတို့ငါ့ကိုမျက်နှာသာမပေးချင်ဘူးဆိုရင် နောက်မှမင်းတို့ကိုအကျိုးခံစားခွင့်မပေးလို့ ငါ့ကိုအပြစ်မတင်ကြနဲ့"

ရှောင်ယု၏မျက်နှာအမူအရာကိုကြည့်ရင်း ရှောင်ယုနှင့်အနီးကပ်ဆုံးဖြစ်နေသည့် နဂါးလေးသည်တစ်စုံတစ်ခုပြောဆိုရန် ကြံရွယ်လိုက်သော်လည်း ရှောင်ယုကတိတ်တဆိတ်ဟန့်တားလိုက်သည်။

"မင်းတို့ကမသွားချင်ဘူးဆိုမှတော့ ငါကိုယ်တိုင်ဆုံးဖြတ်ပေးရမှာပေါ့...အင်းနာဂ မင်းအရင်ဆုံးသွားလိုက်...မင်းကိုယ်တိုင်မတိုက်ခိုက်နိုင်ဘူးဆိုတာငါသိတယ်...ဒါကြောင့်မင်းကိုအကူအညီပေးဖို့ နောက်ထပ်တစ်ယောက်ကိုစေလွှတ်လိုက်မယ်"

ရှောင်ယုသည် အကြံကောင်းတစ်ခုကိုရလာဟန်ဖြင့် သူ၏မျက်လုံး၌အရောင်တောက်လာခဲ့သည်။ ထို့နောက်သူသည် အပြုံးတစ်ခုနှင့်အတူ နာဂကိုအမိန့်ပေးလိုက်သည်။

သူမရှေ့ထွက်တိုက်ခိုက်ရမည်ဟု ရှောင်ယုကအမိန့်ပေးလာချိန်တွင် သူမ၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။ အဆုံးသတ်တွင် သူမ၏အဆင့်သည် အလွန်ပင်နိမ့်ကျနေခဲ့ပြီး သူမဒုက္ခရောက်ရှိလာပါက အခြားသူများထံမှလက်တစ်ဖက်တောင်းဆိုရန်သာ တတ်နိုင်ခဲ့သည်။

သူမအတွက် တိုက်ပွဲဝင်နိုင်သည့်အခွင့်အလမ်း ပိုမိုများပြားလေလေ သူမကြီးထွားလာရန် အထောက်အကူပိုဖြစ်လေဖြစ်သည်။ သူမသည် တိုက်ပွဲများကိုဖြတ်သန်းရင်း တိုက်ပွဲအတွေ့အကြုံမှတ်များကိုရယူနိုင်သည်။ ထို့ကြောင့် သူမအားအဆင့်တက်စေလိုသည့်ရည်ရွယ်ချက်ဖြင့် ရှောင်ယုကသူမအားစေလွှတ်လိုက်ခြင်းဖြစ်သည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် ရှောင်ယုသည် ကူညီပေးမယ့်သူအား ရွေးချယ်လိုက်သည်။

"အဟွတ်...ဂရင်းမင်းသွားလိုက်...သတ်တော့မသတ်နဲ့ နာဂကိုလှုပ်ရှားခွင့်ပေးလိုက်"

ရှောင်ယုက ချောင်းဆိုးကာပြောလိုက်သည်။ သူသည် နာဂအားတတ်နိုင်သမျှမြန်မြန် အဆင့်တက်စေလိုသည်။ဤနည်းဖြင့်သာ သူတို့သည်နေဝင်ချိန်နွံအိုင်၌ သူတို့၏ဘေးကင်းလုံခြုံရေးအား မြင့်တင်ပေးနိုင်မည်ဖြစ်သည်။

"ကောင်းပြီ...ငါအခုသွားတော့မယ်...နာဂရေမြန်မြန်အဆုံးသတ်ရအောင်...ငါလည်းအကြာကြီးထိန်းနိုင်မှာမဟုတ်ဘူး"

ဂရင်းသည် ပိန်ပိန်ပါးပါးနာဂကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။

နာဂသည် စကားတစ်ခွန်းမှမပြောခဲ့ပေ။ ဤသူရဲကောင်းများအနက် သူမ၏ခွန်အားသည် အညံ့ဆုံးဖြစ်ကြောင်းသူသိထားပေသည်။ အားနည်းသူများသည် အခြားသူများ၏လေးစားမှုအားရရှိရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် နာဂသည်အမြဲလိုလိုတိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး သူမ၏ကိုယ်ပိုင်ခွန်အားကို အလျင်အမြန်မြင့်တင်နေခဲ့သည်။ သူမသည် အခြားသူများ၏လေးစားမှုအားရရှိစေရန်အတွက် ဤအခွင့်အရေးအားအသုံးပြုနိုင်ရန် မျှော်လင့်ထားပေသည်။

လူများစွာသည် သူ့အားစိုက်ကြည့်နေသည်ကိုမြင်သောအခါ ကြံ့ကြီးက အနည်းငယ်စိုးရိမ်လာခဲ့သည်။ အဆုံးသတ်တွင် ထိုအဖွဲ့ထဲမှ အချို့သောသူများသည် သူ့ထက်ပင်သန်မာသည်ဟု ကြံ့ကြီးခံစားမိနေသည်။

သို့သော်လည်း သူသည်ခံစစ်ပိုင်းတွင်အလွန်အားကောင်းသည့်အတွက်ကြောင့် ရန်သူ့တိုက်စစ်အားထိန်းချုပ်ရာတွင် ကြီးမားသည့်အားသာချက်ကို ရရှိထား၍ အဆုံးသတ်တွင်အောင်နိုင်သူဖြစ်လာမည်ဟု တွေးထားခဲ့သည်။ ထိုကြံ့၏ဉာဏ်ရည်သည် သိသိသာသာကိုနိမ့်ကျကြောင်း တွေ့မြင်နိုင်ပေသည်။

ဂရင်းသည် အပိုစကားပြောမနေတော့ဘဲ နာဂကိုအချက်ပြလိုက်ပြီးနောက်တွင် ကြံ့ကြီးထံသို့လျင်မြန်စွာချည်းကပ်ကာ သူ၏ပုဆိန်အားဝှေ့ယမ်းလိုက်သည်။

"မင်းကအမြင်မရှိဘူးပဲ...ဒီအဖေရဲ့သက်တောင့်သက်သာအနားယူနေမှုကို နှောင့်ယှက်ထားတာကြောင့် မင်းကိုမှမသတ်ရရင် ငါ့ကိုယ်ငါစော်ကားမိသလိုဖြစ်သွားလိမ့်မယ်"

ပြောပြောဆိုဆိုဖြင့် ဂရင်းသည်ကြံ့ကြီး၏ဝမ်းဗိုက်ကို ပုဆိန်ဖြင့်ရိုက်ချလိုက်သည်။

ဘန်း...

