အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
အခန်း ၄၂၇ - အခြေအနေကသိပ်မကောင်းဘူး
ထိုအချိန်တွင် ဗိမာန်တော်အတွင်းမှ ကျယ်လောင်သောဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအရာသည် သားရဲဟိန်းဟောက်သံနှင့်ဆင်တူသော်လည်း မည်သည့်သားရဲအမျိုးအစားမှဖြစ်ကြောင်း မသိရပေ။ ထိုဟိန်းဟောက်သံသည် လူတိုင်း၏နားထဲ၌ပဲ့တင်ထပ်သွားခဲ့ကာ သူတို့နှလုံးသားထဲသို့ တိုက်ရိုက်စီးဝင်၍တုန်လှုပ်သွားစေခဲ့သည်။ အားနည်းသောတပ်သားအချို့ဆိုလျှင် ထိုဟိန်းဟောက်သံကြောင့် ချက်ချင်းမူးလဲကာ မြေပေါ်သို့လဲကျသွားခဲ့သည်။
ဘာဖြစ်တာလဲ...ဒီအသံကဘယ်ကထွက်လာတာလဲ
လူတိုင်းသည် စွမ်းအားပြည့်ဝလှသည့်ဟိန်းဟောက်သံကြောင့် အလွန်တုန်လှုပ်သွားကြသည်။ ထိုအသံပိုင်ရှင်သည် မည်မျှထိစွမ်းအားကြီးနိုင်မည်နည်း...သတ္တမအဆင့်၌ရှိနေမည်လား
ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်သည်တောင်မှ ဤမျှလောက်အစွမ်းထက်နေမည်မဟုတ်ပေ။
ကြွက်ဘီလူးများသည် ထိုဟိန်းဟောက်သံကိုကြားပြီးနောက်တွင် ခဏတာငြိမ်သက်သွားခဲ့သည်။ ထို့နောက်သူတို့သည် ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုအားခံစားလိုက်ရသကဲ့သို့ ရုတ်တရက်အော်ဟစ်ကာ ထွက်ပြေးသွားကြသည်။
"ဘာဖြစ်တာလဲ...ဒီကြွက်တွေကိုဘယ်လိုအရာကများ ကြောက်ရွံ့အောင်လှုံဆော်ပေးနိုင်ရတာလဲ"
ရှောင်ယုသည် ထိုအကြောင်းနှင့်ပတ်သက်၍ ဆိုးရွားသည့်အန္တာရယ်ကို ကြိုတင်ခံစားမိလိုက်သည်။
ဤဗိမာန်တော်၌ စွမ်းအားကြီးအရာများ များစွာဖုံးကွယ်ထားပုံရပေသည်။
ယခုတင်ကြားလိုက်ရသည့်အသံတင်မဟုတ်ဘဲ အခြားထူးဆန်းသည့်အချက်များကြောင့် အမှောင်ဗိမာန်တော်သည် မြင်ရသလောက်ရိုးရှင်းမှုမရှိကြောင်း ရှောင်ယုခံစားရခဲ့သည်။
ခရစ်မိုအပါအဝင် ကနေဒီမိသားစုမှ ဆဌမအဆင့်ကျွမ်းကျင်သူများသည် ထိတ်လန့်တုန်လှုပ်သည့် အမူအရာများကိုပြသခဲ့ကြသည်။ သူတို့သည် ဆဌမအဆင့်ကျွမ်းကျင်သူများဖြစ်ကြရာ ယခုထွက်ပေါ်လာသည့်ဟိန်းဟောက်သံနှင့်ပတ်သက်၍ ထိုအရာ၏တည်ရှိမှုကို ပိုမိုရှင်းလင်းစွာခံစားမိခဲ့သည်။
ထိုအစွမ်းထက်သောဖြစ်တည်မှုသည် သတ္တမအဆင့်နှင့်သာလုံးဝသက်ဆိုင်ပေသည်။ သို့သော်လည်း သူတို့ထံတွင်သတ္တမအဆင့်ဖြစ်တည်မှုနှင့် ရင်ဆိုင်ရန်နည်းလမ်းလုံးဝမရှိခဲ့ပေ။ မည်သို့ပင်ဆိုစေ ဟိန်းဟောက်သံကိုထုတ်ဖော်ခဲ့သည့် တည်ရှိမှုသည်သတ္တမအဆင့်သို့ ရောက်ရှိနေကြောင်း သူတို့သေချာနေခဲ့သည်။
အကယ်၍...
သတ္တမအဆင့်တည်ရှိမှုသာ သူတို့အားတိုက်ခိုက်လာပါက သူတို့တွင်ရှိသမျှ အရာအားလုံးကိုထုတ်သုံးလျှင်ပင် အောင်မြင်ရန်အာမခံချက်မရှိပေ။ အဆုံးသတ်တွင် သတ္တမအဆင့်ဟူသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထိုအချက်ကိုထည့်မတွက်လျင်ပင် သီအိုဒိုးကဲ့သို့ သတ္တမအဆင့်နှင့်အနီးကပ်ဆုံးဟု ယူဆရမည့်ကျွမ်းကျင်သူများသည် သူတို့ဆန့်ကျင်နိုင်စွမ်းမရှိသော ဖြစ်တည်မှုများဖြစ်ကြသည်။
အလုအယက်ပြေးလွှားနေသော ကြွက်ဘီလူးများကိုကြည့်ပြီးနောက်တွင် ရောဘတ်၏အကြည့်များသည် ရှောင်ယု၏လက်အောက်ငယ်သားများထံသို့ ချက်ချင်းကျရောက်လာခဲ့သည်။
ပထမဦးစွာ သူသည်ရှောင်ယုအား ကောက်ကျစ်သည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် ရှောင်ယုအားအမြဲလိုလိုပင်သတ်ဖြတ်ရန် ဆန္ဒရှိနေသူဖြစ်သည်။ သို့သော်လည်း လျင်မြန်စွာပင်သူ၏အကြည့်များသည် လင်းမူရွယ်နှင့်နာဂတို့၏နောက်ဘက်သို့ကျရောက်သွားခဲ့သည်။ တိုင်ရန်ဒီသည် သူမ၏မျက်နှာကိုဖုံးအုပ်ထားရန် အလေ့အထရှိသည့်အတွက်ကြောင့် သူမ၏မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပေ။
သို့သော်လည်း တိုင်ရန်ဒီ၏လုံးဝပြီးပြည့်စုံသော အသွင်အပြင်ကြောင့် တိုင်ရန်ဒီအား သူ၏ကျွန်အဖြစ်ထားရှိရန် သူ့စိတ်ထဲ၌ဆုံးဖြတ်ထားခဲ့သည်။
ရှောင်ယုသည် ရောဘတ်၏အကြည့်ကို သတိပြုမိပြီးနောက် သူ၏မျက်လုံးများ၌ ရက်စက်သောအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
မင်းကဒီဖေဖေကြီးရဲ့မိန်းမတွေကို ကြည့်ဝံ့တယ်ပေါ့...သေချင်နေတာမလား
တပ်ဖွဲ့၃ခုသည် တိုက်ပွဲကိုချက်ချင်းမစတင်ခဲ့ကြပေ။ ကနေဒီမိသားစုသည် ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဘုရားကျောင်းနှင့်ညှိနှိုင်းရန်အတွက် လူတစ်ယောက်ကိုစေလွှတ်ခဲ့သည်။
ခရစ်သည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းဆုံးဖြတ်ချက်မချနိုင်ခဲ့ပေ။ သူသည် မည်သည့်လမ်းကြောင်းကိုရွေးချယ်ရမည်ကို မဆုံးဖြတ်ရသေးသည့်အတွက်ကြောင့် ကနေဒီမိသားစုအား ချက်ချင်းအဖြေမပေးခဲ့ပေ။
ရှောင်ယုဘက်က အူသာကစစ်မှန်တယ်ဆိုရင်တော့ ငါဝင်ပြီးစွက်ဖက်ရလိမ့်မယ်
ခရစ်သည် ထိုသို့စဉ်းစားပြီးနောက်တွင် စေ့စပ်ညှိနှိုင်းရန်ရောက်လာသူအား ခေါင်းညိတ်ပြလိုက်သည်။ သူသည်ဂေါ်ဒန်၏ဦးခေါင်းခွံအတွက် ဤနေရာသို့ရောက်လာသည်ဖြစ်သော်လည်း အူသာသည်ပို၍အရေးကြီးပေသည်။
"ဟေ့...မင်းကအူသာကိုလုယူချင်နေတာလား"
ရှောင်ယုက သူ၏နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။
