အုတ်မြစ်ကျောက် တိုက်ခိုက်ခံရခြင်း
Vol. 1 Ch. 5
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် သံမှိုများ ပြုလုပ်ရန် နည်းလမ်းတစ်ခု ရှာဖွေရတော့သည်။
【သံမှို】 လိုအပ်သော ပစ္စည်းများ - သတ္တုပြား ၁
ရှောင်းယီသည် အိမ်တစ်လုံးဆောက်ရန် သံမှိုမည်မျှလိုအပ်မည်ကို ခန့်မှန်းကြည့်လိုက်၏။ အိမ်တစ်လုံးဆောက်လုပ်မည်ဆိုပါက သံမှိုအများအပြား လိုအပ်မည်ဖြစ်သည်။ သူ့တွင် သတ္တုပြား ၅ ခုသာရှိပြီး ထိုလောက်နှင့် လုံးဝမလုံလောက်ပေ။
နည်းလမ်းမရှိတော့ဘူး။
ရှောင်းယီသည် ကျွန်း၏မြေပြင်တွင် မြောင်းတစ်ခုတူးပြီး ထိုတွင်းထဲသို့ သစ်သားပြားများကို ထည့်လိုက်သည်။ ထို့နောက် အပေါ်မှ သစ်သားပြားနှစ်ခုဖြင့် အိမ်ငယ်တစ်လုံးကဲ့သို့ ပိတ်ဆို့လိုက်လေသည်။
ယခုအချိန်အတွက် ပထမဆုံးအနေဖြင့် သူသည် ရိုးရိုးရှင်းရှင်းသာ တည်ဆောက်နိုင်သေးသည်။ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဈေးကွက်စာမျက်နှာကို ကြည့်လိုက်သည်။
ထိုအချိန်တွင် ဈေးကွက်စာမျက်နှာတွင် အချက်အလက်များ စတင်ထွက်ပေါ်လာခဲ့သည်။
“[သတ္တုပြား]၂
လဲလှယ်မှု - [မည်သည့်အစားအစာမဆို]၊
မှတ်ချက် - စားစရာတစ်ခုခုပေးပါ။”
“[လီနင်] ၁
လဲလှယ်မှု - [ရေ ၁၀မီလီလီတာ]၊
မှတ်ချက် - ကျုပ်ရေငတ်လို့သေတော့မယ်။ တစ်ယောက်လောက် ကူညီကြပါ။”
“[ဗလာ]
လဲလှယ်မှု - [အစားအစာနှင့် ရေ]
မှတ်ချက် - ကျွန်မကလှပပြီး ချောမောတယ်။ ခန္ဓာကိုယ်အချိုးအစား ၉၀၊ ၅၈၊ ၉၀။ ကျွန်မစားစရာနဲ့ ရေပေးနေသ၍ ဘာပဲဖြစ်ဖြစ် လုပ်ဆောင်ပေးဖို့ ဆန္ဒရှိပါတယ်။”
ထိုလဲလှယ်မှုများကို ကြည့်ရှုရာတွင် အများစုသည် အစားအစာနှင့် ရေအတွက်ဖြစ်ပြီး ရေလိုအပ်ချက်မှာ အလွန်များပြားလှပေသည်။
သူ့တွင် ရေ ၅၀၀မီလီလီတာ နှစ်ပုလင်းသာရှိပြီး ပစ္စည်းသေတ္တာဖွင့်ပြီးနောက် ရေသန့်ရရှိ၊မရှိဆိုသည်မှာလည်း မသေချာသေးပေ။
ထို့ကြောင့် ရေသန့်စက်ပြုလုပ်ရန် အစီအစဉ်ချမှတ်ရမည်ဖြစ်သည်။
လဲလှယ်မှုလုပ်မှသာ ထိုပစ္စည်းများကို အလျင်အမြန်ရရှိနိုင်ပေလိမ့်မည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ဈေးကွက်တွင် လဲလှယ်မှုတစ်ခုကို ထုတ်ပြန်လိုက်သည်။
“[ဂျိုးတူးနေသောငါးကင် ၁၀ဂရမ်]
လဲလှယ်မှု - [သတ္တုပြား] ၁”
“[ဂျိုးတူးနေသောငါးကင် ၁၀ဂရမ်]
လဲလှယ်မှု - [လီနင်] ၁”
