← Chapters

စီးချင်းတိုက်ပွဲ၊ အကင်စက်၊ လုပ်ဖော်ကိုင်ဖက်

Vol. 1 Ch. 6

စီးချင်းတိုက်ပွဲ၊ အကင်စက်၊ လုပ်ဖော်ကိုင်ဖက်

Vol. 1 Ch. 6

ခဏအကြာတွင် ရှောင်းယီသည် သူအပိုင်းပိုင်းဖြတ်တောက်ထားသော ငါးမန်းကိုကြည့်ကာ သံကြိုးလွှကိုဘေးဖယ်ထားလိုက်၏။ သူဖြတ်တောက်ထားသော အသားများသည် ချက်ချင်းဆိုသလို အသားပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

“ရရှိသော ပစ္စည်းများ - ငါးမန်းအသား (၁၀၀ ကီလိုဂရမ်)၊ ငါးမန်းဆူး (၄၀၀ ဂရမ်)။”

ရှောင်းယီသည် ထိုအသားပုံကိုကြည့်ကာ ပြန်ပြောင်းတွေးလိုက်မိ၏။

“ငါးမန်းသားက ဘယ်လိုအရသာရှိလောက်မလဲ။”

သို့သော် နောက်အခိုက်တွင် ရှောင်းယီမျက်မှောင်ကြုံ့လိုက်မိသည်။

“အများသုံးချန်နယ်မှာ ပစ္စည်းသေတ္တာအနီးမှာ ငါးမန်းတွေ ဒါမှမဟုတ် ပင်လယ်မြွေတွေ ရှိနိုင်တယ်လို့ပြောခဲ့ဖူးတယ်။ ဆိုတော့ ကျွန်းနားမှာတော့ မရှိသင့်ဘူးမလား။”

“ဒါဆို ဒီနေ့ ကျွန်းအုတ်မြစ်ကျောက်ကို ဘာလို့တိုက်ခိုက်ရတာလဲ။”

“ငါငါးကိုင်တုန်းက ပစ်ချထားတဲ့ အူတွေနဲ့ သွေးအနံ့တွေက သူ့ကိာဆွဲဆောင်လိုက်တာများလား။”

အနောက်တောင်ထောင့်သည် သူ ပင်လယ်ငါးများကို ဖြတ်တောက်ခဲ့သောနေရာဖြစ်သည်။

ရှောင်းယီ တွေးလေလေ ဖြစ်နိုင်ချေ ပိုများလေလေဟု ခံစားလိုက်သည်။

“ဒါဆိုတော့ ပိုပြီးသတိထားရမယ်။”

ယနေ့ အုတ်မြစ်ကျောက်တစ်ခု ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပေသည်။

တစ်နည်းအားဖြင့် ပင်လယ်ရေသည် အုတ်မြစ်ကျောက်ကို လွှမ်းမိုးသွားနိုင်သည့်အပြင် ပင်လယ်သတ္တဝါများကလည်း အုတ်မြစ်ကျောက်ကိုတိုက်ခိုက်ကာ ပျက်စီးစေနိုင်၏။

“ဒါဆို ကျွန်းဧရိယာကို ထပ်ပြီးချဲ့ထွင်ဖို့လိုနေသေးတယ်။ ဒီလိုမျိုးအစိတ်အပိုင်းသေးသေးလေးနဲ့တော့ ကစားပွဲကိုပြောင်းပြန်လှန်ဖို့ မလုံလောက်ဘူး။”

ရှောင်းယီ လေးနက်စွာ တွေးလိုက်မိသည်။

“နောက်ပစ္စည်းသေတ္တာတွေထဲမှာ အုတ်မြစ်ကျောက်တွေ ပိုရနိုင်ဖို့ မျှော်လင့်တယ်။”

ငါးမန်းအသားများကို ငါးဖမ်းပိုက်ထဲမှ ထုတ်ယူလိုက်ပြီးနောက် ရှောင်းယီသည် ကိရိယာအိတ်ထဲမှ တူနှင့် လွန်ကိုထုတ်ကာ ကျွန်းပေါ်ရှိ တစ်ခုတည်းသော ကျောက်တုံးကို စတင်ဖြိုခွဲလိုက်‌လေသည်။

သူသည် ပစ္စည်းသေတ္တာထဲမှ သစ်သားအိမ်ဆောက်ရန်အတွက် လိုအပ်သော ကျောက်တုံးများကို မရသေးသည့်အတွက် ထိုကျောက်တုံးပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။

