အခန်း (၄၁၈-၄၂၀)
Vol. 28 Ch. 418-420
အခန်း ၄၁၈ - သြဂတ်စတတ်ပါတွန်
ထိုအစိမ်းရောင်အကောင်ကြီးသည် လူတိုင်း၏တိုက်ခိုက်မှုအောက်၌ နာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။
ထိုကောင်သည် ယခုတစ်ကြိမ်၌ အမှန်တကယ်ပင်ပြင်းထန်စွာထိခိုက်သွားခဲ့ကာ မြေထဲသို့လျင်မြန်စွာပြန်လည်ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့် လူတိုင်းသည်၎င်းကိုတိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။
ယခုမူကား ထိုကောင်ကြီးသည် သူရင်ဆိုင်နေသောရန်သူများက မည်မျှသန်မာသည်ကို နားလည်သွားပြီဖြစ်သည်။ သူ၏ရန်သူများ၌ မည်သူမှပျော့ညံ့ခြင်းမရှိပေ။
အဖွဲ့၃ခု၏ တပ်ဖွဲ့တိုင်းသည် မည်သည့်နေရာတွင်မဆို ထိပ်တန်းတပ်ဖွဲ့များအဖြစ် သတ်မှတ်နိုင်ပေသည်။ သူတို့သည်ရှေးဟောင်းမြို့၌အမြင့်ဆုံး အကျိုးခံစားခွင့်ကိုရရှိရန် ယာယီပေါင်းစည်းထားကြခြင်းဖြစ်သည်။
ဤပေါင်းစည်းတပ်ဖွဲ့သည် ဆဌမအဆင့်အထွတ်အထိပ်သို့ရောက်ရှိနေသည့် ဂေါ်လောခ့်ခေါင်းဆောင်ကိုပင်သတ်ဖြတ်ခဲ့ကာ ဂြိုလ်ဆိုးတမန်တော်အား ထွက်ပြေးစေနိုင်ခဲ့သည်။ သို့ဖြစ်ရာ ဆဌမအဆင့်သို့ပင်မရောက်သေးသည့် နတ်ဆိုးသားရဲတစ်ကောင်ကိုကြောက်လန့်နေစရာမလိုပေ။
စွမ်းအားမြင့်မှော်ဆရာတစ်ယောက်ပင်လျှင် ၎င်း၏နွယ်ပင်များကိုဖျက်ဆီးနိုင်ပေသည်။ အထူးသဖြင့် သူရဲကောင်းများသည်သူတို့၏လက်နက်များအကူအညီဖြင့် ရှေ့သို့ပြေးတက်လာကာ နွယ်ပင်များကို ခုတ်ထစ်ကြသည်။
ခိုင်ရင်းသည် သူ၏ပုဆိန်ကိုအကြိမ်ကြိမ်ဝှေ့ယမ်းလိုက်ပြီးနောက်တွင် နွယ်ပင်အမြောက်အများကို ချက်ချင်းခုတ်လှဲပစ်လိုက်သည်။ ရီလာသည်ကား ဤတိုက်ခိုက်မှု၌ပါဝင်ရန် စိတ်မဝင်စားပေ။ သူ့အဆင့်သို့ရောက်လာချိန်တွင် ယခုလိုအသေးအမွှားကိစ္စများ၌ ပါဝင်ရန်စိတ်မဝင်စားတော့ပေ။
မည်သို့ပင်ဆိုစေ ရှည်ကြာသောတိုက်ပွဲအပြီး၌ သူတို့သည်စပျစ်နွယ်ပင်နတ်ဆိုးကို ရှင်းလင်းပစ်နိုင်ခဲ့သည်။ လူတိုင်းသည် အချိန်အတော်ကြာအောင်စောင့်ကြည့်ခဲ့ကြသော်လည်း နောက်ထပ်နွယ်ပင်များကိုမတွေ့ခဲ့ကြပေ။ သူတို့သည် ဤတိုက်ပွဲရလဒ်ကို များစွာဂရုမစိုက်ခဲ့ကြပေ။
ဘုရားကျောင်း၏သဲလွန်စကို ရှာဖွေရန်အတွက် ရှောင်ယုလွှတ်လိုက်သောလူများ ပြန်လည်ရောက်ရှိလာသော်လည်း သူတို့သည်မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
"ကောင်းပြီ...ဘုရားကျောင်းကလူတွေဘယ်သွားနေတယ်ဆိုတာ အရေးမကြီးဘူး...ငါသူတို့ကိုရှာမတွေ့ရင်တောင် ကိစ္စမရှိဘူး"
ရှောင်ယုက လေသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။ အမှန်တော့ သူတို့၏အဓိကရည်ရွယ်ချက်မှာ ရှောင်ယုနှင့်အူသာကိုပြဿနာရှာရန်ဖြစ်သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏လူများသည် မကြာမှီပြန်ရောက်လာခဲ့ကြသည်။ ထိုထဲတွင် လီယိုနာဒို၏လူများက သတင်းကောင်းတစ်ခုအားရရှိခဲ့ကြသည်။
"တပ်မှူး...သားရဲတစ်ကောင်ကိုသတ်ဖြတ်နေတဲ့ လူတစ်စုကိုငါတို့တွေ့ခဲ့တယ်"
အဖွဲ့ထဲမှတစ်ယောက်က ကမန်းကတမ်းတင်ပြလိုက်သည်။
လီယိုနာဒိုသည် ထိုသတင်းကိုကြားချိန်၌ ဝမ်းသာသွားခဲ့သည်။
ကြည့်စမ်း...မင်းရဲ့လူတွေကဘာသတင်းမှမရခဲ့ပေမဲ့...ငါ့လူကတော့သတင်းရတာနဲ့ချက်ချင်းပြန်လာခဲ့ပြီ
"ပြောပါ...သူတို့ကဘယ်သူတွေလဲ...ဘယ်လိုသားရဲမျိုးကိုသတ်ဖြတ်နေတာလဲ"
လီယိုနာဒိုသည် နီကိုးလပ်စ်နှင့်ရှောင်ယုတို့အား မျက်စိစောင်းကြည်ကာ ထိုလူကိုမေးမြန်းလိုက်သည်။
"တပ်မှူး...အဲ့လူတွေက သြဂတ်စတတ်နဲ့သက်ဆိုင်နေတာကိုတွေ့ခဲ့ရတယ်...သူတို့ကအရွယ်ရောက်ပြီးနေတဲ့ ကြက်သွေးရောင်တိမ်ဝံပုလွေကို သတ်ဖြတ်နေတာပဲ"
ထိုလူသည် လီယိုနာဒိုစိတ်ဆိုးသွားမည်ကိုစိုးရိမ်နေသည့်အလား ဖြေးညင်းသောလေသံဖြင့် ကမန်းကတမ်းရှင်းပြလိုက်သည်။
ကြက်သွေးရောင်တိမ်ဝံပုလွေ...
"အိုးကြည့်ရတာကတော့ သူတို့ကအခွင့်အလမ်းကောင်းတစ်ခုကိုရထားတာပဲ...ငါတို့တော့အပိုင်းတစ်ခုကိုရတော့မယ်ထင်တယ်"
ရှောင်ယုကပြုံးပြီးပြောလိုက်သည်။
လီယိုနာဒိုသည် မထီမဲ့မြင်လေသံဖြင့်အော်ဟစ်ကာ သူ၏တပ်သားများကိုရှေ့မှဦးဆောင်ရန်အတွက် လက်ကိုဝှေ့ယမ်းပြလိုက်သည်။
"သွားရအောင် နီကိုးလပ်စ်..."
