အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
အခန်း ၄၂၁ - အကျပ်အတည်း
အချိန်တစ်ခုကြာပြီးနောက် ကြက်သွေးရောင်တိမ်ဝံပုလွေ၏ အလောင်းကို အညီအမျှခွဲဝေလိုက်ကြသည်။
သူတို့၄ယောက်လုံးသည် ဤခွဲဝေသည့်ရလဒ်အား ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ လက်ခံရုံသာတတ်နိုင်ကြသည်။
ဤနေရာရှိလူတိုင်းသည် ကြီးမားသောအင်အားစုသို့မဟုတ် မိသားစုကြီးများမှဖြစ်ကြသည်။ ထို့ကြောင့်လူတိုင်းသည် သူတို့၏မျက်နှာကိုထိန်းသိမ်းထားနိုင်ရန်အတွက် နီကိုးလပ်စ်ကအစီအစဉ်ကောင်းတစ်ခုအား အကြံပြုခဲ့သည်။ယခုအချိန်၌ တစ်စုံတစ်ယောက်ကသာ ဤအကြံအစည်ကိုငြင်းဆန်ဝံ့ပါက ထိုလူသည်ဦးနှောက်ကင်းမဲ့နေခြင်းသာဖြစ်သည်။
နီကိုးလပ်စ်၏မျက်လုံးများသည် စူးရှတောက်ပနေခဲ့သည်။ သူသည် ကြက်သွေးရောင်တိမ်ဝံပုလွေ၏ နောက်ကွယ်မှလှိုဏ်ဂူအား တွေ့မြင်ခဲ့ပြီးဖြစ်သည်။ ရှောင်ယုအတွက်ကြောင့်သာမဟုတ်ပါက သူသည်ထိုလှိုဏ်ဂူတွင်းသို့ လူများကိုကြိုတင်စေလွှတ်ခဲ့ပြီးဖြစ်သည်။
"ကြက်သွေးရောင်တိမ်ဝံပုလွေရဲ့ နောက်မှာလှိုဏ်ဂူတစ်ခုရှိနေတာမြင်ကြတယ်မလား...အဲ့ဒီထဲမှာရတနာတွေရှိနေနိုင်တယ်...ငါတို့ဘာလို့အထဲဝင်ကြည့်ပြီး ရတနာတွေရှိမရှိကြည့်ကြရအောင်"
နီကိုးလပ်စ်က ပြုံးပြုံးလေးစကားဆိုလိုက်သည်။
"ရတနာတွေထပ်ရှိသေးတာလား...အဲ့ဒါဆိုလည်းမြန်မြန်သွားပြီးရှာကြရအောင်"
ရှောင်ယုသည် အံ့သြဟန်ဆောင်လိုက်ကာ အလျင်အမြန်ခေါင်းညိတ်ထောက်ခံလိုက်သည်။ ထို့နောက်သူသည် သူ၏လူများကိုဦးဆောင်ကာ ရှေ့ဆုံးမှနေ၍ဦးဆောင်ခဲ့သည်။
ရှောင်ယု၏နှလုံးသားထဲတွင် ဝမ်းနည်းမှုများဖြင့်ပြည့်နှက်နေခဲ့သည်။
ဒီလူယုတ်မာတွေက ဂူထဲကိုတောင်ဝင်လာနေပြီ...မိုင်ယဗ်မင်းကဘာလို့ခုထိထွက်မလာသေးတာလဲ
"မိုင်ယဗ်...မိုင်ယဗ်...မင်းကဂူထဲမှာဘာလုပ်နေတာလဲ...ငါအချိန်ဆွဲထားတာကိုအခွင့်ကောင်းယူပြီးတော့ ဘာလို့နောက်ဆုတ်ဖို့မလုပ်သေးတာလဲ"
နီုကိုးလပ်စ်တို့က ဂူထဲသို့ဝင်လာချိန်တွင် ရှောင်ယုသည်အလွန်စိုးရိမ်နေခဲ့ပြီဖြစ်သည်။
ထိုအချိန်ထိ မိုင်ယဗ်သည် ကြာပန်းများကိုကောက်ယူနေဆဲဖြစ်သည်။ ထိုအခိုက်အတန့်တွင် ရှောင်ယု၏ကျယ်လောင်သောအသံကို ကြားလိုက်ရသည့်အတွက် သူမ၏ခန္ဓာကိုယ်ကတုန်လှုပ်သွားခဲ့ကာ မည်သည့်နေရာ၌ပုန်းအောင်းရမည်မှန်း မသိတော့ပေ။ သူမသည် ကိုယ်ယောင်ဖျောက်နေနိုင်သော်လည်း လူတိုင်း၏မျက်လုံးများမှ ရှောင်တိမ်းနေနိုင်မည်ဟု မမျှော်လင့်ထားပေ။
သူမကိုအခြားသူများက ရှာတွေ့သွားခဲ့မည်ဆိုလျှင် ရှောင်ယုကသူ့အားကာကွယ်ပေးနိုင်သော်လည်း ထိုသို့လုပ်ဆောင်ရန်အတွက် ရှောင်ယု၏လှည့်ကွက်များနှင့်ဦးနှောက်ဆဲလ်များစွာကို ကုန်ဆုံးစေမည်ဖြစ်သည်။
သို့သော်လည်း မိုင်ယဗ်သည် ကြာပန်းကိုစခူးချိန်၌ ထိုအရာ၏အရေးကြီးပုံအား ရှင်းရှင်းလင်းလင်းခံစားမိပေသည်။ ကြက်သွေးရောင်တိမ်ဝံပုလွေသည် သေဆုံးချိန်ထိ ဤလှိုဏ်ဂူအားမစွန့်ခွာဘဲ သေဆုံးရန်ရွေးချယ်ခဲ့ရသည်ကို သူမနားလည်လာခဲ့သည်။
ဤကြာပန်း၏အမြစ်ကိုအသုံးပြုနိုင်သော အဂ္ဂိရိတ်ပညာရှင်ကိုသာရှာဖွေနိုင်သရွေ့ ခွန်အားတိုးစေသည့်(ဆေးလုံး)ကို ကျိန်းသေပေါက်ပြုလုပ်နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့အရာမျိုးသည် အချိန်တိုလေးအတွင်း ခွန်အားကိုမြင့်တင်ပေးနိုင်ပေသည်။ ရှောင်ယုထံ၌ ထိုကဲ့သို့အရာမျိုး ချို့တဲ့နေခဲ့သည်။ အကယ်၍ ရှောင်ယုသာဤအကြောင်းကိုသိရှိပါက သူမ၏ဆုံးဖြတ်ချက်ကို ကျိန်းသေပေါက်သဘောတူမည်သာဖြစ်သည်။
ထို့ကြောင့် မိုင်ယဗ်သည် ကြာပန်းများအားလုံးကို ရိတ်သိမ်းပြီးနောက် ပုန်းခိုရန်နေရာတစ်ခုအား ရှာဖွေခဲ့ကာ ရှောင်ယုတို့ဝင်ရောက်လာချိန်၌ အဖွဲ့တွင်းသို့တိတ်တဆိတ်ဝင်ရောက်ပူးပေါင်းရန် ပြင်ဆင်ခဲ့သည်။
ထိုလူများက သူမအားရှာတွေ့မတွေ့ကိုမူ ကံကြမ္မာကသာဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။
ခြေသံများ တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ မိုင်ယဗ်သည်အရာအားလုံးကို အလျင်စလိုထိန်းသိမ်းလိုက်ကာ သူမ၏ခြေရာလက်ရာအားလုံးကို ဖယ်ရှားလိုက်သည်။အဆုံးသတ်တွင် သူမကိုယ်သူမဖုံးကွယ်စေရန်အတွက် အမှောင်ထောင့်တစ်နေရာကိုရှာဖွေခဲ့သည်။
မိုင်ယဗ်ပုန်းအောင်းနေသောနေရာသည် ရေကန်ငယ်လေးရှိရာ အဝင်လမ်းကြောင်းနား၌ရှိပေသည်။