ဤတိုက်ပွဲအားရှောင်တိမ်းရန် မဖြစ်နိုင်တော့သည့်အတွက်ကြောင့် တိုက်ခိုက်ခြင်းကသာတစ်ခုတည်းသော ရွေးချယ်စရာဖြစ်ခဲ့သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် သူတို့၏ကိုယ်ပိုင်နည်းလမ်းများဖြင့် သူ့အားစောင့်ကြည့်နေလိမ့်မည်ဟု ရှောင်ယုကယုံကြည်နေခဲ့သည်။ယခုလည်း သူအခက်ကြုံနေချိန်တွင် သူတို့ထွက်လာကာ ကူညီပေးနိုင်မည်လားဟု ရှောင်ယုမျှော်လင့်နေခဲ့သည်။
သူတို့သည် ပုံမှန်အတိုင်းဆိုလျှင် မတည့်ကြသော်လည်း အင်အားစုများအကြား စွမ်းအားချိန်ခွင်လျှာ ညီမျှမှုရှိစေရန်နှင့်ဘုရားကျောင်း၏စွမ်းအားကို အားနည်းစေရန်အတွက် ဤနေရာ၌ကူညီရန်လိုအပ်ပေသည်။
သို့သော်လည်း ထိုအကြောင်းကိုတပ်အပ်ပြောနိုင်ရန် ခက်ခဲပေသည်။ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် သူတို့၏ကိုယ်ပိုင်အကျိုးအမြတ်အားအာရုံစိုက်သည်လား သို့မဟုတ် ဘုရားကျောင်းအားပိုမိုအာရုံစိုက်သည်လားအပေါ် မူတည်ပေသည်။ သူတို့သာကိုယ်ပိုင်အကျိုးစီးပွားကို အာရုံစိုက်မည်ဆိုပါက ဘုရားကျောင်းနှင့်တိုက်ပွဲပြီးသည်အထိ စောင့်ဆိုင်းပြီးမှသာ တံငါသည်ကဲ့သိုအကျိုးအမြတ်ကိုရယူမှာဖြစ်သည်။
သူတို့သာဘုရားကျောင်းကိုအာရုံစိုက်ပါက အစောကတည်းပထွက်လာပြီး ဘုရားကျောင်းကိုအားနည်းအောင် လုပ်ဆောင်ရန်ကူညီပေးမှာ သေချာပေသည်။
သို့သော်လည်း အတိုချုပ်ပြောရမည်ဆိုပါက သူတို့သည်ဤမျှလောက်ကြင်နာမည်မဟုတ်ပေ။ သူသည် သူ့ကိုယ်သူသာအားကိုးရမည်ဖြစ်သည်။
ထိုနေရာနှင့်မဝေးလှသောနေရာတစ်ခု၌ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ထိုမြင်ကွင်းကိုကြည့်၍ တန်ပြန်ဆောင်ရွက်မှုများအား ဆွေးနွေးနေခဲ့ကြသည်။
"ဘယ်လိုလဲ...ငါတို့ကူညီကြမလား"
လီယိုနာဒိုကပြောလိုက်သည်။
"စိတ်မပူပါနဲ့....ရှောင်ယုဆီမှာဝှက်ဖဲတွေအများကြီးရှိသေးတယ်...အဲ့ဝှက်ဖဲတွေထဲကနည်းနည်းလောက်သုံးပါစေ...ဘုရားကျောင်းကစွမ်းအားကြီးမားတဲ့အပြင် သူတို့ရဲ့ရည်မှန်းချက်ကလည်း ကြီးမားတယ်...ဒီတစ်ကြိမ်မှာသူတို့ကဂေါ်ဒန်ရဲ့ဦးခေါင်းခွံအတွက်ကျိန်းသေပေါက်တိုက်ပွဲဝင်မှာပဲ...ခုလိုအချိန်မျိုးမှာသူတို့က အားကောင်းတဲ့ရန်သူဆိုတာသေချာတယ်...ဖြစ်နိုင်ရင်သူတို့ကိုအားနည်းအောင်လုပ်လိုက်တာက အကောင်းဆုံးပဲ"
နီကိုးလပ်စ်သည် ကြေးမုံမျက်နှာပြင်ကိုကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။
"ကနေဒီမိသားစုကိုကော ဘယ်လိုလုပ်မှာလဲ"
လီယိုနာဒိုက ရောဘတ်ကိုကြည့်ရင်းမေးလိုက်သည်။
"အဲ့ဒါကိုစိတ်ပူနေစရာမလိုပါဘူး...ကနေဒီမိသားစုရဲ့စွမ်းအားပတကယ်ကြီးမားတယ်ဆိုပေမဲ့ ငါကသူတို့ကိုဂရုမစိုက်ဘူး"
နီကိုးလပ်စ်သည် ရောဘတ်ကိုကြည့်ရင်းလျစ်လျူရှုထားသည့် လေသံဖြင့်ပြောလိုက်သည်။
...
"မင်းဘယ်သူလဲဆိုတာကို ငါတကယ်ဂရုမစိုက်ဘူး...ဘုရားကျောင်းရဲ့သူရဲကောင်းတစ်ယောက်အနေနဲ့ ငါမင်းကိုပြန်ခေါ်သွားရလိမ့်မယ်"
ခရစ်က အူသာကိုကြည့်ရင်းတည်ကြည်လေးနက်စွာပြောလိုက်သည်။
အူသာကမူ ခရစ်ကိုကြည့်ရင်းရေရွတ်လိုက်သည်။
"မင်းရဲ့ရွေးချယ်မှုကမှန်ကန်တယ်လို့ မင်းထင်လား...တစ်ခါတစ်ရံမှာဆိုရင် လူတွေကသူတို့လုပ်ရပ်ကိုမှန်ကန်တယ်လို့ ယူဆလိုက်ကြပြီး သူတို့ရဲ့ယုံကြည်ချက်တွေကိုမြုပ်နှံထားကြပေမဲ့ သူတို့လုပ်နေတဲ့အရာတွေက အဆုံးသတ်မှာမှားယွင်းနေတယ်ဆိုတာကို သူတို့မသိကြဘူး...ယုံကြည်ခြင်းကတစ်ခါတစ်ရံမှာ လူတွေကိုမျက်လုံးကန်းစေနိုင်တယ်"
"ယုံကြည်ခြင်းဟာ လူတွေကိုစုံလုံးကန်းစေနိုင်တယ်"
အူသာ၏စကားကိုကြားသောအခါတွင် ခရစ်၏မျက်လုံးများသည်တောက်ပလာခဲ့ပြီး သူ့စိတ်ထဲ၌တစ်စုံတစ်ခုအား ခံစားလိုက်ရသည်။
တစ်ချိန်ကဆိုလျှင် သွေးနီရောင်ခရူးဆိတ်သည် သူတို့၏ယုံကြည်ချက်အား ဆုံးရှုံးပြီးနောက်တွင် သူတို့သည်သွေးဆာလောင်နေသောနတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ဆိုရိုးစကားတစ်ခုရှိထားခဲ့သည်။ သူတို့သည် လောက၏အလင်းနှင့်တရားမျှတမှုကို စောင့်ထိန်းနေရသည်ဟု သူတို့ကိုယ်သူတို့ယုံကြည်ထားကြသည်။
"မင်းဘာကိုစောင့်နေတာလဲရှောင်ယု...မင်းဒီနေ့အသက်ရှင်သန်ဖို့မမျှော်လင့်သင့်ဘူး...ဒီနေ့ငါတို့အကြားကရန်ငြိုးတွေကိုရှင်းရမယ်"
ရောဘတ်သည် ရှောင်ယုရှေ့သို့တိုးလာပြီး ဆိုးယုတ်သောလေသံဖြင့်ပြောလိုက်သည်။
ရောဘတ်သည် ရှောင်ယုကိုပြောလိုက်သော်လည်း သူ၏လောဘကြီးသည့်အကြည့်များက လင်းမူရွယ်နှင့်နာဂအပေါ်ကျရောက်နေဆဲဖြစ်သည်။
"မင်းကိုငါကြောက်နေတယ်လို့ မင်းထင်နေတာလား...မင်းအမေကမင်းလိုလူယုတ်မာမျိုးကိုဘာလို့မွေးထားလဲဆိုတာ ငါတကယ်နားမလည်ဘူး"
ရှောင်ယု၏အပြောအဆိုသည် မည်သည့်အခါမှမယဉ်ကျေးခဲ့ပေ။ ရောဘတ်၏အကြီးမားဆုံးအားနည်းချက်တစ်ခုမှာ သူသည်အခြားသူများကြောင့် အလွယ်တကူဒေါသထွက်လွယ်ခြင်းဖြစ်သည်။
ရောဘတ်သည် ငယ်စဉ်ကပင် အဆင့်အတန်းမြင့်မြင့်ဖြင့်ကြီးပြင်းလာခဲ့ကာ သူ့အားမည်သူကမှမစော်ကားခဲ့ဖူးပေ။ သို့ဖြစ်ရာ ကျိန်ဆဲမှုအပေါင်း၏အရှင်သခင်ဖြစ်သည့် ရှောင်ယုသည် ရောဘတ်လိုလူမျိုးကိုအလွယ်တကူ ရန်စနိုင်ပေသည်။
"ခွေးကောင်..."
