← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း ၄၁၅ - ရှေးဟောင်းမြို့တွင်းသို့ဝင်ရောက်ခြင်း

"မင်းတို့ဘက်ကော အခြေအနေဘာထူးလဲ"

ရှောင်ယုက သူတို့အပြောကိုမစောင့်ဆိုင်းဘဲ မေးမြန်းလိုက်သည်။

လက်ရှိအချိန်တွင် သူတို့၏ပေါင်းစပ်အင်အားကို မည်သူကမှလာရောက်တိုက်ခိုက်ဝံ့မည်မဟုတ်ဟု ရှောင်ယုကယုံကြည်နေခဲ့သည်။ ထို့ကြောင့်သူသည် သတိပေါ့လျော့ကာ တိုင်ရန်ဒီကိုပင် ညဘက်၌အစောင့်မထားခဲ့သော်လည်း ယခုလိုဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။

အကယ်၍ သူသာတိုင်ရန်ဒီကို ကင်းစောင့်အဖြစ်ထားခဲ့ပါက သူသည် ကျူးကျော်လာသူများကို သေချာပေါက်ဖမ်းဆီးနိုင်မည်ဖြစ်သည်။

"ငါအများကြီးရှာမတွေ့ခဲ့ဘူး...သူတို့တွေကနတ်ဆိုးမှော်ပညာနဲ့ထိန်းချုပ်ထားတာကိုပဲ ငါတွေ့ခဲ့တယ်"

နီကိုးလပ်စ်၏ မျက်နှာအမူအရာသည် အနည်းငယ်ဆိုးဝါးနေပြီးခေါင်းခါပြလိုက်သည်။

"မင်းရဲ့လူတွေကကော"

လီယိုနာဒိုက ရှောင်ယုအားမေးမြန်းလိုက်သည်။

ရှောင်ယုက သူ၏ပုခုံးကိုဖြေလျော့ကာ ပြောလိုက်သည်။

"သူတို့ကအဆင်ပြေသွားပြီ...သူတို့ကိုခဏလောက်အနားယူခိုင်းထားတယ်...မင်းတို့လူတွေကောသေသွားကြပြီလား"

သေသွားကြပီလား...

ရှောင်ယု၏တဲ့တိုးဆန်သောအမေးကြောင့် သူတို့နှစ်ယောက်လုံး၏မျက်နှာအမူအရာသည် ချက်ချင်းပျက်ယွင်းသွားခဲ့ကာ အလွန်ပင်စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။

"စိတ်မပူကြနဲ့...အကုန်လုံးအဆင်ပြေသွားမှာပါ...သူတို့ကိုအနားယူခိုင်းထားတယ်...မင်းရဲ့အူသာသာကူညီပေးရင် သာမန်နတ်ဆိုးမှော်ပညာတွေအားလုံးက ငါတို့အပေါ်မထိရောက်စေနိုင်ဘူး"

နီကိုးလပ်စ်ကပြောလိုက်သည်။

ရှောင်ယုက ထိုစကားကိုကြားပြီးနောက် အနည်းငယ်သတိထားမိလိုက်သည်။ နီကိုးလပ်စ်သည် အူသာအကြောင်းကို အချိန်ပြည့်တွေးတောနေခဲ့ကာ သူ၏သူရဲကောင်းအမျိုးမျိုးကို အာရုံစူးစိုက်နေခြင်းဖြစ်သည်။ အူသာ၏အံ့ဖွယ်ကောင်းချီးကို သူတွေ့မြင်လိုက်သည့်အချိန်မှစ၍ နီကိုးလပ်စ်သည် ဤပြဿနာကိုဖယ်ရှားရန်နည်းလမ်းကို သေချာတွေးတောထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သူ၏နည်းလမ်းအားလုံးကိုအသုံးပြုလျှင်ပင် အူသာ၏ကောင်းချီးကိုလိုက်မှီရန် မဖြစ်နိုင်ကြောင်း နီကိုးလပ်စ်သိရှိထားခြင်းမရှိပေ။

လီယိုနာဒိုသည် ရှောင်ယုအားမော့ကြည့်လိုက်သော်လည်း ဘာမှထပ်မပြောခဲ့ပေ။ သူ့ထံတွင်မှော်ဆရာများစွာရှိနေသည့်အတွက် ဤပြဿနာလေးကိုတောင်မှမဖြေရှင်းနိုင်ခဲ့လျှင် ထိုမှော်ဆရာများကို သတ်သေခိုင်းသင့်ပေသည်။

"တစ်ခုခုရှာတွေ့ခဲ့လား...ဒါကိုဘယ်သူလုပ်ခဲ့တာလဲ...ဘုရားကျောင်းကလူတွေက ဒီကိစ္စကိုအစပြုခဲ့တယ်လို့မင်းတို့ထင်ကြလား"

ရှောင်ယုသည် သူတို့နှစ်ယောက်၏ပါးစပ်ထဲမှနေ၍ အသုံးဝင်သည့်အချက်အလက်များရလိုရငြား မေးမြန်းလိုက်သည်။

နီကိုးလပ်စ်သည် ခေါင်းညိတ်ပြလိုက်ပြီးနောက် ပျောက်ဆုံးနေသောရှေးဟောင်းမြို့ကို တစ်ချက်ကြည့်လိုက်သည်။

"ဒါကဘုရားကျောင်းရဲ့လက်ချက်မဖြစ်နိုင်ဘူး...သူတို့ကနတ်ဆိုးမှော်ပညာကိုအသုံးမပြုကြဘူး...သူတို့သာနတ်ဆိုးမှော်ပညာကိုအသုံးပြုဖို့ကြိုးစားရင် အရမ်းကိုကြီးမားတဲ့တုံ့ပြန်မှုတစ်ခုကိုဖြစ်ပေါ်စေလိမ့်မယ်"

"ဒါပေမဲ့ သေချာပေါက်တော့ပြောမရဘူး...ဘုရားကျောင်းကလူတွေက အရမ်းကိုလျှို့ဝှက်ထားတယ်ဆိုပေမဲ့ နတ်ဆိုးမှော်ပညာကိုလေ့လာနေတဲ့လူတွေရှိနေတယ်လို့ ငါကြားဖူးတယ်"

လီယိုနာဒိုက ဝင်ရောက်ငြင်းဆန်လိုက်သည်။ သူသည် အလင်းဘုရားကျောင်းပေါ်၌ များစွာအယုံအကြည်မရှိလှပေ။

လက်ရှိအချိန်သည် ဘုရားကျောင်းကိုတိုက်ရိုက်ရင်ဆိုင်ရမယ့် အချိန်မဟုတ်သေးသည့်အတွက် ရှောင်ယုမျက်ခုံးပင့်လိုက်မိသည်။

"အဲ့ဒါဘယ်သူဖြစ်နိုင်မလဲ...လျှို့ဝှက်ဆန်းကြယ်တဲ့ဝတ်ရုံနက်တွေလား"

ရှောင်ယုသည် သွေးတိုးစမ်းကြည့်သည့်သဘောဖြင့်ပြောလိုက်ပြီး နီကိုးလပ်စ်တို့နှစ်ယောက်၏မျက်လုံးကိုစိုက်ကြည့်ကာ သူတို့၏အမူအရာများ ပြောင်းလဲမှုတစ်စုံတစ်ရာရှိမရှိ သတိထားမိရန်ကြိုးစားခဲ့သည်။

သေချာသည့်အရာမှာ ရှောင်ယု၏စကားကြောင့် သူတို့နှစ်ယောက်လုံး၏မျက်လုံးများ၌ စိုးရိမ်သည့်အမူအရာများရုတ်တရက်ထွက်ပေါ်လာခဲ့ကာ မြန်မြန်ဆန်ဆန်ငြိမ်သက်သွားခဲ့သည်။

"အင်း...သူတို့နှစ်ယောက်ရဲ့မိသားစုတွေက လျှို့ဝှက်ဆန်းကြယ်တဲ့ဝတ်ရုံနက်တွေနဲ့ပတ်သက်နေပုံရတယ်...အနာဂတ်မှာငါပိုပြီးတော့သတိထားရလိမ့်မယ်...အဲလိုမှမဟုတ်ရင်ငါဘယ်လိုသေသွားမှန်းတောင်သိလိုက်မှာမဟုတ်ဘူး"

