သတင်းအချက်အလက် ညံ့ဖျင်းခြင်း၊ ထူးဆန်းသော လုပ်ဆောင်ချက်
Vol. 1 Ch. 11
ယခုအချိန်တွင် သစ်သားစည်ပိုင်းကို တည်ဆောက်ပြီးဖြစ်သောကြောင့် ရှောင်းယီသည် A အဆင့်မြေဆီလွှာကို ထိုထဲသို့ ချက်ချင်း ပစ်ထည့်လိုက်တော့လေသည်။
မူလက မြေဆီလွှာသည် အိတ်သေးသေးလေးသာရှိသော်လည်း သစ်သားစည်ပိုင်းထဲထည့်လိုက်သောအခါ သစ်သားစည်ပိုင်းတစ်ခုလုံး ပြည့်လုနီးပါးဖြစ်သွားခဲ့လေသည်။
“ကံကောင်းလို့ပေါ့...ဒီလိုမှမဟုတ်ရင် ဒီမြေဆီလွှာကို ဘယ်မှာသွားရှာရပါ့မလဲ။”
ရှောင်းယီက ရေရွတ်လိုက်သည်။
ထို့နောက် A အဆင့် ပန်းသီးစေ့များကို ထိုထဲတွင် ထည့်စိုက်လိုက်ပြီး ရေသန့်ဖြင့် လောင်းပေးလိုက်လေသည်။
“ဒီဒီဒီ!!!”
ထိုစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် အချက်အသံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး တစ်ယောက်ယောက်က စကားပြောရန်တောင်းဆို နေကြောင်း အသိပေးလာခဲ့သည်။
လက်ရှိတွင် သူနှင့် စကားပြောနိုင်သူမှာ ဆုဝမ်တစ်ဦးတည်းသာရှိပေသည်။ ရှောင်းယီသည် ထိုနေသို့လျှောက်လာပြီး တိုက်ရိုက်ပင် ဆက်သွယ်လိုက်သည်။
“ရှောင်းယီ ငါ နောက်ထပ်ပစ္စည်းသေတ္တာတစ်ခု ဖမ်းမိခဲ့တယ်။”
ဆုဝမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့သည်။
“နောက်ထပ်နှစ်ခုရှိလည်းသေးတယ်။ အကွာအဝေးနဲ့ မျောလာတဲ့ ဦးတည်ချက်ကို ကြည့်လိုက်ရင် သူတို့ကိုလည်း ဖမ်းလို့နိုင်လောက်တယ်။”
“ဒါဆို ဂုဏ်ယူပါတယ်။ ဒီနေ့တော့ ကြီးကြီးမားမား အမြတ်ထွက်တော့မယ်ထင်တယ်။”
ရှောင်းယီက ပြုံးကာပြောလိုက်သည် ။
“အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ ပစ္စည်းသေတ္တာထဲမှာ အုတ်မြစ်ကျောက်သုံးခု၊ ဓာတ်ဆားရေဘူးတစ်ဘူးနဲ့ ထုတ်လုပ်ရေးပုံစံတွေ ရှိတယ်။”
ဆုဝမ်က ပြန်ဖြေလိုက်သည်။
ထိုစကားနှင့်အတူ ဆုဝမ်သည် ထုတ်လုပ်ရေးပုံစံကို စကားပြောအင်တာဖေ့စ်တွင် တင်ပေးလိုက်၏။
“[တစ်ယောက်အိပ်သစ်သားခုတင်ထုတ်လုပ်မှုပုံစံ]- သစ်သားပြား ၄၊ သတ္တုပြား ၆၊ ပိတ်စ ၄။”
ရှောင်းယီသည် ထိုကုန်ထုတ်လုပ်မှုပုံစံကို မြင်လိုက်ရသောအခါ တိုက်ရိုက်ပြောလိုက်သည်။
“ငါ့ကို အဲ့ဒီကုန်ထုတ်မှာပုံစံတွေပဲပေးပါ။ ငါတခြားဟာတွေကို မလိုချင်ဘူး။”
“ဟုတ်ပြီ။ ဒါပေမယ့် အုတ်မြစ်ကျောက်ကိုတော့ နင့်ကိုပေးလိုက်မယ်။ ကျန်တာကို ငါပိုင်တယ်။”
ဆုဝမ်က ပြန်ပြောပြီးနောက် လဲလှယ်မှုတစ်ခုကို စတင်လိုက်လေသည်။
