အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
အခန်း ၄၃၀ - လောဘကြောင့်ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တစ်ခု
"ပြီးတော့ဘာဆက်ဖြစ်လဲ"
လူအုပ်ထဲကတစ်ယောက်က ချက်ချင်းမေးမြန်းလိုက်သည်။
ယခုတစ်ကြိမ်မေးသူသည် မိန်းကလေးဖြစ်၍ ရှောင်ယု၏အာရုံကိုဖမ်းစားနိုင်ခဲ့သည်။ ထိုမိန်းကလေးသည် လီအာနှင့်ပဋိပက္ခဖြစ်ခဲ့ဖူးသော အမျိုးသမီးဖြစ်ကာ လီယိုနာဒို၏လက်အောက်မှဖြစ်သည်။
လီအာ၏မိသားစုတွင် သန်မာသောလုပ်ကြံသူအမြောက်အများပါဝင်ကြောင်း ရှောင်ယုကသိရှိထားပေသည်။ ထိုမိသားစုအတွင်းရှိလူတိုင်းသည် သူတို့၏ခွန်အားကိုမြင့်တင်နိုင်ရန်အတွက် အတွေ့အကြုံရှာဖွေရန် ခရီးထွက်ကြလေ့ရှိသည်။
ထိုအမျိုးသမီးသည်ကား လီယိုနာဒို၏နောက်သို့ လိုက်ပါရန်ရွေးချယ်ခဲ့ပုံရပေသည်။
ရှောင်ယုသည် သူမ၏မေးခွန်းကိုကြားသောအခါ သူ၏ဇာတ်လမ်းကိုဆက်ပြောလိုက်သည်။
"သူအသက်၁၃နှစ်ကိုရောက်တဲ့အခါ သူ့အဖော်တွေကိုကာကွယ်ဖို့နဲ့အောစ့်တွေကိုတိုက်ခိုက်ဖို့အတွက် မာဒိဗ့်က ဆာဂါရက်စ်ရဲ့စွမ်းအားကို မတော်တဆနိုးဆွမိခဲ့တယ်...အဲ့ဒီစွမ်းအားဟာ ကမ္ဘာမြေပျက်စီးလောက်တဲ့ထိကြီးမားပြီး သူတို့ကိုအသက်အန္တာရယ်ကကယ်တင်ခဲ့ပေမဲ့ တန်ပြန်ဒဏ်ကြောင့်မာဒိဗ့်ကမေ့မျောသွားခဲ့တယ်..."
"အဲ့ဒီအဖြစ်အပျက်က လူတိုင်းကိုအံ့သြသွားစေခဲ့တယ်....နောက်ပိုင်းမှာသူ့ကိုဆေးကုသမှုခံယူခိုင်းစေဖို့အတွက် မြောက်အေဘီကောင်တီကိုပို့ဆောင်ခဲ့ပေမဲ့ ဘာမှထူးခြားမလာခဲ့ဘူး..သူမေ့မျောနေတာ ခြောက်နှစ်လောက်ကြာမြင့်ခဲ့တယ်...အဲ့အတောအတွင်းဆာဂါရက်စ်ဟာ မာဒိဗ့်ရဲ့ခန္ဓာကိုယ်ကို ဖြေးဖြေးချင်းသိမ်းပိုက်နေခဲ့တယ်"
လူတိုင်းသည် ရှောင်ယု၏ဇာတ်လမ်းကြောင့် တုန်လှုပ်ခြောက်ခြားသွားကာ အချင်းချင်းပြောဆိုဆွေးနွေးလာကြသည်။
ရှောင်ယုသည် လူတိုင်း၏အမူအရာကိုကြည့်ကာ အလွန်ပင်ကျေနပ်သွားခဲ့သည်။
"အဲ့ဒီအချိန်မှာ မာဒိဗ့်က သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှာ သူ့ရဲ့ခန္ဓာကိုယ်ကိုသိမ်းပိုက်ဖို့စောင့်ဆိုင်းနေတဲ့ နတ်ဆိုးတစ်ကောင်ပုန်းအောင်းနေတယ်ဆိုတာကို ရိပ်မိသွားခဲ့တယ်....သူဟာဆာဂါရက်စ်နဲ့ခြောက်နှစ်နီးပါးခုခံတိုက်ခိုက်ခဲ့တယ်....ခြောက်နှစ်ကြာပြီးတဲ့နောက်မှာ မာဒိဗ့်ဟာတိုက်ပွဲကိုအနိုင်ရပြီးတော့ နိုးထလာခဲ့တယ်...အဲ့ဒီအချိန်မှာ မာဗိဒ့်ရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ရိုင်ယန်ဟာ လူ့လောကရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပြီးတော့ အခြားသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ လိုသာကတော့ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ် သံမဏိမြင်းညီနောင်အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်လာခဲ့တယ်"
ရှောင်ယုသည် သံမဏိမြင်းညီအစ်ကိုများအကြောင်းကိုပြောချိန်တွင် ရုတ်တရက်ဆိုသလိုပင်လူအုပ်အတွင်းမှ တစ်စုံတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်မိလိုက်သည်။ သို့သော်လည်း မကြာမှီတွင်သူ၏အမှားကိုသတိပြုမိလိုက်ကာ အေးဆေးတည်ငြိမ်စွာဖြင့် ရပ်နေလိုက်သည်။
ရှောင်ယုသည် ထိုဘက်သို့လှမ်းကြည့်လိုက်သော်လည်း ထူးဆန်းသောဝတ်ရုံအားဝတ်ဆင်ထားသည့် လူအချို့သည် သူတို့၏မျက်နှာကိုဖော်ပြထားခြင်းမရှိဘဲ ထောင့်စွန်းတစ်နေရာ၌ရပ်နေကာ ရှောင်ယု၏ပုံပြင်ကိုတိတ်တဆိတ်နားထောင်နေခဲ့သည်။
ရှောင်ယုသည် ထိုလူများကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ထိုလူများ၏လက္ခဏာကိုသံသယဝင်မိပေသည်။ ဤလူများသည် မည်သည့်အင်အားစုနှင့်မျှပတ်သက်နေခြင်းမရှိပေ။ သူတို့သည် အချို့သောကုန်သည်အဖွဲ့နှင့်ဆင်တူသည့် သီးခြားအုပ်စုလေးတစ်ခုသာဖြစ်သည်။
"မာဒိဗ့်နိုးထလာပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ ဆာဂါရက်စ်ရဲ့စွမ်းအားတွေကို ဘယ်သူမှမသိစေရန်အတွက် ကာရာဇန်ကိုသူဝင်ရောက်ခဲ့ရတယ်...ကာရာဇန်ဆိုတာ သီလီစဖောပါလီမန်မှ လျှို့ဝှက်တည်ဆောက်ထားသည့် မှော်မျှော်စင်တစ်ခုပဲ"
"သူတို့ဟာတိုက်ကြီးကိုခုခံကာကွယ်ဖို့အတွက် နတ်ဆိုးတွေရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ဖို့ ဒါကိုအသုံးပြုခဲ့တာပဲ...ခုဆက်ပြောရမယ်ဆိုရင် မာဒိဗ့်ရဲ့ဝိညာဉ်ဟာ အရမ်းကိုဇွဲ့လုံ့လရှိပြီး ဆာဂါရက်စ်နဲ့ အပြင်းအထန်ကိုတိုက်ခိုက်ခဲ့တယ်...ဒီအရာကစိတ်ဆန္ဒနှစ်ခုကြားမှာ ဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုပဲ...ပြောရမယ်ဆိုရင် တိုက်ပွဲကပြင်းထန်လွန်းတဲ့အတွက် အကုန်လုံးရဲ့ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့တယ်...ဒီတိုက်ပွဲအပြီးမှာ မာဒိဗ့်ဟာစိတ်ပိုင်းဆိုင်ရာလုံးဝပြိုကွဲသွားခဲ့ပြီးတော့ ပြင်ပကမ္ဘာကိုတုံ့ပြန်ုနိုင်စွမ်း ဆုံးရှံးသွားခဲ့ရတယ်...သူသတိလစ်နေတဲ့အချိန်က ရက်အနည်းငယ်လည်းဖြစ်နိုင်သလို နှစ်တွေအကြာကြီးလည်းဖြစ်သွားနိုင်ခဲ့တယ်"
"သူအသိစိတ်တွေပြန်ရလာပြီးတဲ့နောက်မှာ မာဒိဗ့်ဟာ အေဇာရောဂ့်ကိုကာကွယ်စောင့်ရှောက်ဖို့ သူ့ကိုယ်သူအပ်နှံခဲ့တယ်...ထိုအချိန်က နိုင်ငံတော်၏အကျိုးစီးပွားသည် အခြားအရာအားလုံးထက် အရေးပါသည်ဟု မာဗိဒ့်ကယုံကြည်ထားခဲ့တယ်...ဤနှစ်များတလျှောက် သူက အေဇာရောဂ့်ကိုအချိန်ပြည့်စောင့်ကြည့်နေခဲ့ပြီး ကျူးကျော်သူများ၏ ပြင်းထန်သောတိုက်ခိုက်မှုကို ထပ်ခါထပ်ခါ ကာကွယ်တားဆီးပေးခဲ့တယ်...ထို့ကြောင့်လူအများက သူ့အားအေဇာရောဂ့်၏ မပျက်စီးနိုင်သောကာကွယ်သူအဖြစ် မှတ်ယူထားကြတယ်..."