လီယိုနာဒိုသည် ရှောင်ယုအားဂရုမစိုက်ဘဲ နီကိုးလပ်စ်ကိုတိုက်ရိုက်ပြောခဲ့သည်။ မည်သို့ပင်ဆိုစေ သူတို့သည်ဤနေရာထိပင်ရောက်လာခဲ့ပြီဖြစ်ရာ အန္တာရယ်ရှိခြင်းမရှိခြင်းက သူတို့၏ကံကြမ္မာပေါ်၌မူတည်ပေသည်။
နီကိုးလပ်စ်က ပြုံးလိုက်ပြီး သူတို့နှစ်ယောက်ကိုကြည့်ကာပြောလိုက်သည်။
"မင်းတို့နှစ်ယောက်ကြားပြိုင်ဆိုင်မှုကိုတစ်ချက်ကြည့်ရအောင်...မင်းတို့နှစ်ယောက်ထဲကသားရဲကိုပထမဆုံးသတ်ဖြတ်နိုင်သူက အနိုင်ရသူဖြစ်လာမလား...ငါနီကိုးလပ်စ်ကဒိုင်ဖြစ်လာလိမ့်မယ်"
လီယိုနာဒိုသည် မည်သည့်စကားမှပြန်မပြောဘဲ သူ့လူများအားရှေ့တက်ရန်အမိန့်ပေးလိုက်သည်။
ရှောင်ယုကမူ နီကိုးလပ်စ်၏စကားအတွင်းမှ ဟာကွက်ကိုဖမ်းဆုပ်လိုက်သည်။
"နီကိုးလပ်စ်...မင်းကတစ်ခုခုတော့တစ်ခုခုပဲ...မင်းကငါတို့တိုက်ခိုက်တာကိုကြည့်ချင်နေတာလား"
လီယိုနာဒိုကလည်း ထိုပြဿနာကိုချက်ချင်းသဘောပေါက်သွားခဲ့သည်။ ဤကိစ္စသည် သူတို့ထင်ထားသလိုရိုးရှင်းမှုမရှိပေ။သူနှင့်ရှောင်ယုတို့အချင်းချင်းတိုက်ခိုက်ကြလျှင် သူတို့အနက်မှတစ်ယောက်ကအောင်ပွဲကိုရရှိခဲ့လျှင်ပင် ကျန်တစ်ယောက်ကထိခိုက်သွားမှာဖြစ်သည်။ ထိုသို့ဆိုပါက နီကိုးလပ်စ်သည်မတိုက်ခိုက်ဘဲ အောင်ပွဲကိုရရှိမှာဖြစ်သည်။
"ဟေးရှောင်ယု...မင်းအဲလိုမပြောနဲ့လေ...ငါကမင်းအတွက်ပြောပေးနေတာဟ...အပိုစကားတွေမပြောနဲ့တော့....ဟိုဘက်မှာဘာရှိလဲမြန်မြန်သွားကြည့်ရအောင်"
နီကိုးလပ်စ်သည် ထိုအကြောင်းအရာကိုဆက်မပြောလိုတော့ဟန်ဖြင့် ခေါင်းစဉ်ပြောင်းလိုက်တော့သည်။
လီယိုနာဒိုနှင့်ရှောင်ယုတို့ကလည်း အချိန်ဆက်မဖြုန်းလိုတော့သည့်အတွက် တစ်ချိန်တည်း၌သဘောတူလိုက်ကြသည်။
"ဟေ့မိန်းမ...ဒီညငါဘယ်လိုအိပ်ရမှာလဲ...ဒီညအရမ်းအေးနေမယ်ဆိုရင်တော့ မင်းရဲ့လက်ကိုဆုပ်ကိုင်ရင်းအိပ်ရမယ်ထင်တယ်...ဒါဆိုရင်ငါတို့နွေးနွေးထွေးထွေးနေနိုင်မှာဖြစ်သလို မင်းကိုလည်းကာကွယ်ပေးနိုင်လိမ့်မယ်"
ရှောင်ယုသည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ကြားစေရန်အတွက် တမင်တကာအသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
ရှောင်ယု၏စကားကိုကြားသော် လင်းမူရွယ်ကရှက်ရှက်ဖြင့်ခေါင်းငုံ့ထားလိုက်သည်။ သူမသည် ရှောင်ယု၏စေ့စပ်ထားသူတစ်ယောက်ဖြစ်သော်လည်း သူမတို့နှစ်ယောက်ကြားဆက်ဆံရေးသည် ထိုအဆင့်ထိမရောက်သေးပေ။
သို့သော်လည်း လင်းမူရွယ်သည် လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်ကာ ရှောင်ယု၏အကြံအစည်ကိုမသိရှိထားသောကြောင့် စကားမပြောဘဲတိတ်ဆိတ်နေခဲ့သည်။
အကုန်လုံးအဆင်သင့်ဖြစ်ပြီးနောက် လူတိုင်းခရီးစထွက်ခဲ့ကြသည်။ ရှောင်ယုသည်လည်း ထိုကြက်သွေးရောင်တိမ်ဝံပုလွေသည် မည်သို့သောပုံစံရှိသည်ကို မြင်တွေ့လိုခဲ့သည်။ သူသည်ထိုကဲ့သို့သောသားရဲမျိုးအား အမှန်တကယ်မမြင်တွေ့ဖူးပေ။
သူတို့၏ချီတက်မှုအရှိန်နှုန်းသည် အလွန်မြန်ဆန်ပေရာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ရောက်ရန် အချိန်များစွာမကြာလိုက်ပေ။
မကြာမှီသူတို့သည် သြဂတ်စတတ်မိသားစု၏ ကျွမ်းကျင်သူများတိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။
သြဂတ်စတတ်မိသားစုသည် အနောက်မြောက်ဒေသရှိသေးငယ်သော အင်အားစုတစ်ခုဖြစ်ပြီး ထိပ်တန်းအဆင့်၌မရှိသော်လည်း လျစ်လျူရှု၍မရသောအင်အားစုဖြစ်သည်။ ထိုမိသားစု၏မျိုးဆက်များသည် မိုင်းတွင်းလုပ်ငန်းကိုအဓိကထားလုပ်ကိုင်ခဲ့ကြပြီး လူအင်အားပေါများကာ ချမ်းသာကြွယ်ဝပေသည်။ သို့ဖြစ်ရာ သူတို့၏ခွန်အားသည်မနိမ့်လှပေ။
သြဂတ်စတတ်ပါတွန်သည် သြဂတ်စတတ်မိသားစု၏အကြီးဆုံးသားဖြစ်ကာ အလွန်အားကောင်းလှပြီး ပဥ္စမအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေသည်။
ရှောင်ယုသည် သြဂတ်စတတ်ပါတွန်၏အဖွဲ့၌ပါဝင်သည့်လူများကို အကြမ်းဖျင်းကြည့်ရှုလိုက်ရာ သူတို့၏ခွန်အားသည်မဆိုးလှကြောင်းတွေ့လိုက်ရသည်။ အဖွဲ့တွင်း၌ ပဥ္စမအဆင့်ကျွမ်းကျင်သူ၅ယောက်ပါဝင်ပြီး ၎င်းတို့အနက်မှတစ်ယောက်သည် ပဥ္စမအဆင့်အထွတ်အထိပ်သို့ပင်ရောက်ရှိနေကာ ဆဌမအဆင့်သို့ဝင်ရောက်ရန် အချိန်အနည်းငယ်သာလိုအပ်တော့သည်။
ထိုကဲ့သို့သောလူများသည် အိမ်တွင်အဘယ်ကြောင့် ပျော်ပျော်ရွှင်ရွှင်မနေထိုင်ရသည်ကို ရှောင်ယုနားမလည်ခဲ့ပေ။ ဤနေရာသည် နေဝင်ချိန်နွံအိုင်ဖြစ်ကြောင်း သူတို့မသိကြသည်လား။ ဤနေရာသည်လူများကို အရိုးပါမကျန် ဝါးမြိုတတ်သည့်နေရာဖြစ်ကြောင်းကို သူတို့မသိကြသည်လား...
