← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

လက်ရှိအချိန်တွင် နေရောင်ခြည်မှာ အလွန်တောက်ပနေသော်လည်း ရှောင်းယီသည် ပင်လယ်ပြင်ရှိ ရာသီဥတုမှာ အမြဲတမ်း ဤကဲ့သို့သာယာလှပနေလိမ့်မည်ဟု မထင်ပေ။

ပစ္စည်းသေတ္တာနှစ်လုံးကို ဗဟိုနေရာသို့ ဆွဲယူသွားပြီးနောက် ရှောင်းယီသည် ယင်းတို့ကို တစ်စစီဖြုတ်ပစ်ရန် ပြင်ဆင်လိုက်၏။

“ဘုန်း!”

ရှောင်းယီသည် ပစ္စည်းသေတ္တာ၏ ဘေးတစ်ဖက်သို့ ကန်ထုတ်လိုက်သည်။

“ဟစ်!”

ပစ္စည်းသေတ္တာသည် အကန်ခံလိုက်ရသော်လည်း လုံးဝကျိုးပဲ့မသွားဘဲ ရှောင်းယီ၏ ခြေထောက်သည်သာ ထုံကျင်သွားခဲ့သည်။

“အရမ်းမာတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“နောက်တစ်ခေါက်လာမယ်။”

“ဘုန်း! ဘုန်း!”

ရှောင်းယီ မည်သို့ပင်ထုနှက်နေစေကာမူ ထိုပစ္စည်းသေတ္တာကို ဖွင့်၍မရခဲ့ပေ။

“ဟူး မေ့လိုက်တော့။”

ရှောင်းယီသည် သူ၏နာကျင်နေသော ခြေဖဝါးကို ခါလိုက််ပြီး နောက်ဆုံးတွင် လက်လျှော့လိုက်၏။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အမှီပြုကာ ပစ္စည်းသေတ္တာနှစ်လုံးကို ဘေးနှစ်ဖက်တွင် ပိတ်ဆို့ထားခြင်းဖြင့် ပင်လယ်လေကို အရပ်မျက်နှာသုံးခုမှ ကာကွယ်နိုင်မည်ဖြစ်သည်။ ယခုအချိန်တွင် ဤအတိုင်းပင် ဖြတ်သန်းကြည့်ရပေလိမ့်မည်။

ရှောင်းယီသည် ဗလာဖြစ်နေသော ပစ္စည်းသေတ္တာနှစ်လုံး၏ကို နေရာတကျ စီစဉ်ပြီးသည်နှင့် အလိုအလျောက်ငါးဖမ်းပိုက်မှ ပစ္စည်းသေတ္တာဖမ်းမိကြောင်း အချက်ပေးသံ ထပ်မံမြည်ဟီးလာခဲ့သည်။

“သုံးလုံးရှိပြီ။ ဒီကမ္ဘာပေါ်မှာ ပစ္စည်းသေတ္တာအများဆုံးရတဲ့သူက ငါပဲဖြစ်မယ်ထင်တယ်။”

ရှောင်းယီသည် ထိုသို့တွေးလိုက်ပြီးနောက် ပစ္စည်းသေတ္တာကို ဖွင့်ကြည့်လိုက်၏။

“ရရှိသောပစ္စည်းများ - ဖန် ၄၊ သတ္တုပြား ၂၊ ပန်းသီး (A အဆင့်) ၂၊ မြေဆီလွှာ (A အဆင့်) ၁”

“ပန်းသီးနဲ့ မြေဆီလွှာတွေမှာလည်း အဆင့်တွေရှိတာပဲလား။”

ရှောင်းယီသည် ဤအကြိမ် ပစ္စည်းသေတ္တာဖွင့်ရာမှ ရရှိလာသော ပစ္စည်းများကို အံ့အားသင့်စွာ ကြည့်ရှုလိုက်၏။

“အဆင့်သတ်မှတ်ချက်မရှိသော ပစ္စည်းများသည် အခြေခံပစ္စည်းများဖြစ်ပြီး D အဆင့်ဟု အကြမ်းဖျင်းသတ်မှတ်ထားသည်။”

စနစ်၏ အဖြေကိုကြားသောအခါ ရှောင်းယီ ရှုပ်ထွေးစွာဘမေးမြန်းလိုက်မိသည်။

“အဆင့်သတ်မှတ်ထားတဲ့ ပန်းသီးဆိုတာက ဘာကိုဆိုလိုတာလဲ။ အရသာကွဲပြားသွားတာလား။”