ဂရင်း၏ပုဆိန်သည် ကျောက်တုံးနှင့်ထိမှန်သွားသကဲ့သို့ မီးပွားအနည်းငယ်ထွက်လာသည်မှလွဲ၍ ထူးခြားမလာခဲ့ပေ။ သို့သော် ထိုတိုက်ခိုက်မှု၏နောက်ကွယ်၌ ပါဝင်လာသည့်ကြီးမားသည့်အင်အားက ကြံ့ကြီးကိုတုန်လှုပ်စေခဲ့သည်။

"သေစမ်း..."

ထိုအခိုက်အတန့်တွင် ဂရင်း၏မျက်နှာအမူအရာသည် အနည်းငယ်တင်းမာလာခဲ့ကာ ရန်သူအားလျော့တွက်ထားသည့် စိတ်ကူးစိတ်သန်းမှန်သမျှကို ဖယ်ရှားလိုက်သည်။

ဂရင်းသည် သူ၏ပုဆိန်အားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ သူရဲကောင်းဆန်စွာခုန်လွှားခြင်းကိုအသက်သွင်း၍ ကြံ့ကြီး၏နောက်ဘက်သို့ရောက်ရှိလာခဲ့သည်။

ယခုတစ်ကြိမ်တွင် ဂရင်း၏တိုက်ခိုက်မှုကြောင့် ကြံ့ကြီးသည် ဒဏ်ရာရရှိသွားခဲ့သည်။ ကြံ့ကြီးသည် နာကျင်မှုကြောင့် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ သူ၏ခန္ဓာကိုယ်အားခါယမ်းလိုက်သည်။

"ဓားသွားမုန်တိုင်း"

ဂရင်းသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ ရက်စက်ကြမ်းကြုတ်သောခွန်အားများဖြင့် သူ၏ပုဆိန်အားဝှေ့ယမ်းလိုက်သည်။သူ၏အဓိကပန်းတိုင်မှာ ကြံ့ကြီး၏ညာဘက်ခြေထောက်ဖြစ်သည်။

တိုက်ပွဲကိုစောင့်ကြည့်နေသော ရှောင်ယုကခေါင်းယမ်းမိလိုက်သည်။ ဂရင်း၏လှုပ်ရှားမှုသည် အလုပ်မဖြစ်နိုင်ပေ။ အဆုံးသတ်တွင် ကြံ့ကြီးသည်အန္တာရယ်ကိုခံစားမိ၍ ဂရင်း၏တိုက်ခိုက်မှုအားရှောင်တိမ်းသွားမည်ဖြစ်သည်။

ရှောင်ယုခန့်မှန်းထားသည့်အတိုင်း ကြံ့ကြီးသည် ဂရင်း၏တိုက်ခိုက်မှုကိုသတိထားမိချိန်တွင် သူ၏အရှိန်အားလွန်ကဲစွာမြင့်တင်လိုက်ပြီး ထိုတိုက်ခိုက်မှုအားရှောင်တိမ်းလိုက်သည်။

"ဘာကွ..."

သူ၏ပြိုင်ဘက်များသည် သူ့အားတစ်ခါမှထိုသို့မပြုလုပ်ခဲ့ဘူး၍ ဂရင်းလွန်စွာဒေါသထွက်သွားခဲ့သည်။ ထို့ပြင် ဤအဖြစ်အပျက်သည်သူ့အားစောင့်ကြည့်နေသော လူပေါင်းများစွာ၏ရှေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေါသအမျက်ထွက်နေသောဂရင်းသည် လေထုဖိအားကိုထိုးခွဲကာ ကြံ့ကြီးထံရုတ်တရက်ရောက်ရှိလာခဲ့သည်။ ထို့နောက် သူ၏ပုဆိန်သွားအား ကြံ့ကြီး၏ခန္ဓာကိုယ်သို့ ထိုးဖောက်လိုက်သော်လည်း ဒဏ်ရာကများစွာမနက်လှပေ။

နောက်ထပ်တိုက်ခိုက်မှုလှိုင်းလုံးများအပြီးတွင် ဂရင်း၏ပုဆိန်သွားသည် ကြံ့ကြီး၏ခန္ဓာကိုယ်အတွင်းပိုင်းထိ ထိုးဖောက်သွားခဲ့သည်။ အံ့သြဖွယ်ကောင်းစွာဖြင့် ယခုတစ်ကြိမ်၌ ပုဆိန်သွား၏တစ်ဝက်ခန့်ထိ ကြံ့ကြီး၏အသားထဲနစ်မြုပ်သွားခဲ့သည်။

"အား..."

ကြံ့ကြီးသည် ချက်ချင်းဆိုသလိုပင် နာကျင်စွာထအော်လိုက်ပြီး သူ၏မျက်လုံးများက တဖြည်းဖြည်းနီရဲလာခဲ့သည်။

သူ၏တိုက်ခိုက်မှုများသည် ကြံ့ကြီးအပေါ်ထိရောက်မှုရှိကြောင်း ဂရင်းတွေ့မြင်လာခဲ့သည်။ ထို့ကြောင့်သူသည် မာန်သွင်းအော်ဟစ်ကာထပ်မံတိုက်ခိုက်လိုသော်လည်း ဧရာမကြံ့ကြီးကသူ့ထံပြေးဝင်လာသည်ကို သတိထားမိလိုက်သည်။

ထိုအချိန်တွင် လေထုကိုထိုးခွဲသံနှင့်အတူ နာဂသည်လည်းတိုက်ပွဲ၌ပါဝင်လာခဲ့သည်။

အခန်း ၄၀၇ - နာဂ၏အစွမ်း

နာဂစတင်တိုက်ခိုက်သည်ကို မြင်လိုက်ရချိန်တွင် ရှောင်ယုကသဘာဝကျစွာပင် ပျော်ရွှင်နေခဲ့သည်။