“[ဂျိုးတူးနေသောငါးကင် ၁၀ဂရမ်]
လဲလှယ်မှု - [ဖန်] ၁”
သူလိုအပ်သော ပမာဏအလိုက် ရှောင်းယီသည် တစ်ပြိုင်နက် လဲလှယ်မှု ၁၃ ခုကို ထုတ်ပြန်ခဲ့သည်။
ထို့နောက် အများသုံးချန်နယ်သို့ ပြောင်းကာ အန်းရန်ကို ရှာဖွေရန် ပို့စ်တစ်ခုတင်လိုက်၏။ သို့သော် သူ၏မက်ဆေ့ချ်သည် အခြားသတင်းများကြားတွင် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။
“တစ်နေ့နေ့မှာ သူမမြင်နိုင်မယ်လို့ မျှော်လင့်မိတယ်။”
ရှောင်းယီ သက်ပြင်းချလိုက်မိ၏။
မကြာမီ ရှောင်းယီ၏ လဲလှယ်မှုသတင်းများကို လူတိုင်း မြင်သွားခဲ့ကြလေသည်။
ထို့နောက် အများသုံးချန်နယ်မှာ ချက်ချင်းပင် ပေါက်ကွဲသွားလေတော့သည်။
“မင်းတို့မြင်ကြလား။ တစ်ယောက်ယောက်က ငါးကင်နဲ့ ပစ္စည်းတွေလဲနေတယ်။”
“မြင်တယ်။ ဒီလောက်ကောင်းလိုက်တဲ့ကောင်က ဘယ်သူလဲမသိဘူး။ ငါ့မှာတော့ ပစ္စည်းသေတ္တာတောင် မရသေးဘူး။ အကောင်ကြီးကြီးတွေက ငါးကင်တောင် စပြီးစားနေကြပြီလား။”
“အစ်ကိုကြီးကို တောင်းပန်ပါတယ်။ ကျုပ်ကို စားစရာနည်းနည်းလောက်ပေးပါ။ ရေလည်းပေးလို့ရပါတယ်။”
လူတိုင်းသည် ငါးကင်ဂျိုးတူးခြင်းဆိုင်ရာ အကြောင်းအရာများကို အလိုအလျောက် ကျော်ချပစ်လိုက်၏။ တစ်နေ့တာလုံး ဘာမျှမ
မစားရသေးသူများအတွက် ဂျိုးတူးတူး၊မမတူးတူး စားလို့ရလျှင် ရပြီဖြစ်သည်ယ
ရှောင်းယီသည် အများသုံးချန်နယ်ပေါ်၌ သူ့ကို ဖားယားရန် ကြိုးစားနေသူများကို သဘာဝအတိုင်း လျစ်လျူရှုလိုက်သည်။
ထို့နောင် သူသည် ထိုင်ရာမှထရပ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှ ထွက်လာကာ အလိုအလျောက်ငါးဖမ်းပိုက်ဆီသို့ လျှောက်သွားလိုက်သည်။
ထိုနေရာတွင် နောက်ထပ် ပစ္စည်းသေတ္တာတစ်လုံးကို ဆွဲယူထားပြီးဖြစ်သည်။
ပစ္စည်းသေတ္တာကို ဖွင့်ကြည့်လိုက်၏။
“ရရှိသောပစ္စည်းများ - သစ်သားအိမ်ထုတ်လုပ်မှုပုံစံ၊ ကိုလာ ၅၀၀မီလီလီတာ ၁။”
“သစ်သားအိမ်ထုတ်လုပ်မှုပုံစံ - ကျောက်တုံး ၄၊ သစ်သားပြား ၂၈၊ သတ္တုပြား ၃၀။”
“အနိမ့်ဆုံးအဆင့် အိမ်ဆိုပေမယ့် အနည်းဆုံးတော့ မိုးဒဏ် လေဒဏ်ကို စိတ်ပူစရာမလိုတော့ဘူး။”
“ငါ့မှာ အိမ်ရှိသွားပြီ။”
ရှောင်းယီသည် ဝမ်းသာအားရ ရေရွတ်လိုက်မိ၏။ ဤထုတ်လုပ်မှုပုံစံဖြင့်ဆိုလျှင် ဆောက်လုပ်ရေးနည်းပညာများအကြောင်း သူ့ဘာသာသူ တွေးနေစရာမလိုတော့ပေ။