အဖွဲ့အတွင်းရှိ သူရဲကောင်းအများစုသည် စတုတ္ထအဆင့်ကျွမ်းကျင်သူများဖြစ်ကြကာ အလွန်မောက်မာသည့်မျက်နှာထားဖြင့် မှော်ဆရာအနည်းငယ်ရှိနေသော်လည်း သူတို့သည်လီယိုနာဒို၏မှော်ဆရာအုပ်စုနှင့် နှိုင်းယှဉ်ရန်နည်းလမ်းရှိမနေခဲ့ပေ။
ရှောင်ယုသည် သူမြင်တွေ့ချင်နေသော ကြက်သွေးရောင်တိမ်ဝံပုလွေကို မြင်တွေ့ခွင့်ရခဲ့သည်။ ၎င်းသည် အရွယ်အစားသေးငယ်ခြင်းမရှိဘဲ အမြင့်၃ပေရှိကာ အလွန်မြန်ဆန်ပေသည်။ ထိုကောင်သည် ပဥ္စမအဆင့်ခွန်အားကိုပိုင်ဆိုင်ထားပေသည်။
"အိုး...ထူးဆန်းလိုက်တာ...ဒီကြက်သွေးရောင်တိမ်ဝံပုလွေရဲ့ အရှိန်အဟုန်ကတော်တော်လေးကောင်းမွန်ပါတယ်...လက်ရှိအခြေအနေအရသာဆိုရင် သူ့ကိုယ်သူမထိခိုက်စေအောင်ထွက်ပြေးနိုင်ပေမဲ့ ဘာလို့ခုချိန်ထိဒီနေရာမှာရှိနေရတာလဲ....အခြားအကြောင်းပြချက်များရှိမနေမလား"
ရှောင်ယုသည် ချက်ချင်းအတွေးများသွားခဲ့သည်။ ပဥ္စမအဆင့်သားရဲ၏ဉာဏ်ရည်ဉာဏ်သွေးသည် အလွန်မြင့်မားသည့်အတွက်ကြောင့် ဤအခြေအနေသည်ပုံမှန်မဟုတ်ပေ။
ဤဝံပုလွေသည် ဂေါ်လာခ့်များကဲ့သို့ တစ်စုံတစ်ခုအားစောင့်ထိန်းနေခြင်းဖြစ်နေသည်လား...
ရှောင်ယုသည် တစ်စုံတစ်ခုကိုနားလည်သွားဟန်ဖြင့် ပြုံးမိလိုက်သည်။ ထို့နောက်သူသည် အဝေးမြင်ကွင်းကိုထုတ်ဖော်လိုက်ရာ ကြက်သွေးရောင်တိမ်ဝံပုလွေ၏နောက်ကွယ်ရှိ အခြေအနေအားရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။
ဟုတ်တယ်...ဒါကတကယ့်ကိုထူးဆန်းတယ်
ရှောင်ယုသည် ကြက်သွေးရောင်တိမ်ဝံပုလွေ၏နောက်ကွယ်၌ လှိုဏ်ဂူတစ်ခုရှိကြောင်း တွေ့လိုက်ရသည်။ ထိုလှိုဏ်ဂူ၏အနက်ရှိုင်းဆုံးအပိုင်း၌ ရေကန်ငယ်လေးတစ်ခုရှိကာ အလယ်၌မျောပါနေသောကြာပန်းများရှိနေခဲ့သည်။
"ကောင်းပြီ...အဲ့ဒါကရတနာတစ်ခုဆိုမှတော့ ငါရှောင်ယုရဲ့လက်ထဲကိုပဲရောက်လာရမှာပေါ့...အဲ့ဒါကိုဘယ်သူမှလုယူခွင့်မပေးနိုင်ဘူး"
ရှောင်ယုကပြုံးလိုက်ပြီး သူ့ခေါင်းထဲ၌အစီအစဉ်ဆွဲလိုက်သည်။
ထိုအချိန်တွင် သြဂတ်စတတ်ပါတွန်သည် ရှောင်ယုတို့၃ယောက်၏မျက်နှာအားမြင်တွေ့လိုက်ရသည့်အချိန်တွင် သူ၏မျက်နှာအမူအရာသည် ပျက်ယွင်းသွားခဲ့သည်။ ထို့နောက်သူသည် ခြုံခိုတိုက်ခိုက်ခံရမည်ကိုစိုးရိမ်၍ သူ့လူများကိုလျင်မြန်စွာပြန်လည်စုဝေးစေလိုက်သည်။
"အိုး...ဒါကနီကိုးလပ်စ်၊လီယိုနာဒိုနဲ့ရှောင်ယုတို့ပဲမဟုတ်လား...ဒီနေရာမှာမင်းတို့အားလုံးနဲ့တူတူဆုံတွေ့ရတာက အရမ်းကိုရှားပါးတာပဲ"
သြဂတ်စတတ်ပါတွန်သည် ပြုံး၍နှုတ်ဆက်လိုက်သော်လည်း သူ၏စိတ်ထဲ၌အလွန်စိုးရိမ်နေခဲ့သည်။
စည်းစိမ်ဥစ္စာကိုရယူရန် ကြိုးပမ်းအားထုတ်နေသူတိုင်းသည် အခြားသူများရောက်ရှိလာချိန်၌ မပျော်ရွှင်ကြပေ။
"ပါတွန်...ငါတို့မတွေ့တာတောင်ကြာလှပြီ...မကြာသေးခင်ကအခြေအနေဘယ်လိုလဲ"
နီကိုးလပ်စ်ကပြုံး၍မေးလိုက်သည်။
အခန်း ၄၁၉ - ကြက်သွေးရောင်တိမ်ဝံပုလွေ
"အိုး...ငါကအဆင်ပြေတယ်...မင်းမှာပြောစရာရှိလို့လား...ခုလောလောဆယ် ငါတကယ်အလုပ်ရှုပ်နေတယ်"
သြဂတ်စတတ်ပါတွန်က ပြုံး၍ပြောလိုက်သော်လည်း သူ၏မျက်လုံးများ၌ အေးစက်မှုများက တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့သည်။ သူသည် ဤပြဿနာကိုဖြေရှင်းရန်အတွက် နည်းလမ်းမရှာနိုင်ပါက သူတို့၏ဘဏ္ဍာကိုဆုံးရှုံးရမည်ဖြစ်သည်။ သူသည် နီကိုးလပ်စ်တို့အား လွယ်လွယ်ကူကူရယူခွင့်မပေးနိုင်ပေ။
လီယိုနာဒိုက ငြင်ငြင်သာသာဖြင့်ချောင်းဆိုး၍ပြောလိုက်သည်။
"မင်းကဘာတွေအလုပ်များနေတာလဲ...ငါတို့ကူညီပေးနိုင်တယ်"
ထိုစကားကိုကြားချိန်တွင် သြဂတ်စတတ်ပါတွန်၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားခဲ့သည်။ လီယိုနာဒိုဆိုလိုသည့် အဓိပ္ပါယ်ကို သူအဘယ်ကြောင့်နားမလည်ဘဲနေမည်နည်း။ ထိုလူများသည် သူ့အားမည်သို့ရှာတွေ့ခဲ့သည်ကိုမသိသော်လည်း သူတို့၏ရည်ရွယ်ချက်အစစ်အမှန်အား သူအဘယ်ကြောင့်မသိရမည်နည်း။
"အိုး...ငါ့အတွက်တော့မလိုအပ်ဘူးလို့ထင်တယ်...သြဂတ်စတတ်မိသားစုက အားနည်းတယ်ဆိုပေမဲ့ ပဥ္စမအဆင့်ကြက်သွေးရောင်တိမ်ဝံပုလွေကို တိုက်ခိုက်ရတာက ခက်ခဲတဲ့အရာတော့မဟုတ်ဘူး"
သြဂတ်စတတ်ပါတွန်သည် လီယိုနာဒို၏စကားကိုလျစ်လျူရှုကာ ပြုံး၍ပြောလိုက်သည်။
"ဟေ့...မင်းကသြဂတ်စတတ်ပါတွန်နော်...ငါမင်းကိုတည့်ပဲပြောတော့မယ်...သူတို့နှစ်ယောက်ကမင်းကိုကူညီပြီးတော့ ကြက်သွေးရောင်တိမ်ဝံပုလွေကို သတ်ဖြတ်ဖို့ကြိုးစားနေတာပဲ...ပြီးရင်မင်းကအရင်းအမြစ်အချို့ ခွဲဝေပေးရမယ်...ဒါကတော်တော်ရိုးရှင်းပါတယ်...မင်းကဒီလောက်ကောင်းတဲ့အကြံအစည်ကိုငြင်းပယ်မှာလား..."