မည်သို့ပင်ဆိုစေ ရှောင်ယုသည် အရေးကြီးသောအချိန်ကာလများ၌ သူ၏အမိန့်မပါရှိဘဲတိုက်ခိုက်နိုင်စေရန် သူ့လူများကိုလေ့ကျင့်ပေးထားခြင်းဖြစ်သည်။

ဤအခွင့်ရေးသည် သူ့လူများအကြားကောင်းမွန်သော ဆက်ဆံရေးအားဖြစ်ပေါ်စေရန် သူတို့အချင်းချင်းကြားတိုက်ပွဲအတွင်း ပူးပေါင်းဆောင်ရွက်ရန်နှင့်တိုက်ပွဲနည်းစနစ်များအား နားလည်စေရန် သင့်တော်ပေသည်။ ဤနည်းဖြင့် သူတို့သည်အနာဂတ်စစ်မြေပြင်၌ ကြီးမားသောအခန်းကဏ္ဍမှပါဝင်လာမည်ဖြစ်သည်။

ပိုပြီးအရေးကြီးသည့်အချက်မှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဖြင့် အချင်းချင်းနားလည်မှုရှိခြင်းတို့က သူတို့၏အသက်ကိုပိုမိုအကာအကွယ်ပေးနိုင်ပေသည်။ ဤအရာသည် ရှောင်ယုအတွက် တန်ဖိုးအထားဆုံးဖြစ်သည်။

ငွေကြေး၊နယ်မြေနှင့်စစ်တပ်သည် အလွန်ပင်အရေးကြီးသော်လည်း ၎င်းတို့အားလုံးသည် လောကီပိုင်ဆိုင်မှုအားလုံး၏ နောက်ကွယ်တွင်သာဖြစ်သည်။ ထိုအရာအားလုံးကို အသက်ရှင်သန်နေသူတစ်ယောက်ကသာ အောင်မြင်နိုင်မည်ဖြစ်သည်။ အဆုံးသတ်တွင် လူသေတစ်ဦးကထိုအရာများကို ပိုင်ဆိုင်ထားလျင်ပင်အသုံးမဝင်ပေ။

စူးရှသောလေတိုးသံနှင့်အတူ နာဂ၏မြှားတံသည် ကြံ့ကြီး၏ခြေထောက်ကို ထိမှန်သွားခဲ့သည်။

"အား..."

ကြံ့ကြီးသည် အလွန်နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။

နာဂ၏မြှားသည် ကြံ့ကြီး၏ဒူးခေါင်းနေရာသို့ သွားရောက်ထိမှန်ခဲ့သည်။ ဒူးဆစ်အရိုးနုသည် ပေါင်တစ်ခုလုံး၌အပျော့ဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ဒူးခေါင်းသည် အလွန်ပင်သန်မာသော်လည်း အရိုးနုလေးကမူ အလွန်ပင်ပျက်စီးလွယ်ပေသည်။

နာဂ၏မြှားသည် သာမန်သာဖြစ်သော်လည်း ထိုမြှားကိုနှင်းကိုက်ခဲခြင်းဟု ခေါ်ပေသည်။

ထိုနှင်းကိုက်ခဲမြှားများကို ရန်သူတပ်သားများ၏တိုက်ခိုက်မှုအရှိန်နှင့်ရွေ့လျားမှုအမြန်နှုန်းအား ထိရောက်စွာနှေးကွေးစေရန်အသုံးပြုပေသည်။ ထိုမြှား၌ပါဝင်သော အေးခဲသောအကျိုးသက်ရောက်မှုသည် ရန်သူ့အားအေးခဲစေနိုင်သည့်အစွမ်းရှိသည်။

နာဂ၏မြှားချက်ကြောင့် ဂရင်းသည်အခွင့်အရေးကို ချက်ချင်းဖမ်းဆုပ်လိုက်ကာ ကြံ့ကြီးအားဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့သည်။ သို့သော် ဂရင်း၏တိုက်ခိုက်မှုများက များစွာထိရောက်မှုမရှိလှပေ။ အဆုံးသတ်တွင် ဤသားရဲ၏ခုခံမှုသည် အမှန်ပင်ကြောက်စရာကောင်းလှပေသည်။

ရွှီးးး..

ကောင်းကင်၌ငွေရောင်အလင်းတန်းတစ်ခုဖြစ်ပေါ်လာကာ မြှားတံများက ထပ်မံဖြစ်ပေါ်လာခဲ့သည်။ နောက်အခိုက်အတန့်တွင် ကြံ့ကြီး၏ဒဏ်ရာရထားသေးသော ခြေထောက်တစ်ဖက်အား မြှားတစ်စင်းကထပ်မံစိုက်ဝင်လာခဲ့သည်။ ထိုမြှားသည် ယခင်မြှားချက်နှင့်တစ်စင်တီမီတာသာ ကွာဝေးပေသည်။

"ကောင်းတယ်...ကောင်းတယ်...နာဂရဲ့မြှားအစွမ်းက အဲ့လောက်ထိကောင်းနေလိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားဘူး"

ရှောင်ယု၏ပါးစပ်သည် အပေါ်ဘက်သို့ကွေးတက်သွားခဲ့သည်။ ယခင်က သူသည်တိုင်ရန်ဒီ၏မြှားပစ်အစွမ်းကိုသာ အကောင်းဆုံးဟုယူဆထားခဲ့ခြင်းဖြစ်သည်။

ကြံ့ကြီးသည် နာကျင်စွာအော်ဟစ်လိုက်ပြီးနောက် သူ၏ပါးစပ်တွင်းမှနေ၍ ရေများစီးကျလာခဲ့သည်။ ရေ၏အရောင်သည် အနည်းငယ်ကွဲပြားနေကာ အနက်ရောင်ရှိပြီးအနံ့ပြင်းပေသည်။

အဆိပ်လား...