ထို့ကြောင့် ရှောင်ယုကသာဂူအတွင်းသို့ အရင်ဆုံးဝင်ရောက်လာခဲ့ပါက မိုင်ယဗ်သည် ရှောင်ယု၏အဖွဲ့တွင်းသို့ အလွယ်တကူရောနှောဝင်ရောက်နိုင်မည်ဖြစ်သည်။
"အိုး...ဒီမှာဘာလို့မှောင်မိုက်နေရတာလဲ...တကယ်ပဲရတနာတွေရှိတာဖြစ်နိုင်လို့လား...ငါတို့သွားကြည့်ရအောင်"
ရှောင်ယုကပြောလိုက်သည်။
"တစ်ခုခုတော့ထူးဆန်းနေတယ်"
လီယိုနာဒိုက ရှုတ်ချသောလေသံဖြင့်ရေရွတ်လိုက်သည်။ ရှောင်ယုမှ ယခုလိုသရုပ်ဆောင်သည်ကိုကြည့်ရသည်မှာ အလွန်ပင်စိတ်အနှောင့်အယှက်ဖြစ်စေပေသည်။
နီကိုးလပ်စ်သည် စကားမပြောသော်လည်း ရှောင်ယု၏အမူအရာသည် အနည်းငယ်ထူးဆန်းနေသည်ကိုသူခံစားမိပေသည်။ ရှောင်ယုသည် ယခင်ကလည်း အလားတူအခြေအနေမျိုးကိုကြုံတွေ့ဖူးသော်လည်း ဤကဲ့သို့ပြင်းထန်သောတုံ့ပြန်မှုမျိုးကို မပြသခဲ့ပေ။
သူ၏မျက်လုံးအစုံသည် ပတ်ဝန်းကျင်ရှိအရာအားလုံးကို ဂရုတစိုက်ကြည့်နေသော်လည်း ဖုန်မှုန့်လေးများလွှင့်မျောနေသည်မှအပ အခြားအရာများကိုသတိမထားမိခဲ့ပေ။
မိုင်ယဗ်သည် အခြားလူများ သတိမထားမိစေရန်အတွက် အသေအချာပုန်းအောင်းနေခဲ့သည်။ အမှောင်ထုထဲတွင် ညနတ်သူငယ်များ၏ ကိုယ်ပျောက်စွမ်းရည်ကို မည်သူမှဖောက်ထွင်းမမြင်နိုင်ပေ။
မိုင်ယဗ်သည် အောင်အောင်မြင်မြင်ပုန်းအောင်းပြီးနောက်တွင် အချိန်ကိုက်ပြန်လည်ထွက်ပေါ်လာနိုင်ရန်အတွက် သင့်လျော်သည့်အချိန်ကို တွက်ချက်ခဲ့သည်။
ရေကန်လေးထဲမှ အရာများပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရပြီးနောက်တွင် ရှောင်ယုသည် သူ့စိတ်ထဲ၌ကျယ်လောင်စွာရယ်မောလိုက်ပြီးနောက် တိတ်တဆိတ်ပြုံးလိုက်မိသည်။
"ဟေ့လူတွေ...ဒီနေရာမှာရေကန်လေးတစ်ခုရှိတယ်....ငါတို့ဒီကနေရတနာတွေရနိုင်လောက်တယ်"
ရှောင်ယု၏အော်ဟစ်သံကြောင့် လူတိုင်း၏ခြေလှမ်းများသည် ပိုမိုမြန်ဆန်လာခဲ့သည်။ နီကိုးလပ်စ်သည်ပင် စိတ်လှုပ်ရှားစွာဖြင့်ရေကန်လေးအနားတိုးကပ်လာခဲ့သည်။ လက်ရှိအချိန်တွင် လူတိုင်း၏အာရုံသည်ရေကန်ငယ်လေးဆီ ရောက်ရှိနေသည့်အတွက်ကြောင့် သူတို့၏အနောက်ဘက်ထောင့်တစ်နေရာ၌ အသက်ရှုသံခပ်ပါးပါးလေးထွက်နေသည်ကို သတိမပြုမိလိုက်ကြပေ။
မိုင်ယဗ်သည် ရှောင်ယုရှာဖွေပေးသောအခွင့်အရေးအား အမိအရအသုံးချကာ အဖွဲ့ထဲသို့အလွယ်တကူပြန်ရောက်လာခဲ့သည်။
မိုင်ယဗ်သည် သူမ၏သိုလှောင်လက်စွပ်ကို ချွတ်လိုက်ပြီးနောက်တွင် တိုင်ရန်ဒီ၏လက်ထဲသို့ တိတ်တဆိတ်ထိုးအပ်လိုက်သည်။ သူတို့နှစ်ဦးသည် ညနတ်သူငယ်မျိုးနွယ်မှဖြစ်၍ သူတို့အကြားယုံကြည်မှုသည် အလွန်ကောင်းမွန်ပေသည်။
မိုင်ယဗ်ကရုတ်တရက်ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် တိုင်ရန်ဒီသည်အနည်းငယ်အံ့သြသင့်သွားခဲ့သည်။ သို့သော်လည်း မကြာမှီသူမသည်အရာအားလုံးကို နားလည်သွားခဲ့ပြီး ရှောင်ယု၏သဘာဝမကျသောအပြုအမူ၏နောက်ကွယ်မှ အကြောင်းပြချက်ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။
ရှောင်ယု၊နီကိုးလပ်စ်၊လီယိုနာဒိုနှင့်သြဂတ်စတင်းတို့သည် အစွမ်းထက်ကာမာနကြီးသူများဖြစ်ကြသည်။ သို့ဖြစ်ရာ ရှောင်ယုသည်အကြောင်းပြချက်မရှိဘဲ ပြင်းပြင်းထန်ထန်တုံ့ပြန်နေမည်မဟုတ်ပေ။
"နည်းနည်းတော့ထူးဆန်းတယ်...ငါ့မျက်လုံးထောင့်ကနေအရိပ်လေးတစ်ခု ဖြတ်သွားတာကိုငါသတိထားမိလိုက်တယ်...အဲ့ဒါကဘာလဲ"
နီကိုးလပ်စ်က စူးစမ်းလိုစိတ်ဖြင့်ပြောလိုက်သော်လည်း သူကအမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း လူတိုင်းသတိမထားမိကြပေ။
"အရိပ်...ဘယ်ဟာကိုပြောတာလဲ...ဘယ်သူလဲကွ...ငါတို့ရှေ့ကကြိုပြီးတော့ဘယ်သူကဒီဂူထဲဝင်လာတာလဲ"
ရှောင်ယုသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကာ နီကိုးလပ်စ်အား အာရုံလွဲရန်ကြိုးပမ်းလိုက်သည်။
"နီကိုးလပ်စ်...မင်းမြင်တာမမှားဘူးမလား...ခုချက်ချင်းဂူပေါက်ဝကိုပိတ်ဆို့လိုက်...ဘယ်သူမှမထွက်စေနဲ့"
လီယိုနာဒိုသည် ငတုံးတစ်ကောင်မဟုတ်ပေ။ တစ်စုံတစ်ခုမူမမှန်သည်ကို သတိထားမိသည်နှင့်သူသည် ဂူဝကိုပိတ်ဆို့လိုက်ကာ မည်သူ့ကိုမှထွက်ခွာခွင့်မပြုခဲ့ပေ။
"အဲ့ဒါက အသုံးဝင်မှာမဟုတ်ဘူး...နဂိုကတည်းကငါတို့ရဲ့အဖွဲ့မှာ ရောနှောပါဝင်လာတဲ့သူဆိုရင် ရှာတွေ့ဖို့မလွယ်မှာကိုငါကြောက်မိတယ်"
သြဂတ်စတင်းပါတွန်ကဝင်ပြောလိုက်သည်။
အခန်း ၄၂၂ - အမှောင်ဗိမာန်
"မင်းဘာပြောချင်တာလဲ..."