ပျော်ရွှင်ဖွယ်ရာ အိမ်နှင့် စားစရာ၊သောက်စရာများ။တွဲလျက်ရှိနေ၏။ ဤသည်မှာ နှစ်ဆပျော်ရွှင်မှုပင်။
“ဒီနေ့ အုတ်မြစ်ကျောက်မရသေးပုံပဲ။”
သူ၏ခြေထောက်အောက်တွင် ၆ စတုရန်းမီတာသာရှိသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် နောက်ပစ္စည်းသေတ္တာဖွင့်ရာ၌ အုတ်မြစ်ကျောက်ရနိုင်ရန် ဆုတောင်းလိုက်မိသည်။
ဈေးကွက်ကို ကြည့်လိုက်သောအခါ သူတင်ထားသော အစားအစာများကို လဲလှယ်ရန်အတွက် တောင်းဆိုနေကြပြီဖြစ်သည်။
“လဲလှယ်မှုအားလုံးကို သဘောတူတယ်။”
“ရရှိသောပစ္စည်းများ - သတ္တုပြား ၃၊ ဖန် ၂၊ လီနင် ၁။”
“အရင်ပစ္စည်းသေတ္တာကနေ ရထားတဲ့ ပစ္စည်းတွေနဲ့ ပေါင်းလိုက်ရင် လီနင် ၇ ခု ကျန်နေသေးတယ်။”
ရှောင်းယီသည် သူ၏ပစ္စည်းများကို ကြည့်ရင်း တိတ်တဆိတ်ပြောလိုက်သည်။
“သစ်သားအိမ်အတွက် လိုအပ်တဲ့ သတ္တုပြားတွေလည်းရျှိသးတယ်။ ပြီးတော့ အစားအစာအချို့လည်း ရှိသေးတာပဲ ဈေးကွက်မှာတင်လိုက်မယ်။”
“[မီးကျွမ်းနေသောငါးကင် ၁၀ဂရမ်] လဲလှယ်မှု - [သတ္တုပြား] ၁”
ရှောင်းယီသည် အလားတူပင် လဲလှယ်မှု ၂၇ ခုကို ဈေးကွက်ပေါ်တွင် တင်လိုက်သည်။ သူသည် အစုံ ၃၀ တင်ချင်သော်လည်း မီးကျွမ်းနေသော ငါးများမှာ ကုန်သွားပြီဖြစ်သည်။
ဤကဲ့သို့ အလွန်များပြားသော လဲလှယ်မှုများ ရုတ်တရက်ထွက်ပေါ်လာသောအခါ လူတိုင်းသည် သဘာဝအတိုင်း တဖန်ပြန်၍ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ကြပြန်၏။ သို့သော် ထိုအချိန်တွင် ရှောင်းယီသည် ၎င်းတို့ကို မမြင်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အနီရောင်အလင်းတန်းတစ်ခု ထွက်လာပြီး သတိပေးချက်တစ်ခု ထွက်ပေါ်လာသောကြောင့်ပင်။
“သတိပေးချက်! အုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရသည်။”
ရှောင်းယီ အလွန်ထိတ်လန့်သွားခဲ့သည်။
“အုတ်မြစ်ကျောက်က တိုက်ခိုက်ခံရနိုင်သေးတာလား။”
သူသည် ချက်ချင်းပင် အသိပေးချက်ကိုနှိပ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အလိုအလျောက်ကြီးထွားလာသော မြေပုံကို ကြည့်လိုက်သည်။ အနောက်တောင်ထောင့်ရှိ အုတ်မြစ်ကျောက်မှာ အဆက်မပြတ် လင်းလက်နေခဲ့လေသည်။
ဖြစ်နိုင်သမျှ အနိမ့်ဆုံးနေရာကို တွက်ချက်ပြီးနောက် ရှောင်းယီသည် သံကြိုးလွှကို ကိုင်ဆောင်ကာ အနောက်တောင်ထောင့်သို့ အလျင်အမြန် ထွက်သွားလိုက်၏။