ရှောင်ယုက သူ့ကိုယ်သူတွေးနေမိလိုက်သည်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ဝတ်ရုံနက်တွေလား...ရှောင်ယု...ငါတို့အဲ့အကြောင်းကိုမကြားဖူးဘူး...မင်းသိတာရှိရင်ငါတို့ကိုပြောသင့်တယ်"

နီကိုးလပ်စ်က ထူးဆန်းသောအကြည့်ဖြင့်ကြည့်၍ ပြောလိုက်သည်။

နီကိုးလပ်စ်၏စကားများသည် လီယိုနာဒို၏အာရုံစူးစိုက်မှုအား ဆွဲဆောင်သွားနိုင်ပုံရသည်။ လီယိုနာဒို၏အကြည့်များသည် တစ်စုံတစ်ခုကိုသိရှိလိုဟန်ဖြင့် ရှောင်ယုအားတိတ်ဆိတ်စွာစိုက်ကြည့်နေခဲ့သည်။

ရှောင်ယု၏နှလုံးသားသည် ကမောက်ကမဖြစ်နေဆဲဖြစ်သော်လည်း သူ၏မျက်နှာအမူအရာသည် ငြိမ်သက်နေဆဲဖြစ်သည်။

"အိုး...ငါဘာမှမသိဘူး...ငါဘယ်လိုလုပ်သိနိုင်မှာလဲ...လျှို့ဝှက်ဆန်းကြယ်တဲ့အင်အားစုတွေရှိနေတာကို ငါကြားဖူးတယ်ဆိုပေမဲ့အတိအကျသိနေတာမဟုတ်ဘူး...မင်းတို့မိသားစုကြီးနှစ်ခုကတော့အဲ့အကြောင်းကို သိချင်နေမယ်ထင်တယ်"

ခဏအကြာတွင် သူတို့၃ယောက်သားသည် မြန်မြန်ဆန်ဆန်သတိပြန်ဝင်လာခဲ့ပြီး မည်သူမှစကားစမပြောရဲပေ။

"ငါတကယ်အိပ်ချင်နေပြီ...အနားယူကြရအောင်...ကင်းစောင့်ရတဲ့သူတွေကပိုပြီးတော့ဂရုစိုက်ကြ..."

ရှောင်ယု၏အကြည့်များသည် သူ့အနားသို့ပြန်ရောက်လာသည့်မိုင်ယဗ်ကိုတစ်ချက်ကျရောက်လာခဲ့သည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ကလည်း ခေါင်းညိတ်ပြလိုက်ကာ နောက်ပြန်လှည့်သွားကြသည်။ သို့သော်လည်း မည်သူကမှကောင်းစွာအိပ်စက်အနားယူနိုင်ခြင်း မရှိခဲ့ကြပေ။ သရဲတစ္ဆေကဲ့သို့ အစွမ်းထက်သောတည်ရှိမှုများက အမှန်ပင်ကြောက်မက်ဖွယ်ကောင်းနေသလား...

ရှောင်ယုသည် သူအနားယူရာနေရာဆီသို့ ပြန်ရောက်လာပြီးနောက် စိတ်ဒုံးဒုံးချ၍ ထိုင်ချလိုက်သည်။ ထို့နောက်ရှောင်ယုသည် သူ၏နံဘေး၌ရောက်လာသည့် မိုင်ယဗ်ကိုကြည့်၍ မေးလိုက်သည်။

"ထိုင်...မင်းဘာတွေတွေ့ခဲ့လဲ"

မိုင်ယဗ်ကခေါင်းညိတ်ကာ ရှောင်ယု၏အနားတွင်ဝင်ထိုင်လိုက်သည်။

"ပတ်ဝန်းကျင်တစ်ခုလုံးကို သေချာစစ်ဆေးခဲ့တယ်ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ဝတ်ရုံနက်တွေကို မတွေ့ခဲ့ဘူး...သူတို့ကခြေရာလက်ရာတွေကိုအကုန်ဖျောက်ထားခဲ့တယ်....ဒါပေမဲ့အရင်ငါတို့ကြုံတွေ့ခဲ့ရတဲ့ဝတ်ရုံနက်တွေလိုမျိုး လေထုထဲမှာကျန်ရစ်ခဲ့တဲ့ မှော်စွမ်းအင်အချို့ကိုခံစားမိနေခဲ့သည်။ ငါခံစားရသလောက်ဆိုရင် စုစုပေါင်းလူ၃ယောက်ရှိပြီး အနည်းဆုံးပဥ္စမအဆင့်စွမ်းအားကိုပိုင်ဆိုင်ထားတယ်...သူတို့၃ယောက်ဟာ ငါတို့ရောက်လာတဲ့လမ်းကြောင်းနဲ့ဦးတည်ချက်တူတူပဲ"

ဝူဟယ်မြို့တိုက်ပွဲ၌ မိုင်ယဗ်သည် ဝတ်ရုံနက်များဦးဆောင်လာသည့် တပ်ဖွဲ့အချို့အားကိုယ်တိုင် ကိုင်တွယ်ရင်ဆိုင်ခဲ့ရသည်။

သူတို့ကဘာကြောင့်ထွက်သွားရတာလဲ...

ရှောင်ယုက ခေါင်းညိတ်ပြလိုက်သော်လည်း မျက်မှောင်ကြုတ်ထားလိုက်မိသည်။ သူတို့ကဘာလို့ပြန်သွားကြတာလဲ....သူတို့ကဦးခေါင်းခွံကိုရှာမတွေ့သေးတာဖြစ်နိုင်မလား...အဲ့ဒါမှမဟုတ် မင်းတို့ရဲ့အခြားသောရည်ရွယ်ချက်ကဘာလဲ...

အချိန်အတော်ကြာစဉ်းစားပြီးနောက် ရှောင်ယုသည်ပထမဆုံးအကြိမ်အဖြစ် အလွန်စိတ်ရှုပ်ထွေးသွားခဲ့သည်။ ဝတ်ရုံနက်တွေကဘာလုပ်ချင်တာလဲ...ဘာလို့ငါနဲ့ပဲအမြဲတွေ့တွေ့နေရတာလဲ...

"သူတို့အကြောင်းကိုဆက်မတွေးတာပဲကောင်းပါတယ်...ဘာပဲဆိုဆိုခုလောလောဆယ်တော့ ဒုက္ခရောက်မှာမဟုတ်ဘူး"

ရှောင်ယုသည် စဉ်းစားမရသည့်အဆုံးထိုအကြောင်းကို ခေါင်းထဲမှနေ၍စွန့်လွှတ်လိုက်တော့သည်။

ရှောင်ယုသည် ချက်ချင်းပင် သူ့လူများကို နှစ်ဆပိုတိုး၍ကင်းစောင့်စေပြီး အနားယူသွားခဲ့သည်။

ဒုတိယမြောက်နေ့၏ နံနက်စောစောသို့ရောက်ရှိလာချိန်တွင်လည်း နေဝင်ချိန်နွံအိုင်သည် ပုံမှန်အတိုင်းမည်သည့်အရာမှ မပြောင်းလဲသေးပေ။

မနေ့ညက မတော်တဆမှုလေးတစ်ခုဖြစ်ပျက်ခဲ့သော်လည်း လူတိုင်းက စိတ်သက်သာရာရနေခဲ့သည်။ ထိုပြဿနာရှာသူများသည် သူတို့အားတိုက်ရိုက်မတိုက်ခိုက်ဝံ့ဘဲ သူတို့၏စိတ်ဓာတ်ကိုကျဆင်းစေရန်အတွက်သာ ရိုးရှင်းသောရည်ရွယ်ချက်ရှိခဲ့သည်။

"ကောင်းပြီ...လူတိုင်းအသင့်ပြင်ထားကြ...ငါတို့ရှေ့ဆက်သွားရအောင်"

နီကိုးလပ်စ်က အော်ငေါက်လိုင်ပြီးနောက် အိပ်ပျော်နေသည့်လူများကို နိုးလိုက်သည်။

ဆူညံသံများထွက်ပေါ်လာပြီးနောက်တွင် ကောင်းစွာလေ့ကျင့်ထားသည့် တပ်သားများသည် အလျင်အမြန်ပြင်ဆင်လိုက်ကြပြီး ခရီးဆက်ရန်အသင့်ဖြစ်ခဲ့ကြသည်။