“[အုတ်မြစ်ကျောက်] ၁၊ [တစ်ယောက်အိပ်သစ်သားကုတင် ထုတ်လုပ်မှုပုံစံ] - လဲလှယ်မှုမရှိပါ။”
ရှောင်းယီသည်လည်း ငြင်းမနေတော့ဘဲ လဲလှယ်မှုကို တိုက်ရိုက်ပင် အတည်ပြုလိုက်လေသည်။ အုတ်မြစ်ကျောက်သည် ၎င်း၏ကျွန်းဧရိယာကို သဘာဝအတိုင်း ဆက်လက်ချဲ့ထွင်ပေးခဲ့ပြီး သစ်သားကုတင်အတွက်မူ ပစ္စည်းများသည် ယခုအချိန်တွင် မလုံလောက်သေးသောကြောင့် ဦးစွာစောင့်ဆိုင်းရဦးမည်ဖြစ်သည်။
သူ၏ကျွန်းဧရိယာကို 16 စတုရန်းမီတာအထိ ချဲ့ထွင်လိုက်သောအခါတွင်မူ ရှောင်းယီသည် သူ့၏သစ်သားအိမ်နောက်၌ သစ်ပင်တစ်ပင်နှင့် ကျောက်တုံးကြီးတစ်ခု ထွက်ပေါ်လာသည်ကို တွေ့ လိုက်ရပြီး အံ့အားသင့်သွားခဲ့သည်။
“ဒါက ဘယ်တုန်းက ပေါ်လာတာလဲ။”
ရှောင်းယီသည် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။ ၎င်းကို သူလုံး၀သတိမထားမိခဲ့ပေ။
ရုတ်တရက် ရှောင်းယီ၏စိတ်ထဲ၌ ရုတ်တရက် ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒါက နေ့တိုင်းအသစ်ပြန်ပေါ်လာမှာများလား။”
ထိုစိတ်ကူးကို အတည်ပြုရန်မှာ မခက်ခဲလှပေ။ ထိုသစ်ပင်ကို ခုတ်လှဲကာ ကျောက်တုံးများအားလုံးကို တူးဖော်ပြီး မနက်ဖြန်တွက် ထပ်ပေါ်လာဦးမလားဆိုသည်ကို စောင့်ကြည့်ရန်သာဘလိုအပ်ပေသည်။
မင်းထင်တဲ့အတိုင်းသာလုပ်ကွာ...။
ရှောင်းယီသည် သူ၏ ဘက်စုံသုံးကိရိယာအိတ်ကို ထုတ်ယူကာ ထိုသစ်ပင်နှင့် ကျောက်တုံးများကို အရင်းအမြစ်များအဖြစ် ပြောင်းလဲပြီး သိမ်းဆည်းလိုက်လေသည်။
ထိုအရာများကို ပြုလုပ်ပြီးနောက် ရှောင်းယီသည် အနားယူရန် ပြန်သွားလိုက်သည်။ နောက်ဆုံးတွင် ပစ္စည်းသေတ္တာများကို ဖမ်းယူရန်အတွက် အလိုအလျောက် ငါးဖမ်းပိုက်သည် အချိန်အပြည့်ရှိနေသောကြောင့် ၎င်းကို အလွန်အမင်း အာရုံစိုက်နေရန် မလိုအပ်ပေ။
ထို့ကြောင့် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ တစ်ဖန်ပြန်လာပြီး အများသုံး ချန်နယ်ကို ကြည့်လိုက်သည်။
“ငါပစ္စည်းသေတ္တာတစ်လုံးကို ဖမ်းမိခဲ့တယ်။ အဲ့ထဲပါတဲ့ပစ္စည်းကို ဘယ်လိုအသုံးပြုရတာလဲ။ [အုတ်မြစ်ကျောက်] ၁။”
“အရမ်းအံ့ဩစရာကောင်းတာပဲ။ မင်းမှာ သောက်စရာတစ်ခုခုရှိလား။ ငါ့ကိုနည်းနည်း လောက်ဆုချပါ။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ ဆောက်ရေး စာမျက်နှာကို ကြည့်လို့ရတယ်။ အကုန်လုံးကို လျှောက်မေးမနေနဲ့။ မင်းက တော်တော်လေူ ကျပ်မပြည့်ပုံပဲ။”