"မင်းပြောတဲ့အရဆိုရင် သူခိုးကငါတို့လူတွေနဲ့ရောပါလာပြီး ဂူထဲကရတနာကိုလာခိုးသွားတာလား...လီယိုနာဒို...မင်းကဒီထဲကိုခိုးဝင်ဖို့အတွက် တစ်စုံတစ်ယောက်ကိုစေလွှတ်ခဲ့တာလား...မင်းဆီမှာအစွမ်းထက်တဲ့လုပ်ကြံသူအတော်များများရှိနေတာကိုငါသတိထားမိတယ်...ဒါပေမဲ့မင်းကတော့အဲလိုမျိုးလုပ်မှာမဟုတ်ဘူးလို့ငါယုံကြည်တယ်...ငါကမင်းရဲ့အကျင့်စရိုက်ကိုဘယ်လောက်ထိရွံ့ရှာစက်ဆုပ်တယ်ဆိုပါစေ ငါတို့ကအဖွဲ့တစ်ခုပဲလေ...မင်းဘက်ကနေငါရပ်တည်ပေးမှာသေချာတယ်"
ရှောင်ယုသည် လီယိုနာဒိုအတွက် ခက်ခဲသောအရာများကို တမင်တကာပြုလုပ်နေခဲ့ပြီး လူတိုင်း၏အာရုံကိုရှောင်လွဲစေလိုခဲ့သည်။
လီယိုနာဒိုသည် ရှောင်ယု၏စကားကြောင့် အလွန်ဒေါသထွက်သွားခဲ့သည်။
မင်းကငါ့ကိုတမင်တကာချောက်တွန်းနေတာ မဟုတ်ဘူးလား...ဒါကြီးကအရမ်းကိုသိသာလွန်းတယ်
မည်သို့ပင်ဆိုစေ ရှောင်ယု၏ကြိုးစားမှုသည် အောင်မြင်မှုရရှိခဲ့ကာ သြဂတ်စတင်းပါတွန်သည် လီယိုနာဒိုအား အမှန်တကယ်ပင်အာရုံစိုက်လာခဲ့သည်။
"ကောင်းပြီ...ကောင်းပြီ တော်ကြတော့"
နီကိုးလပ်စ်က တင်းမာနေသောအခြေအနေအား အလျင်အမြန်ဖြေရှင်းလိုက်သည်။
"ဒါကကျိန်းသေပေါက်နားလည်မှုလွဲနေတာပဲ...ငါ့ရဲ့အမြင်ကသေချာပေါက်မှန်မယ်လို့ ငါအာမမခံရဲဘူး...ဒီကိစ္စကိုမြန်မြန်အဆုံးသတ်ပြီး ဒီနေရာကထွက်သွားကြရအောင်...ငါတို့အတွက်ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုလိုက်ရှာတာက အရေးအကြီးဆုံးပဲ...ဒီအမြတ်အစွန်းနည်းနည်းလောက်နဲ့ ငါတို့ငြင်းခုံနေတဲ့အချိန်မှာ ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုအခြားသူတွေက လုယူသွားမယ်ဆိုရင် ငါတို့ရဲ့ဆုံးရှုံးမှုကအရမ်းကြီးသွားလိမ့်မယ်"
နီကိုးလပ်စ်၏စကားကိုကြားပြီးနောက်တွင် လီယိုနာဒိုသည်သက်ပြင်းတစ်ချက်ချလိုက်ကာ ရှောင်ယုအား ရုပ်ဆိုးသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် ရှောင်ယု၏ချောက်တွန်းခြင်းအား မည်ကဲ့သို့ပြန်လည်လက်စားချေရမည်ကို စဉ်းစားနေခဲ့ပြီဖြစ်သည်။
လင်းမူရွယ်ကဲ့သို့သော ပြိုင်စံရှားသည့်အလှတရားတစ်ခုသည် အဘယ်ကြောင့် ဤကဲ့သို့သောလူဆိုးလူမိုက်အား သဘောကျနေရသည်ကိုသူနားမလည်နိုင်ပေ။ သူသည် ရှောင်ယုအားညင်သာစွာစိုက်ကြည့်နေသည့် လင်းမူရွယ်၏အကြည့်များကို သတိထားမိချိန်၌ ဤလူမိုက်သည် လင်းမူရွယ်အားမည်သည့်အရာများအား ပေးအပ်ထားသည်ကို သူအမှန်တကယ်သိချင်လာခဲ့သည်။
သြဂတ်စတင်းသည် သူ၏မကျေနပ်ချက်များကိုမြိုသိပ်ကာ စိတ်ဓာတ်ကျစွာဖြင့် ဂူအတွင်းမှထွက်ခွာလာခဲ့သည်။ သူ့ထံတွင် ဤအဖွဲ့၃ခုအားဆန့်ကျင်ရန် အခွင့်အလမ်းမရှိပေ။
"အားလုံးပဲ...ငါမင်းတို့ကိုဆက်ပြီးမနှောင့်ယှက်တော့ဘူး...ခုငါထွက်သွားတော့မယ်....အားလုံးပဲကံကောင်းကြပါစေလို့ငါဆုတောင်းပေးတယ်..."