"သူဟာလူမျိုးပေါင်းစုံကိုခွဲခြားမှုမရှိဘဲ တန်းတူရည်တူဆက်ဆံခဲ့တယ်...သူဟာလူမျိုးတစ်ခုရဲ့ဒဏ္ဍာရီတွေနဲ့ထုံးတမ်းစဉ်လာတွေကိုကြားတဲ့အခါ သူကအဲ့ဒါတွေအားလုံးကို စိတ်ရင်းမှန်နဲ့လေးစားခဲ့ပြီး အဲ့မျိုးနွယ်စုရဲ့ဒဏ္ဍာရီတွေနဲ့ယဉ်ကျေးမှုတွေကို အမှန်တကယ်စိတ်ဝင်စားကြောင်း ပြသခဲ့တယ်...ဒါပေမဲ့ဆာဂါရက်စ်ဟာ သူ့ခန္ဓာကိုယ်ကိုသိမ်းပိုက်နိုင်ဖို့ မာဒိဗ်ရဲ့ဝိညာဉ်ကိုဆက်လက်တိုက်ခိုက်ခဲ့တယ်"
"ဒီတစ်ကြိမ်မှာ ဆာဂါရက်စ်ကအသာရသွားခဲ့ပြီးတော့ မာဒိဗ့်ရဲ့စရိုက်လက္ခဏာကို သိသိသာသာပြောင်းလဲသွားစေခဲ့တယ်...မာဒိဗ့်ဟာတဖြည်းဖြည်းနဲ့ အထီးကျန်ဆန်လာခဲ့တယ်...သူဟာအရာရာကိုဖုံးကွယ်ထားချင်တဲ့အတွက်ကြောင့် သူ့ကိုလာရောက်တွေ့ဆုံတဲ့သူ့ရဲ့ဧည်သည့်တွေကို မှော်အစွမ်းတွေအသုံးပြုတာ သတ်ဖြတ်တာတွေပြုလုပ်လာခဲ့တယ်"
"ဆာဂါရက်စ်ရဲ့လွှမ်းမိုးမှုအောက်မှာ မာဒိဗ့်ဟာမကောင်းဆိုးဝါးမှော်အတတ်နဲ့စုန်းအတတ်အမျိုးမျိူးကို တိတ်တဆိတ်လေ့လာခဲ့ပြီး သူ့ရဲ့အမှောင်မှော်အစီအရင်တွေအတွက် ကာရာဇန်ရဲ့အောက်မှာ မြေအောက်မျှော်စင်တစ်ခုကိုတည်ဆောက်ခဲ့တယ်...နောက်တော့မာဒိဗ့်ဟာ ကမ္ဘာ့တစ်ဖက်ခြမ်းမှာရှိနေခဲ့တဲ့ အောစ့်စစ်သည်တော် ဂေါ်ဒန်နဲ့အဆက်အသွယ်ရခဲ့ပြီးတော့ ဂေါ်ဒန်ဟာစွမ်းအားကို ရယူလိုစိတ်ပြင်းထန်နေသူဖြစ်ကြောင်း ရိပ်မိခဲ့တယ်...ဒါကြောင့် မာဒိဗ့်ဟာ ဂေါ်ဒန်ကိုဆာဂါရက်စ်ရဲ့သချိုင်းအကြောင်းပြောပြခဲ့တယ်"
"လောဘကြီးတဲ့အောစ့်ဖြစ်တဲ့ဂေါ်ဒန်ဟာ ဆာဂါရက်စ်ရဲ့အဆုံးစွန်သောစွမ်းအင်ကို ရယူလိုတဲ့အတွက်ကြောင့် အေဇာရောဂ့်ကိုအောစ့်မျိုးနွယ်နဲ့အတူ ကျူးကျော်ဖို့ကတိပေးခဲ့တယ်...မကြာခင်မာဒိဗ့်ဟာ ကမ္ဘာနှစ်ခုကိုဆက်သွယ်ပေးထားတဲ့ ခရီးသွားပေါ်တယ်ကိုဖွင့်လှစ်ပေးခဲ့တယ်...ဂေါ်ဒန်ဟာသူ့မျိုးနွယ်စုစစ်တပ်နဲ့အတူ အေဇာရောဂ့်ကိုရောက်လာပြီး အေဇာရောဂ့်ကိုကျူးကျော်တိုက်ခိုက်ခဲ့တယ်"
"နောက်ဆုံးတော့ အေဂါဝမ်ဟာ မာဒိဗ့်တစ်ခုခုမှားယွင်းနေတာရိပ်မိလိုက်ပြီး ဆာဂါရက်စ်ရဲ့ဝိညာဉ်ဟာ မာဒိဗ့်ကိုထိန်းချုပ်ထားတယ်ဆိုတာကို သူမသိလိုက်ရတယ်...အေဂါဝမ်ဟာသူမရဲ့သားကိုတားဆီးချင်ပေမဲ့ သူမရဲ့စွမ်းအားတွေကိုမာဒိဗ့်ဆီလွဲပြောင်းထားတဲ့အတွက်ကြောင့် မာဒိဗ့်ကိုမယှဉ်နိုင်ခဲ့ဘူး"
"အေဂါဝမ်ဟာအခြားရွေးချယ်စရာ နည်းလမ်းမရှိတော့တာကြောင့် မာဒိဗ့်ရဲ့သူငယ်ချင်းကောင်းတွေဖြစ်တဲ့ ဘုရင်ရိုင်ယန်နဲ့သံမဏိမြင်းညီနောင်ခေါင်းဆောင် လိုသာတို့ကိုအကြောင်းကြားခဲ့ရတယ်...ဒီကိစ္စမှာရိုင်ယန်ကတုံ့ဆိုင်းနေပြီး ဘယ်လိုဖြေရှင်းရမယ်မှန်းမသိပေမဲ့ လိုသာကတော့သူ့စစ်တပ်ကိုဦးဆောင်ပြီး ရောက်လာခဲ့တယ်...အဲ့နောက်မှာ မာဒိဗ့်ရဲ့တပည့်တွေဖြစ်တဲ့ ခဒ့်ဂါနဲ့အောစ့်ဂါရိုနာတို့ရဲ့အကူအညီကိုယူပြီး မာဒိဗ့်ကိုခိုးဝင်တိုက်ခိုက်ကာ သတ်ဖြတ်လိုက်ကြတယ်"
"မာဒိဗ့်ရဲ့ခန္ဓာကိုယ်မှာ ဆာဂါရက်စ်ရဲ့စွမ်းအားတွေပါဝင်နေတာကြောင့် မာဒိဗ့်ရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးလိုက်တဲ့အခါမှာ အာကာသမုန်တိုင်းတစ်ခု မတော်တဆဖြစ်ပွားခဲ့တယ်...ပြီးတော့ဆာဂါရက်စ်ရဲ့ဝိညာဉ်ဟာ အာကာသမုန်တိုင်းထဲရောက်သွားခဲ့ရတယ်...သေချာတာတစ်ခုကတော့ မာဒိဗ့်ရဲ့ဝိညာဉ်ကလည်း အာကာသထဲကိုရောက်သွားတယ်ဆိုတာပဲ"
"မင်းကတော်တော်သိထားတာပဲရှောင်ယု...ငါတို့အားလုံးကဒီဝိညာဉ်စွမ်းအင်ကို ဘယ်လိုစုပ်ယူရမလဲဆိုတာကောသိလား"
ထိုအချိန်တွင် နီကိုးလပ်စ်ကမေးလိုက်သည်။
နီကိုးလပ်စ်သည် အမှန်တကယ်ပင်ခြားနားသူတစ်ယောက်ဖြစ်သည်။ လူတိုင်းသည် ရှောင်ယု၏ဇာတ်လမ်းထဲ၌နစ်မြောနေသော်လည်း နီကိုးလပ်စ်သည် ဤကဲ့သို့မေးခွန်းကို ဝင်ရောက်မေးမြန်းခဲ့သည်။
"တကယ်တော့ အဲ့ဒီလျှို့ဝှက်ချက်ကိုငါမမျှဝေချင်ဘူး...ငါသာဒီတိုင်းမျှဝေလိုက်ရင် ငါကဘာမှပြန်ရမှာမဟုတ်ဘူးလေ...ဒါပေမဲ့ငါကဒီနည်းလမ်းကိုသိနေမယ်ဆိုရင်တောင် အေဂါဝမ်ရဲ့ဝိညာဉ်ကိုတော့ငါရနိုင်မှာမဟုတ်ဘူး...ဒါကိုရရှိဖို့အတွက် ကံကြမ္မာရဲ့ဆက်စပ်မှုကိုလိုအပ်နေသေးတယ်...အေဂါဝမ်ရဲ့ဝိညာဉ်ဟာ အခြားဝိညာဉ်တွေနဲ့မတူဘဲ ဆာဂါရက်စ်ရဲ့စွမ်းအင်အချို့ကို စုပ်ယူထားခဲ့တယ်"