ရှောင်ယု၏ကဲ့ရဲ့သံကို ရောဘတ်ကြားလိုက်ရချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်း၌ မီးလောင်ကျွမ်းနေသကဲ့သို့ ဒေါသပေါက်ကွဲသွားခဲ့သည်။
"ငါ့အတွက်သူ့ကိုသတ်လိုက်ကြ...သူ့ကိုသတ်"
ရောဘတ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သူ၏လက်အောက်ငယ်သားများက ရောဘတ်၏အမိန့်ကို ချက်ချင်းနာခံ၍ ရှောင်ယုထံသို့ တစ်ယောက်ပြီးတစ်ယောက်ပြေးဝင်သွားကြသည်။
ဘာရွန်ဟုခေါ်သည့် ဆဌမအဆင့်ကျွမ်းကျင်သူသည် တူကြီးတစ်လက်ကို ကိုင်ဆောင်ထားကာ ထွားကြိုင်းသန်မာပြီး အဝါရောင်ဆံပင်ပိုင်ရှင်အမျိုးသားတစ်ယောက်ဖြစ်သည်။ သူစတင်တိုက်ခိုက်လိုက်ချိန်တွင် ပြင်းထန်သောအရှိန်အဟုန်နှင့်အတူ မြေပြင်ပေါ်၌ အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေခဲ့သည်။
ဤတူသည် မြေပြင်ကိုအက်ကွဲစေသည့် သက်ရောက်မှုအားပိုင်ဆိုင်ထားပေသည်။
"ဒီကောင်က မြေကြီးစွမ်းအားအထူးပြုတိုက်ခိုက်ရေးသမားတစ်ယောက်ပဲ...သူ့ရဲ့မြေပြင်ကိုအက်ကွဲစေတဲ့တူကိုက အရမ်းကိုထူးဆန်းပြီးတော့ သူ့ရဲ့မြေစွမ်းအားကိုတိုးတက်စေတယ်...သူ့အတွက်ကတော့ဒါကရေထဲရောက်သွားတဲ့ငါးတစ်ကောင်လိုမျိုးပဲ...အရမ်းကိုအစွမ်းထက်လွန်းတယ်"
ရှောင်ယုသည် ဘာရွန်၏စွမ်းအားကိုချက်ချင်းသတိထားမိလိုက်သည်။
ဘာရွန်အပြင် ရောဘတ်သည် သူ၏အောစ့်များကိုပါ တိုက်ခိုက်ရန်အမိန့်ပေးခဲ့သည်။
ဧရာမအောစ့်များသည် ရောဘတ်၏ကြီးမားသောဝှက်ဖဲများအနက် တစ်ခုဖြစ်သော်လည်း လက်ရှိအချိန်၌ရှောင်ယုအားသတ်ဖြတ်လိုနေသောကြောင့် မည်သည့်အရာကိုမှဆက်လက်ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။
အခန်း ၄၂၈ - အေဂါဝမ်
ရောဘတ်သည် ရှောင်ယုနှင့်တိုက်ခိုက်ဖူးသည့်အတွက် ရှောင်ယုမည်မျှသန်မာကြောင်း သိရှိထားပေသည်။
အကယ်၍သူသာ ဝှက်ဖဲများကိုချန်ရစ်ထားခဲ့ပါက ရှောင်ယုကသူ့ကိုနောက်တစ်ကြိမ် ကျော်ဖြတ်သွားနိုင်ပေသည်။
ယနေ့တွင်သူသည် ရှောင်ယု၏လက်အောက်တွင်ရှိနေသော လှပသည့်အမျိုးသမီးများကို လိုချင်နေခဲ့ပေရာ သူ့ဘက်ကမည်မျှပင် ပေးဆပ်ရပါစေ ၎င်းသည်ထိုက်တန်နေဆဲဖြစ်သည်။
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ သူ့လူများအားတိုက်ပွဲဝင်ရန် အမိန့်ပေးလိုက်သည်။ တိုင်ရန်ဒီသည် ပေါက်ကွဲစေသောနဂါးမီးမြှားကိုထုတ်ယူကာ ဘာရွန်ဆီသို့ပစ်လွှတ်လိုက်သည်။
ရှောင်ယုသည် သူ၏အင်္ကျီလက်အိုးအောက်၌ ဝှက်ဖဲများကိုပြင်ဆင်ထားပြီဖြစ်ကြောင်း ဘာရွန်ကမျှော်လင့်ထားပြီးဖြစ်သော်လည်း ထိုအရာသည်နဂါးမီးမြှားတစ်စင်းဖြစ်ကြောင်း သူမမျှော်လင့်ထားခဲ့ပေ။
အထူးသဖြင့် ထိုနဂါးမီးမြှားကို တိုင်ရန်ဒီကအသုံးပြုကာ ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ ဤနဂါးမီးမြှား၏ပေါက်ကွဲမှုစွမ်းအားကို ဂေါ်လောခ့်ခေါင်းဆောင်သည်ပင် ဆန့်ကျင်နိုင်စွမ်းမရှိခဲ့ပေ။ သို့ဖြစ်ရာ ဆဌမအဆင့်လူသားကျွမ်းကျင်သူတစ်ယောက်က မည်သို့တောင့်ခံနိုင်မည်နည်း။
လူသားများသည် သူတို့၏အဆင့်မြင့်ကိုယ်ခံပညာကြောင့် အစွမ်းထက်ကြပေသည်။ သို့သော်လည်း ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအရဆိုလျှင် သူတို့သည် ခုခံစစ်နှင့်ထိုးစစ်အရာ၌ကောင်းမွန်သော သားရဲများကို ယှဉ်နိုင်စွမ်းမရှိပေ။
ဘာရွန်သည် အရှိန်အဟုန်ဖြင့်ပြေးဝင်လာခဲ့သော်လည်း နဂါးမီးမြှားနှင့်ရင်ဆိုင်ရသည့်အခါတွင် သူသည်နောက်သို့ချက်ချင်းဆုတ်ခွာသွားခဲ့သည်။ သူသာ နဂါးမီးမြှားနှင့်ထိပ်တိုက်ရင်ဆိုင်မိပါက သူသည်ကြီးလေးသောတန်ဖိုးတစ်ရပ်ကို ပေးချေရမည်ဖြစ်ရာ လုံးဝမထိုက်တန်ပေ။
တိုင်ရန်ဒီ၏မြှားသည် ခြေရာခံအမျိုးအစားမြှားတစ်စင်းဖြစ်သည်။ မြှားသည် ရန်သူအားခြေရာခံထားသရွေ့ ရန်သူသည်လုံးဝဖုံးကွယ်နိုင်စွမ်းမရှိဘဲ ရန်သူအသက်ရှိနေသမျှ မြှားကတိုးဝင်လာမည်ဖြစ်သည်။
ဘာရွန်၏ဆုတ်ခွာမှုက အမှန်တကယ်ပင်အလွန်မြန်ဆန်ခဲ့သည်။ လက်ရှိအချိန်တွင် သူသည်ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်၏ စွမ်းအားကို အပြည့်အဝထုတ်ဖော်ထားခဲ့သော်လည်း သူ၏အမြန်နှုန်းသည် တိုင်ရန်ဒီ၏မြှားကိုတိမ်းရှောင်ရန်မလုံလောက်ခဲ့ပေ။
တိုင်ရန်ဒီသည် ဆဌမအဆင့်သို့မရောက်သေးသော်လည်း သူမ၏စွမ်းရည်အမျိုးမျိုးကြောင့် မြှား၏နောက်ကွယ်၌ပါဝင်သောစွမ်းအားသည် မယုံကြည်နိုင်လောက်အောင်ပြင်းထန်ပေသည်။
ဘန်း...