သြဂတ်စတင်းသည် ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်ရာ နှုတ်ဆက်စကားဆိုပြီးနောက်တွင် သူ့လူများနှင့်အတူဤနေရာမှ ချက်ချင်းထွက်ခွာသွားခဲ့သည်။
သြဂတ်စတင်းထွက်သွားပြီးနောက် နီကိုးလပ်စ်က ရှောင်ယုအားကြည့်၍ပြုံးပြလိုက်သည်။
"ရှောင်ယု...မင်းဘာရလိုက်တာလဲ...ခုအပြင်လူလည်းထွက်သွားပြီဆိုတော့ မင်းလည်းထပ်ပြီးဖုံးကွယ်ထားစရာအကြောင်းမရှိတော့ဘူး...မင်းမှာရတနာရထားရင် အဲ့ဒါကိုဝယ်ယူဖို့ တန်ဖိုးကြီးကြီးမားမားပေးချေဖို့ဆန္ဒရှိတယ်…"
ရှောင်ယုသည် ချက်ချင်းပင် နီကိုးလပ်စ်အား ကြားဖြတ်ပြောဆိုလိုက်သည်။
"နီကိုးလပ်စ်...မင်းကဘာကိုပြောချင်တာလဲ...မင်းရဲ့လုပ်ကြံသူကိုလည်း လှိုဏ်ဂူထဲမှာတစ်ချိန်လုံးအစအနေတောင် ရှာမတွေ့ခဲ့ဘူး...မင်းကရတနာတွေကို ခိုးယူခဲ့တဲ့သူမဖြစ်နိုင်ဘူးလား"
ရှောင်ယု၏မှတ်ချက်များသည် ကျိုးကြောင်းဆီလျော်မှုမရှိပေ။
သူတို့တိုက်ခိုက်နေချိန်၌ လုပ်ကြံသတ်ဖြတ်သူများသည် အခွင့်အရေးအားစောင့်မျှော်နေရင်း အမှောင်ထဲ၌သဘာဝကျစွာပင် ပုန်းအောင်းနေခဲ့သည်။ သို့သော်လည်း ထိုလုပ်ကြံသူများသည် ကိုယ်ယောင်ဖျောက်နိုင်စွမ်းအားနည်း၍ မည်သူမှသတိမထားမိအောင် ဂူထဲသို့ဝင်ရန်ခက်ခဲပေသည်။
မိုင်ယဗ်ထံတွင် ယခုလိုထူးခြားသောစွမ်းရည်ရှိသည့်အတွက်ကြောင့် သူမသည်ဂူအတွင်းသို့တည့်တည့်မတ်မတ်ဝင်ရောက်သွားလျှင်ပင် အမှားအယွင်းမရှိခဲ့ပေ။ တစ်ဖက်တွင် ရှောင်ယု၏အကျင့်စရိုက်အရသာဆိုလျှင် သူသည်အခြားသူများအား မည်ကဲ့သို့အကျိုးခံစားခွင့် ပေးနိုင်မည်နည်း။
နီကိုးလပ်စ်သည် ကူကယ်ရာမဲ့စွာပြုံးလိုက်မိသည်။ ရှောင်ယုကဲ့သို့ အရေထူသောသူမျိုးနှင့်ရင်ဆိုင်ရချိန်တွင် သူသည်အမှန်တကယ်ပင်ပြောစရာစကားပျောက်ဆုံးခဲ့ရသည်။ သို့သော်သူသည် သဘောထားသေးသိမ်သူမဟုတ်သောကြောင့် ဤကဲ့သို့အသေးအမွှားကိစ္စနှင့်ပတ်သက်၍ လွန်စွာစိတ်ပူနေခြင်းမရှိပေ။ သူ၏နောက်ဆုံးပန်းတိုင်မှာ ဂေါ်ဒန်၏ဦးခေါင်းခွံကိုရရှိရန်ဖြစ်သည်။
လီယိုနာဒိုသည် သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ရှောင်ယုအားအခဲမကျေသဖြင့် ရှောင်ယုအားအပြီးသတ်နိုင်ရန် အခွင့်အရေးကိုစတင်၍ရှာဖွေနေခဲ့သည်။
ဤသို့ဖြင့် လူတိုင်းသည်ရှေ့သို့ခရီးဆက်လာကြသည်။ ထိုအချိန်တွင် အီလီဒမ်၏အခြေအနေသည် ပိုမိုဆိုးဝါးလာကြောင်း ရှောင်ယုရှာဖွေတွေ့ရှိခဲ့သည်။ အီလီဒမ်၏ ခန္ဓာကိုယ်သည် မကြာခဏဆိုသလိုတုန်ယင်နေခဲ့သည်။
အီလီဒမ်သည် အဘယ်ကြောင့်ယခုလိုဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ခဲ့သည့်အတွက် ရှောင်ယုသည်ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။
အဲ့ဒါကဘယ်သူလဲ...ဘာလို့အီလီဒမ်အပေါ်မှာ ခုလိုကျိန်စာတစ်ခုကို အသုံးပြုထားခဲ့တာလဲ...အီလီဒမ်က ပဥ္စမအဆင့်ကိုရောက်ရှိနေတာဖြစ်ပြီး အဲ့လူကဆဌမအဆင့်ကိုရောက်ရှိမနေဘူးဆိုရင် ခုလိုအလွယ်တကူကျိန်စာတိုက်နိုင်မှာမဟုတ်ဘူး
ဒါပေမဲ့ ဒီတိုက်ကြီးပေါ်မှာ ဆဌမအဆင့်ဆိုတာ အရမ်းကိုရှားပါးလွန်းတယ်...ဖြစ်နိုင်ခြေအရှိဆုံးကတော့ အောစ့်နတ်ဆိုးမှော်ဆရာအော်ဂတ်စတတ်ပဲ...
အဆုံးသတ်တွင် နတ်ဆိုးမှော်ဆရာများသည် ၎င်းတို့၏ကျိန်စာများကြောင့် အလွန်ပင်ကျော်ကြားပေသည်။ ရှောင်ယုသည် ဤကျိန်စာကိုချေဖျက်ရန် နည်းလမ်းမရှိ၍ကူကယ်ရာမဲ့နေခဲ့ရသည်။ အီလီဒမ်၏အခြေအနေသည် တဖြည်းဖြည်းပိုမိုဆိုးဝါးလာရာ သူသည်လည်းအလွန်စိတ်ပူနေခဲ့ရသည်။
အီလီဒမ်ကိုယ်တိုင်က နတ်ဆိုးတစ်ကောင်ဖြစ်သလို ကျိန်စာနှင့်ပတ်သက်လာလျှင် အတိုင်းအတာတစ်ခုထိ ခုခံနိုင်စွမ်းရှိသော်လည်း ယခုလိုအခြေအနေသို့ရောက်ရှိနေဆဲဖြစ်သည်။ ဤသို့ကိုကြည့်ခြင်းဖြင့် ကျိန်စာသည်မည်မျှအစွမ်းထက်ကြောင်း တွေ့မြင်နိုင်သည်။
သို့သော်လည်း အီလီဒမ်သည် တစ်ယောက်တည်းကျိန်စာသင့်နေခဲ့ခြင်းကြောင့် အနည်းငယ်ထူးဆန်းနေခဲ့သည်။ အကယ်၍ အခြားသူများသာကျိန်စာမိသွားပါက အခြေအနေသည် ပိုမိုဆိုးဝါးနေမှာသေချာပေသည်။
ရှောင်ယုက တစ်စုံတစ်ခုလွဲချော်နေသည်ဟု ခံစားမိနေသော်လည်း အတိအကျမပြောနိုင်ပေ။ အဖြေသည်သူ့ရှေ့၌ရှိနေသော်လည်း သူ၏ရှေ့တွင်ပါးလွှာသောအလွှာတစ်ခု ဖုံးအုပ်ထား၍ အဖြေကိုမမြင်တွေ့နိုင်ခဲ့ပေ။