"သူမကခုချိန်မှာ ဝိညာဉ်တစ်ခုသာဆိုပေမဲ့ သူမရဲ့ကိုယ်ပိုင်အသိညဏ်ကရှိနေဆဲဖြစ်တယ်...သူမရဲ့ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းကပဲ သူမရဲ့အမွေဆက်ခံသူကို ဘယ်လိုရွေးချယ်မလဲဆိုတာ ဆုံးဖြတ်ပေးလိမ့်မယ်"
ရှောင်ယုသည် ယခင်ကမ္ဘာတွင် ဝတ္ထုဇာတ်လမ်းများစွာကို ဖတ်ရှုခဲ့ဖူးပေရာ ဤကဲ့သို့ဇာတ်လမ်းဆင်နိုင်စွမ်းရှိနေ၍ ဝမ်းသာနေမိသည်။
ထိုအချိန်တွင် ခန်းမအတွင်း၌ယဇ်ပလ္လင်တစ်ခုရှိနေကြောင်း လူတိုင်းသတိပြုမိလိုက်ကြသည်။ ယခုဆိုလျှင် ရှောင်ယုကိုယ်တိုင်သည် ယဇ်ပလ္လင်၏အလယ်ဗဟိုရှိ အေဂါဝမ်ရဲ့ကြီးမားသောဝိညာဉ်အောက်၌ ရပ်နေခြင်းဖြစ်သည်။
ရှောင်ယု၏စကားကိုနားထောင်ပြီးနောက် လူတိုင်းသည်ချက်ချင်းအော်ဟစ်လိုက်ကာ ယဇ်ပလ္လင်ဆီသို့ပြေးဝင်သွားကြသည်။ ရှောင်ယုသည် သူ့ထံသို့ပြေးဝင်လာသောလူအုပ်ကြီးကို တွေ့မြင်လိုက်ရသည့်အချိန်တွင် လန့်ဖျတ်သွားခဲ့ကာ ယဇ်ပလ္လင်အနားသို့အမြန်ခုန်ဆင်းလိုက်သည်။
ဒီလူတွေက တကယ့်အရူးတွေပဲ...
ထို့နောက် ပြင်းထန်သောတိုက်ပွဲစတင်မှုနှင့်အတူ သွေးများသည်မြစ်ကဲ့သို့တသွင်သွင်စီးကျလာခဲ့သည်။ ဤသည်မှာ အစသာဖြစ်ပေသည်။
လူတိုင်းသည် အေဂါဝမ်၏အမည်ကို ဆုံးရှုံးသွားမည်ကိုကြောက်ရွံ့သည့်အတွက်ကြောင့် ရူးသွပ်လုနီးပါးဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် အေဂါဝမ်၏ဝိညာဉ်သည် ပိုမိုကြီးထွားလာခဲ့ကာ အလင်းတန်းများကပိုမို၍တောက်ပလာခဲ့သည်။ ထို့ပြင် အေဂါဝမ်၏မျက်နှာသည် ပိုမိုကြည်လင်လာခဲ့သည်။
နီကိုးလပ်စ်၏အဖွဲ့မှမှော်ဆရာအုပ်စုတွင် အချို့ကိုမိသားစုမှလေ့ကျင့်ပေးထားခြင်းဖြစ်သော်လည်း အများစုကိုမူပြင်ပမှငှါးရမ်းခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် မှော်ဆရာများသည်သူတို့၏တစ်ကိုယ်ကောင်းဆန်မှုကို ပြသခဲ့သည်။ နီကိုးလပ်စ်သည် သူတို့အားဤကိစ္စ၌ဝင်မပါရန် အမိန့်ပေးထားသော်လည်း သူတို့သည်ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ အခြေအနေကိုစောင့်ကြည့်နေကြသည်။ အကယ်၍ အခွင့်အလမ်းတစ်ခုခုကိုတွေ့မြင်လိုက်ပါက သူတို့သည်တုံ့ဆိုင်းမနေဘဲ ပြေးဝင်သွားမှာဖြစ်သည်။
တစ်ဖက်တွင် လီယိုနာဒိုသည်လည်း အလားတူအခြေအနေနှင့်ရင်ဆိုင်နေရသည်။ အေဂါဝမ်၏အမွေသည် မှော်ဆရာများအတွက်ကြီးမြတ်လွန်းပေသည်။ ထိုသို့သောသွေးဆောင်မှုကို မည်သူကခုခံနိုင်မည်နည်း။
မှော်ဆရာအချို့သည် အခွင့်ကောင်းရရှိရန် ယခုကပင်တိုက်ပွဲဝင်နေပြီဖြစ်သည်။
ယခုအခါ ယဇ်ပလ္လင်၏ထိပ်တွင် မှန်ကူကွက်လပ် များစွာရှိနေကြောင်း လူတိုင်းတွေ့မြင်ခဲ့ကြရသည်။ ထိုကွက်လပ်တစ်ခုချင်းစီတိုင်းသည် အထူးအနေအထားတွင်ရှိနေပုံရပြီး ၎င်းတို့အတွင်း၌လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေပုံရသည်။
ထို့ကြောင့် စဉ်ဆက်မပြတ်သေဆုံးမှုများအောက်တွင် ယဇ်ပလ္လင်ဆီသို့ သွေးများစီးကျလာခဲ့ကာ ထိုကွက်လပ်များထဲသို့တဖြည်းဖြည်းစိမ့်ဝင်လာခဲ့ကြသည်။
ယဇ်ပလ္လင်သည် ထိုသွေးများကိုစုပ်ယူလိုက်ကာ အနီရောင်တောက်ပလာခဲ့သော်လည်း မည်သူကမှသတိမထားမိလိုက်ကြပေ။
အခန်း ၄၃၁ - ပြန်လည်မွေးဖွားခြင်း
တိုက်ပွဲသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာခဲ့သည်။
လူတိုင်းသည် ပိုပို၍ရူးသွပ်လာခဲ့ကြသည်။ ရှောင်ယုသည် အရာအားလုံးကိုဘေးမှနေ၍ စောင့်ကြည့်နေခဲ့သည်။ ရှောင်ယုသည် သူ၏စကားတစ်ခွန်းကြောင့် ဤမျှကြီးကျယ်သောတိုက်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လူများသည် သူတို့၏အလိုဆန္ဒနှင့်စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်သရွေ့ စစ်မှန်သောသူတော်စင်ဖြစ်လာလိမ့်မည်ဟု ရှေးလူကြီးများကအဆိုရှိကြသည်။
သို့သော်လည်း ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိသူမှာ ကမ္ဘာပေါ်၌လူအနည်းငယ်သာရှိပေသည်။
စည်းစိမ်ဥစ္စာ၊တန်ခိုးအာဏာနှင့်အလှတရားတို့၏ အလိုဆန္ဒနှင့်ရင်ဆိုင်လာချိန်တွင် မည်သူကမှလျစ်လျူရှုထားနိုင်စွမ်းမရှိပေ။