ဘာရွန်သည် အဝေးတစ်နေရာထိ ဆုတ်ခွာလိုက်ပြီဖြစ်သော်လည်း မြှားကိုရှောင်တိမ်းနိုင်စွမ်းမရှိပေ။ သို့သော်လည်း နောက်ဆုံးအခိုက်အတန့်လေးတွင် သူသည်ပေါက်ကွဲစေသောနဂါးမီးမြှားကို ဖျက်ဆီးနိုင်ရန်မျှော်လင့်ချက်ဖြင့် သူ၏တူကိုအားကုန်ဝှေ့ယမ်းလိုက်သည်။
ကံမကောင်းစွာဖြင့် သူသည်ပေါက်ကွဲစေသောနဂါးမီးမြှား၏ စွမ်းအားကိုလျော့တွက်မိသွားခဲ့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲမှုလှိုင်းလုံးကြောင့် လွှင့်စင်သွားခဲ့ကာ သူ၏ပါးစပ်မှ သွေးများစီးကျလာခဲ့သည်။
"သေစမ်း"
ဘာရွန်သည် အလွန်ဒေါသထွက်သွားခဲ့ကာ သူ့စိတ်ထဲ၌ကျိန်ဆဲမိလိုက်သည်။ သူသည် ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရာ ဤကိစ္စကြောင့် မျက်နှာပျက်ခဲ့ရသည်။
သို့သော်လည်း တိုင်ရန်ဒီ၏နဂါးမီးမြှားတစ်စင်းက သူ့ထံသို့ထပ်မံ၍ချည်းကပ်လာသည့်အတွက်ကြောင့် သူသည်အလျင်စလိုရှောင်တိမ်းလိုက်ရသည်။
အကယ်၍ သူသာတိုင်ရန်ဒီ၏မြှားချက်နောက်တစ်ကြိမ် အထိခံရမည်ဆိုပါက မသေလျှင်ပင် ဒဏ်ရာအကြီးအကျယ်ရသွားမှာဖြစ်သည်။
ဤကိစ္စ၏အဓိကပြဿနာမှာ တိုင်ရန်ဒီထံ၌ တတိယမြောက်မြှားတစ်စင်းရှိနေခြင်း မရှိနေခြင်းနှင့်သက်ဆိုင်ပေသည်။
နဂါးလေးသည် အတက်ကြွဆုံးတိုက်ခိုက်နေပြီး သူ၏နံချပ်ကူအားဝှေ့ယမ်း၍ ရှေ့သို့တဟုန်ထိုးပြေးတက်သွားခဲ့သည်။
"ဒီနေ့တော့ မင်းတို့ရဲ့ညီလေးတွေကိုဖျက်ဆီးပြီး မင်းတို့ဥတွေကိုချေဖျက်ဖို့အတွက် နံချပ်ကူစာကျွေးလိုက်မယ်"
နဂါးငယ်လေး၏စကားကိုကြားချိန်တွင် လင်းမူရွယ်သည်အံ့အားသင့်သွားခဲ့ကာ ရှောင်ယုအားချက်ချင်းစိုက်ကြည့်လိုက်သည်။
ရှောင်ယုက တစ်စုံတစ်ခုမှားယွင်းနေသလိုခံစားလိုက်ရသည်။ သူသည် နဂါးလေးအားဤသို့သောစကားမျိုး မသင်ပေးခဲ့ပေ။
ယခုအချိန်ထိ နဂါးလေး၏အကျင့်ဆိုးမှန်သမျှသည် ရှောင်ယုကြောင့်သာ ဖြစ်တည်လာခြင်းဖြစ်သည်။
ဘုရားကျောင်းမှလူများသည် ချက်ချင်းမတိုက်ခိုက်ကြသေးပေ။ အကယ်၍ ဤတိုက်ပွဲ၌ဘုရားကျောင်းမှလူများ ပါဝင်လာခဲ့မည်ဆိုလျှင် ပြဿနာတက်သွားမှာဖြစ်သည်။ ရှောင်ယုထံတွင် ဘုရားကျောင်းမှလူများကိုပါခုခံရန် နည်းလမ်းမရှိပေ။
ထိုအချိန်တွင် ခရစ်သည်တစ်စုံတစ်ခုအား အတွေးများနေသကဲ့သို့ ကြောင်တောင်တောင်အမူအရာဖြင့်ရပ်နေခဲ့သည်။
အူသာသည် သူ၏ကောင်းချီးကိုလူတိုင်းအပေါ်သို့ အသုံးပြုခဲ့လိုက်ပြီဖြစ်သည်။ ထို့နောက်သူသည် သူ၏အလင်းဓားကိုဝှေ့ယမ်းလိုက်ကာ ခရစ်ကိုစိုက်ကြည့်လိုက်သည်။
အူသာ၏စောင့်ကြည့်မှုအောက်တွင် အလင်းဘုရားကျောင်းမှသူရဲကောင်းတိုင်းသည် သူတို့၏နှလုံးသားထဲ၌ အလွန်ထူးဆန်းသောခံစားချက်ကို ရရှိနေခဲ့သည်။
ဘန်း...
ထိုအချိန်တွင် ခန်းမအပြင်ဘက်ရှိမြေပြင်သည် တဖန်ပြန်လည်လှုပ်ခါလာခဲ့သည်။
"ဘာတွေထပ်ဖြစ်နေတာလဲ...."
ရှောင်ယုကအလွန်အံ့အားသင့်သွားခဲ့သည်။
ထိုအချိန်တွင် ဗိမာန်တော်၏ထိပ်မှနေ၍ မှုန်ဝါးဝါးပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်သည် အလွန်ပင်အားကောင်းပုံရပေသည်။
သို့သော်လည်း လူတိုင်းသည် ထိုမှုန်ဝါးသောပုံရိပ်အားသတိထားမိချိန်တွင် အလွန်ပင်အံ့သြသွားခဲ့ကြသည်။ ထိုပုံရိပ်သည် အမျိုးသမီးတစ်ဦးဖြစ်ကာ အလွန်ပင်ချောမောလှပနေခဲ့သည်။
ထို့ပြင်အလင်းတန်းများက သူမ၏ခန္ဓာကိုယ်အား ဝိုင်းရံလျက်ရှိသည်။
"ဒါကဘယ်သူလဲ...ဘာလို့ဒီလိုအားကောင်းတဲ့စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရတာလဲ"
ရှောင်ယုသည်အလွန်ပင်အံ့သြသွားခဲ့တော့သည်။
သူသည် ထိုပုံရိပ်နှင့်အလွန်ပင်ရင်းနှီးနေသော်လည်း ထိုပုံရိပ်သည်မည်သူမည်ဝါဖြစ်ကြောင်း မမှတ်မိနိုင်ခဲ့ပေ။
မြို့သည်အဆက်မပြတ်ပြောင်းလဲနေသော်လည်း နှစ်ဖက်ကြားတိုက်ပွဲကရပ်တန့်သွားခြင်းမရှိဘဲ တစ်စတစ်စပိုမိုပြင်းထန်လာခဲ့တော့သည်။
ဂရင်းသည် သူ၏ဓားကြီးကိုဝှေ့ယမ်းကာ ဟိန်းဟောက်လိုက်သည်။ သူသည် ကျွမ်းကျင်သူများစွာကို တစ်ကိုယ်တော်တိုက်ခိုက်နိုင်စွမ်းရှိသည်။ ဂရင်းသည် သူ၏ခန္ဓာကိုယ်အား ရုတ်တရက်လှုပ်ရှားလိုက်ရာ ပုံရိပ်ယောင်ကိုယ်ပွားများက သူ၏ပတ်လည်၌ထွက်ပေါ်လာခဲ့သည်။
ခိုင်ရင်းသည် သူ၏ပုဆိန်ကြီးကိုအလားတူဝှေ့ယမ်းနေခဲ့သည်။ ခိုင်ရင်းသည် သူ၏ရက်စက်ကြမ်းကြုတ်သောခန္ဓာကိုယ်အား အားကိုး၍ ကျွမ်းကျင်သူများစွာကို တစ်ကိုယ်တော်တိုက်ခိုက်နေခဲ့သည်။
တစ်ဖက်တွင် မှုန်ဝါးနေသောပုံရိပ်ကြီးကို တွေ့မြင်ပြီးနောက်တွင် မိုင်ယဗ်သည် ထိုပုံရိပ်ကိုအချိန်အတော်ကြာစိုက်ကြည့်နေခဲ့ပြီး သူမ၏မျက်လုံးများ၌ စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။
သူမသည် ထိုပုံရိပ်ပိုင်ရှင်အား အတိတ်တစ်ချိန်ကတွေ့မြင်ဖူးပုံရပေသည်။
ရန်သူများအား မှော်ပညာဖြင့်တိုက်ခိုက်နေသော ကဲလ်သက်သည်ပင် ထိုပုံရိပ်ကြီးကိုတွေ့မြင်ပြီးနောက် အလွန်တုန်လှုပ်သွားခဲ့သည်။
"ဘယ်လောက်တောင်အစွမ်းထက်လိုက်တဲ့မှော်စွမ်းအင်လဲ...သူမကဘယ်သူလဲ...ဒါကအကြွင်းအကျန်ဝိညာဉ်ပုံရိပ်တစ်ခုဆိုပေမဲ့ အရမ်းကိုအစွမ်းထက်လွန်းတယ်....ဒီအမျိုးသမီးမသေခင်ကဆိုရင် သူမကအရမ်းကိုအစွမ်းထက်တဲ့မှော်ဆရာတစ်ယောက်ဖြစ်ရမယ်"
ရုတ်တရက်ဆိုသလိုပင် ထိုပုံရိပ်သည် တုန်ခါသွားခဲ့ပြီး အစွမ်းထက်လှသည့်မှော်စွမ်းအင်ကို ထုတ်လွှတ်လိုက်ရာ လေထုအတွင်းရှိမှော်ဒြပ်စင်များသည် သိသိသာသာကိုပြောင်းလဲသွားခဲ့သည်။ သူတို့၏မှော်မန္တန်များအား ထုတ်ဖော်ရန်အသင့်ဖြစ်နေသည့်မှော်ဆရာများသည် ချက်ချင်းပင်မှော်မန္တန်များအား ပယ်ဖျက်လိုက်ကာ မှုန်ဝါးနေသည့်ပုံရိပ်အား အလန့်တကြားမော့ကြည့်လိုက်ကြသည်။
ဤဝိညာဉ်သခင်သည် မည်သူနည်း။ အဘယ်ကြောင့် ဤမျှပြင်းထန်သောစွမ်းအားများကို ထုတ်ဖော်နေရသနည်း။
"ဆာဂါရက်စ်...မင်းကငါနဲ့ငါ့သားကို ဘယ်တော့မှထိန်းချုပ်နိုင်မှာမဟုတ်ဘူး"
ဗိမာန်တော်အတွင်းမှနေ၍ ထွက်ပေါ်လာသည့်အသံသည် အရပ်ရပ်သို့ပျံ့နှံ့သွားခဲ့တော့သည်။
ထိုအချိန်တွင် ရှောင်ယုသည် မျက်လုံးကြီးပြူးလျက် ဧရာမပုံရိပ်ကြီးအားတစ်ချက်ကြည့်လိုက်ပြီးနောက် ထိုပုံရိပ်သည်မည်သူဖြစ်ကြောင်း နားလည်သွားခဲ့သည်။
"အေဂါဝမ်..."