"သွားကြရအောင်...ဒီရှေးဟောင်းမြို့လေးမှာ ကောင်းမွန်တဲ့ပစ္စည်းကောင်းလေးတွေရှိမရှိ ငါတချက်ကြည့်ဦးမယ်"

ရှောင်ယုသည် ရယ်ရယ်မောမောဖြင့်ပြောလိုက်ပြီးနောက် သူ့နောက်မှတပ်သားများသည်လည်း သူတို့၏အဆင့်အလိုက်အုပ်စုများဖွဲ့လိုက်ကြသည်။

အဖွဲ့၃ဖွဲ့နှင့်ပျောက်ဆုံးနေသော ရှေးဟောင်းမြို့အကြားအကွာအဝေးသည် များစွာမဝေးလှသည့်အတွက်ကြောင့် မကြာမှီပင်သူတို့သည် ရှေးဟောင်းမြို့သို့ရောက်ခဲ့ကြသည်။

"အလင်းဘုရားကျောင်းကလူတွေက ယုတ္တိမရှိလိုက်တာ...ဘာလို့တံတားကိုဖျက်လိုက်တာလဲ...မင်းအမေပဲပေါ့"

ရှောင်ယုသည် အလွန်နက်ရှိုင်းပြီး မတ်စောက်သောလျှောစောက်ရှိသော ကျုံးကြီးကိုလှမ်းကြည့်ရင်းပြောလိုက်သည်။ ထိုကျုံးအားဖြတ်ကျော်ရန်မှာလွယ်ကူသည့်အလုပ်မဟုတ်ပေ။ အကယ်၍ တံတားသာရှိနေသေးပါက လမ်းလျှောက်ရုံဖြင့်အလွယ်တကူဖြတ်သန်းနိုင်မည်ဖြစ်သည်။

သို့သော်လည်း ယခုအခါတံတားကပျက်ယွင်းသွားပြီဖြစ်သည်။ ဤတံတားကိုဖျက်ဆီးခဲ့သောတရားခံသည် သူတို့ထက်အရင်ရှေးဟောင်းမြို့ထဲသို့ဝင်ရောက်သွားသည့် အလင်းဘုရားကျောင်းဖြစ်ကြောင်း သူတို့သိရှိကြသည်။

"အိုး...ဘုရားကျောင်းကတော့ ခုလိုလှည့်ကွက်တွေကိုဆက်ပြီးသုံးနေသေးတာပဲ"

နီကိုးလပ်စ်က ကူကယ်ရာမဲ့စွာပြုံးပြီးပြောလိုက်သည်။

လီယိုနာဒိုက ကျုံး၏အတိမ်အနက်နှင့်အကျယ်ကိုကြည့်ကာ အမိန့်ပေးလိုက်သည်။

"ဒါလေးပဲလား...မြေကြီးမှော်ကိုသုံးပြီးကျုံးကိုဖြည့်လိုက်"

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ကြောင်အနေခဲ့ကြသည်။ သူတို့ထံတွင် မြေဒြပ်စင်မှော်ဆရာများရှိရာ အဘယ်ကြောင့် ပြဿနာတက်ရမည်နည်း။

ခဏအကြာတွင် ကျုံး၏မျက်နှာပြင်သည် ကျောက်တုံးများဖြင့်ပြည့်နှက်သွားခဲ့သည့်အတွက်ကြောင့် လမ်းကြောင်းခင်းရန်ပြသနာမရှိတော့ပေ။

"ဟားဟား...ခရီးဆက်ကြရအောင်...မင်းတို့အတွက်ငါကိုယ်တိုင်ရှေ့ကနေစူးစမ်းပေးပါရစေ"

ရှောင်ယုက ရယ်ရယ်မောမောဖြင့် သူ့လူများကိုခေါ်၍ ရှေ့ဆုံးမှဦးဆောင်ခဲ့သည်။ သူသည်အခြားလူများ၏ အပြုအမူမည်သို့ပင်ဖြစ်နေပါစေ လုံးဝဂရုမစိုက်ပေ။

လီယိုနာဒို၏ မျက်နှာအမူအရာသည် အလွန်ဆိုးဝါးနေခဲ့သည်။ ဤရှောင်ယုသည် သူခင်းထားသောလမ်းကို နောက်ဆုံးမှဖြတ်ကျော်လိမ့်မည်ဟု သူတွေးထားခဲ့သည်။ အဆုံးသတ်တွင် သူသည်ဤလမ်းကြောင်းကို ဖန်တီးခဲ့သူဖြစ်သည်။

သို့သော်ရှောင်ယုက ဤမျှထိအရှက်မဲ့လိမ့်မည်ဟု မည်သူကထင်မည်နည်း။

"မှော်ဆရာတွေရှိတာအရမ်းအဆင်ပြေတာပဲ...ငါ့ရဲ့မှော်ဆေးတွေကိုသုံးစရာတောင်မလိုလိုက်ဘူး...အရမ်းကိုအဆင်ပြေတယ်"

ရှောင်ယုကပြောလိုက်သည်။

"အိုး...ဒီလောက်မြင့်တဲ့မြို့တံခါးကြီး"

ရှောင်ယုသည် သူသာတတ်နိုင်စွမ်းရှိပါက ဤရှေးဟောင်းမြို့၌သာနေချင်သည်ဟူသော ခံစားချက်မျိုးဖြင့်ပြောလိုက်သည်။

"ဒီမြို့ကြီးရဲ့သာယာဝပြောမှုတွေကို တစ်ကမ္ဘာလုံးကချီးကျူးခဲ့ကြတယ်...ကံမကောင်းစွာနဲ့ပဲအချိန်တွေအများကြီးကြာသွားပြီးတဲ့နောက်မှာ ပြန်ကောင်းလာဖို့မဖြစ်နိုင်ခဲ့ဘူး"

နီကိုးလပ်စ်က မှတ်ချက်ပေးရင်း ရှောင်ယုကိုရှင်းပြလိုက်သည်။

"အင်း...သွားကြရအောင်...ဘုရားကျောင်းရဲ့ခြေရာလက်ရာတွေက်ို ငါတို့ရှာတွေ့သင့်တယ်"

ရှောင်ယုကပြောလိုက်သည်။

အခန်း ၄၁၆ - သဲလွန်စ

လူတစ်စုသည် ရှေးဟောင်းမြို့အတွင်းသို့ စတင်ဝင်ရောက်လာခဲ့ကြသည်။

အချိန်ကာလကြာရှည်စွာ မေ့ပျောက်ခံထားရသည့် ရှေးဟောင်းမြို့ကို တိတ်ဆိတ်မှုများကသာ ကြီးစိုးနေခဲ့သည်။ စိမ်းလန်းသည့်ရေညှိနွယ်ပင်များက ရှေးဟောင်းမြို့၏မြို့ရိုးများကိုလွှမ်းခြုံထားခဲ့သော်လည်း ရှေးဟောင်းမြို့၏ဂုဏ်ကျက်သရေကို မဖုံးကွယ်နိုင်ခဲ့ပေ။

ဤရှေးဟောင်းမြို့တော်ကြီးသည် သတ်ဖြတ်လိုသည့်အော်ရာများနှင့် ပြည့်နှက်လာခဲ့သည်။ ဤမြို့အတွင်း၌ အလင်းဘုရားကျောင်း၏ကျွမ်းကျင်သူများ၊မနေ့ညက သူတို့အားနှောင့်ယှက်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်ဝတ်ရုံနက်များ ယခင်ကတည်းကမြို့အတွင်းပုန်းအောင်းကျက်စားနေခဲ့သည့် သားရဲများရှိနေနိုင်ပေသည်။ ထိုအရာများအားလုံးက ရှောင်ယုအားခေါင်းကိုက်စေခဲ့သည်။

ထို့ပြင်ဤရှေးဟောင်းမြို့အတွင်းသို့ အခြားအမည်မသိရသည့် အင်အားစုများမည်မျှထိ ရောက်ရှိလာမည်ကို မသိနိုင်သေးပေ။ ယခုတစ်ကြိမ်တွင် ရတနာများအားရှာဖွေမှုသည် စည်းမျည်းစည်းကမ်းမသတ်မှတ်ထားသော ခမ်းနားကြီးကျယ်သည့်ပြိုင်ဆိုင်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

