ဘက်စုံသုံးကိရိယာသေတ္တာ
Vol. 1 Ch. 4
လက်မှတ်ထိုးဝင်ခြင်းစနစ်ဖြင့် ရှောင်းယီသည် အသက်ရှင်နိုင်မည်ဟု ယုံကြည်ချက်ရှိပြီး အန်းရန်နှင့် အမြန်ဆုံး ဆက်သွယ်နိုင်ရန်သာ မျှော်လင့်မိနေခဲ့သည်။
သို့သော် အန်းရန်နှင့် ဆက်သွယ်မိလျှင်ပင် သူမမည်သည့်နေရာတွင် ရှိနေသည်ကို ပြောနိုင်ရန်မှာ ခက်ခဲခက်ခဲလှပေသည်။
ရှောင်းယီသည် ဖြစ်နိုင်သမျှအမြန်ဆုံး သင်္ဘောတစ်စီးကြီးကို တည်ဆောက်နိုင်ရမည်ဖြစ်ပြီး ပင်လယ်ထဲတွင် ရွက်လွှင့်ကာ သူမရှိရာနေရာကို ရှာဖွေရမည်ဖြစ်သည်။
ထို့ကြောင့် သူ့အတွက် ရှေ့ဆက်လျှောက်လှမ်းရန် ခရီးအရှည်ကြီး ရှိသေး၏။ အန်းရန်သည် သူ၏စာကို အမြန်ဆုံးမြင်နိုင်ရန်သာ ဆုတောင်းရပေမည်။ ပြီးလျှင် သူသည် သူ့ကိုယ်သူ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး သင်္ဘောကြီးတည်ဆောက်နိုင်သည့် အခြေအနေများကို အမြန်ဆုံးဖန်တီးရပေလိမ့်မည်။
ထိုအချိန်တွင် ကောင်းကင်ကြီးသည် တဖြည်းဖြည်းမည်းမှောင်လာပြီး ပင်လယ်လေများသည်လည်း တဖြူးဖြူး တိုက်ခတ်လာ၏။ ရှောင်းယီသည် အေးစိမ့်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ရသည်။
“မိုးချုပ်သွားပြီ။ အရမ်းအေးလာတယ်။”
“မီးမွှေးဖို့ အရမ်းခက်တာပဲကွာ။”
“ကျွန်းပေါ်က ဒီပစ္စည်းလေးတွေလောက်နဲ့ ငါ မင်းကို မီးမွှေးဖို့ ကြိုးစားမနေဖို့ အကြံပေးချင်တယ်။ အဲ့ဒါက အကျိုးမရှိဘူး။ အချိန်ရရင် တွင်းတစ်တွင်းတူးပြီး ဝင်အိပ်လိုက်တာက ပိုပြီးလက်တွေ့ကျတယ်။”
“ကိုယ့်ကိုယ်ကို မြေမြုပ်ပစ်ရမှာလားဟ။”
“မင်းမှာ ဦးနှောက်မရှိဘူးလား။ တွင်းတစ်တွင်းတူး ပြီးရင်ဝင်နေလိုက်။ အနည်းဆုံးတော့ အရမ်းအေးတော့မှာမဟုတ်ဘူး။”
“ဒီကျွန်းလေးကို တွင်းတူးလိုက်မယ်ဆိုရင် မြုပ်သွားလောက်မလား။”
“ငါစမ်းကြည့်ပြီးပြီ ဖြစ်နိုင်ခြေမရှိဘူး။”
“မင်းဘယ်လိုတူးလိုက်တာလဲ။ လက်နဲ့လား။”
“မင်းမှာကြိုးစားချင်စိတ်ရှိရင် လက်နဲ့တင်မကဘူး ခြေထောက်နဲ့လည်းရတယ်။”
“ငါရေအရမ်းငတ်နေပြီ။ မြေကြီးတူးဖို့အားမရှိဘူး။ ဘာလုပ်ရမလဲ။”
“အဲ့ဒါတော့ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်လေ။ ဘာပဲပြောပြော နောက်တစ်နေ့ကျ အအေးမိပြီးအဖျားဝင်ရင် သေဖို့ စောင့်နေရုံပေါ့။”