ယခုအချိန်သည် အခွင့်အရေးကောင်းဖြစ်ကြောင်း နားလည်လိုက်၍ ရှောင်ယုသည် စကားစမြည်ဝင်ပြောလိုက်သည်။
ထို့နောက်တွင် ရှောင်ယုသည် မိုင်ယဗ်အားကိုယ်ယောင်ဖျောက်၍ လှိုဏ်ဂူအတွင်းသို့တိတ်တဆိတ်ဝင်ရောက်ကာ ရတနာများကိုယူဆောင်လာရန် အမိန့်ပေးခဲ့သည်။
မိုင်ယဗ်ကခေါင်းညိတ်ပြလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကနောက်သို့တဖြည်းဖြည်းပြန်ဆုတ်သွားခဲ့ကာ လူအုပ်ကြားထဲသို့တိုးဝင်ပြီးနောက် သူမ၏ပုံရိပ်သည်မှုန်ဝါးပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်သူမသည် ဂူတွင်းသို့ဖြေးညင်းစွာချည်းကပ်သွားခဲ့သည်။
"အိုး...ဒါကသခင်လေးရှောင်ယုမဟုတ်ဘူးလား...မင်းတို့လိုအင်အားစုတွေက ငါတို့လိုမဖြစ်စလောက်အဖွဲ့လေးတွေကိုအနိုင်ကျင့်ဖို့ စိတ်ဝင်စားနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
သြဂတ်စတတ်ပါတွန်က လှောင်ပြောင်လိုက်သည်။
ရှောင်ယုက ရှက်ရွှံ့စွာဖြင့် သူ၏လက်ကိုဝှေ့ယမ်း၍ပြောလိုက်သည်။
"ငါမင်းကိုအဲလိုမပြောစေချင်ဘူး...ငါတို့အားလုံးမှာလည်းအခက်အခဲတွေရှိနေတယ်ဆိုတာ မင်းသိထားရမယ်"
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် သူတို့၏ရယ်ချင်စိတ်ကိုအတင်းအကျပ်ချုပ်ထိန်းထားကြရပြီး ချောင်းကိုအဆက်မပြတ်ဆိုးကာ သူတို့၏ရယ်ချင်စိတ်ကိုဖယ်ရှားခဲ့ကြသည်။
သြဂတ်စတတ်ပါတွန်သည် စကားမပြောနိုင်ဖြစ်သွားရသည်။ ယခုလိုအရှက်ကင်းမဲ့သူသည် ဤကမ္ဘာ၌ရှိနေသည်လား...ထို့ပြင်ရှောင်ယုသည် စွမ်းအားကြီးသောအဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။
"အိုး...သခင်လေးရှောင်ယုကရယ်စရာတွေ တအားပြောတတ်တာပဲ...ငါတို့မိသားစုငယ်လေးတွေက စားရေးသောက်ရေးအတွက်မိုင်းတွင်းကိုအဓိကထားလုပ်ကိုင်ရတယ်...ငါတို့ဟာချမ်းသာကြွယ်ဝဖို့လမ်းစခုထိရှာမတွေ့သေးဘူး...ငါပြောတဲ့ထဲအပိုစကားတွေမပါဘူး"
သြဂတ်စတတ်ပါတွန်သည် သူ့ကိုယ်သူသေးငယ်သောဖြစ်တည်မှုတစ်ခုအဖြစ် နှိမ့်ချလိုက်ပြီး သနားညာတာစေလိုသောအပြုံးဖြင့် ပြုံး၍ပြောလိုက်သည်။
သို့သော် သူ့ရှေ့မှလူ၃ယောက်အား အရူးလုပ်ရန်မလွယ်ကူလှပေ။ ရှောင်ယုသည် မည်သည့်အပြောင်းအလဲမှမဖြစ်ပေါ်သကဲ့သို့ သူ၏မျက်နှာအမူအရာသည် ပြောင်းလဲခြင်းလုံးဝမရှိခဲ့ပေ။
သြဂတ်စတတ်ပါတွန်သည် အလွန်ဒေါသထွက်သွားခဲ့ကာ သွေးအန်လုမတတ်ဖြစ်သွားခဲ့သည်။ သူသည် ဤလူ၃ယောက်နှင့်အလွန်ကံဆိုး၍သာ ဆုံတွေ့မိခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဤနေရာ၌သူတို့တစ်ဖွဲ့တည်းသာဆိုပါက အကျိုးကျေးဇူးများစွာကိုစုဆောင်းနိုင်မည်ဖြစ်သည်။ အကယ်၍ ရှောင်ယုတို့ကိုသာပါဝင်ခွင့်ပေးလိုက်ပါက သူ့အတွက်အရိုးအကြွင်းအကျန်လေးတောင် ကျန်ရစ်ခဲ့မည်မဟုတ်ပေ။
သြဂတ်စတတ်ပါတွန်သည် သူ၏နှလုံးသားထဲ၌သက်ပြင်းအနည်းငယ်ချကာ ပြုံးပြလိုက်သည်။
"မင်းတို့ဆက်ကြည့်ချင်လား...ဒါမှမဟုတ်ကူညီမှာလား"
ထိုအချိန်တွင် ရှောင်ယု၏မျက်နှာသည် ချက်ချင်းပြောင်းလဲသွားကာ ရယ်မောလိုက်သည်။
"ဟားဟားကောင်းပြီလေ...မင်းကအရမ်းကိုရက်ရောတဲ့အတွက် ငါတို့လည်းမယဉ်ကျေးတော့ဘူး...စိတ်ချပါမင်းလည်းအကျိုးအမြတ်ရစေရမယ်"
နီကိုးလပ်စ်က အနည်းငယ်ပြုံးပြကာခေါင်းညိတ်လိုက်သည်။ အမှန်တော့ သူတို့သည်ဤသားရဲကို များစွာဂရုမစိုက်ပေ။ ထိုဝံပုလွေ၏ခွန်အားသည် ကောင်းမွန်သော်လည်း သူတို့၏မျက်လုံးထဲ၌ ဘာမှမဟုတ်ပေ။
"အိုး...အရမ်းကောင်းတယ်...ငါတို့ကဒီကြက်သွေးရောင်တိမ်ဝံပုလွေကို အပြီးသတ်လိုက်ကြရအောင်"
သြဂတ်စတတ်ပါတွန်ကပြုံးလိုက်သော်လည်း သူ၏နှလုံးသားထဲ၌သွေးများယိုစီးကျနေခဲ့သည်။
ထို့နောက်တွင် သူတို့၃ယောက်သည် အဆင့်နိမ့်ကာ အားနည်းသောတပ်သားအချို့အား ဝင်ရောက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
ဤသည်မှာ တိုက်ပွဲအတွေ့အကြုံကို လက်တွေ့သင်ကြားပေးနိုင်မယ့် အခွင့်အရေးဖြစ်သည်။ ရှောင်ယုသည် အတွေ့အကြုံမှတ်များကို အရေးတကြီးလိုအပ်နေသောနာဂကို ရှေ့ထွက်ခိုင်းခဲ့သည်။
ဤအင်အားကြီးအဖွဲ့၃ခုပူးပေါင်းထားခြင်းတို့ကြောင့် မည်သူကိုမဆိုအပေါ်စီးမှနေ၍ ဆက်ဆံနိုင်စွမ်းရှိပေသည်။ မည်သို့ပင်ဆိုစေ ဤတိုက်ကြီးပေါ်တွင် အားနည်းသူများသည် အားကြီးသူများ၏အနိုင်ကျင့်ခံရခြင်းမှာ သဘာဝပင်ဖြစ်သည်။