ရှောင်ယုသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သော်လည်း ထိုကြံ့ကြီး၏အနက်ရောင်ရေသည် အဆိပ်အတောက်မဖြစ်နိုင်ဟု ချက်ချင်းပင်တွေးမိလိုက်သည်။ ၎င်းသည် နေဝင်ချိန်နွံအိုင်၏ အခြားအရာတစ်ခုသာ ဖြစ်သင့်ပေသည်။

အဆုံးသတ်တွင် ကြံ့ကြီးသည်နေဝင်ချိန်နွံအိုင်၌ မွေးဖွားကြီးပြင်းလာသူဖြစ်သည်။ အထူးကျွမ်းကျင်မှုမရှိဘဲ ရှင်သန်နေထိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

ထိုကြံ့ကြီးသည် တုံးအခြင်းမရှိပေ။ ထိုအနက်ရောင်ရေစီးကြောင်း၏ အဓိကပစ်မှတ်သည် သူ့အားအဆက်မပြတ်တိုက်ခိုက်နေသည့်ဂရင်းဖြစ်မနေဘဲ သူ့အားအမှန်တကယ်ခြိမ်းခြောက်နိုင်စွမ်းရှိသည့် နာဂထံသို့တိုးဝင်သွားခဲ့သည်။

နာဂသည် အနက်ရောင်ရေစီးကြောင်းကို အလွယ်တကူတိမ်းရှောင်လိုက်သည်။ နာဂသည် ကုန်းရေနှစ်သွယ်ဖြစ်တည်မှုဖြစ်ကာ နေဝင်ချိန်နွံအိုင်သည် သူမအတွက်နိဗ္ဗာန်ဖြစ်သည်။

ဘန်း...

ထိုအချိန်တွင် တတိယမြှားတံက ကြံ့ကြီးထံတိုးဝင်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် မြှားသည်ကြံ့ကြီး၏ဒူးခေါင်းကိုမဟုတ်ဘဲ မျက်လုံးကိုပစ်မှတ်ထားခဲ့သည်။

သို့သော်လည်း နာဂ၏တိုက်ခိုက်မှုသည် အလွန်ရက်စက်ကြမ်းကြုတ်ကြောင်း ကြံ့ကြီးကသတိထားမိနေပြီဖြစ်သည်။

ကြံ့ကြီးသည် ခေါင်းကိုအနည်းငယ်စောင်းပေးလိုက်ရာ မြှားတံသည် သူ၏ဦးခေါင်းနံဘေးမှဖြတ်ကျော်သွားခဲ့သည်။

ထိုအချိန်တွင် ဂရင်းသည်အလျင်အမြန်ချဉ်းကပ်လာပြီး ဒဏ်ရာရရှိနေသော ကြံ့ကြီး၏ခြေထောက်အား အဆက်မပြတ်တိုက်ခိုက်လိုက်သည်။

ကြံ့ကြီးသည် ဘာဆက်လုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။ သူသည် ဂရင်းကိုတိုက်ခိုက်လိုသော်လည်း ဂရင်းသည်မျောက်တစ်ကောင်လို ဘယ်ညာအပေါ်အောက် ခုန်ကျော်တိုက်ခိုက်နေ၍ မည်သို့မှမတတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ကြံ့ကြီးသည် ဂရင်း၏တိုက်ခိုက်မှုအား အလူးအလဲတောင့်ခံနေရုံသာရှိတော့သည်။

ဘန်း...ဘန်း....ဘန်း

သူတို့နှစ်ဦးသည် အပြင်းအထန်ဆက်လက်တိုက်ခိုက်နေသော်လည်း နာဂသည်အငြိမ်မနေဘဲ ကြံ့ကြီး၏ဒူးခေါင်းကို ဆက်တိုက်ပစ်ခတ်နေခဲ့သည်။

"အားဂီးးး.."

အဆုံးသတ်တွင် ကြံ့ကြီးသည်ဆက်လက်သည်းမခံနိုင်တော့ဘဲ ကောင်းကင်ကိုမော့ကြည့်ကာ ဟိန်းဟောက်လိုက်ရာ သူ၏ခန္ဓာကိုယ်အရွယ်အစားသည် ထက်ဝက်ခန့်ကျုံ့ဝင်သွားခဲ့သည်။

"ဟေး...ဒါကတော်တော်လေးကိုရှားပါးတာပဲ...အရွယ်အစားကိုကျုံ့လိုက်တာလား"

ရှောင်ယု အံ့သြနေသောလေသံဖြင့် ရေရွတ်လိုက်သည်။ သူသည် ဤကဲ့သို့သားရဲမျိုးနှင့်ရင်ဆိုင်ရမည်ဟု မမျှော်လင့်ထားပေ။

ဤအလေ့အထသည် မည်သည့်အချိန်မှပြောင်းလဲသွားသနည်း။ အဆုံးသတ်တွင် သာမန်သားရဲအများစုသည် အကျပ်အတည်းကြုံတွေ့ချိန်တွင် သူတို့၏အရွယ်အစားကို ကြီးထွားစေကြသည်။ သို့သော် သူတို့နှင့်ဆန့်ကျင်ဘက်ကြံ့ကြီသည် သူ၏အရွယ်အစားကို တဖြည်းဖြည်းလျော့ချနေခဲ့သည်။

မည်သို့ပင်ဆိုစေ ထိုသို့အရွယ်အစားကျုံ့ဝင်သွားမှုကြောင့် ကြံ့ကြီး၏အရှိန်သည် တဟုန်ထိုးမြင့်တက်လာခဲ့သည်။ ယခုအခါ သူ၏အရှိန်အဟုန်သည် ဂရင်းကိုပင်မှီလုဆဲဆဲဖြစ်လာခဲ့သည်။

"ဒါက အတော်လေးကိုရှားပါးတဲ့အသွင်ပြောင်းမှုတစ်ခုပဲ...ဒီကမ္ဘာကြီးပေါ်မှာ ထူးဆန်းတဲ့အရာတွေက တကယ့်ကိုအဆုံးမရှိဘူးပဲ...ဟီးဟီး"

ရှောင်ယုက တစ်ခွန်းတည်းဖြင့်ပြောလိုက်သည်။

အရွယ်အစားသေးငယ်သွားပြီးနောက် ကြံ့ကြီး၏ပစ်မှတ်မှာဂရင်းပင်မဟုတ်တော့ဘဲ သူနှင့်အတော်ဝေးကွာသည့်နာဂကိုပင် ပစ်မှတ်ထားလာခဲ့သည်။

အစောပိုင်းတွင် ကြံ့သည် နာဂကိုသာအာရုံစိုက်၍လိုက်ဖမ်းနေခဲ့သော်လည်း အချိန်တစ်ခုကြာပြီးနောက် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိထားမိလိုက်သည်။