ရှောင်းယီသည် ပစ္စည်းသေတ္တာအလွတ်ထဲတွင် ထိုင်ရင်း ထိုလူများစကားပြောနေသည်ကို ကြည့်ရှုနေခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အပါအဝင် ပစ္စည်းသေတ္တာသုံးလုံးသည် လေးဖက်လေးတန်တွင် ပိတ်ဆို့ကာရံထားပြီး သီးခြားနေရာတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် ရှောင်းယီသည် ပစ္စည်းသေတ္တာအလွတ်တစ်လုံးထဲတွင် ဝင်ထိုင်လိုက်၏။
သူ၏ခြေထောက်များကို အပြင်ဘက်တွင် ထုတ်ထားရသော်လည်း ၎င်းသည် အနည်းဆုံးတော့ လေဒဏ်၊ မိုးဒဏ်မှ ကာကွယ်နိုင်သော နေရာကောင်းတစ်ခုအဖြစ် မှတ်ယူ၍ရပေသည်။ သို့သော်လည်း သေတ္တာသည် အလွန်မာကျောပြီး သက်တောင့်သက်သာမရှိပေ။
လက်နှစ်ဖက်ဖြင့် တွင်းတူးပြီး ပုန်းအောင်းနေရသူများနှင့် နှိုင်းယှဉ်ပါက သူသည် အလွန်သာလွန်နေဆဲပင်။
အများသုံးချန်နယ်ပေါ်တွင် ရေနှင့် စားစရာတောင်းခံသူများ ပိုမိုတိုးပွားလာသည်ကို မြင်သောအခါ ရှောင်းယီသည် အချိန်တစ်ခုအထိ သူတို့သည် မည်သည့်ထောက်ပံ့မှုကိုမှ ရရှိလိမ့်မည်မဟုတ်ကြောင်း သိလိုက်ရလေသည်။ ဤသို့သာဆိုလျှင် ထိုလူများသည် အဆုံးမရှိသော သံသရာထဲသို့ ကျရောက်သွားမည်ဖြစ်ပေသည်။
ပိုမိုဆာလောင်လာသည်နှင့်အမျှ ပစ္စည်းသေတ္တာများကို ဖမ်းယူရန်အတွင် အားအင်များကင်းမဲ့လာမည်ဖြစ်၏။ ပစ္စည်းသေတ္တာများကို မရရှိနိုင်ပါက ပိုမို၍ပင် ဆာလောင်ရပေလိမ့်မည်။
“ဒါက တကယ်ကို အသက်အန္တရာယ်ရှိတယ်။”
ရှောင်းယီသည် မျောက်မှောင်ကြုံ့လိုက်မိပြီး တီးတိုးရေရွတ်လိုက်မိသည်။ သို့သော် ယခုအချိန်တွင် သူကိုယ်တိုင်လည်း အများကြီးမလုပ်နိုင်သေးပေ။
အခြားသူများကို ကူညီရန်ကိုမူ ရှောင်းယီသည် တွေးပင်မတွေးထားပေ။ သူသည် သူကိုယ်တိုင်ပင် နေ့ရက်မည်မျှ အသက်ရှင်နိုင်မည်ကို မသိချေ။
ရှောင်းယီသည် တွေဝေငေးမောရင်းဖြင့် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့တော့သည်။
နောက်တစ်နေ့တွင် ရှောင်းယီသည် ကမ်းစပ်ရှိ လှိုင်းခတ်သံများကြောင့် နိုးလာခဲ့၏။ ထို့နောက် သူသည် ပစ္စည်းသေတ္တာအလွတ်များကို ဖယ်ရှားလိုက်သည်။ မနေ့က တည်ငြိမ်နေခဲ့သောပင်လယ်ရေသည် ယနေ့၌ ဖြည်းဖြည်းချင်း မြင့်တက်လာနေ၏။
“ဒီလို ရေတက်လာပုံမျိုးနဲ့ဆိုရင် ငါ့ကျွန်းလေးက နေ့လယ်အထိတောင် ခံပါ့မလား။”
ရှောင်းယီသည် ကြောက်ရွံ့မှုအနည်းငယ်ကိုပင် ခံစားလိုက်ရသည်။
“ဒီဒီဒီ!”
