လဲလှယ်မှု၊ ပျက်စီးနေတဲ့ ငါးဖမ်းပိုက်ကို နင့်ကိုပေးမယ်
Vol. 1 Ch. 7
ရှောင်းယီသည်လည်း ကူကယ်ရာမဲ့နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ငါလည်း မသိဘူး ဒါကဖြတ်သန်းလာတာဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီကမ္ဘာက ဂိမ်းကမ္ဘာနဲ့ အရမ်းဆင်တယ်။ ဒါပေမယ့် ဂိမ်းကမ္ဘာနဲ့ အကြီးမားဆုံးကွာခြားချက်က မင်းဒီမှာသေရင် တကယ်သေနိုင်တာပဲ။”
“ဒါဆို ဘာလုပ်ရမှာလဲ။”
ဆုဝမ်သည် ငိုချမိလုနီးပါးဖြစ်နေခဲ့သည်။ သူမသည် ကုမ္ပဏီလုပ်ငန်းများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သော်လည်း အသက်ရှင်ရပ်တည်ရေး ဂိမ်းများတွင်မူ မတော်ပေ။
“နည်းလမ်းမရှိဘူး ဒီနေရာရဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာပြီး ပစ္စည်းသေတ္တာကို အမြန်ဆုံးစုဆောင်းရမယ်။ ပြီးရင် မင်းရဲ့ကျွန်းကို တိုးချဲ့လိုက်ပါ။”
ရှောင်းယီက ပြန်ဖြေသည်။
“အာ...ဒီကျွန်းက တိုးချဲ့လို့ရတာလား။”
ဆုဝမ်က အံ့အားသင့်စွာပြောလိုက်သည်။
ရှောင်းယီသည် တဒင်္ဂမျှ တွေးတောလိုက်ပြီးနောက် သူမ၏မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။
“မင်းရဲ့ကျွန်းပေါ်မှာ ကျောက်တုံးကြီးတစ်တုံးနဲ့ သစ်ပင်တစ်ပင် ရှိမယ်လို့ငါထင်တယ် ဟုတ်လား။”
“ဟုတ်တယ်။”
ဆုဝမ်က ပြန်ဖြေသည်။
“မင်း သူတို့ရဲ့အခန်းကဏ္ဍတွေကို မြင်နိုင်လား။”
ရှောင်းယီက သွယ်ဝိုက်စွာ မေးလိုက်၏။ လူတိုင်းသည် ပစ္စည်းတစ်ခုစီ၏ အချက်အလက်များကို မြင်နိုင်၊မမြင်နိုင်ကို သူသိချင်နေမိသည်။
“ဟမ် မမြင်ရဘူး။”
ဆုဝမ်သည် ပဟေဠိဖြစ်သွားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
ဆုဝမ်၏ တုံ့ပြန်မှုမှတစ်ဆင့် ရှောင်းယီသည် ၎င်းသည် သူ၏ လက်မှတ်ထိုးဝင်ခြင်း စနစ်ကြောင့် သူသည် ပစ္စည်းတစ်ခုစီ၏ ရှင်းလင်းချက်အချက်အလက်များကို မြင်နိုင်ခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။
ဤအချက်ကို အတည်ပြုပြီးနောက် ရှောင်းယီသည် ကျွန်းနှင့် ဤကမ္ဘာ၏ စည်းမျဉ်းများအကြောင်း သူသိထားသည်များကို ရှင်းပြလိုက်၏။
“နင်ဘာပြောလိုက်တာလဲ။ ဒီကျွန်းက နစ်မြုပ်သွားဦးမှာလား။”
ဆုဝမ်သည် ထိုစကားကိုကြားသောအခါ ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။