သူတို့အဖွဲ့သည် ရှေ့သို့ခရီးဆက်လာပြီးနောက်တွင် စွန့်စားသူအမြောက်အများကို ရှာတွေ့ခဲ့သည်။ ယခုတစ်ကြိမ်တွင် ဂေါ်ဒန်၏ဦးခေါင်းခွံကြောင့် စွန့်စားသူများသည် အုပ်စုလိုက်ရောက်ရှိလာကြသည်။ နေဝင်ချိန်နွံအိုင်၌ သေဆုံးမှုနှုန်းအလွန်မြင့်မားနေသော်လည်း လူတိုင်းသည်သူတို့ရရှိမည့်အကျိုးအမြတ်များကို မျှော်တွေး၍ ဝင်ရောက်လာနေဆဲဖြစ်သည်။
အထူးသဖြင့် တိုက်ကြီးပေါ်ရှိ အချို့သောအင်အားကြီးသည့် အဖွဲ့အစည်းများနှင့်လျှို့ဝှက်အင်အားစုများက ဤအခွင့်အရေးအားလက်လွှတ်ခံမည်မဟုတ်ပေ။
သို့သော် ဤရှေးဟောင်းမြို့၌ ရတနာရှာဖွေရန်မှာ အမှန်တကယ်ပင်မလွယ်ကူပေ။ ရှေးဟောင်းမြို့တွင်း၌ အမျိုးမျိုးသောနတ်ဆိုးသားရဲများနှင့် ထောင်ချောက်များရှိနေခဲ့သည်။ ဥပမာအားဖြင့် နတ်ဆိုးနွယ်ပင်ကဲ့သို့ အန္တာရယ်များပြားသည့် ထူးဆန်းသောသတ္တဝါများက နေရာတိုင်း၌ရှိနေခဲ့သည်။
သို့သော်လည်း အန္တာရယ်များနှင့်အခွင့်အလမ်းများက အတူတူပင်ရှိနေတတ်သည်။
ဤနေရာတွင် ကောင်းကင်နှင့်မြေကြီး၏ရတနာအမျိုးမျိုးရှိနေပြီး ခက်ခဲကြမ်းတမ်းသောခေတ်ကာလကို လွန်မြောက်စေမည့်ကောင်းမွန်သော ကိရိယာများပင်ရှိနေခဲ့သည်။အကယ်၍လူတစ်ယောက်သာ တစ်စုံတစ်ခုကိုရရှိနိုင်ပါက အလွန်ကိုတန်သွားမှာဖြစ်သည်။
ရှောင်ယုက အနည်းငယ်ထူးဆန်းနေသလို ခံစားလိုက်ရသည်။လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမှော်ဆရာသည် ဤနေရာတွင်နေထိုင်နေခြင်းဖြစ်သည်။အစောပိုင်းတွင် သူသည်သူလိုအပ်သည့်အရာများကို စုဆောင်းရန်အတွက် လူများကိုစေလွှတ်ထားခဲ့သော်လည်း ယခုအခါ စွန့်စားသူများက ထိုပစ္စည်းများကိုလာရောက်ယူဆောင်ရန် စုဆောင်းနေခြင်းဖြစ်သည်။
ရှောင်ယု၏ခန့်မှန်းချက်အရဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုသာရှိပေသည်။ထိုအရာမှာ နတ်ဆိုးမှော်ဆရာအော်ဂတ်စတတ်သည် ယခင်က ဤနေရာသို့မရောက်လာဘဲ နောက်ပိုင်းကျမှဤသို့ရောက်လာခဲ့ခြင်းဖြစ်နိုင်သည်။
ဤရှေးဟောင်းမြို့၌ လျှို့ဝှက်ချက်များစွာရှိနေပုံရသည်။
အော်ဂတ်စတတ်ကမူ ဂေါ်ဒန်ပြန်လာပြီဟု ပြောခဲ့ဖူးသည်။ထိုသို့လုပ်နိုင်ရန် အမှန်တကယ်ဖြစ်နိုင်မည်လား။ဂေါ်ဒန်သေဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေခဲ့ပြီဖြစ်သည်။သူသည်အဘယ်ကြောင့် ပြန်လည်ရှင်သန်လာနိုင်မည်နည်း။
သူသာရှင်သန်ထမြောက်လာလျှင်ပင် အကြွင်းအကျန်အချို့သာဖြစ်နိုင်ပေသည်။သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများသည် အခြားသောအရာများနှင့်တွဲစပ်လျက် ထူးဆန်းသောသတ္တဝါမျိုးစိတ်အသစ်များကို ဖြစ်ပေါ်စေနိုင်ပေသည်။
ထိုအရာသည် အယ်လ်ဆာနှင့်နာဇူးလ်တို့ပေါင်းစပ်ခြင်းဖြင့် အမှောင်ဘုရင်အသစ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထိုအချိန်တွင် ဂေါ်ဒန်သည်မူရင်းဂေါ်ဒန်မဟုတ်တော့ဘဲ အခြားအရာတစ်ခုဖြစ်နိုင်ပေသည်။
"ဘာဖြစ်ကြတာလဲ"
လူတိုင်းသည်အခြေအနေကိုကြည့်ရန် ရှေ့သို့တိုးလာကြချိန်တွင် ရုတ်တရက်ဆိုသလိုပင် ရှေးဟောင်းမြို့တစ်ခုလုံးသည် အဆက်မပြတ်တုန်ခါလာခဲ့သည့်အတွက်
လူတိုင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်၌ငုတ်တုတ်ထိုင်လိုက်ကြပြီး ကောင်းကင်ကြီးအားထိတ်လန့်စွာမော့ကြည့်လိုက်ကြသည်။
ကောင်းကင်ပေါ်၌ ကြီးမားပြီးမှုန်ဝါးသော အရိပ်ကြီးတစ်ခုပျံဝဲထွက်ပေါ်လာခဲ့သည်။ ထိုအရိပ်သည် လူပုံသဏ္ဍာန်နှင့်ဆင်တူသော်လည်း အတိအကျဆင်တူခြင်းမရှိပေ။
"မြန်မြန်ကြည့်ကြ..."
နီကိုးလပ်စ်သည် သူ့လူများနှင့်အတူရှေ့သို့ပြေးတက်သွားခဲ့သည်။
ရှောင်ယုသည်လည်း သဘာဝကျစွာပင် နောက်ဆုတ်မနေတော့ဘဲ လက်ကိုဝှေ့ယမ်းကာ သူ၏အဖွဲ့သားများကိုခေါ်၍ ရှေ့သို့တက်လာခဲ့သည်။
ကောင်းကင်ယံ၌ပျံသန်းနေသော ရှောင်ယု၏ဂရစ်ဖင်များသည် မည်သည့်အရာများဖြစ်ပျက်နေသည်ကို ပထမဆုံးသိရှိခဲ့ကြသူများဖြစ်သည်။ ကြီးမားသောမီးခိုးရောင်အရိပ်ကြီးသည် ကောင်းပင်ယံ၌ထွက်ပေါ်လာချိန်တွင် ဂရစ်ဖင်များသည်ကြောက်လန့်တကြားဖြင့် ကောင်းကင်မှပြုတ်ကျလုနီးပါးဖြစ်သွားကြသည်။
ဗုံးးး ...