နာဂသည် သူမ၏လေးကိုအသင့်ပြင်လိုက်ပြီးနောက်တွင် မြှားတစ်စင်းအားပစ်လွှတ်လိုက်သည်။ သူမ၏မြှားချက်တိုင်းသည် ကြက်သွေးရောင်တိမ်ဝံပုလွေအား တစ်နေရာတည်း၌ဆက်တိုက်ထိမှန်ခဲ့သည်။ ဝံပုလွေ၏အရေပြားသည် မည်မျှပင်ထူထဲနေပါစေ မြှားဖြင့်ထပ်ခါထပ်ခါပစ်ခတ်ခံရမည်ဆိုပါက ပျက်စီးသွားမည်သာဖြစ်သည်။
ကြက်သွေးရောင်တိမ်ဝံပုလွေ၏အရှိန်သည် အလွန်မြန်ဆန်ပြီး သူ၏လှုပ်ရှားမှုမှန်သမျှသည် ပေါ့ပေါ့ပါးပါးရှိပေသည်။ ဝံပုလွေသည် သူရဲကောင်းတစ်ယောက်၏အနားတွင် ရုတ်တရက်ထွက်ပေါ်လာပြီးနောက် သူ၏ခြေသည်းသည် ထိုသူရဲကောင်းပေါ်သို့ အရှိန်အဟုန်ဖြင့်ကျဆင်းလာခဲ့ကာ သူရဲကောင်းအား လွှင့်ထွက်သွားစေခဲ့သည်။
"မဆိုးဘူး...ဒီကြက်သွေးရောင်တိမ်ဝံပုလွေကတစ်ခုခုတော့ တစ်ခုခုပဲ...သူ့ရဲ့ခွန်အားကလည်းမဆိုးဘူး...ကြည့်ရတာဒီတိုက်ပွဲအတွက် နာဂကိုရွေးချယ်လိုက်တာက သူမအတွက်ကောင်းမွန်တဲ့အခွင့်အရေးပဲ"
ရှောင်ယုသည် သူ့ကိုယ်သူတွေးမိလိုက်သည်။ သူ၏အကြီးမားဆုံးရည်ရွယ်ချက်မှာ ဤခရီးစဉ်အတွင်းနာကကို အဆင့်၄၀သို့မြင့်တင်ပေးရန်ဖြစ်သည်။ထို့ကြောင့်သူသည် ရရှိလာသည့်အခွင့်အရေးမှန်သမျှကို မလွတ်တမ်းဆုပ်ကိုင်ထားမည်ဖြစ်သည်။
"နာဂ...မြန်မြန်လေးတိုက်ခိုက်စမ်း...သူ့ရဲ့မေးစေ့ကခုချိန်ထိအကောင်းတိုင်းရှိနေသေးတယ်...မင်းဘာကိုစောင့်နေတာလဲ"
ရှောင်ယုက သည်းမခံနိုင်ဘဲအော်ဟစ်လိုက်သည်။ ရှောင်ယု၏အမြင်အာရုံသည် အလွန်ကောင်းမွန်ပေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူ၏မျက်လုံးအတွင်း၌ ရန်သူ၏အားနည်းချက်များကို ဖုံးကွယ်ထား၍မရပေ။
နာဂသည်ခေါင်းညိတ်ပြလိုက်ကာ အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်။ ထို့နောက်သူမ၏ လေးမှနေ၍မြှားတစ်စင်းတိုးထွက်လာပြီး ကြက်သွေးရောင်တိမ်ဝံပုလွေ၏မေးစေ့သို့ တိုးဝင်သွားခဲ့သည်။
"ဝေါင်း..."
ကြက်သွေးရောင်တိမ်ဝံပုလွေသည် ထပ်ခါထပ်ခါဟိန်းဟောက်နေခဲ့သည်။ မေးစေ့သည် သူ၏အားနည်းချက်နေရာဖြစ်သည်။ အကယ်၍ထိုနေရာ၌ ပြင်းထန်သောဒဏ်ရာကိုရရှိသွားခဲ့ပါက ကြက်သွေးရောင်တိမ်ဝံပုလွေ၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်လျော့ကျသွားမည်ဖြစ်သည်။
ဆိုရိုးစကားတစ်ခုအရဆိုလျှင် ဝံပုလွေသည် ကြေးနီအမြီးကိုတပ်ဆင်ထားသည့် တိုဟူးခါးတစ်ခုဖြစ်သည်။ သို့သော်၎င်း၏ခွန်အားသာ အဆင့်တစ်ခုထိရောက်ရှိသွားခဲ့ပါက ခါးနှင့်ဝမ်းဗိုက်အကြားအားနည်းချက်ကို လျစ်လျူရှုနိုင်ပေသည်။
အမှန်တော့ ကြက်သွေးရောင်တိမ်ဝံပုလွေသည် သူ၏အားနည်းချက်ကို ဖုံးကွယ်ထားခြင်းဖြစ်သည်။ သာမန်လူတစ်ယောက်က ထိုအားနည်းချက်ကိုမြင်တွေ့ရန် နည်းလမ်းမရှိပေ။ ဝံပုလွေတစ်ကောင်၏ပါးစပ်သည် သူတို့၏အသန်မာဆုံးတိုက်ခိုက်ရေးလက်နက်အဖြစ် သတ်မှတ်ခံထားရပေရာ ထိုနေရာ၌အားနည်းချက်ရှိနေမည်ဟု မထင်ထားခဲ့ပေ။
မူလကရှောင်ယုသည်လည်း ၎င်းကိုသတိမထားမိခဲ့ပေ။ သို့သော်လည်း ဂရုတစိုက်စစ်ဆေးပြီးနောက်တွင် ကြက်သွေးရောင်တိမ်ဝံပုလွေသည် တိုက်ခိုက်ခြင်းမပြုမှီ အထူးသဖြင့်သူ၏ပါးစပ်ကိုအသုံးမပြုမှီတွင် ၎င်း၏ပါးပြင်အောက်ရှိအဖြူရောင်အမွှေးများသည် ထူးဆန်းသောပုံစံဖြင့်လှုပ်ရှားတတ်ကြောင်း တွေ့လိုက်ရသည်။ ထိုအဖြူရောင်အမွှေးများသည် ခန္ဓာကိုယ်လှုပ်ရှားမှုကြောင့်မဟုတ်ဘဲ အထူးအကြောင်းအရာတစ်ခုကြောင့် လှုပ်ရှားနေခြင်းဖြစ်သည်။
ထိုအရာသည် တိုက်ခိုက်မှုမပြလုပ်မှီ စွမ်းအင်စုဆောင်းခြင်းနှင့်အလားတူပေသည်။
နာဂ၏မြှားသည် ငြိမ်သက်နေသောရေကန်ထဲသို့ ကျောက်တုံးတစ်ခုအား ပစ်ချလိုက်သည်နှင့် တူပေသည်။ ယခုလည်းမေးစေ့ကိုတိုက်ခိုက်ခံရခြင်းက ကြက်သွေးရောင်တိမ်ဝံပုလွေ၏စွမ်းအင်များကို ကမောက်ကမဖြစ်သွားခဲ့ရသည်။
ကြက်သွေးရောင်တိမ်ဝံပုလွေက အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ်တုန်ယင်နေကာ သွေးများစီးကျလာခဲ့သည်။
"သေစမ်း...သေစမ်း...မင်းတို့ကစက်ဆုပ်စရာကောင်းတဲ့လူသားတွေပဲ"
ကြက်သွေးရောင်တိမ်ဝံပုလွေသည် ဒေါသတကြီးအော်ဟစ်လိုက်ရာ မြေပြင်သည်တုန်ခါသွားခဲ့သည်။
"မင်းကညစ်ပတ်တဲ့ခွေးတစ်ကောင်ပါဘဲ...နာဂငါ့အတွက်အဲကောင်ကိုပါးစပ်ပိတ်ပေးလိုက်..."