ထိုစဉ် အလိုအလျောက်ငါးဖမ်းပိုက်မှ အချက်ပေးသံ မြည်လာခဲ့သည်။ ရှောင်းယီသည် စိုးရိမ်စိတ်များကို ခဏတာဖယ်ထားပြီး သွားကြည့်လိုက်သောအခါ ပြီးခဲ့သည့်ညက ငါးသုံးကောင်ကျောက် ထပ်မံဖမ်းမိသည်ကို တွေ့လိုက်ရပြီး ၎င်းတို့အားလုံးမှာ သာမန်ပင်လယ်ငါးများဖြစ်ပေသည်။
“ရိတ်သိမ်းမှုက ကောင်းသားပဲ။ အနည်းဆုံးတော့ စားစရာအတွက် စိတ်ပူစရူမလိုတော့ဘူး။ ဒါပေမယ့် မီးမွှေးဖို့ကိရိယာတွေမရှိတာတော့ ရင်နာစရာပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်သားပဲ။ စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ဘက်စုံသုံးကိရိယာသေတ္တာ။”
“ဘက်စုံသုံးကိရိယာသေတ္တာ [S အဆင့်] - ဖြတ်တောက်ခြင်း၊ ထုရိုက်ခြင်း၊ တူးဆွခြင်း၊ မီးရှို့ခြင်းစသဖြင့် အရာအားလုံး ပြုလုပ်နိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ ကိုယ်တိုင်လုပ်ဆောင်ရန် လိုအပ်ပြီး အလိုအလျောက်လုပ်ဆောင်မှု မပါဝင်ပေ။”
ရှောင်းယီသည် ချက်ချင်းပင် စနစ်သိုလှောင်ခန်းမှ ထိုအရာကို ထုတ်ယူလိုက်ပြီးနောက် သူ့အရှေ့၌ ခရီးဆောင်အိတ်တစ်လုံး ထွက်ပေါ်လာခဲ့လေသည်။
ထိုအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင်ရှိနေသော ကိရိယာများသည် သူ့ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ ဘစုံသုံးဓားများ၊ တူများ၊ သံကြိုးလွှများ၊ မီးခြစ်များ၊ လျှပ်စစ်လွှများနှင့် အခြားအရာများ စွာ ပါဝင်ပေသည်။
“မီးခြစ်ရှိရင် မီးဖိုလို့ရပြီ။”
ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ကဲ အရင်ဆုံး ငါးကင်လိုက်ကြတာပေါ့။”
သူသည် ကိရိယာအိတ်ထဲမှ ကတ်ကြေးတစ်ချောင်းကို ထုတ်ယူပြီး သာမန်ပင်လယ်ငါးတစ်ကောင်ကို ဖြတ်တောက်လိုက်သည်။ သူသည် ယခင်က ငါးများအား မည်ကဲ့သို့ကိုင်တွယ်ရမည်ကို မသိသောကြောင့် ငါး၏ဝမ်းထဲရှိ ကလီစာများအားလုံးကို ထုတ်ပစ်ပြီး ပင်လယ်ထဲသို့ လွှင့်ပစ်လိုက်လေသည်။
ထို့နောက် သစ်သားတစ်ပိုင်းကိုယူပြီး ကိရိယာအိတ်ထဲမှ မီးခြစ်ဖြင့်မီးမွှေးကာ ကိုင်းပြီးသား ပင်လယ်ငါးကို တံစို့ထိုးပြီး ကင်လိုက်လိုက်သည်။
ပထမဆုံးအကြိမ် ငါးကင်ရာတွင် ကျွမ်းကျင်မှုမရှိသောကြောင့် ငါးကင်မကျက်မီမှာပင် သစ်သားတစ်ခုလုံး မီးလောင်သွားပြီး ငါးတစ်ခြမ်းမှာ မည်းတူးသွားလေတော့သည်။
မည်းနက်သွားသော ငါးတစ်ခြမ်းကို ကြည့်ရင်း ရှောင်းယီ အနည်းငယ် မျှော်လင့်ချက်မဲ့သွားခဲ့၏။ သူသည် အခြားတစ်ဖက်ကိုသာ အရင်စားလိုက်ရလေသည်။
