အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
အခန်း ၄၂၄ - ကြွက်ဒီရေ
ရှောင်ယုသည် သူတို့နှစ်ယောက်ကို ချန်ရစ်ထားနိုင်ခဲ့သော်လည်း အနည်းငယ်စိတ်မသက်မသာဖြစ်နေခဲ့သည်။
ထို့အစားတစ်စုံတစ်ယောက်က သူ့အားလျှို့ဝှက်ထောက်လှမ်းနေသလိုခံစားနေရသော်လည်း မည်သို့ဖြစ်နေမှန်း ရှောင်ယုမသိပေ။
သို့သော်လည်း ရှောင်ယုသည်အဝေးမြင်ကွင်းကိုထုတ်ဖော်၍ ထောက်လှမ်းခဲ့သလို တိုင်ရန်ဒီအားလည်းသူမ၏လင်းယုန်မျက်လုံးဖြင့် ပတ်ဝန်းကျင်အားစုံစမ်းခဲ့သော်လည်း မည်သည့်အရာကိုမှမတွေ့ခဲ့ရပေ။
"ဒီလူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ပူးပေါင်းဆောင်ရွက်နေတာပဲဖြစ်ရမယ်...ဒီကောင်တွေကအကြံသမားတွေပဲ...ဘယ်လိုဖြစ်ပြီးတော့ငါ့ကိုလွယ်လွယ်နဲ့အလွတ်ပေးမှာလဲ"
ရှောင်ယုက သူ့ကိုယ်သူမေးခွန်းထုတ်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူက သူ့အားခြေရာခံရန်အတွက် မည်သည့်အရာကိုအသုံးပြုနေကြောင်း သူရှာမတွေ့ခဲ့ပေ။
ရှောင်ယုသံသယဝင်နေစဉ်မှာပင် သူ၏ရှေ့မှပုံရိပ်တစ်ခုထွက်ပေါ်လာကာ သူ့အားလျင်မြန်စွာဖြတ်ကျော်သွားခဲ့သည်။ ထိုပုံရိပ်သည် ရှောင်ယုအားသတိထားမိချိန်၌ ခဏရပ်လိုက်သော်လည်း အလျင်အမြန်ရှေ့ဆက်သွားခဲ့သည်။
"ဘယ်သူလဲဟ...သူ့ကိုကြည့်ရတာသိပ်ပြီးအားကောင်းမယ့်ပုံမပေါ်ဘူး...သူကဆဌမအဆင့်ကိုတောင်မရောက်သေးဘူး"
ရှောင်ယုသည် ထိုပုံရိပ်အကြောင်းကိုတွေးနေမိသည်။ ထိုပုံရိပ်သည် အဘယ်ကြောင့်ဤနေရာသို့ ရုတ်တရက်ရောက်ရှိလာသည်ကို နားမလည်နိုင်သေးပေ။
ထိုလူသည် တစ်ကိုယ်တော်စွန့်စားသူတစ်ယောက်ဖြစ်ပုံရသည်။ သို့သော် ပဥ္စမအဆင့်စွန့်စားသူတစ်ယောက်အနေဖြင့် ဤနေရာထိနက်ရှိုင်းစွာဝင်ရောက်ဝံ့သည်မှာ အမှန်ပင်ချီးကျူးသင့်ပေသည်။
ရှောင်ယုသည် ထိုလူအားအကဲဖြတ်နေစဉ်တွင် ရုတ်တရက်ဆိုသလိုထူးဆန်းသော အသံများကိုကြားလိုက်ရသည်။
ရှောင်ယုသည် ထိုအသံကိုကြားလိုက်ရချိန်တွင် သူ၏မျက်နှာအမူအရာသည် အလွန်ဆိုးရွားသွားခဲ့သည်။ ယခုအချိန်၌ သူမြင်တွေ့ခဲ့ရသောစွန့်စားသူသည် အဘယ်ကြောင့်ဤမျှမြန်မြန်ဆန်ဆန် ပြေးလာရသည်ကိုသူနားလည်လာခဲ့သည်။
ထို့ပြင် သူကြားနေရသောအသံသည် တစ်စုံတစ်ခုကြောင့်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အရေအတွက်သိန်းချီသည့်အကောင်ငယ်များ စုစည်းရာမှထွက်ပေါ်လာခြင်းဖြစ်သည်။
"ငါဘာလို့ဒီလောက်တောင် ကံမကောင်းရတာလဲ...ဒါမျိုးကိုတကူးတကကြုံရတယ်လို့"
ရှောင်ယုသည် ချက်ချင်းထွက်ခွာသွားခြင်းမရှိသေးဘဲ သူ၏ပတ်ဝန်းကျင်ရှိ လမ်းကြောင်းများကိုစစ်ဆေးလိုက်သည်။
ဒီနေရာမှာပစ္စည်းကောင်းလေးတွေရှိနေတာလား...
ဒီနေရာမှရှိတဲ့ အခွင့်အရေးအတွက်တိုက်ပွဲဝင်ဖို့ အခြားအင်အားစုတွေ မရှိတော့ဘူးလေ...သူကဘာလို့ဒီအခွင့်အရေးကို လက်လွတ်ခံရမှာလဲ...
ယခုလာနေသည့်အရာများသည် မည်သည့်အရာဖြစ်ကြောင်း သူအတိအကျမသိသေးပေ။ အကယ်၍ ထိုအရာသာဂေါ်လောခ့်များကဲ့သို့အစွမ်းထက်ပါက သူဒုက္ခရောက်မှာဖြစ်သည်။
မကြာမှီ ရှောင်ယုသည်ထိုအကြောင်းအား အချိန်ပေးစဉ်းစားနေစရာမလိုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် သူနှင့်အလွန်နီးကပ်နေပြီဖြစ်သည်။ ယခင်စွန့်စားသူသည် တစ်ယောက်တည်းဖြစ်သည့်အတွက် လွတ်မြောက်နိုင်သော်လည်း သူ့တွင်လူအများကြီးရှိနေ၍ ထွက်ပြေးရန်ခက်ခဲနေပေရာ တိုက်ခိုက်ရန်သာပြင်ဆင်ရတော့သည်။
ရှောင်ယုသည် မှင်စာနှင့်ဆင်တူသော ထိုသားရဲအုပ်စု၏အသွင်အပြင်အစစ်အား တွေ့မြင်လိုက်ရသည်။ ထိုသားရဲများသည် လူသားအသွင်အပြင်ရှိသော်လည်း ကြွက်ခေါင်းပုံစံရှိကာ ချွန်ထက်သောသွားများက အပြင်ဘက်ချွန်ထက်နေခဲ့သည်။ ထို့ပြင် သူတို့၏လှုပ်ရှားမှုကလည်း အလွန်မြန်ဆန်ပေသည်။
"ကြွက်ဘီလူးတွေ..."
ထိုသားရဲများကိုမြင်တွေ့လိုက်သည်နှင့် ရှောင်ယုခေါင်းကိုက်သွားခဲ့ရသည်။ အဆိုပါ ကြွက်ဘီလူးများသည် အချို့သောသားရဲများထက် ပိုမို၍ဖျက်ဆီးနိုင်စွမ်းအားကောင်းပေသည်။ ရှောင်ယု၏အဖွဲ့တွင် နဂါးလေး၊ခိုင်ရင်းအပါအဝင် အားကောင်းသောသူရဲကောင်းများရှိရာ ထိုကြွက်များအားကြောက်နေစရာမလိုပေ။
သို့သော် ဤသားရဲများသည် အရွယ်အစားသေးငယ်သည့်အတွက် သွက်လက်စွာလှုပ်ရှားနိုင်သည်။ ထို့ပြင် ၎င်းတို့၏တိုက်ခိုက်မှုများက အတိုင်းအတာတစ်ခုထိပြင်းထန်လှပြီး အုပ်စုလိုက်တိုက်ခိုက်ပါက ၎င်းတို့အားရင်ဆိုင်ရန်ခက်ခဲပေသည်။
သို့သော် ဤအချိန်မှထိုအကြောင်းအား ဆွေးနွေးရန်အလွန်နောက်ကျနေခဲ့ပြီဖြစ်သည်။ ရှောင်ယုကိုယ်တိုင်က ကံမကောင်း၍သာ ဤအကောင်များနှင့်ဆုံတွေ့ခဲ့ရသည်ဟု မှတ်ယူထားခဲ့ခြင်းဖြစ်သည်။
"တိုက်ကြ"
ရှောင်ယုကရုတ်တရက်အော်ဟစ်လိုက်သည်။
ဒီနေရာမှာ ကြွက်တွေအများကြီးရှိနေမှတော့ ရတနာတွေမရှိဘူးဆိုတာ ငါမယုံဘူး...