ဂရင်းကဘယ်ရောက်နေတာလဲ...သူကအခုဘာတွေလုပ်နေတာလဲ

ကြံ့ကြီးသည် ထိုပြဿနာအားသတိပြုမိလိုက်သည့်အချိန်တွင် နောက်ကျနေခဲ့ပြီဖြစ်သည်။ ဂရင်းသည် သူ၏နံဘေးတွင်ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ပုဆိန်ဖြင့်ခုတ်ချလိုက်သည်။

ထိုအချိန်တွင် နာဂသည်အခွင့်အရေးကိုဖမ်းဆုပ်ကာ ကြံ့ကြီး၏လိုက်လံတိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သည်။ နာဂသည် အခြားသောကျွမ်းကျင်မှုများကို အသုံးပြုနိုင်သော်လည်း သူမသည်မြှားကိုသာအသုံးပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နာဂ၏မြှားပစ်အစွမ်းသည် တစ်ယောက်ချင်းတိုက်ပွဲနှင့်အဖွဲ့လိုက်တိုက်ပွဲများ၌ ကောင်းမွန်သော်လည်း သူမပိုင်ဆိုင်သည့်အခြားကျွမ်းကျင်မှုများက ထိရောက်မှုနည်းပါး၍ဖြစ်သည်။

တဖြည်းဖြည်းနှင့်မြှားချက်များ ပိုမိုများပြားလာပြီးနောက်တွင် ကြံ့ကြီး၏လှုပ်ရှားမှုကလည်း တဖြည်းဖြည်းကန့်သတ်ခံလာရသည်။

သူ၏မာကျောလှသော အရေပြားကြောင့် ဂရင်း၏တိုက်ခိုက်မှုများက သူ့အပေါ်များစွာထိရောက်မှုမရှိလှသော်လည်း နာဂ၏ထိုးဖောက်နိုင်စွမ်းကောင်းသော မြှားတံများကိုမတားဆီးနိုင်ပေ။

နောက်ဆုံးတွင် ကြံ့ကြီးသည်နာကျင်စွာအော်မြည်ကာ မြေပေါ်သို့လဲကျသေဆုံးသွားခဲ့သည်။

ရှောင်ယုသည် ကြံ့ကြီးသေဆုံးလုနီးပါးဖြစ်နေချိန်၌ ဂရင်းအားနောက်ဆုတ်လာရန် အမိန့်ပေးခဲ့သည်။ ယခုအခါ ပဥ္စမအဆင့်သို့ပင်မရောက်သေးသည့် နာဂသည်သာတိုက်ပွဲ၌ ကျန်ရစ်ခဲ့တော့သည်။

အဆုံးသတ်တွင် ကြံ့ကြီးသည်မြေပေါ်သို့ လဲကျသွားခဲ့ပြီး ရှောင်ယုကအလွန်ပျော်ရွှင်သွားခဲ့သည်။ နာဂ၏အဆင့်သည် နောက်တစ်ကြိမ်တိုးလာခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်၌ နာဂ၏အဆင့်သည်အလွန်မမြင့်သေးသော်လည်း အဆင့်၃၇သို့ရောက်ရှိနေပြီဖြစ်သည်။ ထိုအဆင့်သည် အဆင့်၄၀နှင့်သိပ်မကွာတော့ပေ။ သူမသည်လည်း မကြာမှီပဥ္စမအဆင့်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။

ထိုအချိန်တွင် ရှောင်ယုသည် အစွမ်းထက်သောသူရဲကောင်းအသစ်အား ရရှိတော့မည်ဖြစ်သည်။ ဤသူရဲကောင်းများသည် အဆင့်ပိုမြင့်လာသည်နှင့်အမျှ ၎င်းတို့ပိုင်ဆိုင်သောအစွမ်းထက်ကျွမ်းကျင်မှုများအား ပြန်လည်ရရှိလာမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏အတိတ်မှတ်ဉာဏ်များသည် တဖြည်းဖြည်းပြန်လည်နိုးထလာမည်ဖြစ်ကာ ယခင်တိုက်ပွဲများက သူတို့အားလှုံဆော်ရန်အတွက် အကောင်းဆုံးသောနည်းလမ်းဖြစ်ခဲ့သည်။

"ဟားဟား...ကောင်းတယ်...ကောင်းတယ်...နှစ်ယောက်လုံးအရမ်းတော်တယ်...ကိုယ်ကျိုးလုံးဝမမက်တဲ့ဂရင်းရဲ့ လုပ်ရပ်တွက် ငါနောက်မှဆုချီးမြင့်ပေးမယ်...ကောင်းပြီနာဂ ခုဆိုရင်ဘယ်လိုနေလဲ...မင်းရဲ့အဆင့်ကပိုတိုးလာပြီဆိုတော့ ပိုပြီးတော့နေလို့ကောင်းလာပြီထင်တယ်...မဟုတ်ဘူးလား"

ရှောင်ယုသည် သူတို့နှစ်ယောက်အနားသို့ရောက်လာခဲ့ကာ ဗိုလ်ချုပ်မှစစ်သားနှစ်ယောက်အား ဆုပေးနေသကဲ့သို့ရယ်မောပြောဆိုလိုက်သည်။

"အင်း...ဂရင်းမင်းရဲ့တိုက်ခိုက်ပုံက တော်တော်ကောင်းပေမဲ့...ဒါပေမဲ့မင်းလိုအပ်နေတဲ့နေရာလေးတစ်ခုရှိနေသေးတယ်...သားရဲတစ်ကောင်ရဲ့အထိအခိုက်အခံနိုင်တဲနေရာကိုမင်းသိလား"

ရှောင်ယုသည် ဂရင်းအနားသို့ကပ်သွားကာ လေသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။

ဂရင်း...သားရဲတစ်ကောင်ရဲ့အားအနည်းဆုံးနေရာ...သူအထိခိုက်မခံနိုင်တဲ့နေရာလေ...မင်းသိလား

"အဲ...မသိဘူးလေ"

ဂရင်းသည် အလွန်ပင်အပြစ်ကင်းစင်ပေသည်။ သူသည် ထိုပျော့ညံ့သောနေရာကို အမှန်ပင်မသိပေ။

ရှောင်ယုသည် လျှို့ဝှက်ဆန်းကြယ်စွာပြုံးလိုက်ပြီး ဂရင်း၏နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။

"မင်းကလူမိုက်ပဲ...သူတို့ရဲ့ညီငယ်ကိုမတွေ့ဘူးလား...အဲ့နေရာကိုတည့်တည့်ရိုက်ထည့်လိုက်...အဲ့ကောင်သေချာပေါက်လဲသွားလိမ့်မယ်"

"..."