“အဆင့်မြင့်အစားအစာများသည် ပိုမိုကောင်းမွန်ပြီး အရသာရှိသည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာကိုလည်း မြှင့်တင်ပေးနိုင်သည်။”

“တကယ့်အံ့ဖွယ်ပဲ။”

ရှောင်းယီသည် အံ့အားသင့်စွာ ပြောလိုက်၏။ ထို့နောက် ပန်းသီးတစ်လုံးကို ကောက်ယူကာ တစ်ကိုက်ကိုက်လိုက်သည်။

ပန်းသီး၏ရနံ့သည် သူ၏လျှာဖျားအတွင်း ပျံ့နှံ့သွားပြီးနောက် နှုတ်ခမ်းနှင့် သွားများတွင် ကပ်ငြိသွားခံ့သည်။ မဖော်ပြနိုင်သော အရသာတစ်ခုသည် နှလုံးသားထဲသို့ စီးဆင်းလာ၏။

“ငါအရင်က စားဖူးတဲ့ ပန်းသီးတွေထက် ပိုအရသာရှိတယ်။ ဒါကို နတ်သစ်သီးလို့ ခေါ်သင့်တယ်။”

ရှောင်းယီသည် မျက်လုံးများပြူးကျယ်ကာ ပြောလိုက်သည်။

ပန်းသီးတစ်လုံးစားပြီးနောက် သူသည် ခြေ၊လက်များသို့ အပူစီးကြောင်းတစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။

“နေလို့ကောင်းလိုက်တာ။”

ရှောင်းယီသည် အလွန်အမင်း စိတ်လှုပ်ရှားသွား၏။

သူ့လက်ထဲရှိ ပန်းသီးအူတိုင်ကို ကြည့်ရင်း ရှောင်းယီသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် နှစ်ခြမ်းခွဲလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် ပန်းသီးစေ့များ ပေါ်လာခဲ့လေသည်။

“ရရှိသောပစ္စည်းများ - ပန်းသီးစေ့ (A အဆင့်) ၂”

“တကယ်ကို ပန်းသီးစေ့တွေ ရနိုင်တာပဲ။”

ရှောင်းယီ ပျော်ရွှင်စွာ တွေးမိလိုက်၏။

အဘယ်ကြောင့်ဆိုသော် ပစ္စည်းသေတ္တာဖွင့်စဉ်က A အဆင့်မြေဆီလွှာတစ်ခု ရရှိခဲ့သောကြောင့် ရှောင်းယီတွင် ဤသို့အတွေးများရှိခဲ့သော်လည်း အမှန်တကယ်ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

“မြေဆီလွှာ (A အဆင့်) – A အဆင့်နှင့် အောက်ရှိ အပင်များ ကြီးထွားရန် သင့်တော်ပြီး A အဆင့်အပင်တစ်ရှူးများမှတစ်ဆင့် မြေဆီဩဇာကို ထိန်းသိမ်းနိုင်သည်။ A အဆင့်အောက် အပင်များကို ဆက်လက်စိုက်ပျိုးပါက မြေဆီလွှာ၏အဆင့် ကျဆင်းသွားမည်။”

ရိုးရိုးရှင်းရှင်းနားလည်အောင် ပြောရမည်ဆိုလျှင် A အဆင့်အပင်များကို စိုက်ပျိုးပါက အပင်များရင့်မှည့်သောအခါ အသီးများကို ခူးယူပြီး အမြစ်၊ ပင်စည်နှင့် အရွက်များကို မြေထဲတွင် တိုက်ရိုက်မြုပ်နှံပါက မြေဆီဩဇာကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ မြေဆီလွှာ၏အဆင့်ကို ထိန်းသိမ်းနိုင်ပေလိမ့်မည်။

B အဆင့် သို့မဟုတ် ၎င်းအဆင့်အောက်ရှိ အပင်များကို စိုက်ပျိုးပြီး အလားတူလုပ်ဆောင်ပါက မြေဆီလွှာ၏အဆင့်သည် B အဆင့် မသို့ဟုတ် ၎င်းအောက်သို့ မကြာမီ ကျဆင်းသွားမည်ဖြစ်သည်။