အရာရာတိုင်းသည် ကံတရားအပေါ်၌ မူတည်ပေသည်။ အမှန်စင်စစ်အားဖြင့် ရံဖန်ရံခါတွင်သန်မာအားကောင်းသူများသည် အနိုင်ရလဒ်ကိုရယူနိုင်သော်လည်း အားနည်းသူများကကျိန်းသေပေါက်ကျရှုံးမည်ဟု မဆိုလိုပေ။ အရာရာတိုင်း၏ကံကြမ္မာသည် လူတိုင်း၏အသက်နှင့်ခိုင်မြဲစွာဆက်စပ်နေခဲ့ကာ ထိုဆက်စပ်မှုမှ မည်သူကမှလွတ်မြောက်နိုင်ခြင်းမရှိပေ။

လူတိုင်းသည် ကျယ်ပြောလှပြီး ရှုပ်ထွေးသောအဆောက်အဦးတည်ဆောက်ပုံများကြောင့် တုန်လှုပ်သွားခဲ့ရသည်။

ရှောင်ယုသည်ကား သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိပေသည်။

"မိုင်ယဗ်...မင်းကလူအနည်းငယ်ကို ဦးဆောင်ပြီးတော့ အလင်းဘုရားကျောင်းရဲ့ခြေရာတွေရှိမရှိရှာကြည့်လိုက်...ငါတို့သာသူတို့ရဲ့ခြေရာအတိုင်း ခရီးဆက်နိုင်မယ်ဆိုရင် ငါတို့အချိန်ကုန်သက်သာလိမ့်မယ်"

"နားလည်ပါပီ"

မိုင်ယဗ်က လေးလေးစားစားဖြင့်ပြန်ဖြေလိုက်သည်။

မိုင်ယဗ်ကနောက်သို့လှည့်ပြီး သူမ၏မျိုးနွယ်စုမှ မှော်စုန်းဆရာများနှင့်လေးသမားများကို ပြောလိုက်သည်။

"မင်းတို့ထွက်လာခဲ့တော့...လမ်းကြောင်း၃ခုကွဲပြီးတော့ငါတို့ရှာကြမယ်...မင်း၊မင်း၊မင်း ငါ့နောက်ကိုလိုက်လာခဲ့...ကျန်တဲ့သူတွေကနှစ်ဖွဲ့ခွဲပြီးတော့ အခြားလမ်းကြောင်းနှစ်ခုတိုင်းလိုက်ရှာ...မသကာင်္စရာတစ်ခုခုရှာတွေ့ရင် ငါ့ကိုချက်ချင်းအကြောင်းကြား"

အမိန့်ကိုရရှိပြီးနောက် ရှောင်ယု၏စုံစမ်းရေးတပ်ဖွဲ့သည် စတင်ထွက်ခွာလာခဲ့သည်။ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယုက အခွင့်အရေးကိုချက်ချင်းဆုပ်ကိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့နောက် သူတို့သည်သူတို့၏လူများကို ရှာဖွေမှုများပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ သူတို့သည် သူတို့၏လှုပ်ရှားမှုများ နှေးကွေးသွားမည်ကိုအမှန်တကယ် စိုးရိမ်နေကြသည်။ ဤအချိန်၌ အသေးစိတ်အချက်အလက်များ ကင်းမဲ့ခြင်းက အဖွဲ့တစ်ခုလုံးအားကြီးမားသောအန္တာရယ်ထဲသို့ ကျရောက်စေမည်ဖြစ်သည်။

ရှောင်ယုသည် သူ၏ကိုယ်ပိုင်စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ကို စေလွှတ်ပြီးနောက်တွင် အနားမယူခဲ့ပေ။ သူသည်ဘေးပတ်ဝန်းကျင်တဝိုက်အား စတင်ရှာဖွေခဲ့ပြီးနောက်တွင် ခုခံရေးတပ်ဖွဲ့များအားဖွဲ့စည်းရန် အမိန့်ပေးခဲ့သည်။

ပျောက်ကွယ်သွားသည့် ရှေးဟောင်းမြို့တွင် ရတနာများကိုရှာဖွေရာ၌ လုံလောက်စွာသတိမထားမိခဲ့ပါက မိမိ၏အသက်ကိုထိန်းသိမ်းစောင့်ရှောက်ရန်ပင် အာမမခံနိုင်ပေ။ တပ်မှူးတစ်ယောက်အနေဖြင့် ရှောင်ယုသည် သူ၏တပ်သားများလုံခြုံရေးအတွက် တာဝန်ရှိသည့်အတွက်ကြောင့် ရူးကြောင်ကြောင်မလုပ်ရဲတော့ပေ။

နီကိုးလပ်စ်က ထိုမြင်ကွင်းကိုမြင်သောအခါ ရှောင်ယု၏အစွမ်းကို ထပ်မံအတည်ပြုခဲ့သည်။ ရံဖန်ရံခါတွင် ရှောင်ယုသည်လူဆိုးတစ်ယောက်ကဲ့သို့ပြုမူပြီး ရံဖန်ရံခါတွင်မိုက်မဲကာ အောက်တန်းကျသောလုပ်ရပ်များအား လုပ်ဆောင်လေ့ရှိသော်လည်း သူသည်စစ်သူကြီးတစ်ယောက်၏ အရည်အချင်းအစစ်အမှန်ကို ပိုင်ဆိုင်ထားပေသည်။

လီယိုနာဒိုဘက်တွင် သူ၏အဖွဲ့တွင်း၌ ကျွမ်းကျင်သူများစွာရှိနေသော်လည်း တပ်မှူးဖြစ်သူ၏အရည်အချင်းကသာ အောင်ပွဲအားအဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ထိုအချိန်တွင် လီယိုနာဒိုကလည်း သူ၏တပ်များကိုစတင်တပ်ဖြန့်ခဲ့သည်။

"အား..."

ထိုအချိန်တွင် ရှောင်ယု၏တပ်ဖွဲ့ထံမှ ကြေကွဲဖွယ်အော်ဟစ်သံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။ ထိုအော်ဟစ်သံသည် ရှောင်ယု၏အောစ့်စစ်သည်ထံမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ ရှောင်ယုသည် ခံစစ်ဖွဲ့စည်းပုံ၏ထောင့်တစ်နေရာတွင် သွေးများဖြင့်ဖုံးလွှမ်းနေသည့် အောစ့်စစ်သားတစ်ယောက်ကို သတိထားမိလိုက်သည်။ သူတို့၏ပေါင်ကြွက်သားများကို စပျစ်နွယ်ပင်ကထိုးဖောက်ထားခဲ့ပြီး အောစ့်စစ်သည်များ၏ပတ်လည်တွင်လည်း နွယ်ပင်များကရစ်ပတ်ထားပေသည်။

ရှောင်ယုသည် အခြေအနေမကောင်းသည်ကိုသတိထားမိပြီးနောက် သူသည်အခြားသောသူများကို သတိပေးရန်အချိန်မရှိတော့၍ ထိုအောစ့်စစ်သည်အားတွန်းထုတ်လိုက်သည်။

ရှောင်ယုသည် အောစ့်စစ်သည်များနှင့်အလှမ်းဝေးနေသော်လည်း စပျစ်နွယ်ပင်အား ခုတ်ထစ်ရန်ပြင်ဆင်နေသည့် ခိုင်ရင်းအားတားဆီးလိုက်နိုင်ခဲ့သည်။

"မင်းအဲလိုလုပ်လိုက်ရင် အောစ့်တွေသေကုန်လိမ့်မယ်...မင်းကဒီစပျစ်နွယ်တွေကို မခုတ်ရဘူး..."