"ခိုင်ရင်း၊ဂရင်း ခုခံကာကွယ်မှုစာလိပ်ကိုသုံးပြီးတော့ အဲ့ကောင်တွေရဲ့အာရုံစိုက်မှုကိုဆွဲဆောင်စမ်း"
ရှောင်ယုသည် ယခုအချိန်၌ ကောင်းမွန်သည့်ပစ္စည်းကိရိယာများအား အသုံးပြုရန်အတွက် တွန့်ဆုတ်မနေတော့ပေ။ သူသည်ဂေါ်လောခ့်ရတနာသိုက်ထံမှ ရရှိလာခဲ့သောခုခံရေးမှော်စာလိပ်များအား ချက်ချင်းဆွဲထုတ်လိုက်ပြီး ခိုင်ရင်း၊ဂရင်းနှင့်နဂါးလေးတို့ထံ ပေးပို့ခဲ့သည်။ ထို့နောက်တွင် သူတို့အားမှော်စာလိပ်၏ခုခံရေးအလွှာက လွှမ်းခြုံသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည်မိုင်းဗုံးတစ်ခုကိုထုတ်ယူလိုက်ကာ ဖောက်ခွဲရန်ပြင်ဆင်ခဲ့သည်။ ယခုလိုအချိန်မျိုး၌ ဤကဲ့သို့အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖျက်ဆီးနိုင်သည့် လက်နက်မျိုးအားအသုံးပြုခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်ပေသည်။
ဗုံးးးး...ဗုံးးး...
ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ ဤကြွက်ဘီလူးများသည် အလွန်အားနည်းသောသားရဲများဖြစ်ကြပေရာ ဗုံးပေါက်ကွဲမှုကသူတို့အား လေပေါ်လွှင့်ထွက်သွားစေခဲ့သည်။
"ကဲလ်သက်...သူတို့ကိုတိုက်..."
ရှောင်ယုသည် ကဲလ်သက်အားစတင်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ လက်ရှိအချိန်တွင် တာဝေးပစ်မှော်တိုက်ခိုက်မှုများအား ကျွမ်းကျင်ပိုင်နိုင်သည့် ကဲလ်သက်သည်ကြွက်များကို ချေမှုန်းရန်အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
ကဲလ်သက်သည် စကားများများမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ ကဲလ်သက်သည် သူ၏မီးတောက်များကိုထုတ်ဖော်လိုက်ရာ ကြွက်များသည်မီးတောက်ဖြင့် လျင်မြန်စွာလောင်ကျွမ်းခံလိုက်ရသည်။
ပဥ္စမအဆင့်မှော်ဆရာဖြစ်သော ကဲလ်သက်၏တိုက်ခိုက်မှုသည် အလွန်ပင်ကြောက်စရာကောင်းလှပေသည်။ ထို့ပြင့် သူ၏မီးတောက်မှော်အစွမ်းသည် လောင်ကျွမ်းစေနိုင်သော အကျိုးသက်ရောက်မှုရှိပေသည်။ မီးတောက်သည် ရန်သူ၏ခန္ဓာကိုယ်အား စတင်လောင်ကျွမ်းနေသမျှကာလပတ်လုံး ပြာပုံအဖြစ်သို့ပြောင်းလဲသွားသည်အထိ မရပ်မနားဖျက်ဆီးနေစေမှာဖြစ်သည်။
ထို့ကြောင့် မီးလျှံမုန်တိုင်းတိုက်ခိုက်ပြီးနောက်တွင် ကြွက်အုပ်စုသည်ချက်ချင်းပင် ပြာပုံအဖြစ်သို့ပြောင်းလဲသွားခဲ့ကာ အခြားသောကြွက်များသို့ပါ မီးလျှံများကူးစက်သွားခဲ့ပြီး ပို၍ပင်ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။
သတ်...သတ်
ထိုအချိန်၌ နာဂသည်လည်းစတင်၍တိုက်ခိုက်လာခဲ့သည်။ ဧရာမသားရဲများနှင့်တိုက်ခိုက်ရာတွင် သူမထံ၌ နဂါးမီးမြှားများပါဝင်ပြီး သူမ၏တိုက်ခိုက်ရေးစွမ်းအားသည် များစွာပြင်းထန်ခြင်းမရှိဘဲ သူမရရှိခဲ့သည့်အတွေ့အကြုံမှတ်များသည် များပြားလှခြင်းမရှိပေ။ သို့သော်လည်းလက်ရှိအခြေအနေများက မတူတော့ပေ။ ကြွက်ဘီလူးများသည် ခုခံအားနည်းပါးသည့်အတွက်ကြောင့် သတ်ဖြတ်ရလွယ်ကူပေရာ သူမအတွက်ကျိန်းသေပေါက်အကျိုးရှိမည်ဖြစ်သည်။
ထို့ကြောင့် နာဂသည်အဆက်မပြတ်တိုက်ခိုက်နေခဲ့ကာ ကြွက်ဘီလူးများစွာသည် မြေပြင်ပေါ်၌ မြှားဖြင့်ထိုးစိုက်ခံလိုက်ရသည်။
ကြွက်ဘီလူးများသည် ကြောက်မက်ဖွယ်ကောင်းသည့်အပြင် မြေပြင်တစ်ခုလုံးအပြည့်ဖြစ်လောက်သည်အထိ အရေအတွက်များပြားသော်လည်း ရှောင်ယု၏တိုက်ခိုက်ရေးစွမ်းအားသည် အလွန်အားကောင်းသည့်အတွက် ကြောက်လန့်နေခြင်းမရှိပေ။ ထို့အစား အတွေ့အကြုံမှတ်များရရှိ၍ ပျော်ရွှင်ကျေနပ်နေခဲ့သည်။
ရှောင်ယုသည် လက်ရှိအခြေအနေနှင့်ပတ်သက်၍ ကျေနပ်နေသော်လည်း အီလီဒမ်သည် ကျိန်စာမိပြီးမတိုက်ခိုက်နိုင်သည်မှာ နှမြောစရာပင်ဖြစ်သည်။