“စိုက်ပျိုးလို့ရတယ်ဆိုရင် ဒီကျွန်းပေါ်က မြေဆီလွှာဆိုရင်ကော အဆင်ပြေလောက်မလား။”

ရှောင်းယီသည် ကျွန်းပေါ်ရှိ မြေဆီလွှာကို ကြည့်လိုက်၏။

“သဲကန္တာရမြေဆီလွှာ - သီးနှံပင်များ ကြီးထွားရန် လုံးဝမသင့်တော်ပါ၊ အချို့သော သစ်ပင်နှင့် ချုံပုတ်များသာ ကြီးထွားနိုင်သည်။”

“ပစ္စည်းသေတ္တာထဲမှာ မြေဆီလွှာပါတာ အံ့အားသင့်စရာမဟုတ်တော့ဘူး။ ဒီကျွန်းပေါ်မှာ မြေဆီလွှာကလည်း ပစ္စည်းတစ်မျိုးပဲ။”

ရှောင်းယီ တိတ်တဆိတ် ရေရွတ်လိုက်၏။

သူသည် ပစ္စည်းသေတ္တာထဲရှိ အရာအားလုံးကို ထုပ်ပိုးပြီး သူ၏အသိုက်ငယ်လေးထဲတွင် ထားလိုက်သည်။ ထို့နောက်ညရှောင်းယီသည် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ကို ကြည့်လိုက်လေသည်။

“အခြားပစ္စည်းသေတ္တာတွေ မရှိတော့ဘူးထင်တယ်။”

ရှောင်းယီသည် ညည်းညူလိုက်ပြီးနောက် အလိုအလျောက်ငါးဖမ်းပိုက်ဘေးသို့ သွားကာ ပရိုဂရမ်ကို ပြောင်းလဲသတ်မှတ်လိုက်သည်။

ငါးဖမ်းပိုက်များကို ပစ်မှတ်အတည်တကျမရှိဘဲ

လမ်းကြောင်းအတိုင်း တစ်မီတာလျှင် နှစ်ကြိမ်စီ လှည့်လည်စေလိုက်သည်။

ပေါင်မုန့်တစ်ခုနံ့ ချောကလက်တစ်ချပ်က လယမလုံလောက်မှာကို ကြောက်မိတယ်။ ငါးတွေ ဖမ်းလို့ရမလား ကြည့်ကြည့်တာပေါ့။

ရှောင်းယီသည် စမ်းသပ်မှုတစ်ခုကိုသာ ပြုလုပ်နေခဲ့ခြင်းဖြစ်ပြီး သူ၏ကိုယ်ပိုင်အားကို အသုံးမပြုခဲ့ရပေ။

ထိုပန်းသီးကို စားပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားများပြည့်နှက်နေသည်ဟု ခံစားနေရ၏။

ယခင်က ထိုပစ္စည်းသေတ္တာအလွတ်များကို ရွှေ့ရာတွင် အခက်အခဲရှိခဲ့သော်လည်း ယခုအခါ ရှောင်းယီသည် ထိုပစ္စည်းသေတ္တာများကို အလွယ်တကူ ရွှေ့နိုင်နေပြီဖြစ်သည်။

“ငါ့မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့သူတွေလို ကိုယ်ခန္ဓာမျိုး ရသွားပြီထင်တယ်။”

ရှောင်းယီ တိတ်တဆိတ် နှိုင်းယှဉ်ကြည့်လိုက်၏။

ဒီဒီဒီ!

အလိုအလျောက်ငါးဖမ်းပိုက်၏အသံမှာ နောက်တစ်ကြိမ်မြည်လာခဲ့ပြန်သည်။ ထိုအသံမှာ တစ်စုံတစ်ခု ဖမ်းမိသွားပြီဟု ဆိုလိုခြင်းပင်။

ရှောင်းယီသည် ချက်ချင်းပင် ငါးဖမ်းပိုက်ဘေးသို့ လျှောက်သွားပြီးနောက် ငါးဖမ်းပိုက်ထဲတွင် ငါးနှစ်ကောင် ရှိနေသည်ကို တွေ့လိုက်ရလေသည်။

“ငါးမုတ် - A အဆင့်ပါဝင်ပစ္စည်း၊ အကောင်းဆုံး ငါးမုတ်အမျိုးအစားဖြစ်သည်။ မည်သည့်ပါဝင်ပစ္စည်းမှ မထည့်ဘဲ ကင်စားလျှင်ပင် အလွန်အရသာရှိသည်။”