ရှောင်ယုကအော်ဟစ်လိုက်သည်။

ခိုင်ရင်းသည် ရှောင်ယု၏အော်ဟစ်မှုကြောင့် လမ်းတစ်ဝက်၌ရပ်တန့်လိုက်သည်။

"အဲ့ဒါဆိုဘာဆက်လုပ်ရမှာလဲ"

ထိုအခိုက်အတန့်တွင် အီလီဒမ်ကလျင်မြန်စွာဖြင့် စတင်လှုပ်ရှားလာခဲ့သည်။ ထို့နောက်တွင် သူ၏ချွန်ထက်သောဓားရှည်ကို ညာလက်ဖြင့်ဆုပ်ကိုင်ထားလိုက်ပြီး အောစ့်စစ်သည်၏ခြေထောက်အောက်မြေပြင်သို့ ချည်းကပ်သွားခဲ့သည်။ထို့နောက်သူသည် မြေပေါ်ကပ်တွယ်နေသည့် စပျစ်နွယ်ပင်ကိုတိုက်ရိုက်ခုတ်ဖြတ်လိုက်ကာ သူ၏ဘယ်ဘက်လက်ဖြင့် ထိုအောစ့်စစ်သည်အားလွှင့်ပစ်လိုက်သည်။

ရှောင်ယုသည် ထိုလေပေါ်လွှင့်ထွက်သွားသည့် အောစ့်စစ်သည်အား အချိန်မှီဝင်ရောက်ဖမ်းဆီးလိုက်သည့် မှော်စုန်းဆရာကိုကြည့်ရင်း ပြုံးလိုက်မိသည်။ ယခုတစ်ကြိမ်တွင် မှော်စုန်းဆရာများသည် ကောင်းစွာလုပ်ဆောင်နိုင်ခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ရှောင်ယုသည်စိတ်သက်သာရာရသွားခဲ့ကာ အီလီဒမ်ကိုပြောလိုက်သည်။

"အောက်မှာဘာရှိလဲ...တစ်ချက်ကြည့်လိုက်"

အီလီဒမ်သည် သူ၏ဓားရှည်ကိုဝှေ့ယမ်းလိုက်ကာ နောက်ထပ်တစ်ကြိမ်ခုတ်ထစ်လိုက်သည်။ထိုအခါ သူဖြတ်တောက်လိုက်သည့်နွယ်ပင်များမှ အစိမ်းရောင်အရည်များစီးကျလာခဲ့သည်။ အီလီဒမ်ဖြတ်ထုတ်လိုက်သည့် စပျစ်နွယ်ပင်များသည် ထိတ်လန့်စွာဖြင့်ရွေ့လျားနေဆဲဖြစ်သည်။

ရုတ်ချည်းဆိုသလိုပင် စပျစ်နွယ်ပင်အသစ်များက အစိမ်းရောင်အရည်များမှ တိုးထွက်လာခဲ့ကာ အီလီဒမ်၏ခြေထောက်များကိုဆွဲယူရန် ကြိုးစားလိုက်သည်။ ထို့နောက်အခြားသောနွယ်ပင်ကြီးနှစ်ခုက အီလီဒမ်အားဖမ်းချုပ်ရန် တိုးဝင်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အီလီဒမ်သည် လျင်မြန်စွာလှုပ်ရှားလိုက်သည့်အတွက် သူ၏ခြေထောက်များကို စပျစ်နွယ်ပင်များက ထိုးဖောက်နိုင်ခြင်းမရှိလိုက်ပေ။ သို့သော် စပျစ်နွယ်ပင်ကြီးနှစ်ခုက ၎င်း၏ခန္ဓာကိုယ်အားကြီးမားက တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားဆဲဖြစ်သည်။ လူတိုင်းသည် အီလီဒမ်အားကူညီရန်ပြင်ဆင်လိုက်သော်လည်း အီလီဒမ်၏ တင်းမာသောမျက်နှာထားကြောင့် သူတို့၏ခြေလှမ်းများတုံ့ဆိုင်းသွားခဲ့ရသည်။

ထိုအချိန်တွင် အီလီဒမ်သည် နတ်သူငယ်ဘာသာစကားဖြင့် တစ်ခုခုပြောဆိုလိုက်ရာ သူ့ခန္ဓာကိုယ်၏အရေပြားတစ်လက်မချင်းစီတိုင်းတွင် လောင်ကျွမ်းနေသောမီးတောက်များက စတင်တောက်လောင်လာခဲ့သည်။ လက်ရှိအချိန်တွင် အီလီဒမ်သည်မီးနတ်ဘုရားတစ်ပါးနှင့်ဆင်တူနေခဲ့သည်။

ထိုအချိန်တွင် အီလီဒမ်၏ယဇ်မီးတောက်ကြောင့် စပျစ်နွယ်ပင်နှစ်ခုသည် လောင်ကျွမ်းသွားခဲ့သည်။ အီလီဒမ်သည် မြေပြင်ပေါ်၌ဒူးထောက်ထားလိုက်ပြီး သူ၏လက်နှစ်ဖက်ဖြင့် ခေါင်းကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့ကာ သူ၏ကြမ်းတမ်းသောမျက်နှာပေါ်၌ နာကျင်နေသည့်အမူအရာများကို ဖော်ပြနေခဲ့သည်။ အဆုံးသတ်တွင် သူရဲကောင်းသည် သူရဲကောင်းဖြစ်နေဆဲပင်ဖြစ်ကာ ဤမျှပြင်းထန်သောနာကျင်မှုအား တောင့်မခံနိုင်ခဲ့ပေ။

ရှောင်ယုသည် အီလီဒမ်၏အခြေအနေကို စစ်ဆေးပေးရန်အတွက် အူသာကိုတောင်းဆိုခဲ့သည်။ အူသာသည် အီလီဒမ်အားစစ်ဆေးရန်အတွက် အလင်းကောင်းချီးကိုချက်ချင်းထုတ်လွှတ်လိုက်သော်လည်း အီလီဒမ်၏အခြေအနေသည် ကောင်းမွန်လာပုံမရဘဲ ပြင်းထန်သောနာကျင်မှုကို ထုတ်ဖော်ပြနေဆဲဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ...အူသာရဲ့ကောင်းချီးက လူ၃ယောက်ကိုတောင် တပြိုင်နက်တည်းပျောက်ကင်းအောင် ကုသပေးနိုင်တာမလား...

ရှောင်ယုသည် အီလီဒမ်ကိုကြည့်ကာ အော်ဟစ်လိုက်သည်။

"မင်းကဘယ်သူလဲ...မင်းက....သေစမ်း"

အူသာသည် အလင်းကောင်းချီးအားဆက်လက်ထုတ်လွှတ်နေသော်လည်း အီလီဒမ်၏အခြေအနေသည် ကောင်းမွန်လာခြင်းမရှိပေ။ ထို့နောက် အီလီဒမ်၏နာကျင်မှုသည် ပိုမိုပြင်းထန်လာခဲ့ပြီး ရုတ်တရက်ဆိုသလိုပင် နတ်ဆိုးဆန်သောအသံတစ်ခုက ရှေးဟောင်းမြို့တစ်ခုလုံးအနှံ့ပျံ့နှံ့လာခဲ့သည်။

"သူကနတ်ဆိုးမှော်အတတ်ကိုအသုံးပြုခဲ့တယ်"

အူသာသည် အီလီဒမ်အားကုသပေးရန်အတွက် အလင်းကောင်းချီးကို စွမ်းအားတိုးမြင့်တော့မည့်အချိန်တွင် ရှောင်ယုမှပြတ်ပြတ်သားသားရပ်တန့်ခဲ့သည်။ ရှောင်ယုသည် အူသာ၏ကောင်းချီကြောင့် အီလီဒမ်၏ခန္ဓာကိုယ်သည် သိသိသာသာပျက်စီးသွားမည်ကိုစိုးရိမ်နေခဲ့သည်။

အီလီဒမ်သည် နတ်ဆိုးမှော်ကိုအသုံးပြုခဲ့သည်ဟု အသံထွက်လာရုံဖြင့် အလင်း၏ကောင်းချီးကိုအသုံးပြုခြင်းက အီလီဒမ်ကိုပိုမိုထိခိုက်စေမည်ဖြစ်ကြောင်း နားလည်စေခဲ့သည်။ ယခုတစ်ကြိမ်တွင် ရှောင်ယုသည်အမြန်လိုနေ၍ အမှားလုပ်မိသွားခဲ့သည်။