ထိုနေရာ၏ရေအောက်တွင် အနက်ရောင်ပုံရိပ်ကြီးတစ်ခုသည် အုတ်မြစ်ကျောက်အား အဆက်မပြတ် တိုက်ခိုက်နေခဲ့လေသည်။
“အကြီးကြီးပဲဟ။”
ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။ သူ့လက်ထဲရှိ သံကြိုးလွှသည် ထိုမျှရှည်မနေပေ။
ယခုအချိန်တွင် သူသည် ရှည်လျားသော လက်နက်တစ်ခု လိုအပ်နေခဲ့ပြီဖြစ်သည်။
ထိုအတွေးဖြင့် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အလျင်အမြန်ပြေးသွားပြီး ဆောက်လုပ်ရေးစာမျက်နှာကို ဖွင့်လိုက်သည်။
【လှံရှည်】 လိုအပ်သော ပစ္စည်းများ - သစ်သား ၁၊ သတ္တုပြား ၁။
ရှောင်းယီသည် လုံးဝတွန့်ဆုတ်မနေဘဲ လှံရှည်နှစ်ချောင်းပြုလုပ်လိုက်၏။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ လှံရှည်ကို ထုတ်ယူလိုက်သောအခါ ၎င်းသည် ၂ မီတာရှည်ကြောင်း တွေ့ရှိလိုက်ရသည်။
“ဒါနဲ့ဆိုရင် ဟိုအရိပ်ကြီးကို တိုက်ခိုက်နိုင်လောက်မှာပါ။”
ရှောင်းယီသည် တိတ်တဆိတ်ရေရွတ်လိုက်ပြီး လှံရှည်ကို ဆွဲကိုင်ကာ အနောက်တောင်ထောင့်သို့ ပြန်ပြေးသွားလိုက်၏။
ရှောင်းယီသည် ထိုအနက်ရောင်အရိပ်ကြီးကိုကြည့်ရင်း သင့်တော်သည့်ထောင့်ချိုးတစ်ခုကို တွက်ချက်ကြည့်လိုက်သည်။
“ရေထဲက ငါးကို ထိုးဖို့ဆိုရင် ကိုယ်မြင်တဲ့နေရာထက် အောက်ကိုနှိမ့်ပြီးတော့ ထိုးရမယ်။ ဒီနေရာပဲ။”
ထို့နောက် ရှောင်းယီသည် လှံရှည်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး အားပြင်းပြင်းနှင့် ထိုးစိုက်လိုက်တော့၏။
“ဖျစ်!”
ရှောင်းယီသည် တစ်စုံတစ်ခုကို ထိုးမိသွားခဲ့ပြီး ခုခံမှုတစ်ခုကို ခံစားလိုက်ရလေသည်။
ထိုအချိန်တွင် အနက်ရောက်အးအရိပ်ကြီးသည် အလွန်ပြင်းထန်စွာ ရုန်းကန်လာခဲ့သည်။ ပင်လယ်ထဲတွင် သွေးများ တစ်စထက်တစ်စ ပိုမိုထွက်ပေါ်လာပြီး တဖြည်းဖြည်းများလာသည်။
“ဒီလိုခွန်အားမျိုး...”
ရှောင်းယီသည် ၎င်းကိုစစ်ဆေးဖို့ အချိန်မရှိခဲ့ပေ။ လှံရှည်သည် သူ့လက်ထဲမှ လွတ်ထွက်သွားပြီဖြစ်သည်။
“ထွက်ပြေးချင်တယ်ပေါ့။”
ရှောင်းယီသည် နောက်ထပ် လှံရှည်တစ်ချောင်းကို ကောက်ယူကာ မည်သည့်တုံ့ဆိုင်းမှုမှမရှိဘဲ ထပ်မံပစ်လွှတ်လိုက်လေသည်။
သူ၏ခန္ဓာကိုယ်သည် A အဆင့်ပန်းသီး၏အစွမ်းဖြင့် ပြောင်းလဲခြင်းခံထားခဲ့ရပြီး ရှောင်းယီ၏ ဤတစ်ကြိမ်ပစ်လွှတ်မှုမှာ အလွန်အားကောင်းပေသည်။
“ဘုန်း!”