လူသားတစ်ယောက်၏ ပင်ကိုယ်စိတ်ခံစားချက်ကိုက ထိုသို့သောအရာများကို လိုချင်တပ်မက်စိတ်ဖြစ်ပေါ်နေပေရာ ထိုခံစားချက်သာမရှိပါက လူသားတစ်ယောက်မဟုတ်တော့မည်ကို စိုးရွံ့မိပေသည်။
ထိုစိတ်ခံစားချက်များကို လုံးလုံးလျားလျားဖယ်ရှားနိုင်ရန်မဖြစ်နိုင်သော်လည်း လူသားများသည် သူတို့အားကျိုးကြောင်းဆီလျော်သော အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်စွမ်းရှိပါက ထိုလူအားသန်မာသူတစ်ဦးဟု သတ်မှတ်နိုင်ပေသည်။
ရုတ်ချည်းဆိုသလို ယဇ်ပလ္လင်နှင့်ပတ်သက်၍ တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရှောင်ယုခံစားမိလိုက်ပြီး သူ၏ကျောရိုးတစ်ခုလုံးအေးစိမ့်တုန်ရီသွားခဲ့သည်။ အတိအကျပြောရမည်ဆိုလျှင် မှားယွင်းနေသည့်အရာကို သူမဆုံးဖြတ်နိုင်သော်လည်း သူ၏မသိစိတ်က သူ့အားထိုကဲ့သို့အချက်ပေးနေခြင်းဖြစ်သည်။
ရှောင်ယုသည် သူ၏အဝေးမြင်ကွင်းကို ချက်ချင်းထုတ်ဖော်လိုက်သောအခါတွင်လည်း မည်သည့်အမှားအယွင်းကိုမှမတွေ့ခဲ့ရပေ။
ထိုခံစားချက်ကြောင့် ရှောင်ယုမျက်မှောင်ကြုတ်မိလိုက်သည်။ ထို့ကြောင့် ရှောင်ယုသည်တိတ်တိတ်လေးနက်ဟန်အမူအရာပြကာ လူတိုင်းအားယဇ်ပလ္လင်မှနေ၍ ထွက်ခွာသွားစေခဲ့သည်။ မကြာခင်မှာဘဲ ရှောင်ယုကကြီးကြီးမားမားတစ်စုံတစ်ခု ဖြစ်လာတော့မည်ဟု ယုံကြည်သွားခဲ့သည်။
ရှောင်ယုသည် အေဂါဝမ်၏လှည့်စားမှုကို ဖောက်ထွင်းမမြင်နိုင်ခဲ့ပေ။ အေဂါဝမ်၏မျက်နှာပေါ်၌ ထူးဆန်းသောအမူအရာတစ်ခုရှိနေပုံရသည်။ ထိုအရာသည် အပြုံးတစ်ခုနှင့်ဆင်တူပြီး ရယ်ရယ်မောမောဖြင့် သူမ၏ရှေ့မှမြင်ကွင်းကိုကြည့်နေပုံရသည်။
နီကိုးလပ်စ်သည် ရှောင်ယု၏လှုပ်ရှားမှုများကို သတိပြုမိပေသည်။ ထို့ကြောင့်ရှောင်ယုဆုတ်ခွာသွားသည်ကိုမြင်သော် သတိထားသည့်အနေဖြင့် သူ၏လက်အောက်ငယ်သားများကိုပြန်၍ဆုတ်ခွာခိုင်းလိုက်သည်။
ထိုအမိန့်ကို လူအချို့ကမနာခံလိုကြသော်လည်း ယခုအခါတွင်နီကိုးလပ်စ်က ထိုလူများအားဂရုမစိုက်တော့ပေ။
မင်းကသေချင်တယ်မလား...အဲ့ဒါဆိုသွားသေလိုက်
ရှောင်ယုသည် နီကိုးလပ်စ်၏လှုပ်ရှားမှုကိုမြင်သောအခါ သူ့စိတ်ထဲမှနေ၍သက်ပြင်းချမိလိုက်သည်။ နီကိုးလပ်စ်သည် အမှန်တကယ်ပင်ပါရမီရှင်တစ်ယောက်ဖြစ်သည်။ သူသည် ပြင်းထန်သောသွေးဆောင်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ထိုအခြေအနေမှရုန်းထွက်နိုင်ပေရာ ကြောက်မက်ဖွယ်ကောင်းသည့်ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ခံရသင့်ပေသည်။
ထိုအချိန်တွင် မြေပြင်တစ်ခုလုံး ငလျင်လုပ်သကဲ့သို့မဟုတ်ဘဲ ပြင်းထန်စွာလှုပ်ခတ်လာခဲ့သည်။ ဤအခိုက်အတန့်တွင် မြေပြင်အောက်မှနေ၍ တစ်စုံတစ်ခုကထွက်ပေါ်လာချင်နေပံရသည်။
လက်ရှိအချိန်တွင် လူအချို့သည် တိုက်ပွဲကိုခေတ္တရပ်နားထားကာ အထိတ်တလန့်အမူအရာဖြင့် ပတ်ဝန်းကျင်အား စတင်စစ်ဆေးခဲ့ကြသည်။ သို့သော်အချို့လူများကမူ ရပ်တန့်ရန်ငြင်းဆန်ခဲ့ကြကာ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။
ယဇ်ပလ္လင်တစ်ခုလုံးသည် အလွန်အမင်းနီရဲလာခဲ့သည်။ ထိုအချိန်တွင် သွေးစွန်းနေသောယဇ်ပလ္လင်သည် ရုတ်ချည်းဆိုသလိုတောက်ပလာခဲ့သည်။
ထိုသွေးနီရောင်အလင်းတန်းကြောင့် ခန်းမတစ်ခုလုံးလင်းထိန်သွားခဲ့ကာ အမှောင်ထုကတဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။
ထိုအချိန်တွင် လူတိုင်းကတစ်စုံတစ်ရာမှားယွင်းနေသည်ကို ခံစားမိလိုက်ကြသည်။ လူအချို့သည် စတင်သတိထားမိလာကြပြီး ယဇ်ပလ္လင်၏အစွန်းဘက်သို့ စတင်၍ဆုတ်ခွာလာကြသည်။ သို့သော် အေဂါဝမ်၏အမွေကိုရရှိရန်မျှော်လင့်နေသည့် ငတုံးအချို့ကသာ ယဇ်ပလ္လင်အလယ်၌ရပ်စောင့်နေဆဲဖြစ်သည်။
"အား...ဘာဖြစ်နေတာလဲ...ဘာလို့လှုပ်လို့မရတော့တာလဲ"
ထိုအချိန်တွင် ယဇ်ပလ္လင်ပေါ်သို့ ပင်လယ်လှိုင်းလုံးများကဲ့သို့ သွေးများရုတ်တရက် ရောက်ရှိလာခဲ့ကြသည်။ ထိုသွေးလှိုင်းလုံးများသည် အလွန်ထူထပ်ပြီးကြီးမားကြောင်း လူတိုင်းတွေ့ရှိခဲ့ကြသည်။ ယဇ်ပလ္လင်ပေါ်ရှိလူတိုင်းသည် သွေးများကြောင့်ညစ်ညမ်းသွားကာ လှုပ်ရှား၍မရတော့ပေ။
"ဘာတွေဖြစ်နေတာလဲ..."