ရှောင်ယုက အမိန့်ပေးလိုက်သည်။ ကြက်သွေးရောင်တိမ်ဝံပုလွေ၏ပါးစပ်သည် အမှန်ပင်အနံ့အသက်ဆိုးဝါးလှပေသည်။
ချက်ချင်းဆိုသလိုပင် နာဂသည် ကြက်သွေးရောင်တိမ်ဝံပုလွေ၏မေးစေ့ကိုဦးတည်၍ မြှားများကိုတစ်စင်းပြီးတစ်စင်းပစ်လွှတ်ကာ တိုက်ခိုက်လိုက်သည်။
"ကောင်းတယ်...ကောင်းတယ်...အဲတိုင်းဆက်ပြီးတိုက်"
ရှောင်ယုက အော်ဟစ်အားပေးလိုက်သည်။ ကြက်သွေးရောင်တိမ်ဝံပုလွေသည် အလွန်လျင်မြန်သော်လည်း နာဂ၏တိကျမှုသည် အမှန်တကယ်ပင်အသေးစိတ်ကျလှသလို ကြိုတင်ခန့်မှန်းနိုင်စွမ်းလည်းရှိပေသည်။
ဤသည်မှာ လေးသမားတစ်ဦးတွင်ရှိသင့်သည့် အရေးအကြီးဆုံးအရည်အသွေးဖြစ်သည်။
တိကျမှု၊ကြိုတင်ခန့်မှန်းမှု၊ခွန်အား၊ပစ်ခတ်မှုနှုန်းစသည်ဖြင့် နာဂသည်အကုန်ပြီးပြည့်စုံပေသည်။ မည်သို့ပင်ဆိုစေ ကြက်သွေးရောင်တိမ်ဝံပုလွေက အစွမ်းကုန်အရှိန်မြင့်လိုက်ချိန်တွင် သူမ၏ပစ်ချက်များက စတင်လွဲချော်လာခဲ့သည်။
"ဟမ့်...မင်းကငါ့ရဲ့တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းနိုင်မယ်လို့ငါလုံးဝမထင်ဘူး...မင်းကိုဘယ်လိုသေအောင်ပစ်မလဲဆိုတာ မင်းစောင့်ကြည့်နေလိုက်"
ကြက်သွေးရောင်တိမ်ဝံပုလွေသည် သူမ၏ပစ်ခတ်မှုများအား ရှောင်တိမ်းပြနေသည်ကိုမြင်သော် နာဂ၏ဒေါသစိတ်များတောက်လောင်ခဲ့ရသည်။ နာဂသည် သူမ၏အသန်မာဆုံးစွမ်းအားကို လူတိုင်းကအသိအမှတ်ပြုလာနိုင်အောင် ပြသလိုခဲ့သည်။
"ဟေး...နည်းနည်းလောက်မြန်မြန်သတ်နိုင်မလား...ငါ့ရဲ့ရတနာလေးတွေက ငါ့ကိုစောင့်နေပြီ"
ရှောင်ယုကပျင်းရိစွာပြောလိုက်သည်။
"ရှောင်ယု...မင်းကဘာလို့အဲလောက်တောင်အမြန်လိုနေရတာလဲ...မင်းကအနားမယူချင်ဘူးလား"
ရှောင်ယု၏မကောင်းသောသဘောထားကြောင့် နီကိုးလပ်စ်ကမျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
အဆုံးသတ်တွင် သူတို့သည်မိသားစုကြီးများမှ ဆင်းသက်လာသူများဖြစ်ပေရာ မည်သို့ပင်ဖြစ်နေပါစေ သူတို့၏အပြုအမူများသည်ယဉ်ကျေးသိမ်မွေ့၍ စိတ်ရှည်နေရမည်ဖြစ်သည်။
"သက်တောင့်သက်သာနေရမှာလား...မင်းကဘယ်လိုလုပ်အဲစကားကိုပြောနိုင်ရတာလဲ...ငါတို့မှာအနားယူဖို့အချိန်ရှိနေသေးတာလား...ငါတို့ကစည်းစိမ်ရတနာတွေအများကြီးရှိနေတဲ့ ရှေးဟောင်းမြို့တော်ကိုရောက်နေတာပဲ...ငါကဘာလို့စိတ်အေးအေးထားရမှာလဲ...အလင်းဘုရားကျောင်းကငါတို့ရှေ့မှာဦးဆောင်နေပြီ ငါတို့မြန်မြန်လုပ်ရမယ်"
ရှောင်ယုက ချက်ချင်းပြန်ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤတိုက်ပွဲမှတဆင့် နာဂ၏တိုက်ခိုက်ရေးစွမ်းအားသည် အလွန်ပြင်းထန်ကြောင်းရှောင်ယုတွေ့ရှိခဲ့သည်။
အခန်း ၄၂၀ - လှည့်စားခြင်း
"နီကိုးလပ်စ်...မင်းကဘာတွေများစိတ်ပူနေတာလဲ...ငါတို့က ကိုယ့်လူတွေကိုစီမံခန့်ခွဲနိုင်ဖို့ အရေးကြီးတယ်"
လီယိုနာဒိုက ပြုံးပြုံးလေးပြောလိုက်ပြီး စကားထပ်မပြောတော့ပေ။ လီယိုနာဒိုက သူတို့၏အဓိကပန်းတိုင်သည် ဂေါ်ဒွန်၏ဦးခေါင်းခွံဖြစ်ကြောင်း နီကိုးလပ်စ်အားသတိပေးလိုခြင်းဖြစ်သည်။ ယခုလိုသေးငယ်သောကိစ္စလေးများက သူကအရေးတယူသတိပေးနေးရာ မလိုအပ်သင့်ပေ။
နီကိုးလပ်စ်သည် သူ၏ပုခုံးကိုဖြေလျာ့လိုက်ကာ ထိုအကြောင်းကိုဆက်မပြောတော့ပေ။ လီယိုနာဒိုပြောသလိုပင် သူသည်အဘယ်ကြောင့် အခြားသူကိစ္စကိုစိတ်ပူနေရမည်နည်း..
ပြင်းထန်စွာဒဏ်ရာရရှိပြီးနောက် ကြက်သွေးရောင်တိမ်ဝံပုလွေသည် အခြေအနေမဟန်တော့ပေ။ ထို့နောက် နဂါးမီးမြှားဖြင့်ပစ်ခတ်ခံလိုက်ရပြီးနောက် သူ၏ခန္ဓာကိုယ်အားဆက်လက်ရပ်တည်နိင်စွမ်းမရှိတော့ပေ။
အာ...ဝူး...