“ငါ ရေမကူးတတ်ဘူး။”
“အဲ့ဒါကြောင့် မင်းရဲ့ကျွန်းကို အမြန်ဆုံးတိုးချဲ့ဖို့ ငါပြောတာပေါ့။”
ရှောင်းယီက ထပ်ပြောလိုက်သည်။
“ဒီနှစ်ရက်အတွင်း နောက်ဆုံးမှာ ငါပစ္စည်းသေတ္တာတစ်လုံးကို ဆွဲယူနိုင်ခဲ့တယ်ပေမယ့် ထုတ်လုပ်မှုပုံစံတစ်ခုပဲရခဲ့တယ်။ နင်ပြောတဲ့ အုတ်မြစ်ကျောက်လည်း လုံးဝရှာမတွေ့ခဲ့ဘူး။”
ဆုဝမ်က ငိုကြွေးရင်း ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အချိန်ရှိပါသေးတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ဆုဝမ်သည် သူမ၏စိတ်ခံစားမှုများကို အနည်းငယ်ပြန်လည်တည်ငြိမ်စေပြီးနောက် ကျေးဇူးတင်စကားပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ နင့်ရဲ့သတိပေးမှုကြောင့်သာမဟုတ်ရင် ငါဒီမှာ အချိန်ဖြုန်းနေမိဦးမှာ။ ဘာမှဆက်ပြောမနေတော့ဘူး။ တစ်ခုခုစားပြီးရင် ပစ္စည်းသေတ္တာကို ဆက်ဖမ်းရမယ်။”
အနာဂတ်သည် အလွန်အန္တရာယ်များကြောင်း သိသော်လည်း ဆုဝမ်သည် ရှောင်းယီထံမှ ရေ၊အစားအစာနှင့် အုတ်မြစ်ကျောက်များ တောင်းခဲ့ခြင်းကဲ့သို့သော အလွန်အကျွံတောင်းဆိုမှုများကို ပြုလုပ်မည်မဟုတ်ပေ။
ဤသည်မှာ ရှောင်းယီ၏ သူမအပေါ် ပိုမိုနှစ်သက်ရသည့် အချက်ဖြစ်သည်။ ရှေ့နောက်ညီညွတ်စွာ လုပ်ဆောင်တတ်ပေသည်။
အစောပိုင်းထိတ်လန့်မှုများပြီးဆုံးပြီးနောက် ဆုဝမ်သည် အလွန်မှီခိုမှုကင်းသော အမျိုးသမီးတစ်ဦး၏ ခွန်အားကို ပြသလာခဲ့သည်။
ရှောင်းယီသည် ဘေးတစ်ဖက်တွင် ပစ်ထားသော ပျက်စီးနေသည့် ငါးဖမ်းပိုက်ကို ကြည့်ပြီး ထပ်ပြောလိုက်၏။
“မင်းရဲ့ငါးဖမ်းပိုက်ကို ငါ့ဆီ လဲလှယ်လိုက်။”
သူတို့နှစ်ဦးစလုံးသည် ရင်းနှီးသည့်တစ်စုံတစ်ယောက် အချိန်အတော်ကြာ မမြင်ခဲ့ရသောကြောင့် ဖြစ်နိုင်ပြီး ဗီဒီယိုခေါ်ဆိုမှုကို ပိတ်မထားခဲ့ကြပေ။
“အမ်...”
ဆုဝမ်သည် ရှောင်းယီကို သံသယအကြည့်များဖြင့်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် နားလည်သွားခဲ့သည်။
“နင်က ငါးဖမ်းပိုက်ဟောင်းနှစ်ခုကို ပေါင်းစပ်ပြီး ငါးဖမ်းပိုက်အကောင်းတစ်ခုဖြစ်အောင် လုပ်ချင်တာလား။ အများသုံးချန်နယ်မှာ တစ်ယောက်ယောက်က အံ့ဒီအစီအစဉ်ကို တင်ပြထားတာကို ငါမြင်ဖူးတယ်။”
ထိုသို့ပြောရင်းဖြင့် ဆုဝမ်သည် တွန့်ဆုတ်မနေဘဲ သူမ၏ငါးဖမ်းပိုက်ကို ရှောင်းယီထံသို့ လဲလှယ်ပေးလိုက်သည်။