အရသာမှုန့်များမရှိသော်လည်း ငါး၏အသားသည် နူးညံ့ပြီးချောမွေ့ကာ ရှောင်းယီ၏ အစာစားချင်စိတ်ကို ကျေနပ်စေခဲ့ပြီး အရိုးလည်းနည်းပေသည်။
ငါးကင်တစ်ဝက်ကို စားလိုက်ပြီးနောက် ရှောင်းယီ၏အစာအိမ်သည် ၆၀% လောက်ပြည့်သွားခဲ့ပြီး စားနေခြင်းကို ရပ်တန့်လိုက်လေသည်။
ယခုအချိန်တွင် စားစရာရှိသည်ဆိုသော်လည်း ဗိုက်ပြည့်အောင် စား၍မရပေ။ ကျန်သည့်အရာများကို သိမ်းထားရမည်ဖြစ်သည်။
ကျန်တစ်ဝက်မှာလည်း မီးလောင်နေသေးသည်။
ထို့နောက် သူသည် ငါးကင်အကြွင်းအကျန်များကို ရှင်းလင်းလိုက်၏။
“ရရှိသောပစ္စည်းများ - မီးသွေး ၂။”
“ဒါက ရေသန့်စက်လုပ်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းမဟုတ်ဘူးလား။”
ရှောင်းယီသည် အံ့အားသင့်စွာဖြင့် မီးသွေးနှစ်ချောင်းကိုကောက်ယူကာ သိမ်းဆည်းလိုက်လေသည်။
ရေသန့်စက်အတွက် မီးသွေး ၈ ခုလိုအပ်သည်။ ဆိုလိုသည်မှာ သစ်သား သုံးချောင်းခန့် ထပ်မံမီးရှို့ရန် လိုအပ်နေသေးသည်။
ရှောင်းယီသည် ရေ ၅၀၀မီလီလီတာ တစ်ပုလင်းကို ထုတ်ယူကာ တစ်ငုံမော့သောက်လိုက်ပြီး အဝေးရှိ ပင်လယ်ပြင်ကြီးကို ကြည့်နေခဲ့မိသည်။
“အသက်ရှင်အောင်ရုန်းကန်ဖို့ ဖိအားသာမရှိရင် ဒီလိုကျွန်းပေါ်မှာ နေရတာ အရမ်းကောင်းမှာပဲ။”
ရှောင်းယီက ညည်းတွားလိုက်၏။
“ဟမ် နောက်ထပ် ပစ္စည်းသေတ္တာတစ်လုံး ရှိနေသေးတယ်။”
အဝေးတစ်နေရာတွင် ပစ္စည်းသေတ္တာတစ်လုံးသည် သူ၏ကျွန်းကို ဖြတ်သန်းနေပြီး သူ့ကိုဆွဲဆောင်နေခဲ့လေသည်။
ရှောင်းယီသည် အလိုအလျောက်ငါးဖမ်းပိုက်၏ ပရိုဂရမ်ကို ချက်ချင်းပြောင်းလဲကာ ပစ္စည်းသေတ္တာကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်၏။
“ဖျစ်! ဖျစ်!”
အလိုအလျောက်ငါးဖမ်းပိုက်မှ ငါးဖမ်းပိုက်ကြီးတစ်ခု ပျံထွက်သွားပြီး ပစ္စည်းသေတ္တာကို တိကျစွာ ဖမ်းကာ ပြန်ဆွဲယူလာခဲ့သည်။
ရှောင်းယီသည် ရှေ့သို့တိုးသွားပြီး ထိုပစ္စည်းသေတ္တာကို ဖွင့်ကြည့်လိုက်၏။
“ရရှိသောပစ္စည်းများ - ဖန် ၂၊ သတ္တုပြား ၃။”
“စားစရာမရှိဘူးလား။”
ရှောင်းယီ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ငါ့ရဲ့ကံကောင်းမှုတွေ မနေ့ကကုန်သွားပြီလား။
ပစ္စည်းသေတ္တာဖွင့်ခြင်းသည် ယခင်ကမ္ဘာက ကံစမ်းမဲနှိုက်ခြင်းနှင့်ဆင်တူပြီး မည်သူက မည်သည့်အရာများ ဖွင့်မိမည်ကို မသိနိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် လက်ရှိအချိန်၌ ရှောင်းယီ၏ အစားအစာလိုအပ်ချက်မှာ အထူးတလည် အရေးကြီးနေခြင်းမျိုး မရှိသေးပေ။