ကြက်သွေးရောင်တိမ်ဝံပုလွေသည် နောက်ဆုံးအကြိမ်အော်ညဉ်းကာ မြေပေါ်သို့လဲကျသွားခဲ့သည်။
ကြက်သွေးရောင်တိမ်ဝံပုလွေသည် စိတ်မသက်မသာဖြစ်ကာ အဆုံးသတ်၌ သေဆုံးသွားခဲ့ရသည်။ ထို့နောက်နှစ်ဖက်တပ်များသည် ကြက်သွေးရောင်တိမ်ဝံပုလွေ၏အလောင်းအား စတင်ဖြတ်တောက်သိမ်းဆည်းခဲ့ကြသည်။
...
လူတိုင်းသည် ကြက်သွေးရောင်တိမ်ဝံပုလွေအား အာရုံစိုက်နေသည့်အချိန်တွင် မထင်မရှားပုံရိပ်တစ်ခုက လှိုဏ်ဂူအတွင်းသို့ဝင်ရောက်လာခဲ့သည်။ ထိုပုံရိပ်မှာ ရှောင်ယု၏အမိန့်အတိုင်း လှိုဏ်ဂူအတွင်းသို့ဝင်လာသည့် မိုင်ယဗ်ပင်ဖြစ်သည်။
မိုင်ယဗ်သည် အမိန့်ရပြီးနောက်တွင် သူမသည်လူမြင်ကွင်းမှ တိတ်တဆိတ်ပုန်းရှောင်ခဲ့သည်။ လူတိုင်းသည် တိုက်ပွဲအားအာရုံစိုက်နေသည့်အချိန်တွင် သူမသည်အခွင့်အရေးကိုအသုံးချကာ လှိုဏ်ဂူအတွင်းဝင်ရောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။
သို့သော်လည်း အဆုံးသတ်တွင် ကြက်သွေးရောင်တိမ်ဝံပုလွေ၏အာရုံသည် အလွန်ပင်ထိလွယ်ရှလွယ်သည့်အတွက် မိုင်ယဗ်သည် လှိုဏ်ဂူတွင်းသို့ဝင်ရန် အခွင့်အရေးမရှိခဲ့ပေ။
ထို့ကြောင့် မိုင်ယဗ်သည် သင့်တော်သည့်အချိန်အခါကိုသာ စောင့်ဆိုင်းနေခဲ့ရသည်။ ယခုအခါတွင် ကြက်သွေးရောင်တိမ်ဝံပုလွေသေဆုံးသွားပြီးနောက် မိုင်ယဗ်သည်ဂူအတွင်းသို့ တိတ်ဆိတ်စွာခိုးဝင်လာခဲ့သည်။
ဂူအတွင်းသို့ရောက်ရှိလာပြီးနောက် မိုင်ယဗ်သည်ဂူတစ်ခုလုံးကို သတိထား၍စုံစမ်းခဲ့သည်။
ဂူ၏အတွင်းပိုင်းသည် မှောင်မိုက်နေကာ လှိုဏ်ဂူတစ်ခုလုံး၌ အလင်းရောင်အနည်းငယ်သာရှိပေသည်။ ကြည့်ရသည်မှာ ဂူတွင်း၌အလင်းရင်းမြစ်တစ်စုံတစ်ခုရှိနေပုံရသည်။
မိုင်ယဗ်သည် အမှောင်ထုထဲ၌ပုန်းအောင်းရင်း သတိထားကာရှေ့သို့ဆက်တိုးနေခဲ့သည်။
မိုင်ယဗ်သတိထားနေသည်မှာ မထူးဆန်းလှတော့ပေ။ ရှောင်ယု၏ညွန်ကြားချက်အရဆိုလျှင် သူ၏အသက်ကိုထိန်းသိမ်းခြင်းက သူမ၏ပထမဦးစားပေးတာဝန်ဖြစ်သည်။ မစ်ရှင်မအောင်မြင်ခဲ့လျှင်တောင်မှ အသက်အန္တာရယ်မထိခိုက်လျင် အရေးမကြီးပေ။
အဆုံးသတ်တွင် အလင်းရင်းမြစ်ကိုတွေ့ရှိလိုက်ရပြီးနောက် မိုင်ယဗ်၏မျက်လုံးများက ချက်ချင်းပြူးကျယ်သွားခဲ့သည်။
မိုင်ယဗ်၏ရှေ့တွင် ရေကန်ငယ်တစ်ခုရှိနေခဲ့သည်။ထိုရေကန်၏အလယ်တွင် ကြာပန်းအစုအဝေးရှိနေခဲ့ကာ စုစုပေါင်းကြာပန်း၃၄ခုရှိနေခဲ့သည်။
"သခင်လိုချင်တာ ဒါပဲထင်တယ် "
မိုင်ယဗ်သည် တိတ်တဆိတ်အတည်ပြုလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုက ပိုမိုမြန်ဆန်လာခဲ့သည်။
ရေကန်ငယ်သည် အရွယ်အစားကြီးမားခြင်းမရှိပေ။ ရေကန်လေးသည် ခြေသုံးလှမ်းခန့်သာအကျယ်ရှိသော်လည်း အနက်မည်မျှရှိကြောင်းမသိရပေ။ ရေပေါ်၌မျောပါနေသော ကြာပန်းများသည် မွှေးကြိုင်သောရနံ့ကိုထုတ်ဖော်လျက်ရှိသည်။
မိုင်ယဗ်သည် ဘေးပတ်ပတ်လည်ကိုစစ်ဆေးကြည့်လိုက်ရာ ထူးခြားမှုတစ်စုံတစ်ရာမတွေ့ရ၍ ကျောက်စိမ်းသေတ္တာကိုထုတ်လိုက်ပြီး ကြာပန်းများအားစတင်စုဆောင်းခဲ့သည်။
တစ်ချိန်တည်းမှာပင် လှိုဏ်ဂူ၏အပြင်ဘက်၌ လူလေးယောက်သည် ကြက်သွေးရောင်တိမ်ဝံပုလွေ၏အလောင်းအားမည်သို့ခွဲဝေကြမည်ကို စတင်ငြင်းခုံနေကြသည်။
"အဟွတ်...နောက်ဆုံးမြှားချက်ကိုငါ့လူတွေကပစ်လိုက်တာလေ...ငါပြောချင်တာက ငါ့လူတွေက ကြက်သွေးရောင်တိမ်ဝံပုလွေကိုသတ်လိုက်တာပဲ"
ရှောင်ယုက ချောင်းတစ်ချက်ဆိုး၍ပြောလိုက်သည်။ သူသည်ယခုလိုအခွင့်အရေးကောင်းကို လက်လွတ်မခံလိုပေ။ အဆုံးသတ်တွင် မိုင်ယဗ်သည်လှိုဏ်ဂူတွင်းသို့ဝင်ရောက်သွားပြီဖြစ်ကြောင်း သူသတိထားမိပေသည်။ ထို့ကြောင့် မိုင်ယဗ်ထွက်လာသည်အထိတိုင်အောင် သူသည်အချိန်တစ်ခုကြာသည်ထိ ငြင်းခုံပေးရမည်ဖြစ်သည်။
"ဘာကိုပြောချင်တာလဲ...ဒါတွေအားလုံးကိုမင်းပိုင်တယ်လို့ပြောချင်နေတာလား"
လီယိုနာဒိုက ချက်ချင်းပင်သဘောမတူကြောင်းဝင်ပြောလိုက်သည်။ သူသည် ဤကောင်နှင့်ငြင်းခုံလိုသော်လည်း ရှောင်ယုသည်အရှက်မရှိသူဖြစ်ကြောင်း သိထား၍ ထိုအကြံကိုလက်လျော့လိုက်သည်။ သူသာထိုကောင်နှင့်ငြင်းခုံပါက စော်ကားခံရရုံမှလွဲ၍ အခြားမဖြစ်နိုင်ပေ။