ရှောင်ယုသည် မှုန်ဝါးသောပုံရိပ်ကိုကြည့်ရင်း အလွန်ပင်တုန်လှုပ်သွားခဲ့ရသည်။ သူမ၏အမည်သည် စစ်ကမ္ဘာဂိမ်း၌ အလွန်ပင်ကျော်ကြားခဲ့သည်။
အေဂါဝမ်သည် အေဇာရောဂ့်တိုက်ကြီး၏ အစွမ်းအထက်ဆုံးသောမှော်ဆရာဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူမသည် တိုက်ကြီးကိုစောင့်ကြပ်သောနတ်သူငယ်မှော်ဆရာဖြစ်ကာ နတ်ဆိုးများကိုချေမှုန်းခဲ့သည်။
ထို့ပြင်သူမ၏သားသည် သူမထက်ပင်ပိုမိုကျော်ကြားပေသည်။ သူမ၏သားသည် ကျော်ကြားသည့်မှော်ဆရာဖြစ်သော မာဒိဗ့်ဖြစ်သည်။
တစ်ချိန်တွင် ဆာဂါရက်စ်သည် အေဇာရောဂ့်တိုက်ကြီးအားကျူးကျော်လာချိန်က အေဂါဝမ်သည်ဆာဂါရက်စ်အားနှိမ်နင်းကာ သူ၏ခန္ဓာကိုယ်အားချိတ်ပိတ်ခဲ့သည်။ သို့သော်လည်း ဆာဂါရက်စ်၏ဝိညာဉ်သည် အေဂါဝမ်၏ခန္ဓာကိုယ်၌ ကပ်တွယ်လာခဲ့သည်။
နောက်ပိုင်းတွင် အေဂါဝမ်သည် တော်ဝင်မှော်ဆရာတစ်ပါးနှင့်လက်ထပ်ခဲ့ကာ မာဒိဗ့်ကိုမွေးဖွားခဲ့သည်။ သို့သော်လည်း ဆာဂါရက်စ်၏စွမ်းအားသည် မာဒိဗ့်၏ခန္ဓာကိုယ်အတွင်းသို့တိုးဝင်လာခဲ့ပြီးနောက်တွင် မာဒိဗ့်သည် ငယ်စဉ်ကလေးဘဝကပင် သာလွန်ကောင်းမွန်သည့် အရည်အချင်းများကို ပိုင်ဆိုင်စေခဲ့သည်။
ထိုအဖြစ်အပျက်များသည် ရှောင်ယု၏စိတ်ထဲတွင်ထင်ဟပ်လာခဲ့ပြီး ဤတိုက်ကြီးရှိ စွမ်းအားအကြီးဆုံးသောမှော်ဆရာအား သူ၏နှလုံးသားထဲမှနေ၍ ရိုးရိုးသားသားလေးစားခဲ့သည်။
အန်တိုနီဒက်စ်သည်ပင် အေဂါဝမ်၏ရှေ့၌ ကလေးတစ်ယောက်သဖွယ်ဖြစ်နေမည်ဖြစ်သည်။
အေဂါဝမ်၏ဝိညာဉ်သည် ဤနေရာ၌မည်သို့ထွက်ပေါ်လာနိုင်မည်နည်း။
ရှောင်ယုသည် အကြောင်းစုံကိုသိရှိထားသူဖြစ်ပေရာ လက်ရှိအခြေအနေအားဖြစ်ပေါ်စေရန်အတွက် နောက်ကွယ်မှနေ၍တစ်စုံတစ်ခု ပါဝင်ပတ်သတ်နေမည်ဖြစ်ကြောင်း နားလည်ထားပေသည်။
အမှန်တော့ဤအမှောင်ဗိမာန်တော်သည် အတိတ်ကာလမှ အမှောင်ဗိမာန်တော်မဟုတ်တော့ပေ။
ထို့ကြောင့် အရာရာတိုင်းကို ယခင်ကမ္ဘာ့အမြင်ဖြင့် တိုင်းတာနေ၍မရတော့ပေ။ သို့သော်လည်း ရှောင်ယု၏ကျိုးကြောင်းဆင်ခြင်ချက်အရ အေဂါဝမ်သည် ဤနေရာသို့ရောက်လာရသည့်အကြောင်းရင်းမှာ ဂေါ်ဒန်၏ဦးခေါင်းခွံနှင့်တစ်နည်းမဟုတ် တစ်နည်းဆက်စပ်နေရမည်ဖြစ်သည်။
အေဂါဝမ်သည် ဆာဂါရက်စ်၏စွမ်းအားကို ပြန်လည်စုစည်းရန်အတွက် ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။ ဂေါ်ဒန်သည်တစ်ချိန်တစ်ခါက ဆာဂါရက်စ်၏အုတ်ဂူကို ရှာဖွေခဲ့ပြီး ထိုစဉ်အခါကကျရှုံးခဲ့သော်လည်း ဂေါ်ဒန်ကတစ်စုံတစ်ခုကိုရရှိခဲ့သည်။
ထို့ကြောင့် ဂေါ်ဒန်သည်ဤမျှလောက်ထိ အစွမ်းထက်သောခွန်အားကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
ဤနေရာ၌ အေဂါဝမ်၏ပုံရိပ်ရှိနေရခြင်းကလည်း အေဂါဝမ်နှင့်အနီးကပ်ဆက်စပ်နေခြင်းဖြစ်သည်။
ထို့ကြောင့် အေဂါဝမ်သည်ဤနေရာ၌ထွက်ပေါ်လာရခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။ သို့သော်လည်း ထိုအရာအားလုံးသည် ရှောင်ယု၏တဲ့တိုးဆန်သောခန့်မှန်းချက်သာဖြစ်သည်။ အစစ်အမှန်အကြောင်းရင်းကိုမူ မည်သူမှမသိနိုင်ပေ။
အေဂါဝမ်၏ဝိညာဉ်ပုံရိပ်သည် မှော်စွမ်းအားကို ဆက်လက်ထုတ်လွှတ်နေခဲ့သည့်အတွက်ကြောင့် လေထုထဲရှိမှော်ဒြပ်စင်များသည် အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ကာ မှော်ဆရာများသည် မှော်မန္တန်အားထုတ်ဖော်ရန် အခက်အခဲဖြစ်နေခဲ့သည်။ ရှောင်ယုသည် ထိုအခွင့်အရေးအားအသုံးချကာ ကောင်းမွန်သည့်အခြေအနေကို ပုံ
အခန်း ၄၂၉ - သမိုင်းကြောင်း
အေဂါဝမ်၏ဝိညာဉ်....