“ချီးဘဲ! မင်းပဲကျပ်မပြည့်တာ။ မင်းတို့တစ်မျိုးလုံး ကျပ်မပြည့်တာကွ။ ငါမေးချင်မေးမယ်။ မင်းဘာလုပ်ချင်လဲကွ။”
“အဲ့ဟာနဲ့ ကျွန်းကို ချဲ့ထွင်လို့ရတယ်။ ကြည့်ရတာတော့ ဒီကမ္ဘာက နယ်မြေချဲ့ထွင်ရတဲ့ဂိမ်းတစ်ခုလိုပဲ။”
“ဒါကိုဂိမ်းတစ်ခုလိုလို့ ဘယ်သူပြောတာလဲ။ ဂိမ်းတွေက လူတွေကို ငတ်ပြီးသေအောင်သတ်နိုင်လို့လား။”
သူသည် ဆူညံပွက်လောရိုက်နေသော အများသုံးချန်နယ်ကို ကြည့်လိုက်သော်လည်း ပင်လယ်ရေသည် တစ်ပတ်လျှင် တစ်စတုရန်းမီတာ နစ်မြုပ်မည့်အကြောင်းအား မည်သူမျှထည့်မပြောကြပေ။
“ဒါကို လူတိုင်းမသိလောက်ဘူးထင်တယ်။”
ရှောင်းယီသည် သူ့မေးစေ့ကို ပွတ်သပ်ကာ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် ဈေးကွက်သို့ ပြောင်းသွားလိုက်သည်။
“[ငမန်းသား] 200 ဂရမ် - လဲလှယ်မှု [အုတ်မြစ်ကျောက်] ၁၊ မှတ်ချက်များ- သင့်လက်ထဲတွင် နောက်ထပ် အုတ်မြစ်ကျောက်များရှိပါက စျေးနှုန်းအကြောင်းကို သီးသန့်ပြောနိုင်ပါသည်။”
ရှောင်းယီသည် ထိုသတင်းအချက်အလက်ကွာဟမှုကို အခွင့်ကောင်းယူကာ လူတိုင်းက အုတ်မြစ်ကျောက်ကို သိပ်ဂရုမစိုက်ကြသည် မြင်လိုက်သောအခါ တစ်သုတ်လောက်ဝယ်ယူရန် ဆုံးဖြတ်လိုက်လေသည်။
ဟုတ်ပါသည်...တစ်စုံတစ်ယောက်သည် ထိုအရာ၏ အရေးပါမှုကို နားလည်နိုင်၏။ သို့သော်လည်း အစာစားသည်ပြဿနာတစ်ခုဖြစ်နေသော ယခုလိုအချိန်မျိုးတွင် အုတ်မြစ်ကျောက်တစ်ခုကို ငါးမန်းအသား ၂ဝဝ ဂရမ်ဖြင့် လဲလှယ်၍ရမည်ဖြစ်သည်။ ဗိုက်ဆာနေသူ တော်တော်များများသည် သူနှင့်အရောင်းအဝယ်လုပ်လိမ့်မည်ဟု သူယုံကြည်ပေသည်။
“မင်းမြင်ပြီလား။ သူဌေးက ငါးမန်းသားတွေ ထပ်ထုတ်လိုက်ပြန်ပြီ။ ဒီတစ်ခါတော့ သူက အုတ်မြစ်ကျောက်တွေ လိုချင်နေတာပဲ။”
“အို! ငါတို့အားလုံး ငတ်ပြတ်နေကြတယ်ဆိုပေမယ့် သူဌေးကတော့ သူရဲ့နယ်မြေချဲ့ထွင်နေတယ်။ သူဌေးမှာညီငယ်နေရာ လွတ်နေသေးလား။”
“အုတ်မြစ်ကျောက်တစ်ခုကို အသား ၂၀၀ ဂရမ် ရှိတယ်။ သူဌေးက အုတ်မြစ်ကျောက်တွေ များများရှိရင် ငါးမန်းသားကို ပိုပေးနိုင်တယ်လို့ ဆိုလိုတာပဲ။”
“ဒါက အရမ်းမြတ်တယ်။ ငါ့မှာ အုတ်မြစ်ကျောက်တစ်ခုလောက်ရှိရင် ငါ အဲ့ဒါနဲ့အရင်ဆုံး လဲလှယ်မယ်။ ပြီးရင်ဗိုက်ဖြည့်မယ် မဟုတ်သေးဘူး ပစ္စည်းသေတ္တာအတွက် ပိုက်သွားပစ်မယ်။”
ရှောင်းယီ ဈေးကွက်ပေါ်သို့ တင်ပြီးသည်နှင့် တစ်စုံတစ်ယောက်သည် လဲလှယ်မှုတစ်ခုအတွက် အုတ်မြစ်ကျောက်ကို အသုံးပြုခဲ့ပြီး ရှောင်းယီသည်လည်း ပြတ်ပြတ်သားသားပင် သဘောတူလိုက်သည်။