ထိုအချိန်တွင် ငလျင်ကြီးစွာလှုပ်ခတ်သကဲ့သို့ ရှေးဟောင်းမြို့တစ်ခုလုံး အဆက်မပြတ်တုန်ခါသွားခဲ့သည်။
သူတို့သည် အမြင့်တစ်နေရာသို့ ရောက်ရှိလာသည့်အချိန်၌ ရှေးဟောင်းမြို့က လျင်မြန်စွာပင်အက်ကွဲလာပုံရသည်။
ထို့နောက် အက်ကွဲကြောင်းများအတွင်းမှနေ၍ ကြီးမားသည့်စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာခဲ့သည်။
လက်ရှိအချိန်တွင် ရှေးဟောင်းမြို့ကြီးတစ်ခုလုံးသည် ကြီးမားသည့်ပြောင်းလဲမှုနှင့်ကြုံတွေ့နေပုံရသည်။ထိုပြောင်းလဲမှုကြောင့် လူတိုင်းသည်သူတို့၏ခြေထောက်အောက်၌ စွမ်းအားကြီးမားသည့်ဖွဲ့စည်းမှုတစ်ခုရှိနေသလို ခံစားရစေခဲ့သည်။ သူတို့သည် ထိုစွမ်းအင်အောက်၌ ခုခံနိုင်စွမ်းကင်းမဲ့နေသည့် ပုရွက်ဆိတ်လေးများသဖွယ်ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ဂရစ်ဖင်များသည် ကြီးမားလှသည့်စွမ်းအားကြောင့် ဆွဲငင်ခံလိုက်ရပုံရပြီး လုံးဝပျံသန်းနိုင်စွမ်းမရှိကြတော့ဘဲ ကောင်းကင်ပေါ်မှနေ၍ ထိုးကျလာကြတော့သည်။
တံတိုင်းနံရံများလည်း အတော်များများပြိုကျပျက်စီးလာခဲ့ပြီး အချို့နေရာများဆိုလျှင် အပျက်အစီးပုံများလိုဖြစ်နေခဲ့သည်။ ထို့နောက်တွင်ရှေးဟောင်းမြို့တစ်ခုလုံးသည် အမျိုးအမည်မသိအပျက်အယွင်းတစ်ခုနှင့် ဆင်တူလာခဲ့သည်။
"မြို့ကိုဒီလိုအခြေအနေထိရောက်အောင်လို့ ဘယ်လိုစွမ်းအားကြီးတဲ့ဖွဲ့စည်းပုံက ပံ့ပိုးပေးထားခဲ့တာလဲ"
လီယိုနာဒို၏လက်အောက်မှ မှော်ဆရာတစ်ယောက်က အံ့သြတကြီးပြောလိုက်သည်။
"ငါတို့ခုမြင်နေရတဲ့ရှေးဟောင်းမြို့က တကယ့်ရှေးဟောင်းမြို့ရဲ့အစွန်အဖျားတစ်ခုပါဘဲ...တကယ့်ရှေးဟောင်းမြို့ကကျတော့ မြေအောက်ကနေထွက်ပေါ်လာတော့မယ်ထင်တယ်"
နီကိုးလပ်စ်က အံ့သြတကြီးရေရွတ်လိုက်သည်။
သူသည် ဤနေရာသို့ပထမဆုံးဝင်ရောက်လာချိန်တွင် ထိုသို့ခံစားချက်မရှိခဲ့ပေ။ ယခုအခါ ရှေးဟောင်းမြို့တော်အားပြန်လည်ဖွဲ့စည်းနေပြီဖြစ်ကာ မြေပြင်မှလည်းအဆောက်အဦးများ တိုးထွက်လာလျက်ရှိသည်။ ရှောင်ယုသည် ထိုအဆောက်အဦးများကိုကြည့်ရင်း အလွန်ရင်းနှီးနေသလိုခံစားလိုက်ရသည်။
မကြာခင်မှာဘဲ ရှောင်ယုသည်အဆောက်အဦးများစွာကို ရှာတွေ့ခဲ့ပြီး နောက်ဆုံး၌ထိုအဆောက်အဦးအား မှတ်မိသွားခဲ့သည်။
"အမှောင်ဗိမာန်တော်...အဲ့ဒါကအမှောင်ဗိမာန်တော်ပဲ..."
ရှောင်ယုကသူ့အသိစိတ်ထဲ၌ ရုတ်တရက်အော်ဟစ်လိုက်သည်။
အခန်း ၄၂၃ - သီးခြားဖြစ်နေခြင်း
အီလီဒမ်နှင့်မိုင်ယဗ်တို့သည် ထိုအဆောက်အဦးအား တွေ့မြင်လိုက်ရချိန်၌ လွန်စွာတုန်လှုပ်သွားကာ စကားမပြောနိုင်တော့ပေ။
ဤနေရာသည် သူတို့နှစ်ယောက်အတွက် အလွန်ပင်အဓိပ္ပါယ်ရှိလှပေသည်။
အီလီဒမ်သည် ခိုင်ရင်း၏ကျောကုန်း၌ သယ်ပိုးခံထားရပြီး ပြင်းထန်သောနာကျင်မှုဝေဒနာကြောင့် မျက်မှောင်ကြုတ်မိလိုက်သော်လည်း လက်ရှိအချိန်တွင် သူသည်ကျိန်စာကြောင့်ခံစားနေရသည့် နာကျင်မှုများကိုမေ့ပျောက်သွားပုံရသည်။
ဤနေရာသည် တစ်ချိန်ကသူသိမ်းပိုက်ခဲ့သည့်နေရာဖြစ်ကာ သူနှင့်မိုင်ယဗ်တို့အကြား တိုက်ပွဲဝင်ခဲ့ရာနေရာတစ်ခုလည်းဖြစ်နေခဲ့သည်။
ဘယ်လိုဖြစ်ပြီး...ဒါဘယ်လိုဖြစ်နိုင်မှာလဲ
တစ်မြို့လုံးသည် အဆက်မပြတ်တုန်ခါနေကာ ဆက်တိုက်အက်ကွဲနေခဲ့သည်။ ထိုလုပ်ငန်းစဉ်တစ်ခုလုံးသည် ဆယ်မိနစ်ကျော်ခန့်ကြာမြင့်ခဲ့ကာ လူပေါင်းများစွာတို့သည် ရှောင်တိမ်းရန်အခွင့်အရေးမရရှိလိုက်ကြသည့်အတွက်ကြောင့် အက်ကွဲကြောင်းများအတွင်း ကျရောက်သွားခဲ့ရသည်။
ရှောင်ယုသည် အစောပိုင်းတွင် ကုန်းမြင့်ပိုင်းတစ်နေရာကို ရှာတွေ့ခဲ့သည့်အတွက်ကြောင့် ထိုအက်ကွဲကြောင်းများမှ လွတ်ကင်းခဲ့ရသော်လည်း ယခုအချိန်ထိ သူတို့သည်အလုံးစုံလုံခြုံမှုမရရှိခဲ့ပေ။
ယခုအခါတွင် လူတိုင်းသည်ကြီးမားလှသော ဗိမာန်တော်အားကြည့်ရှုနေကြပြီး သူတို့၏နှလုံးသားထဲ၌ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့သည်။ ဤဗိမာန်တော်မှ သူတို့၏ဆံပင်များကိုပင်ထောင်ထစေနိုင်လောက်သည်ထိ ကြောက်ရွံ့စေနိုင်သော ကြီးမားသည့်စွမ်းအင်များ ပါဝင်ပေသည်။
ရှောင်ယုသည် အမှောင်ဗိမာန်တော်ကိုတစ်ချက်ကြည့်လိုက်မိသည်။ ထိုနေရာသည် ဂိမ်းထဲကနှင့်အနည်းငယ်ကွဲပြားသော်လည်း သူ၏ယေဘုယျဖွဲ့စည်းပုံအား အသိအမှတ်ပြုထားဆဲဖြစ်သည်။