"ဒါကရှေးခေတ်ဟောင်းရဲ့ အကြီးမြတ်ဆုံးမှော်ဆရာဖြစ်တဲ့အေဂါဝမ်ရဲ့ဝိညာဉ်ပဲ...သူမရဲ့စိတ်ဝိညာဉ်က ကြီးမားတဲ့စွမ်းအင်ပမာဏကိုထုတ်လွှတ်နေဆဲဖြစ်တယ်...မင်းကသာသူ့ရဲ့ဝိညာဉ်ကိုစုပ်ယူလိုက်မယ်ဆိုရင် မင်းကဒီတိုက်ကြီးမှာအကြီးကျယ်ဆုံးမှော်ဆရာဖြစ်လာနိုင်တယ်"
ရှောင်ယုကရုတ်တရက်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ရှောင်ယု၏အမြင်အရ သူသာဤသို့အော်ဟစ်လိုက်ပြီးနောက်တွင် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် အခြေအနေကိုစောင့်ကြည့်နေရာမှ ဤနေရာသို့ကျိန်းသေပေါက်ရောက်လာလိမ့်မည်ဟု ခန့်မှန်းမိသည့်အတွက် ဤသို့လုပ်ဆောင်နေခြင်းဖြစ်သည်။
သူတို့ရောက်လာပြီးနောက်တွင် ရုန်းရင်းဆန်ခတ်အခြေအနေသို့ကျရောက်လာချိန်တွင် ရှောင်ယုသည်အခြေအနေအား အခွင့်ကောင်းယူရန်ပြင်ဆင်မှာဖြစ်သည်။
ရှောင်ယု၏အော်ဟစ်သံကို ကြားလိုက်ရသောအချိန်တွင် လူတိုင်းလိုလိုပင် အေဂါဝမ်ဟူသောအမည်နှင့်အစိမ်းသက်သက်ဖြစ်နေ၍ အံ့သြနေမိကြသည်။
သို့သော်လည်း အေဂါဝမ်၏စိတ်ဝိညာဉ်မှ ဖြာထွက်နေသည့်အားကောင်းသောစွမ်းအင်များသည် အမှန်တကယ်ပင်စစ်မှန်လှပေသည်။ ဤသို့သောစွမ်းအားမျိုးသည် နတ်ဘုရားတစ်ပါးနှင့်အလားတူညီနေခဲ့ကာ သတ္တမအဆင့်ကိုပင်ကျော်လွန်နေခဲ့ပြီး လူတိုင်းကိုထိတ်လန့်တုန်လှုပ်စေခဲ့သည်။
မှော်ဆရာတစ်ယောက်သာ ဤစွမ်းအင်ကိုရရှိခဲ့ပါက အနာဂတ်၍မည်မျှထိအစွမ်းထက်လာနိုင်မည်နည်း။
ယခုတစ်ကြိမ်၌ အင်အားစုတိုင်းသည် ဂေါ်ဒန်၏ဦးခေါင်းခွံကို ရယူကာ သူတို့၏စွမ်းအားကိုတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာကြခြင်းဖြစ်သည်။ ဂေါ်ဒန်၏ဦးခေါင်းခွံမှ ရရှိလာနိုင်သည့်စွမ်းအားသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
အထွတ်အထိပ်ကျွမ်းကျင်သူများအတွက် စွမ်းအားထက်မည်သည့်အရာကမှ အရေးမကြီးလှပေ။
ထိုနေရာ၌ရှိနေကြသည့် မှော်ဆရာများအားလုံးသည် ရှောင်ယု၏စကားကိုကြားသောအခါတွင် သူတို့၏နှလုံးသားများက ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ထို့နောက်သူတို့၏မျက်လုံးများ၌ လောဘဇောတက်နေသည့် အရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။
မှော်ဆရာများသည်သာမက တိုက်ပွဲဝင်နေသည့်ကျွမ်းကျင်သူများသည်ပင် လောဘကြီးသောအကြည့်ဖြင့် အေဂါဝမ်၏ဝိညာဉ်ပုံရိပ်ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့သည်အဘယ်ကြောင့် မှော်ဆရာ၏စွမ်းအားကို မစုပ်ယူနိုင်ရမည်နည်း။
ဤအရာသည် မှော်ပညာတစ်ခုတည်းနှင့် မသက်ဆိုင်ပေ။ ဤအရာသည် အမွေဆက်ခံခြင်းနှင့်စွမ်းအင်စုပ်ယူခြင်းတစ်မျိုးသာဖြစ်သည်။ အချို့သောအခြေခံအချက်များသာ ကိုက်ညီနေသရွေ့ သူတို့အတွက်အဆင်ပြေနိုင်ပေသည်။
ထို့ကြောင့်လူတိုင်းသည် အေဂါဝမ်၏ဝိညာဉ်ကို ချက်ချင်းအာရုံစိုက်ခဲ့ကြသည်။
ရှောင်ယု၏သူရဲကောင်းများနှင့် တိုက်ခိုက်နေသောကနေဒီမိသားစု၏ ကျွမ်းကျင်သူများသည်ပင်လျှင် ယခုအချိန်၌ရပ်တန့်လိုက်ကြပြီး ထိုထူးဆန်းသည့်မြင်ကွင်းကိုကြည့်လိုက်ကြသည်။
ထိုအချိန်တွင် အေဂါဝမ်၏စိတ်ဝိညာဉ်မှနေ၍ အလင်းတန်းများထွက်ပေါ်လာခဲ့ပြီး အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ထိုအသံ၏ဆိုလိုရင်းသည် ယနေ့ခေတ်ပြည်မကြီးရှိဘာသာစကားအသုံးအနှုန်းနှင့်ကွဲထွက်နေရုံသာမက သာမန်နတ်သူငယ်ဘာသာစကားလည်းမဟုတ်ပေ။ ထိုအချက်သည် လူတိုင်းကိုအံ့သြစေခဲ့သည်။
ထိုအချိန်တွင် ကဲလ်သက်ကအံ့သြတကြီးရေရွတ်လိုက်သည်။
"ဒါ...ဒါကရှေးခေတ်နတ်သူငယ်တွေရဲ့ဘာသာစကားပဲ...ဘယ်လိုဖြစ်နိုင်မှာလဲ"
ရှောင်ယုသည် ပတ်ဝန်းကျင်အား တစ်ချက်ကြည့်လိုက်ပြီး ငြိမ်သက်သွားခဲ့သည်။ ထို့နောက်သူ့အား မည်သူမှဂရုမစိုက်နေသည်ကိုတွေ့မြင်ပြီး သူကဆက်လက်ရှင်းပြလိုက်သည်။
"အေဂါဝမ်ဟာ သီရီစဖောရဲ့အုပ်ထိန်းသူတစ်ယောက်ပဲ...အဲ့ဒီအချိန်ကဆိုရင် လူသားတွေနဲ့သွေးသားရဲတွေက မဟာမိတ်တွေဖြစ်ကြတယ်...အေဇာရောဂ့်တိုက်ကြီးကိုကာကွယ်နိုင်ဖို့အတွက် မှော်ထိပ်ခေါင်တွေနဲ့မှော်သခင်တွေစုစည်းပြီး အေဂါဝမ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ သူတို့ရဲ့မှော်စွမ်းအင်ကိုတံဆိပ်ခတ်ခဲ့ကြတယ်...အဲ့ဒါကြောင့်ပဲအေဂါဝမ်ဟာ အစွမ်းအထက်ဆုံးမှော်ဆရာဖြစ်လာခဲ့တယ်....ဒါကြောင့်သူမရဲ့ဝိညာဉ်ဟာ ခုချိန်ထိရှင်သန်နေတာပဲ...သူမကရှေးခေတ်နတ်သူငယ်စကားကိုပြောတတ်နေတာမထူးဆန်းတော့ပါဘူး"
"မင်းအဲလောက်ထိသိထားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူးရှောင်ယု"
ထိုအချိန်တွင် အနီရောင်ကုတ်အင်္ကျီကိုဝတ်ဆင်ထားသည့် နီကိုးလပ်စ်က ချက်ချင်းရောက်ရှိလာခဲ့သည်။
ရှောင်ယုသည် နီကိုးလပ်စ်အားကြည့်၍ ပြုံးပြလိုက်သည်။
"ငါ့ရဲ့ညီအစ်ကိုနီကိုးလပ်စ်...မင်းနောက်ဆုံးတော့ရောက်လာခဲ့ပြီ"
နီကိုးလပ်စ်သည် ရှောင်ယု၏ထေ့ငေါ့စကားကိုရင်ဆိုင်လိုက်ရသော်လည်း သူ၏မျက်နှာအမူအရာသည် တုန်လှုပ်ခြင်းမရှိဘဲ ပြုံးမြဲပြုံးနေဆဲဖြစ်သည်။
"ဟုတ်တယ်...ဒီမှာကြီးမားတဲ့စွမ်းအင်အတက်အကျကိုခံစားနေရတယ်...ငါကမင်းအန္တာရယ်ဖြစ်နေမှာစိုးလို့အမြန်ဆုံးရောက်လာခဲ့တာပဲ"