ရှောင်းယီသည် ပစ်မှတ်ကို နောက်တစ်ထိအောင် ပစ်နိုင်ခဲ့၏။ သို့သော်လည်း အရိပ်ကြီးသည် သူ၏ဆက်တိုက် တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားပုံရပြီး ခန္ဓာကိုယ်တွင် လှံရှည်နှစ်ချောင်းစိုက်နေလျက်ဖြင့် ပင်လယ်ထဲသို့ ထွက်ပြေးသွားတော့သည်။
ရှောင်းယီသည် အလိုအလျောက်ငါးဖမ်းပိုက်ဆီသို့ ပြေးသွားပြီး ချက်ချင်းပင် လှံရှည်နှစ်ချောင်းကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်လေသည်။
“ငါးဖမ်းပိုက်ပစ်!”
“ဘုန်း!”
ငါးဖမ်းပိုက်သည် ချက်ချင်းပင် ပျံထွက်သွား၏။
လှံရှည်၏ရွေ့လျားမှုအလျင်ကို အလိုအလျောက်ငါးဖမ်းပိုက်က တွက်ချက်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် အရိပ်ကြီးသည် ပင်လယ်ထဲသို့ ဖြောင့်ဖြောင့်တန်းတန်း ထွက်ပြေးသွားခြင်းဖြစ်သည်။ အကယ်၍ ဖြောင့်ဖြောင့်တန်းတန်းသာ ထွက်မပြေးခဲ့ပါက ငါးဖမ်းပိုက်ဖြင့် ထိအောင်ပစ်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ငါးဖမ်းပိုက်သည် လှံရှည်နှစ်ချောင်းကြားသို့ ရောက်ရှိသွားသော်လည်း လှံရှည်များသည် ငါးဖမ်းပိုက်၏ပိုက်ကွက်များကို ဖြတ်ကျော်သွားပြီး အောက်ရှိအရိပ်ကို ဖမ်းမိသွာခဲ့သည်။
ငါးဖမ်းပိုက်သည် တစ်ခုခုဖမ်းမိသွားကြောင်း သိရှိသွားသည်နှင့် ချက်ချင်း ပိတ်သွားပြီး ပြန်လည်ဆွဲယူလိုက်လေသည်။
အရိပ်ကြီးသည် အလွန်ပြင်းထန်စွာ ရုန်းကန်နေသော်လည်း အလိုအလျောက်ငါးဖမ်းပိုက်၏ ဆွဲအားနှင့်နှိုင်းယှဉ်ပါက အရိပ်ကြီး၏ လှုပ်ရှားမှုများမှာ အလွန်အားနည်းနေဆဲပင်။
၁၀ စက္ကန့်အတွင်း ထိုအရိပ်ကြီးကို ရေထဲမှ ကမ်းစပ်ပေါ်သို့ ဆွဲယူလိုက်လေသည်။
“ဒါက ငါးမန်းတစ်ကောင်ပဲ။”
ရှောင်းယီ ထိုငါးမန်းကို ကြည့်လိုက်၏။ ၎င်းသည် အလျား ၂ မီတာခန့်ရှိပြီး ငါးဖမ်းပိုက်ထဲတွင် ရုန်းကန်နေဆဲပင်။
“ကမ်းပေါ်တင်လိုက်။”
ရှောင်းယီသည် အလိုအလျောက်ငါးဖမ်းပိုက်ကို ထိန်းချုပ်ပြီး ငါးမန်းကို ကျွန်းပေါ်သို့ ဆွဲတင်လိုက်သည်။
ငါးမန်းသည် မြေပြင်ပေါ်၌ အဆက်မပြတ် လူးလွန့်နေခဲ့သည်။ ၎င်းသည် ၎င်း၏ပါးစပ်ကို ပိတ်ထားဆဲဖြစ်သော်လည်း ရှောင်းယီသည် ၎င်း၏ပါးစပ်အတွင်းရှိ ချွန်ထက်သော သွားများကိုပင် မြင်နေရပေသည်။
“မြေကြီးပေါ်ရောင်နေတာတောင် ဒီလောင်ထိမောက်မာနေသေးတာလား။”
ရှောင်းယီသည် သံကြိုးလွှကို ကိုင်ပြီး သူ၏အကွာအဝေးကို လုံခြုံသည့်နေရာတစ်ခုအတွင်း ထိန်းထားကာ ငါးမန်း၏ဦးခေါင်းကို စိုက်ကြည့်လိုက်လေသည်။