ရှောင်းယီသည် သူမ၏လဲလှယ်မှုကို ကြည့်ပြီး ပြုံးရယ်ကာ ပြောလိုက်၏။
“ငါ မင်းကို ဒီငါးဖမ်းပိုက်အတွက်နဲ့ လှည့်စားမှာ မကြောက်ဘူးလား။”
“တခြားသူတွေကိုတော့ ငါမသိဘူး ဒါပေမယ့် နင်ကတော့ အဲ့လိုလူမျိုး လုံးဝမဟုတ်ဘူး။”
ဆုဝမ်က ပြုံးလိုက်သည်။
“ဘာပဲပြောပြော ငါတို့က တစ်နှစ်ကျော်လောက် အတူတူအလုပ်လုပ်ခဲ့ကြတာပဲလေ။”
ရှောင်းယီသည် သူမကို လက်မထောင်ပြလိုက်ပြီး ဆောက်လုပ်ရေးစာမျက်နှာသို့ ပြောင်းလိုက်သည်။
“ကောင်းပြီ စကားဆက်ပြောဖို့ ခဏလောက်စောင့်ဦး။”
[သာမန်ငါးဖမ်းပိုက်] (C အဆင့်) - လိုအပ်သော ပစ္စည်းများ - ပိုးချည် ၂၀၀ သို့မဟုတ် ပျက်စီးနေသော ငါးဖမ်းပိုက် ၂။
ယခုအခါ ရှောင်းယီ၏ လက်ထဲတွင် ပျက်စီးနေသော ငါးဖမ်းပိုက်နှစ်ခု ရှိနေပြီဖြစ်သည်။ တစ်ခုကို ငါးများအား ချည်နှောင်ရန်အတွက် ပိုးချည်အနည်းငယ်ဖြတ်ထုတ်ထားသော်လည်း စနစ်သည် ယင်းငါးဖမ်းပိုက်ကို ပျက်စီးနေသော ငါးဖမ်းပိုက်အဖြစ် သတ်မှတ်နေဆဲပင်။
ဆောက်လုပ်ရန် ခလုပ်ကိုနှိပ်လိုက်သောအခါ ငါးဖမ်းပိုက်ဟောင်းနှစ်ခုသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သာမန်ငါးဖမ်းပိုက်တစ်ခု ဖြစ်လာခဲ့လေသည်။
“သာမန်ငါးဖမ်းပိုက် [အဆင့်ကိရိယာ] - ၎င်းဖြင့်ဖမ်းမိသွားသ၍ လွဲချော်သွားမည်ကို စိုးရိမ်စရာမလိုပေ။ အများဆုံးဖမ်းယူနိုင်သော အချင်းဝက်မှာ ၂၀ မီတာဖြစ်သည်။”
ရှောင်းယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ လွဲချော်မှုမရှိဘဲ ဖမ်းယူနိုင်သည့်အပြင် ဖမ်းယူနိုင်သည့်ဧရိယာလည်း ပိုမိုကြီးမားလာခဲ့ပေသည်။
ထို့နောက် သူသည် သီးသန့်ချန်နယ်သို့ ပြန်ပြောင်းလိုက်ပြီး ထိုသာမန်ငါးဖမ်းပိုက်ကို ဆုဝမ်ထံသို့ လဲလှယ်လိုက်တော့သည်။
ဆုဝမ်သည် ထိုပစ္စည်း၏ ဖော်ပြချက်ကို ငေးကြည့်နေမိ၏။ ရှောင်းယီသည် သူမဆီသို့ သာမန်ငါးဖမ်းပိုက်တစ်ခုအား ပြန်လည်လဲလှယ်ပေးသည်ကို မယုံနိုင်ခဲ့ပေ။
ဤပစ္စည်းကို ဈေးကွက်တွင် ထည့်သွင်းလိုက်ပါက သို့မဟုတ် စကားပြောအင်တာဖေ့စ်သို့ ပို့လိုက်ပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် သက်ဆိုင်ရာ ညွှန်ကြားချက်များ ပေါ်လာမည်ဖြစ်သည်။
သို့သော် ရှောင်းယီမှာမူ ကွဲပြားသည်။ သူသည် ပစ္စည်းတစ်ခုကို မြင်လိုက်သည်နှင့် သက်ဆိုင်ရာ ရှင်းလင်းချက်များ ပေါ်လာပေလိမ့်မည်။