ပထမဆုံးအနေဖြင့် ကျောက်တုံးပေါ်တွင် လွန်ဖြင့် အပေါက်များဖောက်ပြီး တူဖြင့် ခွဲထုတ်လိုက်သည်။

ကံကောင်းစွာဖြင့် ဘက်စုံသုံးကိရိယာသေတ္တာရှိသောကြောင့် ထိုကျောက်တုံးအတွက် သူဘာမှမလုပ်ခဲ့ရပေ။

ထိုကျောက်တုံးကြီးကို ဖြိုခွဲပြီးနောက် ကျောက်တုံးငါးခုကို ရရှိခဲ့သည်။

“ရရှိသော ပစ္စည်းများ - ကျောက်တုံး ၅။”

“ဟူး!”

ရှောင်းယီ မြေကြီးပေါ်တွင် ထိုင်ချလိုက်မိသည်။ အနည်းငယ် လှုပ်ရှားပြီးနောက် သူအတော်လေးပင်ပန်းနေပြီဖြစ်သည်။ ပစ္စည်းကိရိယာများရှိသော်လည်း သူ၏ကိုယ်ပိုင်ခွန်အားစိုက်ထုတ်မှုကိုလည်း လိုအပ်နေဆဲပင်။

နေသည် သူ၏ဦးခေါင်းထိပ်တည့်တည့်သို့ရောက်ရှိလာခဲ့ပြီး ရှောင်းယီသည် ပထမနေ့က ရရှိခဲ့သော ပေါင်မုန့်နှင့်ကိုလာကို ရေအနည်းငယ်နှင့်အတူ မျှောချလိုက်လေသည်။

“တကယ်စားကောင်းတာပဲ။ ဗိုက်ပြည့်သွားတော့ အိပ်တောင်အိပ်ချင်လာပြီ။”

ရှောင်းယီသည် သူမှလွဲ၍ အခြားမည်သူမျှမရှိသော သူ၏ကျွန်းလေးကို တစ်ချက်ကြည့်လိုက်ပြီး သူဆောက်လုပ်ထားသော ရိုးရှင်းသည့်အိမ်လေးထဲသို့ လှဲချလိုက်လေသည်။

“အင်း သိပ်မဆိုးပါဘူး။ အနည်းဆုံးတော့ လေနဲ့မိုးဒဏ်ကနေ ကာကွယ်နိုင်သေးတယ်။”

ရှောင်းယီသည် လှဲချရင်းဖြင့် ရေရွတ်လိုက်ပြီး သူ့အနီးရှိ “ခေါင်မိုး” ကို ကြည့်လိုက်သည်။

ထိုစဉ် သူ၏စကားကို တုံ့ပြန့်လိုက်သကဲ့သို့ ပင်လယ်ထဲမှ လေများတိုက်ခတ်လာခဲ့လေသည်။

သူဆောက်ထားသော ရိုးရှင်းသည့်အိမ်လေးသည် ချက်ချင်းပင် လှုပ်ယမ်းသွားတော့သည်။

“မဟုတ်...”

“

ရှောင်းယီ၏ အသံပင် မဆုံးလိုက်ပေ။

“ဝုန်း!”

အိမ်တစ်ခုလုံး ပြိုကျသွားပြီး အပေါ်မှ သစ်သားပြားများသည် သူ၏မျက်နှာပေါ်သို့ တိုက်ရိုက်ပင် ပြုတ်ကျသွားတော့သည်။

“ဒါက လက်တွေ့ကျကျ မျက်နှာကိုဖြတ်ရိုက်လိုက်တာလား။”

သစ်သားပြားများကိုတွန်းဖယ်လိုက်ပြီးနောက် ရှောင်းယီသည် သူ၏လုံးဝပြိုကျသွားသည့် ရိုးရှင်းသောအိမ်လေးကို ကူကယ်ကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်မိသည်။

သို့သော် ထိုအရာမှာ သူမျှော်လင့်ထားသည့်အတိုင်းပင်။ ထိုအရာသည် အုတ်မြစ်ချခြင်း၊ သံဖြင့်ရိုက်ထားခြင်းမျိုးမရှိဘဲ ဤအတိုင်းဖြစ်သလိုတည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လေတိုက်သည်နှင့် ပြိုကျသွားသည်မှာ ပုံမှန်ပင်။