လက်ရှိအချိန်တွင် ငတုံးတောင်မှတစ်စုံတစ်ခုမှားယွင်းနေကြောင်းကို ခံစားမိလာခဲ့မှာဖြစ်သည်။ အချို့သောကျွမ်းကျင်သူများသည် အပြင်ဘက်သို့ချက်ချင်းပြေးထွက်လာခဲ့ကြသည်။
အစွမ်းထက်သောကျွမ်းကျင်သူများသည် လျင်မြန်စွာရွေ့လျားကာ ယဇ်ပလ္လင်ပေါ်မှခုန်ဆင်းလိုက်ကြပြီး သွေးနီရောင်အလင်းတန်းမှလွတ်မြောက်လာခဲ့ကြသည်။ သို့သော်လည်း အချို့အားနည်းသောကျွမ်းကျင်သူများသည် သွေးနီရောင်အလင်းတန်း၏စုပ်ယူမှုကြောင့် ရုန်းထွက်ရန်ခက်ခဲခဲ့ကြသည်။
ထိုအချိန်တွင် လူတိုင်းကိုထိတ်လန့်စေသော မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။ လေထဲ၌လွှင့်မျောနေသော အေဂါဝမ်၏ပုံရိပ်သည် ရုတ်တရက်မျက်လုံးဖွင့်လာခဲ့သည်။
"ဘာ...ဘာတွေဖြစ်နေတာလဲ"
လူတိုင်းသည် အလွန်ပင်တုန်လှုပ်သွားကြသည်။ ဤအရာသည် မည်သည့်အမွေမျိုးဖြစ်၍ အေဂါဝမ်ကသူမ၏မျက်လုံးများကို ဖွင့်လာရသနည်း။ သူမသည် လူတိုင်းကိုအပျက်သဘောဖြင့် စောင့်ကြည့်နေပုံရသည်။ သူမ၏ရှေ့တွင် လူတိုင်းသည် ပုရွက်ဆိတ်များသဖွယ်ဖြစ်သည်။
ဒါ...ဒါကကျိန်းသေပေါက် အမွေမဟုတ်ဘူး...သူမကဒီနေရာမှာရှိနေတဲ့လူတွေကို သတ်ဖြတ်ပြီးတော့ သူမရဲ့ခွန်အားကိုပြန်လည်ရရှိစေဖို့ သွေးတွေကိုအသုံးပြုဖို့ကြံစည်နေတာပဲ
သူမသည် ပြန်လည်မွေးဖွားလိုနေခြင်းဖြစ်သည်။
ရှေးခေတ်က သူရဲကောင်းများသည် လက်ရှိခေတ်ကာလတွင်ပြန်လည်ပေါ်ထွက်လာမည်ဟူသော ပရောဖက်ပြုချက်က မှန်ကန်နေပုံရသည်။
ရှေးခေတ်သူရဲကောင်းများ ပြန်လည်မွေးဖွားနိုင်ရန်အတွက် အကန့်မသတ်မရှိသောသွေးများကိုလိုအပ်ပေသည်။ ယခုအခါတွင် အေဂါဝမ်သည် ပြန်လည်မွေးဖွားခြင်းအခြေအနေကို ရရှိစေရန်အတွက် ဤလူများကိုသေဆုံးစေခဲ့ခြင်းဖြစ်သည်။
ရှောင်ယုသည် ဤနေရာမှထွက်ခွာရန်အတွက် လူတိုင်း၏အာရုံကိုလွဲထားရန်ကြိုးပမ်းခဲ့သည်။ သို့သော်လည်း အဆုံးသတ်၌ ဤမျှကြီးမားသည့်ပြသနာကြီးဖြစ်လာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
"တကယ်လို့ အေဂါဝမ်သာ တဖန်ပြန်လည်မွေးဖွားလာမယ်ဆိုရင် ငါတို့ဒုက္ခရောက်လိမ့်မယ်...သူမကဘယ်လောက်တောင်အစွမ်းထက်နေတာလဲ....သီအိုဒိုးကတောင်သူမရဲ့ပြိုင်ဘက်မဖြစ်နိုင်တာသေချာတယ်...ယခုလက်ရှိတိုက်ကြီးရဲ့အခြေအနေဟာ အရင်ကနဲ့မတူတော့ဘူး...ဒီအုပ်ထိန်းသူကနတ်ဆိုးတစ်ယောက်နဲ့တူတယ်...အထူးသဖြင့်အေဂါဝမ်ရဲ့အပြုံးဟာ ကြင်နာတတ်တဲ့လူတစ်ယောက်ရဲ့အပြုံးမဟုတ်ဘူး...အေဂါဝမ်ဟာ ဆာဂါရက်စ်ရဲ့စွမ်းအားကိုစုပ်ယူထားတဲ့အတွက်ကြောင့် နတ်ဆိုးမဟုတ်ရင်တောင်မှ နတ်ဆိုးတစ်ပိုင်းဖြစ်နေခဲ့ပြီ"
ရှောင်ယုသည် အရာအားလုံးကိုနားလည်သွားသော်လည်း နောက်ကျနေခဲ့ပြီဖြစ်သည်။ ယခုအချိန်၌ အေဂါဝမ်၏ဝိညာဉ်သည် အဆက်မပြတ်သေးငယ်လာခဲ့သည်။ မူလက အေဂါဝမ်၏ဝိညာဉ်သည်ခန်းမတစ်ခုစာလောက် ပြည့်လျှံနေခဲ့သော်လည်း ယခုအခါတွင် အေဂါဝမ်၏အရွယ်အစားသည် သာမန်လူတစ်ယောက်လိုတဖြည်းဖြည်းသေးငယ်လာခဲ့သည်။
"သူမကိုပြန်လည်မွေးဖွားခွင့်မပေးနိုင်ဘူး...သူမကဒီယဇ်ပလ္လင်ကနေပြီး စွမ်းအားတွေကိုစုပ်ယူနေတဲ့အတွက်ကြောင့် ယဇ်ပလ္လင်ကိုအမြန်ဆုံးဖျက်ဆီးရမယ်...မဟုတ်ရင်ငါတို့အားလုံးဒီမှာပဲသေရလိမ့်မယ်"
ရှောင်ယုက ရုတ်တရက်ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
အေဂါဝမ်သည် ရှောင်ယု၏အော်သံကိုကြားလိုက်ရချိန်တွင် ရှောင်ယုဘက်သို့လှည့်ကြည့်လိုက်ကာ လူသတ်ချင်နေသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ရှောင်ယု၏စကားကို လူတိုင်းကြားလိုက်ရချိန်တွင် အခြေအနေမကောင်းကြောင်း ရိပ်မိလိုက်သည့်အတွက်ကြောင့် လူတိုင်းသည်အစွမ်းကုန်ထုတ်ဖော်ကာ ယဇ်ပလ္လင်အားအာရုံစိုက်တိုက်ခိုက်လာခဲ့ကြသည်။
တိုက်ပွဲဖြစ်ပွားရာနေရာ၌ မှော်ဆရာအမြောက်အများမရှိပေ။ အဘယ်ကြောင့်ဆိုသော် ယခင်တိုက်ပွဲ၌ မှော်ဆရာများစွာကျရှုံးခဲ့ရပြီး လက်ရွေးစင်အချို့သာ သေဘေးမှလွတ်မြောက်လာခဲ့သည်။ လက်ရှိအချိန်တွင် အေဂါဝမ်၏ပြန်လည်မွေးဖွားခြင်းကျရှုံးစေရန်အတွက် လူတိုင်းကအကောင်းဆုံးကြိုးစားခဲ့ကြသည်။
အမှန်တော့သူတို့သည် အသက်ရှင်သန်ရန်အတွက်သာမက ယဇ်ပလ္လင်မှအေဂါဝမ်၏စွမ်းအားကိုစုပ်ယူရန်အတွက် ယခုလိုတိုက်ခိုက်နေကြခြင်းဖြစ်သည်။
ယဇ်ပလ္လင်အားရိုက်ချိုးလိုက်သည်နှင့် အေဂါဝမ်သည်ပြန်လည်မွေးဖွားနိုင်စွမ်းမရှိတော့ဘဲ သူမ၏ဝိဉာာဉ်စွမ်းအင်ပုံရိပ်သည် ပြန်လည်မေ့မျောသွားမှာဖြစ်သည်။ ထိုအချိန်၌ စွမ်းအင်သည်ပိုမိုလိုက်လျောညီထွေဖြစ်လာကာ စုပ်ယူရန်လွယ်ကူလာမည်ဖြစ်သည်။
အေဂါဝမ်သည် လက်ရှိအခြေအနေကိုမြင်သော် သူမ၏ရှင်သန်ထမြောက်ခြင်းကို ပြင်းပြင်းထန်ထန်နှောင့်ယှက်ခံရသည့်အတွက်ကြောင့် ဒေါသထွက်သွားခဲ့သည်။ ယခုအခါ ထိုပုရွက်ဆိတ်များက သူမကိုအနှောင့်အယှက်ပေးချင်ကြသည်။ သူမသည် အဘယ်ကြောင့်ဤသို့ခွင့်ပြုရမည်နည်း။
အေဂါဝမ်သည် ချက်ချင်းပင်စူးစူးဝါးဝါးအော်ဟစ်လိုက်ကာ လူတိုင်း၏တိုက်ခိုက်မှုအား တွန်းလှန်ရန်အတွက် အတားအဆီးတစ်ခုအားဖန်တီးလိုက်သည်။
ထိုအချိန်တွင် ယဇ်ပလ္လင်၏အနီးတဝိုက်၌ ကြီးမားသောသွေးရောင်အတားအဆီးတစ်ခု ချက်ချင်းဖွဲ့စည်းလာခဲ့ကာ တိုက်ခိုက်မှုအားလုံးကိုရပ်တန့်လိုက်သည်။
ရှောင်ယုသည် တိုင်ရန်ဒီအားနဂါးမီးမြှားဖြင့် ပစ်သတ်ရန်အမိန့်ပေးလိုက်သည်။
ဘန်း....