“ဒါ...ဒါက အရမ်းတန်ဖိုးကြီးတယ်။”
ဆုဝမ်သည် ရှောင်းယီအား ထိုငါးဖမ်းပိုက်ကို ယူထားစေလိုချင်သော်လည်း ငါးဖမ်းပိုက်မရှိပါက သူမသည်လည်း အသက်ရှင်နိုင်မာ်မဟုတ်ကြောင်း သိထား၏။ သူမသည် အရာရာတိုင်းကို အခြားသူများထံမှ တောင်းခံတတ်သော အမျိုးသမီးမျိုး မဟုတ်ပေ။
ဤအရာက ဆုဝမ်ကို ဝေခွဲရခက်စေခဲ့သည်။
“မင်းယူထားလိုက်ပါ။ ငါ့မှာ ပစ္စည်းသေတ္တာဖမ်းဖို့ အခြားနည်းလမ်းတွေရှိတယ်။ ဒါ့အပြင် ဒီမှာရှိနေရင်တောင် အဲ့ဒီငါးဖမ်းပိုက်ကို ငါသုံးမှာမဟုတ်ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နောက်ပိုင်းကျ တစ်ခုခုကောင်းတာဖမ်းမိရင် ဈေးချိုချိုနဲ့ ငါ့ကိုရောင်းပေးလို့ရတယ်။”
ရှောင်းယီတွင် ပစ္စည်းသေတ္တာဖမ်းရန် အခြားနည်းလမ်းများရှိကြောင်း ကြားလိုက်ရသောအခါ သူသည် ယခင်က ငါးကင်ကိုပင် ထုတ်ယူလာနိုင်သည်ကို တွေးလိုက်မိပြီး သူမသည်လည်း ဘာမှပြောမနေတော့ပေ။
ဆုဝမ်သည် ဆုံးဖြတ်ချက်လိုက်ပြီးနောက် ထိုလဲလှယ်မှုကို လက်ခံလိုက်လေသည်။
“ပစ္စည်းသေတ္တာထဲကနေ ရရှိလာတဲ့ အရာတွေကို ငါတို့ ၅၀-၅၀ ခွဲမယ်။ ပစ္စည်းကောင်းတွေရရင် ငါ နင့်ကို ဦးစားပေးမယ်။”
“ကောင်းပြီ။”
ရှောင်းယီသည် သူသာ ငြင်းဆန်လိုက်ပါက သူမသည် အချိန်ဖြုန်းကာ ထပ်မံတွန်းအားပေးနေမည်ကို သိသောကြောင့် တစ်ခါတည်း သဘောတူလိုက်သည်။ သူမ အမှန်တကယ် ကောင်းတဲ့အရာတစ်ခုခုဖမ်းမိမှသာ ထိုအကြောင်း ဆက်ပြောမည်ဖြစ်သည်။
“စကားမစပ် မင်း ငါးဖမ်းပိုက်ပစ်တတ်လို့လား။”
ရှောင်းယီသည် ရုတ်တရက် ထိုပြဿနာကို သတိရသွား၏။
ဆုဝမ်သည် ပြုံးပြီး ပြန်ဖြေလိုက်သည်။
“ဒါပေါ့...ငါ့ရဲ့ဇာတိမြို့က ပင်လယ်ကမ်းခြေမြို့တစ်မြို့ပဲ။ ငါ လူကြီးတွေ ငါးဖမ်းပိုက်ပစ်တာကို တစ်နေကုန်ကြည့်နေခဲ့ဖူးတယ်။ ကျွမ်းကျင်တာတော့မဟုတ်ဆိုပေမယ့် အနည်းဆုံးတော့ ပစ်တတ်ပါသေးတယ်။”
ရှောင်းယီသည် သူမကို လက်မထောင်ပြလိုက်သည်။
ဆုဝမ်သည် ဂျိုးတူးနေသော ငါးကင်ကို အလျင်အမြန်ဖြေရှင်းပြီးနောက် သူ့ကိုနှုတ်ဆက်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှ ထွက်ခွာသွားခဲ့သည်။ သူမသည် ပစ္စည်းသေတ္တာဖမ်းရန် ထွက်သွားသည့်ပုံပင်။