ယခုအခါတွင် အီလီဒမ်သည် သတိလစ်မေ့မြောနေခဲ့ကာ မှော်စုန်းဆရာများက စောင့်ရှောက်ပေးထားရသည်။
ရှောင်ယုသည် မိုင်ယဗ်အားတိုက်ခိုက်ရန် အမိန့်မပေးဘဲ သူ၏နောက်ကျော၌သာနေစေခဲ့သည်။ သို့မှာသာ ကြွက်ဘီလူးများကနောက်ဘက်မှတိုက်ခိုက်လာလျှင် မိုင်ယဗ်ကိုအားကိုးရမည်ဖြစ်သည်။
မိုင်ယဗ်၏တာဝေးပစ်တိုက်ခိုက်မှုက လွန်စွာပြင်းထန်လှဖြင်းမရှိပေ။ သူမထံတွင် ဓားစကြာကဲ့သို့သောကျွမ်းကျင်မှုတစ်ခုရှိသော်လည်း ကဲလ်သက်၏မီးမှော်အစွမ်းနှင့်နှိုင်းယှဉ်ပါက ပြောပလောက်သည့်အဆင့်မဟုတ်သောကြောင့် ဤနေရာ၌ရှိနေခြင်းက ပိုမိုသင့်လျော်ပေသည်။
သို့သော်လည်း ရှောင်ယု၏တည်ငြိမ်သောအမူအရာသည် ကြာရှည်မခံခဲ့ပေ။ သူသည် ကြွက်များကိုလျင်မြန်စွာသတ်ဖြတ်နေသော်လည်း ကြွက်များ၏အရေအတွက်က တစ်စတစ်စပိုမိုများပြားလာခဲ့သည်။
"ဒီနေရာကကြွက်တွေဘာလို့ အဲ့လောက်များနေရတာလဲ"
ရှောင်ယုသည် ကြွက်ဘီလူးများကိုကြည့်ရင်း သူ၏ဦးရေပြားများထုံကျင်လာသလ်ိုခံစားလိုက်ရသည်။
သို့သော်လည်း ဒဏ်ရာရရှိသူအရေအတွက် ပိုမိုများပြားလာပြီးနောက် ရှေ့တန်းခံစစ်ကြောင်းက အဆက်မပြတ်ဆုတ်ခွာလာခဲ့ရသည်။ နဂါးလေး၊ခိုင်ရင်းနှင့်ဂရင်းတို့သည် ခုခံကာကွယ်မှုမှော်စာလိပ်များ၏အစွမ်းဖြင့် နောက်မဆုတ်တမ်းခုခံနေကြသော်လည်း ကြွက်များကိုအလုံးစုံမထိန်းချုပ်နိုင်ခဲ့ပေ။
ရှောင်ယုသည် သူ၏တပ်များကိုဘေးကင်းစွာဖြင့် စတင်ဆုတ်ခွာရန်အမိန့်ပေးလာခဲ့သည်။
ရှောင်ယုသည် မှော်ဗုံးမည်မျှအသုံးပြုခဲ့သည်ကိုပင်မမှတ်မိတော့ပေ။ ကြွက်အရေအတွက်ထောင်ဂဏန်းခန့် သတ်ဖြတ်ခံလိုက်ရသော်လည်း ၎င်းတို့၏အရေအတွက်သည်လျော့ကျသွားခြင်းမရှိပေ။
သူတို့သည် လမ်းကြောင်းမှတဆင့် တဖြည်းဖြည်းဆုတ်ခွာလာပြီး အတွင်းခန်းမသို့ရောက်ရှိလာခဲ့သည်။ အကယ်၍ သူတို့သာစစ်ကူမရရှိပါက ကြွက်များ၏ဝိုင်းရံမှုကိုခံရတော့မည်ဖြစ်သည်။
သို့သော်လည်း ထိုအချိန်၌ စီလီယာသည် သူ့ဆီကိုပြေးလာကာ သတင်းတစ်ခုကိုပြောလိုက်သည်။
"ငါစစ်တပ်တစ်ခုကိုတွေ့ခဲ့တယ်...သူတို့ကဒီဘက်ကိုရောက်လာနေပြီ"
"အိုး...ငါတို့နဲ့သိကြလား"
ရှောင်ယုကဝမ်းသာအားရဖြင့် ချက်ချင်းမေးလိုက်သည်။
"ဟုတ်တယ်...တော်တော်လေးကိုရင်းနှီးတယ်"
စီလီယာက ကျိန်းသေပေါက်ပြောလိုက်သည်။
"တော်တော်လေးရင်းနှီးတာလား...ဘယ်သူတွေလဲ...နီကိုးလပ်စ်နဲ့လီယိုနာဒိုတို့နှစ်ယောက်လုံး ပြန်လာပြီလို့တော့မင်းမပြောနဲ့"
ရှောင်ယုနှင့်သူနှင့်ရင်းနှီးသူမည်သူရှိသည်ကို စဉ်းစားမရသေးပေ။
"မဟုတ်ဘူး"
စီလီယာက ခေါင်းယမ်းပြလိုက်သည်။
"အဲ့ဒါကဘုရားကျောင်းလား..."
ရှောင်ယုသည်ဘုရားကျောင်းနှင့် အတော်လေးရင်းနှီးသည့်အတွက် ဤခရီးစဉ်၌ထိပ်တိုက်တွေ့ဆုံနိုင်ခြေ အလွန်မြင့်မားပေသည်။
"အဲ့ဒါလည်းမဟုတ်သေးဘူး"
စီလီယာက ခေါင်းယမ်းပြနေဆဲဖြစ်သည်။
"အဲ့ဒါဆိုဘယ်သူတွေလဲ"
ရှောင်ယုကအံ့သြတကြီးမေးမြန်းလိုက်သည်။
"ကနေဒီမိသားစု..."
စီလီယာကခပ်တိုးတိုးရေရွတ်လို်က်သည်။
သေစမ်း...
ရှောင်ယုကဒေါသတကြီးကျိန်ဆဲမိလိုက်သည်။
အခန်း ၄၂၅ - ကျဉ်းမြောင်းသောလမ်း
ရှောင်ယုနှင့်ကနေဒီမိသားစုသည် အမှန်တကယ်ပင်အသိအကျွမ်းဟောင်းများဖြစ်ကြသည်။
သူတို့၏ပထမဆုံးသော တွေ့ဆုံမှုအပြီးတွင် သူတို့အကြားချေဖျက်၍မရသော ရန်ငြိုးကိုဖြစ်ပေါ်စေခဲ့သည်။
ယခုအခါ သူတို့နှင့်မထင်မှတ်ဘဲ ထပ်မံကြုံတွေ့ခဲ့ရပြီဖြစ်သည်။ ကမ္ဘာကြီးသည် အမှန်ပင်သေးငယ်ပေသည်။ ရှောင်ယုသည် အရေးကြီးသောအချိန်၌ ကင်းစောင့်တစ်ယောက်ကို တွေ့လိုက်ရသည့်အတွက် ရုတ်တရက်ဝမ်းသာသွားခဲ့သည်။
လက်ရှိအချိန်တွင် ကနေဒီမိသားစုမှလူများကို ရွှံရေအိုင်ထဲဆွဲသွင်းခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
...