တိုင်ရန်ဒီသည် နဂါးမီးမြှားကိုအသုံးပြုရန် တွန့်ဆုတ်မနေခဲ့ပေ။ နဂါးမီးမြှားသည် ကြီးမားသည့်ပေါက်ကွဲမှုတစ်ခုအား ဖြစ်ပေါ်စေခဲ့ကာ သွေးရောင်အတားအဆီးကိုပေါက်ကွဲစေခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်၍ လူတိုင်းသည်သူတို့၏ဝှက်ဖဲများကို ထုတ်ယူလိုက်ကြပြီး အတားအဆီးကို တိုက်ခိုက်ခဲ့ကြသည်။
သို့သော် ယဇ်ပလ္လင်သည် အကြိမ်ပေါင်းများစွာတိုက်ခိုက်ခံခဲ့ရသော်လည်း လုံးဝပျက်စီးခြင်းမရှိဘဲ ဆက်လက်တည်ရှိနေခဲ့ပေရာ ယဇ်ပလ္လင်သည်မည်မျှခိုင်ခံ့ကြောင်း ပြသနေခဲ့သည်။
လက်ရှိအချိန်တွင် အေဂါဝမ်သည် သူမ၏စွမ်းအားကိုပြန်လည်မရရှိသေးပေ။ သို့ဖြစ်ရာ သူမသည်လူတိုင်း၏တိုက်ခိုက်ခြင်းကို ခုခံနိင်စွမ်းမရှိသေးကြောင်း ထင်ရှားပေသည်။ အဆုံးသတ်တွင် သူမသည်ဝိညာဉ်ပုံရိပ်တစ်ခုသာဖြစ်ကာ သူမ၏စွမ်းအားက အလွန်အကန့်အသတ်ရှိပေသည်။ ဤယဇ်ပလ္လင်ကြောင့်သာမဟုတ်ပါက သူမသည်ဤမျှပြင်းထန်သောခွန်အားကို ထုတ်ဖော်နိုင်မည်မဟုတ်ပေ။
လူတိုင်း၏တိုက်ခိုက်မှုသည် ပိုမိုပြင်းထန်လာသည်နှင့်အမျှ သူမ၏သွေးရောင်အတားအဆီးသည် ပိုမိုပါးလွှာလာသည်ကို တွေ့လိုက်ရသည့်အတွက် အေဂါဝမ်၏အကြည့်များသည် ရှောင်ယုထံသို့ရုတ်တရက် ကျရောက်လာခဲ့သည်။
ရှောင်ယုသည် သူမ၏အစီအစဉ်ကောင်းကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။
ရှောင်ယုသည် အေဂါဝမ်၏အကြည့်ကြောင့် ရုတ်တရက်ထိတ်လန့်သွားခဲ့ကာ သူ၏နှလုံးခုန်နှုန်းရပ်တန့်သွားရသည်။ သူမ၏အကြည့်သည်ပင် အလွန်စွမ်းအားကြီးမားလှပေသည်။
အမှန်တော့ အေဂါဝမ်၏အစွမ်းအထက်ဆုံးစွမ်းအားမှာ ဝိညာဉ်စွမ်းအားဖြစ်ကြောင်း ရှောင်ယုမသိခဲ့ခြင်းဖြစ်သည်။ သူမထံတွင် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မရှိသေးသည့်အတွက်ကြောင့် မှော်တိုက်ခိုက်မှုများက သူမ၏စွမ်းအားကို အပြည့်အဝမပြသနိုင်ခဲ့ပေ။
အေဂါဝမ်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သည့်အတွက်ကြောင့် ရှောင်ယုသည် ချက်ချင်းပင်ခံစစ်မှော်စာလိပ်တစ်ခုအား ထုတ်ဖော်လိုက်သည်။ သူသည် အေဂါဝမ်၏တိုက်ခိုက်မှုကို အမြဲသတိထားနေခဲ့သည်။
ထိုအချိန်တွင် အေဂါဝမ်၏ခန္ဓာကိုယ်သည် ရုတ်တရက်လှုပ်ခါသွားခဲ့ကာ သွေးနီရောင်အလင်းတန်းအားလုံးကို သူမ၏ခန္ဓာကိုယ်အတွင်းသို့စုပ်ယူလိုက်သည်။ ထို့နောက်သူမသည် ရှောင်ယုထံသို့ချက်ချင်းပြေးဝင်သွားခဲ့သည်။
"အရှင့်ကိုထိခိုက်နာကျင်အောင် လုပ်ခွင့်မပေးနိုင်ဘူး"
ထိုအချိန်တွင် ဂရင်း၊ခိုင်ရင်းနှင့်နဂါးလေးတို့သည် ရှောင်ယု၏ရှေ့တွင်ရပ်ကာ အေဂါဝမ်၏ဝိညာဉ်ကိုပိတ်ဆို့လိုက်ကြသည်။
ရှောင်ယုသည် သူ့အတွက်ကြောင့် အခြားလူများကိုမထိခိုက်စေချင်သည့်အတွက် အေဂါဝမ်၏ဝိညာဉ်သည် သူ့ထံတဟုန်ထိုးပြေးဝင်လာသည်ကို သတိထားမိသည်နှင့် ဆန်းကြယ်ပုဆိန်ကိုဝှေ့ယမ်းကာ ရှေ့သို့တက်လာခဲ့သည်။
ရှောင်ယုသည် အေဂါဝမ်၏ဝိညာဉ်အား ဆန်းကြယ်ပုဆိန်ဖြင့်ဖြတ်တောက်လိုက်သည်။ သို့သော်လည်း ဆန်းကြယ်ပုဆိန်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ အေဂါဝမ်အားမထိမိဘဲ ဖြတ်ကျော်သွားခဲ့သည်။
"သူ့ရဲ့ပန်းတိုင်ကငါမဟုတ်ဘူးလား..."
ရှောင်ယုသည် သူ၏ကျောပြင်၌ချွေးအေးများ စိုရွဲသွားသလိုချက်ချင်းခံစားလိုက်ရသည်။ ထို့နောက်သူ၏နှလုံးသားထဲ၌ အလွန်ပင်ဆိုးဝါးသောခံစားချက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ရှောင်ယုသည် ခေါင်းကိုအမြန်လှည့်ကြည့်လိုက်ချိန်တွင် ထိုအနီရောင်အရိပ်သည် လင်းမူရွယ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကိုတွေ့လိုက်ရသည်။
အခန်း ၄၃၂ - ခန္ဓာကိုယ်အားကပ်ညှိခြင်း
"သေစမ်း...ဘာဖြစ်သွားတာလဲ..."
ရှောင်ယုကကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
ထိုအချိန်တွင် လူတိုင်း၏မျက်လုံးများ၌ အံ့သြမှု၊ထိတ်လန့်မှု၊ဒေါသ၊လောဘနှင့်အခြားသောအရာများစသည့် ခံစားချက်မျိုးစုံဖြင့်ပြည့်နှက်နေခဲ့သည်။
"ဘာကြောင့်လဲ...ဘာတွေဖြစ်နေတာလဲ...အေဂါဝမ်ရဲ့ဝိညာဉ်ကဘာလို့ လင်းမူရွယ်ရဲ့ကိုယ်ထဲကိုဝင်သွားရတာလဲ"
တစ်စုံတစ်ယောက်က ရုတ်တရက်ထအော်လိုက်သည်။
လင်းမူရွယ်က အေဂါဝမ်ရဲ့ဝိညာဉ်အနှစ်သာရကို စုပ်ယူနိုင်ခဲ့တာလား...