ထို့နောက် ရှောင်းယီသည် စကားပြောအင်တာဖေ့စ်ကို ပိတ်လိုက်ပြီး ကျွန်း၏အစွန်းသို့ သွားလိုက်သည်။ ထိုနေရာတွင် မဖွင့်ရသေးသော ပစ္စည်းသေတ္တာနှစ်လုံး ရှိနေလေသည်။
ဆုဝမ်နှင့် စကားပြောနေစဉ်အတွင်း အလိုအလျောက်ငါးဖမ်းပိုက်သည် နောက်ထပ် ပစ္စည်းသေတ္တာနှစ်လုံးကို ဖမ်းမိထားခဲ့သည်။
ပစ္စည်းသေတ္တာကို ဖွင့်လိုက်၏။
“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၃၊ လီနင်အထည် ၂၊ သတ္တုပြား ၂၊ စတော်ဘယ်ရီစေ့ ၄။”
“ရရှိသောပစ္စည်း - အုတ်မြစ်ကျောက် ၂၊ မီးဖိုဆောင်ထုတ်လုပ်မှုပုံစံ (B အဆင့်)။”
“အစားအစာမပါဘူးဆိုပေမယ့် အထွက်နှုန်းတော့ကောင်းသားပဲ။”
ရှောင်းယီသည် သူရရှိလိုက်သော ပစ္စည်းများကို ကြည့်ကာ ရေရွတ်လိုက်၏။
“မီးဖိုဆောင်ထုတ်လုပ်မှုပုံစံ (B အဆင့်) - သတ္တုပြား ၁၀၊ အုတ် ၂၀။”
သူသည် ယခုထိ မမြင်ဖူးသေးသော အုတ်များကို မြင်လိုက်သောအခါ ရှောင်းယီ ခေါင်းနပန်းကြီးသွားခဲ့သည်။
ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းကာ ယခင်က မမြင်ဖူးခဲ့သော ပစ္စည်းများအကြောင်း တွေးတောခြင်းကို ရပ်တန့်လိုက်ပြီး သံကြိုးလွှကိုကောက်ယူကာ ပစ္စည်းသေတ္တာနှစ်လုံးကို ဖြတ်တောက်လိုက်ပြီးနောက် သစ်သားပြား ၁၂ ခု ရရှိလိုက်လေသည်။
သစ်သားအိမ်ဆောက်လုပ်ရန် လိုအပ်သော ပစ္စည်းများကို ကြည့်ရှုလိုက်ရာတွင် သစ်သားပြားများ လုံလောက်နေပြီဖြစ်သော်လည်း သတ္တုပြားများမှာမူ လိုအပ်ဆဲပင်။ ဈေးကွက်ကို ကြည့်လိုက်ရာ လူလေးဦးသည် လီနင်ကို အသုံးပြုထားပြီး လူခုနစ်ဦးသည် သတ္တုပြားများကို ငါးကင်နှင့် လဲလှယ်ထားကြောက်း တွေ့လိုက်ရလေသည်။
ဤနည်းဖြင့်ပင်လျှင် ရေသန့်စက်ထုတ်လုပ်ရန်အတွက် လီနင်တစ်ထည် လိုအပ်နေဆဲဖြစ်ပြီး သစ်သားအိမ်ဆောင်လုပ်ရန်အတွက် သတ္တုပြား ၂၁ ခု လိုအပ်နေဆဲပင်။
“လောလောဆယ်တော့ ရေသန့်စက်ရဖို့က နီးစပ်နေပြီ။ ညမရောက်ခင် သစ်သားအိမ်တစ်လုံးတော့ ဆောက်နိုင်မယ်လို့ မျှော်လင့်မိတယ် ဒီလိုမှမဟုတ်ရင် တွင်းတူးပြီးပဲ ကိုယ့်ကိုယ်ကို မြေမြုပ်ရတော့မယ်။”
ရှောင်းယီက တွေးလိုက်မိသည်။
ဤအချိန်တွင် အလိုအလျောက်ငါးဖမ်းပိုက်သည် နောက်ထပ် ပစ္စည်းသေတ္တာတစ်လုံးကို ဖမ်းမိကြောင်း အသိပေးလာခဲ့သည်။
“စတုတ္ထမြောက်တစ်လုံးပဲ။”
ရှောင်းယီ၏ မျက်လုံးများ အရောက်လက်သွားပြီး ပစ္စည်းသေတ္တာဆီသို့ လျှောက်သွားလိုက်တော့သည်။