ဤကိစ္စတွင် မှော်ဆရာများစွာကိုပိုင်ဆိုင်ထားသည့် လီယိုနာဒို၏မိသားစုကသာ ဤသို့သောကိစ္စများကို နက်နက်ရှိုင်းရှိုင်းသုတေသနပြုနေခြင်းဖြစ်သည်။ သို့သော်လည်း လီယိုနာဒိုနှင့်သူ့အကြားတွင် ဆက်ဆံရေးကောင်းမွန်ခြင်းမရှိပေ။ ယခုတစ်ကြိမ်တွင် သူတို့ပူးပေါင်းဆောင်ရွက်နေရခြင်းမှာ ဘုရားကျောင်း၏ဖိအားကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ့အားသွားရောက်အကူအညီတောင်းရန်မဖြစ်နိုင်ပေ။

ရှောင်ယု၏အမြင်အရ အီလီဒမ်သည် လက်ရှိအချိန်တွင်နတ်ဆိုးပုံစံဖြစ်နေသော်လည်း သူ၏သွေးကြောထဲ၌နတ်သူငယ်မျိုးရိုးဗီဇများရှိနေသည့်အတွက်ကြောင့် သဘာဝစွမ်းအင်ကိုအသုံးပြုခြင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း ရှောင်ယုတွေးတောခဲ့သည်။ မှော်စုန်းဆရာများက အောစ့်စစ်သည်များအား ကုသပေးရာ၌ ကောင်းမွန်သောအဆင့်တွင်ရှိသည်။

ရှောင်ယုလက်အောက်မှလူများသည် အလွန်ပင်အစွမ်းထက်သော်လည်း မှော်ပညာအားဇောက်ချလေ့လာနေသူမရှိသည့်အတွက်ကြောင့် ဤထူးဆန်းသောစုန်းပညာကိုနားမလည်ခဲ့ပေ။

ရှောင်ယုသည် ကူကယ်ရာမဲ့စွာဖြင့် မှော်စုန်းဆရာတစ်ယောက်အား အီလီဒမ်ကိုစစ်ဆေး၍ နည်းလမ်းတစ်ခုရှိမရှိကြည့်ရန် ပြောခဲ့သည်။

သို့သော်လည်း သဘာဝစွမ်းအင်ဖြင့် ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းကိုခံယူပြီးနောက်တွင်ပင် အီလီဒမ်၏နာကျင်မှုအား ယာယီလျော့ချပေးနိုင်ရုံသာရှိခဲ့ပြီး ဒဏ်ရာများကိုမကုသပေးနိုင်ခဲ့ပေ။

ရှောင်ယုသည် အလွန်ပင်ခေါင်းကိုက်နေခဲ့သည်။ အီလီဒမ်မတိုက်ခိုက်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို စိတ်ကူးမယဉ်နိုင်ပေ။ ထို့ပြင်ယခုတစ်ကြိမ်၌ ဂေါ်ဒွန်၏ဦးခေါင်းခွံအားလိုက်ရှာရာတွင် သူသည်အီလီဒမ်ကိုသာအဓိကအားကိုးခဲ့သည်။

နီကိုးလပ်စ်သည် ဖြစ်စဉ်တစ်ခုလုံးအားမြင်တွေ့ပြီးနောက် ရှောင်ယုကဲ့သို့ အစွမ်းထက်သူတစ်ယောက်သည်ပင် ရံဖန်ရံခါအမှားလုပ်မိကြောင်း တွေးတောမိလာခဲ့သည်။

အီလီဒမ်ကိုဒဏ်ရာရစေခဲ့သော နွယ်ပင်သည် နောက်ထပ်တဖန်အောစ့်စစ်သည်များကို စတင်တိုက်ခိုက်လာခဲ့သည်။

ထိုနွယ်ပင်သည် အောစ့်စစ်သည်များ၏ခန္ဓာကိုယ်အား စတင်ဖိအားပေးလာခဲ့ရာ အောစ့်စစ်သည်များသည် ဖိအားကြောင့်သေဆုံးလုနီးပါးဖြစ်သွားခဲ့သည်။

နီကိုးလပ်စ်သည် ဘေးမှနေ၍အခြေအနေကိုစောင့်ကြည့်နေရင်း အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ကာ တစ်စုံတစ်ရာကိုရေရွတ်လိုက်ချိန်တွင် သူ၏လက်များကိုအနည်းငယ်နီရဲလာခဲ့သည်။ ထို့နောက် အနီရောင်အလင်းတန်းက အောစ့်စစ်သည်များကိုစတင်ဖုံးလွှမ်းသွားခဲ့သည်။

အခန်း ၄၁၇ - နွယ်ပင်နတ်ဆိုး

ရှောင်ယုသည် နီကိုးလပ်စ်၏လှုပ်ရှားမှုများကို မြင်တွေ့နေရသော်လည်း စကားတစ်ခွန်းမှဝင်ရောက်မပြောဆိုခဲ့ပေ။

သူသည်အဘယ်ကြောင့် နီကိုးလပ်စ်၏အကြံအစည်ကို နားမလည်ရမည်နည်း။

နီကိုးလပ်စ်သည် အောစ့်စစ်သည်များကို ကူညီပေးခြင်းဖြင့် အောစ့်များ၏သဘောကျနှစ်ခြိုက်မှုအားရယူကာ အောစ့်များကိုသိမ်းသွင်းရန်ကြံစည်နေခြင်းဖြစ်သည်။ နီကိုးလပ်စ်သည် ထိုအကြံအားအချိန်အတော်ကြာကတည်းက တွေးတောထားခြင်းဖြစ်သည်။

နီကိုးလပ်စ်သည် သူ၏အကြံအစည်အောင်မြင်စေရန်အတွက် သူ၏နည်းလမ်းအားလုံးကို အသုံးပြုထားခဲ့သော်လည်း ရှောင်ယုဆင့်ခေါ်ထားသည့်အောစ့်များကို သိမ်းသွင်းနိုင်စွမ်းမရှိပေ။ သူတို့သည် ရှောင်ယုအပေါ်၌အမြဲသစ္စာစောင့်သိနေမည်ဖြစ်သည်။

"အကုန်လုံး သတိထားကြ..."

ရှောင်ယုသည် ချောင်းမြောင်းတိုက်ခိုက်ခံရမည်ကို ကြိုသိနေသကဲ့သို့ မြေပြင်အားအချိန်ပြည့်စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်တွင် ရှောင်ယုစိုးရိမ်နေသည့်အတိုင်း သူ့အောက်ရှိမြေပြင်သည် ရုတ်တရက်ကွဲထွက်သွားခဲ့သည်။

ရှောင်ယုသည် ထိုအခြေအနေကိုသတိပြုမိသည်နှင့် အခြားတစ်နေရာသို့ချက်ချင်းခုန်ဆင်းလိုက်သည်။ ထိုအချိန်တွင် ရှောင်ယုရပ်နေခဲ့သောမြေပြင်သည် ကွဲအက်သွားခဲ့ကာ နွယ်ပင်တစ်ခုကတိုးထွက်လာခဲ့ပြီး ရှောင်ယုထံတိုးဝင်လာခဲ့သည်။

"သေစမ်း...ဒါကခုထိအလျော့မပေးသေးဘူးလား"

နွယ်ပင်သည် သူ့အားအလွတ်မပေး၍ ရှောင်ယုကအော်ဟစ်လိုက်သည်။

"လာကြ...အကုန်လုံးအတူတူစုလိုက်ကြ...ဒီနွယ်ပင်ကိုမဖယ်ရှားနိုင်ဘူးလို့ ဖေဖေကမယုံဘူး...ငါဒီကောင်ကိုအမြစ်ကနေပြီးဆွဲနုတ်ပေးမယ်"

ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ဤနွယ်ပင်သည် သာမန်ထက်ညဏ်ရည်မြင့်မားကာ ရှောင်ယုကအရေးကြီးသောလူတစ်ယောက်ဖြစ်ကြောင်း နားလည်ထားသည်။ ရှောင်ယုသာသေဆုံးသွားပါက အရာအားလုံးသည်ပြီးဆုံးသွားမှာသေချာပေသည်။

ရှောင်ယု၏စကားကိုကြားသောအခါ လူတိုင်းဝိုင်းအုံလာခဲ့ကြပြီး နွယ်ပင်များကို ဝိုင်းရံ၍တိုက်ခိုက်လိုက်ကြသည်။