သူတို့သည် ယခုတစ်ကြိမ်တွင် အေဂါဝမ်၏အမွေအနှစ်အတွက် အချိန်အတော်ကြာအောင် ယှည်ပြိုင်တိုက်ခိုက်ခဲ့ကြသော်လည်း အဆုံးသတ်တွင်ရှောင်ယုက အခွင့်ကောင်းကိုရယူခဲ့သည်။
"ခွေးကောင်...မင်းကအခွင့်ကောင်းဝင်ယူတာလား"
"မင်းစိတ်ပူစရာမလိုပါဘူး...ဒါကသာမန်အမွေအနှစ်တစ်ခုမဟုတ်ဘူး...အေဂါဝမ်ရဲ့ဝိညာဉ်က အဲ့ဒီကောင်မလေးရဲ့ခန္ဓာကိုယ်ထဲစိမ့်ဝင်သွားတာ မင်းမတွေ့လိုက်ဘူးလား...ဒါပေမဲ့သူမကဘာလို့ အစောကြီးကတည်းကအဲလိုမလုပ်ဆောင်ခဲ့တာလဲ...အကြောင်းပြချက်ကတော့ သူမကအဲ့ကောင်မလေးရဲ့ခန္ဓာကိုယ်ကိုသိမ်းပိုက်ချင်လို့ပဲ"
"ဒါပေမဲ့ အေဂါဝမ်ရဲ့ဝိညာဉ်စွမ်းအင်ကို သူမကဘယ်လိုစုပ်ယူနိုင်မှာလဲ...ငါတို့ပြန်ပြီးတော့ဖယ်ထုတ်သင့်တယ်"
"ဟုတ်တယ်...ငါတို့ပြန်ယူမှရမယ်...ငါတို့ခက်ခက်ခဲခဲတိုက်ပွဲဝင်ထားတဲ့အရာတစ်ခုကို တခြားသူတွေအကျိုးအမြတ်ရယူခွင့် လုံးဝမပေးနိုင်ဘူး"
"ဒါပေမဲ့...ငါတို့ဘယ်လိုပြန်ယူကြမှာလဲ"
"ဒါကတော်တော်လေးကိုရိုးရှင်းတယ်လေ...ဒီလူယုတ်မာကမာဒိဗ့်ရဲ့ဇာတ်လမ်းကို ငါတို့ကိုပြောပြခဲ့တာမလား...မာဒိဗ့်ရဲ့ခန္ဓာကိုယ်ကိုသတ်ပြီးရင် ဝိညာဉ်ကပြန်ပြီးလွတ်မြောက်လာတယ်လေ...ဒီမိန်းမကိုသတ်ရင်လည်း ဝိညာဉ်ကပြန်လွတ်လာလိမ့်မယ်"
"ဟုတ်တယ်...ငါတို့ကသူမကိုသတ်ပြီးတော့ သူမရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်သမျှကာလပတ်လုံး အေဂါဝမ်ရဲ့ဝိညာဉ်ကိုငါတို့ရနိုင်တယ်...ဒီလိုအလှတရားမျိုးကိုသတ်ဖြတ်ရမှာ နှမြောစရာပဲ"
"မင်းလဲသေလိုက်...လူတစ်ယောက်မှလုံလောက်တဲ့ခွန်အားရှိနေသရွေ့ ဘယ်လိုအလှတရားမျိုးကိုမဆိုရယူနိုင်တယ်"
...
လူအုပ်ကြီးသည် ထင်ရာမြင်ရာပြောနေကြချိန်တွင် ရှောင်ယုသည်အလွန်ပင်စိုးရိမ်သွားခဲ့ပြီး လင်းမူရွယ်၏အခြေအနေအားစစ်ဆေးရန်အတွက် သူမ၏လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။ သို့သော်လည်း လင်းမူရွယ်သည်မျက်လုံးကိုမှိတ်ထားဆဲဖြစ်ကာ သတိလစ်နေခဲ့ပြီး သူ၏ခေါ်သံကိုမတုံ့ပြန်ခဲ့ပေ။
ရှောင်ယုပြောခဲ့သည့်အတိုင်း လင်းမူရွယ်သည် မာဒိဗ့်ကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။
"သေစမ်း...ငါဘာဆက်လုပ်ရမလဲ...ဘာကြောင့်အေဂါဝမ်ရဲ့ဝိညာဉ်က ငါ့မိန်းမရဲ့ခန္ဓာကိုယ်ထဲဝင်လာရတာလဲ...မင်းကငါ့ကိုပစ်မှတ်ထားနေတာမဟုတ်ဘူးလား"
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဟမ့်...မင်းကိုလား...ငါကဘာလို့ယောကျ်ားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကပ်ညှိရမှာလဲ...ဒီခန္ဓာကိုယ်ရဲ့မှော်အစွမ်းဟာ ငါနဲ့တစ်ထပ်တည်းနီးပါးတူညီပြီးတော့ အရမ်းကိုအစွမ်းထက်လွန်းတယ်"
ထိုအချိန်ထိ လင်းမူရွယ်သည် သူ၏မျက်လုံးများကိုမှိတ်ထားဆဲဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်မှ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"မင်းယုံချင်ယုံ...မယုံချင်နေ...ဘာပဲဖြစ်နေဖြစ်နေ ငါ့မိန်းမရဲ့ခန္ဓာကိုယ်ထဲကနေပြီးတော့ မင်းရဲ့ဝိညာဉ်ကိုဆွဲထုတ်ပစ်မယ်...အူသာမင်းက ဆိုးညစ်တဲ့စိတ်ဝိညာဉ်ကိုကိုင်တွယ်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ"
"အူသာ...အလွန်ဆတ်ဖာရယ်ရဲ့တပည့်လား...သူကဘယ်လိုဖြစ်ပြီးပြန်လည်ရှင်သန်လာတာလဲ...သူ့ကိုသူ့တပည့်ဖြစ်သူကပြန်ပြီးသတ်ဖြတ်ခဲ့တာမဟုတ်လား....ဟမ့်...သူရောက်လာရင်တောင်မှ မင်းကဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
အေဂါဝမ်သည် အူသာကိုသိနေကြောင်းထင်ရှားပေသည်။
"ဟေ့...လောလောဆယ်ငါအနားယူရးမှရမယ်...ဒီခန္ဓာကိုယ်ကိုမထိခိုက်အောင်ကာကွယ်ပါ...မဟုတ်ရင်မင်းမိန်းမလည်းငါနဲ့အတူသေရလိမ့်မယ်"
ထိုစကားကိုပြောပြီးနောက် အေဂါဝမ်က ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။
"မင်းကငါ့ကိုသက်တော်စောင့်တစ်ယောက်ဖြစ်စေချင်တာလား...မင်းအဖွားဘဲ…"
ရှောင်ယုသည် လင်းမူရွယ်အား စိုးရိမ်တကြီးကြည့်နေမိသည်။
ဒါကဘာတွေဖြစ်ကုန်တာလဲ...