ဂေါ်ဒန်၏ဦးခေါင်းခွံသည် အဘယ်ကြောင့်ဤနေရာ၌ထွက်ပေါ်လာရသည်ကို ရှောင်ယုအတိအကျမသိပေ။ သို့သော်လည်း ရှေးဟောင်းမြို့သည်ဂေါ်ဒန်နှင့် ဆက်စပ်နေသည့်အတွက်ကြောင့် ထူးဆန်းသောကိစ္စဟူ၍ မရှိသေးပေ။
အမှောင်ဗိမာန်တော်သည် မူလကပင် ဒရာနီ၏ပိုင်ဆိုင်မှုဖြစ်သည်။ နောက်ပိုင်းတွင် အောစ့်များနှင့်ချောက်နက်နတ်ဆိုးများက ဤနေရာသို့ကျူးကျော်ဝင်ရောက်လာခဲ့ပြီး မူလပိုင်ရှင် ဒရာနီအားဖယ်ရှားခဲ့သည်။
ထို့နောက်တွင် အီလီဒမ်ကဤနေရာသို့ ထပ်မံ၍ရောက်ရှိလာခဲ့သည်။ သူသည် ကဲလ်သက်၊ဝါစီချီနှင့်အခြားသူများကို ဦးဆောင်ခဲ့ကာ အမှောင်ဗိမာန်တော်မှ ရန်သူများကိုနှင်ထုတ်ခဲ့ပြီးနောက် အမှောင်ဗိမာန်တော်၏အရှင်အသစ်ဖြစ်လာခဲ့သည်။
ဝါစီရှီသည် ရှောင်ယု၏နာဂပင်ဖြစ်ပေသည်။
ထို့ကြောင့် အမှောင်ဗိမာန်တော်သည်ရှောင်ယု၏ထိန်းချုပ်မှုအောက်တွင်ရှိနေသော သူရဲကောင်းများစွာနှင့်ဆက်စပ်လျက်ရှိပေသည်။
ရှောင်ယုသည် ဤဖြစ်နိုင်ခြေအားတွေးတောထားခြင်းမရှိပေ။
နောက်ဆုံးတွင် အမှောင်ဗိမာန်တော်တစ်ခုလုံးသည် အပြည့်အဝထွက်ပေါ်လာပြီး အခြေအနေများကစတင်တည်ငြိမ်လာခဲ့သည်။ သို့သော်လည်း ဤနေရာတစ်ခုလုံးသည် တိတ်ဆိတ်ကာကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး မရေမတွက်နိုင်သော အန္တာရယ်များဖြင့်လွှမ်းခြုံလျက်ရှိသည်။
"ငါကဒီနေရာကနေ အကျိုးအမြတ်အများဆုံးရအောင် မလုပ်ဆောင်မိခဲ့ရင် နောင်တရလိမ့်မယ်...ဒါကဖေဖေကြီးရဲ့အိမ်ပဲ"
သို့သော် ဤနေရာ၌ မည်သည့်အကျိုးအမြတ်များ ရရှိနိုင်မည်နည်း။ ဂိမ်းအတွင်း၌ရှိနေသောအရာများက ဤနေရာ၌ရှိနိုင်မလားဟူသည်ကို ရှောင်ယုကိုယ်တိုင်ပင်မသိပေ။
"အခုငါတို့ဘာဆက်လုပ်ရမှာလဲ..."
လီယိုနာဒိုသည် မယုံကြည်နိုင်ဖွယ်ကောင်းသော မြင်ကွင်းကြောင့်ဆွံ့အနေခဲ့ပြီး အချိန်အတော်ကြာသည်ထိတိုင်အောင် စကားမပြောနိုင်ခဲ့ပေ။ အဆုံးသတ်တွင် သူကလေသံတိုးတိုးဖြင့်မေးမြန်းလိုက်သည်။
နီကိုးလပ်စ်က စိတ်ရှုပ်ထွေးစွာဖြင့်ပြောလိုက်သည်။
"ဒါကငါတို့မျှော်လင့်ထားတဲ့အရာ လုံးဝမဟုတ်တော့ဘူး...ရှေးဟောင်းမြို့ကကြီးမားတဲ့ဖွဲ့စည်းမှုကြီးတစ်ခုကို သိုဝှက်ထားလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ...ဒါပေမဲ့ဒီအခြေအနေက ပိုပြီးတော့တောင်အန္တာရယ်များလာခဲ့ပြီ...ငါတို့ပိုပြီးသတိထားရလိမ့်မယ်"
"ဒီနေရာကပိုပြီးတော့ အန္တာရယ်များလာတယ်ဆိုပေမဲ့ ပြောင်းလဲမှုတွေရဲ့အစပဲဆိုတာသိထားရမယ်...ခုဖွဲ့စည်းပုံအသက်ဝင်လာတာကြောင့် စက်ယန္တရားအချို့လည်းလည်ပတ်လာပြီး ဂေါ်ဒန်ရဲ့ဦးခေါင်းခွံလည်း ထွက်ပေါ်လာတော့မယ်ထင်တယ်...ငါတို့လှုပ်ရှားဖို့အချိန်တန်ပြီ"
ရှောင်ယုကရယ်မောရင်းပြောလိုက်သည်။
ရှောင်ယု၏တည်ငြိမ်သော အမူအရာကိုမြင်တွေ့လိုက်ရသောအခါ နီကိုးလပ်စ်၏မျက်လုံးများသည် ထူးဆန်းစွာဖြင့် တောက်ပလာခဲ့သည်။ ဒီကောင် ဒီနေရာကိုတကယ်ကြီးနားလည်နေတာလား...
ရှောင်ယုသည် အခြားကမ္ဘာတစ်ခုမှ ဆင်းသက်လာသူဖြစ်ကြောင်း နီကိုးလပ်စ်လုံးဝမတွေးမိပေ။ အမှောင်ဗိမာန်တော်သည် တစ်ချိန်ကရှောင်ယုတစ်ယောက် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်သန်းခဲ့ဖူးသည့် နေရာတစ်ခုလည်းဖြစ်သည်။
"ရှောင်ယုပြောတာအမှန်ပဲ...ခုပြောင်းလဲမှုတွေနဲ့အတူ ဂေါ်ဒန်ရဲ့ဦးခေါင်းခွံဟာ ကျိန်းသေပေါက်ကိုပေါ်ထွက်လာတော့မှာအမှန်ပဲ...ဒါဟာငါတို့အတွက်တော့တကယ့်စမ်းသပ်မှုဆိုလည်းမမှားဘူး...ခုငါတို့ဘာဆက်လုပ်ကြမလဲ...အတူတူစူးစမ်းကြမလား...ဒါမှမဟုတ်သီးခြားစီရှာဖွေကြမလား...ဒီနေရာကအရမ်းကိုကြီးမားတဲ့အတွက် တူတူရှာဖွေတာကအချိန်ဖြုန်းနေတာနဲ့တူတူပဲ...ငါတို့သီးခြားစီမရှာဖွေဘူးဆိုရင် ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုတခြားသူတွေက အရင်ရှာတွေ့သွားနိုင်တယ်...ဒါကြောင့်ငါတို့တွေလူခွဲရှာဖွေပြီး တစ်စုံတစ်ခုထူးခြားတာတွေ့ရင် အချင်းချင်းအကြောင်းကြားရမယ်...ပြီးမှငါတို့အကုန်ပူးပေါင်းပြီးတော့ ဆုလာဘ်ကိုမျှဝေကြမယ်"
နီကိုးလပ်စ်က ရှောင်ယုနှင့်လီယိုနာဒိုကိုကြည့်၍ ပြောလိုက်သည်။
"ငါကကိစ္စမရှိဘူး..."