ဂရင်းသည် ခဏလောက်ဘာပြောရမှန်းမသိ ဖြစ်သွားသော်လည်း ခဏအကြာတွင် ရှောင်ယု၏စကားသည်မှန်ကန်ကြောင်း နားလည်လိုက်သည်။

သူ၏သခင်သည် အမှန်ပင်ဉာဏ်ရည်ထက်မြက်ကာ ချီးကျူးစဖွယ်လူတစ်ယောက်ဖြစ်သည်။

အခန်း ၄၀၈ - ကြံ့မောင်နှံ

ရှောင်ယုအပေါ်၌ ဂရင်း၏ယုံကြည်မှုသည် ယန်ဇီမြစ်ရေကဲ့သို့ အဆုံးမရှိခဲ့ပေ။

ရှောင်ယုသည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏ မထီမဲ့မြင်ပြုသောအမူအရာများကို လျစ်လျူရှုထားခဲ့သည်။

"ငါတို့ခရီးဆက်ကြရအောင်"

နီကိုးလပ်စ်က ရှောင်ယုအားအော်ပြောလိုက်သည်။သူသည်လည်း ရှောင်ယု၏အကြံညဏ်ကိုကြားပြီးနောက် အားကိုးရာမဲ့ဖြစ်သွားခဲ့ရသည်။

"ဒါပေါ့...ဒါပေါ့...မင်းတို့ရှေ့ဆက်သွားချင်နေတယ်ဆိုတာ ငါသိတယ်...ဟုတ်ပြီ...ဟုတ်ပြီ...အပိုစကားပြောစရာမလိုဘူး...သွားကြရအောင်"

ရှောင်ယုသည် သူ့ရှေ့၌ရှိနေသောလီယိုနာဒိုနှင့် ရှောင်ယုတို့ကိုကြည့်ရင်းပြောလိုက်သည်။

လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာမှထပ်မပြောတော့ပေ။

အဖွဲ့၃ဖွဲ့သည် နွံအိုင်အနက်ပိုင်းသို့ တဖြည်းဖြည်းတိုးဝင်လာခဲ့ကြသည်။ ရှောင်ယုသည် ကောင်းကင်ဘုံအား တိတ်တဆိတ်ကျိန်ဆဲမိလိုက်သည်။ ဤလမ်းသည် တဖြည်းဖြည်းပို၍ခရီးဆက်ရခက်ခဲလာခဲ့သည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့၏ခွန်အားကဆိုးဝါးခြင်းမရှိပေ။ ထို့သို့မဟုတ်ပါက အခြားမည်သည့်အရာများဖြစ်လာမည်ကို မည်သူကမှမသိနိုင်ကြပေ။ ယခုအခါသူတို့၏အဝတ်အစားများကို ရွှံ့နွံများပေကျံထားသည့်အတွက် သနားစဖွယ်ကောင်းနေခဲ့သည်။

သူတို့သည် ခရီးဝေးဝေးမသွားရသေးခင် တောဝက်နှင့်သားရဲအုပ်စုကို ရင်ဆိုင်လိုက်ရသည်။

"သေစမ်း...ဒီတောဝက်တွေက ဘယ်ကနေရောက်လာတာလဲ...သူတို့ကငါ့တို့ကိုတကယ်ကြီးဒုက္ခပေးနေတာလား"

ရှောင်ယုသည် ကြမ်းတမ်းသော်လည်းချစ်စရာကောင်းသည့် တောဝက်များကိုကြည့်ရင်း အော်ပြောလိုက်သည်။

"မဟုတ်ဘူး...သူတို့ကိုကြည့်နေတာ တစ်ယောက်ယောက်ကိုကြောက်နေပုံရတယ်...သူတို့ကပရမ်းပတာဖြစ်နေတာပဲ"

လီယိုနာဒိုက ဓားကိုလွဲယမ်းရင်းပြောလိုက်သည်။

လူတိုင်းက တစ်စုံတစ်ခုလွဲမှားနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထိုတောဝက်များသည် တစ်စုံတစ်ရာကိုထိတ်လန့်နေပြီး သူတို့၏မျက်လုံးများ၌ ကြောက်လန့်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။

ထို့နောက် သူတို့သည် မြေပြင်တုန်ခါနေမှုကို ဦးစွာသတိထားမိလိုက်သည်။

"ခဏလေး...ဒီအသံကငါနဲ့တော်တော်လေးကိုရင်းနှီးပါတယ်"

နီကိုးလပ်စ်သည် မျက်မှောင်ကြုတ်မိလိုက်ပြီး သူ၏မျက်လုံးများ၌ မသေချာမရေရာသည့် အလင်းအချို့တောက်ပလာခဲ့သည်။

များမကြာမှီတွင် လူတိုင်း၏ရှေ့၌နောက်ထပ်ကြီးမားသည့် ပုံရိပ်နှစ်ခုထွက်ပေါ်လာခဲ့သည်။

"ကြံ့ကြီးတွေ...မဟုတ်သေးပါဘူး...ဘာလို့သူတို့နှစ်ကောင်ကအရင်ကထက်စာရင် အများကြီးပိုကြီးနေတာပဲ"

ရှောင်ယုက ထူးဆန်းသောလေသံဖြင့်ပြောလိုက်သည်။ တစ်ကောင်ကိုသတ်ဖြတ်ခြင်းက အခြားနှစ်ကောင်ကိုထွက်ပေါ်လာစေသည်။ ဤအရာသည် ကြံ့မိသားစုတစ်ခုလား...