ခဏအကြာတွင် မြေပြင်သည်စတင်၍ငြိမ်သက်သွားပြန်သည်။

"သေစမ်း...ဒီကောင်ကပုန်းအောင်းပြီးတော့ငါတို့ကိုနှောင့်ယှက်ချင်နေတာလား...ဆက်ပြီးတော့တိုက်ကြစမ်း"

ထိုနွယ်ပင်၏ညဏ်ရည်သည် အလွန်မြင့်မားကြောင်းနားလည်လိုက်၍ ရှောင်ယုကအမိန့်ပေးလိုက်သည်။

နွယ်ပင်သာမသေဆုံးပါက ထို့နေ့တစ်ရက်လုံး သူတို့ကောင်းကောင်းမအိပ်စက်နိုင်မှာမဟုတ်ပေ။ ညဘက်အချိန်၌ သူတို့အနားယူချိန်တွင် နွယ်ပင်များသည်မြေပြင်အောက်မှ ရုတ်တရက်တိုးထွက်လာကာ အိပ်စက်နေသူများ၏အသက်ကို တိတ်တဆိတ်ရိတ်သိမ်းနိုင်ပေသည်။

"သတိမပေါ့ကြနဲ့...နောက်တစ်ကြိမ်ထပ်မဖြစ်အောင်ဂရုစိုက်"

ရှောင်ယုကအော်ဟစ်လိုက်သည်။ သူသည် သူ၏သူရဲကောင်းများနှင့်တပ်သားများအား ထပ်မံမထိခိုက်စေလိုတော့ပေ။

သူတို့အားလုံးသည် ယခုအချိန်ထိရှောင်ယုမြင့်တက်လာရခြင်း၏ အဓိကအခြေခံအုတ်မြစ်ဖြစ်သည်။

သို့သော်လည်း လေ့လာစူးစမ်းမှုအချို့ပြုလုပ်ပြီးနောက် သူတို့သည်နွယ်ပင်များကို ရှာမတွေ့ကြသေးပေ။ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် စကားတစ်ခွန်းမှမပြောဘဲ ဘေးမှရပ်ကြည့်နေခဲ့ကြသည်။

"ဘာရပ်ကြည့်နေတာလဲ...အဲ့မှာမနေနဲ့"

ရှောင်ယုသည် အလွန်စိတ်ဓာတ်ကျနေသော်လည်း ထိုငတုံးများသည် သူ၏အဓိကလက်အောက်ငယ်သားများဖြစ်ကြောင်း သူ၏နှလုံးသားထဲ၌ကျိန်ဆိုဝံ့ပေသည်။

"သေလိုက်ပါကွာ...ဒါ...ဒါက"

ခိုင်ရင်းသည် ဒေါသတကြီးအော်ဟစ်ရန်ပြင်ဆင်လိုက်သော်လည်း ရုတ်တရက်ရပ်တန့်သွားခဲ့သည်။

"ဒါပေမဲ့ ဘာလဲ...ခိုင်ရင်း...မင်းတစ်ခုခုကိုတွေ့သွားလို့လား"

ရှောင်ယုက စိတ်လှုပ်ရှားစွာမေးမြန်းလိုက်သည်။ ခိုင်ရင်းသည် ငတုံးတစ်ယောက်ဖြစ်ပေရာ ထူးခြားသောအရာတစ်ခုအားရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ခိုင်ရင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒါပေမဲ့...နွယ်ပင်ရဲ့ပင်မကိုယ်ထည်ကိုခုထိရှာမတွေ့သေးဘူး...အဲ့ဒါကဘယ်ကိုရောက်နေတာလဲ...ငါတို့ကိုဒုက္ခပေးဖို့ဘယ်အချိန်ထွက်လာမလဲမသိဘူး"

ရှောင်ယုသည် ခိုင်ရင်း၏စကားကိုကြားသောအခါ တွင်းပေါက်ဆီသို့လျှောက်လာခဲ့ပြီး မည်သည့်အရာများဖြစ်နေသည်ကို စူးစမ်းခဲ့သည်။

ထိုတွင်းပေါက်နားသို့မရောက်မှီတွင် ရှောင်ယုသည်သူ၏လည်ပင်းကိုဆန့်ထုတ်ကာ တွင်းပေါက်ထဲသို့ကြည့်လိုက်သည်။ သူသည် နွယ်ပင်များအား အနီးကပ်ကြည့်ရှုရန်ပြင်လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို မြေပြင်ပေါ်၌ရှိနေသော နွယ်ပင်တစ်ခုကရုတ်တရက်လှုပ်ရှားလာခဲ့သည်။

ရုတ်တရက်တိုက်ခိုက်မှုကြောင့် ရှောင်ယုသည်အံ့သြသွားကာ အသည်းအသန်ရှောင်တိမ်းလိုက်ရသည်။

ထိုနွယ်ပင်သည် ရှောင်ယုမရောက်လာမှီအချိန်ထိ တစ်ချိန်လုံးငြိမ်သက်နေခဲ့ကာ ရှောင်ယုအနားသို့ရောက်လာမှ အခွင့်အရေးကိုဆုပ်ကိုင်၍ တိုက်ခိုက်လာခြင်းဖြစ်သည်။

ရှောင်ယု၏နှလုံးသားထဲတွင် ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်လာခဲ့သည်။ ခိုင်ရင်းသည် နွယ်ပင်ရှိရာ တွင်းပေါက်ထဲသို့ သေစေနိုင်လောက်သော တိုက်ခိုက်မှုများကိုထုတ်ဖော်လိုက်သည်။ ထိုအခါ ရက်စက်ကြမ်းကြုတ်သောအင်အားသည် နွယ်ပင်များကိုထိမှန်သွားခဲ့သည်။

သို့သော်လည်း နွယ်ပင်များသည် သေဆုံးခြင်းမရှိဘဲ ရှောင်ယုကိုလှောင်ပြောင်နေသကဲ့သို့ လေထဲတွင်လွှင့်မျောနေခဲ့သည်။

"သေစမ်း...ဒီဖေဖေကိုရယ်ဖို့သတ္တိရှိတယ်ပေါ့"

ရှောင်ယုက ဒေါသတကြီးဖြင့်တိုက်ခိုက်ရန်ပြင်ဆင်တော့မည့်အချိန်တွင် မြေပြင်တစ်ခုလုံးသည် ပြင်းထန်စွာလှုပ်ခါသွားခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ မြေကြီးအောက်၌ဝှက်ထားခဲ့သော ပင်မကိုယ်ထည်သည် အမှန်ပင်ဒေါသထွက်နေခဲ့ပြီဖြစ်သည်။

ဤစပျစ်နွယ်ပင်အကြောင်းကိုပြောရလျှင် ဤနေရာ၌ပုန်းအောင်းနေခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာမြင့်ခဲ့မည်မှန်းမသိပေ။ မည်သူကမှ တကူးတကပြဿနာရှာရန် ဤနေရာသို့ရောက်မလာခဲ့ပေ။

ဒေါသပေါက်ကွဲနေသော နွယ်ပင်သည် သူ၏မရေမတွက်နိုင်သော အကိုင်းအခက်များကိုဖြန့်ထုတ်လိုက်ပြီးနောက် လက်လှမ်းမှီရာအရပ်၌ရှိနေသောသူများ မည်မျှသန်မာသည်ဖြစ်စေ အဆက်မပြတ်တိုက်ခိုက်လိုက်သည်။

တကယ်ကံဆိုးတာပဲ...

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် တိတ်တဆိတ်ခေါင်းယမ်းမိလိုက်သည်။ ဤရှောင်ယုနှင့်ပတ်သက်လာလျှင် သူတို့သည်ပြောစရာမရှိလောက်အောင်ကို ကံဆိုးလွန်းလှပေသည်။

သူတို့နှစ်ယောက်လုံးသည် ကူကယ်ရာမဲ့စွာဖြင့် ထိုနွယ်ပင်အကိုင်းအခက်များကို တိုက်ခိုက်ရန်သူတို့၏တပ်သားများအား အမိန့်ပေးလိုက်ရသည်။ သူတို့သည် ယခုအချိန်၌မြို့ပြင်တွင်သာရှိသေးသည်။ မြို့အတွင်းပိုင်းတွင် အခြားပိုမိုကြီးမားသည့်အန္တာရယ်များက သူတို့အားစောင့်ကြိုနေခဲ့သည်။

"မြန်မြန်လေး...အဲ့တွင်းပေါက်တွေဆီကနောက်ဆုတ်နေကြ...ကဲလ်သက်...အဲ့တွင်းပေါက်ထံကနွယ်ပင်တွေကိုမီးရှို့လိုက်စမ်း..."