“အနားယူလို့မရတော့ဘူးဆိုမှတော့ ပစ္စည်းတွေပဲ စုဆောင်းလိုက်ကြတာပေါ့။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသုံးပြီး အိမ်ဆောက်ဖို့က ပိုပြီးအရေးကြီးတယ်။”

ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပြန်ကြည့်လိုက်သည်။

အနည်းငယ်တွေးတောပြီးနောက် သူသည် ဈေးကွက်သွားကာ သူစတင်ခဲ့သော လဲလှယ်မှုများနောက်တွင် မှတ်ချက်များ ထပ်မံထည့်သွင်းလိုက်သည်။

“ထုတ်လုပ်မှုပုံစံများလက်ခံပါသည်။ ပုံစံများပေးပို့လိုပါက သီးသန့်ဆက်သွယ်ပါ။”

ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ ထုတ်လုပ်မှုပုံစံဖြင့် ပြုလုပ်ထားသော ပစ္စည်းများသည် ကိုယ်တိုင်ပြုလုပ်ထားသည့်အရာများထက် ပိုမို၍ယုံကြည်စိတ်ချရပေသည်။ ယခင်က လှံရှည်ကို ကြည့်လျှင် သိနိုင်၏။ ထိုသို့မဟုတ်ဘဲ သစ်သားတုတ်ချောင်းထိပ်တွင် သတ္တုပြားတစ်ခုကို ချိတ်လိုက်ပါက ငါးမန်းကိုမထိုးမိခင်မှာပင် ကျွတ်ကျသွားနိုင်ပေသည်။

ထိုမှတ်ချက်ကို ထည့်သွင်းပြီးနောက် ရှောင်းယီသည် သူ၏သီးသန့်ချန်နယ်ရှိ ခွင့်ပြုချက်များကို ချက်ချင်းပင် ချိန်ညှိလိုက်၏။

ထုတ်လုပ်မှုပုံစံများ ပေးပို့မှသာ စနစ်မှ သီးသန့်ချန်နယ်သို့ ထည့်သွင်းပေးမည်ဖြစ်ပြီး မဟုတ်ပါက အားလုံးငြင်းပယ်ခံရမည်ဖြစ်သည်။

ရှောင်းယီသာ ထိုသို့ကန့်သတ်ထားခြင်းမရှိပါက သူ၏သီးသန့်ချန်နယ်တွင် လူတိုင်း၏ ရေနှင့်အစားအစာတောင်းဆိုမှုများ အဆက်မပြတ် ရောက်လာမည်ကို သိပေသည်။

“ဈေးကွက်မှာ ထုတ်လုပ်မှုပုံစံတွေ စုဆောင်းနေတဲ့လူတစ်ယောက်ရှိတယ်ဟေ့။”

“ထုတ်လုပ်မှုပုံစံဆိုတာ ဘာလဲ။”

“ဒါမျိုးဖြစ်မယ် [ငါးမျှားတံထုတ်လုပ်မှုပုံစံ]”

“ဝိုး! သူဌေး ဒီပစ္စည်းကို ခင်ဗျားဘယ်ကရလာတာလဲ။”

“ပစ္စည်းသေတ္တာထဲကရတာ။”

“ဒါဆို ဘာလို့မထုတ်လုပ်တာလဲ။ ပြီးရင် ငါးသွားဖမ်းလို့ရပြီ။ ဒါဆို ခင်ဗျား နောက်ထက် ဗိုက်ဆာတော့မှာမဟုတ်ဘူး။”

“မင်းက အများကြီးတွေးနေတာပဲ။ ထုတ်လုပ်မှုပုံစံတစ်ခုရှိတယ်ဆိုရင်တောင် အဲ့ဒါကိုထုတ်လုပ်နိုင်ဖို့ ကုန်းကြမ်းပစ္စည်းတွေ လိုသေးတယ်။ ဒီငါးမျှားတံအတွက် လိုအပ်တဲ့ပစ္စည်းတွေက [သစ်သား ၂၊ ပိုးချည် ၁၊ သတ္တုပြား ၁။] ငါ့မှာ သစ်သားနဲ့ သတ္တုပြားနှစ်မျိုးလုံးရှိတယ်။ ဒါပေမယ့် ပိုးချည်မရှိသေးဘူး။”

“အဲ့ဒါကြောင့် ဈေးကွက်မှာ သတ္တုပြားတွေကို အဆက်မပြတ်စုဆောင်းနေတဲ့သူရှိနေတာကိုး...အံ့ဩစရာမဟုတ်တော့ဘူး။”