ရှောင်ယုသည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့နှင့်အတူ ဂိမ်းတစ်ခုအားထပ်မံဆော့ကစားခဲ့သော်လည်း မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ၃ပွဲကစား၃ပွဲလုံးထပ်မံရှုံးနိမ့်ခဲ့သည်။

"အာ...သေစမ်း...ငါဒီဂိမ်းကိုအရင်ကတော်တော်ဆော့ဖူးပါတယ်...ငါဘာလို့ထပ်ပြီးရှုံးသွားရတာလဲ"

ရှောင်ယုသည် အလွန်ပင်ဒေါသထွက်သွားခဲ့သည်။

"မင်းတို့ထဲကဘယ်ကောင်သွားချင်ကြလဲ...သေချာဂရုစိုက်ပြီးရွေးချယ်ကြ"

ရှောင်ယုသည် အမှန်တကယ်ပင်စိတ်မချမ်းမသာဖြစ်နေခဲ့သည်။

"ငါသွားလိုက်မယ်..."

ဂရင်းသည် သူ၏ပုဆိန်ကိုဝှေ့ယမ်းကာ ရှေ့သို့ချီတက်နေခဲ့ပြီဖြစ်သည်။

ရှောင်ယု၏အစွမ်းထက်သောသူရဲကောင်းတစ်ယောက်အနေဖြင့် ဂရင်းသည် နာဂနှင့်ပူးပေါင်းလိုက်ပါက ထိုကြံ့များကိုဖယ်ရှားရန် ပြဿနာကြီးကြီးမားမားမရှိပေ။

ဂရင်းသည် ကြံ့များအနီးသို့တိုးကပ်ကာ သူတို့၏နောက်တွင်ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း နောက်ထပ်မြင်တွေ့လိုက်ရသည့်မြင်ကွင်းက လူတိုင်းကိုထိတ်လန့်စေခဲ့သည်။

"ဒါ...ဘာဖြစ်တာလဲ...မင်းတို့ရှင်းရှင်းလင်းလင်းမြင်လိုက်ကြလား"

ရှောင်ယုသည် ယခုမှသတိပြန်ဝင်လာ၍ ဂရင်းသည်ကြံ့များ၏အနောက်၌ထွက်ပေါ်လာသည်နှင့် ချက်ချင်းကန်ထုတ်ခံလိုက်ရသည်ကို သတိမထားမိလိုက်ပေ။ သူသည် အခြားသူရဲကောင်းများကိုမေးမြန်းကြည့်သော်လည်း မည်သူကမှတိတိကျကျအဖြေပြန်မပေးခဲ့ပေ။

"ဟေးး..."

ဂရင်းသည် အလွန်ပင်ဒေါသပေါက်ကွဲသွားခဲ့သည်။ သူသည် အောစ့်ဓားသမားတစ်ယောက်ဖြစ်ကာ မည်သည့်အခါကမှ အခြားသူများ၏ကန်ထုတ်ခြင်းကိုမခံခဲ့ရပေ။ ယခုလိုအခြေအနေတွင် သူသာလက်စားမချေနိုင်ပါက သူ့မျက်နှာကိုမည်သည့်နေရာထားရမည်နည်း။

အန္တိမခုတ်ပိုင်းချက်...

လေပြေ..

လေလမ်းလျှောက်ခြင်း..

အသက်ရှုချိန်အနည်းငယ်အတွင်း ဂရင်းသည် သူ၏ဆုံးရှုံးသွားရသည့် အရှက်တရားကိုပြန်လည်ရရှိရန် သူ၏ကျွမ်းကျင်မှုအားလုံးကို အသုံးချခဲ့သည်။

ကံမကောင်းစွာဖြင့် ရလဒ်များသည် သူမျှော်မှန်းထားသလောက် မကောင်းခဲ့ပေ။ ဤကြံ့ကြီးနှစ်ကောင်၏ ခုခံကာကွယ်မှုသည် ပို၍ပင်အားကောင်းလာခဲ့သည်။

ဂရင်းသည် ထိုကြံ့ကြီးနှစ်ကောင်နောက်သို့ တဖန်ပြန်လည်ရောက်ရှိလာသော်လည်း အဆုံးသတ်တွင်နောက်ထပ်တစ်ကြိမ် ကန်ထုတ်ခံလိုက်ရသည်။

"ခဏ...ဂရင်း...ခဏလေး...မင်းဘာလို့အရိုက်ခံနေရတာလဲ"

ရှောင်ယုက အံ့သြနေသောလေသံဖြင့်မေးမြန်းလိုက်သည်။ အကယ်၍ ဂရင်းသာဤမေးခွန်းကို မဖြေနိုင်ပါက သူပင်ရူးသွပ်သွားနိုင်သည်။

"ဒါ...မင်းပဲအန္တာရယ်အရှိဆုံးနေရာကို တိုက်ခိုက်သင့်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလား"

ဂရင်းက ပြန်ဖြေလိုက်သည်။

ရှောင်ယုသည် စကားပင်မပြောနိုင်တော့ဘဲ သူ၏မျက်လုံးများကိုမှိတ်ထားလိုက်တော့သည်။ ရှောင်ယု၏လုပ်ရပ်က သူ့ကိုအားပေးနေသည်ဟု အဓိပ္ပါယ်တလွဲကောက်မိ၍ ဂရင်း၏တိုက်ခိုက်လိုစိတ်များက ပိုမိုပြင်းထန်စွာလောင်ကျွမ်းလာခဲ့သည်။

ခဏလောက်အကြာတွင် ရှောင်ယုကမည်သို့ပြန်ပြောရမည်မှန်းမသိတော့ပေ။...

"ဟားဟား..."

လူတိုင်း၏ရယ်မောသံကိုကြားလိုက်ရချိန်တွင် ရှောင်ယုသည်သူ၏မျက်နှာကို မြေထဲနစ်မြုပ်ချင်စိတ် ဖြစ်လာခဲ့ရသည်။

"မင်းဘာတွေတွေးနေတာလဲ...ဒီလှည့်ကွက်ကိုအံ့အားသင့်ဖွယ်တိုက်ခိုက်မှုတစ်ခုအဖြစ် တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေမျိူးမှာ အသုံးပြုရမှာဖြစ်တယ်...ပြီးတော့ဒီသားရဲက အမဆိုတာမင်းမသိဘူးလား...မင်းဘာတွေတွေးနေတာလဲ"

ရှောင်ယုသည် အမှန်တကယ်ပင်ရူးချင်နေခဲ့သည်။ ဤကောင်သည် သူတိုက်ခိုက်နေသည့်သားရဲကို အထီးအမပင်မခွဲခြားတတ်ပေ။

နာဂသည် ဂရင်း၏လက်ရှိအခြေအနေကို သတိထားမိ၍ လေးနှင့်မြှားကို အလျင်အမြန်ထုတ်ယူကာ ပစ်ခတ်လိုက်သည်။

ဘန်း...