“ငါးတကယ်ဖမ်းမိလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ အနည်းဆုံးတော့ ငတ်ပြတ်သေမှာကို ပူစရာမလိုတော့ဘူး။”

ရှောင်းယီ ရေရွတ်လိုက်၏။

သို့သော် သူသည် မီးမွှေးရန် ကိရိယာနှင့် ပစ္စည်းများ မရှိသေးကြောင်း ချက်ချင်းပင် သတိရသွားခဲ့လေသည်။

ဒါမှမဟုတ် ကျောက်တုံးနှစ်တုံးနဲ့ မီးပွားဖြစ်အောင် လုပ်ရမှာလား။

ထိုအကြောင်းကို တွေးမိပြီးနောက် ရှောင်းယီ စိတ်ဆင်းရဲသွား၏။ ကျွန်းပေါ်ရှိ သစ်ပင်များတွင်လည်း သေနေသောအပင်များမရှိပေ။ မီးဆွဲစေရန်မှာ မြက်ခြောက်များကို အသုံးပြုရမည်ဖြစ်သည်။

သစ်ကိုင်းများကို ချိုးပစ်မည်ဆိုလျှင်ပင် အခြောက်ခံရန် ရက်အနည်းငယ် ကြာမည်ဖြစ်သည်။

အစိမ်းစားရမှာလား။

ရှောင်းယီသည် ရှားနိုင်ငံသားစစ်စစ်တစ်ဦးဖြစ်ပြီး အစိမ်းစားမည်မဟုတ်ပေ။ ၅ ကတ်တီခန့်ရှိသော ငါးမုတ်နှစ်ကောင်ကို ကြည့်ရင်း သူ သက်ပြင်းချလိုက်မိ၏။ ၎င်းတို့ကို ငါးဖမ်းပိုက်ထဲမှ ထုတ်ယူထားသော ပိုက်ကွန်ကြိုးဖြင့် ချည်နှောင်လိုက်ပြီးနောက် ပစ္စည်းသေတ္တာအလွတ်တစ်လုံး၏ဘေးတွင် ချိတ်ဆွဲထားလိုက်သည်။

အချို့နိုင်ငံများရှိ လူများသည် အစိမ်းစားခြင်းကို ကျင့်သုံးတတ်ကြသောကြောင့် ပြဿနာမရှိပေ။ အစိမ်းစားခြင်းမှတစ်ဆင့် မည်သည့်အရာမှ မဖြစ်ပွားဖူးပေ။ အကယ်၍ အစားအသောက်မှ ပြဿနာတစ်စုံတစ်ရာဖြစ်ပါက ဤနေရာတွင် ဆေးရုံလည်းမရှိပေ။

ငါးများကို ချိတ်ဆွဲပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားကာ အသုံးဝင်သော သတင်းအချက်အလက်များ ရှိ၊မရှိ ကြည့်လိုက်သည်။

“ငါ တကယ်ပဲ ပစ္စည်းသေတ္တာကို မရနိုင်တော့ဘူး။ တစ်ယောက်လောက် ငါ့ကို အစားအစာနည်းနည်းလောက်စွန့်ကျဲကြပါ။”

“ငါက မြို့တော်ရဲ့ နံပါတ်တစ် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး တန်ဖိုး ၁၀ ဘီလီယံရှိတယ်။ တစ်ယောက်လောက် ငါ့ကို အစားအစာနည်းနည်းပေးမယ်ဆိုရင် ငါရဲ့ ပစ္စည်းဥစ္စာအချို့ကို ပေးပါ့မယ်။”

“၁၀ ဘီလီယံတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ မင်းက ဒီကနေပြန်နိုင်မှာမို့လို့လား။ ငါတို့ကရော ပြန်နိုင်မှာလား။ မပြန်နိုင်ဘူးဆိုရင် မင်းရဲ့စည်းစိမ်အားလုံးက ပေါင်မုန့်တစ်ချပ်လောက်တောင် တန်ဖိုးမရှိဘူးကွ။”

“ကျွန်မက ပေကျင်းမြို့တော်ရဲ့ နံပါတ်တစ် အင်တာနက်ဆယ်လီပါ။ အကယ်၍ တစ်ယောက်ယောက် ကျွန်မကို အစားအစာနဲ့ ရေပေးမယ်ဆိုရင် အနာဂတ်မှာ သူက ကျွန်မကို ဘာမဆို လုပ်နိုင်တယ်။”