လူများဆွေးနွေးနေစဉ်တွင် ရှောင်းယီသည် သီးသန့်စာတိုတစ်စောင် လက်ခံရရှိခဲ့လေသည်။

“မင်္ဂလာပါ ဒါကိုရော လက်ခံပါသလား။ [အကင်စက် ထုတ်လုပ်မှုပုံစံ (C အဆင့်)]”

ထိုထုတ်လုပ်မှုပုံစံကို မြင်လိုက်ရသည့်အခါ ရှောင်းယီ၏မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ထိုအရာသည် သူလိုအပ်နေသည့်အရာ အတိအကျပင်ဖြစ်၏။ သူ့လက်ထဲတွင် ယခုထိမစားရသေးသော ငါးလေးကောင်ရှိသေးပေသည်။ ထိုက ထင်းမီးပုံပေါ်တွင် လက်နှင့်ကင်ခြင်းနှင့်ယှဉ်လျှင် ပို၍ကောင်းမွန်သည်။

“လက်ခံပါတယ်။ ခင်ဗျား ဘာလိုချင်လဲ။ အစားအစာ ဒါမဟုတ် ရေလား။”

“အစားအစာပဲပေးပါ။ ကျုပ် တစ်နေ့လုံး ဘာမှမစားရသေးဘူး။ ကံကောင်းချင်တော့ ပစ္စည်းသေတ္တာတစ်လုံး ဆွဲယူနိုင်ခဲ့တယ်။ အထဲမှာ ထုတ်လုပ်မှုပုံစံတစ်ခုပဲရှိတယ်။”

တစ်ဖက်လူက ပြန်ဖြေသည်။

ရှောင်းယီ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်၏။

“ခဏလောက်စောင့်ပေးပါ။”

ထို့နောက် သူသည် ငါးတစ်ကောင်ကို ကိုင်တွယ်ပြီး နောက်တစ်ကြိမ်မီးထပ်ကင်လိုက်သည်။ ခဏအကြာတွင် ရှောင်းယီသည် သူ၏မျက်နှာကို လက်ဖြင့်ဖုံးလိုက်မိ၏။ နောက်တစ်ကြိမ် ဂျိုးတူးသွားသော ငါးကိုကြည့်ပြီး ဆက်သွယ်ရေးစာမျက်နှာသို့ ပြောင်းလိုက်သည်။

“ဒါနဲ့ရော အဆင်ပြေလား။ [ဂျိုးတူးနေသောငါး] ၅၀၀ဂရမ်။”

တစ်ဖက်လူသည် ထိုဂျိုးတူးနေသောငါးကို မှာယူရန် ရွေးချယ်လိုက်၏။ ၎င်းသည် အနည်းငယ်မီးကျွမ်းနေသော်လည်း လုံလောက်အောင် ကောင်းမွန်နေသေးပေသည်။

“ဟုတ်ကဲ့ အခုလဲလှယ်လို့ရပြီလား။”

ရှောင်းယီသည် ချက်ချင်းပင် သူ၏သီးသန့်ချန်နယ်၌ လဲလှယ်မှုကို စတင်လိုက်ပြီး တစ်ဖက်လူသည်လည်း ချက်ချင်းပင် သဘောတူလိုက်သည်။

မူလက ရှောင်းယီသည် တစ်ဖက်လူက ဈေးဆစ်ဦးမည်ဟု ထင်ထားခဲ့သော်လည်း ထိုထုတ်လုပ်မှုပုံစံကို ဤမျှလွယ်ကူစွာရရှိလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ပေ။

“ရရှိသောပစ္စည်း - အကင်စက် ထုတ်လုပ်မှုပုံစံ (C အဆင့်)”

“မိတ်ဆွေဖွဲ့လို့ရမလား။ ကျုပ်မှာ အခြားအရာတွေထပ်ရှိလာရင် ခင်ဗျားနဲ့လဲလှယ်ချင်တယ်။”

ရှောင်းယီသည် တင်္ဂတုံ့ဆိုင်းသွားသော်လည်း သဘောတူလိုက်သည်။

အနည်းဆုံး ဤလဲလှယ်မှုမှတစ်ဆင့် တစ်ဖက်လူသည် အမြတ်ထုတ်တတ်သူမျိုးမဟုတ်ကြောင်း သိနိုင်ပေသည်။

“ကောင်းပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဆုဝမ်က သင့်ကိုမိတ်ဆွေအဖြစ်ထည့်ရန် တောင်းဆိုနေပါသည် သဘောတူပါသလား။”

“ဆုဝမ်?”