မြှားသည်လေထုကိုထိုးခွဲသွားပြီး ၎င်း၏ပစ်မှတ်မှာ ကြံ့နှစ်ကောင်အနက်တစ်ကောင်ဖြစ်သည်။

ယင်းမြှားချက်ကြောင့် ကြံ့ကြီးနှစ်ကောင်သည် ဒေါသပေါက်ကွဲသွားခဲ့ကာ သူတို့အနက်မှတစ်ကောင်သည် ၎င်း၏ချွန်ထက်သောဦးချိုဖြင့် ရူးသွပ်စွာစတင်တိုက်ခိုက်ခဲ့သည်။

အခြားသောကြံ့ကြီးသည်လည်း ဤအတိုင်းငြိမ်နေရန်ဆန္ဒရှိပုံမရပေ။ သူသည် ချက်ချင်းဆိုသလိုပင် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ထံသို့ပြေးဝင်သွားခဲ့သည်။ ထိုလူများသည် အန္တာရယ်အငွေ့အသက်ကိုပေးစွမ်းနေရာ အမြန်ဆုံးဖယ်ရှားပစ်ရမည်ဖြစ်သည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် လှုပ်ရှားခြင်းမရှိသေးသော်လည်း ၎င်းတို့၏နောက်ကွယ်မှကျွမ်းကျင်သူများက ကြံ့ကြီးအားချက်ချင်းတိုက်ခိုက်ခဲ့သည်။

ခိုင်ရင်းသည် သူ၏ပုဆိန်ကြီးအားဝှေ့ယမ်းရင်း ရှေ့သို့ပြေးဝင်သွားခဲ့ကာ ကြံ့ကြီးကိုဆက်တိုက် တိုက်ခိုက်လိုက်သည်။ ခိုင်ရင်းသည် ခွန်အအထူးပြုသူရဲကောင်းဟု အမှန်တကယ်သတ်မှတ်ခံရသင့်သည်။ ယခုလည်း ကြံ့ကြီးသည် ခိုင်ရင်းအား အမှုန့်ချေပစ်လိုစိတ်ဖြင့် အတတ်နိုင်ဆုံးပြင်းထန်စွာတိုက်ခိုက်နေခဲ့သည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် ခိုင်ရင်းသည် ကိုင်တွယ်ရန်မလွယ်ကူလှပေ။ သူ၏တိုက်ခိုက်ရေးစွမ်းအားသည် ကြံ့ကြီး၏ညတိုက်ခိုက်မှုမှန်သမျှကို အလွယ်တကူချေဖျက်ပစ်နိုင်ခဲ့ပြီး ၎င်း၏ဗဟိုဆွဲငင်အားကို ဆုံးရှုံးစေခဲ့သည်။

"ဘာမှားနေတာလဲ...ဒီဖေဖေပြောတာမကြားကြဘူးလား...အဲ့ကောင်တွေကိုသတ်ကြ...တတ်နိုင်သမျှမြန်မြန်သတ်ကြ"

ရှောင်ယုသည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏ ကျွမ်းကျင်သူများကိုကြည့်ရင်း အော်ဟစ်လိုက်သည်။

ထိုကျွမ်းကျင်သူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ရှောင်ယုသည် အမြဲလိုလိုစိတ်ကောင်းရှိသူဖြစ်ကြောင်း သူတို့သိထားကြသော်လည်း ယခုအခါတစ်စုံတစ်ရာကြောင့် အလွန်ဒေါသပေါက်ကွဲနေခဲ့သည်။

ရှောင်ယုဒေါသထွက်ရခြင်းမှာ တစ်စုံတစ်ယောက်က သူ့မျက်နှာကိုချနင်းထား၍ဖြစ်သည်။

ရှောင်ယု၏ဒေါသတကြီးဟိန်းဟောက်သံကြောင့် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် သူတို့၏တပ်သားများကိုကြည့်ကာ ရှောင်ယု၏သူရဲကောင်းများမသတ်ဖြတ်မှီ ကြံ့များကိုသတ်ဖြတ်ရန်အမိန့်ပေးခဲ့သည်။

တပ်မှူး ၃ဦးကြားတွင် လျှိ့ဝှက်ပြိုင်ဆိုင်မှုတစ်ခုရှိကြောင်း အောက်ခြေတပ်သားများ နားလည်ထားသည့်အတွက် သူတို့သည်ပို၍စိတ်အားထက်သန်စွာ တိုက်ခိုက်ကြသည်။

တစ်နာရီခန့်ကြာပြီးနောက် ကြံ့ကြီးနှစ်ကောင်သည် မြေပေါ်သို့ တစ်ချိန်တည်း လဲကျသွားခဲ့ရသည်။

ဘန်း..ဘန်း

"သူတို့က တစ်ချိန်တည်းမှာကို သေလုနီးပါးဖြစ်သွားပြီ...ဒါကမကောင်းဘူး"

ရှောင်ယုက မကျေမနပ်ဖြင့်ပြောလိုက်သည်။ သူသည် သူ၏သူရဲကောင်းများကသာ ကြံ့များအားသတ်ဖြတ်သည်ကို မြင်တွေ့လိုခဲ့သည်။ ထိုမြင်ကွင်းသည် သူ့အတွက်အမှန်တကယ်ပင် ပျော်စရာဖြစ်သည်။

သို့သော်လည်း လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့ပူးပေါင်းလိုက်ပြီးနောက်တွင် ကြံ့ကြီးကိုတိုက်ခိုက်ရာ၌ ရှောင်ယု၏အဖွဲ့ထက်ပိုမိုအားကောင်းခဲ့သည်။

"မြန်မြန်...ပစ္စည်းတွေလာသိမ်းကြ"

ရှောင်ယုသည် လက်ခုပ်တီးလိုက်ပြီး သူ၏သူရဲကောင်းများအား အလောင်းကိုဖြတ်တောက်ကာ အဖိုးတန်အရာများကိုသိမ်းဆည်းရန် အမိန့်ပေးလိုက်သည်။

All Chapters