“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၁”
ရှောင်းယီသည် နောက်ထပ်အစုအနည်းငယ်ကို ဈေးကွက်ပေါ်သို့တင်လိုက်ပြီး အရောင်းအဝယ်ပြုလုပ်ရာတွင် အုတ်မြစ်ကျောက်ကို အသုံးပြုနေသမျှကာလပတ်လုံး ၎င်းသည် အလိုအလျောက် သဘောတူမည်ဖြစ်သည်။
“ငါ နောက်ထပ် ပစ္စည်းသေတ္တာတစ်ခုဖမ်းမိခဲ့တယ်။ အထဲမှာ B အဆင့်ပုဆိန်တစ်ခုပဲရှိတယ်။ နင့်အတွက်ပေးလိုက်မယ်။ နင်အရင်သုံးလိုက်ပါ။”
ဆုဝမ်သည် သူ့၏သီးသန့်ချန်နယ်၌ လဲလှယ်မှုတစ်ခု ပို့ပေးလာခဲ့သည်။
“[ပုဆိန်] (B အဆင့်) - လဲလှယ်မှုမရှိပါ။”
ရှောင်းယီက လဲလှယ်မှုကို ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်ပြီး၏။
“ ငါ့လက်ထဲမှာ အဲ့ဟာထက်ပိုကောင်းတဲ့ ကိရိယာတွေရှိတယ်။ အဲ့ဒါကိုမလိုအပ်ပါဘူး။ မင်း ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် သိမ်းထားလိုက်ပါ။ ပြီးတော့ ဒီသစ်ပင်ကို တတ်နိုင်သမျှ ခုတ်လှဲလိုက်။ အဲ့ဒီကနေ အရင်းအမြစ်တွေ ရနိုင်တယ်။ ငါ့ရဲ့ လေ့လာတွေ့ရှိချက်အရ ကျွန်းပေါ်က သစ်ပင်တွေနဲ့ ကျောက်တုံးတွေက အသစ်ပြန်ပေါ်လာနိုင်တယ်။”
ရှောင်းယီသည် ကျွန်းပေါ်ရှိ သစ်ပင်များကို ခုတ်ပြီးသားဖြစ်ပြီး အလွန်ရင်းနှီးပေသည်။
ဆုဝမ်က ပြန်ဖြေလိုက်၏။
“ကျေးဇူးတင်ပါတယ်။ ငါအခု အဲ့ဒီသစ်ပင်တွေကို ခုတ်လိုက်မယ်။ အသစ်ပြန်ပေါ်တယ်ဆိုတာကရော ဘာကိုဆိုလိုတာလဲ။”
ဂိမ်းမကစားဖူးသော မိန်းကလေးများအတွက်မူ ထိုဝေါဟာရမှာ နားလည်ရခက်ပေသည်။
ရှောင်းယီသည် ရှင်းပြရန်ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။
“ငါတို့ရဲ့ကမ္ဘာက ကြီးမားတဲ့ဂိမ်းတစ်ခုဖြစ်မယ်ဆိုရင် ဆာဗာက ကြိုတင်သတ်မှတ်ထားတဲ့ပရိုဂရမ်နဲ့အညီလည် ပတ်လိမ့်မယ်။ ဥပမာအားဖြင့် ဒီကျွန်းပေါ်မှာ သစ်ပင်တစ်ပင်ရှိတယ်ဆိုရင် အသစ်ပြန်ဖြစ်ဖို့ အချိန်တန်တဲ့အခါ ဆာဗာက မင်းရဲ့ကျွန်းပေါ်မှာ သစ်ပင်တစ်ပင်ရှိ၊မရှိကို ဆုံးဖြတ်ပေးမှာပဲ။ မရှိဘူးဆိုရင် နောက်ထပ်သစ်ပင်တစ်ပင်ကို ကျပန်းထုတ်ပေးလိမ့်မယ်။ ရှိရင်တော့ အဲ့ဒါကို ဒီအတိုင်းထားခဲ့လိမ့်မယ်။”
“တစ်နည်းအားဖြင့် ငါမခုတ်ဘူးရင် အဲ့ဒီသစ်ပင်က ဒီအတိုင်းပဲ ကျန်နေလိမ့်မယ်။ နေ့တိုင်းခုတ်မယ်ဆိုရင်တော့ နေ့တိုင်းပြန်လည်ဆန်းသစ်နေမှာပေါ့။”
ဆုဝမ်က ပြောလိုက်သည်။
“ဘင်ဂို!”