ရှောင်ယုသည် တိတ်တိတ်လေးသက်ပြင်းချလိုက်ပြီး သူတစ်ယောက်တည်းကြားရုံလောက် လေသံဖြင့်ရေရွတ်လိုက်သည်။
"ဒီကောင့်ရဲ့နှလုံးသားက တကယ်မဲနက်နေတာပဲ...မိသားစုကြီးမှာရှိတဲ့ဘယ်သူမဆို နှလုံးသားမဲနက်တဲ့လူယုတ်မာတွေလို့ဆိုကြတာ အံ့သြစရာမရှိတော့ပါဘူး...ဒီနီကိုးလပ်စ်ကတစ်ခုခုတော့တစ်ခုခုပဲ"
"ရှောင်ယု...လက်ရှိအခြေအနေကဖရိုဖရဲဖြစ်နေတယ်....ကျေးဇူးပြုပြီးတော့ အေဂါဝမ်ရဲ့အကြောင်းကိုပြောပြပေးပါလား...အဲ့လိုမှ အနာဂတ်မှာသာအန္တာရယ်ကြုံလာခဲ့ရင် ငါတို့ချက်ချင်းတုံ့ပြန်နိုင်မှာ"
ထိုအချိန်တွင် လီယိုနာဒိုကလည်းရောက်လာပြီး ပြောလိုက်သည်။
ရှောင်ယုက သူ့စိတ်ထဲ၌ကျိန်ဆဲမိလိုက်သည်။
"ဒီတစ်ယောက်က အခြားတစ်ယောက်ထက်ပိုပြီးအရှက်ကင်းမဲ့နေတာပဲ"
သို့သော်လည်း ရှောင်ယုကဒေါသမထွက်ဘဲ ပြုံးပြနေဆဲဖြစ်သည်။
"ဟုတ်တယ်...လူတိုင်းကအေဂါဝမ်ရဲ့ဝိညာဉ်ကိုစုပ်ယူနိုင်အောင်အတွက် ဒီအချက်အလက်တွေကို ငါတကယ်မျှဝေပေးမှာပါ"
ရှောင်ယု၏ ပျက်ရယ်ပြုနေသည့်လေသံကိုကြားရသော်လည်း နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့က တုန်လှုပ်ခြင်းမရှိပေ။ အခြားသူများကလည်း အေဂါဝမ်၏အကြောင်းကိုသိရှိလိုသောကြောင့် ယခုအချိန်၌နားကိုအစွမ်းကုန်စွင့်ထားကြသည်။
ရှောင်ယုသည် သူ့အပေါ်အာရုံစိုက်နေသော လူတိုင်းကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ချောင်းနှစ်ကြိမ်ဆိုးလိုက်ပြီး လက်နှစ်ဖက်ကိုပွတ်သပ်လိုက်သည်။ ထို့နောက်ရှောင်ယုသည် ပညာရှင်တစ်ယောက်၏ဟန်ပန်အပြည့်ဖြင့် ပြောလိုက်သည်။
"အေဂါဝမ်အကြောင်းပြောရမယ်ဆိုရင် ဆာဂါရက်စ်ဆီကစသင့်တယ်...သူကဘယ်သူလဲဆိုတာမင်းတို့သိကြလား"
ရှောင်ယု၏စကားကိုကြားလိုက်ရချိန်တွင် ထိုနေရာရှိလူတော်တော်များများက ချက်ချင်းခေါင်းယမ်းပြလိုက်ကြသည်။
ရှောင်ယုသည် ချက်ချင်းချွေးပြန်သွားခဲ့ရသည်။ ထိုလူများငည် ဆာဂါရက်စ်အား အဘယ်ကြောင့်မသိရသနည်း။
ရှောင်ယုသည် သူ့ရင်ဘတ်ကိုခပ်ဖွဖွထုရင်း ဂုဏ်ယူနေသည့်လေသံဖြင့်ပြောလိုက်သည်။
"ဆာဂါရက်စ်ဟာ မီးတောက်တပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ တိုက်တန်တစ်ယောက်လည်းဖြစ်တယ်....တိုက်တန်တွေကိုမင်းတို့သိကြတယ်မလား...သူတို့ကကမ္ဘာပေါ်မှာရှေးအကျဆုံးဖြစ်တည်မှုတွေပဲ...သူတို့ကိုစကြာဝဠာရဲ့ပျက်စီးမှုကဖန်ဆင်းခဲ့ပြီး ငါတို့ခေတ်မှာတော့ ပျောက်ကွယ်နေခဲ့ပြီ"
"တိုက်တန်တွေ..."
လူအုပ်ကြီးက ချက်ချင်းပင်တုန်လှုပ်သွားခဲ့ကာ သူတို့၏အကြည့်များသည် ချောက်ခြားသည့်ပုံစံများဖြစ်သွားကြသည်။ တိုက်တန်များသည် နတ်ဘုရားများဖြစ်ကြောင်း သူတို့သိထားကြသည်။ သို့သော်တိုက်တန်များသည် စိတ်ကူးယဉ်သတ္တဝါများသာဖြစ်ကြောင်း သူတို့ထင်မြင်ယူဆထားကြ၍ ထိုအကြောင်းကိုသိပ်ပြီးမယုံခဲ့ကြပေ။
ရှောင်ယုက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...တိုက်တန်တွေကကမ္ဘာကြီးကိုဖန်ဆင်းခဲ့တယ်...ပထမဦးစွာသူတို့ကနတ်သူငယ်ကိုဖန်ဆင်းတယ်...ပြီးတော့လူပုတွေ ပြီးတော့လူသားတွေကိုဆက်တိုက်ဖန်ဆင်းခဲ့တယ်"
"မင်းကဘာအကြောင်းကိုပြောနေတာလဲ...ဒါကဘယ်လိုဖြစ်နိုင်မှာလဲ"
လူတိုင်းသည် ဤအကြောင်းကိုကြားချိန်၌ ချက်ချင်းမယုံနိုင်ခဲ့ကြပေ။ ကမ္ဘာပေါ်မှ ညဏ်ရည်အထက်မြက်ဆုံးသတ္တဝါများဖြစ်ကြသည့် လူသားများသည်အမှန်တကယ်ပင် တတိယမြောက်အဖြစ်ဖန်ဆင်းခံရသူများဖြစ်ကြသည်ကို သူတို့လုံးဝလက်မခံနိုင်ဖြစ်ခဲ့ရသည်။
လူပုလေးများသည် အဘယ်ကြောင့်လူသားများထက်စော၍ ဖန်ဆင်းခံခဲ့ရသနည်း။
ထိုအချိန်တွင် နဂါးလေးကရုတ်တရက်ခုန်ထွက်လာကာ သူ့အားညွန်ပြ၍မေးမြန်းလိုက်သည်။
"ငါတို့နဂါးတွေကကော ဘယ်တုံးကဖန်ဆင်းခံခဲ့ရတာလဲ"
ရှောင်ယုသည် သူ့စကားကြောင့် လူမျိုးရေးအငြင်းပွားမှုပြဿနာကို မတော်တဆစတင်မိခဲ့၍ ချွေးအေးများစီးကျလာခဲ့သည်။
"အဟွတ်....အဟွတ်...ငါပြောချင်တာကဒါကဒဏ္ဍာရီတစ်ခုသက်သက်ပဲ"
ရှောင်ယုက ဇဝေဇဝါလေသံဖြင့်ပြောလိုက်သည်။
"အတိုချုပ်ပြောရမယ်ဆိုရင် တစ်ချိန်က တိုက်တန်တွေထဲမှာတောင် စွမ်းအားအကြီးဆုံးဖြစ်တဲ့ ဆာဂါရက်စ်က စကြာဝဠာထဲမှာလွှင့်မျောနေခဲ့တယ်....တစ်နေ့မှာသူဟာစကြာဝဠာထဲလွှင့်မျောနေရတာကို အရမ်းငြီးငွေ့လာတဲ့အတွက်ကြောင့် ကမ္ဘာလောကကိုဖျက်ဆီးဖို့အတွက် မာရ်နတ်နဲ့ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့တယ်...ခုလိုတစ်ကိုယ်တည်းလွှင့်မျောနေရတာက သူ့အတွက်အရမ်းကိုပင်ပန်းလွန်းတယ်လေ"
တစ်ဖက်တွင် ရှောင်ယုသည် အေဂါဝမ်၏စိတ်ဝိညာဉ်အခြေအနေအား စောင့်ကြည့်လေ့လာနေခဲ့ကာ ထွက်ပြေးရန်အတွက် အဆင်သင့်ပြင်ဆင်ထားရန် သူ၏လက်အောက်ငယ်သားများကို တိတ်တဆိတ်အချက်ပြထားခဲ့သည်။
"ဒါကြောင့် အရင်ကအေဇာရောဂ့်တိုက်ကြီးလို့ခေါ်တဲ့ ငါတို့ရဲ့ကမ္ဘာကြီးဟာ ကြီးမားတဲ့ဘေးအန္တာရယ်ကိုဆွဲဆောင်မိခဲ့တယ်...ဆာဂါရက်စ်ဟာ မီးတောက်တပ်ဖွဲ့နဲ့အတူငါတို့ကမ္ဘာကို ကျူးကျော်ခဲ့တယ်...ဒါပေမဲ့အဲ့ဒီအချိန်မှာ ကမ္ဘာကြီးကိုအုပ်စိုးထားတဲ့ တိုက်တန်တွေဟာ ဒီတိုက်ကြီးကိုကာကွယ်စောင့်ရှောက်ဖို့အတွက် အုပ်ထိန်းသူနည်းနည်းကိုစီစဉ်ပေးခဲ့တယ်...ဒီလိုနဲ့တိုက်ပွဲကြီးစတင်ခဲ့တဲ့အချိန်မှာ လူတိုင်းကပါဝင်ပတ်သက်ခဲ့ကြတယ်...ဒီဟာကကမ္ဘာ့သစ်ပင် ဒါမှမဟုတ် အခြားတစ်စုံတစ်ခုနဲ့သက်ဆိုင်နေတယ်...ငါကမလိုအပ်တဲ့အရာတွေကိုမပြောတော့ဘူး...ခုအေဂါဝမ်ရဲ့အကြောင်းကိုပြောရအောင်"