“မင်းက တကယ်ပဲ ပေကျင်းမြို့တော်ရဲ့ နံပါတ်တစ် အင်တာနက်ဆယ်လီ လက်ဖက်ရည်မယ်လေးလား။”

“ဟုတ်ပါတယ်။ အစ်ကိုကြီးမှာ အစားအစာနဲ့ ရေရှိလား။ ညီမလေးရေအရမ်းဆာနေပြီလို့ ညီမလေးကို ဆုချပေးပါလား။”

“ထွက်သွားစမ်း! ငါ့မှာ ခုထိဘာမှမရှိသေးဘူး။ ရှိရင်တောင် မင်းကိုမြင်ပြီးမှ ဆက်ပြောမယ် ဟီးဟီး!”

ရှောင်းယီသည် အများသုံးချန်နယ်ပေါ်ရှိ စကားဝိုင်းကို ကြည့်ရင်း စဉ်းစားသုံးသပ်ကြည့်လိုက်သည်။

“လူတိုင်းကို ဒီနေရာကို ပစ်ချလိုက်တာပဲ။ သူမလည်း ဒီနေရာမှာ ရှိမလားဆိုတာ သိချင်မိတယ်။”

ထိုအတွေးဖြင့် ရှောင်းယီသည် ပထမဆုံးအနေဖြင့် စိတ်မထိန်းနိုင်တော့ဘဲ အများသုံးချန်နယ်ပေါ်တွင် စကားပြောရန် သူ၏အိုင်ဒီကို ယီရန်ပင်းဟု သတ်မှတ်လိုက်သည်။ ဤအိုင်ဒီမှာ သူ၏ တက္ကသိုလ်လေးနှစ်တာ အသုံးပြုခဲ့သော နာမည်ဖြစ်သည်။

“အန်းရန် ဒီစာကို မင်းမြင်ရင် ကျေးဇူးပြု၍ သီးသန့်ဆက်သွယ်ပါ။”

သို့သော် မကြာမီမှာပင် သူ၏စာတိုသည် အခြားအရာများဖြင့် ဖုံးလွှမ်းခြင်းခံလိုက်ရလေသည်။ ရှောင်းယီသည် နောက်တစ်ကြိမ် ပြောဆိုရန် ကြိုးစားလိုက်သောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စကားပြောဆိုနိုင်သည့်အချိန်မှာ အတော်တိုတောင်းကြောင်း တွေ့ရှိလိုက်ရ၏။

ကျေးဇူးပြု၍ ခဏစောင့်ပါ!

ဤသည်မှာ စခရင်ကို ဖုံးအုပ်သွားခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

အန်းရန်သည် ရှောင်းယီ၏ တက္ကသိုလ်လေးနှစ်တာ ချစ်သူဖြစ်သည်။ ဘွဲ့ရပြီးနောက် အန်းရန်သည် ရှောင်းယီအား သူ၏မိသားစုလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်စေချင်ခဲ့၏။

သို့သော် အန်းရန်၏ မိသားစုနောက်ခံကို သိရှိလိုက်ရသောအခါ ရှောင်းယီသည် အလုပ်တွင် သိမ်ငယ်စိတ်ကြောင့်လော သို့မဟုတ် နားမလည်နိုင်သော သူ၏မာနကြောင့်လောမသိရဘဲ ငြင်းဆန်ကာ သူ့လက်မှအစပြု၍ အန်ရန်နှင့် လမ်းခွဲခဲ့မိလေသည်။

ယခင်မျိုးဆက်များ၏ အတားအဆီးငြင်းပယ်ခြင်းများလည်းမရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အန်းရန်၏ မိဘများသည် ရှောင်းယီကို အလွန်ပင်သဘောကျကြသည်။

ရှောင်းယီသည် သက်ပြင်းချလိုက်ပြီး အန်းရန်၏ နူးညံ့သိမ်မွေ့မှုကို တွေးလိုက်မိ၏။ သူမသည် ဤနေရာတွင် အသက်ရှင်ရန်အတွက် အလွန်ခက်ခဲမည်ဖြစ်သည်။

“ငါ အသက်ရှင်ရမယ်။ ပြီးရင် မင်းကိုရှာမယ်။ ငါ့ကိုစောင့်‌နေပါ။

All Chapters