ကြွက်ဘီလူးများသည် လျင်မြန်စွာပြေးဝင်လာသော်လည်း ရှောင်ယုသည် မျက်တောင်တစ်ချက်ပင်မခတ်ခဲ့ပေ။ သူသည် ဓားကိုအောက်သို့ဝှေ့ယမ်း၍ ကြွက်များကိုအပိုင်းပိုင်း ဖြတ်တောက်လိုက်သည်။
"ကြွက်တွေလောက်ကိုများ မင်းအဖေကကြောက်နေမယ်လို့ထင်နေတာလား"
ရှောင်ယုသည် သူ့လူများကိုစနစ်တကျဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။ သူသည် အတွင်းလမ်းကြောင်းမှထွက်လာလာချင်း ကနေဒီမိသားစုမှ ရောဘတ်ကိုတွေ့လိုက်ရသည်။
ရှောင်ယုသည် ရောဘတ်ကိုမြင်တွေ့ချိန်၌ ချက်ချင်းပင်ထိတ်လန့်ဟန်ဆောင်လိုက်သည်။
"မြန်မြန်လုပ်ကြဟ...ငါတို့တွေ့ထားတဲ့ရတနာကို အခြားသူတွေယူဆောင်ခွင့်မပေးနိုင်ဘူး"
ကနေဒီမိသားစုမှရောဘတ်သည် ရှောင်ယုကိုဤနေရာ၌ တွေ့မြင်လိုက်ရချိန်တွင် သူသည်လည်းအနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သို့သော်ရှောင်ယု၏အော်သံကို ကြားလိုက်ရသည့်အချိန်တွင် သူ၏နှလုံးသားထဲ၌အမုန်းတရားများ ပေါက်ဖွားလာခဲ့သည်။
"မြန်မြန်သွားပြီးတော့ ရတနာကိုလုယူကြစမ်း...ဒီနေ့အဲကောင်ကိုလွတ်မြောက်ခွင့်မပေးနိုင်ဘူး"
ကနေဒီမိသားစုမှ ကျွမ်းကျင်သူများသည် ကျယ်လောင်စွာမာန်သွင်းကာ ရှေ့သို့ပြေးဝင်သွားခဲ့ကြသည်။
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ တိတ်တဆိတ်ပြုံးလိုက်မိသည်။ ဤငတုံးများသည် အဘယ်ကြောင့်လှည့်စားရလွယ်ကူနေကြောင်း ရှောင်ယုနားမလည်ခဲ့ပေ။ ကနေဒီမိသားစုသည် ဤငတုံးအား ထပ်မံ၍စေလွှတ်နိုင်ရန် မည်သို့တွေးနေသနည်း။
ကနေဒီမိသားစုမှ သန်မာသည့်ကျွမ်းကျင်သူများသည် အရှိန်အဟုန်ဖြင့်ပြေးဝင်လာသည့်အတွက်ကြောင့် လမ်းကြောင်းတစ်ခုလုံးအား ချက်ချင်းပြည့်နှက်သွားစေခဲ့သည်။ ထိုအချိန်တွင် ရှောင်ယုကသူ့လူများကို ခေါ်ထုတ်ခဲ့သည်။
"မသေချင်ရင်မြန်မြန်ပြေးကြ...အရူးတွေ"
ရှောင်ယုသည် ကနေဒီမိသားစုမှ ကျွမ်းကျင်သူများကို လှမ်း၍အော်ဟစ်လိုက်သည်။
ထိုကျွမ်းကျင်သူများသည် ရောဘတ်၏အမိန့်ကိုရရှိချိန်၌ ဤနေရာတွင် အမှန်တကယ် ကောင်းမွန်သည့်ရတနာတစ်ခုရှိနေမည်ဟု ထင်မြင်ယူဆခဲ့ကြသည်။ သို့သော်လည်း သူတို့သည်လမ်းကြောင်းတွင်းသို့ဝင်ရောက်လာချိန်၌ ကြွက်ဘီလူးအုပ်ကြီးကိုတွေ့လိုက်ရ၍ သူတို့အလိမ်ခံလိုက်ရသည်ကို ချက်ချင်းသဘောပေါက်နားလည်သွားကြပြီး အမြန်ဆုံးပြန်ဆုတ်ရန်ကြိုးစားလိုက်ကြသည်။
သို့သော် သူတို့သည်လွယ်လွယ်နှင့်ဆုတ်ခွာရန် မဖြစ်နိုင်ခဲ့ပေ။
ရှောင်ယုသည် လမ်းကြောင်းမှအမြန်ဆုတ်ခွာလာပြီးနောက်တွင် လမ်းကြောင်း၏ဘေးဘက်သို့ ဆုတ်ခွာလာခဲ့သည်။ ထို့နောက်တွင် ကြွက်ဒီရေအားတွန်းလှန်ရန်အတွက် ခုခံစည်းတစ်ခုအားဖွဲ့စည်းခဲ့သည်။ သူတို့သည် ကြွက်အချို့အားသတ်ဖြတ်ပြီးနောက်တွင် ကနေဒီမိသားစုမှလူများကိုတွေ့လိုက်ရသည်။
ယခုတစ်ကြိမ်တွင် ရောဘတ်သည်ရှောင်ယုအား ဖမ်းဆီးကာသတ်ဖြတ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
သို့သော်လည်း ကြွက်ဘီလူးများက သူတို့အားစတင်တိုက်ခိုက်လာသည့်အတွက်ကြောင့် သူထင်ထားသလိုမဖြစ်ခဲ့ပေ။ သူတို့သည် ဤတိုက်ခိုက်မှုအတွက် အဆင်သင့်မဖြစ်သေးသည့်အတွက်ကြောင့် အစောင့်များသည်လည်းဖရိုဖရဲဖြစ်သွားခဲ့သည်။ ဤကြွက်ဘီလူးများသည် သန်မာခြင်းမရှိသော်လည်း ကြွက်ဒီရေသည်အဆုံးမသတ်ခဲ့သည့်အတွက်ကြောင့် ကနေဒီမိသားစုမှလူများသည် ပင်ပန်းလာခဲ့သည်။
ရှောင်ယုသည် ဤအခြေအနေအား ပိုမိုရှုပ်ထွေးလာစေရန်အတွက် ကနေဒီမိသားစုအား ဖရိုဖရဲဖြစ်လာစေရန် မှော်စုန်းဆရာများအား ဟာရီကိန်းမုန်တိုင်းကိုအသုံးပြုရန် အမိန့်ပေးခဲ့သည်။
ရှောင်ယုက သူ့စိတ်ထဲတွင် ဂုဏ်ယူစွာဖြင့်ရယ်မောလိုက်သည်။ ထိုသို့ပြုလုပ်အပြီး၌ ကြွက်များသည်နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရှောင်ယုသည် အလွန်ပင်စိတ်သက်သာရာရသွားခဲ့သည်။ သူသည် အန္တာရယ်နယ်မြေမှ ထွက်ခွာလာခြင်းမရှိသော်လည်း အနည်းဆုံးကြွက်ဒီရေမှ ကြွက်ဘီလူးအများစုအား ဖယ်ရှားခဲ့ပြီးဖြစ်ရာ အသက်အန္တာရယ်မရှိတော့ပေ။
သူ၏လက်ရှိစွမ်းအားဖြင့်သာဆိုပါက ၎င်းတို့အားခုခံရန်ပြဿနာမရှိဟု ရှောင်ယုကယုံကြည်ခဲ့သည်။
ရှောင်ယုကသက်ပြင်းချနေချိန်တွင် တစ်စုံတစ်ယောက်က မန္တန်ရွတ်ဆိုသံအား ကြားလိုက်ရသည်။
"အလင်း၏အမည်နာမတော်ဖြင့် ဤသားရဲများကိုဒဏ်ခတ်ပါ"
ဘုရားကျောင်းကလူတွေ...
ဤမန္တန်အား ဘုရားကျောင်းမှလူများသည်သာ အသုံးပြုနိုင်ခြင်းဖြစ်သည်။
ရှောင်ယုသည် အခြားသောဦးတည်ရာတစ်ခုသို့ လှည့်ကြည့်လိုက်ချိန်တွင် အနီရောင်ချပ်ဝတ်တန်ဆာနှင့်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် လူအချို့ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ ထိုအရာသည် စစ်မှန်သောသွေးနီရောင်ခရူးဆိတ်များဖြစ်သည်။
ဘုရားကျောင်းမှလူများသည် အခြားသောဦးတည်ချက်တစ်ခုမှနေ၍ ဤခန်းမအတွင်းသို့ဝင်ရောက်လိုသော်လည်း ကြွက်ဘီလူးများ၏ဝိုင်းရံခြင်းကိုခံထားရသည်။
ကနေဒီမိသားစုနှင့်ဘုရားကျောင်းမှလူများသည် လက်တွဲလုပ်ဆောင်လာမည်ဆိုပါက ဤကြွက်ဒီရေအားအနှေးနှင့်အမြန် ရှင်းလင်းနိုင်မည်ဖြစ်ကြောင်း ရှောင်ယုခန့်မှန်းမိပေသည်။ အဆုံးသတ်တွင် ဘုရားကျောင်း၌ဆဌမအဆင့်ကျွမ်းကျင်သူရှိနေပေသည်။
"ဟင်း...ငါ့ရဲ့သူရဲကောင်းတွေအကုန်လုံး ပဥ္စမအဆင့်သို့ရောက်သွားခဲ့ပြီဆိုရင် ငါ့ရဲ့ခွန်အားတွေကအများကြီးတိုးတက်လာမယ်လို့ထင်ထားခဲ့တယ်...ဒါပေမဲ့ငါကြုံတွေ့နေရတဲ့ရန်သူတွေက ပိုပြီးတော့အားကောင်းလာသလိုပဲ...ဆဌမအဆင့်ကိုတောင်မကြာခဏတွေ့နေရတယ်"
ရှောင်ယုသည် သူ့စိတ်ထဲတွင်သက်ပြင်းအခါခါချလိုက်ပြီး သူ၏သူရဲကောင်းများအား မည်ကဲ့သို့မြန်မြန်ဆန်ဆန်အဆင့်မြင့်ရမည်ကို တွေးတောနေခဲ့သည်။
ရှောင်ယုသည် ဘုရားကျောင်းကိုလှည့်ကြည့်လိုက်ရာ ဆဌမအဆင့်ပါလာဒင်ဖြစ်သော ရွှေခြင်္သေ့ဘုရင်ခရစ်သည် သူ့အားစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
အတိအကျပြောရမည်ဆိုပါက ခရစ်၏မျက်လုံးများသည် အူသာ၏ခန္ဓာကိုယ်ပေါ်၌သာ အမြဲရှိနေခဲ့သည်။
အမှန်တွင် အူသာနှင့်နောက်ဆုံးအကြိမ်တွေ့ဆုံပြီးကတည်းက ခရစ်သည် ပုပ်ရဟန်းမင်းနှင့်ပတ်သက်၍ သံသယရှိနေခဲ့သည်။ သူသည် ပုပ်ရဟန်းမင်းအပေါ်၌ အလွန်ပင်သစ္စာစောင့်သိသူဖြစ်သည့်အပြင်ပုပ်ရဟန်းမင်းသည် သူ့ဘဝတလျှောက်မြင်တွေ့ဖူးသမျှ လူများအနက် သြဇာအာဏာအရှိဆုံးဖြစ်ကြောင်း သူခံစားမိပေသည်။ သို့သော်လည်း ပါလာဒင်တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည်အူသာအပေါ် အကြွင်းမဲ့သစ္စာစောင့်သိသူဖြစ်သည်။
ခရစ်သည် သူငယ်စဉ်ကပင် အူသာအားယုံကြည်သက်ဝင်သူဖြစ်ခဲ့သည်။
ငါရှေ့ကလူသာတကယ့်အူသာဆိုရင် ငါဘာဆက်လုပ်ရမလဲ...