အလိုအလျောက်ငါးဖမ်းပိုက်ကို ပစ်မှတ်များအား အလိုအလျောက်ရှာဖွေရန် လွှတ်ထားလိုက်ပြီးနောက် ရှောင်းယီသည် သံကြိုးလွှကို ယူကာ ပစ္စည်းသေတ္တာများဆီသို့ လျှောက်သွားလိုက်သည်။
“ဒီကိရိယာတွေနဲ့ဆိုရင်ဆော့ အတော်လေးအဆင်ပြေသွားမှာပါ။”
ရှောင်းယီက ရေရွတ်လိုက်ပြီး ပစ္စည်းသေတ္တာများကို သစ်သားပြားအစိတ်အပိုင်းများအဖြစ် ခွဲထုတ်လိုက်လေသည်။
“ရရှိသောပစ္စည်းများ - သစ်သားပြား ၁၈။”
“ဒါတွေနဲ့ဆိုရင်တော့ ကိုယ့်အတွက် အိမ်တစ်လုံးလောက်တော့ ဆောက်လို့ရလောက်မှာပါ။”
ရှောင်းယီ တွေးလိုက်မိ၏။
သို့သော် ကျွန်းပေါ်ရှိ တစ်ပင်တည်းသောသစ်ပင်မှာ အနည်းငယ် အဟန့်အတားဖြစ်နေခဲ့သည်။ ရှောင်းယီသည် သံကြိုးလွှကို ကိုင်ဆောင်ပြီး ထိုသစ်ပင်ဆီသို့ လျှောက်သွားလိုက်၏။
“မင်းနဲ့ အရင်ဆုံး စလိုက်ကြရအောင်။”
“ဗြစ်! ဗြစ်! ဗြစ်!”
သံကြိုးလွှသံနှင့်အတူ ထိုထန်းပင်မှာ မြေပေါ်သို့ လဲကျသွားတော့သည်။
ထန်းပင်လဲသွားသောအခါ ချက်ချင်းဆိုသလိုပင် ဆန်းကြယ်သည့်အရာတစ်ခု ဖြစ်ပွားသွားလေသည်။ သစ်ပင်တစ်ပင်လုံးသည် သစ်သား ၂၀ အဖြစ် ပြောင်းလဲသွားပြီး အရွက်များနှင့် အခေါက်အချို့ ပင် ကျန်ရှိနေခဲ့၏။
“ရရှိသောပစ္စည်းများ - သစ်သား ၂၀၊ အရွက် ၃၀၊ အခေါက် ၁၀။”
“သစ်ပင်ခုတ်လိုက်ရင် ဒီပစ္စည်းတွေ ရနိုင်တာလား။”
ရှောင်းယီ အနည်းငယ် သဘောပေါက်သွားခဲ့သည်။ အထူးလုပ်ဆောင်မှုများကို ပြုလုပ်ပါက အထူးရလဒ်များ ပေါ်ထွက်လာမည်ဖြစ်သည်။
ထို့ပြင် ထိုအထူးရလဒ်ကို မိမိကိုယ်တိုင်ပင် ကိုင်တွယ်စရာမလိုဘဲ ရရှိနိုင်ခြင်းဖြစ်၏။
ထုတ်လုပ်မှုပုံစံနှင့် ပစ္စည်းများသာ ရရှိခဲ့ပါက အပြီးသတ်ထုတ်ကုန်ကိုပင် ရရှိနိုင်ပေသည်။
“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ လုပ်ဆောင်ချက်ဖြစ်မယ်ထင်တယ်။ စနစ်က ငါ့ကို ကာကွယ်ဖို့ အကြံပေးတာ အံ့အားသင့်စရာမရှိတော့ဘူး။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နားသို့ လျှောက်သွားပြီး သူ့အတွက် အိမ်ငယ်တစ်လုံး ဆောက်ရန် ပြင်ဆင်လိုက်လေသည်။
စတင်တည်ဆောက်တော့မည့်အချိန်တွင် ရှောင်းယီသည် ပြဿနာတစ်ခုကို တွေ့ရှိလိုက်ရ၏။ သူ့တွင် သံမှိုများ မရှိပေ။
ရှေးဟောင်းရှားနိုင်ငံတွင် သတ္တုများကို အသုံးမပြုဘဲ သစ်သားတစ်မျိုးတည်းဖြင့် အဆောက်အဦများ ဆောက်လုပ်နိုင်သော ဗိသုကာပညာရှင်များ ရှိခဲ့သော်လည်း ရှောင်းယီသည် ထိုပညာရပ်များအကြောင်းကို လုံးဝကို နားလည်ခြင်းရှိမနေခဲ့ပေ။