"အေဂါဝမ်က သီလီစဖောပါလီမန်ကနေရွေးချယ်တင်မြှောက်လိုက်တဲ့ လူသားအုပ်ထိန်းသူတစ်ယောက်ဖြစ်ပြီး အကြီးမြတ်ဆုံးမှော်စွမ်းအင်ကိုအမွေဆက်ခံသူဖြစ်တယ်...ဒါကြောင့်သူမဟာ ဆာဂါရက်စ်နဲ့မီးတောက်တပ်ဖွဲ့ကိုရင်ဆိုင်ဖို့တာဝန်ယူခဲ့ရတယ်...သူမကနေရာတိုင်းမှာ မာရ်နတ်ကိုလိုက်လံရှာဖွေခဲ့တယ်လေ...နောက်ဆုံးတစ်နေ့အရောက်မှာ သူမကဆာဂါရက်စ်ကိုရှာတွေ့ခဲ့ပြီးတော့ သူမရဲ့ခွန်အားကိုအပြည့်အဝထုတ်ဖော်ပြီး ဆာဂါရက်စ်ကိုသတ်ဖြတ်ခဲ့တယ်"
ရှောင်ယုသည် ထိုနေရာထိပြောပြီးနောက် တမင်တကာရပ်တန့်ထားလိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း လူတိုင်းသည်အသက်ရှုသံမကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေကာ နောက်ကျော၌ချွေးများစိုရွဲနေခဲ့သည်။ တိုက်တန်တစ်ကောင်ကိုပင် သတ်ဖြတ်နိုင်သောစွမ်းအားသည် မည်သည့်အဆင့်၌ရှိနေမည်နည်း။
ရှောင်ယုသည် တိတ်ဆိတ်နေသောလူတိုင်းကို ခဏလောက်စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
"ဟုတ်တယ်....ဆာဂါရက်စ်ကိုသတ်ဖြတ်ဖို့မလွယ်ဘူးဆိုတာသေချာတယ်လေ...သူကတန်ခိုးစွမ်းအားအကြီးဆုံးတိုက်တန်တစ်ကောင်ပဲ...သူ့ရဲ့သေဆုံးမှုကလည်း ပူးပေါင်းကြံစည်မှု...ကြီးမားတဲ့ပူးပေါင်းကြံစည်မှုပဲ"
ရှောင်ယုသည် ဤနေရာတွင် သူ၏ပုံပြင်ပြောခြင်းဆိုင်ရာ အရည်အသွေးများကို အပြည့်အဝပြသခဲ့သည်။ သူသည်မျက်လုံးကိုမှိတ်ထားပြီး သူ့ပတ်ဝန်းကျင်မှလူများကို တိတ်တခိုးစောင့်ကြည့်နေခဲ့သည်။ သို့သော်သူသည် ချက်ချင်းစကားမဆက်ဘဲ လူတိုင်း၏တုံ့ပြန်မှုကို စောင့်ကြည့်နေခဲ့သည်။
"ပူးပေါင်းကြံစည်မှု...ဒါကဘယ်လိုလုပ်ကြံမှုလဲ"
လူအုပ်ထဲမှတစ်ယောက်က မနေနိင်ဘဲမေးခွန်းထမေးလိုက်သည်။
ထိုအရာသည် ရှောင်ယုလိုချင်သည့်အရာ အတိအကျဖြစ်ပေသည်။ ထို့နောက်သူသည်ချောင်းတစ်ချက်ဆိုးလိုက်ကာ စကားဆက်လိုက်သည်။
"ဘယ်လိုပူးပေါင်းကြံစည်မှုလဲ...ဒါကကြီးမားတဲ့ပူးပေါင်းကြံစည်မှုကြီးလေ...ဒီပူးပေါင်းကြံစည်မှုကတဆင့် ဆာဂါရက်စ်ရဲ့ဝိညာဉ်က သေဆုံးခြင်းမရှိသေးပေမဲ့ အေဂါဝမ်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပြီးတော့ လက်စားချေနိုင်မယ့်အခွင့်အရေးကို စောင့်မျှော်နေပြီး အခွင့်အရေးရတဲ့အခါအသုံးချနိုင်ခဲ့တယ်"
"အိုး...အဲလိုဖြစ်သွားတာပေါ့"
"ဒါက အရမ်းကိုအစွမ်းထက်လွန်းတယ်...တိုက်တန်တစ်ကောင်ရဲ့စွမ်းအားက ဘယ်လောက်တောင်ကြီးမြတ်လိုက်သလဲ"
လူတိုင်းကတစ်ယောက်တစ်ပေါက် စတင်ပြောဆိုလာကြသည်။ ရှောင်ယုသည် သူတို့ငြင်းခုံနေကြသည်ကိုကြည့်ပြီး လက်ဝှေ့ယမ်း၍ ဆက်ပြောလိုက်သည်။
"အေဂါဝမ်ဟာ ဆာဂါရက်စ်ရဲ့စွမ်းအားအချို့ကိုအမွေဆက်ခံနိုင်ခဲ့တာကြောင့် သူမဟာအသက်ရှည်ပြီးနုပျိုခဲ့တယ်....နှစ်ပေါင်းထောင်ချီကြာသွားပြီးတာတောင်မှ သူမရဲ့ရုပ်ရည်ဟာနုပျိုနေဆဲဖြစ်ပြီး သီရီစဖောရဲ့အုပ်ထိန်းသူရာထူးကိုအမြဲရယူထားနိုင်ခဲ့တယ်"
"နှစ်ပေါင်းထောင်ချီ အသက်ရှင်သန်တာလား"
"အဲ့ဒါက ထာဝရအသက်ပဲလား"
"ထာဝရ၏စွမ်းအားတန်ခိုးတော်"
"ဟုတ်တယ်...အေဂါဝမ်ဟာ အသက်၈၀၀လောက်ထိသီရီစဖောကို အုပ်စိုးအပြီးမှာတော့ သီရီစဖောရဲ့ပါလီမန်ဟာ သူမကိုသိပ်ပြီးတော့မကျေနပ်နိုင်တော့ဘူး...သူမဟာဒီရာထူးကိုအချိန်အတော်ကြာအောင်သိမ်းပိုက်ထားခဲ့တယ်လို့ ခံစားမိလာတဲ့အတွက် သူမကိုအနားယူဖို့တောင်းဆိုခဲ့တယ်"
"တစ်ဖက်မှာ အေဂါဝမ်ကလည်းအာဏာကိုစွဲလမ်းနေပြီဖြစ်တဲ့အတွက် ပါလီမန်ရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်ခဲ့ဘူး...နောက်ဆုံးမှာတော့သူမဟာ သူမရဲ့ရာထူးကိုအမွေဆက်ခံဖို့ ကလေးတစ်ယောက်မွေးဖို့စိတ်ကူးရခဲ့တယ်...အဲ့ဒါကြောင့်သူမဟာအရည်အချင်းရှိတဲ့တော်ဝင်မှော်ဆရာ နီလပ်စ်အီရန်နဲ့လက်ထပ်ဖို့ရွေးချယ်ခဲ့တယ်...ပြီးနောက်မှာသူမဟာ မာဒိဗ့်လို့ခေါ်တဲ့သားတစ်ယောက်ကို မွေးဖွားခဲ့တယ်"
ရှောင်ယုက မာဒိဗ့်ဟူသောအမည်ကို လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် သူတို့သည်မာဒိဗ့်နှင့် များစွာမရင်းနှီးကြတော့ပေ။ သူတို့သိရှိထားကြသော အသက်အကြီးဆုံးနှင့်အစွမ်းအထက်ဆုံး လူသားမှော်ဆရာမှာ အန်တိုနီဒက်စ်ဖြစ်သည်။
ရှောင်ယုသည် မာဒိဗ့်နှင့်ပတ်သက်၍ လုံးလုံးလျားလျားရှုပ်ထွေးနေသည့် လူတစ်စုကိုကြည့်ရင်း ဆက်ပြောလိုက်သည်။
"မာဒိဗ့်ကိုမွေးဖွားပြီးတဲ့နောက်မှာ သူဟာအရမ်းကိုအစွမ်းထက်တဲ့အရည်အချင်းတွေကိုပြသခဲ့ပြီးတော့ မှော်ဆရာတစ်ယောက်ဖြစ်လာခဲ့တယ်လေ...မင်းသားလေးကလည်း သူ့ရဲ့သူငယ်ချင်းကောင်းဖြစ်လာခဲ့တယ်...ဒါပေမဲ့ အေဂါဝမ်ရဲ့ကိုယ်ထဲမှာကပ်ညှိနေတဲ့ ဆာဂါရက်စ်၏ဝိညာဉ်ဟာ မာဒိဗ့်ရဲ့ခန္ဓာကိုယ်ထဲကူးပြောင်းလာခဲ့တယ်...အဲ့ဒီအကြောင်းကိုဘယ်သူကမှမသိခဲ့ကြဘူး"
လူတိုင်းသည် အေးစက်သောလေကိုရှုသွင်းမိလိုက်ကြသည်။ ရှောင်ယုပြောပြသည့် ဇာတ်လမ်းတစ်ခုလုံးက မယုံကြည်နိုင်ဖွယ် ထိတ်လန့်ဖွယ်များနှင့်ပြည့်နှက်နေခဲ့သည်။