ခရစ်သည် ထိုသို့အတွေးဝင်လာသည့်အတွက် နောက်ဆုံးအကြိမ်ကရှောင်ယုအား ပြဿနာမရှာဘဲ ထွက်သွားရခြင်းဖြစ်သည်။
သူသည် ဤနေရာသို့ရောက်ရှိချိန်က အူသာကိုခြုံခိုတိုက်ခိုက်ရန်အတွက် အစီအစဉ်ချထားခဲ့သော်လည်း ရှောင်ယုသည်သူတို့ပုန်းအောင်းနေသည်ကို ဖော်ထုတ်ပြခဲ့သည်။ သို့သော်လည်း အူသာ၏အလင်းစွမ်းအားထုတ်ဖော်ပုံကို ကိုယ်တိုင်တွေ့မြင်လိုက်ရချိန်တွင် သူ၏နှလုံးသားကစတင်၍ယိမ်းယိုင်လာခဲ့သည်။
အလွန်ဆို၏အကြည့်များက အူသာအပေါ်သို့အခါအားလျော်စွာ ကျရောက်နေခဲ့သည်။ သူသည်တစ်ချိန်က အူသာနှင့်တိုက်ခိုက်ဖူးသည့်အတွက်ကြောင့် အူသာအားပိုမို၍ယုံကြည်လာခဲ့သည်။
အထူးသဖြင့် သူသည်ဘုရားကျောင်းသို့ပြန်ရောက်လာပြီးနောက်တွင် သူသည်အူသာအတုကို အကြိမ်ပေါင်းများစွာ တမင်တကာချည်းကပ်ခဲ့သည်။ သို့သော်အူသာအတုသည် ရှောင်ယု၏အူသာနှင့်ယှဉ်လျင် လုံးဝကိုကွဲပြားခြားနားသည့် လူတစ်ယောက်ဖြစ်နေခဲ့သည်။
ထိုအရာများကြောင့် ဤအူသာသည်အစစ်အမှန်ဖြစ်ကြောင်း သူ့အားပိုမိုယုံကြည်စေခဲ့သည်။
အပေါ်ယံတွင် သူသည်ပုပ်ရဟန်းမင်းအပေါ် သစ္စာစောင့်သိပြီး အူသာကိုသတ်ဖြတ်ရမယ့်အဖွဲ့၌ ပါဝင်ရန်အမိန့်ကိုနာခံခဲ့သည်။ အမှန်တော့ သူ၏ရည်ရွယ်ချက်အမှန်မှာ အူသာကိုကာကွယ်ရန်ဖြစ်သည်။
သူအသက်ရှင်သန်နေသရွေ့ သူ၏အထက်လူကြီးလည်းအဖြစ် သူယုံကြည်အားထားရသည့်ပါလာဒင်လည်းဖြစ်သည့် ခရစ်အပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမှ အူသာကိုထိခိုက်နာကျင်အောင် လုပ်ခွင့်မပေးနိုင်ပေ။
"သေစမ်း...ဒီကြွက်တွေကဘယ်နေရာကနေထွက်လာတာလဲ...ဘာလို့ဒီလောက်များနေရတာလဲ"
ရောဘတ်သည် ကြွက်များကိုကြည့်ရင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ကြွက်များသည် သူ့အားအကြိမ်ပေါင်းများစွာကိုက်ဖြတ်ခဲ့သည့်အတွက် သူ့ခန္ဓာကိုယ်မှအသားစတော်တော်များများသည် စုတ်ပြဲသွားခဲ့ရသည်။
ထိုသို့ဒဏ်ရာရရှိမှုကြောင့် ရောဘတ်သည်သူ၏သက်တော်စောင့်များကို ဒေါသထွက်သွားခဲ့သည်။ သူသာဤအန္တာရယ်မှ လွတ်မြောက်ခဲ့လျှင် ထိုကောင်များကိုအပြစ်ပေးမည်ဖြစ်သည်။
"ဒီတစ်ခေါက်တော့ရှောင်ယုကိုဖြေရှင်းဖို့ ဘုရားကျောင်းနဲ့ပူးပေါင်းရမယ်ထင်တယ်"
ရောဘတ်သည် အလွန်ပင်မောက်မာပြီး မာနကြီးသော်လည်း သူသည်ငတုံးတစ်ယောက်မဟုတ်ပေ။ ယခုတစ်ကြိမ်တွင် ရှောင်ယုအားသတ်ဖြတ်နိုင်ရန်အတွက် ဘုရားကျောင်းနှင့်ပူးပေါင်းခြင်းသည် ကောင်းမွန်သောဗျူဟာဖြစ်ကြောင်း သူနားလည်ထားပေသည်။
ဤခရီးစဉ်၌ ဘုရားကျောင်း၏အဓိကပန်းတိုင်မှာ အူသာဖြစ်ကြောင်း ရောဘတ်ကောင်းကောင်းသိထားခဲ့သည်။ ခေးစ်သည် နောက်ဆုံးအကြိမ်သူ့ထံရောက်လာခဲ့စဉ်က ဘုရားကျောင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းစွာဖော်ပြထားခဲ့သည်။
နံချပ်ကူကိုဝှေ့ယမ်းရင်း တိုက်ခိုက်နေသည့်နဂါးလေးကိုကြည့်ပြီး ရောဘတ်သည်အံတင်းတင်းကြိတ်မိလိုက်သည်။
ရှောင်ယု၏စွမ်းအားသည် လုံးဝနိမ့်ကျမှုမရှိကြောင်း ရောဘတ်နားလည်ထားသည်။ သို့သော်လည်း သူသာဘုရားကျောင်းနှင့်ပူးပေါင်းလိုက်မည်ဆိုပါက အရာအားလုံးသည်ပိုမို၍လွယ်ကူလာမည်ဖြစ်သည်။
အခန်း ၄၂၆ - ပါလာဒင်တစ်ယောက်၏ကျင့်ဝတ်
အလွန်ဆိုသည် သူ၏တင်းပုတ်ကို အဆက်မပြတ်လွဲယမ်းရင်း ကြွက်ဘီလူးများကို အတန်းလိုက်မြေပြင်ပေါ်သို့ ဖြိုချလိုက်သည်။
သို့သော်လည်း ကြွက်ဘီလူးများစွာသည် သူ့အပေါ်သို့ခုန်တက်လာခဲ့ပြီး သူ၏ချပ်ဝတ်တန်ဆာပေါ်၌ အကိုက်ခံရသောအမှတ်အသားများစွာကို ချန်ရစ်ထားခဲ့သည်။
ကြွက်ဘီလူးများ၏သွားများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ချွန်ထက်သည့်အတွက် သံချပ်ကာများသည်ပင် ၎င်းတို့၏သွားများကို ခုခံနိုင်ခြင်းမရှိပေ။
"ဘာဖြစ်နေတာလဲ...အလွန်ဆို...မင်းရဲ့စိတ်တွေကအတော်ရှုပ်ထွေးနေတာပဲ...မင်းရဲ့ခွန်အားနဲ့သာဆိုရင် ဒီကြွက်တွေကမင်းအနားကိုတောင်ကပ်မလာသင့်ဘူး"