ရှောင်းယီသည် ထိုအမည်ကိုကြည့်နေရင်း အံ့အားသင့်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအမည်သည် သူ၏လှပသောသူဌေးမနှင့် တူညီနေသောကြောင့်ပင်။

ထို့အပြင် ဤငယ်ရွယ်ပြီးလှပသောသူဌေးမလေးသည် သူမ၏လက်အောက်ငယ်သားများနှင့် ရောနှောနေထိုင်တတ်ပြီး လက်အောက်ငယ်သားများကိုလည်း အလွန်ကောင်းမွန်စွာဆက်ဆံတတ်ပေသည်။ ဟိတ်ကြီးဟန်ကြီးမရှိပေ။

ရှောင်းယီသည် ချက်ချင်းသဘောမတူသေးဘဲ သီးသန့်ချန်နယ်မှစာပို့ကာ မေးလိုက်သည်။

“ဒီမတိုင်ခင်က မင်း ဘယ်ကုမ္ပဏီမှာအလုပ်လုပ်ခဲ့တာလဲ။”

“ဟင်။”

ဆုဝမ် အနည်းငယ် ကြောင်အသွားပြီးနောက် ပြန်ဖြေလိုက်သည်။

“ဘာဖြစ်လို့လဲ။ ထျန်းဟန်မြို့မှာရှိတဲ့ ရှင်းထျန်း အီးကွန်မာ ကုမ္ပဏီမှာပါ။ ပြဿနာရှိလို့လား။”

ထိုအဖြေကိုမြင်လိုက်ရသည့်အခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ဆုဝမ်သည် သူ၏ယခင်အလုပ် ခေါင်းဆောင်ဖြစ်ကြောင်း သေချာသွားခဲ့ပြီး သဘောတူလိုက်သည်။

“ဟမ် နင်က ရှောင်းယီလား။”

ဆုဝမ်သည် ပို၍ပင် အံ့အားသင့်သွားခဲ့သည်။

“ဟုတ်တယ်... ဒီလိုမတူညီတဲ့အခြေအနေမျိုးမှာ လုပ်ဖောင်ကိုင်ဖက်တစ်ယောက်နဲ့တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး။”

ရှောင်းယီက သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။

တစ်ယောက်နှင့်တစ်ယောက် မိတ်ဆွေစာရင်းထဲထည့်ထားသ၍ မိမိ၏အမည်အစစ်များ ထွက်ပေါလာမည်ဖြစ်သည်။ ပြီးလျှင် အများသုံးချန်နယ်တွင် အသုံပြုမည့် အိုင်ဒီအမည်ကိုမူ မိမိစိတ်ကြိုက်သတ်မှတ်နိုင်ပေသည်။

မိတ်ဆွေအဖြသ်ပေါင်းထည့်ပြီးနောက် တစ်ချိန်တည်းမှာပင် ကျွန်းအထိမ်းအမီတ်ကျောက်တိုင်မှတစ်ဆင့် အသံဖိုင်နှင့် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

မတွေ့ရတာကြာပြီဖြစ်သော ဆုဝမ်သည် ယခုရှောင်းယီသည် သူသိသောရှောင်းယီနှင့် တစ်ယောက်တည်းဟုတ်မဟုတ်သိရရန်အတွက် ပထမဆုံးအကြိမ် ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်လေသည်။

ယခင်က အသားအရေ ဖြူစင်ချော‌မွန်ပြီး လှပတင့်တယ်လှသော အဖြူရောင်ကော်လာအင်္ကျီကိုအမြဲဝတ်ဆင်တတ်သည့် သူမသည် ယခုအခါတွင် မီးခိုးရောင်ပင်ဖြစ်နေခဲ့ပြီး အားနည်းနေခဲ့လေသည်။

“နင့်ကိုတွေ့ရတာ အရမ်းဝမ်းသာတာပဲ။ ဒီမှာဘာတွေဖြစ်နေတာလဲ။ ဘယ်လိုဖြစ်ပြီး ဒီနေရာကိုရောက်လာခဲ့တာလဲယ”

ဆုဝမ်က အလျင်အမြန်မေးလိုက်၏။ သူမသည် အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ပင် ဖြစ်နေခဲ့သည်။

All Chapters