သို့သော်လည်း ရှောင်ယုကမည်သို့ပင်ပြောပြော မည်သို့ပင်ကျိန်ဆဲကျိန်ဆဲ အေဂါဝမ်ထံမှမည်သည့်အသံမှ ထွက်မလာခဲ့ပေ။ လက်ရှိအချိန်တွင် ရှောင်ယုသည်အလွန်ပင်ဒေါသထွက်သွားခဲ့ကာ အေဂါဝမ်အားလည်ပင်းညစ်သတ်ချင်နေခဲ့သည်။
ထိုအချိန်တွင် ရှောင်ယုသည်နောက်သို့ခေါင်းလှည့်ကြည့်မိလိုက်သည်။ ထိုအခါလူတိုင်းလိုလိုပင် သူတို့အားဝိုင်းရံထားပြီး သူ၏ရင်ခွင်ထဲ၌လဲလျောင်းနေသော လင်းမူရွယ်အားလောဘတကြီးစိုက်ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။
"ငါမိန်းမကိုသတ်ဖို့ မင်းတို့ထဲကဘယ်ကောင်ကသတ္တိရှိမလဲဆိုတာကို တစ်ချက်ကြည့်ကြရအောင်...ဒီဖေဖေကအဲ့ကောင်ရဲ့ဆွေစဉ်မျိူးဆက်၉ခုတိုင်အောင် ဖျက်ဆီးပစ်ဖို့ကတိပေးတယ်"
ရှောင်ယုသည် ဤလူများ၏ဆွေးနွေးငြင်းခုံသံကို ကြားလိုက်ရုံဖြင့် ထိုလူများကမည်သို့တွေးနေသည်ကို နားလည်သွားခဲ့သည်။
ရှောင်ယု၏ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်ရသော်လည်း လူတိုင်းသည်နောက်မဆုတ်ဘဲ ရှေ့သို့ဆက်တိုးလာကာအေးစက်စွာပြောလိုက်သည်။
"မင်းကအေဂါဝမ်ရဲ့အမွေအကြောင်း ငါတို့ကိုပြောပြီးသွေးဆောင်ခဲ့တယ်...ဒါပေမဲ့မင်းကငါတို့အချင်းချင်းသတ်ဖြတ်မိအောင် သွေးဆောင်ပြီးတော့ အရာအားလုံးကိုမင်းကကြားဖြတ်ယူဆောင်သွားမယ်ပေါ့...ငါတို့အကုန်လုံးကငတုံးတွေလို့မင်းထင်နေတာလား"
ထိုလူများကို ပြန်လည်ခွန်းတုံ့ပြန်ခြင်းသည် အချိန်ဖြုန်းနေခြင်းသာဖြစ်ကြောင်း သိရှိထား၍ ရှောင်ယုကစကားပြန်မပြောခဲ့ပေ။ ထိုလူများသည် လောဘကြောင့်မျက်စိကွယ်ကာ မည်သည့်ရှင်းပြချက်ကိုမှနားထောင်မှာမဟုတ်ပေ။ သူသည် လင်းမူရွယ်ကိုစောင့်ရှောက်ရန် လီအာထံပေးလိုက်ပြီးနောက် ဆန်းကြယ်ပုဆိန်ကိုထုတ်ယူလိုက်သည်။ ထိုအချိန်၌ သူ၏အကြည့်များတွင် ဒေါသမီးများတောက်လောင်နေခဲ့သည်။
ထိုအချိန်တွင် နဂါးလေးသည်လည်း နံချပ်ကူကိုဆွဲထုတ်လိုက်ကာ ထိုလူများကိုဒေါသတကြီးစိုက်ကြည့်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်သာရှေ့တက်လာဝံ့ပါက သူသည်ထိုလူအား နှစ်ခြမ်းခွဲထုတ်လိုက်မှာဖြစ်သည်။
သာမန်အားဖြင့်ဆိုပါက လင်းမူရွယ်သည် နဂါးလေးကို အလွန်ပင်ချစ်မြတ်နိုးသည့်အတွက်ကြောင့် လင်းမူရွယ်အား အခြားလူများကသတ်ဖြတ်မည်ကို နဂါးလေးကထိုင်ကြည့်နေမည်မဟုတ်ပေ။
လူတိုင်းသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြသည်။လူတိုင်းသည် ရူးသွပ်မှုများနှင့်ပြည့်နှက်နေခဲ့သည်။ လောဘစိတ်ကြောင့် လူတိုင်းသည်မကြောက်မရွံ့ဖြစ်နေကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် လီယိုနာဒိုသည်သူ၏လက်ကိုဝှေ့ယမ်းကာ ထိုလူများကိုကြည့်လိုက်သည်။
"လင်းမူရွယ်ရဲ့ဆံပင်တစ်ချောင်းကိုထိဖို့ ဘယ်ကောင်သတ္တိရှိသေးလဲ...ငါတို့ရဲ့ရှောမိသားစုက အဲ့ကောင်ကိုရေဆုံးမြေဆုံးလိုက်ရှာမယ်လို့ ငါလီယိုနာဒိုကအာမခံတယ်"
လီယိုနာဒို၏ အေးစက်သောလေသံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် နီကိုးလပ်စ်ကလည်း သူ၏ရည်ရွယ်ချက်ကို ပြသသည့်အနေဖြင့် သူ့လူများနှင့်အတူရှေ့သိုလှမ်းတက်လာခဲ့သည်။
ရှောင်ယုသည် သူတို့၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းနားလည်နေခဲ့သည်။ လီယိုနာဒိုသည် လင်းမူရွယ်၏အလှကိုမက်မောခဲ့ပြီး ယခုအခါ လင်းမူရွယ်၏ခန္ဓာကိုယ်အတွင်းသို့ အေဂါဝမ်၏ဝိညာဉ်ပါဝင်ရောက်နေခဲ့သည့်အတွက်ကြောင့် လင်းမူရွယ်နှင့်အေဂါဝမ်၏ဝိညာဉ်တို့အား သဘာဝအတိုင်းရယူလိုနေခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် လင်းမူရွယ်အား ထိုလူများလက်ထဲထည့်မပေးနိုင်ခြင်းဖြစ်သည်။
နီကိုးလပ်စ်၏ရည်ရွယ်ချက်မှာ ရှင်းပေသည်။ သူသည်အေဂါဝမ်၏အမွေကို ရိုးရိုးရှင်းရှင်းပင်လိုချင်သည့်အတွက်ကြောင့် ရှေ့တက်၍ကာကွယ်ပေးခြင်းဖြစ်သည်။ အကယ်၍ ဤလူများကသာ လင်းမူရွယ်၏ခန္ဓာကိုယ်အားမတော်တဆဖျက်ဆီးမိသွားခဲ့ပါက အရာအားလုံးသည် အချည်းနှီးဖြစ်သွားမှာဖြစ်သည်။
သို့သော်လည်း သူသာလင်းမူရွယ်၏ခန္ဓာကိုယ်အား ကာကွယ်ရန်အတွက်ရှောင်ယုနှင့်အတူ အလုပ်လုပ်ခဲ့လျှင် လင်းမူရွယ်၏ခန္ဓာကိုယ်အားရယူရန် အခွင့်အလမ်းပိုများပေသည်။
လက်ရှိအချိန်တွင် အပြင်လူများကိုချေမှုန်းရန်အတွက် အချင်းချင်းရဲ့ခွန်အားကိုအားကိုးရန် ယာယီအဖွဲ့ဖွဲ့ထားမည်ဖြစ်သည်။
ကျန်နှစ်ယောက်ကိုမူ နောက်မှရင်ဆိုင်ရမှာဖြစ်၍ နောက်မှစဉ်းစားရမည်ဖြစ်သည်။
လီယိုနာဒိုနှင့်နီကိုးလပ်စ်က ဤကိစ္စ၍ပါဝင်ပတ်သက်နေသည်ကိုမြင်သောအခါ တိုက်ပွဲဖြစ်ပွားရာနေရာရှိလူတိုင်း တွန့်ဆုတ်သွားခဲ့ကြသည်။
ရှောင်ယုတစ်ယောက်တည်းသာဆိုပါက ရှောင်ယုနှင့်နဂါးတစ်ကောင်ရှိရင်တောင်မှ နဂါးမီးမြှားကဲ့သို့အစွမ်းထက်လက်နက်များကိုပင် ဂရုစိုက်စရာမလိုပေ။ သူတို့သည် ဤနေရာ၌လူများစွာကိုစုစည်းထားနိုင်သောကြောင့် သူတို့အချင်းချင်းပေါင်းစပ်ကာ ရှောင်ယုကိုသတ်ဖြတ်နိုင်ရန်လုံလောက်ပေသည်။
သို့သော်လည်း နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ ပူးပေါင်းလာခြင်းက အရာအားလုံးကိုကွဲပြားသွားစေခဲ့သည်။
ထိုလူများသည် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့အပြင် သူတို့နောက်ကွယ်မှ မိသားစုနှစ်ခုအား မစော်ကားဝံ့သည်မှာအမှန်ပင်ဖြစ်သည်။
"ဘယ်သူက ဒီကောင်မလေးကိုအန္တာရယ်ပြုချင်နေတာလဲ....အဲ့လူကငါ့ကိုကျိန်းသေဖြတ်ကျော်ရလိမ့်မယ်"
လူတိုင်းသည် ကြည်လင်ပြတ်သားသည့်အသံကိုကြားလိုက်ရသည်။ထိုအသံပိုင်ရှင်သည် ခရစ်နှင့်သက်ဆိုင်ပေသည်။