ရှောင်းယီက ပြန်ပြောသည် ။
“အဲ့ဒီသစ်ပင်ကိုခုတ်လိုက်တာနဲ့ အရစ်အမြစ်တွေအဖြသ်စုပုံသွားဖို့ဆိုတာက ဖြစ်နိုင်ပါ့မလား။”
ဆုဝမ်က အံ့အားသင့်စွာ ပြောလိုက်သည်။
“ဟုတ်တယ် ဒါပေမယ့် အဲ့လိုမျိုးပစ္စည်းတွေကို စုပုံရတာ နှေးကွေးလွန်းတယ်။ ပြီးတော့ သစ်ပင်နဲ့ပတ်သက်တဲ့ ပစ္စည်းတချို့ပဲရှိလိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ငါနားလည်ပြီ။ ဒါဆို သစ်ပင်တွေကို အရင်ခုတ်လိုက်တော့မယ်။”
ထို့နောက် ဆုဝမ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထွက်ခွာသွားတော့ခဲ့လေသည်။
ဆုဝမ်နှင့် စကားစမြည်ပြောပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ရှောင်းယီသည် အသိအကျွမ်းတစ်ယောက်ထံမှ နောက်ထပ် သီးသန့်စာတစ်စောင်ကို းလက်ခံရရှိခဲ့သည်။
“ငါ့မှာ အုတ်မြစ်ကျောက်နှစ်ခုရှိတယ်။ ငါးမန်းသားများများရမယ်ဆိုရင် ရောင်းရမယ်။”
ထိုလူ၏အိုင်ဒီသည် လီယုဖြစ်ပြီး မူလက ငါးဖမ်းပိုက်အသစ်လုပ်ရန်အတွက် ငါးဖမ်းပိုက်အဟောင်း နှစ်ခုကို အသုံးပြုရန် အဆိုပြုခဲ့ဖူးသူဖြစ်သည်။
ရှောင်းယီသည် မျက်ခုံးပင့်လိုက်မိပြီး ပြန်ပြောလိုက်သည်။
“အုတ်မြစ်ကျောက်နှစ်ခုက သိပ်မများဘူး။ ကျုပ်တင်ထားတဲ့ အရောင်းအဝယ်စည်းမျဉ်းကို လိုက်နာပေးပါ။”
“ငါးမန်းအသား 500 ဂရမ်နဲ့ အုတ်မြစ်ကျောက်တုံးနှစ်ခုကို လဲလှယ်မယ်။ လိုချင်ရင် အရောင်းအဝယ်လုပ်မယ်ာ မလုပ်ချင်ရင်တော့ မေ့လိုက်တော့။”
လီယုကပြောလိုက်သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
“ကောင်းပြီ။”
ငါးမန်းသားသည် သင့်လက်ထဲတွင် အဖက်တင်နေလျှင် လျင်မြန်စွာ ပုပ်သိုးသွားမည်ဖြစ်သည်။ မကောင်းတာမလုပ်ခင် အနည်းငယ်လှူဒါန်းခြင်းသည် ကောင်းမွန်ပြီး အုတ်မြစ်ကျောက်နှစ်ခု၏တန်ဖိုးသည်လည်း ငါးမန်းအသားတစ်ကတ်တီထက် ပိုပေသည်။
သူတို့နှစ်ယောက်၏ အရောင်းအဝယ်မှာ အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့ သည်။ နောက်အခိုက်အတန့်တွင်မူ ရှောင်းယီသည် ဈေးကွက်၌ တစ်ယောက်ယောက်သည် ငါးမန်းသားများ တင်ထားတာကို တွေ့ လိုက်ရှိလိုက်ရပြီး သူအံ့အားသင့်သွားခဲ့၏။
“[ငါးမန်းအသား] ၅၀၀ ဂရမ် - လဲလှယ်မှု [သတ္တုပြား] ၂၀။
“ဒီအခြေအနေက ဘာလဲဟ။ ငါးမန်းသားကို သတ္တုအပိုင်းအစတွေနဲ့ လဲလှယ်ဖို့အတွက် အုတ်မြစ်ကျောက်တွေနဲ့ အရင်လဲလှယ်သွားတာလား။”
ရှောင်းယီသည် ဤထူးဆန်းသော လုပ်ဆောင်ချက်ကို ကြည့်ပြီးနောက် အနည်းငယ် စိတ်ရှုပ်သွားခဲ့လေသည်။