ခရစ်သည် အလွန်ဆို၏အခြေအနေကိုမြင်သောအခါ မျက်မှောင်ကြုတ်ပြီး ကြိမ်းမောင်းလိုက်သည်။
ခရစ်သည် တစ်ချိန်က အလွန်ဆို၏ဆရာတစ်ယောက်ဖြစ်ခဲ့ရာ အလွန်ဆို၏အမှားများကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပေသည်။ ထို့ကြောင့်ခရစ်သည် ချက်ချင်းပင်သူ့အားပြစ်တင်ရှုံချ၍ မျက်နှာသာမပေးခဲ့ပေ။
အလွန်ဆိုသည် ခရစ်အားအလွန်လေးစားသည့်အတွက်ကြောင့် ဒေါသမထွက်ခဲ့ပေ။
"ဆ...ဆရာ...ငါသတိမထားမိလိုက်ဘူး"
အလွန်ဆိုက ခပ်မြန်မြန်ပင်ပြန်လည်ဖြေကြားလိုက်သည်။
ခရစ်ကအေးစက်သောလေသံဖြင့် ပြောလိုက်သည်။
"ဟုတ်လား...အဲ့ဒါဆိုရင်အူသာအတုကို ဘာလို့အမြဲစိုက်ကြည့်နေတာလဲ...မင်းကသူ့ကိုသတိပေးချင်တာလား...ဒါမှမဟုတ်သူ့ကိုဂရုစိုက်ပေးချင်တာလား"
အလွန်ဆိုသည် ထိုစကားကိုကြားသောအခါ လွန်စွာမှထိတ်လန့်သွားခဲ့ရသည်။ခရစ်သည် သူ၏သေးငယ်သောလှုပ်ရှားမှုလေးကိုပင် သတိပြုနေမိခဲ့သည်။
အကယ်၍ ပုပ်ရဟန်းမင်းကသာ သူ၏လက်ရှိစိတ်အခြေအနေကို သိသွားခဲ့မည်ဆိုပါက ချက်ချင်းအလုပ်ထုတ်ခံရမည်ဖြစ်သည်။
ပုပ်ရဟန်းမင်းသည် သူတို့အပေါ်၌ စာနာစိတ်အနည်းငယ်မျှပင်မရှိကြောင်း သိထားရမည်ဖြစ်သည်။အပေါ်ယံ၌ နူးညံ့သိမ်မွေ့သော၊ကြင်နာသနားတတ်သော၊ချစ်ခင်လေးစားဖွယ်ကောင်းသော လူတစ်ယောက်သည် အမှန်တကယ်တွင်အလွန်ပင်ရက်စက်ကြုမ်းကြုတ်ကာ ရည်မှန်းချက်ကြီးမားသူတစ်ယောက်ဖြစ်ပေသည်။
ခရစ်သည် ထိုသို့ကြိမ်းမောင်းပြီးနောက်တွင် မည်သည့်စကားမှဆက်မပြောခဲ့ပေ။
အလွန်ဆို၏အမူအရာသည် စိုးရိမ်စိတ်များနေသည်ဖြစ်စေ နိုးနိုးကြားကြားဖြစ်နေသည်ဖြစ်စေ သူသည်ရှင်းရှင်းလင်းလင်းခွဲခြားသိမြင်ပေသည်။
ခရစ်သည် သူ့စိတ်ထဲ၌ပင်သံသယဖြစ်နေမိခဲ့သည်။သူသည် အလွန်ဆိုအားကလေးဘဝကပင် သိရှိလာခြင်းဖြစ်သည်။အလွန်ဆိုသည် အူသာကိုဂရုစိုက်ပုံရသည့်အတွက်ကြောင့် အလွန်ဆို၏ယုံကြည်မှုသည် ယိမ်းယိုင်နေပြီဖြစ်ကြောင်း သူသိရှိလိုက်သည်။
ပုပ်ရဟန်းမင်းအပေါ် သစ္စာစောင့်သိသော အလွန်ဆိုလိုလူမျိုးအား သူ့အပေါ်ဂရုစိုက်လာစေသည့်အထိ အူသာထံ၌မည်သည့်စွမ်းအားမျိုးရှိနေသနည်း။ ဖြစ်နိုင်ခြေနှစ်ခုသာရှိပေသည်။ပထမတစ်ခုမှာ အလွန်ဆိုသည် စိတ်ကိုရှုပ်ထွေးစေသောအောက်လမ်းမှော်အတတ်ဖြင့် ကျိန်ဆဲခံရခြင်းဖြစ်သည်။ ဒုတိယဖြစ်နိုင်ခြေမှာ အူသာသည်စစ်မှန်သောအူသာဖြစ်သည်။
တကယ့်အကြောင်းရင်းကဘာလဲ...
အမှန်တော့ခရစ်ထံ၍လည်း တူညီသောခံစားချက်ကိုရှိထားသော်လည်း သူမယုံကြည်ချင်ခဲ့ပေ။
အမှန်ဆိုလျှင် သူငယ်စဉ်ကတည်းက ကိုးကွယ်ဆည်းကပ်ခဲ့သည့် ပုပ်ရဟန်းမင်း တစ်နည်းအားဖြင့် သူ၏ယုံကြည်အားထားရာသူရဲကောင်းဖြစ်သူသည် သူ့အားလိမ်ညာပြီး အလင်းဘုရားကျောင်း၏နတ်ဘုရားဖြစ်သူ အူသာအားသတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုလိုပါသလား...
ပြဿနာကဘာလဲ...ဘာလို့ဒီလိုတွေဖြစ်လာရတာလဲ...
မူလက အလင်းဘုရားကျောင်းနှင့်ပုပ်ရဟန်းမင်းအပေါ်၌ သူ၏ယုံကြည်မှုသည် အလွန်ပင်ခိုင်မာအားကောင်းနေခဲ့သော်လည်း ယခုအခါအခြေအနေတစ်ခုလုံးက ကွဲပြားသွားခဲ့ပြီဖြစ်သည်။
သူသည်လမ်းဆုံတစ်ခု၌ ရပ်နေခဲ့ကာ ဆုံးဖြတ်ချက်ချရန်အခက်ခဲဆုံး အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။
ထိုအကြောင်းကိုတွေးမိ၍ ခရစ်မို၏နှလုံးသားက တုန်ခါသွားခဲ့သည်။
ငါကဘာလို့ဒီလိုအတွေးမျိုးတွေးမိရတာလဲ...ဒီအူသာကအမှန်တကယ်ဖြစ်တယ်ဆိုတာကို ငါယုံကြည်မိသွားတာပဲမဟုတ်လား
ခရစ်၏ကျောပြင်သည် ချွေးအေးများဖြင့် ချက်ချင်းစိုရွှဲသွားခဲ့သည်။ သူသည်ဤကဲ့သို့ခံစားချက်မျိုးအား နှစ်ပေါင်းများစွာမခံစားခဲ့ရဘူးပေ။
သို့သော်လည်း ခရစ်၏အကြည့်များသည် အူသာထံသို့ကျရောက်လာသည့်အခါတွင် သူ၏နှလုံးသားကတဖန်ရှုပ်ထွေးလာခဲ့သည်။ ဤအူသာသည် အစစ်အမှန်ဖြစ်နေခဲ့လျှင် သူ့အားသတ်ဖြတ်ခြင်းက လုံးဝကိုမှားယွင်းနေသည့်အရာတစ်ခုဖြစ်နေခဲ့သည် မဟုတ်လော...