သူတို့နှစ်ယောက် ထပ်မံ၍ကတောက်ကဆဖြစ်တော့မည်ကိုမြင်သော် နီကိုးလပ်စ်သည် ငြိမ်သက်နေ၍မရတော့သောကြောင့် အလျင်စလိုဝင်ပြောလိုက်သည်။
"ကောင်းပြီ...တော်ကြတော့...ငါတို့ကအဖွဲ့တစ်ခုတည်းမဟုတ်ဘူးလား...ဒီမှာအပြင်လူလည်းရှိနေတာကို မင်းတို့မရှက်ကြဘူးလား...မင်းတို့ပုံရိပ်ကိုလည်းဂရုစိုက်ကြအုံး"
နီကိုးလပ်စ်၏သတိပေးစကားကြောင့် သူတို့နှစ်ယောက်ကြားအငြင်းအခုံကို အချိန်မှီရပ်တန့်သွားစေခဲ့သည်။ ထိုအချိန်တွင် နီကိုးလပ်စ်က ဆက်ပြောလိုက်သည်။
"အားလုံးပဲ...ငါတို့ရဲ့ဆုလာဘ်တွေကို ပါဝင်ပတ်သတ်မှုအနည်းအများအလိုက်ခွဲဝေကြရအောင်...ဘယ်သူကပိုများများပါဝင်ပတ်သက်ခဲ့သလဲ...အဲလူကအများဆုံးရမယ်"
ဤကြက်သွေးရောင်တိမ်ဝံပုလွေ၏အလောင်းသည် မည်မျှတန်ဖိုးရှိမည်နည်း...အများဆုံးအနေဖြင့် ရွှေပြား၂သန်းခန့်သာရရှိမည့်ဖြစ်သည်။ အကယ်၍ကံမကောင်းခဲ့ပါက အနိမ့်ဆုံးရွှေပြား၁သန်းသာရရှိမှာဖြစ်သည်။
"ငါ့မှာ ထင်မြင်ချက်မရှိဘူး...ဘာပဲဖြစ်ဖြစ်ငါ့လူတွေက ဒီကြက်သွေးရောင်တိမ်ဝံပုလွေကို သတ်ဖြတ်လိုက်တာပဲ...ငါပြောပြမယ်...ဒီဖေဖေကကြက်သွေးရောင်တိမ်ဝံပုလွေကိုသတ်ဖြတ်ဖို့ ဗုံးတွေအများကြီးသုံးခဲ့တယ်...အဲ့ဗုံးတွေကတစ်ခုကိုရွှေပြား၁သိန်းတန်တယ်"
ရှောင်ယုသည် သူတို့အားစိတ်ရှုပ်ထွေးစေရန်အတွက် စကားကိုအမျိုးမျိုးပြောဆိုနေခဲ့သည်။
သူတို့အားလုံးသည် လိမ္မာပါးနပ်သောကျွမ်းကျင်သူများဖြစ်သော်လည်း ရှောင်ယု၏လှည့်ကွက်ကိုသတိမထားသည်မှာ သနားစရာပင်ဖြစ်သည်။
"မင်းတို့သိထားကြတဲ့အတိုင်း မင်းတို့မလာခင်ကတည်းက ငါတို့သြဂတ်စတတ်မိသားစုက ကြက်သွေးရောင်တိမ်ဝံပုလွေကို သတ်ဖြတ်ဖို့ကြိုးစားနေတာပဲ"
သြဂတ်စတတ်ပါတွန်က စိုးရိမ်တကြီးပြောလိုက်သည်။
မင်းတို့ဘယ်ကောင်တွေလဲ...ဘယ်ကမှန်းမသိရုတ်တရက်ထွက်လာပြီး ငါတို့ရဲ့ဆုလာဘ်တွေကိုရယူဖို့ကြိုးစားနေတာလား
"ပါတွန်...ငါ့ရဲ့ကုန်ကျစရိတ်ကအကြီးဆုံးပဲ...ဒီမှော်သံဗုံးတွေဘယ်လောက်တန်ဖိုးရှိလဲမင်းသိလား...ဒါတွေကိုတိုက်ကြီးပေါ်ကလူအနည်းငယ်ကသာ သန့်စင်ပေးနိုင်တယ်...ဒီဝံပုလွေကငါ့ကိုဗုံးတွေအများကြီးကုန်ကျစေတယ်...ငါ့ရဲ့ကုန်ကျစရိတ်ကိုပြန်မရတော့ဘူးလို့ မင်းငါ့ကိုပြောချင်တာလား"
ရှောင်ယုက ဂရုမစိုက်သောလေသံဖြင့်ပြောလိုက်သည်။ စွမ်းအားပိုမိုကြီးမားသူသည် ပိုမိုကောင်းမွန်သည့်အရာများကို ရရှိသည်မှာမထူးဆန်းလှပေ။
"သခင်လေးရှောင်ယု...ငါတို့သြဂတ်စတတ်မိသားစုရဲ့အားထုတ်မှုမရှိဘဲ မင်းလွယ်လွယ်နဲ့မလုပ်နိုင်လောက်မှာကို ငါစိုးရိမ်နေတယ်...သခင်လေးကကြင်နာတတ်သူတစ်ယောက်ဖြစ်နိုင်မလား...ငါသံသယဖြစ်မိတယ်"
ပါတွန်သည် ရှောင်ယု၏စကားကြောင့် စိတ်တိုသွားပုံရပြီး အေးစက်စွာပြောလိုက်သည်။
ရှောင်ယုကအနည်းငယ်ဒေါသထွက်သွားခဲ့သည်။ ဤကောင်သည် သူ့အားမျက်နှာသာအနည်းငယ်ပင်မပေးခဲ့ချေ။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့၏ မျက်နှာအမူအရာသည်လည်း အလွန်ကောင်းမွန်နေခြင်းမရှိပေ။ အဆုံးသတ်တွင် သူတို့သည်အသင်းတစ်ခုတည်းမှဖြစ်သည်။ သြဂတ်စတတ်ပါတွန်သည် ရှောင်ယုအားဤသို့မချေမငံဆက်ဆံခြင်းက သူတို့အားလည်းအလေးမထားရာရောက်ပေသည်။
"ဒီဖေဖေက အရာအားလုံးကိုသိမ်းပိုက်ချင်တယ်ဆိုရင်တောင်မှ မင်းကငါ့ကိုတားဆီးဖို့နည်းလမ်းရှိလား သြဂတ်စတတ်ပါတွန်...မင်းရဲ့လူတွေကိုအားကိုးချင်တာလား"
ရှောင်ယုကစိတ်မရှည်သောလေသံဖြင့် ပြောလိုက်သည်။
ရှောင်ယု၏စကားအဆုံးတွင် သြဂတ်စတတ်ပါတွန်သည် တိတ်ဆိတ်သွားခဲ့သည်။ သူ့လူများ၏အကူအညီဖြင့်ပင် သူသည်ရှောင်ယုအားတွန်းလှန်ရန်မလုံလောက်ပေ။ သူ့ထံတွင် ဆဌမအဆင့်နှင့်နီးကပ်နေသည့်ကျွမ်းကျင်သူရှိနေသော်လည်း သူဘာတတ်နိုင်မည်နည်း။
ရှောင်ယု၏ပင်မစွမ်းအားသည် အခြေခံအားဖြင့် ပဥ္စမအဆင့်ကျွမ်းကျင်သူများဖြင့်သာ ဖွဲ့စည်းထားသည်။ ထို့ပြင် ရှောင်ယု၏အဖွဲ့မှ ပဥ္စမအဆင့်ကျွမ်းကျင်သူများသည် အထွတ်အထိပ်ပဥ္စမအဆင့်နှင့်ညီမျှ၍ တိုက်ပွဲသာဖြစ်ပွားလာပါက ပါတွန်တို့အဖွဲ့သည် ချက်ချင်းပျက်စီးသွားမည်ဖြစ်သည်။
Thank For Reading.