ရှောင်ယုကပြောလိုက်သည်။
လီယိုနာဒိုက ရှောင်ယုအားကြည့်၍ ပြောလိုက်သည်။
"ကောင်းပြီ...ဒီနေရာမှာ ဘုရားကျောင်းလိုမျိုးအင်အားကြီးတဲ့အဖွဲ့တွေရှိနေတယ်...တကယ်လို့ငါတို့သာဂေါ်ဒန်ရဲ့ဦးခေါင်းခွံကို အရယူချင်တယ်ဆိုရင်တော့ ပူးပေါင်းဆောင်ရွက်တာကပဲ အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်"
"အဲလိုဆိုမှတော့ ငါတို့ဒီမှာလမ်းခွဲကြရအောင်...ငါကရှေ့ကိုဆက်သွားမယ်...မင်းတို့နှစ်ယောက်ကတော့ ကြိုက်တဲ့နေရာကိုလွတ်လွတ်လပ်လပ်ရွေးချယ်လို့ရတယ်"
ထို့နောက်နီကိုးလပ်စ်သည် သူ့လူများကိုခေါ်၍ ရှေ့သို့ဆက်သွားခဲ့သည်။
ရှောင်ယုသည် လီယိုနာဒိုအားတစ်ချက်ကြည့်လိုက်သော်လည်း စကားတခွန်းမှမပြောခဲ့ပေ။ ထို့နောက် သူ၏လက်ကိုဝှေ့ယမ်း၍ သူ့လူများကို ဦးဆောင်ကာ ထွက်ခွာလာခဲ့သည်။
သို့သော်လည်း ရှောင်ယုထွက်ခွာသွားပြီးနောက်တွင် နီကိုးလပ်စ်ကပြန်လည်ကာ ရောက်ရှိလာခဲ့သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း နီကိုးလပ်စ်ကစကားစလိုက်သည်။
"ရှောင်ယုကိုကြည့်ရတာ ထူးဆန်းနေတယ်...သူ့ကိုကြည့်ရတာဒီနေရာ၌တော်တော်ရင်းနှီးနေသလိုပဲ"
"ဟုတ်တယ်...ဒီကောင်တစ်ခုခုသိထားတာသေချာတယ်...ဒါပေမဲ့ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါတို့နှစ်ယောက်သာတူတူပူးပေါင်းလိုက်မယ်ဆိုရင် ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကို ကျိန်းသေပေါက်ရှာတွေ့မှာပါ "
လီယိုနာဒိုသည် ရှောင်ယု၏ဦးတည်ချက်ကိုကြည့်ကာ အံကြိတ်၍ပြောလိုက်သည်။
ထိုအချိန်တွင် နီကိုးလပ်စ်ကပြုံးပြီးပြောလိုက်သည်။
"မင်းကရှောင်ယုရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...ရှောင်ယုရှေ့ရောက်ရင်ကိုမင်းစိတ်တွေက ဖရိုဖရဲဖြစ်နေပြီ...မင်းသူ့ကိုဘယ်လိုအနိုင်ယူနိုင်မှာလဲ...မင်းသာသူ့ကိုအနိုင်ယူချင်ရင် မင်းစိတ်ကပိုပြီးခိုင်မာရမယ်"
လီယိုနာဒိုသည် နီကိုးလပ်စ်၏စကားကို နားထောင်ပြီးနောက်ခေါင်းညိတ်ပြလိုက်သော်လည်း စကားများစွာမပြောတော့ပေ။
"မင်းကသူ့အပေါ် ခြေရာခံတဲ့အမှတ်အသားတစ်ခုခုထားခဲ့လိုက်ပြီမလား"
ခဏအကြာတွင် လီယိုနာဒိုက ရုတ်တရက်ထပြောလိုက်သည်။
"ဒါပေါ့...မဟုတ်ရင်ဘာလို့ သူ့ကိုတစ်ယောက်တည်းလွှတ်ထားပေးမှာလဲ...ဒီရှေးဟောင်းမြို့နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တချို့ကို သူသိကောင်းသိနေနိုင်တယ်"
နီကိုးလပ်စ်၏အကြည့်များက တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့သည်။
နီကိုးလပ်စ်သည် ရှောင်ယုအားသတ်ဖြတ်နိုင်ရန်အတွက် အစွမ်းကုန်စီစဉ်နေခဲ့ပြီဖြစ်သည်။ ယခုတစ်ကြိမ်၌ မည်သို့သောပြသနာများပင်ဖြစ်လာပါစေ ရှောင်ယုအားဤနေရာမှနေ၍ အသက်ရှင်လျက်ထွက်ခွာသွားခွင့်မပြုနိုင်ပေ။ ထိုသို့မဟုတ်ပါက နောင်တချိန်တွင် ရှောင်ယုသာယခုထက်တိုးတက်လာခဲ့ပါက သူ့အတွက်ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။
ရန်သူများကို လျော့မတွက်သင့်ပေ။ သူသည် ဤတိုက်ကြီး၏အကြွင်းမဲ့အရှင်သခင်ဖြစ်လာမည်ဟု ယုံကြည်မှုအပြည့်ရှိနေသော်လည်း သူ၏ရန်သူများကိုပေါ့ပေါ့တန်တန်သဘောထားလိုက်မည်ဆိုပါက အရာအားလုံးပျက်စီးသွားရမည်ဖြစ်သည်။
"ဒီအရာက ငါတို့မိသားစုတွေအသုံးပြုခဲ့တဲ့ အရမ်းကိုရှားပါးတဲ့ပုလဲတစ်ခုပဲ...ဒါကတစ်ခါသုံးမလို့အရမ်းကိုရှားပါးတယ်...ရှောင်ယုကဒီအပိုင်းမှာ နားလည်တတ်ကျွမ်းနေမယ်ဆိုရင်တောင်မှ သူ့အပေါ်ထားခဲ့တဲ့ အမှတ်အသားကိုသတိထားမိမှာမဟုတ်ဘူး...ဒီအရာကနေတဆင့် သူ့ရဲ့လှုပ်ရှားမှုတိုင်းကို ငါတို့တွေ့မြင်နိုင်တယ်"
နီကိုးလပ်စ်က သလင်းကျောက်ကိုကြည့်ရင်း ပြောလိုက်သည်။
လီယိုနာဒို၏မျက်နှာပေါ်၌ မှုန်ကုပ်ကုပ်အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ခဏအကြာတွင် လူနှစ်ယောက်သည်အချင်းချင်းပြုံးပြလိုက်ကြပြီး အတွင်းဘက်ဆီသို့စတင်ထွက်ခွာလာခဲ့ကြသည်။