အကယ်၍ အူသာသည်အမှန်တကယ်သေဆုံးသွားခဲ့လျှင်...
ပုပ်ရဟန်းမင်းက နတ်ဘုရားအသစ်ဖြစ်လာတော့မည်ဖြစ်သည်။
ထိုအရာသည် သူ၏ယုံကြည်ချက်ကိုအမှန်ပင် တုန်လှုပ်စေခဲ့သည်။
ခရစ်သည် တစ်စုံတစ်ခုကိုနားလည်သွားခဲ့သော်လည်း ဆုံးဖြတ်ရခက်ခဲနေခဲ့သည်။ သူမည်သည်ကိုရွေးချယ်သင့်သနည်း။ဤနေ့တွင် သူသည်အရာရာကိုမည်သို့ရင်ဆိုင်ရမည်မှန်း ခုထိမဆုံးဖြတ်နိုင်သေးပေ။
"မင်းကအရည်အချင်းပြည့်ဝတဲ့ ပါလာဒင်တစ်ယောက်ပါ"
ထိုအချိန်တွင် ခရစ်သည် အလွန်ဆိုအားသူ၏နှလုံးသားထဲမှနေ၍ ချီးကျူးခဲ့သည်။
ငါကကော အရည်အသွေးပြည့်ဝတဲ့ပါလာဒင်တစ်ယောက်လား...
ပါလာဒင်တစ်ယောက်၏အခြေခံကျင့်ဝတ်များမှာ ဂုဏ်သိက္ခာ၊ကျင့်ဝတ်၊နှိမ့်ချမှု၊ဇွဲလုံ့လနှင့် သစ္စာစောင့်သိမှုတို့ဖြစ်သည်။
ပါလာဒင်တစ်ယောက်သည် ထိုကျင့်ဝတ်များကိုဖောက်ဖျက်၍မရပေ။ ထိုသို့စစ်မှန်သောပါလာဒင်တစ်ယောက်၏ စိတ်နှလုံးသည် အလွန်ပင်ဖြူစင်ပြီး ရွှေငွေဥစ္စာရတနာများက သူ၏စိတ်ဆန္ဒကိုလုံးဝယိမ်းယိုင်စေခြင်းမရှိပေ။ ထိုသို့စိတ်ဝိညာဉ်မျိုးသည် အညစ်အထေးမရှိဘဲ စင်ကြယ်နေဆဲဖြစ်သည်။
ခရစ်သည် တစ်ကြိမ်တစ်ခါက မရေမတွက်နိုင်သည့်သွေးဆောင်မှုများ၊အလှတရားများငွေကြေးနှင့်စွမ်းအားတို့ဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း သူ၏စိတ်ကလုံးဝမယိမ်းယိုင်ခဲ့ပေ။
ခရစ်၏စိတ်ထဲ၌ အရေးအကြီးဆုံးသောအရာမှာ ပါလာဒင်တစ်ယောက်၏ယုံကြည်ချက်နှင့် စိတ်ဓာတ်ခိုင်မာမှုပင်ဖြစ်သည်။ အခြားသောအရာများသည် သူ၏စိတ်ကိုလုံးဝမထိခိုက်စေပေ။
တစ်ချိန်က ချမ်းသာသည့်ကုန်သည်တစ်ယောက်သည် သူ့အားအလွန်လှပသည့်အလှမယ်များနှင့် စည်းစိမ်ဥစ္စာများကိုထိုးအပ်ခဲ့ကာ ခရစ်ကသူ့အားအသက်ချမ်းသာပေးရန် တောင်းဆိုခဲ့ဖူးသည်။
သို့သော်လည်း ချမ်းသာသည့်ကုန်သည်သည် သူ့အတွက်အလုပ်ကြိုးစားသူအမြောက်အများကို ငတ်ပြတ်၍သေဆုံးစေခဲ့ကာ လူပေါင်းများစွာထံမှ ရိက္ခာစပါးတို့အား အတင်းအကျပ်တောင်းယူခဲ့ဖူးသည်။ ထိုသို့သောအပြစ်များကြောင့် ခရစ်သည်ကုန်သည်၏တောင်းဆိုမှုကိုလက်မခံဘဲ ကုန်သည်၏ဦးခေါင်းကိုဖြတ်တောက်ခဲ့သည်။
ထို့နောက်သူသည် ကုန်သည်၏စည်းစိမ်ဥစ္စာများကို ဝေငှပေးခဲ့ကာ အိမ်ခြေရာမဲ့အမြောက်အများ၏ ဘဝကိုကယ်တင်ပေးခဲ့သည်။
နောက်ပိုင်းတွင် ပုပ်ရဟန်းမင်းကွယ်လွန်ခဲ့ပြီးနောက် သူသည်ပုပ်ရဟန်းမင်း၏ မျိုးဆက်သစ်များအပေါ် ဆက်လက်သစ္စာစောင့်သိရန်ရွေးချယ်ခဲ့ပြီး အလင်းဘုရားကျောင်း၏ဂုဏ်သတင်းကို ဆက်လက်သယ်ဆောင်ခဲ့ကာ အူသာ၏အလင်းရောင်ကို တိုက်ကြီး၏ထောင့်စွန်းနေရာထိ တောက်ပနေစေခဲ့သည်။
သူသည် မရေမတွက်နိုင်သော အရပ်ဒေသတို့အားဖြတ်ကျော်ကာ ဇွဲ့လုံ့လရှိစွာဖြင့် သူ၏တာဝန်ကိုထမ်းဆောင်ခဲ့သည်။ တစ်ချိန်က ပြည်မကြီးဖက်တွင် မျက်နှာဖုံးစွပ်ထားသည့် အလင်းတမန်တော်တစ်ယောက်၏ ဂုဏ်သတင်းကကျော်ကြားခဲ့သည်။ သို့သော်ထိုတမန်တော်သည် သူဖြစ်နေကြောင်းမည်သူမှ မသိခဲ့ကြပေ။
သူသည် သူဖြတ်သန်းသွားရာနေရာတိုင်းသို့ အလင်းဘုရားကျောင်း၏အဆိုအမိန့်များကို ဖြန့်ဝေပေးခဲ့သည်။ သူသည် အားနည်းသူများကိုကယ်တင်ကာ လူဆိုးများအားသက်ညာမှုမရှိ အပြစ်ပေးခဲ့သည်။ သူနှင့်သိကျွမ်းမှုမရှိသော သူစိမ်းများကိုကူညီရန်အတွက် ရံဖန်ရံခါစွန့်စားရန်လိုအပ်လာလျှင် တွန့်ဆုတ်နေခြင်းမရှိပေ။
ထို့ကြောင့် သူ၏ဂုဏ်သတင်းသည် ဘုရားကျောင်း၌အလွန်ပင်မြင့်မားပေသည်။
အူသာသည် သူ့အားတွေ့မြင်ပြီးနောက်တွင် ခရစ်အားအရည်အချင်းပြည့်ဝသည့် ပါလာဒင်ဟုသတ်မှတ်ခဲ့သည်။ ထိုစကားသည် ဤနှစ်ပိုင်းတလျှောက်ခရစ်ကသာ ပြောလာခဲ့သည့်စကားဖြစ်သည်။
ခရစ်သည် လူအမြောက်အများကသူ့အားကိုးကွယ်ခြင်းကို မလိုလားပေ။ သူ့အတွက်အလိုအရှိဆုံးအရာမှာ သူ့အားမြင်တွေ့ရသူတိုင်းအား သူ့အားအရည်အချင်းပြည့်ဝသော သူရဲကောင်းတစ်ယောက်ဟု သတ်မှတ်စေလိုခြင်းဖြစ်သည်။
ဤအရာသည် သူ့ဘဝ၏ယုံကြည်ချက်ဖြစ်သည်။ သို့သော် ယခုအခါထိုယုံကြည်မှုသည် အကျပ်အတည်းဖြစ်နေပုံရသည်။
မူလက ခရစ်မို၏အမြင်တွင် ရှောင်ယုဘက်မှအူသာသည် အတုဖြစ်ကြောင်း ရာနှုန်းပြည့်သေချာနေခဲ့သည်။ မည်သို့ပင်ဆိုစေ အလင်းဘုရားကျောင်းတော်၏ နတ်ဘုရားသည် အလင်းဘုရားကျောင်း၌သာ သဘာဝအတိုင်းထွက်ပေါ်လာသင့်သည်။အခြားနေရာ၌ထွက်ပေါ်လာသည့်အူသာသည်ကား အတုအယောင်သာဖြစ်သင့်သည်။ သို့သော်လည်း ခရစ်သည်အူသာကို ပထမဆုံးအကြိမ်တွေ့မြင်ချိန်၌ သူ၏အတွေးကပြောင်းလဲသွားခဲ့သည်။
ငါဘာဆက်လုပ်ရမလဲ...
ထိုအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းတစ်ခုတောက်ပလာခဲ့ကာ နာဂ၏ခန္ဓာကိုယ်မှ အရှိန်အဟုန်ပြင်းသောအော်ရာတစ်ခုထိုးထွက်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်သည် လျှပ်တပြက်အတွင်း အရွယ်အစားကြီးမားလာပုံရသော်လည်း သူမ၏မူလအရွယ်အစားသို့ လျင်မြန်စွာကျုံ့ဝင်သွားခဲ့သည်။
ထိုအချိန်တွင် နာဂသည်မတူကွဲပြားသူတစ်ယောက်ဖြစ်လာပုံရပြီး သူမ၏စိတ်နေစိတ်ထားတို့က အခြေခံအားဖြင့် အပြောင်းအလဲအချို့ရှိလာခဲ့သည်။
အထူးသဖြင့် နာဂ၏မျက်နှာအမူအရာသည် ယခုအချိန်၌ပိုမိုပျော့ပျောင်းလာခဲ့သည်။
ယခင်က နာဂ၏မျက်နှာသည်လှပသော်လည်း အရုပ်မျက်နှာနှင့်ဆင်တူပေသည်။ သို့သော် ယခုအခါသူမသည်ပိုမိုချစ်စရာကောင်းလာခဲ့သည်။
အထူးသဖြင့် သူမ၏ဆံပင်ရှည်များက ရှည်လျားသောမြစ်ရေနှင့်တူနေခဲ့သည်။ နာဂ၏အောက်ပိုင်းသည် မြွေတစ်ကောင်နှင့်ဆင်တူနေသော်လည်း အနည်းငယ်ထူးဆန်းနေပုံရပေသည်။သူမ၏ခန္ဓာကိုယ်ပုံစံသည် နူးညံ့ပျော့ပျောင်းနေခဲ့ကာ ရှေးရိုးဆန်သောသွင်ပြင်ရှိပေသည်။
အလင်းဘုရားကျောင်းမှဖြစ်စေ ကနေဒီမိသားစုမှဖြစ်စေ လူအတော်များများသည် နာဂ၏အသွင်အပြင်ကို ချက်ချင်းပင်စွဲလမ်းမိသွားကြသည်။
သူမသည် အလွန်ပင်စွဲမက်ဖွယ်ကောင်းလှပြီး ဤလောကနှင့်သက်ဆိုင်မှုမရှိသည့် နတ်သမီးလေးတစ်ပါးသဖွယ်ဖြစ်နေခဲ့သည်။
အထူးသဖြင့် နာဂကိုစိုက်ကြည့်နေသောရောဘတ်သည် ယခုအခါတံတွေးသီးမတတ်ဖြစ်သွားခဲ့သည်။ သူသည် မရေမတွက်နိုင်သောအလှတရားများကို တွေ့မြင်ဖူးသော်လည်း နာဂကဲ့သို့အလှမယ်မျိုးကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်သည်။
"မဖြစ်နိုင်ဘူး...ကမ္ဘာပေါ်မှာဒီလိုအလှတရားမျိုးက ဘယ်လိုရှိနိုင်မှာလဲ...ဒီမြွေမိန်းမကိုသိမ်းပိုက်ပြီးတော့ ငါ့ရဲ့ကျွန်အဖြစ်ခန့်အပ်ရမယ်"
လူတိုင်းသည် နာဂ၏အလှအပေါ်အရူးအမူးဖြစ်နေသော်လည်း ရှောင်ယုဘက်မှတပ်သားများသည် မျိုးနွယ်စုပေါင်းစုံမှဆင်းသက်လာခြင်းဖြစ်ရာ ပြင်းထန်သောခံစားချက်မဖြစ်မိပေ။ သူတို့၏အမြင်တွင် နာဂသည်များစွာထူးခြားမှုမရှိလှပေ။ သူမသည် သူတို့အတွက် စစ်သူကြီးတစ်ယောက်သာသာဖြစ်ခဲ့သည်။
ရှောင်ယုကမူ ထိုမြင်ကွင်းကိုကြည့်၍ အလွန်ဝမ်းသာသွားခဲ့သည်။ တိုက်ပွဲများစွာကိုဖြတ်ကျော်အပြီး၌ နာဂသည်အဆင့်တက်သွားခဲ့ကာ အဆင့်၄၀သို့ရောက်ရှိလာခဲ့သည်။
ယခုဆိုလျှင် ရှောင်ယု၏သူရဲကောင်းအားလုံးသည် ပဥ္စမအဆင့်သို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ယခုအခါ နာဂသည်ရေနွေးပူထဲ၌စိမ်နေရသကဲ့သို့ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက အနီရောင်တောက်နေခဲ့သည်။
အမှန်တော့ရှောင်ယုသည် နာဂအားပထမဆုံးအကြိမ်တွေ့မြင်စဉ်က သူ့စိတ်ထဲ၌ရှက်စရာကောင်းသည့် အတွေးအချို့ဖြစ်ခဲ့ဖူးသည်။ သာမန်လူတစ်ယောက်အနေဖြင့် သူ့ထံတွင်အခြေခံအားဖြင့် ယခုလိုစိတ်အတွေးမျိုးရှိသည်မှာ မထူးဆန်းလှပေ။ ထိုသို့စိတ်အခြေအနေမရှိပါက ထိုလူသည်ပုံမှန်မဟုတ်သည်မှာ သေချာပေသည်။
နာဂသည်လည်း အလွန်ပျော်ရွှင်သွားခဲ့သည်။ သူသည် ဘက်ပေါင်းစုံမှချည်းကပ်လာသည့် ကြွက်များကိုကြည့်ရင်း သူမ၏ဆံပင်များက မြွေသေးသေးလေးများအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထိုမြွေလေးများသည် နေရာအနှံ့ဖြန့်ကျက်လိုက်ပြီးနောက်တွင် တစ်ကောင်ချင်းစီတိုင်းမှ ငွေရောင်အလင်းများတိုးထွက်လာခဲ့သည်။ ထိုငွေရောင်အလင်းများက ကြွက်ဘီလူးများ၏ခန္ဓာကိုယ်အားဖောက်ထွက်ကာ မြေပေါ်၌ထိုးစိုက်နေစေခဲ့သည်။
"နာဂရဲ့လှုပ်ရှားမှုက တော်တော်လေးထူးခြားနေတာပဲ"
ရှောင်ယုသည် နာဂ၏ကျွမ်းကျင်မှုအပေါ် အမှန်တကယ်ကျေနပ်နေခဲ့သည်။
ထိုအရာသည် အုပ်စုလိုက်တိုက်ခိုက်ရေးအစွမ်းတစ်ခုဟု ယူဆရသော်လည်း ထိုကျွမ်းကျင်မှု၏စွမ်းအားသည် လူတစ်ယောက်တည်းအပေါ်အာရုံစိုက်နေမည်ဆိုပါက ပိုမိုအစွမ်းထက်သည့်ကျွမ်းကျင်မှုတစ်ခုဖြစ်ကြောင်း ငြင်းဆန်စရာမလိုအပ်ပေ။