ရှောင်ယုက ကဲလ်သက်အားအမိန့်ပေးလိုက်သည်။ အပင်များသည် မီးကိုအကြောက်ဆုံးဖြစ်ပြီး မီးတောက်များကသူတိုအားပြာဖြစ်အောင်လောင်ကျွမ်းသွားစေနိုင်သည်။

ကဲလ်သက်သည် သူ၏မှော်မန္တန်အား စတင်ရွတ်ဆိုလိုက်ပြီးနောက်တွင် ရှောင်ယု၏အနီးအနားရှိနွယ်ပင်များသည် ချက်ချင်းလောင်ကျွမ်းသွားခဲ့သည်။

ထို့နောက်မီးတောက်များစွာသည် နွယ်ပင်၏ပင်မကိုယ်ထည်ကိုရှာဖွေရန် တွင်းပေါက်များထဲမှ စိမ့်ဝင်လာကြသည်။

နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏ အခြေအနေမှာလည်း ကောင်းမွန်ခြင်းမရှိလှပေ။ သူတို့ဘက်မှလူများစွာသည် နွယ်ပင်များ၏ရုတ်တရက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

"အားလုံးသတိထားကြ...နွယ်ပင်တွေကိုအရင်ဖြတ်ပြီးမှ တိုက်ခိုက်ဖို့နည်းလမ်းရှာကြ"

နီကိုးလပ်စ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ထိုအရာသည်သာ သူတို့အတွက်တစ်ခုတည်းသောရွေးချယ်မှုဖြစ်သည်။

လူတိုင်းသည် နွယ်ပင်၏ရုတ်တရက်ဆန်သောတိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားကြသော်လည်း မကြာမှီတွင်လူတိုင်းက သေချာဂရုစိုက်ကာ တိုက်ခိုက်လာခဲ့သည်။ အဆုံးသတ်တွင် နွယ်ပင်သည်စတင်တုံ့ပြန်လာခဲ့ပြီး ၎င်း၏ပြင်းထန်သောတိုက်ခိုက်ရေးစွမ်းအားများကို ထုတ်ဖော်လာခဲ့သည်။

"အား..."

ရုတ်ချည်းဆိုသလိုပင် လူတစ်ယောက်၏အသံမဟုတ်သော ကျယ်လောင်သောအော်ဟစ်သံကထွက်ပေါ်လာပြီး တစ်စုံတစ်ရာပေါက်ကွဲသွားသကဲ့သို့ မြေပြင်သည်တုန်ခါလာခဲ့သည်။

ရှောင်ယုသည် လူတိုင်းကိုဆုတ်ခွာရန် အမိန့်ပေးလိုက်ရာ လူတိုင်းကဘေးကင်းရာဆီသို့ ချက်ချင်းပြန်ဆုတ်သွားခဲ့ကြသည်။

ထို့နောက် လူတိုင်း၏ရှေ့၌ ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုကောင်သည် သစ်ပင်တစ်ပင်ကဲ့သို့ အစိမ်းရောင့်ရင်ရှိပြီး ထူးဆန်းသောသွင်ပြင်ရှိသည်။ သို့သော်၎င်းသည် သစ်ပင်တစ်ပင်မဟုတ်ပဲ ၎င်း၏ဦးခေါင်းထိပ်၌ပန်းပွင့်ကြီးတစ်ပွင့်ရှိနေခဲ့သည်။ သူ၏ခန္ဓာကိုယ်တဝိုက်တွင် မရေမတွက်နိုင်သောနွယ်ပင်များက ဆက်လက်တိုးထွက်လျက်ရှိသည်။

"ဒါ...ဒါကဘယ်လိုတောင်ကြီးနေရတာလဲ...ဒီဖေဖေကအရွယ်အစားသေးတယ်ဆိုတာ မင်းသိတယ်မလား...မင်းကတမင်တကာကိုအနိုင်ကျင့်နေတာပဲ"

ရှောင်ယုသည် တစ်စုံတစ်ခုမှားယွင်းနေသလိုမျိုးခံစားလိုက်ရသည်။ ဤကောင်ကြီးတွင် ယခုလိုကြီးမားသည့်ခန္ဓာကိုယ်အားပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူကမှမထင်ထားခဲ့ပေ။

"လူသားတွေ...ပြေး...ထားလိုက်"

ဤကောင်သည် လူသားများ၏ဘာသာစကားကို လွန်စွာကျွမ်းကျင်မှုမရှိကြောင်း သိသာထင်ရှားပေသည်။ ရှောင်ယုသည် ထိုကောင်ပြောသည့်စကားများအား ရှင်းရှင်းလင်းလင်းနားမလည်ခဲ့ပေ။

သို့သော်လည်း ထိုကောင်သည်မည်သည်ကိုဆိုလိုကြောင်း နားလည်နိုင်ရန် လူတိုင်းအတွက်မခက်ခဲလှပေ။

"မဖြစ်နိုင်တာတွေမပြောနဲ့...ငါတို့ကဒီထိတောင်ရောက်နေပြီ...ငါတို့ကဘာလို့ဒီကနေထွက်သွားရမှာလဲ"

ရှောင်ယုကခေါင်းခါလိုက်ပြီး ဤနေရာသို့မတတ်သာဘဲရောက်လာခဲ့ရသည့်ပုံစံဖြင့် ပြောလိုက်သည်။

"အဲ့ဒါဆိုရင် ငရဲကိုသာသွားလိုက်တော့"

ထိုဧရာမအကောင်ကြီးသည် ဒေါသတကြီးအော်ဟစ်ကာ တိုက်ခိုက်လိုက်သည်။

"မင်းညီမကိုပဲသွားခိုင်းလိုက်...ငါကမင်းနဲ့တိုက်ခိုက်မှာမဟုတ်ဘူး"

ရှောင်ယုက စိတ်မသက်မသာဖြင့်အော်ဟစ်လိုက်ကာ သူ၏ခန္ဓာကိုယ်အားနောက်ပြန်ဆုတ်၍ တိုက်ခိုက်မှုအားရှောင်တိမ်းလိုက်သည်။ ခိုင်ရင်းကမူ ရှေ့သို့ပြေးထွက်လာခဲ့ကာ ရှောင်ယုရှေ့၌ရပ်၍ ကာဆီးလိုက်သည်။

"သေစမ်း..."

ခိုင်ရင်းသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏ပုဆိန်ဖြင့်ဝှေ့ယမ်းလိုက်သည်။

ခိုင်ရင်းသည် သူ့အားရန်စတိုက်ခိုက်ဝံ့ကြောင်း သတိထားမိလိုက်ချိန်တွင် အစိမ်းရောင်အကောင်ကြီးသည်ဒေါသထွက်သွားပြီး သူ၏နွယ်ပင်များကိုဝှေ့ယမ်း၍ ခိုင်ရင်းကိုတိုက်ခိုက်လိုက်သည်။

ခိုင်ရင်းသည် နွယ်ပင်များကိုခုတ်ပိုင်းလိုက်ပြီးနောက် မကြာမှီတွင် အစိမ်းရောင်အရည်အမြောက်အများက မြေပေါ်စီးကျလာခဲ့သည်။

"နီကိုးလပ်စ်...လီယိုနာဒိုဘာဖြစ်နေတာလဲ...မင်းတို့ကမကူညီတော့ဘူးလား"

ရှောင်ယုကလှမ်း၍အော်ဟစ်လိုက်သော်လည်း သူ၏စိတ်အခြေအနေသည်မကောင်းလှပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် လက်ရှိအခြေအနေ၌အသာစီးရရှိထား၍ဖြစ်သည်။

"အိုး...ဘာတွေစိတ်ပူနေတာလဲ....တိုက်ကြတော့"

နီကိုးလပ်စ်က လေသံအေးအေးဖြင့်ပြောလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ သူ့လူများကိုတိုက်ခိုက်ခိုင်းလိုက်သည်။ လီယိုနာဒိုကမူ စကားအပိုမပြောတော့ဘဲ မှော်ဆရာများကိုတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

All Chapters